- By CNI
- Category: နိုင်ငံရေး
- Hits: 567
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅
အိမ်နီးချင်းအင်အားကြီး နိုင်ငံများကြားထဲတွင် မြန်မာနိုင်ငံအနေဖြင့် ပြန်လည်ရုန်းထလာနိုင်သည့် အနေအထား မျိုး မြင်တွေ့ရနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအမ်ကောန်လက CNI သတင်းဌာနသို့ ပြော သည်။
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်ရေးရပြီးနောက် မတ်လမှာ ပြည်တွင်းစစ် စတင် ဖြစ်ပွားခဲ့သည်မှာ ယနေ့ထိဖြစ်သည်။
ထို့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းကနေ တပ်မတော်၏ အုပ်ချုပ် မှု ဖြစ်တည်လာချိန်မှာတော့ မြန်မာနိုင်ငံတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။
၂၀၂၁ - ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံရေးပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့် လက်နက်ကိုင်ပဋိပက္ခများ၊ နိုင်ငံရေး မတည်ငြိမ်မှုများ၊ အာဆီယံအုပ်စုများ၊ အနောက်နိုင်ငံအချို့၏ မြန်မာနိုင်ငံအပေါ် ဖိအားပေးမှု စသည့် အခြေအနေ များသည် လက်ရှိ မြန်မာနိုင်ငံ အနေအထားနှင့် နှိုင်းယှဥ်လျှင် များစွာ ပြောင်းလဲလာသည်ကို မြင်တွေ့ရသည်ဟု နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။
မြန်မာနိုင်ငံအနေဖြင့် လက်ရှိ အနေအထားအတိုင်း ဆက်သွားမည်ဆိုလျှင် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များသည် ၂၀၂၇ နောက်ပိုင်းတွင် အားကောင်းလာနိုင်ကြောင်း၊ အင်အားကြီး နိုင်ငံများကြား၌ မြန်မာပြန်ရုန်းထလာနိုင်သည့် အနေအထားမျိုး မြင်တွေ့ရနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအမ်ကောန်လက CNI သတင်းဌာန သို့ ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ အစည်းအဝေး တက်ရောက်ခဲ့သူများကို တွေ့ရစဉ်
၎င်းက “အဲတာတွေက ဘာကို ရွေ့သွားလဲဆိုတော့ ကျနော်တို့ နိုင်ငံရေး အကျပ်အတည်းတွေ ဖြေရှင်းဖို့၊ စီးပွားရေး အကျပ်အတည်းတွေ ဖြေရှင်းဖို့ရဲ့ ပထမ ငါးနှစ်ရဲ့ ဇာတ်လမ်းအစပေါ့နော်။ အဲဒီ အရှိန်သာ ဆက်ထိန်းနိုင်မယ်ဆို ရင် ကျနော်တို့ရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကလည်း တစ်ဖန် ပြန်ပြီး အားကောင်းလာဖို့ သေချာတယ်။ ကျနော်တို့ မြင် တာကတော့ ၂၀၂၇ နောက်ပိုင်းမှာ Peace Process တွေက တော်တော်လေး ရောက်လာပါလိမ့်မယ်။ နောက်တစ် ခါ အခြေခံဥပဒေ ပြင်ဆင်တာတွေလည်း ဆောင်ရွက်ဖို့အတွက် ရှိလာဖို့ လွှတ်တော်လည်း ထွက်ပြီဆိုတော့ ကဏ္ဍ ပေါင်းစုံကနေ ဒီဟာကို အခု ရက် ၁၀၀ ပြီးနောက်ပိုင်း ပထမတစ်နှစ်၊ ဒုတိယနှစ် နောက်ပိုင်းမှာ ဖြစ်လာမှာ။ ကျနော်တို့ ခန့်မှန်းချက်အရ ဆိုရင်တော့ ဒါက အပြောင်းအလဲ တစ်ခုထက် စတင်ပြီးတော့မှ ကုန်းရုန်းပြီးတော့မှ ထလာတဲ့ သဘောပဲ။ လဲတဲ့အတိုင်း နေလိုက်တဲ့သူက ကျရှုံးသွားတာများတယ်။ အဲဒီကနေ ပြန်ထတဲ့ လူသာလျှင် အောင်မြင်ဖို့ ခြေလှမ်းလှမ်းနိုင်တာ။ ငါးနှစ်ဆိုရင် ငြိမ်းချမ်းရေး အတိုင်းအတာ တစ်ခုရမယ်။ အဲဒီရဲ့ တည်ငြိမ်မှုက အတိုင်း အတာ တစ်ခု ဖြစ်လာနိုင်တယ်။ အဲဒီတော့ ခုနကလိုပေါ့ နိုင်ငံရေးပဋိပက္ခ ဆန့်ကျင်တာကို အုပ်စုတွေရဲ့ ဘယ်လောက်သူတို့ ဆက်လုပ်မလဲဆိုတဲ့ဟာက အခုပြန်ကြည့်တော့ မြန်မာနိုင်ငံမှာ နယ်စပ်ဂိတ်ထိ တွေ့တဲ့ နယ်နိမိတ်က ငါးနိုင်ငံ ရှိတယ်။ ဘင်္ဂလားဒေ့ရှ်ရယ်၊ နောက်တစ်ခါ ထိုင်းရှိတယ်၊ လာအိုရှိတယ်၊ အိန္ဒိယရှိတယ်၊ တရုတ်ရှိတယ် အဲဒီမှာ အင်အားကြီးတဲ့ နိုင်ငံအားလုံးက ငြိမ်းချမ်းရေး Process ကို သူတို့ရဲ့ ပါဝါနဲ့ သွားမယ့်သဘောတွေမြင်တယ်။ ငြိမ်းချမ်းရေး Process ကို ရောက်အောင်သွားမယ့် သဘောလို့တော့။ ထိုင်းကလည်း ဒီတိုင်းဆိုရင်တော့ သူက လည်း ဒီအတိုင်း လိုက်လာမယ့် သဘောရှိတယ်။ အဲဒါဆိုရင် ကျနော်တို့ နယ်နိမိတ်မှာရှိနေတဲ့ ကျနော်တို့ EAO တွေကလည်း ဒီကိစ္စမှာ Do or Die ဖြစ်လာမှာပဲ။ သူတို့က သခင် သန်းထွန်းတို့လို ဗမာပြည်ကွန်မြူနစ်ပါတီလို အသေခံတိုက်မလား သို့မဟုတ် ငြိမ်းချမ်းရေး သွားမလားဆိုတဲ့ဟာက သူတို့ရဲ့ စဉ်းစားချက်တွေမှာ အကျပ် အတည်းတွေ ဆိုက်ရောက် လာမယ်ထင်တယ်။ ငါးနှစ်မှာ အနေအထားက ဒီအနေအထားရောက်လာမှာလို့ မြင်ရတယ်” ဟု ပြောသည်။
ထို့အပြင် အနောက်နိုင်ငံများ၏ မြန်မာနိုင်ငံအပေါ် စောင့်ကြည့်ထိန်းချုပ်ရေး မူဝါဒကို မည်ကဲ့သို့ အကောင် အထည် ဖော်လာနိုင်မလဲဆိုသည်ကို စောင့်ကြည့်ရမည်ဟု ၎င်းက ဆက်ပြောသည်။
ဒေါက်တာအမ်ကောန်လက “ငြိမ်းချမ်းရေး Process က အထိုက်အလျောက် ဖြစ်ပြီဆိုတာနဲ့ နိုင်ငံရေးပဋိပက္ခ တည်ငြိမ်ပြီဆိုတာနဲ့ နောက် ဟိုဘက် ငါးနှစ်ပေါ့။ ပေါင်းဆယ်နှစ်ဆိုရင်တော့ အရှိန်ရပြီ။ ဒါကိုတော့ (Positive View) က ကြည့်မယ်ဆိုရင်တေ့ာ ဒီအတိုင်းသွားမယ်။ (Negative View) ကအရတော့ အနောက်အုပ်စုက ဘယ်လောက်ဝင်ပြီး (Containment policy) ကို ဘယ်လို အကောင်အထည် ဖော်မလဲပေါ့နော်။ ကျနော်တို့ဆီမှာ ဆိုရင် ဒီအရေးအခင်းက မြန်မာပြည် တောင်ပိုင်းမှာဆိုရင် ကျားဖြန့်ကိစ္စ အကောင်အထည်ဖော်လာတဲ့ Fpssတွေ။ နောက် တစ်ခါ အနောက်ဘက်မှာဆိုရင် ရိုဟင်ဂျာ(ဘင်္ဂါလီ)ကိစ္စတွေက အကောင်အထည်ဖော်လာတယ်။ အဲဒီနှစ်ချက်က သူတို့ဘယ်လောက်လုပ်နိုင်မလဲ။ ဒီဘက်က ကျနော်တို့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ကျနော်တို့ ဘယ်လောက် ကာ ကွယ်နိုင်မလဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်။ ကျနော်မြင်တာကတော့ Containment Policy အရ အထိုက် အလျောက် ပဲရှိမယ်။ တကယ်တမ်း ရိုက်မချိုးနိုင်ဘူးထင်တယ်။ ရိုက်ချိူးနိုင်ဖို့တော့ မလွယ်ဘူး မြန်မာရဲ့ သွားတဲ့ လမ်းကြောင်းကတော့။ ငါးနှစ်နဲ့ ဆယ်နှစ်မှာ ပြန်ရုန်းထလာနိုင်တယ်ဆိုတဲ့ ကောက်ယူချက်ပေါ့နော်။ သေချာပေါက်လို့တော့ မပြောဘူး။ ကောက်ယူ ချက်က တော်တော် နီးစပ်တယ်လို့ ပြောချင်တယ်” ဟု ပြောသည်။
လက်ရှိတွင် သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့အနေဖြင့် ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက် ပေးသွားမည့် ကိစ္စရပ်များအနက် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေးကဏ္ဍလည်း ပါရှိသည်။
လက်ရှိ အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် အပေါ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ယုံကြည်မှု အင်မတန် အားနည်းနေသေးသလို ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် ရောက်လာနိုင်ရန်အတွက် မက်လုံးသေချာ မပေးနိုင်သေးဘူးဟု ယူဆ၍ရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြနေကြသည်။

အခြေခံလူတန်းစားကို တွေ့ရစဉ်
