- By CNI
- Category: နိုင်ငံရေး
- Hits: 96
CNI News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၈
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ရှမ်းနီယဉ်ကျေးမှုအကအဖွဲ့ ဦးဆောင်သူ ဒေါ်ညွန့်ရီ၊ ဦးဝင်း ဇော် အပါအဝင် နမ့်မီးလောင်ကျေးရွာမှ ဒေသခံ ရှမ်းနီလူမျိုး အများအပြားကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၆ ရက်တွင် ဖမ်းဆီးသွားခဲ့သည်။
KIA သည် အင်းတော်ကြီးဒေသရှိ ရှမ်းနီတိုင်းရင်းသားများကို အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီးခြင်း၊ လူသစ်စု ဆောင်းခြင်း၊ ပိုက်ဆံတောင်းခံခြင်းများ ပြုလုပ်လေ့ရှိသလို ရိုက်နှက်နှိမ့်စက်မှုများလည်း ပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။
အင်းတော်ကြီးဒေသခံက “အခု ဒေါ်ညွန့်ရီနဲ့ ကိုဝင်းဇော်ကို ဘာလို့ ဖမ်းသွားလဲမသိရဘူး။ ပြီးတော့ နမ့်မီးလောင် ရွာက ဒေသခံတွေကိုလည်း ဖမ်းသွားတယ်။ အကြောင်းပြချက်က ဘာမှန်းကို မသိရဘူး။ KIA က ရှမ်းနီတွေကို အနိုင်ကျင့် ဖမ်းဆီး နှိမ့်စက်တာ ရှေးယခင်ကတည်းကနေ အခုချိန်ထိ ဖြစ်နေတုန်းပဲ။ အခုလိုတွေ လုပ်နေတာက လူမျိုးရေး ပဋိပက္ခဖြစ်အောင် တွန်းပို့နေသလိုပဲ။ KIA က အခု ရှမ်းနီတွေကို ဖမ်းသလို SNA ကလည်း ကချင်တွေ ကို ဖမ်းမယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ။ ဒါကြောင့် သက်ဆိုင်ရာ လူကြီးတွေက ဒီအခြေအနေကို ထိထိရောက် ရောက် ဖြေရှင်းပေးဖို့လိုပါတယ်”ဟု ပြောသည်။

KIA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးအင်ဘန်လကို တွေ့ရစဉ်
လက်ရှိတွင် KIA ဖမ်းဆီးသွားသည့် ရှမ်းနီယဉ်ကျေးမှုအကအဖွဲ့မှ ဒေါ်ညွန့်ရီ၊ ဦးဝင်းဇော်နှင့် နမ့်မီးလောင်ကျေးရွာမှ ဒေသခံ အများအပြားကို ညောင်ပင်အချုပ်မှာ ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောသည်။
KIA သည် ၂၀၂၅ ခုနှစ်၊ ဇွန်လတုန်းကလည်း အင်းတော်ကြီးဒေသလုံးဆိုင်ရာ ရှမ်းနီရိုးရာစာပေနှင့် ယဥ်ကျေးမှု ကော်မတီဥက္ကဋ္ဌ စိုင်းစိန်လွင်ဦးနှင့် ကုန်းမနရွာသားများကို ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်များလည်း ရှိသည်။
တခြားတစ်ဖက်မှာလည်း ဖားကန့်ဒေသ ဝှေ့ခါရွာဘက်မှာ KIA သည် ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၇ ရက်က အရက်သေစာ သောက်စားပြီး အရပ်သား ၂ ဦးကို ပစ်သတ်ခဲ့သေးသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 114
CNI News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၈
မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ ရရှိလာသော သဘော တူညီချက်များကို အကောင်အထည် ဖော်ဆောင်မှု အပိုင်းမှာ အားနည်းနေသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ အခင်းအကျင်းအရ အစိုးရအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်များအပေါ် ခွဲခြားဆက်ဆံခြင်းနှင့် အသိ အမှတ်ပြုရန် တွန့်ဆုတ်နေခြင်းသည်လည်း စစ်ပွဲများ ကြာရှည်နေနိုင်သည်ကို သတိပြုရန် လိုအပ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်များ အနေဖြင့်လည်း ဖြစ်သင့်ဖြစ်ထိုက်သည်ကိုသာ တောင်းဆိုရန် လိုအပ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
အစိုးရအနေဖြင့် ငြိမ်းချမ်းရေး ရရှိနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သည့် အခါတွင် အဓိကအားဖြင့် လက်တွေ့ အကောင်အထည် ဖော်ဆောင်မှု ကဏ္ဍများ၌ အားနည်းမှုများ ရှိနေကြောင်း၊ အကောင်အထည် မဖော်သည့်ကာလ ပတ်လုံး တိုင်းရင်းသားအဖွဲ့အစည်းများဘက်မှ နားလည်မှုများ လွဲလာနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

NSPNC နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံ ဆွေးနွေးကြစဉ်
၎င်းက “အဓိက,ကတော့ အကောင်အထည် ဖော်မှုပိုင်းမှာတော့ အားနည်းတယ်လို့ပဲ ပြောရမှာပေါ့နော်။ အားနည်း တယ်လို့ ပြောရမှာက ချမှတ်လိုက်တဲ့ အရာတွေမှာတော့ တစ်ယောက်နဲ့တစ်ယောက် မြေပြင်ပေါ်မှာ ယုံကြည်မှု တည်ဆောက်ဖို့ အရေးမှာ ဆိုပါတော့ အခုဟာက ပထမဆုံး ငြိမ်းချမ်းရေးမှာ သူက အပစ်အခတ်ရပ်စဲရေး ကိစ္စရှိ တယ်။ မူဘောင် သဘောတူညီချက်ရှိတယ် မူဘောင်တွေ ရှာတာနဲ့တင် ပြီးနေတာ အဲဒါကိုက အဲဒီဘောင်ထဲက မထွက်နိုင်ဘူး။ လုပ်ရမယ့် အလုပ်ပေါ့နော် ရသမျှ ဥစ္စာကို အကောင်အထည်ဖော်ဖို့ အဲဒါလိုတယ်။ ရသမျှ ဥစ္စာကို စပြီးအကောင်အထည်ဖော်ဖို့ လိုတယ်ပေါ့နော်၊ အဲဒါကို အဓိက သွားကြတယ်လို့မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟိုဘက်က လူတွေကလည်း အစိုးရဘက်က ဒါကို ဆွေးနွေးတာနဲ့ပဲ လုပ်နေလို့ရှိရင် အကောင်အထည် မဖော်တဲ့ ကာလပတ်လုံး သူတို့က နားလည်မှု လွဲနိုင်တယ်လေနော်၊ နားလည်မှုလွဲနိုင်တယ်ပေါ့။ ဥပမာ အစိုးရကတော့ တကယ့်ကို ငြိမ်းချမ်းစေချင်တဲ့ ဆန္ဒရှိမယ် အကောင်အထည်ဖော်တဲ့အခါမှာ ဖြစ်နေတာ တွေက ဘာတွေလဲပေါ့၊ ကြိုးနီစနစ်တွေလား အဓိက,က။ အဆင့်ဆင့် အမိန့်နာခံနေရတာလား ဒါတွေက ကြာနေ တာလား။ နောက်တစ်ခုကတော့ Over all command က အကောင်အထည်ဖော်တာက တစ်ယောက်၊ နယ်မြေခံ အာဏာပိုင်ဆိုတာက တစ်ယောက် ဆိုတာမျိုးက နဝတ၊ နယက ခေတ်မှာက ဖြစ်ဖူးတယ်။ ဝန်ကြီးဌာနတွေက လုပ်တယ်ဆိုလို့ ရှိရင်လည်းပဲ တိုင်းမှူးက နယက ကောင်စီဝန်ဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ တိုင်းမှူးက ငါ့တိုင်း ငါ့သဘောပဲဆို ဘယ်လိုလုပ်မလဲ။ ဒီလိုဟာမျိုး ဖြစ်ခဲ့ဖူးတဲ့ဟာတွေလည်း ရှိခဲ့ဖူးတယ်ပေါ့နော်။ ဒါကြောင့် ဒီနေရာ တွေမှာ အကောင်အထည်ဖော်တဲ့ နေရာမှာတော့ အဲဒါလေးတွေ လိုတယ်လို့ ပြောချင်တယ်” ဟု ပြောသည်။
