- By CNI
- Category: နိုင်ငံရေး
- Hits: 879
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃
မြန်မာနိုင်ငံရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ယနေ့ခေတ်အချိန်အခါနှင့် ကိုက်ညီသည့် ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် ဆွေးနွေးနေကြောင်း၊ သို့သော် တိုင်းပြည်အတွက် ထိခိုက်မည့် ကိစ္စရပ်များကိုလည်း ကာကွယ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။
ထိုအကြောင်းအား ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်နေ့တွင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး ၊မိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား တွေဆုံအမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
၎င်းက “ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ဖွဲ့ စည်းပုံအခြေခံဥပဒေသည်လည်း ပြည်သူများ၏ ဆန္ဒနှင့်အညီရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ထား ကြောင်း၊ ယနေ့အချိန်အခါနှင့် ကိုက်ညီသည့် ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန်အတွက်လည်း ဆွေးနွေးဆောင် ရွက်ပြီး လွှတ်တော်၏ သဘောတူညီချက်ဖြင့် ပြင်ဆင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သို့သော်တိုင်းပြည် အတွက် ထိခိုက်မည့် ကိစ္စရပ်များကိုလည်း ကာကွယ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
သမ္မတ ဦးမင်းအောင်လှိုင်အနေဖြင့် ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်ခဲ့သည်ရှိသော် တပ်မတော်၏ အခန်းကဏ္ဍများအား ပျောက်သွားအောင်လုပ်မည့်အရာမျိုးကိုမူ ပြင်မည် မဟုတ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်
၎င်းက “ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လို့ရှိရင် တပ်မတော်ရဲ့ Role ကို ပျောက်သွားအောင်လုပ်မယ့်အရာမျိုး ပေါ့နော် အဲဒါမျိုးကို သူပြင်မှာမဟုတ်ဘူး၊ နောက်တစ်ခုကတော့ ဒီလို ဒို့တာဝန်အရေးသုံးပါးပေါ့၊ ပြည်ထောင်စု ပြိုကွဲမယ့်အရေး၊ တိုင်းပြည်စည်းလုံးညီညွတ်မှုအရေးတို့ ဒါမျိုးတွေကို သူအဓိကကာကွယ်မယ်။ တပ်ရဲ့ ဒီအမျိုး သားနိုင်ငံရေးအခန်းကဏ္ဍကို ထိပါးလာတဲ့ဥစ္စာတွေကိုသူ လက်ခံမှာမဟုတ်ဘူးဆိုတဲ့သဘောပါ။ ပြင်ရမယ့်အချ က်တွေကတော့ ဥပမာ တိုင်းဒေသကြီးနဲ့ တိုင်းဒေသကြီးပြည်နယ်နဲ့ ဗဟိုအစိုးရနဲ့ အခွန်တွေမှာခွဲဝေပုံဇယားရှိတ ယ် အဲဒီဇယားပြင်ရမယ်။ နောက်တစ်ခုက တိုင်းဒေသကြီးပြည်နယ်ဝန်ကြီးချုပ်ကို သမ္မတက ခန့်တာမဟုတ်ဘဲနဲ့ သူ့တိုင်းဒေသကြီးပြည်နယ်လွှတ်တော်ကပဲ ခန့်တာမျိုးကိုလည်း အဲဒါလည်းပြင်ရမယ်။ နောက်တစ်ခုက တိုင်းဒေသကြီး ပြည်နယ်က သူ့ဘာသာသူ ဝန်ကြီးအပ်ရတာဆိုရင် အဲဒါပြီးပြီ ကောင်းတယ် အဲဒါ ကျနော်တို့ ပြင်ရမယ်၊ ဝန်ကြီး ချုပ်တင်မဟုတ်ဘူး စစ်ရေးစစ်ချုပ်တို့၊ တိုင်းဒေသကြီးစစ်ရေးစစ်ချုပ်တို့၊ တိုင်းဒေသကြီး ဥပဒေချုပ်တို့၊ အဲဒီလို လူမျိုးတွေကို တိုင်းဒေသကြီးလွှတ်တော်ကပဲ ခန့်တာမျိုးကိုတော့ အဲဒါပိုဖြစ်သင့်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရမယ့်အချက်တွေကတော့ ဟိုတော်တော်များပါတယ် အဲဒါကတော့ မပြောသင့်သေးဘူးပေါ့နော်” ဟု ပြောသည်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)သည် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်(၇)ဖွဲ့နှင့် သဘောတူထားသည်များရှိသကဲ့သို့ နိုင်ငံရေး ပါတီများ အစုအဖွဲ့တို့နှင့်လည်း သဘောတူထားသည်များရှိသည်။
လက်ရှိ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်မှ အနားမယူခင်က တိုင်းရင်းသားလက်နက်ကိုင် (EAO)များ၏ တောင်းဆိုချက်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စ ရပ်များ၊ ဒေသနှင့်တိုင်းပြည်အတွက် လိုအပ်သည့် သဘောတူညီချက်များ၊ ဆွေးနွေးချက်များကို မကြာခင် ပေါ်ပေါက်လာမည့် လွှတ်တော်ထဲတွင် ပြန်လည် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့ က ပြောဆိုခဲ့သည်။
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြောက်ခံရချိန်၌ NSPNC နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ကြား သဘောတူညီမှု ရယူထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ၄၃ ချက်ကို ပြည်ထောင်စု လွှတ်တော် မှာ တင်သွင်းဆွေးနွေးမည်ဟု ဧပြီလ ၁၀ ရက်နေ့က ပြောကြားထားသည်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် ကြီးမားသော နိုင်ငံရေးလုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ဥပဒေပုဒ်မ အများစုကို ပြင်ဆင်ရန်အတွက် ပြည်လုံးပြည့် ဆန္ဒခံယူပွဲပြုလုပ်ရန် လိုအပ်ကာ ပြင်ဆင်လိုသည့် ပုဒ်မများ၏ သဘောသဘာဝအပေါ်မူတည်၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံချက်နှင့် ပြည်သူလူထု၏ အဆုံးအဖြတ်လိုအပ်မှု အဆင့်ဆင့်ရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
