- By CNI
- Category: နိုင်ငံရေး
- Hits: 256
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၉
နွေဦးတော်လှန်ရေးတွင် ပါဝင်၍ မြန်မာ့တပ်မတော်ကို တိုက်ခိုက်နေသော ချင်းအမျိုးသားတပ်ဦး(CNF)သည် မြန်မာ့တပ်မတော်နှင့် လျှို့ဝှက်ဆက်သွယ်၍ တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်းနေသည်ကို တွေ့ရသည်ဟု ဇိုမီးနိုင်ငံ ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(ZPCC)/ ဇိုမီးတော်လှန်ရေးတပ်မတော်(အရှေ့ပိုင်းတိုင်း-ZRA) က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ZRA သည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ညီနောင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့် အတူတကွ လက်တွဲချိတ်ဆက်ရန် ကြိုးပမ်းခဲ့ရာတွင် USDP အစိုးရလက်ထက်၌ ချင်းအမျိုးသားတပ်ဦး(CN F)က မိမိတို့ ZRA ကို ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)တွင် အဖွဲ့ဝင်ဖြစ်ရေးမှ ဟန့်တားခဲ့သလို NLD အစိုးရလက်ထက်တွင်လည်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UP DJC)အဖွဲ့ဝင်ဖြစ်ရေးမှ ဟန့်တားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ နွေဦးတော်လှန်ရေးကာလတွင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)အဖွဲ့ဝင် ဖြစ်ရေး မှ ဟန့်တားခဲ့ခြင်းနှင့် ဇိုမီးလူမျိုးတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝ ရရှိရေးကို နည်း လမ်းမျိုးစုံဖြင့် ခေတ်အဆက်ဆက်တွင် ဟန့်တားပိတ်ပင်ခဲ့ကြသည်ဟု ZPCC/ZRA က ထုတ်ပြန်ခဲ့သည်။
ချင်းအမျိုးသားတပ်ဦး(CNF)ကို တွေ့ရစဉ်
ZPCC/ZRA က “ပြည်သူလူထုက ဇိုမီးတော်လှန်ရေးတပ်မတော်(အရှေ့ပိုင်းတိုင်း)-ZRA (Eastern Command) ကို အမြင်မှားစေရန်အတွက်၊ မြန်မာစစ်တပ်ကို အားပေးကူညီသည်ဟု စွပ်စွဲကာ၊ မုသားဝါဒ အသုံးချပြီး သတင်း အမှား ဖြန့်ဝေခြင်းမှအစ နည်းမျိုးစုံဖြင့် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ သို့ရာတွင် ချင်းအမျိုးသားတပ်ဦး(CN F) အဖွဲ့အနေဖြင့် ယခင်က မြန်မာစစ်တပ်နှင့် ဆက်သွယ် လက်တွဲခဲ့သည့်အတိုင်း ယနေ့ကာလတွင် လျှို့ဝှက် ဆက်သွယ်၍ တွေ့ဆုံ ဆွေးနွေးရန် ကြိုးပမ်းနေသည်ကို တွေ့ရသည်”ဟု ပြောသည်။
CNF သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် ချင်း လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ပေါ်ပေါက်လာသည့် နွေဦးတော်လှန်ရေး တွင် ပါဝင်၍ မြန်မာ့တပ်မတော်ကို တိုက်ခိုက်လျက်ရှိနေသည်။
ထို့နောက် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)တွင် CNF ၏ ဒုဥက္ကဋ္ဌဖြစ်သူ ဒေါက်တာလျန်မှုန်းဆာခေါင်း က ဝန်ကြီးအဖြစ် တာဝန်ယူထားသလို PDF များကိုလည်း CNF က စစ်သင်တန်းပေးလျက်ရှိပြီး ပူးပေါင်း၍ မြန်မာ့တပ်မတော်ကို တိုက်ခိုက်ကာ နစက၏ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ချက်ကို ငြင်းဆန်ထားသည်။
သို့သော် ZPCC/ZRA ကတော့ CNF သည် မြန်မာ့တပ်မတော်နှင့် လျှို့ဝှက်ဆက်သွယ်၍ တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲကာ ထုတ်ပြန်ခဲ့သည်။
ထို့နောက် ချင်းအမျိုးသားတပ်ဦး(CNF)မှ ဦးဆောင်ဖွဲ့စည်းခဲ့သည့် ချင်းပြည်ကောင်စီ(Chinland Council)၊ ချင်းပြည်အစိုးရအဖွဲ့၊ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)တို့ကို ဇိုမီးတော်လှန်ရေးတပ်မတော်(ZRA) နှင့် ဇိုမီးနိုင်ငံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(ZPCC)တို့က အသိအမှတ်မပြုကြောင်းနှင့် ချင်းပြည် နယ် လွှတ်တော်ကိုယ်စားပြုကော်မတီ(CRCH)ကိုလည်း အသိအမှတ်မပြုကြောင်း ထုတ်ပြန်ခဲ့သည်။
ZPCC/ZRA ၏ ထုတ်ပြန်ချက်ကို တွေ့ရစဉ်
အလားတူ CNF က ရေးဆွဲပြဋ္ဌာန်းခဲ့သော် ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ(Chinland Constitution)ကိုလည်း အသိအမှတ်မပြုကြောင်း ZPCC/ZRA က ပြောသည်။
