
- By CNI News
- Category: အားကစား
- Hits: 72
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၁၆
ဆီးဂိမ်းစ် အမျိုးသား ဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲအဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ ဗီယက်နမ်နဲ့ မြန်မာအသင်းတို့ပွဲမှာ ဗီယက်နမ်အသင်းက ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။
ပထမပိုင်းမှာ ဗီယက်နမ်အသင်းဟာ မြန်မာအသင်းကို အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး ပွဲချိန် ၉ မိနစ်နဲ့ ၃၅ မိနစ်မှာ ဦးဆောင်ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။
မြန်မာအသင်းဟာ ဂိုးကန်သွင်းခွင့်တွေ ရခဲ့ပေမယ့် ကန်သွင်းချက်တွေဟာ ထိရောက်မှုမရှိလို့ ပထမပိုင်းမှာ ဗီယက်နမ်အသင်းက မြန်မာအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒုတိယပိုင်းမှာလည်း ဗီယက်နမ်အသင်းက ကစားကွက် အသာစီးနဲ့ မြန်မာအသင်းကို ကစားနိုင်ခဲ့ပြီး ပွဲချိန် ၅၇ မိနစ်မှာ တတိယဂိုးကို လူကျွံထောင်ချောက်ကို ကျော်ဖြတ်ကာ သွင်းယူသွားပါတယ်။
ဗီယက်နမ်အသင်းဟာ တတိယဂိုး ရပြီးနောက်ပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားခဲ့လို့ မြန်မာအသင်းက ချေပဂိုးသွင်းနိုင်ဖို့ တိုက်စစ်ဆင်မှုတွေ ပြုလုပ်လာခဲ့ပါတယ်။
အဲဒါကြောင့် ပွဲချိန် ၈၈ မိနစ်မှာ မြန်မာအသင်း ထောင့်ကန်ဘောကနေ ခေါင်းတိုက်ပြီး ချေပဂိုးသွင်းယူခဲ့ပါတယ်။
ဗီယက်နမ်အသင်းဟာ နောက်ထပ် သွင်းဂိုးရနိုင်မယ့် အခွင့်အရေးကို အသုံးမချနိုင်ခဲ့တာကြောင့် ပွဲအပြီးမှာ ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး ကြေးတံဆိပ် ရရှိသွားခဲ့ပါတယ်။
#မြန်မာအသင်း #အမျိုးသား #ဗီယက်နမ်အသင်း #အားကစား #CNImyanmar #cninews

- By CNI News
- Category: အားကစား
- Hits: 248
CNI International News
၂၀၂၃ ခုနှစ်၊ မေလ ၁၂
ဆီးဂိမ်းစ်အမျိုးသမီး ဘောလုံးပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ထိုင်းနဲ့ မြန်မာအသင်းတို့ပွဲမှာ မြန်မာ အသင်းက ၄ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်နိုင်ခဲ့ပါတယ်။
ပွဲအစပိုင်းမှာ ထိုင်းအသင်းက လျင်လျင်မြန်မြန်နဲ့ ထိုးဖောက်ခဲ့ပြီး မြန်မာအသင်းက အမှားအယွင်းတွေ ပြုလုပ် ခဲ့တာကြောင့် ၁၀ မိနစ်နဲ့ ၁၈ မိနစ်မှာ ၂ ဂိုးဆက်တိုက် ပေးခဲ့ရပါတယ်။
အဲဒီနောက်ပိုင်းမှာ မြန်မာအသင်းက အကောင်းဆုံး ပြန်ကစားနိုင်ခဲ့လို့ ပွဲချိန် ၄၃ မိနစ်မှာ ချေပဂိုး တစ်ဂိုး ပြန်ရခဲ့ ပါတယ်။
အဲဒါကြောင့် ပထမပိုင်းမှာ ထိုင်းက ၂ ဂိုး- ၁ ဂိုးနဲ့ ဦးဆောင် နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ မြန်မာအသင်းဟာ နောက်ထပ် ချေပဂိုး ရဖို့ ကြိုးစားရင်းနဲ့ ပွဲချိန် ၄၈ မိနစ်မှာ ဒုတိယမြောက် ချေပဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။