တိုင်းပြည်ကို ထိခိုက်မည့် ကိစ္စရပ်များအား ကာကွယ်ဆောင်ရွက်သွားမည်ဟု ပြောဆိုသွားခြင်းသည် သမ္မတတစ်ယောက် အနေဖြင့် ယေဘုယျသဘောမျိုး ပြောလိုက်ခြင်းဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတ င်းဋ္ဌာနသို့ ပြောသည်။
၎င်းက”တိုင်းပြည်ကိုထိခိုက်နစ်နာစေတဲ့ဟာတွေက အဲဒါကတော့ သူဒီလိုပဲ ယေဘုယျသဘောနဲ့ပြောတာ ဖြစ်ပါ လိမ့်မယ်။ ဒါကတော့ သမ္မတတစ်ယောက်အနေနဲ့သော်လည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်လုပ်လာခဲ့တဲ့ သမျှသော်လည်းကောင်း ဒါပါပြီးသားပဲလေ။ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ပါမယ် ဆိုတဲ့ ဟာက ပါပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ သမ္မတတစ်ယောက်အနေနဲ့ဒါ ယေဘုယျသဘောအားဖြင့်ပေါ့နော် သူလုပ်ကိုလုပ်ရမယ့်ကိစ္စရပ်ထဲမှာပါတော့လည်း။ ဒါကတော့ကြိမ်ဖန်များစွာ တပ်ဘက်ကပြောပြီးသားပဲလေ။ လောလောဆယ်တိုင်းပြည်ငြိမ်းချမ်းမှုမရှိသေးဘူး ဒီလိုမျိုးတိုင်းရင်းသားလက်နက်ကိုင်တွေအကုန်လုံး ကျနော် တို့ မညီမညွတ်ဖြစ်နေသ၍ကတော့ တပ်မတော်ကနိုင်ငံရေးထဲမှာဝင်ပါနေမယ်ဆိုတဲ့ဟာက သူကတရားဝင် တရားဝင် ကိုပြောတာပဲ။ အဲဒီဟာမျိုးမရှိတော့ဘူးဆိုတော့မှ တပ်မတော်က နိုင်ငံရေးထဲကဆုတ်ခွာမယ်ဆိုတဲ့ဟာရှိ တယ်လေ”ဟု ပြောသည်။
မြန်မာ့နိုင်ငံရေးစနစ်အရ ဒို့တာဝန်အရေး (၃) ပါး ဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ကို ကာကွယ် စောင့်ရှောက်ရန်သည် နိုင်ငံတော် သမ္မတ၊ အစိုးရနှင့် တပ်မတော်တို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မဖြစ်မနေ ထမ်းဆောင်ရမည့် အမျိုးသားရေးတာဝန်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 261
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃
အိန္ဒိယအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် အပေါ်တွင် မည်သည့် အခန်းကဏ္ဍကနေ ပါဝင်လာနိုင်သလဲ ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များအကြား သုံးသပ် ဆွေးနွေးမှုများ ရှိနေ ကြသည်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီနှင့် မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်တို့သည် နယူးဒေလီမြို့၌ တွေ့ဆုံခဲ့ပြီး မြေရှားသတ္တု၊ ကုန်သွယ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။
အလားတူ မြန်မာ့မြေပေါ်ရှိ အိန္ဒိယနိုင်ငံကို တော်လှန်တိုက်ခိုက်နေသည့် သူပုန်များအား နှိမ်နင်းပေးရေး မြန်မာသမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် တွေ့ဆုံဆွေးနွေးစဉ် သဘောတူခဲ့သည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် ဗစ်ကရမ် မစ်ဆရီ (Vikram Misri)က ပြောသည်။

အိန္ဒိယ- နိုင်ငံရေးပါတီ- NSPNC- EAO များ ဖက်ဒရယ်နဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပနေစဉ်
အိန္ဒိယအနေဖြင့် မြန်မာနိုင်ငံအပေါ် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ယခင်ကတည်းက ကူညီခဲ့မှုများ ရှိခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံ၏ ပါဝင်မှုနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကို များစွာဆောင်ရွက်၍ ရနိုင်ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာအမ်ကောန်လက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဆွေးနွေးပွဲတွေတော့ သူတို့ အကူအညီ ပေးနေတာရှိတယ်။ နောက်ဆိုရင်တော့ ကျနော်ထင်တယ် အဲဒါနဲ့ ဆက်စပ်ပြီး သူတို့နဲ့ ဆက်စပ်တဲ့ဟာက ကျနော်တို့ရဲ့ အနောက်မြောက် နယ်စပ်စည်းရိုးကြီးရှိတယ်လေ။ ချင်းရယ်၊ နာဂရယ် နောက်တစ်ခါ အာရုနာချယ်ပရာဒေ့ရှ်(ပြည်နယ်)ဆိုရင် ကျနော်တို့ ကချင်နဲ့ ဆက်စပ်တာရှိတယ်။ အဲဒီ တော့ KIO/KIA နောက်တစ်ခါ နာဂ (NSCN)ပေါ့၊ ပြီးတော့ ချင်းဆို (CNF)တို့ နောက်တစ်ခါ ပလက်ဝထိ ကျနော်တို့ ထိစပ်နေတဲ့ဟာ အခု တိုင်းပြည်မှာ နိုင်ငံရေးပဋိပက္ခ လက်နက်ကိုင် နိုင်ငံရေးပဋိပက္ခ ဖြစ်နေတဲ့ဟာ အချက် အလက်တွေပဲ။ အဲဒီတော့ ကျနော်တို့က ဘာလဲဆိုတော့ ငြိမ်းချမ်းရေးကိစ္စကို အိန္ဒိယရဲ့ပါဝင်မှုနဲ့ အထောက်အကူ ပြုမှုနဲ့ ကျနော်တို့က အများကြီး ဆောင်ရွက်လို့ရတယ်။ သူက ကျနော်တို့ရဲ့ Peace Process က ဒီအဖွဲ့တွေနဲ့ ဆိုင် ပြီး နောက်တစ်ခုက AA နဲ့သော်လည်းကောင်း၊ CNF နဲ့သော်လည်းကောင်း ငြိမ်းချမ်းရေး ရဖို့အတွက် တိုက်ရိုက် ဆောင်ရွက်လို့ရတယ်။ တရုတ်လိုပဲ သူ့မှာပါဝါရှိတယ်လေ၊ ပါဝါရှိတယ်ဆိုတော့ ဆက်စပ်နေတာကို။ အဲဒီတော့ အဲဒီလို ဆောင်ရွက်လို့ရတဲ့ အနေအထားတွေ ရှိနေတယ်။ အရင်ကလည်း သူတို့ လုပ်ခဲ့တာတွေရှိတော့ လုပ်လာ မယ်လို့ ကျနော်ယူဆပါတယ်။ ကောင်းလဲကောင်းပါတယ် အဲဒီကိစ္စတွေက” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် NSPNC မှ ကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ လေ့လာရေးခရီးစဥ်အဖြစ် အိန္ဒိယနိုင်ငံ သို့ သွားရောက်လေ့လာခဲ့သည်။