ZPCC/ZRA က “ မြန်မာ့နွေဦးတော်လှန်ရေး ကာလတွင်၊ ဇိုဂမ် (ခေါ်) ဇိုမီးပြည်အတွက် ဇိုမီးလူမျိုးတို့၏ နိုင်ငံ ရေး ဦးတည်ချက်နှင့် လမ်းစဉ်အဖြစ် ဇိုဂမ်ပဋိညာဉ်ကို ဇိုမီးတိုင်းရင်းသားများကိုယ်စား ဇိုမီးနိုင်ငံရေးဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေး ကော်မတီ(ZPCC)မှ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်နေ့တွင် ပြဋ္ဌာန်းအတည်ပြု ကြေညာခဲ့ပြီးဖြစ်သည်။ အသစ်ထွက်ပေါ်လာသည့် ချင်းပြည်ကောင်စီ၏ နိုင်ငံရေးပါတီ အစုအဖွဲ့တွင် ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်(ZCD)ပါတီနှင့် ZCD ပါတီမှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ခြင်း မရှိ သည့်အပြင် တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့ထဲတွင်လည်း ဇိုမီးတို့၏ အမျိုးသားတပ်မတော်ဖြစ်သည့် ဇိုမီး တော်လှန်ရေးတပ်မတော်(အရှေ့ပိုင်းတိုင်း) အဖွဲ့ မပါဝင်ခဲ့ပေ။ သို့ဖြစ်၍ ချင်းအမျိုးသားတပ်ဦး(CNF) အဖွဲ့ က ဦးဆောင်ရေးဆွဲသည့် ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဇိုဂမ်ပဋိညာဉ် ပြဋ္ဌာန်းချက်ပါအတိုင်း ဇိုဂမ် (ခေါ်) ဇိုမီးပြည်နှင့် ဇိုမီးလူမျိုးတို့အပေါ် လုံးဝ သက်ရောက်ခြင်း မရှိကြောင်း ကြေညာအပ်သည်”ဟု ထုတ်ပြန် ခဲ့သည်။
ZPCC/ZRA ၏ စွပ်စွဲချက်နှင့် ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး(CNF)မှ တာဝန်ရှိသူများထံ ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။
- By CNI
- Category: နိုင်ငံရေး
- Hits: 336
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၈
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့တွင် ကချင်အမျိုးသားတော်လှန်ရေးနေ့ ကျင်းပရန် ပြင်ဆင်နေချိန် ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)မှ တားဆီးနှောင့်ယှက်ခြင်းကို ကန့်ကွက်ကြောင်း ကွတ်ခိုင်ကချင်တမန်အဖွဲ့က ဖေဖော်ဝါရီ ၆ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ကျရောက်သော ၆၃ နှစ်မြောက် ကချင်အမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ် အဖြစ် ကွတ်ခိုင်မြို့နေ ကချင်များက မိမိတို့၏ နေအိမ်ခြံဝင်းအတွင်း ကချင်အမျိုးသားအလံ လွှင့်ထူထားစဉ် အထက်အမိန့်အရဟုဆိုကာ TNLA တပ်ဖွဲ့မှ ပိတ်ပင်ခြင်း၊ တားဆီးခြင်း၊ အလံတိုင်ကို ချိုးဖျက်၊ ဆွဲဆုတ်၊ ဖြုတ်ချ၊ ယူဆောင်သွားခြင်းနှင့် အလံတိုင်အား ခြေဖြင့်ကန်ခြင်းများ ပြုလုပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကွတ်ခိုင်မြို့ကို TNLA က တိုက်ယူထားခြင်းဟု ပြောဆိုကာ အာဏာရှင်ဆန်ဆန် အမိန့်ပေးဆက်ဆံခဲ့ကြောင်း၊ လက်နက်မဲ့ ပြည်သူများကို သေနတ်မောင်းတင် ချိန်ရွယ်ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။
TNLA တပ်ဖွဲ့ကို တွေ့ရစဉ်
အဆိုပါ ကိစ္စအား နှစ်ဖက်တာဝန်ရှိ ခေါင်းဆောင်များက အမြန်ဆုံးဖြေရှင်းသင့်ကြောင်း၊ လူမျိုးရေးပဋိပက္ခ မဖြစ် ရန် ညှိနှိုင်းသင့်ကြောင်း ကွတ်ခိုင်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်ထင်တယ်ပေါ့ဗျာ၊ အောက်ခြေကနေပြီးတော့ မညှိနှိုင်းဘဲနဲ့ အပေါ်မှာ သူတို့ အထက်လူကြီး အချင်းချင်း မြန်မြန်ညှိနှိုင်းလိုက်ရင်ပေါ့၊ အဆင်ပြေမယ်ထင်တယ်။ အခုကြည့်ရတာတော့ လူမျိုးရေးကိစ္စတွေက ဖြစ်ရမှာတောင် စိုးရိမ်ရတာပေါ့ဗျာ၊ အဲဒီလို ဖြစ်နေတာ၊ အဲဒီလိုဖြစ်နေတာ ရွာသားတွေကလည်း မပြန်ရဲကြဘူး ပေါ့ဗျာ၊ အခုပြန်တာ ၄ ပုံ ၁ ပုံလောက်ပဲ ရှိမယ်ထင်တယ်။ အဲဒီလိုဖြစ်နေတာ၊ ပြောမယ်ဆိုရင် ကျနော်တို့က လူမျိုးရေးတွေ မဖြစ်စေချင်ဘူး။ ကျနော်ကတော့ ဒါတွေလည်း မသိဘူးလေ၊ သူတို့ စစ်ရေးအနေနဲ့တော့ ဘာမှ မဝေဖန်ချင်ဘူး။ သူတို့ TNLA နဲ့ သူတို့ KIA နဲ့ပဲ ညှိနှိုင်းပြီး လုပ်ရင် ပိုကောင်းမယ်လို့ အဓိကက လူမျိုးရေး ပြဿနာ မဖြစ်အောင် အဲဒီလိုပဲ ကျနော်မြင်တယ်” ဟု ပြောသည်။
ယခင်ကလည်း နမ့်ဖက်ကာမှာ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)မှ တအာင်းဘုန်းတော်ကြီးကျောင်း များတွင် အလံစိုက်ထူမှု ဖြစ်ပွားခဲ့ပြီးနောက် လူမျိုးစုနှစ်ခုအကြား တင်းမာမှုများ ဖြစ်ပွားခဲ့ဖူးကြောင်း ၎င်းက ပြောသည်။
နွေဦးတော်လှန်ရေး အမှတ်အသားဖြစ်သော လက်သုံးချောင်းထောင်ခြင်း သင်္ကေတကို မထီမဲ့မြင် ပြုလုပ်ကာ လက်သုံးချောင်းထောင်ခြင်းမှာလည်း TNLA အောက်မှာပဲ နေရမည်ဟု ပြောဆိုခဲ့ကြောင်း၊ အဆိုပါ လုပ်ရပ်များ အား ကွတ်ခိုင်မြို့နေ ကချင်လူထုကိုယ်စား ကန့်ကွတ်ရှုတ်ချကြောင်း ကွတ်ခိုင်ကချင်တမန်အဖွဲ့က ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
TNLA တပ်ဖွဲ့ကို တွေ့ရစဉ်
လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ပြည်သူလူထုအတွက် စဉ်းစားဆုံးဖြတ်ကာ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်စေလိုကြောင်း ကချင်လူမျိုးတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တစ်ယောက်နဲ့ တစ်ယောက် ထိန်းထိန်းသိမ်းသိမ်း နေကြဖို့က အရမ်းအရေးကြီးတယ်လို့ ကျနော်ထင် တယ်၊ အဓိက ဒီလက်နက်ကိုင်တဲ့ အဖွဲ့အစည်းတွေကလည်း သူမှန်တယ်၊ ကိုယ်မှန်တယ် ဆိုတာထက် ကိုယ် တစ်ဦး တစ်ယောက်တည်း မှန်တယ်ဆိုတာထက် ပြည်သူလူထုအတွက် ဘယ်ဟာက အမှန်တရားကို သွားပေးနိုင် မလဲဆိုတာကို ကိုယ်က ကောင်းကောင်း စဉ်းစားဆုံးဖြတ်ပြီးတော့ ဆုံးဖြတ်နိုင်ဖို့ရန်အတွက် အရမ်းအရေးကြီး ပါတယ်ဆိုတဲ့အကြောင်း ကျနော်အဲဒါလေး ပြောကြားလိုပါတယ်” ဟု ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် KIA နှင့် TNLA အပါအဝင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တပ်မတော်၊ ပြည်သူ့စစ် စသဖြင့် လက်နက်ကိုင်ထားသည့် အဖွဲ့အစည်းများ လှုပ်ရှားလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1434
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၈
ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌဟောင်း စောဘိုမြ၏ဇနီးနှင့်သားဖြစ်သူ စောနယ်ဒါးမြ အပါအဝင် ဇနီးဖြစ်သူများကို ထိုင်းနိုင်ငံက နိုင်ငံသားအဖြစ်မှ မှတ်ပုံတင်ကို ပယ်ဖျက်ကြောင်း မဲဆောက်ခရိုင်(ထိုင်း)အုပ် ချုပ်ရေးမှူးက ထုတ်ပြန်ကြေညာခဲ့သည်။
ကရင်နက်ကိုင်အဖွဲ့များနှင့်နီးစပ်သူ တစ်ဦးက “KNU ဥက္ကဋ္ဌဟောင်း စောဘိုမြရဲ့ဇနီး စောနယ်ဒါးမြရဲ့ အမေပေါ့၊ သူရယ်၊ စောနယ်ဒါးမြရယ်။ ပြီးရင် စောနယ်ဒါးမြရဲ့ ဇနီးတို့ကို ထိုင်းနိုင်ငံသားအဖြစ်ကနေ မှတ်ပုံတင်ပယ်ဖျက် ကြောင်း ထိုင်းနိုင်ငံ မဲဆောက်ခရိုင်အုပ်ချုပ်ရေးမှူးကနေပြီးတော့ လက်မှတ်ထိုး အမိန့်စာ ထုတ်ပြန်ခဲ့တာလို့ သိရပါတယ်”ဟု ပြောသည်။
စောနယ်ဒါးမြကို နိုင်ငံသားအဖြစ်က ပယ်ဖျက်ကြောင်း ထိုင်းက ထုတ်ပြန်လာတဲ့စာကိုတွေ့ရစဉ်
စောနယ်ဒါးမြသည် KNU လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)မှာ စစ်ဦးစီးချုပ် တာဝန် ထမ်းဆောင်ခဲ့ပြီးမှ အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြင့် ထုတ်ပယ်ခံရပြီးနောက် ကော်သူ လေးတပ်မတော်(KTA)ကို ဖွဲ့စည်းခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သလို KNU တပ်မဟာ(၄)နှင့်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
အလားတူ ကော်သူလေးအစိုးရကိုလည်း ဖွဲ့စည်းထားပြီး သမ္မတအဖြစ် တာဝန်ယူလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 271
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၇
ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတွင် ဖွင့်လှစ်ထားသော Grand Andaman သူဋ္ဌေကျွန်း ဟိုတယ်ပိုင်ရှင် ဦးကျော်လွင်ကို တရားမဝင် အွန်လိုင်းလောင်းကစားများ လုပ်ဆောင်နေခြင်းကြောင့် နစက-က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ဖမ်းဝရမ်းထုတ်ခဲ့သည်။
ဦးကျော်လွင်သည် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ပိတောက်လမ်း၊ အမှတ် ၂၅၀ တွင် နေထိုင်ပြီး တရားမဝင် အွန်လိုင်း လောင်းကစားမှုများ ပြုလုပ်ခြင်း၊ ယင်းတရားမဝင် လောင်းကစားမှုများမှ ရရှိသော ငွေကြေးများ၊ ပစ္စည်းများကို အသွင်ပြောင်းလဲခြင်း၊ ဖုံးကွယ်ခြင်းများ ပြုလုပ်သည်ဟု သံသယဖြစ်ဖွယ် ရာ တွေ့ရှိရခြင်းများကြောင့် ကော့သောင်းခရိုင်တရားရုံးက ဖမ်းဝရမ်း ထုတ်ခဲ့သည်။
ဦးကျော်လွင်သည် အွန်လိုင်းငွေကြေး ခဝါချမှုနှင့် ရေနံတင်ပို့မှု အခွန်ရှောင်မှုတို့ဖြင့် ထိုင်းအစိုးရကလည်း ဖမ်းဆီးရ ရှာဖွေလျက်ရှိသည်။
ဦးကျော်လွင် ပိုင်ဆင်မှုတွေကို ထိုင်းက သိမ်းနေစဉ်
ထို့နောက် ထိုင်းရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နှင့် ရနောင်းမြို့များရှိ ဦးကျော်လွင် ပိုင်ဆိုင်သော နေအိမ်များသို့ ဝင်ရောက်စီးနင်းရှာဖွေကာ ပိုင်ဆိုင်မှုများနှင့် ထိုင်းဘတ်ငွေ ၁၀ ဘီလီယံကို သိမ်းဆည်းခဲ့သည်။
ထိုင်း-မြန်မာ နယ်စပ်အနီးရှိ တရားမဝင် အွန်လိုင်းလောင်းကစား လုပ်ငန်းများကို နှိမ်နင်းသွားမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းဘုရင့်တပ်မတော် စစ်ဦးစီးချုပ်တို့ကြား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ဆွေးနွေးထားကြသည်။
ထို့နောက် ခရိုနီသူဋ္ဌေးကြီးများကို ဖမ်းဆီးနိုင်ရေး လုပ်ဆောင်လာခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 247
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၇