လက်ရှိမြန်မာနိုင်ငံတွင် အဓိက ဖြေရှင်းရမည့် ကိစ္စရပ်သည် တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခသာ ဖြစ်သည့် အတွက် ထိုကိစ္စရပ် မအောင်မြင်သေးသရွေ့ အခြားကဏ္ဍများ၌ အဆင်ပြေနိုင် မည်ဆိုသည်မှာ လက်တွေ့ မကျနိုင် ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူက မဖြစ်နိုင်ဘူးလို့တော့ မပြောဘူး။ ဒါပေမယ့် လက်တွေ့ မကျဘူးပေါ့နော် ကျနော့်အမြင်က။ မဖြစ်နိုင် ဘူးလို့တော့ မပြောပါဘူး။ အဓိက,က ဘာလဲဆိုတော့ မြန်မာပြည်ရဲ့ ပြဿာနာက ပြဿနာထဲမှာ မနက်ကပဲ ထိုင် စဉ်းစားနေတာ။ အရေးကြီးဆုံးက ဘာလဲဆိုတော့ ဒီတိုင်းရင်းသားပြဿနာပေါ့နော်။ ဒါမဖြစ်လို့ရှိရင် ကျန်တာက ဖြစ်ဖို့က မလွယ်ဘူးပေါ့။ နံပါတ်တစ်အချက်က Political System တစ်ခုပေါ့ ဖက်ဒရယ်ဒီမိုကရက်တစ်ဆိုတာ ကျနော့် အမြင်အရတော့ ဒီမိုကရက်တစ် ဖက်ဒရယ်ဖြစ်ရမယ်။ ဘာကြောင့်လဲဆိုတော့ Democracy Practice အလေ့အကျင့် မရှိဘဲနဲ့ ဖက်ဒရယ်သွားတယ်ဆိုတာ အန္တရာယ်အရမ်းများတယ်။ လိုရင်းတိုရှင်းကတော့ ပြည်ထောင်စု မြန်မာနိုင်ငံကြီး Setting ကို ဘယ်လိုချမလဲ ဒါ နံပါတ်တစ် အရေးကြီးပဲ။ နံပါတ်နှစ် ဒီ Settings မှန်တော့မှ စီးပွားရေးစနစ်က မှန်မှာကို။ စီးပွားရေးစနစ်မှန်မှပဲ တိုးတက်မှာပေါ့။ အဓိက,က ဘာလဲဆိုတော့ တိုင်းရင်းသားပြဿနာကို အရင်ဆုံး ဘယ်လို အားလုံးအဆင်ပြေတယ် တကယ်စနစ်တကျပေါ့ အတွေးအခေါ် အမျော်အမြင်ပညာပါတဲ့ Setting တစ်ခုကို ဘယ်လိုချမလဲ အဲဒါအရင်ဆုံး လုပ်ရမှာပေါ့။ အဲဒါပြောပြီးမှ ဟိုဒင်း ဖြစ်ရင်တော့ မှန်တယ်။ ပြောချင်တဲ့အဓိပ္ပာယ်က ဘာလဲဆိုတော့ အမြင်ကျယ်ကျယ်နဲ့ပေါ့ ပထမဆုံး First Setting က နိုင်ငံရေးစနစ်ကို သေချာ Setting ချဖို့လိုတယ်။ အထူးသဖြင့်တေ့ာ ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ဟာပေါ့။ ဒုတိယအဆင့်က နိုင်ငံရေး စနစ်မှန်မှပဲ စီးပွားရေးစနစ်က မှန်လာမယ်။ သို့သော်ငြားလည်း လောလောဆယ် အနေအထားကြီးကို Short to the point ပြောမယ်ဆိုရင် Legitimacy သဘောအရတော့ တဖြေးဖြေးနဲ့တော့ ဖြစ်သွားမှာပဲလေ။ ဖြစ်သွားပြီဆို လို့ရှိရင် Main ပြဿာနာက စီးပွားရေးက ကျလာတာ ဒီတိုင်း ထိန်းပြီးသွားမယ်ဆိုလို့ရှိရင် စီးပွားရေးအရဆိုရင် ဈေးကွက်စီးပွားရေး ဖြစ်ကိုဖြစ်ရမယ်။ ဈေးကွက်စီးပွားရေး ကျကျနန ဖြစ်တယ်လို့ နိုင်ငံတကာက မယုံကြည်သေး သရွေ့ Foreign Investment က FDI လာကိုမလာဘူး။ အဲဒါလေးတွေ စဉ်းစားစေချင်တာပေါ့နော်။ ဒါပေမယ့် ဒီ Setting အခြေခံက တကယ်တော့ ရှိပြီးသားပဲ ဘာလဲဆိုတော့ ဒီ ၂၀၀၈ ပေါ့။ ၂၀၀၈ ဆိုတာ ကျနော် နားလည် သလောက်ကတော့ ဒီမိုကရက်တစ် ဖက်ဒရယ်ပဲလေ။ တစ်ခုရှိတာက ၂၀၀၈ ကိုတော့ သေချာ ပီပီပြင်ပြင် လုပ် မယ်ဆိုတဲ့ အရိပ်အယောင် အတွေးအခေါ်မျိုး လိုတယ်ပေါ့နော်”ဟု ပြောသည်။
လက်ရှိ ဖြစ်ပေါ်နေသည့် မြန်မာ့စီးပွားရေး အဆင်မပြေမှု ဖြစ်နေသော ပြဿနာသည် စီးပွားရေးစနစ် တစ်ခုလုံးကို သေချာစွာ မတည်ဆောက်နိုင်ခြင်းကြောင့် ဖြစ်ကြောင်း၊ နိုင်ငံရေးနှင့် စီးပွားရေးသည် ဒွန်တွဲနေသည့်အတွက် စီးပွားရေး အဆင်မပြေပါက အမြင်များ၊ အတွေးအခေါ်များသည်လည်း ပြောင်းလဲသွားနိုင်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူများကလည်း ထောက်ပြနေကြသည်။
လက်ရှိမှာတော့ သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်ထိ လည်းကောင်း၊ တရုတ်နိုင်ငံကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ လည်းကောင်း သွားရောက်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး၊ ငြိမ်းချမ်းရေးကိစ္စရပ်များကို ဆွေးနွေးနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 260
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅
မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် လူမှုစီးပွား အခြေအနေများကို တည်ငြိမ်အောင် မလုပ်ဆောင်နိုင်ပါက လာဘ်ပေး လာဘ်ယူ ပပျောက်ရန် ခက်ခဲနိုင်သည်ဟု စီးပွားရေးသမားများနှင့် နိုင်ငံရေးသမားများက ထောက်ပြကြသည်။
မြန်မာနိုင်ငံတွင် လာဘ်ပေးလာဘ်ယူမှုနှင့် အဂတိလိုက်စားမှု ပပျောက်ရန် ခက်ခဲနေရခြင်းသည် ဆယ်စုနှစ်ပေါင်း များစွာ အမြစ်တွယ်ခဲ့သော စနစ်ဆိုးများ၊ အာဏာအလွဲသုံးစားမှုများနှင့် တရားဥပဒေစိုးမိုးရေး အားနည်းချက်များ ကြောင့်ဟု နိုင်ငံရေးသမားများနှင့် ပြည်သူလူထုက ထောက်ပြကြသည်။
လက်ရှိ မြန်မာနိုင်သည် ပြည်တွင်းစစ် ဖြစ်နေသည့်အတွက် စစ်စရိတ်သာရှိပြီး ငွေကြေးဖောင်းပွမှုက ရှောင်လို့မရ ကြောင်း၊ လာဘ်ပေးလာဘ်ယူမှုက နည်းသွားအောင် လုပ်လို့ပဲရမည်ဖြစ်ပြီး ပပျောက်အောင် မလုပ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒါတွေက အကိုင်းတွေပါ၊ အကိုင်းအခတ်တွေ။ တကယ့်တကယ်က ပင်မရေသောက်မြစ်ရှိတယ်လေ။ အဲဒီ ပင်မရေသောက်မြစ်ကိုလုပ်မှ ဟိုဟာဖြစ်မှာ တစ်သက်လုံး ကျနော်တို့က အဂတိကို နှိမ်လာခဲ့တာလည်း ကြာ ပြီ။ အဂတိကလည်း နှိမ်လို့ရတယ်ကို မရှိဘူး ပိုတာဆိုးတာ။ အစိုးရတစ်ရပ်ကနေ ဒီငွေကြေးဖောင်းပွမှုကို ကျနော် တို့ ဘယ်လောက်လောက် ထိန်းချုပ်နိုင်သလဲပေါ့။ အဲဒီလို ငွေကြေးဖောင်းပွမှု ထိန်းချုပ်မှ ကျနော်တို့ ရရှိတဲ့ ဝန် ထမ်းရဲ့ လစာတန်ဖိုးရှိမှ၊ အသုံးခံမှ၊ အဂတိကနည်းမှာကို။ အဲဒီတော့ ခက်တာက လက်ရှိမှာ ပြည်တွင်းစစ် ဖြစ်နေ တဲ့ အခါကြတော့ စစ်စရိတ်သာရှိတာ ငွေကြေးဖောင်းပွမှုက ရှောင်မရဘူးပေါ့နော်။ နိုင်ငံတော်အစိုးရက အရမ်းကို လိမ်လိမ်မာမာ၊ ပါးပါးနပ်နပ်နဲ့ လုပ်နိုင်ကာမှ ကျနော်တို့က ဒီငွေကြေးဖောင်းပွမှုကို ထိန်းနိုင်မှာ။ စစ်ဖြစ်နေတာနဲ့ စစ်သုံးစရိတ်နဲ့တင်ကို သူကထိန်းဖို့က ခက်နေတာပေါ့နော်။ ငွေတန်ဖိုး မရှိလို့ရှိရင်တော့ ဒါကစားမှာပဲ။ အောက် ခြေ ဝန်ထမ်းတွေမှာလည်း ဘယ်လို ရပ်တည်နေရသလဲဆိုတာကို ငဲ့ကြည့်ဖို့သင့်တာပေါ့။ အဲဒီတော့ သူတို့လည်း မရရတာ ရှာမှာပေါ့နော်။ အဓိက,ကတော့ အစိုးရရဲ့ ဘတ်ဂျတ်ပေါ်လစီ၊ ငွေကြေးပေါ်လစီ၊ ငွေစျေးမှာ ဘတ်ဂျတ် မှာ ကျနော်တို့က ဘယ်လိုလုပ်ကြမလဲဆိုတဲ့ အချက်အလက်ပေါ် မူတည်ပါတယ်လို့ ပြောချင်ပါတယ်။ ဘာအဖွဲ့မှ မလိုဘူး။ စစ်မယ့်ကော်မတီကို မစစ်အောင် လာဘ်ထိုးအုံးမှာလို့။ အဂတိဖြစ်အုန်းမှာလို့ အဲဒီကော်မတီတွေက အ လကားပဲ။ အဲဒီကော်မတီတွေဖွဲ့လည်း အလကားပါပဲ။ ပထမတစ်ချက်က လာဘ်ပေးလာဘ်ယူမှုက ဘယ်တော့မှ မပျောက်ဘူး၊ ပပျောက်အောင် လုပ်မယ်ဆိုရင်တော့ မြန်မာပြည် အနေနဲ့ခက်တယ်။ ကျနော်တို့က နည်းသွား အောင် လုပ်လို့ပဲရတယ်။ အစိုးရယန္တရားကြီးက မတရားကြီးနေတဲ့ဥစ္စာကို ဒီအစိုးရ ဘယ်လိုလုပ်ပြီးတော့ နလန် ထူမလဲ”ဟု ပြောသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး ကျင်းပစဉ်
ရုံးဌာနများတွင် ကိစ္စရပ်တစ်ခု မြန်ဆန်ချောမွေ့စေရန်အတွက် လာဘ်ပေးလာဘ်ယူ ပြုလုပ်ခြင်းကို သာမန်ကိစ္စ တစ်ခုကဲ့သို့ လုပ်ဆောင်နေကြခြင်း၊ အာဏာရှိသူများနှင့် လုပ်ပိုင်ခွင့်ရှိသူများက မိမိတို့၏ရာထူးကို အသုံးပြု၍ ကိုယ်ကျိုးရှာရန် အခွင့်အရေးများ ရှိနေခြင်းတို့ကြောင့် လာဘ်ပေးလာဘ်ယူမှုသည် ပိုမိုကြီးထွားလာကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးဥပဒေနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေများ ရှိသော်လည်း အမှန် တကယ် လက်တွေ့ကျင့်သုံးရာတွင် ထိရောက်မှု အားနည်းခြင်း၊ တိုင်ကြားစာများတွင် ခိုင်လုံသော သက်သေအ ထောက်အထား မပြည့်စုံပါက အမှုဖွင့် အရေးယူရန် ခက်ခဲခြင်းဖြစ်ကြောင်းလည်း ထောက်ပြကြသည်။