မြန်မာ့ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များ ဆောင်ရွက်ရာ တွင် ကြိုးနီစနစ်သည် အလွန်ရှုပ်ထွေးသော စာရွက်စာတမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ အဆင့်ဆင့် တင်ပြ ခွင့်ပြု ချက် ယူရမှုများသည် ဆွေးနွေးမှုများကို နှောင့်နှေးကြန့်ကြာစေပြီး နှစ်ဦးနှစ်ဖက် ယုံကြည်မှုကို ထိခိုက်စေနိုင်သည် ဟု စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
အထူးသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် လက်ရှိသဘောတူညီမှု ရရှိပြီးသား ကိစ္စရပ်များကို စတင် အကောင် အထည် ဖော်ပေးလိုက်ခြင်းသည် အမှန်ဆုံးဖြစ်လိမ့်မည်ဟု ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြော သည်။

NCA ထိုးထားတဲ့လက်နက်ကိုင်တွေနဲ့ NSPNC တွေ့ဆုံဆွေးနွေးကြစဉ်
၎င်းက “အထူးသဖြင့်တော့ ပထမဦးဆုံးကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပေးထားတဲ့သမျှတွေကို လုပ်ပေး လိုက်တယ်ဆိုရင် သဘောတူညီချက်တွေက အဲဒါတွေက အကောင်အထည်ဖော်ခြင်း မဖော်ခြင်းက နောက်က အသာထားပေါ့နော်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လက်ရှိ ရရှိပြီးသား ဥစ္စာတွေကို စအကောင်အထည်ပေးလိုက်တာ ဖော်ပေးလိုက်တာက အမှန်ဆုံးဖြစ်မယ်။ အထူးသဖြင့် အခြေခံပညာရေးကို တိုင်းဒေသကြီးလျောက်ကို ပေးထား တယ်ဆိုရင် တိုင်းဒေသကြီးအစိုးရတွေက ဒါနဲ့ပတ်သက်တဲ့ သီးခြား Body ရှိရမယ် ပညာရေးကိုလည်း သီးခြား Body ထားရမယ်။ ဗဟိုမှာရှိတဲ့ ဝန်ကြီးဌာနနဲ့ ညွှန်ကြားရေးမှူးချုပ်ရဲ့ အောက်မှာ မဟုတ်ဘဲနဲ့ ခွဲထုတ်လိုက်တာ မျိုး အဲဒါမျိုး ဆောင်ရွက်ပေးရမယ်။ အဲဒါမျိုး ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း လိုက်လုပ်မှ အပစ်အခတ်ရပ်စဲရေး ဘာညာမှာရှိတဲ့ သဘောတူညီချက်က ရတာတွေက အကောင်အထည်ဖော်ခြင်း မဖော်ခြင်းက နောက်က အသာ ထား၊ အစိုးရနဲ့ ဆန္ဒရှိမှုကို ဖော်ထုတ်ရာရောက်တယ်။ ဒါမှလည်း တိုင်းရင်းသားတွေက အသိအမှတ်ပြုမယ်။ အဓိက,ကတော့ Constitution မှာ ပါထားတဲ့ သူတို့ရဲ့ အခွင့်အရေးတွေကို အရင်ဆုံးပေးဖို့ပဲ” ဟု ပြောသည်။
တန်းတူညီမျှမှု မရှိခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများသည် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ပဋိပက္ခ များ ဖြစ်ပွားရသည့် အဓိက အကြောင်းအရင်းများ ဖြစ်သည်ဟု တိုင်းရင်းသား ခေါင်းဆောင်များနှင့် နိုင်ငံရေး လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများနှင့် လူမျိုးစု ပဋိပက္ခများ ပြေလည် စေရန်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ တိုင်းရင်းသားများ၏ ရပိုင်ခွင့် အခွင့်အရေးများနှင့် ပတ်သက် ပြီး တိတိကျကျ ထည့်သွင်းပေးသင့်သည်ဟု စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြနေကြသည်။
လက်ရှိတွင် အစိုးရ-တပ်မတော်နှင့် လက်နက်ကိုင်များကြား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA) အပါအဝင် ပြည်နယ်-ပြည်ထောင်စုအဆင့် Bilateral စာချုပ်များ ရေးထိုးထားကြသော်လည်း အကောင်အထည်ဖော်မှုပိုင်းများ အားနည်းကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အဟန့်အတားများဖြင့် ရင်ဆိုင်နေကြ ရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 140
CNI News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၈
မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးမှာ လွှတ်တော်၏ အခန်းကဏ္ဍသည် အရေးကြီးဆုံးဖြစ်ကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) မှ ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။
ရှမ်းနီနှင့် အခြား တိုင်းရင်းသားများအပေါ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရန် စဉ်းစားထားသည်ဆိုပါက လီဆူ တိုင်းရင်းသားများအတွက်လည်း မျှော်လင့်ချက်ရှိကြောင်း ၎င်းက ပြောသည်။
ဦးလီပေါ်ရဲ့က “အမှန်ကတော့ နိုင်ငံတော်အစိုးရ အနေနဲ့တော့ သက်ဆိုင်ရာ လူမျိုးတွေကို ကိုယ်ပိုင်အုပ်ချုပ် အခွင့်အရေးကို status လေးပေးပြီးမှ သက်ဆိုင်ရာဒေသ၊ သက်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကို ထိထိ ရောက် ရောက် လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်လေ။ အဓိကတော့ လွှတ်တော်ပေါ့။ အခုက ကြတော့ ကျနော်တို့က ရွေးကောက်ခံ အစိုးရလည်း ဖြစ်လာတယ်၊ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တွေလည်း ရှိလာတယ်။ လွှတ်တော်တွေလည်း ရှိလာတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးမယ်ဆိုရင်တော့ လွှတ်တော် အခန်းကဏ္ဍကတော့ အရေးကြီးဆုံး အခန်းကဏ္ဍ ဖြစ်တယ်လို့ ကျနော်ကတော့ အဲဒီလိုမြင်တယ်လေ။ ဒါကတော့ ကျနော်တို့ အခု ငြိမ်းချမ်းရေးညီလာခံတွေ ကျင်းပခဲ့ရင်တော့ အခွင့်အရေးရရင်တော့ ရသလိုတော့ ကျနော်တို့လည်း ဆွေးနွေးသွား ဖို့ ရှိတယ်လေ။ အထူးသဖြင့်တော့ ကျနော်တို့လည်း တောင်းထားတာကိုက ခက်ခဲတဲ့ဒေသတွေပဲ တောင်းထားတာ ကို။ အဲဒီတော့ ခက်ခဲတဲ့ ဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလို့ရှိရင် ကျနော်တို့ ဒီဒေသရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း တွေပေါ့၊ ဒေသခံတွေရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးရော ကဏ္ဍစုံဖွံဖြိုးတိုးတက်ဖို့ ထိထိရောက်ရောက် ပိုပြီးမှ ဆောင်ရွက်နိုင်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်” ဟု ပြောသည်။

လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ်
လက်ရှိတွင် ဗမာမဟုတ်သော တိုင်းရင်းသားများ အနေဖြင့် ၎င်းတို့လူမျိုးများ နေထိုင်ရာ ဒေသအချို့ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရှိရေး တောင်းဆိုနေကြလျက်ရှိကာ အချို့တိုင်းရင်းသားများမှာမူ ဖက်ဒရယ်ထက် ကျော်လွန်သည့် ကွန်ဖက်ဒရေးရှင်း နိုင်ငံရေးအဆင့်အတန်းမျိုးထိ ရည်မှန်းထားကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၁ ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၅ ခု စုစုပေါင်း ၆ ခု သတ်မှတ်ထားသည်။
ထို့ပြင် လက်ရှိ နိုင်ငံရေး အခင်းအကျင်းအရ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ရရှိရေးကို ပိုမိုတောင်းဆိုလာကြကာ ရှမ်းနီ၊ လားဟူ၊ လီဆူ၊ အာခါ စသည့် တိုင်းရင်းသားလူမျိုးများက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သို့မဟုတ် ပြည်နယ် သတ်မှတ်ပေးရန် တွေ့ဆုံ ဆွေးနွေးမှုများကနေ တဆင့် တောင်းဆိုလျက် ရှိနေသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲနိုင်ရေးအတွက် အမျိုးသားညီလာခံ ကျင်းပခဲ့ရာမှ အခြေခံမူ ၁၀၄ ချက်ရှိခဲ့ပြီး ထိုထဲတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးမည့် အချက်အလက်များလည်း ပါဝင်ခဲ့ကြောင်း၊ ထို စံချိန်စံညွှန်းများနှင့် ကိုက်ညီပါက ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးသင့်ကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)မှဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတို့ကို တွေ့ရစဉ်
၎င်းက “အခု ကျနော်တို့ သွားရမယ့်လမ်းကြောင်းက ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်မယ်ဆိုတဲ့ အခါကြတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကတော့ ၂၀၀၈ အခြေခံဥပဒေ ရေးဆွဲစဉ် တုန်းက လည်း ညီလာခံ ၁၀၄ ချက် မူထဲမှာ ပါပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးမယ့် အချက်အလက်တွေ။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို လူမျိုးနာမည်ပဲပေးမယ်။ မြို့နယ် ၂ မြို့နယ် တဆက် တဆက်တည်းရှိရမယ်။ မြို့နယ် တစ်မြို့နယ် ချင်းမှာ လူဦးရေ ၅၀ ရာခိုင်နှုန်းကျော် ရှိရမယ်ဆိုတဲ့ အချက်အလက်တွေ ပြည့်စုံရင် အဲဒီအချက်တွေနဲ့ ကိုက်ညီတဲ့ အတွက်ကြောင့်မို့လို့ တိုင်းရင်းသား လူမျိုး ၆ မျိုးကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရခဲ့တာပေါ့။ ဒီနေ့လည်း ဒီမိုကရေစီ နဲ့ ဖက်ဒရယ်စနစ်ကို သွားမယ်ဆိုတဲ့ အခါကြတော့ သူတို့သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေနဲ့ညီရင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်တွေကတော့ ပေးသင့်တယ်လို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး တောင်းဆိုမှုကြား ရောယှက်ပြီး ယူဆ၍ မရကြောင်း၊ အဘယ်ကြောင့်ဆို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရရှိပြီး ဗဟိုချုပ်ကိုင်မှုဖြင့် လည်ပတ်နေခြင်း ကြောင့် ဗမာမဟုတ်သော တိုင်းရင်းသားများက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုသော အခွင့်အာဏာကို တောင်းဆိုနေကြ ခြင်းဖြစ်သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်မှ အနားမယူခင်က တိုင်းရင်း သား လက်နက်ကိုင်များ၏ တောင်းဆိုချက်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသနှင့် တိုင်းပြည်အတွက် လိုအပ်သည့် သဘောတူညီချက်များ၊ ဆွေးနွေးချက်များကို လွှတ်တော်ထဲတွင် ပြန်လည် ဆွေးနွေး သွားမည်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့တွင် ပြောဆိုခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 94
CNI News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၇
အိန္ဒိယ-မြန်မာ-ထိုင်း ကုန်သွယ်ရေးလမ်းကြောင်းတွင် အရေးကြီးသည့် စစ်ကိုင်းတိုင်းဒေသကြီးထဲက ကလေးဝ- ယာကြီး- မုံရွာ လမ်းပိုင်းကို မြန်မာ့တပ်မတော်က ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၇ ရက်တွင် အပြည့်အဝ ပြန်လည်ထိန်းချုပ် လိုက်ပြီးဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှုအတွက် အလွန်အရေးပါလှသည့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း တစ်ခုဖြစ်သော တမူး-ကလေး လမ်းကြောင်းမှတဆင့် ကလေးဝ-ယာကြီး-မုံရွာသို့ ဖြတ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့အထိ ကုန်သွယ်မှု ပြုလုပ်နိုင်သည့် ကလေးဝ- ယာကြီး- မုံရွာ လမ်းပိုင်းအား ပြန်လည်ထိန်းချုပ်နိုင်ရေး မြန်မာ့တပ်မတော်က ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂ ရက်မှစ၍ ထိုးစစ်ဆင်ခဲ့ရာ ဇူလိုင် ၇ ရက်မှာတော့ အပြည့်အဝ ထိန်း ချုပ်လိုက်ခြင်း ဖြစ်သည်။