ယခု ၂၀၂၄ ခုနှစ်ကို မြန်မာ့တပ်မတော်အား အပြီးတိုင်ချေမှုန်းမည့် မှတ်တိုင်နှစ်ဖြစ်ကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ(NUG)၏ ပြည်ထောင်စုဝန်ကြီး မန်းဝင်းခိုင်သန်းက ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားသွားသည်။
တပ်မတော်အလွန် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများ တည်ငြိမ်စေရေးနှင့် အသွင်ကူးပြောင်းရေးကာလ ချောမွေ့စွာ ရောက်ရှိပြီး ကျူးလွန်သူများအား တရားစီရင်နိုင်ရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
မန်းဝင်းခိုင်သန်းက “၂၀၂၄ ခုနှစ်၊ စစ်ကောင်စီကို အပြီးတိုင်ချေမှုန်းမယ့်နှစ်မှာ ကျနော်တို့ ရှင်းလင်းပြီး မဟာမိတ်များ ပိုမိုအင်အားကောင်းလာရေး၊ တော်လှန်ရေးအတွက် ရင်ဘတ်ချင်းတူ ရည်ရွယ်ချက်ချင်းတူတဲ့ အင်အားတူအားလုံးနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီအတွက် အခြေခံအုတ်မြစ်များ တည်ဆောက်နိုင်ရေး၊ စစ်ကောင်စီအလွန် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများ တည်ငြိမ်စေရေး၊ အသွင်ကူးပြောင်း ရေးကာလ ချောမွေ့စွာရောက်ရှိပြီး ကျူးလွန်သူများကို တရားမျှတမှုအတွက် လူထုထိခိုက်မှုများ ပြန်လည်ကုစား နိုင်ရေးအတွက် တရားစီရင်နိုင်ရေးတို့ကို ကြိုးစားဆောင်ရွက်သွားမယ် ဆိုတာကိုလည်း ပြည်သူ့ကိုယ်စားလှယ် ကြီးများ ရှေ့မှောက်မှာ ကတိပြု ပြောကြားလိုပါတယ်။ အထက်ပါ တင်ပြခဲ့သလို ၂၀၂၁ ဆန့်ကျင်ရေး၊ ၂၀၂၂ အခိုင်အမာ၊ ၂၀၂၃ စုစည်းအပြီးမှာ ၂၀၂၄ ခုနှစ်မှာတော့ အကြမ်းဖက် စစ်အာဏာရှင်စနစ် အပြီးသတ်ချေမှုန်းမယ့် မှတ်တိုင်နှစ်အဖြစ် မဟာမိတ်များနှင့် အားလုံးအတူတကွ အစွမ်းကုန် ပူးပေါင်းဆောင်ရွက် သွားကြဖို့ရန် ကျနော် တို့ အစိုးရမှ အသင့်ဖြစ်နေပြီဖြစ်ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စား လေးလေးနက်နက် ကတိပြု ပြောကြားရင်း နိဂုံးချုပ်ပါတယ်” ဟု ပြောသည်။
NUG အဖွဲ့ကိုတွေ့ရစဉ်
ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်နေ့က NUG မှ ထုတ်ပြန် ကြေညာခဲ့သော ဘုံသဘောထားရပ်တည်ချက်တွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့ ပါဝင်သည်။
အဆိုပါ ဘုံသဘောတူညီချက်ကို [K3C] ဟုခေါ်သော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) စသော တိုင်းရင်းသား မဟာမိတ် အစုအဖွဲ့များကြားတွင် သဘောတူညီချက်အားဖြင့် ရရှိထားသည့်အချက်များ ဖြစ် ကြောင်း၊ ဆက်လက်၍ တိုင်းရင်းသား မဟာမိတ်အဖွဲ့အစည်းများ စုရုံးသဘောတူညီစေမှုကို ဆက်လက် ကြိုးပမ်းရမှာဖြစ်ကြောင်း NUG ၏ ယာယီသမ္မတဒူဝါလရှီးလက ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်မှ အာဏာရယူပြီးနောက် ဆန့်ကျင်ဆန္ဒပြမှုနှင့်အတူ လက်နက်ဆွဲကိုင် တော်လှန်မှုကို ဒီမိုကရေစီအင်အားစုများက ဆင်နွှဲခဲ့ကြသည်။
ပြည်သူလူထု၏ ဆင်းရဲဒုက္ခကို ငှဲ့ညာ၍ အဖြေတစ်ခုကို ရစေလိုကြောင်း၊ ပြည်သူလူထုများမှာ အကျပ်အတည်း အမျိုးမျိုးကို ရင်ဆိုင်နေကြရကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာ့တပ်မတော်ကို တွေ့ရစဉ်
၎င်းက “ကြွေးကြော်သံဆိုတာကတော့ ဒီလိုပဲပေါ့၊ ဒီလိုပဲ ကြွေးကြော်ကြရတာပဲလေ၊ ဒါပေမဲ့လို့ တကယ့် လက်တွေ့နဲ့ကြ အဲဒါက ဖြစ်ချင်လည်း ဖြစ်သွားနိုင်တယ်ပေါ့နော်၊ ဖြစ်သွားနိုင်စရာ အကြောင်းတွေလည်း ရှိတာပေါ့၊ နောက်မဖြစ်နိုင်တဲ့ အကြောင်းလေးတွေကလည်း သူ့ဖက်ကိုယ့်ဖက် ရှိတာပေါ့နော်၊ အဲဒါတော့ ကျနော်တို့တော့ ဘယ်ပါတီဝင်မှ မဟုတ်ဘူးဆိုတော့ ကြားကလူတွေ အမြင်နဲ့ကတော့ အဖြေတစ်ခု ရစေချင်တာ ပေါ့နော်၊ အဖြေတစ်ခုရပြီးတော့ တိုင်းသူပြည်သားတွေ မျက်နှာကို ငှဲ့စေချင်တာပေါ့နော်၊ ငှဲ့စေချင်တယ်။ တိုင်းသူ ပြည်သားတွေ အရမ်းဆင်းရဲ ဒုက္ခရောက်နေတယ်၊ တစ်ဖက်ကလည်း သေဘေးအန္တရာယ်က ပုံသဏ္ဍန်မျိုးစုံနဲ့ သေဘေးနဲ့ ရင်ဆိုင်နေရတယ်၊ အငတ်ဘေးနဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒီအခါမှာ စိတ်မကောင်းဘူးပေါ့နော်၊ အဲဒီလိုတော့ ရှိပါတယ်” ဟု ပြောသည်။
လက်ရှိတွင် တိုင်းပြည်တစ်ဝှမ်း မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့၊ ပြည်သူ့ ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
အဆိုပါ တိုက်ပွဲများကြောင့် ပြည်သူလူထုများမှာ စီးပွားရေးအကျပ်အတည်း၊ ခရီးသွားလာမှု အခက်အခဲ၊ မလုံခြုံမှုများ နေ့စဉ်နှင့်အမျှ ခံစားနေကြရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 230