မြန်မာနိုင်ငံတွင် စည်းမျဥ်း၊ စည်းကမ်းပေါင်း သောင်းခြောက်ထောင်ချပြီး မျိုးစုံလိုက်လုပ်ခိုင်းခြင်းကြောင့် ပြည်သူ များသည် ကြာသည့်ဒဏ်ကို မခံနိုင်ဘဲ မြန်ချင်သောကြောင့် ပိုက်ဆံပေး လာဘ်ထိုးမှုများ ဖြစ်ပေါ်လာသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒီဟာတွေကို ထိန်းကျောင်းတဲ့ အစုအဖွဲ့ဆိုပြီး ထပ်လုပ်တော့ အဲဒီထိန်းကျောင်းတဲ့ အစုအဖွဲ့ကို ထပ်ပြီး တော့မှ လာဘ်ထိုးကြ၊ အဲဒီထိန်းကျောင်းတဲ့ အဖွဲ့ကို ထပ်ထိန်းကျောင်းဖို့ ပြဿနာတွေက ဒီဆင့်ကဲဆင့်ကဲတွေ ဖြစ်တဲ့ဟာပေါ့။ အဓိက ကျနော်တို့က Corruption (အဂတိလိုက်စားမှု)တွေ ဘာကြောင့် ဖြစ်သလဲဆိုတဲ့ဟာမှာ တချို့ဟာက ကိုယ့်ရဲ့ရပ်တည်ရေးအတွက် လုပ်ရတဲ့ Corruption မှာ ဘာမှ ဘာရယ်ညာရယ် မဟုတ်ဘူး၊ အသေး အဖွဲ့လေးတွေ ၅၀၀၀၊ ၁၀,၀၀၀ ပုံစံမျိုးလေးတွေပေါ့။ အဲဒီဟာကကျတော့ အစိုးရကိုယ်တိုင် ဖြေရှင်းမှရတဲ့ကိစ္စ တွေပေါ့နော်။ ဘာလဲဆိုတော့ ဒီဝန်ထမ်းတွေရဲ့ လုပ်ခလစာ ဒါကခေတ်စနစ်နဲ့ လိုက်လျောညီထွေ သူတို့ ဂုဏ် သိက္ခာရှိရှိ ရပ်တည်နိုင်ပြီးတော့မှ စားဝတ်နေရေး၊ စားနိုင်သောက်နိုင်အဆင့်ကို မဟုတ်ဘူး၊ နေသာထိုင်သာ အဲဒီ လို အနေအထားမျိုး ဖြစ်အောင်ထိကို အစိုးရတစ်ရပ် အနေနဲ့ လုပ်ပေးရမှာပေါ့။ အဲဒါကြမှသာလျှင် ကျနော်တို့ "Driver of Corruption" (အဂတိလိုက်စားမှုကို တွန်းအားပေးနေတဲ့ အကြောင်းအရင်းများ)တွေက ပျောက်တာ။ လုပ်ပိုင်ခွင့်ကိုင်ပြီးတော့မှ တကယ့်ကို သူဋ္ဌေးဖြစ် Corruption လုပ်တဲ့ဟာတွေပေါ့။ အဲဒီတကယ့်ကို လုပ်ပိုင်ခွင့် ရှိတဲ့ လူတွေမှာဖြစ်တာ။ အဲဒီအတွက်ကြောင့်မို့လို့ ငါးကြီးကြီးကို ဆော်ပါပေါ့။ ငါးကြီးကြီးဆိုတာ တကယ့် ရာထူး အာဏာ ရှိပါတယ်ဆိုတဲ့ လူတွေကို လုပ်ပြလိုက်လို့ရှိရင် ဒါကပိုအရှိန်တက်သွားမှာပေါ့”ဟု ပြောသည်။

စီးပွားကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးထွန်းအုံကို တွေ့ရစဉ်
ထို့နောက် စီးပွားရေးသမားများ လာဘ်ပေးလာဘ်ယူ မလုပ်ရန် ပြောမည့်အစား လုပ်ငန်း ဆောင်တာများ လွယ်ကူ မြန်ဆန်အောင် လုပ်ပေးခြင်းဖြင့် လာဘ်ပေးလာဘ်ယူ ပပျောက်အောင် ဆောင်ရွက်သင့်ကြောင်း ဦးထက်အောင် ကျော်က ဆက်ပြောသည်။
၎င်းက “ စီးပွားရေးသမားတွေ မင်းတို့ လာဘ်မထိုးကြပါနဲ့ပြောရအောင် သူတို့လုပ်နေတဲ့ လုပ်ငန်းဆောင်တာ တွေကို လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ မြန်မြန်ဆန်ဆန် ဖြစ်အောင် လုပ်ထားတဲ့ အခင်းအကျင်းရှိလား ဆိုတာလဲ ပြန်ကြည့်ရမှာ။ စည်းမျဥ်း၊ စည်းကမ်းပေါင်း သောင်းခြောက်ထောင်တွေ ချပြီးတော့မှ မလိုလည်း၊ လိုလည်း ဟိုခုံမှာ လက်မှတ်ထိုး၊ ဒီခုံမှာ လက်မှတ်ထိုး ဆိုပြီးတော့မှ မျိုးစုံတွေ လိုက်လုပ်ခိုင်းတော့ အဲဒီမှာ အချိန်တွေကြာ အဲဒီကြာတဲ့ဒဏ်ကို မခံနိုင်တော့ မြန်ချင်တော့ ပိုက်ဆံပေး။ ဒီကိစ္စတွေက ဒါတစ်သက်လုံး ဖြစ်လာတဲ့ကိစ္စတွေ”ဟု ပြောသည်။
စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့်လည်း မိမိတို့ တစ်ဦးတစ်ယောက်၏ အကျိုးစီးပွားကို လိုလားမှုနှင့် လုံခြုံရေးဆောင်ရွက်နေသူများ၊ နိုင်ငံ့ဝန်ထမ်းများကို ငွေကြေးပေး လာဘ်ထိုးခြင်းများနှင့် မဖျက်ဆီးကြရန် လို သည်ဟု သမ္မတ ဦးမင်းအောင်လှိုင်က ၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၌ ပြောကြားခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 162
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅
တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်တွင် စတင်သွားရောက်ခဲ့သည်။
အဆိုပါ ခရီးစဉ်သည် ဇွန်လ ၁၉ ရက်အထိ ဖြစ်ကြောင်း သိရသည်။

ဦးမင်းအောင်လှိုင်သည် နစက အစိုးရလက်ထက်ကလည်း ယာယီသမ္မတ အနေဖြင့် တရုတ်နိုင်ငံသို့ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၃ ရက်အထိ သွားရောက်ခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ဒုသမ္မတ၊ ဝန်ကြီးချုပ် လီချန်တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 199
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂
တတိယအကြိမ် လွှတ်တော်အစည်းအဝေးသည် ဇွန်လ ပထမပတ်တွင် ပြန်လည်စတင်နေပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လွှတ်တော်ကိုယ်စားများ အလုပ်လုပ်နေကြပြီ ဖြစ်သော်လည်း အစိုးရပိုင်းက လွှတ်တော်နှင့် အညီ အလုပ်လုပ်ရန် လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
လက်ရှိ လွှတ်တော် သက်တမ်းကာလတွင် လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူများအတွက် အမှန် တကယ် အသုံးဝင်သည့် မေးခွန်း မေးမြန်းခြင်းများကို ဆောင်ရွက်နေပြီ ဖြစ်ခြင်းကြောင့် လွှတ်တော်သည် လွှတ်တော်ကိစ္စကို အလုပ်လုပ်နေပြီဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရသည်လည်း လွှတ်တော်နှင့်အညီ အလုပ်လုပ် ရန် လိုအပ်သည်ဟု မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့၏အကြုံပေး ဦးညိုအုန်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဥပမာဖြင့် ပြည်ခိုင်ဖြိုး အမတ်တွေပဲ မေးတာပဲလေ။ စကားလုံး အသုံးအနှုန်းကတော့ သူက နည်းနည်း ပရိုတိုကောတော့ ဆန်တာပေါ့။ ဒါကို ပြင်ဆင်ရန်ဆန္ဒ ရှိ/မရှိ ဆိုတာနဲ့ ပြည်သူတွေကတော့ ဒီကိစ္စကို ခင်ဗျားတို့ကို ပြောနေပြီ ဒါကို နိုင်ငံတော်အစိုးရ အနေနဲ့ ဒါကို ဆောင်ရွက်ပေးပါလို့ သူက မပြောပေမယ့် စကားလုံးကတော့ ကျနော်လည်း လွှတ်တော်ကိုယ်စားလှယ် မလုပ်ဖူးတော့ ကျနော်လည်း မသိဘူးပေါ့နော်။ ဒါပေမယ့် ဒီလိုမျိုး အပြု သဘောဆောင်တယ်၊ ဘာပြောပြော လွှတ်တော်ကတော့ လှုပ်နေပြီဗျ၊ အလုပ်လုပ်နေပြီ၊ အစိုးရပိုင်းက အလုပ် လုပ်ဖို့ လိုတာပေါ့နော်”ဟု ပြောသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် များတွင် သက်ဆိုင်ရာ ကိုယ်စားလှယ်အသီးသီးမှ ပြည်သူများအတွက် အကျိုးရှိသည့် လုပ်ငန်းများနှင့် ပတ်သက် ပြီး မေးခွန်းမေးမြန်းမှုများ အားကောင်းသော်လည်း မေးခွန်းများနှင့် သက်ဆိုင်သည့် အဖြေများကို ဝန်ကြီးဌာန များမှ ပြန်လည်ဖြေကြားရာတွင် သေချာသည့်အဖြေ တစ်စုံတစ်ရာ ဖြေကြားသည်ကို မတွေ့ရ၍ ပြည်သူများက အားမလိုအားမရ ဖြစ်နေကြသည်။

ပြည်ထောင်စု လွှတ်တော် ကျင်းပနေစဉ်
တချို့သော မေးခွန်းများသည် နိုင်ငံတော် မူဝါဒနှင့် သက်ဆိုင်သည့် မေးခွန်းဖြစ်ခြင်းကြောင့် ဆက်လက် တည်ရှိပါ မည်ဟု ဖြေကြားကာ ပြည်သူလူထု၏ ဆန္ဒကို မျက်ကွယ်ပြုမှုများ ရှိလာကြောင်း ထောက်ပြလာကြသည်။
ထိုအခြေအနေနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မိမိ၏ မေးခွန်းကို မေးခွန်းအနေဖြင့် မဟုတ်ဘဲ နောက်တစ်ဆင့်အနေဖြင့် တိုက်တွန်းကြောင်း အဆိုကို တင်သွင်းကာ လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ချက် ရယူပြီး အတည်ပြုရန် လိုအပ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်း ထက်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မူဝါဒဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး မေးခွန်းမေးတယ်ထားပါတော့။ အဲဒါဆိုရင် မေးခွန်းမေးတဲ့ ကိုယ်စားလှယ် အနေနဲ့ ဒီကိစ္စကို မကျေလည်ဘူးဆိုရင် နောက်တစ်ဆင့် တက်ပြီးတော့ တိုက်တွန်းကြောင်း အဆို တင်သွင်းလို့ ရပါတယ်။ အဲဒီတော့ ကိုယ်စားလှယ်အနေနဲ့ ဒီဟာကို မကျေလည်ဘူး သို့မဟုတ် ဒီမူဝါဒကို ပြောင်း ချင်တယ်၊ ဒါမှမဟုတ်ရင် အဆိုပါကိစ္စကို ဆက်လက် ဆောင်ရွက်စေချင်တယ်ဆိုရင်တော့ လွှတ်တော်မှာ ဒုတိယ အဆင့် အနေနဲ့ တိုက်တွန်းကြောင်း အဆိုတင်တာမျိုး ဆောင်ရွက်ပြီးတော့ လွှတ်တော်ကနေ မဲခွဲလို့ ဒီအဆိုကို အောင်နိုင်သွားတယ်ဆိုလို့ရှိရင် သက်ဆိုင်ရာအစိုးရက လိုက်နာရမယ့်တာဝန် ရှိသွားတာဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ လို့ ကိုယ်စားလှယ်တွေ အနေနဲ့ ဒီအပေါ်မှာ မကျေလည်ခဲ့ဘူးဆိုရင်တော့ ဒုတိယအဆင့် အနေနဲ့ အဆိုကိုတင်ဖို့ လိုမှာ ဖြစ်ပါတယ်။ ဒါကတော့ အဆိုကို တင်ခြင်းမတင်ခြင်းက သက်ဆိုင်ရာကိုယ်စားလှယ်တွေရဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်” ဟု ပြောသည်။