အဆိုပါ ကုန်သွယ်ရေးလမ်းပိုင်းကို ထိန်းချုပ်နိုင်ရေးအတွက် မြန်မာ့တပ်မတော်သည် ဇွန်လ ၂ ရက်က ရေလယ် ကျွန်းကျေးရွာအား လည်းကောင်း၊ ဇွန်လ ၃ ရက်တွင် ကျောက်လုံးကြီးတဲစုကျေးရွာအား လည်းကောင်း၊ ဇွန်လ ၆ ရက်တွင် ချောင်းမကျေးရွာနှင့် အောင်မင်္ဂလာကျေးရွာတို့အား လည်းကောင်း၊ ဇွန်လ ၇ ရက်တွင် သစ်ရာပင်လမ်း ဆုံအား လည်းကောင်း၊ ဇွန်လ ရက်တွင် သစ်ရာပင်ကျေးရွာအား လည်းကောင်း၊ ဇွန်လ ၉ ရက်တွင် ဝင်းကုန်းကျေး ရွာအား လည်းကောင်း၊ ဇွန်လ ၁၁ ရက်တွင် ညောင်ပင်လယ်ကျေးရွာအား လည်းကောင်း၊ ဇွန်လ ၁၃ ရက်တွင် ယာကြီးကျေးရွာအား လည်းကောင်း၊ ဇွန်လ ၁၅ ရက်တွင် ကွမ်းပင်ရေနှင့် ဇွန်လ ၁၈ ရက်တွင် လာပို့ကျေးရွာအား လည်းကောင်း၊ ဇွန်လ ၂၁ ရက်တွင် စစ်လင်းချောင်းကျေးရွာအားလည်းကောင်း၊ ဇွန်လ ၂၂ ရက်တွင် ထုံးကြီး ကျေးရွာအားလည်းကောင်း စသဖြင့် ထိန်းချုပ်နိုင်ခဲ့သည်။
ထို့နောက် ဇွန်လ ၂၃ ရက်တွင် ကျော်ကျေးရွာသို့ ရောက်ရှိခဲ့ပြီး ဒေသခံ လုံခြုံရေးတပ်ဖွဲ့များနှင့် ပူးပေါင်း၍ လာပို့ ကျေးရွာနှင့် ကျော်ကျေးရွာအကြားရှိ လမ်းကြောင်းတစ်လျှောက်၌ မိုင်းများဖယ်ရှားရှင်းလင်းခဲ့သည်ဟု နေပြည်တော်ဘက်က ထုတ်ပြန်ခဲ့သည်။

ကလေးဝကို ရောက်လာတဲ့ စစ်ကြောင်းကို ဌာနဆိုင်ရာဝန်ထမ်းများက ကြိုဆိုနေကြစဉ်
အလားတူ ဇူလိုင် ၁ ရက်တွင် မြေနီကျေးရွာအားလည်းကောင်း၊ ဇူလိုင် ၂ ရက်တွင် စည်ပင်သာကျေးရွာအား လည်းကောင်း၊ ဇူလိုင် ၃ ရက်တွင် မိုင်တစ်ရာတဲစု ကျေးရွာအားလည်းကောင်း၊ ဇူလိုင် ၆ ရက်တွင် သဲကြမ်းတဲစု ကျေးရွာအားလည်းကောင်း ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် ဇူလိုင် ၇ ရက်တွင် ကလေးဝရှိ လုံခြုံရေးတပ်ဖွဲ့များနှင့် ပူးပေါင်းနိုင်ခဲ့ကြောင်း မြန်မာ့တပ်မတော်ဘက်က ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် ကလေးဝ- ယာကြီး- မုံရွာ ဆက်သွယ်ရေးလမ်းကြောင်း တစ်ခုလုံးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့် အတွက် ကလေးဝ-ကလေး-ဖလမ်း-ဟားခါး-ထန်တလန်သို့လည်းကောင်း၊ ကလေးဝ-ကလေး-တီးတိန်- တွန်းဇံ- ကျီခါးသို့လည်းကောင်း၊ ကလေးဝ-မုံရွာ-မြင်းမူ-စစ်ကိုင်း-မန္တလေးသို့လည်းကောင်း ဆက်သွယ်သွားလာနိုင်ပြီဖြစ် သလို ကုန်စည်ပို့ဆောင်သည့် မော်တော်ယာဉ်များနှင့် ခရီးသွားပြည်သူများအနေဖြင့် ပုံမှန်အတိုင်း ဖြတ်သန်းသွား လာနိုင်တော့မည်ဖြစ်ကြောင်း နေပြည်တော်က ထုတ်ပြန်ခဲ့သည်။
ထို့နောက် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်စည် စီးဆင်းမှုနှင့် ဒေသတွင်း ကုန်စည်ပို့ဆောင်မှုများတွင် အခက်အခဲမရှိ ပြန်လည် အသုံးပြုသွားလာနိုင်တော့မည်ဖြစ်ကြောင်း နေပြည်တော်ဘက်က ထုတ်ပြန်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 191
CNI News
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၇
မြန်မာနိုင်ငံတွင် အသွင်ကူးပြောင်းရေး အစိုးရတစ်ရပ်အနေဖြင့် ငြိမ်းချမ်းရေးအတွက် ရက် ၁၀၀ မတိုင်မီကာလ တွင် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ကျော်ကို စုစည်းနိုင်မည်ဟု ယူဆကြောင်း NCA ထိုးထားသည့် ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “အခြေအနေကတော့ လွန်ခဲ့တဲ့ ၅ နှစ်ထက်စာရင်တော့ နည်းနည်းညှိလို့ရတဲ့ သဘောရှိပါတယ်။ နောက်ပြီး တော့ ထိန်းထိန်းသိမ်းသိမ်းနဲ့ သွားနေတဲ့ သဘောလည်းရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ပြိုင်နက်တည်းမှာ အားလုံး အခြေအနေ မတူတဲ့လူတွေကို ခေါ်စုရင်လည်းပဲ ရလဒ်ကောင်း ထွက်မှာ မဟုတ်ဘူး။ ဒါကြောင့် NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကို အရင် တွေ့ဆုံတယ်၊ ပြီးရင် NCA မထိုးသော်လည်းပဲ အပစ်ရပ်ထားတဲ့ မြောက် ပိုင်း ၃ ဖွဲ့ တွေ့ဆုံမယ်၊ နောက်ပြီးတော့ NCA ထိုးပြီးတော့ ပြန်ထွက်သွားတဲ့ အဖွဲ့တွေကို ဦးစားပေးမယ်၊ ပြန်ခေါ် မယ်။ ပြီးတော့မှ တခြားတခြား အဖွဲ့တွေကို စဉ်းစားတော့မယ့် သဘောရှိပါတယ်။ ဒီလိုနဲ့ တဖြေးဖြေးတော့ ရက် ၁၀၀ မတိုင်မီမှာတော့ ၁၄၊ ၅ ဖွဲ့လောက်တော့ စုစည်းနိုင်မယ်လို့ ယူဆရပါတယ်။ step by step ပဲ သွားမယ်ထင် တယ် ကျနော်ထင်တာတော့။ ဒါကြောင့်သူက ရက် ၁၀၀ မှာက အပြီးအစီးသဘောမျိုး မဟုတ်ပါဘူး။ ရက် ၁၀၀ မှာက အဆက်အသွယ် စယူတဲ့သဘောမျိုးပါ။ လုပ်ငန်းစဉ် စတဲ့သဘောမျိုးပါ။ တဖြေးဖြေး အဆက်အသွယ် ရလာ ရင် ဖြေးဖြေးချင်း ဖြေးဖြေးချင်း တဆင့်ချင်း ဆွေးနွေးသွားမယ့် သဘောမျိုး တွေ့ရပါတယ်” ဟု ပြောသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အသွင်ကူးပြောင်းရေး အစိုးရတစ်ရပ် တက်လာချိန်၌ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုအား ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်မှ ဇူလိုင်လ ၃၁ ရက် နေ့အထိ ရက်ပေါင်း ၁၀၀ အတွင်း သတ်မှတ်ထားခြင်း ဖြစ်သည်။