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၆
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင်(NSCN-K/YA)အဖွဲ့မှ ဗိုလ်မှူးကြီးဝင်ရမ်းသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်နေ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ကွယ်လွန်သွားကြောင်း NSCN-K/YA မှ ထုတ်ပြန်ခဲ့သည်။
ဗိုလ်မှူးကြီးဝင်ရမ်းသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ကျန်းမာရေး မကောင်းသည့်အတွက် ဆေးကုသမှု ခံယူနေရင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။
NSCN-K/YA တွင် ဗိုလ်မှူးကြီးဝင်ရမ်းသည် ဒုတိယအတွင်းဝန်ဖြစ်ပြီး ၁၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ထို့ကြောင့် NSCN-K/YA က အလွန်ဝမ်းနည်းပူဆွေးကြောင်း၊ ဗိုလ်မှူးကြီးဝင်ရမ်းသည် နာဂလူမျိုးများအတွက် နောက်ဆုံးထွက်သက်အထိ ရဲစွမ်းသတ္တိအပြည့်ဖြင့် တာဝန်ထမ်းဆောင်သွားခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ဗိုလ်မှူးကြီးဝင်ရမ်း ကွယ်လွန်မှု NSCN-K/YA က ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်ကို တွေ့ရစဉ်
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီကို ၁၉၈၀ ခုနှစ်က စတင် ထူထောင်ခဲ့ရာမှ ခေါင်းဆောင်များဖြစ်သည့် ကပ္ပလန်၊ အိုက်ဇက်၊ ဗွီဗားတို့ကြား သဘောထား ကွဲလွဲ၍ ၁၉၈၉ တွင် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်(NSCN-K)နှင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-အိုက်ဇက်/ဗွီဗား(NSCN-IM)ဆိုပြီး ၂ ဖွဲ့ကွဲသွား သည်။
NSCN-K သည် မြန်မာပြည်မှာ အခြေစိုက်ပြီး NSCN-IM ကတော့ အိန္ဒိယဘက်မှာ အခြေစိုက်၍ နာဂနိုင်ငံရေး ကို ဆောင်ရွက်ကြသည်။
ထို့နောက် NSCN-K ဥက္ကဋ္ဌ ကပ္ပလန်သည် ၂၀၁၇ ခုနှစ်မှာ ကွယ်လွန်သွားခဲ့သည့်အတွက် ဒုဥက္ကဋ္ဌ ဦးခမ်းငေါ် (Khango Konyak)ကို ၂၀၁၈ ခုနှစ်မှာ ဥက္ကဋ္ဌအဖြစ်တင်မြှောက်ပြီး မကြာခင် သြဂုတ် ၁၇ ရက်နေ့တွင် ပြန်လည် ဖြုတ်ချ၍ ဦးယုံးအောင်ကို ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့သည်။
NSCN-K/AM အဖွဲ့ခေါင်းဆောင် အန်းမိုင်ကို တွေ့ရစဉ်
ထို့နောက် ၂၀၂၀ ခုနှစ်၊ ဇူလိုင် ၂၉ ရက်တွင် ဦးယုံးအောင်သည် NSCN-K/YA အဖွဲ့ကနေ ဒုစစ်ဦးစီးချုပ် နီကီဆူမီ၊ ဝန်ကြီး စတားဆမ်၊ စစ်ဦးစီးချုပ် ညမ်လန်တို့ကို ထုတ်ပယ်လိုက်သည့်အတွက် နီကီဆူမီက SNCN-K/ NK ဆိုသော အဖွဲ့အား ထူထောင်၍ အိန္ဒိယအစိုးရနှင့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၈ ရက်မှာ ငြိမ်းချမ်းရေးယူ သွားခဲ့သည်။
အလားတူ ၂၀၂၃ ခုနှစ်အတွင်းမှာလည်း ပြည်ထဲရေးဝန်ကြီး အန်းမိုင်ကို NSCN-K/YA က ထုတ်ပယ်လိုက်သည့် အတွက် NSCN-K/AM ဆိုသော အဖွဲ့ကိုထူထောင်၍ အန်းမိုင်က လှုပ်ရှားလျက်ရှိသည်။
ထို့အပြင် NSCN-K ထဲကနေ ထုတ်ပယ်ခံလိုက်ရသော ဦးအောင်ဆိုင်းနှင့် ဂျင်မီတို့ကလည်း အရှေ့နာဂကာ ကွယ်ရေးတပ်မတော်(ENDA/ENNO)ဆိုသော အဖွဲ့ကို ထူထောင်၍ လှုပ်ရှားလျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 320
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၆
ယခုနှစ်အတွင်း နစကကို တော်လှန်ရေးအင်အားစုများက ဘယ်လိုပုံစံဖြင့် ဖိအားပေးလာနိုင်သလဲဆိုသည့်အပေါ် နိုင်ငံရေး၊ စစ်ရေးကျွမ်းကျင်သူများက သုံးသပ်ဆွေးနွေးလျက်ရှိနေသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နှစ်ကုန်ပိုင်းမှ စတင်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တော်လှန်ရေး ပူးပေါင်းတပ်တို့က မြန်မာ့တပ်မတော်၏ စစ်စခန်း၊ စခန်းကုန်းများနှင့် မြို့အချို့ကို သိမ်းယူနိုင်ခဲ့သည်။
ယခုနှစ်တွင် တော်လှန်ရေးအင်အားစုများက မြို့လတ်နှင့် မြို့ငယ်များကို သိမ်းယူလာနိုင်ကြောင်း၊ စစ်ကြောင်း အားလုံး နေပြည်တော်သို့ ချီတက်ကြဆိုသည့် ကြွေးကြော်သံလည်း ထုတ်ထားကြောင်း မြန်မာ့နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၎င်းက “အခုကတော့ အဲဒီအဆင့် ကနေပြီးတော့ မြို့လတ်နဲ့ မြို့ငယ်တွေ သိမ်းတာပေါ့ဗျာ၊ ဒီလာမယ့် နှစ်ထဲမှာ တော့ မြို့လတ်နဲ့ မြို့ကြီးတွေ သိမ်းမယ့် စစ်ဆင်ရေးတွေ ကျနော်တော့ ထင်ပါတယ်ခင်ဗျ၊ အဲဒါတော့ မြို့လတ်တွေ တကယ်လို့ မြို့လတ်တွေ လွယ်လွယ်ကူကူနဲ့ ရရှိပြီးတော့ စစ်ကောင်စီတပ်ရဲ့ ပြိုကွဲမှုက ဒီထက်ပိုမြန်ဆန်လာရင် တော့ အဲဒီအထိ သွားကြမှာပေါ့ဗျာ၊ စစ်ကြောင်းအားလုံး နေပြည်တော် ချီတက်ကြဆိုတာ သူတို့ ကြွေးကြော်သံ ထုတ်ထားတာ အဲဒီလိုပဲ လုပ်ကြမှာပါ” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကို နွေဦးတော်လှန်ရေး၏ အဆုံးအဖြတ်နှစ်ဟု ကြွေးကြော်ခဲ့သော်လည်း တစ်ဖက်နှင့် တစ်ဖက် အပြတ်အသတ် အနိုင်ယူနိုင်ခဲ့ခြင်း မရှိသည်ကို တွေ့ရသည်။