ထို့နောက် ၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်တွင် ဖက်ဒရယ်နှင့်ဒီမိုကရေစီဆိုင်ရာ ကိစ္စရပ်များကို ရန်ကုန်မြို့ရှိ အိန္ဒိယ စင်တာ၌ အိန္ဒိယနိုင်ငံမှ Think tanks အဖွဲ့နှင့် နိုင်ငံရေးပါတီများ၊ NSPNC၊ EAOs များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
လက်ရှိ ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခ ကိစ္စရပ်များနှင့်ပတ်သက်၍ အိန္ဒိယအစိုးရအနေဖြင့် EAO များ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ဖိအားပေးနိုင်မည့် အလားအလာရှိနိုင်ကြောင်း ဒေါက်တာ အမ်ကောန် လက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာသမ္မတ ဦးမင်းအောင်လှိုင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီကို တွေ့ရစဉ်
၎င်းက “အိန္ဒိယ သံအမတ်ကြီးက အမြဲတမ်း ပြောလေ့ပြောထရှိတာ တစ်ခုရှိတယ်။ သူတို့က ဒီ အာဏာနဲ့ ပတ်သက်ပြီး သူတို့ဆက်ဆံမှာက လက်ရှိ အစိုးရပေါ့နော်၊ လက်ရှိ (De facto) အစိုးရပေါ့။ De facto အစိုးရဖြစ်ဖြစ်၊ De jure အစိုးရပဲဖြစ်ဖြစ် (Sovereignty) ကိုထိန်းတဲ့ အစိုးရ ထိခိုက်ရေးကိစ္စတွေ သူတို့ မလုပ်ဘူး။ အဲဒီအစိုးရက လွဲပြီး ကျန်တာတွေနဲ့ မဆက်ဆံဘူး။ အခုလက်ရှိ သံအမတ်က ပြောတာ နှစ်ခါ၊ သုံးခါရှိပြီ။ အဲဒီတော့ ပြောလိုတာ က ခုနက CNF တို့ နောက်တစ်ခါ AA လည်းပါလိမ့်မယ်။ နောက်တစ်ခါ NSCN၊ နောက် KIA အဲဒါတွေနဲ့ ပတ်သက် ပြီးဆိုရင် သူတို့က G to G ပေါ့။ Peace Process လိုပဲ အကောင်အထည်ဖော်နိုင်မယ်။ သူတို့နဲ့ပတ်သက်ပြီးဆိုရင် ပွင့်ပွင့်လင်းလင်း ပြောရင်တော့ Track 1.5 Diplomacy ကို ပြီးခဲ့တဲ့ ၂၀၁၅ ကတစ်ခါ သူတို့ကြိုးစားပေး ဖူးတယ်။ အဲဒီတော့ သူတို့အခု ဘာလုပ်လာနိုင်လဲဆိုတော့ Track 1.5 ကို ဆက်ပြီးတော့မှ နီးနီးကပ်ကပ် ဆက် လုပ်နိုင်တယ် သို့မဟုတ် Direct ပေါ့နော်။ ကြားခံ Madiator အနေနဲ့ ဒီဟာတွေရဲ့ ငြိမ်းချမ်းရေးကို သူ ဆောင် ရွက်မလားပေါ့။ Chance တွေ အခွင့်အရေးတွေတော့ သူတို့မှာရှိတယ်။ နဂိုက သမိုင်းကြောင်းအရ ငြိမ်းချမ်းရေး Process နဲ့ပတ်သက်ပြီး ကြည့်မယ်ဆိုရင် အိန္ဒိယက အရေးတကြီး ဆက်ဆံတဲ့ အတွက်ကြောင့်မို့လို့ အစိုးရဘက် က ကူညီတဲ့ အနေနဲ့ EAO တွေကိုတော့ ငြိမ်းချမ်းရေးကိစ္စတွေကို ပြောလာနိုင်မယ့် အနေအထားတွေတော့ ရှိလာ တယ်။ ဖိအားပေးလာနိုင်မယ့် အနေအထားတွေရှိပါတယ် ဒါကျနော့် အမြင်ပါ”ဟု ပြောသည်။
မြန်မာသမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်ထိ အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည်။
အဆိုပါ ခရီးစဥ်သည် ဦးမင်းအောင်လှိုင်၏ သမ္မတအဖြစ် တာဝန်ထမ်းဆောင်စဥ်တွင် ပထမဆုံး ပြည်ပ ခရီးစဥ် ဖြစ်သည်။
တခြား တစ်ဖက်မှာလည်း သမ္မတ ဦးမင်းအောင်လှိုင်သည် တိုင်းရင်းသား လက်နက်ကိုင်များ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့ နောက်ဆုံးထား၍ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ် ကမ်းလှမ်းထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 209
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂
မြန်မာသမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂ ရက်တွင် မွမ်ဘိုင်းမြို့သို့ နယူးဒေလီမြို့မှ ရောက်ရှိလာခဲ့သည်။
သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယခရီးစဉ်ကို ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သတ်မှတ်ထား သည်။
ထို့နောက် နယူးဒေလီမြို့မှာ ဇွန်လ ၁ ရက် အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် တွေ့ဆုံ၍ မြေရှားသတ္တုနဲ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တူးဖော်ရေး ကိစ္စများ အပါအဝင် ကုန်သွယ်ရေး၊ လုံခြုံရေး၊ နည်းပညာကဏ္ဍများ စသည့် အရေးကိစ္စများ ဆွေးနွေးခဲ့ကြသည်။

အလားတူ အိန္ဒိယသမ္မတ H.E.Smt. Droupadi Murmu နှင့် တွေ့ဆုံကာ နှစ်နိုင်ငံ အကျိုးပြုမည့်ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ သည်။
ထို့နောက် နယူးဒေလီမြို့ကနေ ဇွန်လ ၂ ရက်က ထွက်ခွာ၍ မွမ်ဘိုင်းမြို၊ Chhatrapati Shivaji Maharaj International Airport သို့ ရောက်ရှိလာခဲ့ရာ သမ္မတ ဦးမင်းအောင်လှိုင်ကို မဟာရာ့ရှ်ထရာပြည်နယ်မှ တာဝန်ရှိသူများ၊ ကော်လ်ကတ္တားမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်နှင့် ဝန်ထမ်းများက ကြိုဆိုခဲ့ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 511