နိုင်ငံရေးသည် စိတ်ရှည်ခြင်းနှင့် သဘောထားကြီးခြင်းကို အခြေခံပြီး ဆောင်ရွက်ရသည့်အတွက် လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့်လည်း နိုင်ငံရေးလုပ်ငန်း ဆောင်ရွက်ရာတွင် စိတ်ရှည်ခြင်းနှင့် သဘောထားမှသာ ပြည်သူ့အသံများကို လွှတ်တော်မှာ တွင်ကျယ်စွာ ပြောဆိုလာနိုင်မည် ဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းသည့် တချို့သော မေးခွန်းများတွင် ဝန်ကြီးဌာန မဟုတ်ဘဲ နိုင်ငံတော်မှ ချမှတ်ထားသည့် ထုတ်ပြန်ချက် မူဝါဒများ ဖြစ်သည့်အတွက် ထိုမူဝါဒသည် ပြည်သူများအတွက် အကျိုး ရှိ/မရှိကို နိုင်ငံတော်အနေဖြင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ရန်လိုကြောင်း၊ ထို့နောက် မူဝါဒကို ပယ်ဖျက်ခြင်းနှင့် ပြန်လည်ပြင်ဆင်ခြင်းများလည်း ဆောင်ရွက်ပေးရန် လိုအပ်သည်ဟု တိုင်းလိုင် (ရှမ်းနီ) တိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်က ပြည်ထောင်စုအစည်းအဝေးမှာ သမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၎င်းက “အခု စုံ/မ ကိစ္စဆိုရင် ပြည်သူ့အသံကို လွှတ်တော်အသံဆိုပြီးတော့မှ ပြည်သူ့အသံတွေ ယူဆောင်ပြီးတော့ မှ လွှတ်တော်ကို တင်ပြတာ ဖြစ်ပါတယ်။ အစိုးရက မူဝါဒကို ချမှတ်လို့ရပါတယ်။ လုပ်ပိုင်ခွင့် အစိုးရမှာ အပြည့်ရှိ ပါတယ်။ သူတို့ မချမှတ်ခင်လည်း ပြည်သူလူထု အပေါ်မှာ ဘယ်လို အကျိုးသက်ရောက်မယ်ဆိုရင်တော့ သူတို့ ရှာပြီး စဉ်းစားသင့်တယ်။ နောက်တစ်ခု ချမှတ်ပြီးရင်လည်း ပြည်သူ့အပေါ်မှာ ဘယ်လိုတွေ အကျိုးသက်ရောက် တယ်၊ ကောင်းကျိုးဖြစ်စေသလား၊ ဆိုးကျိုးဖြစ်စေသလား၊ ကောင်းကျိုးဖြစ်စေတယ် ဆိုရင်တော့ ဒီမူဝါဒကို ဆက် လက် ထားရှိပြီးတော့မှ ဆိုးကျိုးဖြစ်နေတယ်လို့ ပြည်သူ့အသံကို ဖော်ဆောင်မယ့် လွှတ်တော်ကိုယ်စားလှယ်တွေ က ပြောပြကြပြီဆိုရင် အောက်ကို ဆာဗေးဆင်းပြီးမှ အစိုးရအနေနဲ့ ပယ်ဖျက်သင့်တာ ပယ်ဖျက်၊ ပြင်ဆင်သင့် တာကို ပြင်ဆင်ပြီးမှ လုပ်သင့်တယ်လို့ ကျနော့်အနေနဲ့ မြင်တယ်။ အဲဒီမှာ သူတို့ဖြေကြားထားတဲ့ အထဲမှာက နိုင်ငံတော်မူဝါဒ ဖြစ်တဲ့အတွက်ကြောင့်မို့ ဆက်လက် တည်ရှိပါမယ်ဆိုတဲ့ စကားနဲ့ ပြီးသွားတယ်ဆိုတော့ နိုင်ငံ တော် မူဝါဒ ဆိုပေမယ့် ညွှန်ကြားချက်ပါ။ ညွှန်ကြားချက်ဆိုတော့ လွှတ်တော်က ပြောတဲ့အသံကို တလေးတစားနဲ့ ဝန်ကြီးတွေက ဖြေရမယ်လို့ ကျနော့်အနေနဲ့ ပြောချင်တယ်။ အဲဒီအတွက်ကြောင့်မို့ လွှတ်တော်နဲ့ အစိုးရနဲ့က အခု မှ ပြန်စတယ်ဆိုတော့ ဟမှုတွေ ရှိကောင်းရှိလိမ့်မယ်၊ ဒါပေမယ့် ဒီဘက်ကလည်း စိတ်ရှည်စွာနဲ့ နိုင်ငံရေးဆိုတာ စိတ်ရှည်ရမယ်၊ သဘောထားကြီး ရမယ်ပေါ့နော်၊ အဲဒီလိုမျိုးနဲ့ ဆောင်ရွက်သွားမယ်ဆိုရင်တော့ တစ်နေ့ကျရင် တော့ ပြည်သူ့ကိုယ်စားပြုတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက ပြည်သူ့အသံတွေ လွှတ်တော်ထဲ များများ ပြောလာ နိုင်မယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်” ဟု ပြောသည်။
ပြည်သူများကြုံတွေ့နေရသည့် အခက်အခဲများအား ထုတ်ပြန်ထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဖြေရှင်းဆောင်ရွက်ပေးရန်မည်ဖြစ်သော်လည်း မလိုလားအပ်ဘဲ ပြည်သူများ အပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် လည်း ဂရုပြုဆောင်ရွက်သွားရန်လိုကြောင်း၊ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ ကောင်းစွာ သိရှိ နားလည် နေရမည်ဖြစ် သကဲ့သို့ ဝိုင်းဝန်း အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လည်း လိုသည်ဟု နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က ၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး မှာ ပြောကြားခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 274
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများနှင့် လူမျိုးစုပဋိပက္ခများ ပြေလည်စေရန်အတွက် ငြိမ်းချမ်းရေးလိုချင်သည့် လက်နက်ကိုင်အဖွဲ့အစည်းများကို အစိုးရမှ ငြိမ်းချမ်းရေးပေးသင့်ကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
တိုင်းရင်းသားများ လက်နက် ကိုင်ဆောင်လာရခြင်းသည် တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဖက်ဒရယ်ဒီမိုက ရေစီရရှိရေးအတွက် နိုင်ငံရေးအရ အာမခံချက် မရှိခြင်းကြောင့် ၎င်းတို့သည် နိုင်ငံတော်မှ ခွဲထွက်ရန်မဟုတ်ဘဲ မိမိတို့ဒေသ၊ လူမျိုးစုများ၏ အခွင့်အရေးများကို အပြည့်အဝရရှိရေး ကာကွယ်ရန် ရည်ရွယ်ကြခြင်း ဖြစ်သည်။
ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးအတွက် ငြိမ်းချမ်းရေး လိုလားသော လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရအကြား စစ် မှန်သော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သင့်ပြီး၊ အကြမ်းဖက်မှုများကို ရပ်တန့်ပြီး အရပ်သားအစိုးရနှင့် တိုင်းရင်း သား အင်အားစုများအကြား သွေးစည်းညီညွတ်ရေးကို တည်ဆောက်ခြင်းဖြင့်သာ ရေရှည်တည်တံ့သော ငြိမ်းချမ်း ရေးကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်းလည်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
လက်နက်ကိုင် အဖွဲ့အစည်းများ အနေနှင့် လက်နက်ကိုင်ထားခြင်းထက် ငြိမ်းချမ်းရေး ယူလိုက်ခြင်းက ပိုပြီးဒေသ ဖွံ့ဖြိုးရေးကို အထောက်အကူပြုကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေက CNI သတင်း ဌာနသို့ ပြောသည်။

လက်နက်ကိုင် အင်အားစုများကို တွေ့ရစဉ်
၎င်းက “သူတို့တိုင်းရင်းသားတွေ လိုချင်တဲ့ အခွင့်အရေးကို ဒီဘက်က ပေးနိုင်တဲ့ အခြေအနေနဲ့ပေါ့ ပေးနိုင်တဲ့ အခြေအနေနဲ့ ကွာဟနေတော့ သူတို့က သူတို့အင်အားရှိကြောင်း ပြမှသာလျှင် သူတို့အခွင့်အရေး ရမယ်ဆိုတဲ့ ယုံကြည်ချက် ဖြစ်သွားတာပေါ့လေ။ အဲဒါကြောင့်လည်း တိုင်းရင်းသားတွေက လက်နက်ဆွဲကိုင်သလို ဖြစ်သွား တာပေါ့။ လက်နက်ဆွဲကိုင်ပြီးတဲ့ နောက်ကြတော့လည်း တခြား လက်နက်ကိုင်ရဲ့ အရသာ သိသွားမှာပေါ့ဗျာ။ ငြိမ်းချမ်းရေးကို မလိုလားတဲ့ အင်အားစုလေးတွေ ရှိပါတယ် အနည်းငယ်ပါ။ အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား လူမျိုးစုတွေ အကုန်လုံးပေါ့။ ကျနော်တို့ အစိုးရဘက်ကတော့ တိုင်းရင်းသား လူမျိုးတွေ တောင်းဆိုတဲ့ အချက် အလက်တွေကို အခြေခံဥပဒေအရ အာမခံနိုင်တဲ့အထိ ကျနော်တို့က ပြင်ဆင် အတည်ပြုသွားဖို့ ပြည်ထောင်စုအဖွဲ့ အစိုးရအဖွဲ့ရော ကျနော်တို့ ဒီလက်ရှိ လက်တလော လွှတ်တော်ကိုယ်စားလှယ်တွေ အများစုကလည်း သဘော ဆန္ဒ ရှိကြပါတယ်။ အဲဒီလိုပဲ တိုင်းရင်းသား အဖွဲ့အစည်းတွေကလည်း ကိုယ့်တိုင်းရင်းသားတွေရဲ့ မျက်နှာက ဒီငြိမ်းချမ်းရေး ယူလိုက်တာက လက်နက်ကိုင်ထားတာထက် ပိုပြီး ဖွံ့ဖြိုးရေး မြန်တယ်ဆိုတာကို ကျနော်တို့က သိသွားစေချင်တာ အဲဒီအသိမြန်ရင်လည်းပဲ ကျနော်တို့ ငြိမ်းချမ်းရေး အလွယ်တကူ ပြန်ရမယ်လို့ပဲ ယုံကြည်ပါ တယ်။ စစ်ပွဲထက်ပေါ့ဗျာ ငြိမ်းချမ်းရေးက ပိုပြီး ဒေသဖွံ့ဖြိုးရေးကို အထောက်အကူ ပြုတယ်ဆိုတာကို သိစေချင်ပါ တယ်”ဟု ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင်များအား ဖိအားပေးခြင်း သို့မဟုတ် လက်နက်ချခိုင်းခြင်းထက် နိုင်ငံရေးအရ တန်းတူ ညီမျှမှုကို အခြေခံ၍ နှစ်ဖက်စလုံးက အလေးအနက် ဆွေးနွေးကြရမည်ဖြစ်သည်။