NSPNC နဲ့ UWSA တွေ့ဆုံ ဆွေးနွေးစဉ်
ထို့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ (NSPNC) သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ဖြင့် ငြိမ်းချမ်းရေး ဖိတ်ခေါ်ဆွေးနွေးမှုများ ပြုလုပ်ထားသည်။
ငြိမ်းချမ်းရေးရရှိရန်သည် သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးအပေါ်၌ မူတည်ကာ အနာဂတ်အတွက် ငြိမ်းချမ်းရေး ကို ဆောင်ရွက်ရာတွင် အတားအဆီးမရှိသည့် ပုံစံမျိုးဖြင့် သွားမှသာ ငြိမ်းချမ်းမည်ဖြစ်ကြောင်း ကချင်နိုင်ငံရေး သမား ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ငြိမ်းချမ်းရေးကတော့ ကျနော်တို့ သုံးသပ်သလောက်ကတော့ လွယ်တော့ မလွယ်ဘူးပေါ့။ အဓိက,က တော့ ကာယကံရှင်တွေ စကစ ဗမာစစ်တပ်တွေ အပေါ်မှာပဲ မူတည်ပါတယ်။ သူတို့အနေနဲ့ အကုန်လုံး တာဝန်ယူ ပြီးမှ အကုန်လုံးကို ဖြစ်နိုင်ခြေရှိတဲ့ ဟာတွေနဲ့ အကုန်လုံး ဆွေးနွေးပြီးမှ တာဝန်ယူမှု၊ တာဝန်ခံမှု တကယ်ပဲ ငြိမ်းချမ်းရေးကို နှစ်နှစ်ကာကာ လိုလားတဲ့ပုံစံမျိုးနဲ့ ငြိမ်းချမ်းရေးကို အနာဂတ်အတွက် အတားအဆီးမရှိတဲ့ ငြိမ်းချမ်းရေးပုံစံမျိုးနဲ့ သွားမှပဲ ငြိမ်းချမ်းရေးက ရရှိမယ်လို့ပဲ ကျနော်က ဒီလိုပဲမြင်ပါတယ်။ ငြိမ်းချမ်းရေးကတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖြစ်ဖို့လိုပြီ၊ လိုအပ်တယ်ပေါ့။ ဒါကို ရဖို့ဆိုရင်လည်း အကုန်လုံးမှာ တာဝန်ရှိတယ်လို့ ကျနော် ပြောလိုတယ်။ ငြိမ်းချမ်းရေးပြီးမှ ဖွံ့ဖြိုးတိုးတက်မှု၊ အပြန်အလှန် လေးစားလိုက်နာမှု၊ ဒီမိုကရေစီ ဖက် ဒရယ်နိုင်ငံ တည်ဆောက်မှု၊ စေ့စပ်မှုတွေလည်း ပါဝင်ပါတယ်။ ဒါကြောင့်လည်း အကုန်လုံးက ငြိမ်းချမ်းရေးရဖို့ လိုအပ်ပါတယ်။ ဒါကြောင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရရှိဖို့ကတော့ အကုန်လုံး သက်ဆိုင်ရာ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေ အကုန်လုံးပေါ်မှာပဲ မူတည်ပါတယ်ဆိုတဲ့ဟာကို ကျနော် ပြောလိုပါတယ်” ဟု ပြောသည်။

NSPNC ကိုယ်စားလှယ်များကို တွေ့ရစဉ်
လက်ရှိတွင် NSPNC သည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်တွင် ရှမ်းနီအမျိုးသားများညီညွတ်ရေးကောင်စီ/ ရှမ်းနီအမျိုး သားများတပ်မတော် (SNUC/SNA) တို့နှင့်လည်းကောင်း၊ ဇွန်လ ၁၀ ရက်နေ့တွင် NCA လက်မှတ်ထိုးထားသည့် 7 EAO Alliance တို့နှင့်လည်းကောင်း၊ ဇွန်လ ၁၂ ရက်နေ့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နှင့် လည်းကောင်း၊ ဇွန်လ ၁၇ ရက်တွင် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) နှင့်လည်းကောင်း၊ ဇွန်လ ၁၈ ရက်၌ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တို့နှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဇူလိုင် ၂ ရက်နေ့က မွန်ပြည်သစ်ပါတီ(NMSP) နှင့်လည်းကောင်း၊ ဇူလိုင် ၆ ရက်က ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသားတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)နှင့်လည်းကောင်း ထပ်မံ တွေ့ဆုံဆွေးနွေးခဲ့သည်။
အလားတူ မြောက်ပိုင်းအဖွဲ့များအား လာမည့် ဩဂုတ်လ၌ နေပြည်တော်သို့ လာရောက်၍ ငြိမ်းချမ်းရေး ဆွေးနွေး ရန် ဖိတ်ခေါ်ထားကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
ထို့ပြင် NSPNC သည် အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့တို့နှင့်လည်း တွေ့ဆုံသွားရန် ရှိ ကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 216
CNI News
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၆
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဥ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ အဖွဲ့အစည်း များအနေဖြင့် ငြိမ်းချမ်းရေး အမှန်တကယ် လိုလားသလား ဆိုသည့်အပေါ် မေးခွန်းထုတ်စရာများ ရှိနေသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာမျိုးဆက်သွေးက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင် အစိုးရအဆက်ဆက် လုပ်ဆောင်ခဲ့သည့် ငြိမ်းချမ်းရေး ပုံသဏ္ဍာန်မျိုးစုံသည် အဆင်မပြေခဲ့သည် ကို မြင်တွေ့ရကြောင်း၊ ငြိမ်းချမ်းရေး ရရှိနိုင်ရေးအတွက် နည်းနာအသစ်များကို စဥ်းစားလုပ်ဆောင်ရန် လိုအပ် သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် ပဋိပက္ခ၏အခြေခံ အကြောင်းတရားများဖြစ်သည့် နိုင်ငံရေး ခံယူချက်များ၊ သမိုင်းနောက်ခံ အဖြစ်အပျက်များ၊ ဝါဒရေးရာ အငြင်းပွားမှုများ ထည့်မစဥ်းစားသရွေ့ ငြိမ်းချမ်းရေးဖြစ်စဥ် အလုပ် မဖြစ်နိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ပြောသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွင် သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်း အသီးသီး အနေဖြင့် ငြိမ်းချမ်းရေး အမှန် တကယ် လိုလားနေခြင်းလား သို့မဟုတ် မိမိတို့ လတ်တလော ရှင်သန်ရပ်တည်နိုင်ရန်အတွက် ကြိုးပမ်းနေကြခြင်း လား ဆိုသည့်အပေါ် မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာမျိုးဆက်သွေးက CNI သတင်းဌာနသို့ ပြောသည်။

လက်နက်ကိုင် ခေါင်းဆောင်များကို တွေ့ရစဉ်