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂
မိမိတို့ မြန်မာနိုင်ငံ အနေဖြင့် တိုးတက်လာလျက်ရှိသည့် အိန္ဒိယနိုင်ငံနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်လို ကြောင်း မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် မြန်မာသမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ သီးခြား တွေ့ဆုံဆွေးနွေးရာ၌ ၎င်းက ယခုလို ပြောကြားလိုက်ခြင်း ဖြစ်သည်။
၎င်းက “အိန္ဒိယနိုင်ငံသည် ကမ္ဘာကြီး ဖွံ့ဖြိုးတိုးတက်မှုအတွက် မောင်းနှင်အားတစ်ခု ဖြစ်လာမည်ဟု အဆွေတော် ပြောကြားခဲ့သကဲ့သို့ မိမိတို့အနေဖြင့် တိုးတက်လာလျက်ရှိသည့် အိန္ဒိယနိုင်ငံနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက် သွားလိုပါကြောင်း” ပြောသည်။
ထို့နောက် နှစ်နိုင်ငံအကြား ငြိမ်းချမ်းစွာ အတူယှဥ်တွဲ နေထိုင်ရေး မူကြီး (၅) ရပ်နှင့်အညီ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း ပီသစွာဖြင့် အတူယှဥ်တွဲ နေထိုင်လျက်ရှိမှု အခြေအနေများ၊ နှစ်နိုင်ငံအကြား ပညာရေး၊ ကျန်းမာ ရေး၊ ကာကွယ်ရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး၊ ခရီးသွားလာရေး၊ ယဥ်ကျေးမှုထိန်းသိမ်းရေး၊ မြန်မာနိုင်ငံအတွက် လိုအပ်သည့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာနှင့် ဆေးဝါးများ၊ ရေနံနှင့် ရေနံထွက်ပစွည်းများ၊ ချည်မျှင်နှင့်အထည်အလိပ်များ၊ သတင်းအချက်အလက်နှင့် နည်း ပညာများ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ မူးယစ်ဆေးဝါး တာဆီးနှိမ်နင်းရေး၊ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ နှိမ်နှင်းရေးတို့အတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်မှုများ၊ အနာဂတ်ကာလများတွင် နှစ်နိုင်ငံ ပြည်သူများအတွက် ဘုံအကျိုးဖြစ်ထွန်းစေမယ့် ရည်မှန်းချက်များကို ဆက် လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများ စသည်တို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲ ကျင်းပစဉ်
အိန္ဒိယနိုင်ငံအတွက် မြန်မာပြည်က အရေးကြီးသလို မြန်မာပြည်အတွက်လည်း အိန္ဒိယနိုင်ငံက အရေးကြီး ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာမျိုးဆက်သွေးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အိန္ဒိယနိုင်ငံသည် လက်ရှိကမ္ဘာပေါ်မှာ တိုးတက်ဖွံ့ဖြိုးမှု အားကောင်းသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်တယ်ပေါ့ နော်။ အထူးသဖြင့် နည်းပညာပိုင်းဆိုင်ရာတွေမှာပေါ့နော်။ ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်ခု ဖြစ်လာတယ်ပေါ့နော်။ အဲဒီနိုင်ငံနဲ့ ပူးပေါင်းမယ် ဆိုလို့ရှိရင် မြန်မာနိုင်ငံအနေနဲ့ အကျိုးအမြတ် ရနိုင်တယ်ဆိုတာ ဦးမင်းအောင်လှိုင်ပြော တာ မှန်တယ်ပေါ့နော်။ ပြီးတော့ နောက်တစ်ခုက အိန္ဒိယနဲ့မြန်မာနဲ့ကြားမှာ ကုန်သွယ်မှု ပိုင်းဆိုင်ရာမှာ အကျိုးအ မြတ် ရှိတယ်ပေါ့နော်။ ဆိုလိုတာက ဟိုဘက်ဒီဘက် အဲဒီလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အဲဒီပြည်နယ်တွေကို ကိုင်တွယ် ထိန်းသိမ်းလိုချင်ရင် မြန်မာပြည်နဲ့ မဖြစ်မနေ ပတ်သက်ဖို့လိုတယ်။ အဲဒီအတွက် အိန္ဒိယအတွက် ဗမာ ပြည်က အရေးကြီးတယ်။ အဲဒီလိုပဲ ဗမာပြည်အတွက်ကလည်း အိန္ဒိယက အရေးကြီးတယ်”ဟု ပြောသည်။

အိန္ဒိယ-မြန်မာ ကုလားတန်မြစ် ဘက်စုံစီမံကိန်း ဖော်ဆောင်မှုကိုတွေ့ရစဉ်
နှစ်နိုင်ငံအကြား ငြိမ်းချမ်းစွာ အတူယှဥ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်တွင် အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင် မှုကို အပြန်အလှန် လေးစားရန်၊ အပြန်အလှန် ကျူးကျော် တိုက်ခိုက်ခြင်း မပြုရန်၊ အပြန်အလှန် ပြည်တွင်းရေး တွင် ဝင်ရောက် စွက်ဖက်ခြင်း မပြုရန်၊ တန်းတူညီမျှ ဆက်ဆံရေးနှင့် အကျိုးခံစားခွင့် ရှိစေရန်၊ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေးကို ကျင့်သုံးရန်တို့ ဖြစ်သည်။
လက်ရှိ၌ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၃၉ ခု၊ အမေရိကန်ဒေါ်လာ ၇၈၂ ဒသမ ၃၈၅ သန်းနှင့် (၁၁)နိုင်ငံမြောက် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံဖြစ်ကြောင်း၊ အိန္ဒိယရင်းနှီးမြှုပ်နှံမှုသူများ အနေနှင့် မြန်မာနိုင်ငံ၏ စက်မှု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၊ ဝန်ဆောင်မှုနှင့် စိုက်ပျိုးမွေးမြူ ရေးနှင့် ရေလုပ်ငန်းကဏ္ဍများတွင် ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင် လှိုင်က ပြောသည်။
ထို့နောက် အိန္ဒိယနိုင်ငံသည် ကုလားတန်မြစ် ဘက်စုံစီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း ကုန်သွယ်ရေးလမ်းကြောင်း ဖော်ဆောင်ရေး အကောင်အထည်ဖော်လျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 313