မြန်မာအသင်းဟာ အနိုင်ဂိုး ရဖို့အတွက် ထိုင်းအသင်းဘက်ကို ဆက်ပြီး ဖိအားပေးနိုင်ခဲ့လို့ ပွဲချိန် ၅၅ မိနစ်မှာ တတိယမြောက် သွင်းဂိုးသွင်းပြီး ထိုင်းကို ဦးဆောင်နိုင်ခဲ့ပါတယ်။
မြန်မာအသင်းဟာ ကျန်တဲ့ပွဲချိန် အများစုမှာလည်း ထိုင်းအသင်း ခံစစ်ကို ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပြီး နာကျင် အချိန်ပိုမှာ နောက်ထပ် တစ်ဂိုး ထပ်သွင်းနိုင်ခဲ့လို့ ၄ ဂိုး- ၂ ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲ တက်နိုင်ခဲ့ပါတယ်။
မြန်မာအသင်းဟာ ဗိုလ်လုပွဲမှာတော့ အိမ်ရှင်ကမ္ဘောဒီးယားကို အနိုင်ရခဲ့တဲ့ ဗီယက်နမ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါ တယ်။

- By CNI
- Category: အားကစား
- Hits: 184
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၈
မြန်မာယူ-၂၂ အသင်းကို နည်းပြချုပ်အဖြစ် ကိုင်တွယ်နေတဲ့ မိုက်ကယ်က ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် တက်နိုင်ဖို့အတွက် ဖိလစ်ပိုင်နဲ့ပွဲကို ဗိုလ်လုပွဲတစ်ပွဲလို ကစားသွားမယ်လို့ ကမ္ဘောဒီးယားနဲ့ ပွဲအပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
မိုက်ကယ်က "ကမ္ဘောဒီးယားနဲ့ပွဲမှာ အနိုင်ရလဒ် စွမ်းဆောင်ပေးခဲ့တဲ့ ကစားသမားတွေ အားလုံးရဲ့ စွမ်းဆောင်မှုကို ကျေနပ်ပါတယ်။ ဆီမီးဖိုင်နယ်တက်ဖို့ ဖိလစ်ပိုင်နဲ့ပွဲစဉ်ကို ဗိုလ်လုပွဲ တစ်ပွဲလို ကျနော်တို့ ကစားသွားမှာပါ။ ဖိလစ်ပိုင် အသင်းကလည်း အမှတ်အလကားပေးမှာ မဟုတ်ပါဘူး။ သူတို့က ဖိအားမရှိဘဲ ကျနော်တို့ကို ကစားမှာ ပါ။ ကျနော်တို့မှာ နိုင်မှဖြစ်မယ်ဆိုတဲ့ ဖိအားရှိနေပါတယ်။ ဒီလိုပြိုင်ပွဲမျိုးမှာ တစ်ပွဲခြင်း သေချာစွာနဲ့ ချဉ်းကပ် ပြင်ဆင်ဖို့က အရေးကြီးပါတယ်"လို့ ပြောခဲ့ပါတယ်။
မြန်မာအသင်းဟာ ကမ္ဘောဒီးယားအသင်းနဲ့ ပွဲမှာ ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာကြောင့် အုပ်စုပွဲစဉ် ၃ ပွဲ ကစားအပြီး မှာ ရမှတ် ၆ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
မြန်မာအသင်း နည်းပြ မိုက်ကယ်ကိုတွေ့ရစဉ်
အဲဒါကြောင့် မြန်မာအသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဖိလစ်ပိုင်အသင်းကို အနိုင်ရတာနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားမှာပါ။ မြန်မာအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ဗီယက်နမ် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ အုပ်စုကနေ ထွက်ခွာခဲ့ရတာကြောင့် ဒီပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်တက်နိုင်ဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။