တိုင်းရင်းသားများ၏ တောင်းဆိုချက်ဖြစ်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူရေးနှင့် တရားမျှတမှုတို့ကို အစိုးရ ဘက်က အာမခံချက် ပေးနိုင်ရမည်ဖြစ်ပြီး၊ ပြည်သူများ လိုလားသည့် ဒီမိုကရေစီစနစ်နှင့် လူ့အခွင့်အရေးများကို အခြေခံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ပွင့်လင်းမြင်သာစွာ လုပ်ဆောင်သင့်ကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။
စစ်ရေးပဋိပက္ခ ဖြစ်နေခြင်းသည် တိုင်းပြည်အတွက် အများကြီး အခက်အခဲရှိကြောင်း၊ ထို့ကြောင့် စစ်ရေးပဋိပက္ခ ကို စားပွဲခုံတွင် ဖြေရှင်းရအောင်ဆိုပြီး မိမိတို့က တွန်းအားပေးနေကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။

လက်နက်ကိုင် အင်အားစုများကို တွေ့ရစဉ်
၎င်းက “စစ်ဖြစ်နေတဲ့ တိုင်းပြည် တစ်ခုဟာဆိုလို့ရှိရင် တိုးတက်ဖို့ဟာ အင်မတန်မှ ခက်ခဲပါတယ်။ စစ်ဖြစ်နေတဲ့ ဒေသတိုင်း၊ ဒေသတိုင်းမှာ အားလုံးက အခက်အခဲတွေရှိတယ်။ ရလာတဲ့ ပိုက်ဆံတွေကိုလည်း စစ်အတွက်ပဲသုံးရ တာတွေရှိတယ်။ အိုးအိမ်ပျက်စီးမှုတွေ အများကြီးရှိတယ်၊ ပြည်သူလူထုတွေ နစ်နာမှုတွေ အများကြီးရှိတယ်၊ ဒါဟာဆိုလို့ရှိရင် စစ်ကြောင့် စစ်ကဘာကြောင့် ဖြစ်လာရလဲ ဆိုလို့ရှိရင်လည်းပဲ မကျေနပ်မှု များစွာကြောင့် စစ်က ဖြစ်လာရတယ်။ အဲဒါတွေကို ငြိမ်းသက်မယ်ဆိုလို့ရှိရင် ဒီငြိမ်းချမ်းရေးစကားကို ပြောရမယ်။ တိုင်းပြည်ငြိမ်းချမ်း သွားပြီဆိုလို့ရှိရင် ဒေသအသီးသီး ဖွံ့ဖြိုးတိုးတက်အောင် အများကြီး လုပ်လို့ရတယ်လို့ ကျမတော့ မြင်ပါတယ်။ အဲ ဒါကြောင့် တိုင်းပြည်လည်း ဖွံ့ဖြိုးတိုးတက်ရမယ်၊ ငြိမ်းလည်း ငြိမ်းချမ်းရမယ်၊ လက်နက်ကိုင် ပဋိပက္ခကိုလည်းပဲ စားပွဲခုံမှာ ဖြေရှင်းနိုင်တဲ့ အနေအထား တစ်ခုခုကို ရောက်ရမယ်ဆိုပြီးတော့မှ ကျမတို့က အားသွန်ခွန်စိုက် ကြိုးစား နေကြတာ ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်နေလို့ရှိရင် ဘယ်တိုင်းပြည်မှ မတိုးတက်ဘူး၊ ကျမတို့ မျက်စိထဲမှာကို တိုး တက်သွားတဲ့ တိုင်းပြည်တွေရှိတယ်။ ဘာကြောင့် တိုးတက်သွားတာလဲဆိုလို့ရှိရင် စစ်ပွဲတွေ ငြိမ်းသွားတယ်၊ အဲဒါ ကြောင့်ပဲ တိုးတက်သွားတယ်။ ဒါကြောင့် ကျမတို့က စစ်ရေးပဋိပက္ခ ဖြစ်နေခြင်းသည် တိုင်းပြည်ဒေသတွေ အတွက် အများကြီး အခက်အခဲရှိတဲ့ အတွက်ကြောင့် စစ်ရေးပဋိပက္ခကို စားပွဲခုံမှာ ဖြေရှင်းရအောင် ဆိုပြီးတော့မှ ကျမတို့က တွန်းအားပေးနေတာ ဖြစ်တယ်”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် လက်နက်ကိုင် အင်အားစုများသည် ဦးသိန်းစိန် အစိုးရ လက်ထက်ကထက် ပိုမိုပေါများ လာသည့်အပြင် ၎င်းတို့တပ်စွဲရာ ဒေသများ၌ အခွန်ကောက်ခံမှု အပါအဝင် ဒေသတွင်းရှိ သံယဇာတများ တူးဖော် ခွင့်ပြုခြင်း၊ သတ္တုတွင်းများ တူးဖော်ခြင်း၊ လက်နက် ရောင်းချခြင်း၊ မူးယစ်ဆေးဝါး မှောင်ခိုကူးခြင်းအပြင် အခြား သော အကျိုးစီးပွားများကိုလည်း တွင်ကျယ်စွာ လုပ်ဆောင်လာနေကြသည်။
လက်ရှိ အချိန်ထိ မြန်မာနိုင်ငံတွင် တည်ရှိနေသော လက်နက်ကိုင်အင်အားစုများ လျှော့ချရေးနှင့် ပပျောက်ရေး အတွက် ဆောင်ရွက်နိုင်သော နည်းလမ်းနှင့် အဖြေကို ရှာမတွေ့သေးပေ။
သို့သော် တချို့သော လက်နက်ကိုင် အဖွဲ့အစည်းများသည် NCA နှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် Bilateral များ ရေးထိုးပြီး အစိုးရနှင့် ငြိမ်းချမ်းရေး ရယူပြီး ဒေသ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပူးပေါင်း ဆောင်ရွက်လိုကြသော်လည်း အစိုးရနှင့်တပ်မတော်ဘက်က လက်မခံဘဲ ပယ်ချမှုများ ရင်ဆိုင်နေရသည်။
ထိုသို့ အစိုးရနှင့်တပ်မတော်ဘက်က ရပ်တည်နေပါက စစ်ပွဲကို လိုလားသော လက်နက်ကိုင် အင်အားစုများဘက် ကို ရောက်ရှိသွားအောင် တွန်းအားပေးသလို ဖြစ်သွားနိုင်ခြင်းကြောင့် အစိုးရက ငြိမ်းချမ်းရေး လိုချင်သည့် လက်နက်ကိုင်များကို ငြိမ်းချမ်းရေး ပေးသင့်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 204
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂
မြန်မာနိုင်ငံတွင် သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့က ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ လွှတ်တော်သည် မည်ကဲ့သို့ ပါဝင်လာနိုင်မလဲ ဆိုသည့်အပေါ် လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများအကြား စဉ်းစားမှုများရှိနေသည်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀ ရက်တွင် ကျင်းပခဲ့သည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး (ပဥ္စမနေ့)၌ နယ်စပ်ဒေသ၊ တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးကော်မတီ ဖွဲ့စည်းခဲ့သည်။
အဆိုပါ ငြိမ်းချမ်းရေးကော်မတီတွင် ဥက္ကဋ္ဌအဖြစ် မကွေးမဲဆန္ဒနယ်မှ ဦးစိုးတင့်နိုင်၊ အတွင်းရေးမှူးအဖြစ် မင်းလှ မဲဆန္ဒနယ်မှ ဦးရဲထွဋ်အောင်တို့ အပါအဝင် အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လွှတ်တော်တွင် ငြိမ်းချမ်းရေးကော်မတီ ဖွဲ့စည်းခြင်းသည် ငြိမ်းချမ်းရေးညီလာခံမှ ရရှိလာသည့် ဘုံသဘောတူညီ ချက်များကို အခြေခံဥပဒေအရ အာမခံနိုင်ရန်အတွက်ဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် တွေ့ဆုံ ဆွေးနွေးခြင်းထက် အစိုးရ၏ ငြိမ်းချမ်းရေး ဆောင်ရွက်မှုများကို ထိန်းကျောင်းခြင်းဖြစ်သည်ဟု တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေက CNI သတင်းဌာနသို့ ပြောသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ SNDP မှ လွှတ်တော်ကိုယ်စားလှယ်များကို တွေ့ရစဉ်
၎င်းက “လွှတ်တော်လမ်းကြောင်းကလည်း ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေနဲ့ နီးနီးကပ်ကပ် ဆက်စပ်အောင် လေ့လာနိုင်အောင် အစိုးရအဖွဲ့ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေကို အားဖြည့်နိုင်အောင် လွှတ်တော်ကလည်း အသိအမှတ် ပြုနိုင်အောင်ပေါ့။ ငြိမ်းချမ်းရေးလမ်းစဉ်ကတော့ လက်ရှိ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့ ကော်မတီတွေ လည်ပတ်ဆောင်ရွက်နေပြီ။ အဲဒီမှာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတို့၊ ပင်လုံညီလာခံတို့ ကျင်းပခဲ့ပြီးပြီ။ အဲဒီ ညီလာခံကနေပြီးမှ ထွက်လာခဲ့တဲ့ ဘုံသဘောတူညီချက်တွေရှိတယ်။ အဲဒီ ဘုံသဘောတူညီချက်ကို Union Accords ဆိုပြီး အစ်ကိုတို့က မှတ်တမ်းတင်ထားတယ်။ အချက်ပေါင်း သုံးဆယ်ကျော်ရှိတယ်။ အဲဒါကို ပုဒ်မနဲ့ ခွဲလိုက်ရင် အခြေခံဥပဒေနဲ့ တိုက်ပြီးတော့ အခြေခံဥပဒေအောက်ထဲကို အကျုံးဝင်သွားအောင် လုပ်မှာပေါ့။ အဲဒီတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံနဲ့ ပင်လုံညီလာခံတို့က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေ အားလုံးရဲ့ ဘုံသဘောတူညီချက်တွေကို အခြေခံဥပဒေအောက်မှာ ထည့်မယ်။ အခြေခံဥပဒေမှာ ပြင်ရမယ့် ကိစ္စတွေ ပြင်မယ်။ အခုလည်း အခြေခံဥပဒေပြင်ဆင်မှုကို လေ့လာမှုတွေ လုပ်နေပြီ။ ငြိမ်းချမ်းရေးညီလာခံက သဘောတူပြီးသား အချက်တွေက အခြေခံဥပဒေအရ အာမခံပြီးသား ဖြစ်ဖို့ လုပ်တာပါ။ အစိုးရရဲ့ ငြိမ်းချမ်းရေး ပေါ်လစီ၊ မူဝါဒတွေကို လေ့လာသုံးသပ်မယ်။ နောက်တစ်ခုက နိုင်ငံတကာမှာ ဒီလိုမျိုး လက်နက်ကိုင်ငြိမ်းချမ်းရေး ဘယ်လိုယူသွားတုန်း ဆိုတာကို လေ့လာမယ်။ ငြိမ်းချမ်းရေး လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ရိုက် ဆွေးနွေးတာ ဟုတ်ချင်မှ ဟုတ်မှာပါ။ ကျနော်တို့က အစိုးရရဲ့ လုပ်ဆောင်မှုတွေကို (Auditor) လုပ်တာကို ကော်မတီတွေက။ ဆိုတော့ အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု၊ လုပ်ဆောင်မှုတွေကို ကျနော်တို့က လွှတ်တော်က အသိအမှတ်ပြု နိုင်ဖို့၊ ကူနိုင်ဖို့ ဒီအပိုင်းတွေ ရှိပါတယ်” ဟု ပြောသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ ဆောင်ရွက်ရာတွင် အဓိကအားဖြင့် လွှတ်တော်သည် ပြည်သူကို ကိုယ်စားပြုသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည့်အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များ၌ လွှတ်တော်၏ အခန်းကဏ္ဍအား မဖြစ်မနေ ထည့်စဥ်းစားရန် လိုအပ်သည်ဟု နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။
အဓိကအားဖြင့် တိုင်းရင်းသားအားလုံး ညီညွတ်စွာ ငြိမ်းချမ်းရေးကို ဝိုင်းဝန်းဖော်ဆောင်မည့် သဘောမျိုးသာ ဖြစ်ကြောင်း၊ ကော်မတီ၏ ရည်ရွယ်ချက်၊ လုပ်ဆောင်ချက်များကို အသေးစိတ် တိုင်ပင်ဆွေးနွေးခြင်း မရှိသေးဘူး ဟု ငြိမ်းချမ်းရေးကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စိုင်းကျော်လှက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိက,ကတော့ တစ်တိုင်းပြည်လုံးပေါ့။ တိုင်းရင်းသားအားလုံးက ညီညီညွတ်ညွတ်နဲ့ ငြိမ်းချမ်းရေးကို ဝိုင်း၍ ဖော်ဆောင်ကြမယ်ဆိုတဲ့ သဘောပါပဲ။ အဲဒါတော့ ကျနော်တို့လည်း မဆုံကြသေးဘူး။ အားလုံး မိတ်ဆက် ပြီးမှ ကျနော်တို့ရဲ့ ရည်ရွယ်ချက်တွေ၊ လုပ်ငန်းဆောင်တာ အားလုံးကို ကျနော်တို့ လွှတ်တော်ဆင်းပြီးတဲ့ အချိန် ပေါ့၊ အဲဒီအချိန်မှာ ကျနော်တို့အားလုံး တွေ့ဆုံဖို့ ချိန်းထားပါတယ်။ အဲဒီအချိန်ပြီးမှပဲ ရည်ရွယ်ချက်တွေ ဘာရှိလဲ ဆိုတာ ချပြမှာဖြစ်ပါတယ်။ ကျနော်တို့က ဖွဲ့စည်းတဲ့သဘောပဲရှိတယ်၊ ကျနော်တို့လည်း ဘာမှမသိရသေးဘူးဗျ” ဟု ပြောသည်။

ပြည်သူ့လွှတ်တော်ကို တွေ့ရစဉ်
လက်ရှိ ငြိမ်းချမ်းရေးကော်မတီ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်သည် အဓိကအားဖြင့် စေ့စပ်ညှိနှိုင်းရေးနှင့် ငြိမ်းချမ်း ရေး လုပ်ဆောင်ချက်များကို အကြံပြုသည့် ပုံစံမျိုးဖြင့်သာ သွားနိုင်ကြောင်း ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ် ပါတီ(SNDP)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လက်ရှိ အနေအထားမှာ တိုင်းပြည်ရဲ့ အနေအထားမှာ ကျနော်တို့က ပြုပြင်ပြောင်းလဲ ပြီးတော့ ကောင်း မွန်တဲ့ အရွေ့တစ်ခုကို တည်ဆောက်ဖို့ဆိုရင် ကျနော်တို့က ပြည်တွင်းပဋိပက္ခတွေ ချုပ်ငြိမ်း ပြီးတော့ ငြိမ်းချမ်းရေး ရဖို့လိုပါတယ်။ ဒါကြောင့် ကျနော်တို့က ဒေသတည်ငြိမ်အေးချမ်းမှု မရှိဘဲနဲ့ ပြည်တွင်း ပဋိပက္ခတွေ ရှိနေသေး တယ်ဆိုရင် ကျနော်တို့က ဘာကိုမှ ဒေသဖွံ့ဖြိုးရေးနဲ့ နိုင်ငံဖွံ့ဖြိုးရေး လုပ်လို့မရပါဘူး။ ဒါကြောင့် ငြိမ်းချမ်းရေးဟာ ပထမဖြစ်တဲ့အတွက် ကျနော်တို့ လွှတ်တော်မှာလည်း ဒီလို ကော်မတီကိုဖွဲ့ဖို့ ဆောင်ရွက်ရတာ ဖြစ်တယ်လို့ ကျနော့် အနေနဲ့ နားလည်တယ်ပေါ့။ ဒါကတော့ ကျနော်တို့က ကော်မတီမှာပါဝင်တဲ့ အဖွဲ့ဝင်တွေအနေနဲ့ ကြိုးစား အားထုတ်မှုအပေါ် မူတည်ပါတယ်။ ဆိုပါစို့ ကရင်ပြည်နယ်ရဲ့ အနေအထားကို ကရင်ပြည်နယ် လွှတ်တော်အမတ် က အသိဆုံးပါ။ သူ့ဒေသရဲ့ အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေ၊ အဖွဲ့အစည်းတွေရဲ့ သဘောထားတွေက သူအသိ ဆုံးဖြစ်တယ်။ ဒါတွေကို ကျနော်တို့က ဆွေးနွေးပြီးတော့ ကျနော်တို့ရဲ့ ကော်မတီတွေရဲ့ သဘောထားမှတ်ချက် တွေ၊ အကြံပြုချက်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ပြီးတော့ လုပ်ဆောင်သွားမယ့် အနေအထားမျိုးတော့ ကျနော့်အနေနဲ့ ယူဆတယ်။ နောက်ပြီးတော့ အဓိက,ကတော့ စေ့စပ်ညှိနှိုင်းရေးနဲ့ အကြံပြုတဲ့ အနေအထား တစ်ခုမှာတော့ ငြိမ်းချမ်းရေး ကော်မတီတွေက သွားနေလိမ့်မယ်လို့ ကျနော့်အနေနဲ့ ယုံကြည်တယ်ပေါ့” ဟု ပြောသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လွှတ်တော်အခန်းကဏ္ဍ မထည့်သွင်းလျှင် သဘောတူညီချက်များ လွှတ်တော်သို့ ရောက်ရှိလာသည့်အခါနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးရန် သဘောတူညီချက်များ လွှတ်တော်သို့ ရောက် ရှိလာသည့် အခါများ၌ မလိုလားအပ်သည့် အငြင်းပွားမှုများဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မှာ လွှတ်တော်အခန်းကဏ္ဍကို ထည့်သွင်းရန် စဉ်းစားသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 163
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂
ရွှေကူမြို့ကို တိုက်ခိုက်လိုသည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ ရည်မှန်းချက်ကို ရပ်တန့်ရန် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)က ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ရွှေကူမြို့အဝင် လမ်းမကြီးနှင့် ငါးအိုး-ရွှေကူလမ်းမကြီးအားလုံးကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့မှစ၍ ရက် အကန့်အသတ်မရှိ သွားလာခွင့် ပိတ်ပင်လိုက်ကြောင်း၊ ရွှေကူမြို့အတွင်းရှိ မိဘပြည်သူများ အားလုံး ရွှေကူမြို့ အတွင်းမှ ထွက်ခွာတိမ်းရှောင်ကြရန် ဇွန်လ ၈ ရက်နေ့ ရက်စွဲဖြင့် KIA အမှတ် (၁၂) တပ်ရင်းမှ သဘောထား ထုတ်ပြန်ထားသည်ကို မိမိတို့ပါတီမှ ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချပါသည်ဟု TNDP ပါတီက ထုတ်ပြန်ခဲ့သည်။
TNDP ပါတီက “ရွှေကူမြို့ကို တိုက်ခိုက်လိုသည့် KIA ၏ ရည်မှန်းချက်ကို ရပ်တန့်ရန်နှင့် အခြား ဒေသများတွင် လည်း ရန်လိုသော တိုက်ပွဲ ဖော်ဆောင်မှုများကို လုံးဝ ရပ်ဆိုင်းရန် တိုက်တွန်းသည်။ KIA ၏ ရန်လိုမှုကြောင့် လူမျိုးရေး ပြဿနာဖြစ်ခဲ့လျှင် KIO/KIA ၏ တာဝန်သာဖြစ်ကြောင်း အသိပေး သဘောထား ထုတ်ပြန်လိုက်သည်” ဟု ပြောသည်။