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂
လက်ရှိ ကမ္ဘာ့နိုင်ငံရေး အခင်းကျင်းများကြားထဲ တရုတ်နိုင်ငံအတွက် မြန်မာနိုင်ငံက ဘယ်လောက်အထိ အရေးပါ နေသလဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား မေးခွန်းထုတ်မှုများ ရှိနေကြသည်။
ဗင်နီဇွဲလား ရေနံပိုက်လိုင်းများနှင့် မလက္ကာရေလက်ကြားတို့ကို အမေရိကန်က ဝင်ရောက်ထိန်းချုပ် လွှမ်းမိုးထား နိုင်မှုသည် ကမ္ဘာ့ဘဏ္ဍာရေး၊ စွမ်းအင်လုံခြုံရေးနှင့် ပထဝီနိုင်ငံရေး မဟာဗျူဟာများတွင် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။
တရုတ်၏ အဓိက အားနည်းချက် တစ်ခုသည် ၎င်းတို့ တင်သွင်းနေတဲ့ အရှေ့အလယ်ပိုင်းက ရေနံနှင့် စွမ်းအင် အများစုမှာ မလက္ကာရေလက်ကြားကို ဖြတ်သန်းရခြင်း ဖြစ်သည်။
ထို့အခြေအနေများကြား မြန်မာနိုင်ငံသည် တရုတ်အတွက် မလက္ကာရေလက်ကြားကို အသုံးမပြုဘဲ အိန္ဒိယ သမုဒ္ဒရာ (ဘင်္ဂလားပင်လယ်အော်) ထဲသို့ တိုက်ရိုက်ဆင်းနိုင်မည့် ကုန်းတွင်းဖြတ်လမ်း ဖြစ်နေသည်။
တရုတ်၏ စွမ်းအင် လုံခြုံရေး တည်ဆောက်သည့် နေရာတွင် မြန်မာနိုင်ငံသည် အရေးပါသော အခန်းကဏ္ဍမှာ ပါဝင်နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအမ်ကောန်လက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တွေ့ရစဉ်
၎င်းက “US နဲ့က အဓိကသူတို့က ထိုင်ဝမ်ကိစ္စကို စကားပြောခဲ့တာ။ တခြားဟာတွေက ဒီလောက် မဟုတ်ဘူး။ တခြား စီးပွားရေး အခွင့်အလမ်းတွေ အပြန်အလှန်၊ တကယ့် အရေးကြီးတဲ့ အဆုံးအဖြတ်က ထိုင်ဝမ်ကိစ္စကို သူတို့ စကားပြောတာ။ ဒီလိုပဲ ရုရှားက ပူတင်က အခု ပေကျင်းကို လာတယ်၊ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံ တယ်ဆိုတဲ့ဟာက လည်း အဓိက,က တခြားကိစ္စတွေထက် ခုနက Power of Siberia 2 ဆိုတဲ့ အဲဒီရေနံ ပိုက်လိုင်း တည်ဆောက်မှု ကို အဓိက ဆွေးနွေးတာ။ စွမ်းအင်လုံခြုံရေးအတွက် တရုတ်က ပွင့်ပွင့်လင်းလင်း ပြောရရင် CNG ကို ဓာတ်ငွေ့ ရည်ကို ရုရှားကနေ သူတို့ယူဖို့ပြင်တာပေါ့။ ရုရှားကလည်း ဥရောပဈေးကွက် ပျက်ပြီးနောက်ပိုင်း တရုတ်ကို အဓိကထား ရောင်းဖို့အတွက် ပြင်ဆင်လာတာ။ အဲဒီလို ဆက်စပ်မှုတွေက သူ့ပြင်ဆင်ချက်တွေက သူ့ရဲ့စွမ်းအင် လုံခြုံရေးအတွက် ပြင်ဆင်တဲ့နေရာမှာ ပူတင် လာတာက အဓိက အဲဒီအတွက် သူကလုပ်တယ်။ လုပ်တယ်ဆိုတဲ့ အခါကြတော့ ကျနော်တို့ မြင်တာက ကျနော်တို့ တိုင်းပြည်မှာလည်း ဒီလိုပဲ M-10 မှာပေါ့နော်။ M-15 နဲ့ M-10 မှာ ၂၀၂၇ မှာ အပြီးသတ် သဘာဝဓာတ်ငွေ့ ထုတ်ဖို့ရှိတယ်။ ထရီလျံနဲ့ချီတဲ့ ကမ္ဘာမှာ ဒုတိယ ဓာတ်ငွေ့ပိုက်လိုင်း။ ကျနော်တို့ ဒီ ထားဝယ်နားမှာလည်း ထုတ်ဖို့ရှိတယ်။ အဲဒါက ဆက်စပ်နေတယ်။ ဘန်ကောက်-ကူမင်း ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းထဲကို ဝင်လို့ရတယ်။ အဲဒီတော့ တရုတ်သူ့ရဲ့ စွမ်းအင် လိုအပ်ချက်ကို စွမ်းအင် လုံခြုံရေး တည်ဆောက်တဲ့ နေရာမှာ မြန်မာက အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါနေတယ်။ ပါနေတော့ ဒီ geopolitics Bipolarization မှာ US-China သူတို့ ပြိုင်ဆိုင်မှုမှာလည်း မြန်မာက တရုတ်နဲ့ ဆက်စပ်တဲ့ ဝန်းကျင်ဆက်စပ်မှုမှာ ပါဝင်ပြီးတော့မှ ကမ္ဘာ့စင်မြင့်မှာ အရေးပါတဲ့ အခန်းကဏ္ဍအနေနဲ့ ရောက်လာတာကို တွေ့ရတယ်။ စွမ်းအင် လုံခြုံရေးဆိုင်ရာမှာလည်း ထားဝယ်နားက M-15 ရဲ့ သဘာဝဓာတ်ငွေ့ ထုတ်မယ့်ကိစ္စက အရေးပါသလို ကျောက်ဖြူက ရေနံပိုက်လိုင်းပေါ့။ ကျောက်ဖြူ-ကူမင်းပိုက်လိုင်းကိစ္စကလည်း ရှေ့ဆုံးမှာရှိနေတယ်” ဟု ပြောသည်။
တရုတ်နိုင်ငံအတွက် မြန်မာနိုင်ငံသည် ပထဝီနိုင်ငံရေး၊ စီးပွားရေးနှင့် မဟာဗျူဟာမြောက် လုံခြုံရေးအရ အသက် သွေးကြောသဖွယ် အလွန်အရေးပါသော နေရာမှာ တည်ရှိနေပြီး ကမ္ဘာ့အခင်းအကျင်းနှင့် အင်အားကြီး နိုင်ငံများ ကြား ပြိုင်ဆိုင်မှု ပြင်းထန်လာချိန်၌ မြန်မာနိုင်ငံ၏ အရေးပါမှုသည် တရုတ်အတွက် ပိုမိုမြင့်တက်လာသည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
တရုတ်၏ နိုင်ငံရေး အတက်အကျနှင့် လှုပ်ရှားမှုများ အားလုံးသည် မြန်မာအပေါ် သွယ်ဝိုက်၍ ဂယက်ရိုက်စေ သော်လည်း တရုတ်၏ စွမ်းအင်လုံခြုံရေးဆိုင်ရာ မဟာဗျူဟာ အခင်းအကျင်းသည် အမေရိကန်နှင့် ယှဉ်ပြိုင်သည့် နေရာများတွင် မြန်မာနိုင်ငံသည် မဖြစ်မနေ ပါနေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအမ်ကောန်လ က CNI သတင်းဌာနသို့ ပြောသည်။

အမေရိကန်-တရုတ် မဟာဗျူဟာ အခင်းအကျင်းနဲ့ မြန်မာရဲ့ အရေးပါမှုကို တွေ့ရစဉ်
