CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

မုန်တိုင်းသင့်ဒေသ ပြန်လည်ထူထောင်ရေး တပ်မတော်အရာရှိကြီးများကို တာဝန်ပေး

By CNI News
CNI News
Category: လူမှုဘဝ
Hits: 157
Tweet
Share
share with Telegram

 

CNI News
၂၀၂၃ ခုနှစ်၊ မေလ ၁၈

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော ဒေသများ ပြန်လည်ထူထောင်ရေးအတွက် တပ်မတော်အရာရှိကြီး ၁၄ ဦးကို ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှာ အသီးသီး တာဝန်ခွဲဝေ ပေးအပ်ခဲ့ကြောင်း နစက-က မေလ ၁၈ ရက်တွင် သတင်းထုတ်ပြန်သွားသည်။

 

ဖိလစ်ပိုင်တွင် ရေကြီးမှုကြောင့် အဘွားအိုတစ်ဦးကို ကယ်ဆယ်ရေးလုပ်နေစဉ် (AP)

မိုးနှင့်ရေကြီးခြင်းတို့ကြောင့် ဖိလစ်ပိုင်တွင် ၂၉ ဦးသေပြီး လူ ၂၀ ကျော်ပျောက်ဆုံးနေ

By CNI
CNI
Category: သဘာဝပတ်ဝန်းကျင်
Hits: 785
Tweet
Share
share with Telegram

CNI International News

မနီလာ၊ ဒီဇင်ဘာ ၂၉

ခရစ္စမတ်သီတင်းပတ် ကုန်ပိုင်းကာလ ဖိလစ်ပိုင်နိုင်ငံတွင် ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေကြီးမှုများကြောင့် အနည်းဆုံး ၂၉ ဦး သေဆုံးပြီး ၂၅ ဦး ပျောက်ဆုံးနေသည်ဟု ဖိလစ်ပိုင်နိုင်ငံ၏ အမျိုးသားသဘာဝ ဘေးအန္တရာယ် တုန့်ပြန်ရေးအေဂျင်စီက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ကြောင်း အေပီ သတင်းတွင် ဖော်ပြထားသည်။

ဖိလစ်ပိုင်နိုင်ငံအရှေ့ပိုင်း၊ အလယ်ပိုင်းနှင့်တောင်ပိုင်းတို့တွင် ခရစ္စမတ် အခမ်းအနားများကို ဖျက်ဆီးခဲ့သော ရာသီဥတု ဆိုးရွားမှုကြောင့် လူပေါင်း ၈၆,၀၀၀ ကျော်သည် အရေးပေါ် ကယ်ဆယ်ရေး စခန်းများတွင် နေထိုင် နေရဆဲ ဖြစ်သည်။

ထွက်ပေါ်လာသည့် ဓာတ်ပုံများတွင်လည်း နိုင်ငံတောင်ပိုင်း ပြည်နယ်တစ်ခုတွင် အရေးပေါ် ကယ်ဆယ်ရေး သမား များက ရေကြီးနေသော လမ်းမတစ်ခု၌ သက်ကြီးရွယ်အို တစ်ဦးကို ပလတ်စတစ်ခုံ တစ်လုံးဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးနေသည်ကို တွေ့ရသည်။

ဖိလစ်ပိုင်တွင် ရေကြီးမှုကြောင့် ပြည်သူများကို ကယ်ဆယ်ရေးလုပ်နေစဉ် (Reuters)


ဒေသခံတချို့ကိုလည်း ဘောကွင်းများဖြင့် မြင်တွေ့ခဲ့ရပြီး ၎င်းတို့ကို ကယ်ဆယ်ရေး ဝန်ထမ်းများမှ ရင်စို့လောက် နစ်သောရေတွင် ကြိုးတစ်ချောင်းကို အသုံးပြု၍ ဆွဲယူကာ ကယ်ဆယ်ပေးနေသည်ကို တွေ့ရသည်။

သေဆုံးသူ ၂၉ ဦးအနက် ၁၈ ဦးမှာ မြောက်ပိုင်း မင်ဒါနာအို (Mindanao) ဒေသမှဖြစ်ပြီး ပျောက်ဆုံးနေသူ ၂၅ ဦးမှ ၁၂ ဦးမှာ ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းရှိ အရှေ့ ဗီဆာယတ် ( Eastern Visayas) ပြည်နယ်က ဖြစ်သည်ဟု ဖိလစ်ပိုင် အမျိုးသားသဘာဝ ဘေးအန္တရာယ် လျော့ချရေးနှင့် စီမံခန့်ခွဲရေးကောင်စီက ပြောသည်။