သို့သော်လည်း ညီနောင်မဟာမိတ်သုံးဖွဲ့က အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးပြီးနောက် မြို့ပေါင်း ၃၉ မြို့အား တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း အသီးသီး သတင်းထုတ်ပြန်လာ ခဲ့ကြသည်။
လက်ရှိတွင် ပြည်သူလူထုများအနေဖြင့် ငွေကြေးဖောင်းပွမှုကြောင့် ကုန်ဈေးနှုန်း မြင့်တက်လာသလို တော်လှန် ရေးအင်အားစုများ၏ လမ်းပိတ်ဆို့မှု၊ ငွေကြေးကောက်ခံမှုများကြောင့် အကျပ်အတည်းများဖြင့် ကြုံတွေ့နေကြ ရကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) မှ ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။
ချင်းတပ်ဖွဲ့ကို တွေ့ရစဉ်
၎င်းက “ကျနော်တို့ မြင်တာကတော့ ဒီလို ဒုက္ခတော့ ပေးနိုင်တာပေါ့ကွာ၊ ဒါပေမဲ့ ဟိုဖက်ကို တအားကြီး ဟိုဖြစ် အောင်တော့ သူတို့လည်း မလုပ်နိုင်ပါဘူး။ မလုပ်နိုင်ဘူးဆိုတာ သူတို့ ရှင်းရှင်းပြောမယ်ဆိုရင်တော့ ဘာပဲလုပ်လုပ် ငွေရေးကြေးရေးက အရေးကြီးတာပဲ၊ ငွေရေးကြေးရေးက အခုတောင်မှ ပြည်သူတွေက တော်တော်လေး ညည်းပြီ လေ၊ သူတို့ကို ထောက်ပို့လုပ်တဲ့ သူကလည်း ညည်းလာပြီ။ ထောက်ပို့ မလုပ်တဲ့သူကလည်း ဒါကို ရှင်းရှင်းပြောရ မယ်ဆိုရင် ကုန်ဈေးနှုန်းတွေ မြင့်လာတဲ့အခါကြတော့ တစ်ဖက်က ငွေကြေးဖောင်းပွမှုကြောင့် မြင့်လာတာ တစ်မျိုး၊ သူတို့တွေ အခွန်ကြေး၊ ဆက်ကြေးကောက်ပြီးမှ မြင့်တာက တစ်မျိုးဆိုတော့ ပြည်သူတွေက ညည်း လာပြီလေ၊ ဒီလို ဆက်သွားနေရင်တော့ ပြည်သူ ပိုပြီးမှ ညည်းမှာပေါ့။ ပြည်သူမပါတဲ့ အလုပ်မျိုးကတော့ အောင်မြင်မှာတော့ မဟုတ်ဘူးလို့ မြင်တာပေါ့လေ” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က တပ်မတော်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုကို မဖြေရှင်းပေးဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟု ဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာကာ တာဝန်ယူလျက်ရှိနေသည်။
ထို့နောက် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့၊ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့အကြား နိုင်ငံတစ်ဝှမ်းတိုက်ပွဲများ ဖြစ်ပွားလာပြီး တိုင်းပြည်၏ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးများမှာ အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 295
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၅
ကရင့်အမျိုးသားအစည်းအရုံး (KNU) ၏ တော်လှန်ရေးကာလမှာ အဖွဲ့အစည်းအတွင်း အကွဲအပြဲများ ဖြစ်ပေါ်ခဲ့ပြီး စိန်ခေါ်မှု ကြီးမားခဲ့ကြောင်း KNU မှ အတွင်းရေးမှူး (၂) ပဒိုစောလှထွန်းက ပြောသည်။
KNU ၏ (၇၅) နှစ်မြောက် စိန်ရတု ကရင်တော်လှန်ရေးနေ့မှ တော်လှန်ရေး ဖြတ်သန်းမှု အတွေ့အကြုံနှင့် ပတ်သက်၍ ပြောကြားခဲ့ရာမှာ အခြားသော တော်လှန်ရေးအဖွဲ့အစည်းများနှင့် မတူညီဘဲ အကွဲကွဲ အပြဲပြဲ ဖြစ်ခဲ့ကြောင်း ၎င်းက ပြောသည်။
ပဒိုစောလှထွန်းက “၇၅ နှစ်တာကာလမှာ ကျနော်တို့ ကရင်အမျိုးသားတွေဟာ တော်လှန်ရေးကို ကရင့်အမျိုးသား လွတ်မြောက်ရေးအတွက် သော်လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများ လွတ်မြောက်ရေးအတွက် သော်လည်း ကောင်း၊ မြန်မာနိုင်ငံ ဒီမိုကရေစီ တည်ဆောက်နိုင်ရေးအတွက် သော်လည်းကောင်း၊ အစဉ်တစိုက် စွမ်းစွမ်းတမံ ကြိုးစား တိုက်ပွဲဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုမျိုး တိုက်ပွဲဝင်တဲ့နေရာမှာ စိန်ခေါ်မှုတွေ အများကြီး ရှိခဲ့တယ်၊ ကြမ်းတမ်းခက်ထန်မှုတွေ အများကြီးရှိခဲ့တယ်၊ အသက်သွေးကြွေး ခန္ဓာအများကြီး ပေးဆပ်မှုတွေ ရှိခဲ့တယ်၊ အဖွဲ့အစည်းတွင်းမှာ အကွဲကွဲ အပြဲပြဲတွေ ဖြစ်ပေါ်လာတဲ့အထိ စိန်ခေါ်မှု ကြီးမားခဲ့ရတယ်၊ ဖြတ်သန်းမှု ရှိခဲ့ရတာ ဖြစ်ပါတယ်။ KNU ကရင့်အမျိုးသားအစည်းအရုံးရဲ့ ကရင့်တော်လှန်ရေး သက်တမ်းကာလမှာ အခြားသော အဖွဲ့ အစည်းတွေနဲ့ မတူတဲ့ အကွဲကွဲ အပြဲပြဲဖြစ်မှုဟာ အများဆုံးနဲ့ အကွဲကွဲ ဖြစ်မှုဒဏ်ကိုလည်း KNU ကရင့်အမျိုးသား အစည်းအရုံးက မိခင်လို ခုနက သဘောထားပြီးတော့ ကြံ့ကြံ့ခိုင် တွန်းလှန်ရင်းနဲ့ ဒီစိန်ခေါ်မှုတွေကိုလည်း ကျော်လွှားခဲ့ရတာ ဖြစ်ပါတယ်” ဟု ပြောသည်။