၎င်းက “နှစ်ချက်ကတော့ ခပ်နုနုနဲ့ ခပ်ပျော့ပျော့ စပြောရရင် အနာနဲ့ ဆေးနဲ့ မတည့်သေးဘူးပေါ့နော်။ တိုင်းရင်း သား လက်နက်ကိုင်တွေက တောင်းဆိုနေတာက သူတို့ တောင်းဆိုတာသည် တကယ့် အနာပျောက်တဲ့ဆေး ဖြစ်ချင်ဖြစ်မှာပေါ့။ တိုင်းရင်းသားဒေသတွေမှာ တကယ်လိုနေတာက ဘာ အဲဒီလိုပဲ သူ့အနာအတွက် ကိုယ့်ဘက် က ပေးနိုင်မယ့်ဟာ ပေးသင့်တဲ့ဆေးက ဘာ။ ပေးသင့်တဲ့ဆေးထက် ပိုပြီးပေးလိုက်ရင်လည်း ဒုက္ခရောက်မယ်။ ပေးသင့်တဲ့ဆေးကျ မပေးနိုင်လည်း ဒုက္ခရောက်မယ်။ ဆိုလိုတဲ့သဘောက အနာနဲ့ဆေးနဲ့ မတည့်သေးဘူး။ အဲဒီ တော့ အနာအကြောင်းကို သိဖို့လိုတယ် ဆေးကတော့ ဘယ်ဆေးဘယ်ဆေး ဘယ်လောက် ပေးနိုင်မယ်ဆိုတာ ကိုယ့်ကိုယ်ကို သိဖို့လိုတယ်။ အဲဒီဟာတွေအပေါ်မှာ စကားပြောဖို့ လိုတယ်ပေါ့။ ဒါက အနိမ့်ဆုံးအချက်ကို ထောက်ပြတာပေါ့။ နောက်တစ်ချက်ဆိုရင်တော့ တကယ်ငြိမ်းချမ်းရေးလိုချင်လို့ လုပ်တာရော ဟုတ်ရဲ့လား ဆိုတဲ့ဟာ သံသယဖြစ်ဖွယ် ကိစ္စတွေရှိတယ်။ ဆိုလိုတာက တိုင်းရင်းသား လက်နက်ကိုင်တွေသည် ငြိမ်းချမ်းရေး လာဆွေးနွေးတာ ငြိမ်းချမ်းရေး တကယ်လိုချင်လို့လား လတ်တလော ရှင်သန် ရပ်တည်ဖို့အတွက် လာပြီးတော့ ဆွေးနွေးတာလား။ အစိုးရဘက်ကလည်းပဲ ငြိမ်းချမ်းရေးကို တကယ်လိုချင်လို့ လုပ်နေတာလား ခုနကပြောသလို တိုင်းပြည်အခြေအနေ မယိမ်းယိုင်သွားအောင် ထိန်းရုံ သပ်သပ်လောက်လေးပဲ ဆိုတာကြီးက နှစ်ဦးနှစ်ဖက်လုံး အတွက်ကတော့ တော်တော် မေးခွန်းထုတ်စရာတွေ ဖြစ်နေတယ်။ ဥပမာဆိုရင် ငြိမ်းချမ်းရေး လိုချင်တယ်ဆိုတာ က သက်ဆိုင်ရာ ဒေသမှာရှိတဲ့ ပြည်သူတွေ ဖွံ့ဖြိုးတိုးတက်ဖို့လေ အဲဒီတော့ ပြီးခဲ့တဲ့ဖြစ်စဉ်မှာဆိုရင် သက်ဆိုင်ရာ ဒေသမှာရှိတဲ့ ကလေးတွေရဲ့ ကျန်းမာရေး၊ ပညာရေးတွေကို အထောက်အပံ့ ပေးနေတဲ့ ကျောင်းတွေ၊ ဆေးရုံဆေး ခန်းတွေပေါ့နော် ဒါတွေ ထိခိုက်တဲ့အထိ လုပ်တာဟာ ငြိမ်းချမ်းရေး တကယ်လိုချင်လို့ တိုင်းပြည် တိုးတက်ချင်လို့ လုပ်တာလားဆိုတာ မေးစရာရှိတယ်။ တကယ်ငြိမ်းချမ်းရေးလိုချင်ရင် ဘာဖြစ်လို့ တပ်မတော်နဲ့ စစ်တိုက်တာ တပ်မတော်နဲ့ လက်နက်ကိုင် အချင်းချင်းပဲတိုက်တာ ဘာဖြစ်လို့ သာမန် ပြည်သူတွေတောင်မှ တကယ့် အရေးကြီး တဲ့ ကျောင်း၊ ဆေးရုံတို့ ဘာသာရေးဆိုင်ရာ အဆောက်အအုံဟာမျိုးတွေ ထိခိုက်အောင် လုပ်ကြတာသည် ဒါတကယ် ငြိမ်းချမ်းရေး လိုချင်လို့ ဟုတ်ရဲ့လားဆိုတာ မေးစရာရှိလာတယ်” ဟု ပြောသည်။
ထို့အပြင် အစိုးရအနေဖြင့်လည်း ငြိမ်းချမ်းရေး ရရှိရေးကို ကြိုးပမ်း လုပ်ဆောင်သည်နှင့်တစ်ပြိုင်နက် တိုင်းရင်း သား ပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း လုပ်ဆောင်ပေးရန် လိုအပ်နေသည်ဟု ဒေါက်တာမျိုးဆက်သွေးက ထောက်ပြသည်။
မြန်မာသမ္မတ ဦးမင်းအောင်လှိုင်က တိုင်းရင်းသား လက်နက်ကိုင်များ ငြိမ်းချမ်းရေး လိုချင်ပါက လာရောက်နိုင် ကြောင်း၊ ငြိမ်းချမ်းရေး ရဖို့ ဘယ်လောက်ကုန်ကုန် လုပ်မည်ဖြစ်ကြောင်း ပြောကြားထားသော်လည်း အစိုးရ၏ စေ့စပ်ညှိနှိုင်းရေးကိုယ်စားလှယ်များက NCA ထိုးလိုသည့် လက်နက်ကိုင်အဖွဲ့များအား တပ်မတော်နှင့်တိုက်ပွဲ မဖြစ်သည့်အတွက် NCA ထိုးစရာမလိုကြောင်း ပြော၍ ငြင်းဆန်နေမှုများရှိ၍ အပေါ်အောက်ကြား ကွဲပြားခြားနား မှုများ ရှိနေကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

တိုင်းရင်းသားလူငယ်များကို တွေ့ရစဉ်
ငြိမ်းချမ်းရေး ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြသည့် အခါတွင် နှစ်ဖက်အဖွဲ့အစည်းများ အနေဖြင့် တူညီ သည့် ဆုံမှတ်၊ တူညီသည့် ရည်ရွယ်ချက်များရှိမှသာ ငြိမ်းချမ်းရေး ရှေ့ဆက်လျှောက်လှမ်းနိုင်မည် ဖြစ်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဆိုလိုတာက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာ အစိုးရတစ်ဖက်တည်းက လုပ်ထားတာနဲ့ မပြီးသလို တခြား တစ်ဖက်က အစိုးရကို လက်နက်ကိုင်လမ်းစဉ်အရ တော်လှန်ပုန်ကန်နေတဲ့ အဖွဲ့အစည်းတွေကလည်း ဘယ် လောက်အထိ ပါဝင်ပတ်သက်ဖို့ စိတ်ကူးရှိလဲ။ ဘယ်လောက်အထိ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိလဲ။ ဒီအပေါ်မှာ မူတည်ပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ အောင်မြင်ခြင်း၊ နှေးကွေးခြင်း၊ ရှုံးနိမ့်ခြင်း ဒါမျိုးတွေက ပုံစံအမျိုးမျိုး ဖြစ်သွားတာလို့ မြင်တယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဘယ်လိုပဲ တည်ဆောက်သည်ဖြစ်စေ၊ ဘယ်လို ပူးပေါင်း ဆောက်ရွက်သည်ပဲဖြစ်စေ နိုင်ငံတော်မှာ တာဝန်ယူထားတဲ့ အစိုးရတစ်ရပ်ဘက်ကရော၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက် ပြီးတော့ ညှိနှိုင်းဖို့ ချိတ်ဆက်ဖို့ ဆောင်ရွက်ဖို့ လိုအပ်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေပေါ့လေ ဘယ်လို အဖွဲ့ အစည်း ပဲဖြစ်ဖြစ် တူညီတဲ့ လမ်းကြောင်းတစ်ခု တူညီတဲ့ ရည်ရွယ်ချက်တစ်ခု အပေါ်မှာ ဆုံမှတ်အဖြစ် သွားနိုင်ဖို့ လိုအပ်တယ်။ ဆိုလိုတာက အဲဒီဆုံမှတ်အပေါ်မှာ နှစ်ဖက်စလုံးက တူညီပြီးမှ ပထမအဆင့်ကပြီးမှာ။ နောက် တစ်ဆင့်က ကျတော့မှ ရေရှည်မှာ ငြိမ်းချမ်းရေးကို ဘယ်လိုတည်ဆောက်မယ် ဘယ်လိုဖော်ဆောင်မယ် ဘယ်လို သွားမယ်ဆိုတာ ဒါတွေက ညှိနှိုင်းမှုတွေက အဆင်ဆင့်သွားဖို့ လိုအပ်တယ်။ ဆိုလိုတာက အစကတည်းကိုက ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ စိတ်ကူးမရှိဘူး၊ လက်နက်ကိုင် လမ်းစဉ်ကိုပဲ ရွေးချယ်မယ်ဆိုတဲ့ အခါမျိုးမှာ အဲ့ဒီ ရှေ့ဆက်ရမယ့် လမ်းကြောင်းက ပြတ်သွားလိမ့်မယ် ဒါပထမအပိုင်း”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် လက်နက်ကိုင်တော်လှန်ရခြင်း၏ ရည်မှန်းချက်သည် လူထုအကျိုးအတွက်ဟု ညွှန်းဆိုကြသော် လည်း လက်တွေ့တွင် ပြည်သူများသာ နစ်နာဆုံးရှုံးနေရကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ ၃ သန်းကျော်ရှိသလို ကျောင်းနေ အရွယ် ကလေးငယ် ၆ ဒသမ ၃ သန်းကျော်သည် စာသင် ကျောင်းများကို စွန့်ခွာလျက်ရှိသည်။
