- By CNI
- Category: နိုင်ငံရေး
- Hits: 688
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၈
မြန်မာနိုင်ငံတွင် တိုင်းရင်းသားများသည် ခွဲထွက်ရေးအတွက် တော်လှန်နေကြခြင်း မဟုတ်ကြောင်း တအာင်း အမျိုးသမီးအဖွဲ့အစည်း(TWO) ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ အားနည်းချက်ကြောင့် ပြည်နယ်များ ခွဲထွက်ခွင့် များ ဖြစ်ပေါ်လာရာမှ နိုင်ငံရေးပဋိပက္ခများ ပိုမိုကြီးမားလာခဲ့ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ၂၀၂၆ ခုနှစ်၊ မေလ ၂၆ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအတွင်း၌ အတူတကွနေထိုင်ပြီး၊ မိမိကံကြမ္မာကို လွပ်လပ်စွာ ဖန်တီးခွင့်၊ ပြဋ္ဌာန်းခွင့်တို့ ဖန်တီးချင် သည့်အတွက် တော်လှန်နေကြခြင်းဖြစ်ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO)၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒါ ကျမတို့က ခွဲထွက်ရေးဆိုတဲ့ စကားလုံးကိုတော့ မသုံးချင်ဘူးပေါ့နော်။ ဒါသည် ကျမတို့က ခွဲထွက်နေ တာ မဟုတ်ဘူး။ ပြည်ထောင်စုကနေပြီး ခွဲထွက်နေတာ မဟုတ်ဘူးပေါ့နော်။ ပြည်ထောင်စုအတွင်းမှာပဲ ကိုယ့်ရဲ့ တန်းတူရေး၊ လူမျိုးတန်းတူရေး၊ ဒီတိုင်းရင်းသားအခွင့်အရေး၊ ကိုယ့်ရဲ့ကံကြမ္မာကို လွတ်လပ်စွာ ဖန်တီးခွင့်၊ ပြဋ္ဌာန်း ခွင့်တွေနဲ့ပေါ့နော် ဖန်တီးချင်တာ ဖြစ်တယ်။ ပြည်ထောင်စုနဲ့အတူပဲ အဲဒီကိစ္စတွေ၊ တန်းတူရေးကိစ္စတွေ၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ ကိုယ့်ရဲ့ ဒီတန်းတူညီမျှခွင့်တွေ ဖန်တီးချင်တာ ဖြစ်ပါတယ်ပေါ့နော်။ ဒီခွဲထွက်ရေးဆိုတဲ့ စကားလုံး သုံးဆိုတာထက် ဘယ်တိုင်းရင်းသားမှ ခွဲထွက်သွားမယ်၊ ပြည်ထောင်စုကနေ ခွဲထွက်သွားမယ်ဆိုတဲ့ အနေအထား မျိုး၊ ရပ်တည်သွားတာမျိုးကလည်း သိပ်မရှိတာ တွေ့ရတယ်ပေါ့နော်။ အကုန်လုံးက ခုနတုန်းက ပြောသလို ကိုယ့် ရဲ့ လူမျိုးကို ကာကွယ်ဖို့အတွက်၊ ကိုယ့်ရဲ့လူထုရဲ့ အခွင့်အရေး အပြည့်အဝ ရရှိဖို့အတွက်၊ ကိုယ့်ရဲ့ လူထုအတွက် တရားမျှတမှုရ ရှိဖို့အတွက်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိဖို့အတွက် တော်လှန်နေကြတာလို့တော့ မြင်တယ်ပေါ့နော်။ အခု တိုင်းရင်းသားတွေ တော်လှန်ရေး ဝင်နေကြတာက ခွဲထွက်ရေး မဟုတ်ဘူးပေါ့နော်။ ပြည်ထောင်စု မြန်မာ နိုင်ငံ အတွင်းမှာပဲ အတူတကွ နေထိုင်ကြပြီးတော့ ကိုယ့်လူထု၊ ကိုယ့်ရဲ့လူမျိုးအတွက် အမျိုးသားတန်းတူရေး၊ နိုင်ငံရေးအရ တန်းတူရေး၊ ကိုယ့်ရဲ့ကံကြမ္မာကို လွပ်လပ်စွာ ဖန်တီးခွင့်၊ ပြဋ္ဌာန်းခွင့်၊ ဒီတရားမျှတခွင့်၊ ကိုယ့်ရဲ့ လူမျိုးကို ကာကွယ်ရေးပေါ့နော် အဲဒီဟာတွေကို ဖန်တီးချင်လို့ တော်လှန်နေကြတာ ဖြစ်တယ်ပေါ့နော်။ အကုန် လုံးက ခွဲထွက်ရေးအတွက် တော်လှန်နေကြတာ မဟုတ်ဘူးဆိုတဲ့ဟာကိုတော့ ပြောချင်ပါတယ်”ဟု ပြောသည်။

KIA ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်နဲ့ အိန္ဒိယ-တရုတ် ကိုယ်စားလှယ်များကို တွေ့ရစဉ်