KNU အတွင်းရေးမှူး(၂) ပဒိုစောလှထွန်းကို တွေ့ရစဉ်
ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ၏ စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြသည် KNU မှ တာဝန်များ ရပ်ဆိုင်းခံရပြီးနောက် ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၆ ရက်နေ့က ကော်သူးလေတပ်မတော်ကို တည်ထောင် ကြောင်း ကြေညာခဲ့သည်။
ထို့နောက် KNU တပ်မဟာ ၄ နှင့် ကောင်သူးလေတပ်မတော်တို့အကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အချင်းချင်း ရန်မူတိုက်ခိုက်နေမှုများ အမြန်ဆုံး အဆုံးသတ်ပေးရန် နိုင်ငံတကာကရင်အဖွဲ့အစည်း (IKO) က တောင်းဆိုခဲ့ရသည်။
၁၉၉၄ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA) သည် KNU အဖွဲ့မှ ခွဲထွက်ခဲ့ ပြီး ငြိမ်းချမ်းရေးယူခဲ့သလို ၂၀၀၇ ခုနှစ်တွင်လည်း KNU တပ်မဟာ ၇ မှ တပ်ဖွဲ့များသည် အစိုးရနှင့် ငြိမ်းချမ်းရေး လက်မှတ်ထိုးခဲ့ကာ ကရင့်အမျိုးသားအစည်းအရုံး/ ကရင့်အမျိုးသားလွတ်မြောက်ရေး တပ်မတော်/ ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA/PC) ကို ဖွဲ့စည်းခဲ့သည်။
DKBA ခေါင်းဆောင်တွေကို တွေ့ရစဉ်
ကရင်လက်နက်ကိုင် တပ်ဖွဲ့အချင်းချင်းကြား ပြန်လည်ပူးပေါင်းနိုင်ရေး ကြိုးပမ်းမှုများ ရှိနေကြောင်း ကရင်အမျိုး သား ဒီမိုကရတ်တစ်ပါတီမှ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူတို့ သဘောထားတွေက မတူကြဘူးလေ၊ KNU ထဲမှာပဲ နယ်ဒါးမြတို့ ခွဲထွက်သွားတယ်၊ ကျန်တဲ့ ခရိုင် ၇ ခုကလည်း ၆ ခရိုင်က တစ်မျိုး၊ ၁ ခရိုင်က တစ်မျိုး ဖြစ်နေတယ်၊ အဲဒါကို ကျနော်တို့အနေနဲ့ကတော့ ဘယ်လိုမှ သုံးသပ်လို့မရဘူး။ ဒါပေမဲ့ သူတို့တော့ ကြိုးစားနေတယ်၊ နဂိုတုန်းက ဒီ ၆ ခရိုင်နဲ့ ၁ ခရိုင် KNU အတွင်းမှာ မဖြစ်ခင်ကတည်းကိုက ကျန်တဲ့ PC တို့၊ DKBA တို့၊ BGF တို့နဲ့ ကရင်အချင်းချင်း သဘောထားတိုက်ဆိုင်ဖို့ သူတို့ ကြိုးစားနေသေးတယ်၊ အဲဒါလည်း အခုလည်း ဆက်ပြီးကြိုးစားနေတာပဲ၊ အဖြေကတော့ မပေါ်သေးဘူးပေါ့လေ၊ ဘယ်တော့ ပေါ်လာမလဲဆိုတာ စောင့်ကြည့်ရတဲ့ အနေအထားမျိုးတော့ ရှိမှာပေါ့” ဟု ပြောသည်။
လက်ရှိတွင် ကရင်လက်နက်ကိုင်တပ်ဖွဲ့များ အနေဖြင့် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီ အကျိုး ပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်/ ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA/PC)၊ ကော်သူးလေတပ်မတော်နှင့် ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော ကရင်ပြည်နယ် နယ်ခြား စောင့်တပ် (BGF) တို့ ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 349
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ၏ အုပ်ချုပ်မှုနယ်မြေအတွင်း အရပ်သားများကို သစ်ခိုးထုတ်ခိုင်းပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့က နယ်မြေချဲ့ထွင်လာကြောင်း SNA မှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
SNA ထိန်းချုပ်နယ်မြေ ဗန်းမောက်ဒေသအတွင်းသို့ လုပ်ငန်းရှင်၊ KIA၊ PDF တို့ ပူးပေါင်းပြီး ရွှေကူမြို့နယ်၊ ဗန်းမော်မြို့နယ်မှ ဒေသခံများကို သစ်ခိုးထုတ်ခိုင်းခဲ့ကြောင်း ကာယကံရှင်များက ပြောသည်။
လက်ရှိ နိုင်ငံရေး အခြေအနေများကြောင့် အလုပ်အကိုင် ရှားပါးနေသည့်အတွက် သစ်ခုတ်ရန်ကိစ္စကို လက်ခံခဲ့ ကြောင်း၊ SNA နယ်မြေတွင် သစ်ထုတ်ရမည်ကို မသိရှိခဲ့ကြောင်း သစ်ခိုးထုတ်ရန် လာစဉ် SNA ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသူတစ်ဦးက ပြောသည်။
၎င်းက “ကျနော်တို့ ဗန်းမော်က ကိုတူးကနေပြီးတော့မှ ဖုန်းဆက်ပြီးမှ မင်းတို့ အလုပ်လိုက်မလားပေါ့၊ အဲဒါမျိုး မေးတော့ ကျနော်တို့လည်း လိုက်မယ်ပေါ့၊ အလုပ်မရှိတော့ အဲဒါလည်း ကျနော်တို့လည်း အိမ်မှာ မိသားစုတွေ ရှိတယ်၊ စားဝတ်နေရေးကလည်း သိပ်အဆင်ပြေတာ မဟုတ်ဘူး။ ပိုက်ဆံလေးတော့ လုပ်ပေးမှလို့ အဲဒါမျိုး ကျနော်တို့ကပြောတော့ သူတို့ကလည်း အဲဒါဆိုလည်း ရတယ်ပေါ့၊ မင်းတို့ ဘယ်လောက်လိုသလဲ လိုသလောက် ကိုပြော ကျနော်တို့လည်း မိသားစု အတိုင်းအတာနဲ့ဆိုတော့ အိမ်မှာလည်း ပေးထားစေချင်တယ်၊ ကျနော်တို့ တောထဲကိုလည်း လမ်းစရိတ်ကလေး နည်းနည်းပါးပါး ယူခဲ့ချင်တယ်၊ သူက ငွေလာယူပေါ့၊ ဗန်းမော်မှာ အဲဒါ ကျနော်တို့က ဗန်းမော်မှာ ငွေတက်ယူရတာ” ဟု ပြောသည်။