ကမ္ဘောဒီးယားနဲ့ပွဲမှာ မြန်မာအသင်းအတွက် ခြေစွမ်းပြပြီး အနိုင်ဂိုး တစ်ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ ဟိန်းထက်အောင် ကလည်း အုပ်စုကနေ တက်နိုင်ဖို့ ဖိလစ်ပိုင်နဲ့ပွဲကို ကြိုးစားပြီး ယှဉ်ပြိုင်သွားမယ်လို့ မီဒီယာတွေရဲ့ မေးမြန်းမှုကို ဖြေသွားပါတယ်။
ဟိန်းထက်အောင်က "ဒီပွဲ အနိုင်ရရှိလို့ အသင်းဖော်တွေ အားလုံးကို ကျေးဇူးတင် ဂုဏ်ပြုပါတယ်။ ကျနော်တို့ အားလုံး နည်းပြကြီး မှာကြားထားသလို ကစားနိုင်ခဲ့တယ်။ ပထမပိုင်း ကစားပုံ သိပ်ကောင်းခဲ့ပါတယ်။ ဒုတိယပိုင်း ကျနော်တို့ အိမ်ရှင်အသင်း ချေပဂိုးရဖို့ ကြိုးစားတာကို စနစ်တကျ ဟန့်တားနိုင်ခဲ့တယ်။ ဒီပွဲ အနိုင်အတွက် ပျော်ပါ တယ်။ အုပ်စုတက်ဖို့ ဖိလစ်ပိုင်နဲ့ပွဲစဉ်ကို ကြိုးစားပြီး ယှဉ်ပြိုင်သွားပါမယ်"လို့ ပြောခဲ့ပါတယ်။
အုပ်စု နောက်ဆုံး ပွဲစဉ်ဖြစ်တဲ့ မြန်မာနဲ့ ဖိလစ်ပိုင်၊ အိမ်ရှင် ကမ္ဘောဒီးယားနဲ့ အင်ဒိုနီးရှားတို့ရဲ့ ပွဲစဉ်ကို မေလ ၁၀ ရက် ညနေ ၆ နာရီခွဲမှာ တစ်ချိန်တည်း ယှဉ်ပြိုင် ကစားသွားမယ်လို့ သိရပါတယ်။

- By CNI News
- Category: အားကစား
- Hits: 132
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၁၅
ဆီးဂိမ်းစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ဗီယက်နမ်နဲ့ မြန်မာအသင်းတို့ ကစားခဲ့တာမှာ ဗီယက်နမ် အသင်းက ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။
ပွဲစတင်ကတည်းက နှစ်သင်းစလုံးဟာ ဂိုးရဖို့ အပြိုင်အဆိုင် ကြိုးစားခဲ့ကြပြီး ပွဲချိန် ၁၂ မိနစ်မှာ ဗီယက်နမ် အသင်း က စတင် ရရှိသွားခဲ့ပါတယ်။
မြန်မာအသင်းဟာ ဦးဆောင်ဂိုး ပေးရပြီးနောက် ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် အဆုံးသတ်ပိုင်း အားနည်းပုံတွေ ကြောင့် ပထမပိုင်းအပြီးမှာ ဗီယက်နမ်အသင်းက ၁ ဂိုး- ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ မြန်မာအသင်းက ချေပဂိုးရဖို့ ဆက်တိုက်ဆိုသလို တိုက်စစ်ဆင်မှုတွေ ပြုလုပ်ခဲ့ပြီး ဗီယက်နမ် အသင်းက ရံဖန်ရံခါသာ တိုက်စစ်ဆင်ကာ ခံစစ်ကို အားပြု ကစားလာခဲ့ပါတယ်။
မြန်မာအသင်းဟာ ဂိုးရလိုချင်စိတ် များနေတဲ့အတွက် ဂိုးရဖို့ ခက်ခဲနေတာကိုလည်း မြင်တွေ့ခဲ့ရတာပါ။
ပွဲချိန် ၇၅ မိနစ်မှာတော့ ဗီယက်နမ်အသင်းက ဂိုးဧရိယာ အတွင်းကနေ လှပတဲ့ ကန်သွင်းချက်နဲ့ ဒုတိယဂိုးကို သွင်းယူ သွားခဲ့ပါတယ်။
မြန်မာအသင်းဟာ ဦးဆောင်ဂိုး ၂ ဂိုး ခွင့်ပြုခဲ့ရတာကြောင့် အနည်းငယ် ကစားအားကျသွားခဲ့ပြီး ဗီယက်နမ် အသင်းက ပြန်ပြီး ထိုးဖောက် တိုက်စစ်ဆင်လာခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ နှစ်သင်းစလုံး ဂိုးမသွင်းနိုင်တော့လို့ ဗီယက်နမ်အသင်းက ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရကာ ရွှေတံဆိပ် ရယူနိုင်ခဲ့ပြီး မြန်မာအသင်းကတော့ ငွေတံဆိပ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။