KIA ဦးဆောင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် ကောလင်း၊ ပင်လည်ဘူး၊ ထီးချိုင့်၊ အင်းတော်၊ ဗန်းမောက်၊ ကသာ မြို့များကိုလည်းကောင်း ကချင်ပြည်နယ်၌ မံစီ၊ မိုးမောက်၊ ဗန်းမော်မြို့များကိုလည်းကောင်း မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲခဲ့ရာ ပြည်သူတို့၏ အသက်အိုးအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရပြီး အိုးမဲ့အိမ်မဲ့ ဘဝသို့ ရောက်ရှိခဲ့ရသည်ဟု တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)က ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် KIA ၏ မြို့သိမ်းတိုက်ပွဲများကြောင့် မြို့ကို စွန့်ခွာကြရသော ပြည်သူများမှာ လမ်းခရီးတွင် KIA- PDF တို့၏ စုဆောင်းရေး ဆွဲခံရခြင်း၊ တစ်နယ်တစ်ကျေးတွင် ဘဝကို ခက်ခဲပင်ပန်းကြီးစွာ ရပ်တည်နေရခြင်းတို့ကို ရင်ဆိုင်နေရကြောင်း၊ KIA ၏ မြို့သိမ်းတိုက်ပွဲများသည် ပြည်သူလူထုကို ဒုက္ခပင်လယ်ထဲသို့ တွန်းချလိုက်သလို ဖြစ်နေသည်ဟု တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)က ထုတ်ပြန်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးကနေ စောင့်၍ မိမိ၏ ကချင်ပြည်နယ် အိမ်တံခါး လုံခြုံရေးအတွက် ရန်သူတိုက်ခိုက်ရမည် ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းတွင် ကသုံးလုံး(ကန့်ဘလူ၊ ကောလင်း၊ ကသာ) စစ်ဆင်ရေးကနေ မြန်မာနိုင်ငံ၏ အနောက်မြောက်ဒေသ လွတ်မြောက်ရေး ကြိုးပမ်းနေသည်ဟု KIA ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က ပြောထားသည်။
အထူးသဖြင့် KIA မြို့သိမ်း တိုက်ပွဲများ ဖော်ဆောင်နေသော မြို့များသည် ရှမ်းနီ တိုင်းရင်းသားများ နေထိုင်သော မြို့များဖြစ်ပြီး ကချင်တိုင်းရင်းသားများ နေထိုင်သည့် မြို့များတွင် KIA က မြို့သိမ်း ဖော်ဆောင်ခြင်းမရှိကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 391
CNI News
၂၀၂၆ ခုနှစ်၊ ဇွန် ၁၁
လက်ရှိတွင် မြန်မာ့တပ်မတော်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အိန္ဒိယနှင့်မြန်မာ ကုန်သွယ်ရေး လမ်းကြောင်း တစ်ခုဖြစ်သည့် တမူး-ကလေး ကုန်သွယ်ရေးလမ်းကို ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ထိုးစစ်ဆင်လျက်ကြောင်း ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀ ရက်က ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်ထိ အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ပြီး အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် တွေ့ဆုံ၍ နယ်စပ်ကုန်သွယ်ရေး ပြန်လည် ဖွင့်လှစ်ရန် အပါအဝင် အိန္ဒိယ - မြန်မာ - ထိုင်း သုံးနိုင်ငံ မဟာဗျူဟာမြောက် ကုန်သွယ်ရေးလမ်းမကြီး စီမံကိန်း အကောင်အထည်ဖော် ရေး ဆွေးနွေးသဘောတူညီခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်က အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့နှင့် ကုန်သွယ်ရေး ထွက်ပေါက်ဖြစ်သည့် တမူး-ကလေး ကုန်သွယ်ရေးလမ်းကြောင်းကို ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင် ကြိုးပမ်းလာခဲ့သည်။

ကလေး-တမူး လမ်းကြောင်းပေါ်က PDF နေရာကို တပ်မတော်က ထိန်းချုပ်လိုက်စဉ်
တမူး-ကလေး လမ်းကြောင်းကို ပြန်လည်ထိန်းချုပ်နိုင်ပါက ကုန်စည်စီးဆင်းမှု အတွက်သာမက စစ်ရေးအတွက် လည်း အကျိုးရှိမည်ဖြစ်ကြောင်း၊ ထိုလမ်းကြောင်းမှတဆင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်သို့ ဝင်ရောက်နိုင်မည် ဖြစ်ကြောင်း တိုင်းလိုင် (ရှမ်းနီ) တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်း ဌာနသို့ ပြောသည်။
၎င်းက “သမ္မတကြီးရဲ့ အိန္ဒိယခရီးစဉ်မှာ အဲဒီကုန်သွယ်ရေးလမ်း ဖွင့်ဖို့ကိစ္စတွေပါ ပါလာတဲ့ အခါကျတော့ မြန်မာ့ တပ်မတော် အတွက်သာမက မြန်မာနိုင်ငံအတွက် ပိုပြီးမှ အရေးပါပါတယ်။ ဒါက အာရှပိုးလမ်းမကြီးလို့လည်း ခေါ်လို့ရသလို အိန္ဒိယ - မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေး လမ်းမကြီးလည်း ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ အစိုးရအတွက်တော့ တော်တော်လေး အရေးပါတဲ့လမ်း ဖြစ်ပါတယ်။ အဓိက,ကတော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ကုန်စည်စီးဆင်းမှု လမ်းကြောင်းတစ်ကြောင်း ပွင့်သွားတာပေါ့ဗျာ။ အိန္ဒိယကုန်တွေ ဒီဘက်ကို ဝင်မယ်၊ မြန်မာ ပြည်ကထွက်တဲ့ ပဲတို့ဘာတို့ အိန္ဒိယကို ပို့မယ်။ အဲဒီလမ်းကြောင်း တစ်ကြောင်းတော့ ပွင့်သွားတာပေါ့။ နောက် ပြီးတော့ စစ်ရေး အခြေအနေအရလည်း တပ်မတော်ဘက်ကတော့ သူ့ရဲ့အားသာချက်တော့ အများကြီးရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ချင်းပြည်နယ်ကို တက်မယ့်လမ်းကြောင်း ပွင့်သွားမယ်။ နောက်ပြီးတော့ ချင်းပြည်နယ်က တစ်ဆင့် ရခိုင်ဘက်ကို ရခိုင်မြောက်ပိုင်းဘက်ကို ဆင်းနိုင်မယ့် လမ်းကြောင်း ပွင့်သွားနိုင်တာပေါ့၊ ဒီတစ်ကြောင်း တည်းနဲ့” ဟု ပြောသည်။
ကလေးနှင့် တမူးမြို့ကို ဆက်သွယ်ထားသည့် ကုန်သွယ်ရေးလမ်းကြောင်း ဖွင့်နိုင်ရေးနှင့် နယ်စပ်ဂိတ် ပြန်လည် ဖွင့်နိုင်ရေး ကြိုးစား နေကြောင်း အိန္ဒိယမီဒီယာနှင့် အင်တာဗျူးတွင် သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့ သည်။
အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံ၏ အဓိက ကုန်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်သည့် တမူး - မိုးရေး နယ်စပ် ကုန်သွယ်ရေးသည် ကိုဗစ်ကပ်ရောဂါနှင့် ၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲကြောင့် ပိတ်ထားခဲ့သည်မှာ ၆ နှစ်နီးပါး ရှိနေပြီဖြစ်သည်။

ကလေး-တမူး လမ်းကြောင်းပေါ်က PDF နေရာကို တပ်မတော်က ထိန်းချုပ်လိုက်စဉ်
ထို့နောက် ကလေး - တမူး လမ်းကြောင်းသည် အိန္ဒိယ - မြန်မာ - ထိုင်း သုံးနိုင်ငံ မဟာဗျူဟာမြောက် ကုန်သွယ် ရေးလမ်းမကြီး၏ အစိတ်အပိုင်း တစ်ခုတွင် ပါဝင်ကြောင်း၊ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် မိုးရေးမြို့မှ စတင်ကာ မြန်မာဘက်ခြမ်းမှ ကလေး၊ တမူး၊ ကလေးဝ၊ မုံရွာ၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ ဘားအံ၊ ကော့ကရိတ်၊ မြဝတီမြို့ တို့ကို ဖြတ်သန်းပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ဆက်သွယ်ထားသော ကုန်သွယ်ရေးလမ်းဖြစ်သည်။
လက်ရှိ တပ်မတော်မှ ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် ကလေး - တမူးလမ်းကြောင်းသည် မြန်မာ - အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်သည့်အတွက် ထိုလမ်းကြောင်း ပြန်လည်ဖြတ်သန်း၍ ရမည် ဆိုပါက ပြည်တွင်းကုန်စည်စီးဆင်းမှုအတွက် အကျိုးရှိမည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုး က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အိန္ဒိယနဲ့ လမ်းပေါက်အောင် ပြန်ပြီးတော့ လုပ်တယ်လို့ ပြောလို့ရတာပေါ့။ ဘာပဲပြောပြောဗျာ အရေးပါ တာတော့ အရေးပါတာပဲ။ ဟိုဘက်အတွက်လည်း အရေးပါတယ်၊ ဒီဘက်အတွက်လည်း အရေးပါတယ်။ ဟိုဘက် က ပြည်နယ်ကလည်း လူဦးရေ ၄၅ သန်း ရှိတာပဲ။ နည်းတာမှ မဟုတ်တာ။ အဲဒီတော့ ဘာပဲပြောပြော အတိုင်း အတာ တစ်ရပ်တော့ အရေးပါပါတယ်။ ကျနော်တို့ ဒီဘက်မှာလည်း တရုတ်နယ်စပ်ဘက်မှာလည်း အပိတ်အဆို့ တွေ ရှိနေတဲ့ အခါကျတော့လေ ဒါကတော့ အရေးကြီးတယ်ပေါ့ နှစ်ဖက်စလုံး” ဟု ပြောသည်။
ကလေး - တမူး လမ်းကြောင်းကို မြန်မာ့တပ်မတော်က ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းနေခြင်းသည် အိန္ဒိယ - မြန်မာ- ထိုင်း သုံးနိုင်ငံ မဟာဗျူဟာမြောက် ကုန်သွယ်ရေးလမ်းကြောင်းအတွက်သာမက စစ်ကိုင်းတိုင်းဒေသကြီး တည်ငြိမ်အေးချမ်းရေး အပါအဝင် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ကို ဝင်ရောက်ပြီး ထိုးစစ်ဆင်နိုင်ရန်အတွက် ဖြစ်သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