၎င်းက “တရုတ်ရဲ့ နိုင်ငံရေးအတက်အကျ၊ နိုင်ငံရေး လှုပ်ရှားမှုတွေ အားလုံးသည် မြန်မာအပေါ်မှာ သွယ်ဝိုက်ပြီးမှ လာပြီး ဂယက်ရိုက်နေတာပါ။ ကျောက်ဖြူ-ကူမင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို တည်ဆောက်ပြီးတော့ အခု ကျောက်ဖြူ ရေနက်ဆိပ်ကမ်း deep port sea ပေါ့။ ကျနော်တို့ မြန်မာ နိုင်ငံမှာဆိုရင် ကျောက်ဖြူနဲ့ ထားဝယ် ၂ ခု ရှိတယ်။ အခွင့်အလမ်း သိပ်ကောင်းတယ်။ Malacca strait ရဲ့ အပြင်ဘက်မှာ။ အဲဒီတော့ Malacca strait အကျပ် အတည်း ဖြစ်ခဲ့ရင် ဒုတိယ Alternative Option ပေါ့နော်။ ဒုတိယ အခွင့်အလမ်း အနေနဲ့ ကျောက်ဖြူ၊ ထားဝယ် ကို သုံးလို့ရတယ်။ အဓိက,က ကျောက်ဖြူပေါ့။ အဲဒီလို လုပ်ထားပေမယ့် အခု ကမ္ဘာ့အရေးအခင်းမှာ ဘယ်လို ပြန် ဖြစ်လာလဲဆိုတော့ ဘင်္ဂလားဒေ့ရှ် Matarbari Deep-Sea Port မှာ အမေရိကန်တွေ ဝင်လာတဲ့ဟာက မြန်မာနိုင်ငံ ရဲ့ ကျောက်ဖြူ Deep-Sea Port ကို ရေနက်ဆိပ်ကမ်းကို သွယ်ဝိုက်ဖိအားပေးမှုတွေ ပေါ်ပေါက်လာတာ။ အဲဒီတော့ တရုတ်ရဲ့ စွမ်းအင်လုံခြုံရေးဆိုင်ရာ မဟာဗျူဟာ အခင်းအကျင်းမှာ မြန်မာက automatic ပါနေတယ်။ ရှောင်လွှဲ လို့လည်း မရဘူး။ အထူးသဖြင့် Bipolarization မှာ US နဲ့ ယှဉ်ပြိုင်တဲ့ နေရာမှာလည်း မဖြစ်မနေ ပါနေတယ်။ အဲဒီ နေရာမှာ ဒီဟာကို ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားပြီးတော့ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ဖို့တော့ လိုတယ်လို့ မြင်ပါတယ်” ဟု ပြောသည်။
မြန်မာ့ကမ်းလွန်မှ ရခိုင်ပြည်နယ် ကျောက်ဖြူ ထိုမှတစ်ဆင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်းထား သည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် တရုတ်နိုင်ငံ၏ စွမ်းအင်လုံခြုံရေးအတွက် မရှိမဖြစ် အရေးပါသော မဟာဗျူဟာမြောက် အခြေခံ အဆောက်အအုံ ဖြစ်သည်။
ထို့ပြင် တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ BRI စီမံကိန်းကြီး၌ မြန်မာနိုင်ငံသည် အချက်အချာကျသော အစိတ်အပိုင်း တစ်ခု ဖြစ်သည်။
ကမ္ဘာ့အခင်းအကျင်းတွင် အမေရိကန်က ၎င်း၏ မဟာမိတ်များဖြစ်သည့် အိန္ဒိယ၊ ဂျပန်၊ သြစတြေးလျတို့နှင့် ပူးပေါင်းပြီး အင်ဒို-ပစိဖိတ် မဟာဗျူဟာ (Indo-Pacific Strategy) နှင့် တရုတ်ကို ပိတ်ဆို့ရန် ကြိုးစားလျက် ရှိသည်။
မြန်မာနိုင်ငံတွင် တရုတ်၏ သြဇာလွှမ်းမိုးမှု အခိုင်အမာ ရှိနေခြင်းသည် အမေရိကန် ပိတ်ဆို့မှုကို ကာကွယ်ရာ ရောက်သကဲ့သို့ ဒေသတွင်း ပြိုင်ဘက်ဖြစ်သည့် အိန္ဒိယနိုင်ငံကိုလည်း ရှေ့တန်း စစ်မျက်နှာကနေ အနီးကပ် တန်ပြန် ထိန်းညှိပြီးသား ဖြစ်စေကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 197
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂
အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာသမ္မတ ဦးမင်းအောင်လှိုင်သည် နယူးဒေလီမြို့ကနေ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂ ရက်က မွမ်ဘိုင်းမြို့သို့ ထွက်ခွာခဲ့ကြောင်း သိရသည်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်အရ မြန်မာသမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ အိန္ဒိယနိုင်ငံသို့ သွားရောက်လျက်ရှိသည်။

ထို့နောက် ဇွန်လ ၁ ရက်က နယူးဒေလီမြို့မှာ အိန္ဒိယသမ္မတ H.E.Smt. Droupadi Murmu နှင့် သီးသန့် တွေ့ဆုံ ဆွေးနွေးခဲ့သလို အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့်လည်း သီးသန့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အလားတူ ဇွန်လ ၂ ရက် နံနက်ပိုင်းမှာတော့ မြန်မာသမ္မတ ဦးမင်းအောင်လှိုင်သည် နယူးဒေလီမြို့ လေတပ်စခန်းမှ မွမ်ဘိုင်းမြို့သို့ ဆက်လက် ထွက်ခွာခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 302
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂
အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် မြန်မာသမ္မတ ဦးမင်းအောင်လှိုင်တို့သည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်က နယူးဒေးလီမြို့ မှာ တွေ့ဆုံ၍ မြေရှားသတ္တုနှင့် လုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်နှင့် အကျိုးရှိသော တွေ့ဆုံဆွေးနွေးမှု တစ်ခု ပြုလုပ်ခဲ့ကြောင်း၊ ၎င်း၏ သမ္မတအဖြစ် ပထမဆုံး ပြည်ပခရီးစဉ်ကို အိန္ဒိယနိုင်ငံအား ရွေးချယ်ခဲ့သည့်အတွက် ကျွန်ုပ်တို့ အိန္ဒိယနိုင်ငံ အနေဖြင့် ဂုဏ်ယူဝမ်းမြောက်မိကြောင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီက ပြောသည်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီက “ထို့ထက်မက ဝမ်းမြောက်စရာကောင်းသည်မှာ ၎င်းသည် ယခုခရီးစဉ်ကို မြတ်စွာ ဘုရားရှင်၏ ကောင်းချီး အာနုဘော်များ ကိန်းဝပ်ရာ ဗုဒ္ဓဂယာမှ စတင်ခဲ့ခြင်းပင် ဖြစ်သည်။ ကျွန်ုပ်တို့သည် အိန္ဒိယ-မြန်မာ ဆက်ဆံရေး ကဏ္ဍစုံကို ပြန်လည်သုံးသပ်ခဲ့ကြသည်”ဟု ပြောသည်။
ထို့နောက် မြန်မာနိုင်ငံသည် အိန္ဒိယ၏ “အိမ်နီးချင်းပထမ” (Neighbourhood First)၊ “အရှေ့မျှော်ဝါဒ လက်တွေ့ အကောင်အထည်ဖော်ရေး”(Act East) နှင့် “အင်ဒို-ပစိဖိတ်” (Indo-Pacific) မူဝါဒများအတွက် အရေးပါသော နိုင်ငံဖြစ်သည်ဟု ၎င်းက ပြောသည်။