KIA-PDF တပ်ဖွဲ့ကိုတွေ့ရစဉ်
လုပ်ငန်းရှင်၊ KIA၊ PDF တို့မှ စေလွှတ်၍ သစ်ခိုးထုတ်ခိုင်းသူများကို SNA ၏ တပ်မဟာ ၆၁၄ ထိန်းချုပ်နယ်မြေ ဗန်းမောက်မြို့နယ်ထဲမှာ ဖမ်းဆီးရမိထားကြောင်း၊ နို့ဆို့အရွယ် ကလေးငယ် အပါအဝင် စုစုပေါင်း ၂၅ ဦးရှိကြောင်း၊ ထို ၂၅ ဦးတွင် အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၅ ဦး၊ ကလေးငယ် ၄ ဦး ပါဝင်ကြောင်း သိရသည်။
၎င်းတို့ သစ်ခိုးထုတ်မည့် နေရာမှာ လူသူအရောက်အပေါက်နည်းသလို လမ်းများလည်း ကောင်းမွန်ခြင်း မရှိကြောင်း၊ နေရပ်ပြန်ရန်အတွက် ပြောဆိုရာတွင်လည်း လုပ်ငန်းရှင်များက ၎င်းတို့၏ မှတ်ပုံတင်နှင့် ကိုယ်ရေး အချက်အလက်များအား KIA၊ PDF များကိုပေးကာ ဖြတ်သန်းသွားလာခွင့်ကို ပိတ်ပင်ထားကြောင်း ဖမ်းဆီးခံခဲ့ရသူ တစ်ဦးက ပြောသည်။
၎င်းက “လမ်းကောင်းတယ်၊ နီးတယ်ဆိုပြီးမှ ကျနော်တို့ကို ခေါ်ခဲ့တာဗျ၊ ကားလမ်းလည်း ထိုးထားပြီးပြီတဲ့ အလုပ်လည်း လုပ်လိုက်ရုံပဲဆိုပြီး ကျနော်တို့ ရောက်ရောက်ချင်း လုပ်လိုက်ရုံပဲဆိုပြီး ခေါ်ခဲ့တာဗျ၊ ဒီရောက်တော့ ကျနော်တို့ တစ်လကျော်ကြီးတောင် နေနေရတာဗျ၊ နေနေရတာ၊ နောက်မှ လမ်းထိုးထားပြီးပြီ တက်ရအောင် ဆိုပြီးမှ ကျနော်လည်း အိမ်က မိန်းမတွေ ပါတဲ့ဟာတွေကို နေထားအုံးဆိုပြီး လမ်းကြောသွားကြည့်ဦးမယ်ဆိုပြီး သွားတော့ လမ်းလည်း မကောင်းတော့ ပြန်လှည့်ပြီးတော့ သူတို့က တားထားတာဗျ၊ ပိုက်ဆံကို ပြန်ဆပ်ပေးမယ်၊ အိမ်ရောက်ရင် ကျနော်တို့ မလုပ်ချင်တော့ဘူးလို့ ပြောတာကို အဲဒါကို ကျနော်တို့ကို မပြန်ခိုင်းတော့တာဗျ၊ အဲဒါဆို အကြွေးကျေအောင် လုပ်သွားဦးဆိုမှ ဟုတ်ပြီ။ အကြွေးကျေရင် ပြန်သွားလို့ရလားဆိုတော့ ရတယ်၊ အဲဒါဆို ကျနော်တို့ တက်ပေးမယ်ဆိုပြီးမှ တက်လာတာဗျ၊ တစ်ညပဲ အိပ်ရသေးတယ်၊ နောက်ရက်တော့ လာဖမ်းတာပဲဗျ၊ တဲလေးဆောက်ပြီးတော့ တစ်ညပဲ အိပ်ရသေးတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်းက ဗန်းမောက်မြို့နယ်အတွင်းရှိ SNA ၏ ရှေ့တန်းစခန်းတစ်ခုကို KIA၊ PDF မှ အင်အား ၂၀၀ ခန့်ဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် လက်ရှိတွင်လည်း မကြာခဏ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရှိခဲ့သည်။
SNA တပ်ဖွဲ့ကို တွေ့ရစဉ်
ဖမ်းဆီးခံခဲ့ရသူ တစ်ဦးက “ကျနော်တို့လည်း အလုပ်မရှိလို့ ဒီကိုလိုက်လာလိုက်တာ၊ အလုပ်က အားလုံး အဆင်ပြေ တယ်၊ ရောက်တာနဲ့ တစ်ခါတည်း တန်းလုပ်ရမယ်ပေါ့၊ သူတို့ ခေါ်ခဲ့တာ၊ အဲဒါနဲ့ ကျနော်တို့ လိုက်ခဲ့တဲ့အခါကြ တော့ ဒီရောက်တော့ ရက်ပေါင်း ၂၅ ရက် ၁ လနီးပါး ကျနော်တို့ ထိုင်စောင့်နေရတာဗျ၊ စောင့်နေရတော့ ကျနော် တို့လည်း မစောင့်နိုင်တဲ့အခါကြတော့ ပြန်ဖို့ပြောတော့ လက်မခံဘူးဗျ၊ တုံးခွဲဖို့နေရာ ဆရာတို့ နယ်နိမိတ်နဲ့ နေရာ ကို တုံးခွဲဖို့ မိသားစုကို မခေါ်ဘဲနဲ့ ကျနော်တို့ဟာ ကျနော်တို့ တစ်ယောက်ထဲ တစ်ယောက်ကို ဆိုင်ကယ်တစ်စီးဆီ နဲ့ လမ်းသွားကြည့်တာဗျ၊ လမ်းသွားကြည့်တော့ လမ်းမကောင်းတဲ့အခါကြတော့ မတရားကြီးဝေးလို့ မိသားစုနဲ့ အဆင်မပြေဘူး။ တစ်ယောက်ထဲတောင် ဆင်းတွန်း၊ ဝိုင်းပြီးတွန်းတက်ရတဲ့ဟာကို အဆင်မပြေဘူး၊ ပြန်မယ်လို့ ပြောတဲ့ အခါကြတော့ ဂိတ်တွေကို သူတို့ ပိတ်ထားပြီး ကျနော်တို့ကို မပြန်ခိုင်းတာဗျ။ ကျနော်တို့က ပိုက်ဆံ ပြန်အမ်းမယ်၊ ကျနော်တို့ ပြန်မယ်ဆိုတော့ မရဘူးဗျ သူတို့က အဲဒါကျနော်တို့ အခုလိုမျိုး ဖြစ်သွားတာဗျ၊ သူတို့က PDF ဂိတ်တွေကို ကျနော်တို့ မပြန်ရအောင် စာရွက်တွေနဲ့ ကျနော်တို့ မှတ်ပုံတင်တွေနဲ့ မှတ်ပုံတင်နံပါတ်တွေကို ပေးထားတာဗျ၊ ဂိတ်တိုင်း ဂိတ်တိုင်းကို” ဟု ပြောသည်။
SNA ထိန်းချုပ်ရာ နယ်မြေအတွင်း နောင်တွင် သစ်ခိုးထုတ်မှု မပြုလုပ်ရန်နှင့် ဖမ်းဆီးရမိသူများအားလုံးကို ပြန်လွတ်ပေးမှာဖြစ်ကြောင်း၊ လောလောဆယ် ဖမ်းမိထားသူများကို ကျွေးမွေးစောင့်ရှောက်ထားကြောင်း SNA မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် စစ်ကိုင်းတိုင်းဒေသကြီးတွင် ပါဝင်နေသည့် မော်လိုက်ခရိုင်၊ ကလေး ခရိုင်၊ ခန္တီးခရိုင်၊ ဟုမ္မလင်းခရိုင်၊ ကသာခရိုင်၊ တမူးခရိုင်နှင့် ကချင်ပြည်နယ်အတွင်း ပါဝင်နေသော ဗန်းမော်ခရိုင်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ မိုးကောင်း ဒေသတို့ကို စုစည်း၍ ရှမ်းနီပြည်နယ် ပြန်လည်ရရှိရေး ကြိုးပမ်း နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်သည်။