မြန်မာ့တပ်မတော်သည် တမူး-ကလေး လမ်းကြောင်းအား ပြန်လည်ထိန်းချုပ် ဖွင့်လှစ်နိုင်ရေးအတွက် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၇ ရက်မှစတင်၍ ကလေးမြို့ဘက်မှလည်းကောင်း၊ တမူးမြို့ဘက်မှလည်းကောင်း စစ်ကြောင်း ၂ ကြောင်းခွဲ ကာ ထိုးစစ်ဆင်နေကြောင်း၊ ထို့နောက် တမူးမြို့ဘက်မှ စစ်ကြောင်းသည် ရန်လင်းဖိုင်ကျေးရွာအနီးသို့ လည်း ကောင်း၊ ကလေးမြို့ဘက်မှ စစ်ကြောင်းသည် ၅၅ မိုင် ကျေးရွာအနီသို့လည်းကောင်း ရောက်ရှိနေပြီးဖြစ်ကြောင်း နေပြည်တော်က ထုတ်ပြန်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 401
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများနှင့် လူမျိုးစု ပဋိပက္ခများ ပြေလည်စေရန်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ တိုင်းရင်းသားများ၏ ရပိုင်ခွင့် အခွင့်အရေးများနှင့်ပတ်သက်ပြီး တိတိကျကျ ထည့်သွင်းပေးသင့်သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းရင်းသား အခွင့်အရေးများနှင့် ပတ်သက်၍ အခန်း (၈)တွင် ပြဋ္ဌာန်းချက် အချို့ ပါဝင်ပြီးဖြစ်သော်လည်း၊ တိုင်းရင်းသားများ၏ မျှော်မှန်းချက်ဖြစ်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူရေးနှင့် ဖက်ဒရယ်စနစ် အပြည့်အဝ ရရှိရေးအတွက် ဥပဒေများကို ပိုမိုခိုင်မာစွာ ထည့်သွင်းပေးသင့်ကြောင်း နိုင်ငံရေး သမားများနှင့် တိုင်းရင်းသားအရေး လှုပ်ရှားသူများက ပြောသည်။
မြန်မာနိုင်ငံသည် အေးချမ်းရန် အချိန်သင့်နေပြီဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ တောင်းဆိုချက် သဘောတူညီ ချက်များကို အခြေခံဥပဒေအရ အာမခံပြီးသား အချက်များ ဖြစ်လာပါလိမ့်မည်ဟု ပြောလိုကြောင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ငြိမ်းချမ်းရေးက ကျနော်တို့ မြန်မာနိုင်ငံအတွက် အလိုအပ်ဆုံး အခြေခံ အခွင့်အရေးတစ်ခု ဖြစ်တယ်။ ဒါ ကို ဘယ်သူ့ မျက်နှာကိုမှ မကြည့်ပဲနဲ့ နှစ်ဖက် ပြေလည်တဲ့လမ်းစကို တိုင်းရင်းသားတွေ တောင်းတာလည်း တစ်ဝက် လောက်ရအောင် ဒီဘက်က ပေးမယ်ဆိုတာလည်း ပိုပေးနိုင်အောင် ဒီလိုမျိုးဝိုင်းပြီး ညှိနှိုင်းပြီး အမြန် ဖြေရှင်းကြပါလို့ ကျနော်တို့ တိုက်တွန်းချင်ပါတယ်။ မြန်မာပြည်က အေးချမ်းဖို့ အချိန်သင့်နေပါပြီ။ ကျနော်တို့ တိုင်းရင်းသား၊ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံးရဲ့ မျက်နှာကိုကြည့်ပြီးတော့ ငြိမ်းချမ်းရေးကို အမြန်ယူကြပါလို့ နှစ်ဖက်လုံးကို တိုက်တွန်းပါတယ်။ တိုင်းရင်းသားအဖွဲ့အစည်း အကုန်လုံးကို။ တိုင်းရင်းသားတစ်ဖွဲ့ချင်း သူတို့ရဲ့ သဘောထားနဲ့ သူတို့ဖြစ်ချင်တဲ့ လမ်းစတွေကိုတော့ ဖော်ပြဖို့ရှိပါတယ်။ အစိုးရဘက်ကတော့ ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်ပေးမှာပေါ့နော်။ အဓိက,ကတော့ NCA လမ်းကြောင်းထဲ ဝင်လာပြီး NCA ကနေ လက်ရှိပြည်ထောင်စု သဘောတူညီချက် စာချုပ်မှာ ပါပြီးသား အချက်တွေ အခြေခံဥပဒေထဲမှာထည့်ပြီး အာမခံနိုင်ရင် ထာဝရငြိမ်းချမ်း ရေး တည်မြဲသွားမှာပါ။ ဘာလို့ဆို တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက် သဘောတူညီချက်တွေကို ကျနော်တို့က ဟိုတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အကုန်လုံး၊ ပညာရှင်တွေနဲ့ အကုန်လုံး ဆွေးနွေးပြီးမှ သဘော တူညီချက်တွေ ပြန်ထုတ်တာလေ အဲဒီ သဘောတူညီချက်တွေကိုမှ ကျနော်တို့က ပြည်ထောင်စု အခြေခံဥပဒေထဲ ကနေ အာမခံပြီး ဖြစ်အောင် အခြေခံဥပဒေထဲကို ထည့်သွင်းမှာ အဲဒါကြောင့်မိုလို့ တိုင်းရင်းသားတွေ လိုချင်တဲ့ တောင်းဆိုတဲ့ အချက်အလက်တွေက အခြေခံဥပဒေအရ အာမခံပြီးသား အချက်တွေ ဖြစ်မှာပါလို့ ပြောလိုတာ ပါ”ဟု ပြောသည်။

တိုင်းရင်းသား လူငယ်များကိုတွေ့ရစဉ်
သက်ဆိုင်ရာ ပြည်နယ်များတွင် တိုင်းရင်းသား ဘာသာစကားကို ရုံးသုံးစာအဖြစ် တရားဝင် အသုံးပြုခွင့် ရရှိရေးနှင့် မိခင်ဘာသာစကားဖြင့် ပညာသင်ကြားခွင့်အား အပြည့်အဝ အာမခံချက်ပေးရန် ဗမာမဟုတ်သော တိုင်းရင်းသား အဖွဲ့အစည်းများက တောင်းဆိုလျက်ရှိသည်။
အလားတူ ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွက် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ပိုင်ခွင့် များကို ဗဟိုချုပ်ကိုင်မှုလျှော့ချပြီး ပိုမိုခွဲဝေပေးရန်၊ မိမိတို့ဒေသထွက် သယံဇာတများကို ဒေသခံတိုင်းရင်းသားများ ကိုယ်တိုင် စီမံခန့်ခွဲခွင့်နှင့် ဒေသဖွံ့ဖြိုးရေးအတွက် အကျိုးအမြတ် ခွဲဝေရယူခွင့် ရရှိရေး တောင်းဆိုလျက်ရှိသည်။
တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းခြင်း ဆိုသည်က ပုဒ်မ ၂၆၁ ကို ပြင်ဆင်ရန်ဆိုတာမျိုးကို ပြောသည်ဟု နားလည်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။

တိုင်းရင်းသား လူငယ်များကိုတွေ့ရစဉ်
၎င်းက “တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေးကို ၂၀၀၈ ဖွဲ့စည်းပုံမှာ ထည့်သွင်းတယ်လို့ ဆိုတာကတော့ ကျမ အထင်က ၂၆၁ ပုဒ်မကို ပြင်ဆင်ဖို့ ဆိုတာမျိုးကို ပြောတယ်လို့ နားလည်ပါတယ်။ ဘာကြောင့်လဲ ဆိုလို့ရှိရင် ဒီပြည် ထောင်စုလို့ ပြောလိုက်ကတည်းက ဗဟိုက ချုပ်ကိုင်ထားတဲ့ အာဏာနဲ့ ပြည်နယ်တွေက ပြည်နယ်က ရရှိနိုင်တဲ့ အခွင့်အာဏာတွေကို မျှပြီးတော့မှ သုံးစွဲရမယ့် စနစ်ဖြစ်တယ်လို့ ကျမတို့ကတော့ နားလည်ထားတယ်။ အခုဆိုလို့ ရှိရင် ဗဟိုချုပ်ကိုင်မှုက အရမ်းများတယ်။ များတဲ့အခါ ပြည်ထောင်စု ဖက်ဒရယ်ပြည်ထောင်စုလို့ ဆိုလို့ရှိရင် ဗဟို ချုပ်ကိုင်မှုက လျှော့ချပြီးတော့မှ ပြည်နယ်တွေကို အာဏာပေးရမယ်ဆိုတာကို တိုင်းရင်းသား အများစုကတော့ နားလည်ထားကြတာရှိတယ်။ တိုင်းရင်းသား အများစုကလည်းပဲ ကိုယ်တိုင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လို့ဆိုတာ အဲဒါကို ဆိုလိုခြင်း ဖြစ်တယ်လို့ ကျမ နားလည်တယ်။ ဥပမာ ပြည်နယ်ရဲ့ အကြီးအကဲ၊ တိုင်းဒေသကြီး ပြည်နယ်တွေရဲ့ အကြီးအကဲကို ရွေးချယ်တဲ့ အခါမှာ အခုဆိုလို့ရှိရင် နိုင်ငံတော်က သမ္မတက ခန့်အပ်တာ။ အဲဒီလိုမျိုး မဟုတ်ပဲ ပြည်နယ်က ဝန်ကြီးချုပ်ကို ဆိုလို့ရှိရင် ပြည်နယ်သားတွေရဲ့ ဆန္ဒအလျောက် ရွေးကောက် တင်မြောက်ပိုင်ခွင့် ရှိဖို့ လိုအပ်တယ်။ အဲဒါသည် ဒီ ၂၀၀၈ ဖွဲ့စည်းပုံဟာ ဆိုလို့ရှိရင် ပုဒ်မ ၂၆၁ မှာ ပြင်ရစရာရှိတယ်လို့ အများအားဖြင့် လက်ခံ ထားကြတယ်။ နောက်ပြီးလို့ရှိရင် သဘာဝသယံဇာတနဲ့ဆိုင်တဲ့ ကိစ္စတွေကို ပြည်မက ဘယ်လောက် ယူမလဲ၊ ပြည်နယ်က ဘယ်လောက်ယူမှာလဲ ပြည်နယ်ကတော့ ပိုင်ရှင်ဖြစ်တယ်လေ။ အဲဒါကြောင့်မို့လို့ ပြည်နယ်နဲ့ ပြည်မကြားမှာ မျှတပြီးတော့မှ ခွဲဝေသုံးစွဲရမယ့် စနစ်လိုအပ်တယ်”ဟု ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး အစိုးရနှင့် နိုင်ငံရေးပါတီများကြား သဘောတူညီထား သည့် အချက် ၄၃ ချက်တွင် ပုဒ်မ ၂၆၁ ပြင်ဆင်ရေး တိကျသော သဘောတူညီမှု မရှိသေးကြောင်း သိရသည်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် နိုင်ငံရေးပါတီ များ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလက တွေ့ဆုံဆွေးနွေးပြီးနောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး အချက် ၄၃ ချက် သဘောတူညီမှု ရရှိခဲ့ကြောင်း နှစ်ဖက်စလုံးက ပြောခဲ့သည်။