သေဆုံးသူများထဲက အများစုမှာ ရေနစ်ခြင်းကြောင့်ဖြစ်ပြီး ပျောက်ဆုံးနေသူများတွင် လှေမှောက်ခဲ့သော ငါးဖမ်း သမားများပါ ပါဝင်နေသည်ဟု အေဂျင်စီက ပြောသည်။

ရေကြီးမှုများကြောင့် လူနေအိမ် ၃၂၀၀ ကျော်အပြင် လမ်းများ၊ တံတားများ ပျက်စီးခဲ့ရပြီး တချို့ ဧရိယာများတွင် လျှပ်စစ်မီး ပျက်တောက်ခြင်း သို့မဟုတ် ရေပြတ်တောက်ခြင်းများလည်း ဖြစ်ပွားခဲ့သည်ဟု အေဂျင်စီက ပြောသည်။

လေပူနှင့်လေအေး တွေ့ဆုံရာ ဆုံမှတ်ရာသီဥတု စနစ်ကြောင့် ဖိလစ်ပိုင် တစ်နိုင်ငံလုံးတွင် မိုးရွာသွန်းခဲ့ခြင်း ဖြစ် သည်ဟု နိုင်ငံ၏ မိုးလေဝသဗျူရိုက ပြောသည်။

လေဖိအားနည်း ရပ်ဝန်းသစ် တစ်ခုကြောင့် ရေကြီးမှုဖြစ်ပွားခဲ့ရာ ဧရိယာများတွင် လာမည့် ၂၄ နာရီအတွင်း မိုးသည်း ထန်စွာ ရွာသွန်းနိုင်ခြေ သို့မဟုတ် မိုးရွာနိုင်ခြေ ရှိသည်ဟုလည်း ဗျူရို၏ ထုတ်ပြန်မှု၌ ပါဝင်သည်။

Source: AP

 

 

 

 

ဂျပန် မုန်တိုင်းကြောင့် မိုးလေဒဏ်ခံနေရသော ဂျပန်ပြည်သူများ

ပြင်းထန်သော နန်မဒေါမုန်တိုင်း ဂျပန်အနောက်ပိုင်း ရွေ့လျားနေ

By CNI
CNI
Category: ရာသီဉတု
Hits: 1364
Tweet
Share
share with Telegram

CNI International News

တိုကျို၊ စက်တင်ဘာ ၁၉

ပြင်းထန်သော အပူပိုင်းမုန်တိုင်း Nanmadol သည် ဂျပန်နိုင်ငံ၏ အနောက်ပိုင်းသို့ ရွေ့လျားနေပြီး ချူဂိုကူးနှင့် ရှီကိုကူး ဒေသများအပြင် ကျူးရှူးကျွန်း၏ တစိတ်တပိုင်းအထိပါ လေပြင်းများ တိုက်ခတ်လျက်ရှိကြောင်း စက်တင်ဘာ ၁၉ ရက် (ယနေ့) ညနေပိုင်းတွင် ဂျပန်သတင်းဌာန NHK က ရေးသားဖော်ပြသည်။

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း၊ မီယာဇာကီစီရင်စုနှင့် အခြားနေရာများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုနှင့် ကမ်းပါးပြိုကျမှုများ ဖြစ်ပွားခဲ့သည်။ သို့သော် မီယာဇာကီစီရင်စုအတွက် အရေးပေါ် မိုးသည်းထန်မှု သတိပေးချက်ကို စက်တင်ဘာ ၁၉ ရက် (ယနေ့) နံနက်နှောင်းပိုင်းတွင် အဆင့်လျှော့ချခဲ့သည်။ သို့သော် မိုးရွာ သွန်းမှုကြောင့် နေရာအနှံ့အပြားတွင် ရေကြီးမှုများရှိကြောင်း သိရသည်။

ချူဂိုကူးနှင့် ရှီကိုကူးတို့တွင် မိုးနှင့်လေ ပိုမိုပြင်းထန်လာခဲ့ပြီး နန်မဒေါမုန်တိုင်း နီးလာသည်နှင့်အမျှ အဆိုပါ ဒေသ အချို့မှာ မြေပြိုမှု အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