မြန်မာအသင်းဟာ ဗီယက်နမ်အသင်းကို အုပ်စုတွင်းမှာလည်း အရေးနိမ့်ခဲ့သလို အခု ဗိုလ်လုပွဲမှာလည်း ထပ်ပြီး အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

- By CNI
- Category: အားကစား
- Hits: 112
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၁၂
မြန်မာအသင်းနည်းပြ မိုက်ကယ်က ထိုင်းအသင်းနဲ့ ကစားမယ့် ဆီးဂိမ်းစ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ကစားသမားတွေ အမြင့်ဆုံးလုပ်ပြနိုင်မယ်ဆိုတာကို ယုံကြည်ထားတယ်လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
မိုက်ကယ်က “ကျနော်တို့ ရည်မှန်းချက်အတိုင်းပဲ ဆီမီးဖိုင်နယ်ကို ရောက်ရှိလာပြီဖြစ်လို့ စိတ်လှုပ်ရှားမိပါတယ်။ ကစားသမားတွေ ကြိုးစားမှုကြောင့် ပရိသတ်တွေလည်း ပျော်ရွှင်ကြတယ်ဆိုတာ သိရပါတယ်။ ကျနော်တို့ အသင်းက ပြိုင်ပွဲမစတင်မီမှာ ရေပန်းစားတဲ့အသင်းမဟုတ်ဘဲ အားလုံးက အောက်အသင်းတစ်သင်းအနေနဲ့ သဘောထားကြတာပါ။မှန်ပါတယ်။ကျနော်တို့ တစ်ဆင့်ချင်းပဲ အကောင်းဆုံးဖြစ်အောင် တစ်ပွဲထက် တစ်ပွဲ ပိုကောင်းလာအောင် ကြိုးစားနေရပါတယ်။ ဆီမီးဖိုင်နယ်မှာလည်း ကျနော်တို့ ကစားသမားတွေ အမြင့်ဆုံး လုပ်ပြနိုင်လိမ့်မယ်ဆိုတာ ယုံကြည်ထားပါတယ်" လို့ မီဒီယာတွေကို ဖြေကြားခဲ့တာပါ။
မြန်မာအသင်းဟာ အုပ်စု A မှာ ဒုတိယရခဲ့လို့ အုပ်စု B မှာ ပထမရခဲ့တဲ့ ထိုင်းအသင်းနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး နောက်ထပ် ဆီမီးဖိုင်နယ်ပွဲကတော့ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်တို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ နောက်ဆုံးအကြိမ်ကျင်းပခဲ့တဲ့ ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲမှာ အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရလို့ အခုတစ်ကြိမ်မှာ နောက်တစ်ဆင့် တက်နိုင်ဖို့ ပစ်မှတ်ထားခဲ့တဲ့အတိုင်း လုပ်ဆောင်နိုင်ခဲ့တာပါ။
မြန်မာအသင်းခေါင်းဆောင် ဇော်ဝင်းသိန်းက ရလဒ်ကောင်းရရှိဖို့ အစွမ်းကုန်ကြိုးစားပြီး ဗိုလ်လုပွဲတက်နိုင်အောင် ယှဉ်ပြိုင်သွားမယ်လို့ ပြောခဲ့ပါတယ်။
ဇော်ဝင်းသိန်းက “ဆီမီးဖိုင်နယ် ရောက်ရှိလို့ အသင်းဖော်တွေ၊ နည်းပြတွေ၊ ပရိသတ်တွေ အားလုံးကို ကျေးဇူးတင် ပါတယ်။ကျနော်တို့ နည်းပြလမ်းညွှန်မှုအောက်မှာ အကောင်းဆုံး ကြိုးစားပြီး ဆီမီးဖိုင်နယ်ကို ယှဉ်ပြိုင်သွားမှာပါ။ ထိုင်းအသင်းက နည်းဗျူဟာကျကျ ကစားတတ်တဲ့ အသင်းကောင်းတစ်သင်းပါ။ကျနော်တို့လည်း အသင်းလိုက် ညီညွတ်မှုအပြည့်နဲ့ ကစားတတ်တဲ့ အသင်းတစ်သင်းပါ။ ရလဒ်ကောင်းရရှိဖို့ ကျနော်တို့ အစွမ်းရှိသမျှ ကြိုးစားပြီး ဗိုလ်လုပွဲအတွက် ယှဉ်ပြိုင်သွားပါမယ်" လို့ ပြောခဲ့တာပါ။