မြန်မာသမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ကုန်သွယ်ရေး၊ မြေရှားသတ္တု(rare earths)၊ ကျန်းမာရေး စောင့် ရှောက်မှု၊ လမ်းပန်းဆက်သွယ်ရေး၊ ရှေးဟောင်း အမွေအနှစ်များ ပြန်လည်ပြုပြင် ထိန်းသိမ်းရေးနှင့် စွမ်းဆောင် ရည် မြှင့်တင်ရေး ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစေမည့် နည်းလမ်းများကို ဆွေးနွေးခဲ့သည်ဟု အိန္ဒိယဝန်ကြီးချုပ် မိုဒီက ပြောသည်။
ထို့အပြင် ရေကြောင်းလုံခြုံရေး၊ ဆိုင်ဘာလုံခြုံရေးနှင့် အခြားသော ကဏ္ဍများတွင်လည်း အနီးကပ်ပူးပေါင်း ဆောင် ရွက်သွားရန် သဘောတူညီခဲ့ကြသည်ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံ၏ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် မြေရှားသတ္တု တူးဖော်လျက်ရှိသည်။
အဆိုပါ မြေရှားသတ္တု တူးဖော်နေသော နယ်မြေများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ “ဝ”ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(NDAA)တို့က ထိန်းချုပ်ထားပြီး တရုတ်က အဓိက လုပ်ငန်းများကို ဖော်ဆောင်လျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 327
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂
မြန်မာအစိုးရအနေဖြင့် တရုတ်နိုင်ငံအပြင် အခြားသော အင်အားကြီးနိုင်ငံများအား ခြေဆန့်ချင်သည့် အနေအထား မျိုး မြင်တွေ့ရသည်ဟု တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
အိန္ဒိယနိုင်ငံကို တရားဝင် ခရီးစဥ်အဖြစ် ရောက်ရှိနေသည့် မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်တွင် အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကျိုးအတွက် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြသည်။
သမ္မတ ဦးမင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်းမှာ မြန်မာ့မြေရှားသတ္တုနှင့် လုံခြုံရေးကိစ္စရပ်များကို အဓိက ဆွေးနွေးနိုင်သည်ဟု စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

မြန်မာသမ္မတ ဦးမင်းအောင်လှိုင်နဲ့ အိန္ဒိယသမ္မတ Smt. Droupadi Murmu တွေ့ဆုံစဉ်
မြန်မာအစိုးရ အနေဖြင့် တရုတ်နိုင်ငံအပြင် အခြား အင်အားကြီး နိုင်ငံများကို ခြေဆန့်ချင်သည့် သဘောမျိုး ဖြစ်နိုင် ကြောင်း၊ အခြားနိုင်ငံကြီးများနှင့် ဆက်ဆံရေး တည်ဆောက်ကာ တရုတ်ကို ပြန်လည် ဖိအားပေးချင်သည့် အနေ အထားမျိုး ရှိသည်ဟု ယူဆ၍ရနိုင်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သို့သော်လည်း ဒီလိုတော့ရှိတယ်ဗျ။ (ဦး)မင်းအောင်လှိုင် အနေနဲ့ တရုတ်ပဲ အဓိက မှီခိုနေတာ မဟုတ် ပါဘူး။ တခြား နိုင်ငံကြီးတွေနဲ့လည်း ဆက်ဆံရေး ကောင်းနေပါတယ်လို့ ပြချင်တဲ့ ပြယုဂ်က ပြနိုင်သွားတာပေါ့ဗျာ ဒီလောက်ပါပဲ။ (ဦး)မင်းအောင်လှိုင်သွားတဲ့ ရည်ရွယ်ချက်ကိုက ဒါပါတယ်။ သူက အမေရိကန်ကို သွယ်ဝိုက်စွာ သတင်း ပေးနိုင်တာပေါ့ဗျာ။ အမေရိကန်နဲ့လည်း သူဆက်ဆံချင်တာ အဲဒါကြောင့် အိန္ဒိယကို သွားကပ်တာ။ အိန္ဒိယက (Quad) ဆိုတဲ့ စနစ်တစ်ခုရှိတယ်လေ။ အိန္ဒိယရယ်၊ အမေရိကန်ရယ်၊ ဂျပန်ရယ်၊ ဩစတြေးလျရယ် အဲဒီနိုင်ငံလေးနိုင်ငံ မဟာမိတ်ဖွဲ့ထားတာရှိတယ်။ အဲဒီဟာကို သူမျက်စောင်း ထိုးတယ်ထင်တယ် ကြည့်ရတာ (ဦး)မင်းအောင်လှိုင်က။ သူ့မှာ တရုတ်ကိုပဲ အားကိုးနေတာမျိုး မဟုတ်ဘူးပေါ့။ သူ့ဆီမှာလည်း တခြား အားကိုး စရာတွေ ရှိတယ်ပေါ့။ တွက်ကြည့်တာ ဒီလိုဖြစ်နိုင်တယ်ထင်တယ်။ တရုတ်က ဒီတစ်ခေါက် ဝမ်ယိ ပြန်သွားပြီးတဲ့ နောက် တရုတ်ပြောတဲ့ အထဲမှာ တစ်ခုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူတို့ရဲ့ မိတ်ဆွေဟောင်း ဖြစ်တယ်။ ဒါကြောင့်မို့လို့ သူ့နေထိုင်စားသောက်ရေး ဘာရေး အားလုံးကို အမြဲတမ်း လေ့လာမေးမြန်း နေပါတယ်ဆိုတာ သဘောက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရေးကို တရုတ်က နည်းနည်းပြောနေပုံရတယ်။ အဲဒါကို (ဦး)မင်းအောင်လှိုင် က လက်မခံနိုင်ဘူးနဲ့တူတယ်။ ဒါကြောင့်မို့လို့ တခြားဟာရှာတာ။ ခွာတော့ မခွာနိုင်ဘူးဗျ။ တရုတ်ကလည်း အခွာ မခံဘူး၊ တရုတ်မှာက ဖဲတွေက အများကြီးပဲ၊ ဗမာပြည်ရဲ့ စီးပွားရေး တစ်ခုလုံးက တရုတ်လက်ထဲမှာ မူတည်နေ တာ ဘယ်လိုလုပ် သူခွာနိုင်မလဲ စဉ်းစားကြည့်ပေါ့။ ဒါပေမယ့် တရုတ်ကိုတော့ သူနည်းနည်း ဖိအားပေးချင်တာပေါ့။ မင်းတစ်ယောက်တည်း ငါ့မှာရှိတာမဟုတ်ဘူး၊ ငါ့မှာလည်း တခြားလူတွေ ရှိတယ်ဆိုပြီး ဒီလိုဖိအားပေးတဲ့ဟာ လည်း ရှိပုံရပါတယ်” ဟု ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ပြောင်းလဲသွားသည့် မြန်မာ့နိုင်ငံရေးနှင့် စစ်ရေး အခင်းအကျင်း တွင် တရုတ်နိုင်ငံသည် ထည်ထည်ဝင်ဝင် ပါဝင် ပတ်သက်လာပြီး မြန်မာအစိုးရနှင့် လက်နက်ကိုင်များအပေါ် သြဇာလွှမ်းမိုးလျက် ရှိနေသည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