အလားတူ ငြိမ်းချမ်းရေးကို အစိုးရ အဆက်ဆက် ဖော်ဆောင်သော်လည်း ခွဲခြားဆက်ဆံမှုများနှင့် သွပ်သွင်းခြင်း မူဝါဒများကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကောင်အထည် မဖော်နိုင်ဘဲ လက်နက်ကိုင် ပဋိပက္ခများ ပိုမို ကြီးထွားလာနေခြင်းကို သတိပြုရန် လိုအပ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 341
CNI News
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၆
ခေတ်အဆက်ဆက် အစိုးရများလက်ထက်တွင် အာဏာကို အဓိက ရယူထားကြသည့် ဗမာခေါင်းဆောင်ပိုင်းများ သည် ဗမာမဟုတ်သော တိုင်းရင်းသားများအပေါ် လူမျိုးရေးခွဲခြားခြင်းထက် ဗဟိုအာဏာကို ခွဲဝေမပေးချင်သည့် အကျင့်ဖြစ်နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
ထိုသို့ အာဏာကို ခွဲဝေမပေးချင်သည့် အတွက်ကြောင့် ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးများက မကျေနပ်ကြ ခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
ဒေါက်တာအောင်မျိုးက “ဗမာက သူတို့ကို နှိမ်တယ်ဆိုတာလည်း မဟုတ်ဘူး။ ဘာမှလည်း မနှိမ်ဘူး။ ခွဲလည်း မခွဲ ခြားပါဘူး။ ဒါပေမယ့် အစဉ်အဆက်ကိုက အဲဒီလို ချုပ်ကိုင်ထားချင်တာပေါ့။ လုပ်ပိုင်ခွင့်ကို ချုပ်ကိုင်ထားချင်တဲ့ အကျင့်က ကျနော်တို့ဆီမှာက ပါလာတာက ရှင်ဘုရင်တွေ လက်ထက်ကတောင် အဲဒီလိုမလုပ်ဘူး။ အထူးသဖြင့် ၅၈ ပေါ့နော် အိမ်စောင့်အစိုးရ။ ပြီးရင် တော်လှန်ရေးကောင်စီ။ ၇၄ မှာလည်း မထူးပါဘူး။ ဖွဲ့စည်းပုံအရလည်း ဆိုရှယ်လစ်သမ္မတနိုင်ငံ မဖြစ်လည်း မထူးပါဘူ။ အဲဒီတော့ န.ဝ.တ၊ န.ယ.က ခေတ် ဒါကတော့ ပိုဆိုးသွားတာပေါ့။ သူတို့ကြည့်ရတာ control လုပ်ချင်တဲ့ သဘောသဘာဝရှိတယ်။ ချုပ်ကိုင်ချင်တဲ့ သဘောသဘာဝရှိတယ်။ သူ့ရဲ့ သဘာဝအရ အဲဒါကြီးကို မှားနေတာပေါ့။ ဖြန့်ဝေမပေးဘူး။ အာဏာကို distribute မလုပ်ဘူး။ ဒါပေမယ့် လူမျိုး ရေး ဘာညာ အဲဒီလို မရှိပါဘူး။ အုပ်ချုပ်တဲ့ လူတန်းစားက control ကို ကိုင်ချင်တဲ့ အကျင့်ရှိတယ်။ အဲဒီအကျင့်က မပျောက်ဘူးပေါ့။ ဒါကြောင့် တိုင်းရင်းသားတွေကလည်း မကျေနပ်တာပေါ့” ဟု ပြောသည်။

NSPNC အစည်းအဝေး ကျင်းပနေစဉ်
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးရာတွင် မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် ဖက်ဒရယ်စနစ်အား ဆောင်ရွက် မည် ဖြစ်ကြောင်း၊ လူကို အခြေခံသည့် ဖက်ဒရယ်စနစ်အား မကျင့်သုံးဘဲ ဒေသကို အခြေခံသော ဖက်ဒရယ်စနစ် ကို ကျင့်သုံးသွားမည်ဟု ဦးမင်းအောင်လှိုင်သည် နိုင်ငံတော်သမ္မတအဖြစ် တာဝန်မယူခင်က ပြောကြားခဲ့ဖူးသည်။
ခေတ်အဆက်ဆက် တိုင်းရင်းသားများ၏ အဓိက လိုလားချက်က ဗမာလူမျိုးကို ဆန့်ကျင်ခြင်း မဟုတ်ဘဲ မည် သည့် အစိုးရတက်တက် ဗဟိုမှ အာဏာအကြွင်းမဲ့ ချုပ်ကိုင်သည့် မဟာဗမာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင် စနစ် ကိုသာ ဆန့်ကျင်ခြင်းဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
ဗမာမဟုတ်သော တိုင်းရင်းသားများ လိုချင်သည့်အရာမှာ စာအုပ်ကြီးထဲက ဖက်ဒရယ်မဟုတ်ဘဲ လက်တွေ့ကျ သည့် တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သာဖြစ်ကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြ သည်။
ထို့ကြောင့် ဖက်ဒရယ်မူ ပေါ်ပေါက်လာခဲ့ပါက လူမျိုးတစ်မျိုးတည်းမှ ကြီးစိုး၍ မရတော့ကြောင်း NCA ထိုးထား သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်း ဌာနသို့ ပြောသည်။

တိုင်းရင်းသားလူမျိုးများကို တွေ့ရစဉ်
၎င်းက “အဲဒါလည်း ဖက်ဒရယ်မူ ပေါ်လာရင်တော့ လူမျိုးတစ်မျိုးတည်းက ကြီးစိုးလို့ မရတော့ဘူးလေ။ ဘာလို့ဆို ဖက်ဒရယ်မူက အာဏာခွဲဝေမှုက ရှိလာတော့မှာကို။ အဲဒီလို ရှိလာလို့ရှိရင် အာဏာခွဲဝေမှု တည့်သွားရင်တော့ ကျနော်တို့ ပဋိပက္ခလည်း လျော့သွားပြီးတော့ အားလုံးသဘောတူတဲ့ ဖက်ဒရယ်ပုံစံ ဖွဲ့စည်းပုံလည်း ဖြစ်လာနိုင် တာပေါ့။ အဲဒီအချိန်ထိ စောင့်ရမှာပေါ့” ဟု ပြောသည်။
လက်ရှိ မြေပြင်အခြေအနေ ပြောင်းလဲလာမှုများအရ အာရက္ခတပ်တော် (AA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အပြင် အချို့သော တိုင်းရင်းသားလက်နက်ကိုင်များသည် ဖက်ဒရယ်ထက် ပိုမိုလွတ်လပ်ပြီး ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် မြင့်မားသည့် ကွန်ဖက်ဒရိတ် အဆင့်မျိုးကို ဦးတည်တောင်းဆိုပြီး မြေပြင်မှာ လက်တွေ့ အကောင် အထည်ဖော် တည်ဆောက်နေကြသည်ကို တွေ့ရသည်။