မြန်မာအသင်းနဲ့ ထိုင်းအသင်းတိုရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်ကို မေလ ၁၃ ရက်၊ မြန်မာစံတော်ချိန် ည ၇ နာရီခွဲ အိုလံပစ် အားကစားကွင်းမှာ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး MRTV HD , MRTV Sports တို့က တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

- By CNI News
- Category: အားကစား
- Hits: 205
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၇
မြန်မာအသင်းဟာ ဆီးဂိမ်းစ် အမျိုးသား ဘောလုံးပြိုင်ပွဲရဲ့ အုပ်စုတတိယပွဲစဉ်အဖြစ် အိမ်ရှင် ကမ္ဘောဒီးယား အသင်းနဲ့ ကစားခဲ့တာမှာ ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်တက်နိုင်ဖို့ အခြေအနေ ကောင်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ အင်ဒိုနီးရှားနဲ့ ပွဲမှာ ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ မြန်မာအသင်းဟာ ဒီပွဲမှာတော့ အကောင်းဆုံး ခြေစွမ်းတွေကို ပြသခဲ့ပြီး အိမ်ရှင်အသင်းကို သူတို့ ပရိသတ်ရှေ့မှောက်မှာ အနိုင် ၃ မှတ် ယူပြခဲ့တာ ဖြစ်ပါတယ်။
မြန်မာအသင်းအတွက် ဂိုးတွေကို ပွဲချိန် ၁၂ မိနစ်မှာ ဟိန်းထက်အောင်နဲ့ ပွဲချိန် ၃၈ မိနစ်မှာ သက်ဟိန်းစိုးတို့က သွင်းယူခဲ့တာပါ။
မြန်မာအသင်းဟာ ဒီနိုင်ပွဲကြောင့် ၃ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၆ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။
ကမ္ဘောဒီးယား အသင်းကလည်း ၃ ပွဲ ကစားအပြီးမှာ ရမှတ် ၄ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။
အုပ်စု နောက်ဆုံး ပွဲစဉ်အဖြစ် မေလ ၁၀ ရက်မှာ မြန်မာက ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားက အင်ဒိုနီးရှားနဲ့ ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။

- By CNI News
- Category: အားကစား
- Hits: 111
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၁၃
ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်ဖြစ်တဲ့ ထိုင်းနဲ့ မြန်မာ အသင်းတို့ပွဲမှာ ထိုင်းအသင်းက ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ပထမပိုင်းမှာတော့ ထိုင်းအသင်းကပဲ အသာစီးနဲ့ ကစားပြီး မြန်မာအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ထိုင်းအသင်းအတွက် ဂိုးကို ပထမဂိုးကို ပွဲချိန် ၄၇ မိနစ်မှာ သွင်းယူခဲ့တာပါ။ ဒုတိယပိုင်းမှာလည်း ထိုင်းအသင်းကပဲ ဘောလုံးအသာစီးနဲ့ မြန်မာအသင်းဘက်ကို ထိုးဖောက်ခဲ့တာပါ။
မြန်မာအသင်းက ဂိုးပေါက်တည့်မှု ၁ ကြိမ်သာရှိတဲ့အထိ ထိုင်းအသင်းရဲ့ ဖိကစားခြင်းကို ခံခဲ့ရပြီး ပွဲချိန် ၈၅ မိနစ် မှာ ဒုတိယဂိုး ထပ်ပေးခဲ့ရပါတယ်။
မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပို ၇ မိနစ်မှာ