မြန်မာနိုင်ငံအတွင်းတွင် နိုင်ငံရေး၊ စစ်ရေး မငြိမ်မသက် ဖြစ်နေသရွေ့ တရုတ်-မြန်မာ စီးပွားရေးသည် လုပ်ဆောင် ၍ မရကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် စီးပွားရေး အခွင့်အလမ်း ဆိုသည်ထက် မဟာဗျူဟာ အခွင့် အလမ်းဖက်ကို ပိုနေသည်ဟု ၎င်းတို့က ထောက်ပြကြသည်။
မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာနှင့် မရှောင်လွှဲနိုင်သည့် စီးပွားရေး ဆက်စပ်မှုများ ရှိနေသည့်အတွက် နိုင်ငံ တကာနှင့် ဆက်ဆံရမည်မှာ ပုံမှန်သာဖြစ်ကြောင်း၊ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအကျိုးအတွက် အိန္ဒိယသို့ သွားရောက် သည်နှင့် အင်အားကြီး နိုင်ငံများကို ချဥ်းကပ်သည်ဟု ပြော၍မရနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မြန်မာသမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၎င်းက “ဒါက အဲဒီလိုတော့ မဟုတ်ဘူး။ ဒါက လွတ်လပ်သော နိုင်ငံတစ်နိုင်ငံ အနေနဲ့ သူ့ဘာသာသူ လွတ်လပ်စွာ ဆက်ဆံမှာပဲလေ။ ကျနော်တို့က အမေရိကန်ပြည်ထောင်စု ကနေပြီးတော့ ပြောရလို့ရှိရင် မရှောင်လွှဲနိုင်တဲ့ အကြောင်းအရာတွေ ရှိတယ်လေ။ ဥပမာအားဖြင့် ကျနော်တို့က လေယာဉ်ပျံနဲ့ ပတ်သက်လို့ပေါ့နော်။ လေကြောင်း ပို့ဆောင်ရေးနဲ့ပတ်သက်လို့ အမေရိကန်တို့ အနောက်ဥရောပတို့တွေက သူ့ဆီက သဘောမတူရင် ဘယ်လိုလုပ်မလဲ။ တရုတ်လည်း အမေရိကန်လေယာဉ်ပျံတွေပဲ ဝယ်နေရတာလေ။ စီးပွားရေး ဆက်စပ်မှုက ရှိတယ် ဒီလိုရှိလို့ ဒီလိုဆက်ဆံတာကို တရုတ်နဲ့ မဆက်ဆံချင်လို့ ရှောင်ဖယ်တယ်လို့ ဒီလိုပြောလို့ ဘယ်ရမလဲ။ အဓိက,က ဒါ မြန်မာကလည်း မြန်မာ အကျိုးစီးပွားအတွက်ကို လုပ်ရမှာပေါ့နော်။ တရုတ်ပြည်က မြန်မာလိုသမျှ အကုန်လုံး လုပ်ပေးနိုင်တယ်ဆိုရင်တောင်မှ မြန်မာနိုင်ငံရဲ့ နယ်နိမိတ်က ဘာပဲပြောပြော အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်ကြီး ရှိနေတဲ့အခါကျတော့ အပြည်ပြည်ဆိုင်ရာနဲ့ ဆက်ဆံရမှာပဲ။ အဲဒီတော့ တရုတ်နဲ့အမေရိကန်နဲ့ ယှဉ်လို့ရှိရင်တော့ တရုတ်က အမေရိကန်ထက် အများကြီး မြန်မာမှာ အရေးပါတာပေါ့။ ထိုနည်းတူစွာပဲ အိန္ဒိယ ကလည်း မြန်မာနဲ့ လူဦးရေကလည်းများပြီးတော့ နယ်နိမိတ်ကလည်း အကြီးကြီး ရှိနေသေးတာလေ။ သူတို့နဲ့က ဆက်ကို ဆက်ဆံရမှာပေါ့နော်။ အခု အိန္ဒိယသွားလိုက်တာနဲ့ အိန္ဒိယဘက် ပါသွားပြီလို့ ဘယ်ပြောလို့ရမလဲ” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတစ်ဝန်း မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေခြင်းကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးများ ရပ်တန့်နေသလို မြန်မာနိုင်ငံအတွင်းရှိ တရုတ်၏ စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများလည်း ရပ်တန့်ထားရသည်။
ထို့ကြောင့် တရုတ်သမ္မတ ရှီကျင့်ဖျင်က မြန်မာနိုင်ငံအတွင်းရှိ တရုတ်ကုမ္ပဏီများနှင့် ဝန်ထမ်းများ တရုတ်၏ စီမံ ကိန်းများ၊ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများ လုံခြုံစိတ်ချစေရန် ဆောင်ရွက်ပေးရမည်ဟု သမ္မတ ဦးမင်းအောင်လှိုင်ကို ၂၀၂၅ ခုနှစ်၊ မေလက ရုရှားနိုင်ငံမှာ တွေ့ဆုံစဥ် ပြောကြားခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 311
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁
အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယသမ္မတ H.E.Smt. Droupadi Murmu နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်က အိန္ဒိယနိုင်ငံ သမ္မတအိမ်တော် (Rashtapati Bhavan )တွင် သီးသန့် တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ထိုသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ သတ်မှတ်ကာလအတွင်း ပြီးစီး ရေး ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်စေရေး ဆက် လက် ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား ယဉ်ကျေးမှု အမွေအနှစ်များ အပြန်အလှန် ထိန်း သိမ်းရေး၊ ခရီးသွားကဏ္ဍမြှင့်တင်ရေး ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် နှစ်နိုင်ငံအကြား မိတ်ဆွေရင်း၊ မိတ်ဆွေကောင်း နိုင်ငံများဖြစ်မှု အခြေအနေများ၊ အမျိုးသမီးများကဏ္ဍ မြှင့်တင်ရေးအတွက် အတွေ့အကြုံများ မျှဝေနိုင်သည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူး ပေါင်း ဆောင်ရွက်မှုများ ဆက်လက် တိုးမြှင့် ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်ဟု နေပြည်တော်ဘက်က သတင်းထုတ်ပြန်ခဲ့သည်။
အလားတူ အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့်လည်း သမ္မတ ဦးမင်းအောင်လှိုင်သည် သီးခြား တွေ့ဆုံ၍ ဆွေးနွေးခဲ့သေးသည်။