အလားတူ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)နှင့် အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA)တို့သည် ဗဟိုအစိုးရ၏ ချုပ်ကိုင်မှုကနေ ကင်းလွတ်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်များ အပြည့်အဝ ရရှိလျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 86
CNI News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃
မိမိတို့ နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ မိတ်ဆွေကောင်းနိုင်ငံအဖြစ် အမြဲရပ်တည် ဆောင်ရွက်သွားမည်ဟု လာအိုသမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်က ပြောသည်။
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃ ရက်တွင် လာအိုနိုင်ငံသို့ ရောက်ရှိလာသော မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံ ဆွေးနွေးစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
လာအိုသမ္မတက “သမ္မတကြီး ဦးဆောင်သည့် မြန်မာနိုင်ငံအစိုးရအနေဖြင့် မကြာမီကာလအတွင်း အာဆီယံနှင့် ပုံမှန် ထိတွေ့ ဆက်ဆံမှုများ ရရှိသွားမည်ဟု ယုံကြည်ပါကြောင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေဖြင့် နိုင်ငံ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို အာဆီယံပဋိဥာဏ်ပါအတိုင်း ဆောင်ရွက်ရခြင်းကြောင့် မြန်မာနိုင်ငံအစိုးရ အနေဖြင့် အာဆီယံနှင့်ပုံမှန်အတိုင်း ထိတွေ့ဆက်ဆံသွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့ နိုင်ငံ အနေဖြင့် လည်း တတ်စွမ်းသည့်ဘက်မှ မြန်မာနိုင်ငံကို အစဉ်အမြဲ ထောက်ခံ အားပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ မိတ်ဆွေကောင်းနိုင်ငံအဖြစ် အမြဲရပ်တည်ဆောင်ရွက်သွားမည်”ဟု ပြောသည်။

မိမိတို့ လာအိုနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးနိုင်ငံအဖြစ် ထူထောင် သွားလိုပါကြောင်း၊ အနာဂတ်တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကို ယခုထက် ပိုမိုတိုးမြှင့် ဆောင်ရွက်သွား လိုပါကြောင်း၊ အဆွေတော်သမ္မတကြီး အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိမှု နှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေး ဆောင်ရွက်လိုမှုအပေါ် မိမိအနေဖြင့် အပြည့်အဝ ထောက်ခံပါကြောင်း လာအိုသမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်က ပြောသည်။
မြန်မာသမ္မတက “ယမန်နှစ်က တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့တွင် ကျင်းပခဲ့သည့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှု အဖွဲ့ အပေါင်းထိပ်သီး အစည်းအဝေး တက်ရောက်ခဲ့စဉ်ကလည်း အဆွေတော်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်ကို အမှတ်ရလျက်ရှိပါကြောင်းနှင့် ယခုကဲ့သို့ ထပ်မံ တွေ့ဆုံရသည့်အတွက်လည်း ဝမ်းမြောက်မိပါကြောင်း၊ နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုခြင်းနှင့် စတင် တာဝန်ယူခြင်း အခမ်းအနားသို့ လာအိုနိုင်ငံမှ အထူးကိုယ် စားလှယ် စေလွှတ်ခဲ့ပြီး အဆွေတော်ထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးအပ်ခဲ့မှုအပေါ်လည်း ကျေးဇူးတင် ရှိပါကြောင်း၊ မကြာသေးမီကာလက လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ထောင်ဆာ ဗန် ဖုန်ဗီဟေး၏ မြန်မာနိုင်ငံခရီးစဉ်သည်လည်း မိမိတို့ အစိုးရအပေါ် အလေးအနက်ထားမှုနှင့် လာအိုနိုင်ငံ၏ ထောက်ခံရပ်တည်ပေးမှုကို ပြသပေးသည့် ခရီးစဉ်ဖြစ်သဖြင့် များစွာတန်ဖိုးထားပါတယ်”ဟု ပြောသည်။

ယခု ခရီးစဉ်သည် နှစ်နိုင်ငံအကြား ရှိရင်းစွဲ အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးမှုကို ပိုမို ခိုင်မာစေပြီး မဟာဗျူ ဟာမြောက် ဘက်ပေါင်းစုံပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် လာရောက်ခဲ့ခြင်း ဖြစ် သည်ဟု မြန်မာသမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။
မြန်မာသမ္မတ ဦးမင်းအောင်လှိုင်သည် လာအိုသမ္မတ မစ္စတာထောင်လွန်း ဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃ ရက်မှ ၅ ရက်ထိ သွားရောက်ခြင်း ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 81
CNI News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃
မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်နှင့် လာအိုနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃ ရက်က လာအိုအမျိုးသားလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ ဆွေးနွေးကြသည်။
အလားတူ သမ္မတ ဦးမင်းအောင်လှိုင်သည် လာအိုသမ္မတ ထောင်လွန်း ဆီဆုလစ်နှင့်လည်း နံနက်ပိုင်းက လာအိုသမ္မတအိမ်တော် အစည်းအဝေး ခန်းမ၌ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် လာအိုသမ္မတ ၏ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃ ရက်မှ ၅ ရက်ထိ သုံးရက်ကြာ ခရီးစဉ် ရောက်ရှိနေသည်။
မြန်မာသမ္မတ၏ ယခုခရီးစဉ်သည် မြန်မာ-လာအို နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ၁၉၅၅ -၂၀၂၆ နှစ်(၇၀)ပြည့် မြောက်သည့် နှစ်ဖြင့်လည်း တိုက်ဆိုက်လျက်ရှိသည်။