 ဂျပန်သတင်းဌာနက မုန်တိုင်းအခြေအနေကို ကြေညာနေစဉ်

ယနေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီအချိန် ဂျပန်မိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၁၉ ရက် တွင် နန်မဒေါမုန်တိုင်းသည် နိုင်ငံ၏ အနောက်ပိုင်း ရှိမန်းစီရင်စု၊ အိုဒါမြို့အနီးကို ဗဟိုပြုနေပြီး အရှေ့မြောက်ဘက် သို့ တစ်နာရီလျှင် ကီလိုမီတာ ၃၀ အရှိန်ဖြင့် ရွေ့လျားခဲ့ကြောင်း သိရသည်။

ပြင်းထန်သော အပူပိုင်းမုန်တိုင်း၏ ဗဟိုလေထုဖိအားမှာ ၉၇၅ ဟက်တိုပါစကယ် အဆင့်ရှိပြီး အမြင့်ဆုံး လေတိုက် နှုန်းမှာ တစ်နာရီလျှင် ၁၀၈ ကီလိုမီတာ ဖြစ်သည်။

နန်မဒေါမုန်တိုင်းသည် စက်တင်ဘာ ၂၀ ရက် (မနက်ဖြန်) ဟွန်ရှူးကျွန်းအနီး ဖြတ်သန်း၍ အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်းရသည်။

မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်သူများ အထူးဂရုစိုက်ကြရန် ဂျပန်အစိုးရတာဝန်ရှိသူများက တိုက်တွန်းထားကြောင်း NHK သတင်းအရ သိရသည်။

Source: NHK

 

 

 

ဥရောပ၌ ကျရောက်နေသော အပူလှိုင်းက မြောက်ဘက်သို့ ဦးတည်နေ

By CNI
CNI
Category: Watch TV
Hits: 1215
Tweet
Share
share with Telegram

မုန်တိုင်းသင့် ပြည်သူများ ထောက်ပံ့ရေး အိန္ဒိယရေတပ်သင်္ဘော ရောက်လာ

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 353
Tweet
Share
share with Telegram

 

CNI News

၂၀၂၃ ခုနှစ်၊ မေလ ၁၈

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ဖြတ်သန်း၍ ရခိုင်တစ်ပြည်နယ်လုံး အပါအဝင် မြန်မာနိုင်ငံအတွင်း မေလ ၁၄ ရက်နေ့က ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်သွားခဲ့ခြင်းကြောင့် ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။

ထို့ကြောင့် မိုခါမုန်တိုင်းဒဏ်ခံစားခဲ့ရသည့် မြန်မာပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအ ညီနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးဆိုင်ရာပစ္စည်းများကို ကရုဏာမစ်ရှင် အစီအစဉ်ဖြင့် အိန္ဒိယအစိုး ရသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Shri Vinay Kumar မှတဆင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးစိုးသိန်းထံ မေလ ၁၈ ရက်တွင် လွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါ ကယ်ဆယ်ရေးဆိုင်ရာပစ္စည်းများဖြစ်သော အရေးပေါ် အစားအစာ၊ မိုးကာတဲများ၊ ရွှေ့ပြောင်းရလယ် သော မီးစက်များ၊ အဝတ်အထည်များ၊ ရေစုပ်စက်များ၊ ဆေးဝါးများ၊ တာပေါ်လင်စများ၊ တစ်ကိုယ်ရည်သုံး ကျန်းမာရေးပစ္စည်းများ၊ ဘီးတပ် ထိုင်ခုံများနှင့် နှာခေါင်းစီး အပါအဝင် စုစုပေါင်း တန်ချိန် ၄၀ ကို အိန္ဒိယရေတပ် သင်္ဘောများဖြစ်သည့် INS Shivalik၊ INS Kamorta နှင့် INS Savitri တို့ တင်ဆောင်လာခဲ့ပြီး မေလ ၁၈ ရက် တွင် ရန်ကုန်မြို့မှာ ဆိုက်ကပ်ခဲ့သည်။

ထို့နောက် အရေးပေါ် ဆေးဝါးများနှင့် ဆေးသေတ္တာများကို အိန္ဒိယရေတပ်သင်္ဘောဖြစ်သည့် INS Gharial က မေလ ၁၉ ရက်နေ့တွင် တင်ဆောင်လာမည်ဖြစ်သည်။

ထိုပစ္စည်းများအားလုံးကို ရခိုင်ပြည်နယ်သို့ ချက်ခြင်းပေးပို့မည်ဖြစ်ပြီး မုန်တိုင်းဒဏ် ထိခိုက်ခံစားရသည့် လူမှု အသိုင်းအဝန်းများကို ဖြန့်ဖြူးပေးမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက သတင်းထုတ်ပြန်ခဲ့သည်။