တိုင်းရင်းသားများ၏ တော်လှန်ရေးသည် တိုင်းပြည်ကို အပိုင်းပိုင်း ခွဲထုတ်ရန် သို့မဟုတ် ခွဲထွက်ရန် ရည်ရွယ်ချက် မဟုတ်ကြောင်း၊ အဓိကအားဖြင့် အာဏာရှင်စနစ်ကို အမြစ်ဖြတ်ပြီး တိုင်းရင်းသား လူမျိုးပေါင်းစုံ တန်းတူညီမျှ ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အာဏာခွဲဝေမှုများ ပါဝင်သည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ရန် ရည်ရွယ်ချက်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ အားနည်းချက်မှာ ပြည်နယ်များအား စစ်မှန်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် နှင့် တန်းတူအခွင့်အရေးများ အပြည့်အဝ မပေးဘဲ ဗဟိုအာဏာချုပ်ကိုင်မှု များလွန်းခြင်း၊ လူမျိုးစုလွှတ်တော် (အထက်လွှတ်တော်)တွင် တိုင်းရင်းသားများအတွက် တန်းတူကိုယ်စားပြုခွင့် ကန့်သတ်ထားခြင်းတို့ကြောင့် ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
ထိုအားနည်းချက်များကြောင့် တိုင်းရင်းသားများအကြား စိတ်ဝမ်းကွဲမှုနှင့် မကျေနပ်မှုများဖြစ်ပေါ်ကာ ပြည်ထောင် စုမှ ခွဲထွက်ရေး ကြိုးပမ်းမှုများနှင့် လက်နက်ကိုင်ပဋိပက္ခများ ပေါ်ပေါက်လာရခြင်း ဖြစ်ကြောင်းလည်း ၎င်းတို့က ထောက်ပြကြသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အကုန်လုံး၏ သဘောထား ကြေညာစာတမ်းတွင် မည်သူကမျှ၊ မည် သည့် အဖွဲ့အစည်းကမျှ နိုင်ငံသစ် ခွဲထောင်မည်ဆိုသည့် ရည်မှန်းချက် မရှိကြောင်း ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါက်တာကျော်ဆွေက CNI သတင်းဌာနသို့ ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်များနဲ့ နိုင်ငံတကာကိုယ်စားလှယ်များကို တွေ့ရစဉ်
၎င်းက “တိုင်းရင်းသားအများစုက သူတို့က ဟိုပင်လုံ သဘောတူညီချက်မှာ သူက အခွင့်အရေးတွေ အဆိုပြုခဲ့တာ ရှိတယ်။ အဲဒီ ပင်လုံအခွင့်အရေးတွေ သူက အပြည့်အဝ မရဘူးလို့ သူတို့က ခံယူပြီးတဲ့နောက်မှာ အဲဒီအခွင့်အရေး တွေမရလို့ ခွဲထွက်ရေးဆိုတဲ့ လမ်းစဥ်ကို လျှောက်ခဲ့တယ်။ သူတို့အခွင့်အရေးတွေ လက်နက်ကိုင် တောင်းမှရမယ် ဆိုတဲ့ အစွဲနဲ့ လက်နက်ကိုင်လမ်းစဥ်ကို ကျင့်သုံးသွားကြတာ။ ၁၉၄၇ အခြေခံဥပဒေက ၁၉၅၈၊ ၁၉၆၀ မှာ ပျက် သွားပြီပေါ့ဗျာ။ ပင်လုံ သဘောတူညီချက်မှာပါတဲ့ အခွင့်အရေးတွေ ကျနော်တို့က ပေးနိုင်ဖို့ ပြန်ပြင်ဆင်ရမှာပေါ့ နော်။ အဲဒီတော့ ၁၉၇၄ အခြေခံဥပဒေတို့ အဲဒီမှာ ပြည်နယ်တွေ အများကြီး တိုးလာခဲ့တယ်လေ။ ဒီအပေါ်မှာ တိုင်း ရင်းသားတွေက သူတို့အခွင့်အရေးရဖို့ လိုသေးတယ်၊ နည်းသေးတယ်ဆိုတဲ့ အမြင်ဖြစ်နေတာပေါ့။ အဲဒါကြောင့်ပဲ သူတို့က လက်နက်ကိုင်လမ်းစဥ်ကို ကျင့်သုံးတယ်လို့ ဖြစ်နေတာပါ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အကုန်လုံးရဲ့ သူတို့သဘောထား ကြေညာစာတမ်းတွေ ကြေညာချက်တွေ ရှိတယ်။ အဲဒီကြေညာချက်မှာ ဘယ်သူ ကမှ၊ ဘယ်အဖွဲ့အစည်းကမှ နိုင်ငံသစ် ခွဲထောင်မယ်ဆိုတဲ့ ရည်မှန်းချက် မရှိဘူး။ သူတို့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ ဒီထက် တိုးရဖို့အတွက် အဲဒီအခွင့်အရေးတွေ အာမခံရှိနေဖို့အတွက် လက်နက်ကိုင်လမ်းစဥ်ကို ကျင့်သုံးရတာ ပါဆိုတာမျိုးတွေ ဖြစ်တယ်။ အဲဒီတော့ ကျနော်တို့က ဒီတိုင်းရင်းသား အခွင့်အရေးတွေကို အခြေခံ ဥပဒေမှာ ဒီထက် ခိုင်မာအောင် ဒီထက် တိုင်းရင်းသားတွေ သွားချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီဆိုတာကို အခြေခံ ဥပဒေ အာမခံတဲ့အဆင့်ကို သွားချင်တာပေါ့ဗျာ တိုင်းရင်းသားအများစုက” ဟု ပြောသည်။
မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAO) အများစု၏ သဘောထားသည် ပြည်ထောင်စုမှ ခွဲထွက်၍ သီးခြားနိုင်ငံသစ်ထောင်ရန် မဟုတ်ဘဲ၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဒီမိုကရေစီ အရေးတို့ကို အာမခံချက်ပေးနိုင်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးသာဖြစ်ကြောင်း စစ်ရေးနှင့် နိုင်ငံရေးလေ့လာ သူများက ထောက်ပြကြသည်။
သို့သော် AA က ကွန်ဖက်ဒရေးရှင်း သို့မဟုတ် နိုင်ငံသစ်ထူထောင်ရေး ရည်မှန်း၍ တော်လှန်ရေး လုပ်နေသည်။
အလားတူ KIA ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ကလည်း တိုင်းရင်းသား လက်နက်ကိုင်များသည် ၂၀၂၅ ခုနှစ် ကို ကျော်လွန်လာပါက ဖက်ဒရယ်ထက် ကျော်လွန် သည့် စဉ်းစားချက်များ ရှိလာမည်ဟု ပြောကြားထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 323
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၈
မြန်မာနိုင်ငံရှိ နိုင်ငံသားများအားလုံးကို ထုတ်ပေးထားသည့် နိုင်ငံသားစိစစ်ရေးကဒ်(မှတ်ပုံတင်) အား သက်ဆိုင်ရာမှ အမြဲစိစစ်နေရမည်ဖြစ်ကြောင်း နိုင်ငံရေးနှင့်စစ်ရေးအကဲခတ်များက ထောက်ပြကြသည်။
ထိုသို့ စိစစ်သင့်ရခြင်းမှာ မြန်မာနိုင်ငံတွင် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ အဂတိလုပ်ဆောင်မှုများကြောင့် နိုင်ငံသား မဟုတ်သင့်သူများက နိုင်ငံသား ဖြစ်နေကြသည့် အတွက်ကြောင့် ဖြစ်ကြောင်း ၎င်းတို့က ထောက်ပြ ကြသည်။
အထူးသဖြင့် တရုတ်လူဦးရေ ပိုမို များပြားလာသည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဗဟိုအစိုးရ၏ အုပ်ချုပ်ရေးပိုင်း တည်ငြိမ်သွားပါက ထိုကိစ္စအား စစ်ဆင်ရေးတစ်ရပ် အနေဖြင့် ပြန်လည်စိစစ်ရမည် ဖြစ်ကြောင်း၊ ထိုသို့ လုပ် ဆောင်သည့်အတွက် တရုတ်ဘက်မှ စိတ်ဆိုးမည်ကို စိုးရိမ်၍မရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ အမ်ကောန်လက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒါကတော့ ဥပဒေမဲ့ လုပ်ရပ် ဟုတ်၊ မဟုတ်ကတော့ အမြဲတမ်းစိစစ်နေရမှာ။ အရင် ထုတ်တာတွေရော၊ အခုထုတ်တာတွေရော ဒါလုပ်ကိုလုပ်ရမှာ။ လုပ်သင့်တဲ့အလုပ်ပဲ။ ဘာဖြစ်လို့လဲဆိုရင် ဥပဒေနဲ့ မညီရင်တော့ ဖျက်သိမ်းလို့ရတယ်။ ဒါကြောင့်မို့ ဒီဟာကို စစ်ဆင်ရေး တစ်ရပ်အနေနဲ့ကို လုပ်သင့်တယ်။ ကျနော်တို့ ဥပမာ Demographic အရှုပ်အထွေးဖြစ်နိုင်တဲ့ ရှမ်းမြောက်လို နေရာမျိုးဆိုရင် ကျနော်တို့ရဲ့ အုပ်ချုပ်ရေးပိုင်းမှာ ကောင်း ကောင်း တည်ငြိမ်သွားပြီဆိုတာနဲ့ ဒီကိစ္စကို စိစစ်ရမှာ။ ဥပမာ ရွာတွေမှာ တရုတ်အိမ်ထောင်စုတွေ သိပ်များနေ တယ်။ ဒါဆိုရင် အဓိပ္ပါယ်မရှိဘူး။ အရင်လူနေခဲ့တယ်၊ မနေခဲ့ဘူးဆိုတာ ရွာသားတွေအသိဆုံးပဲ။ ဒေသခံတွေ အသိဆုံးပဲ။ မြို့နယ်ရုံးတွေမှာလည်း မှတ်တမ်းတွေရှိတာပဲ။ ဒါစစ်ဆေးလို့ ရတယ်လေ။ သူပြန်စစ်လိုက်ရင် အကုန် ပေါ်မှာ။ အဲဒီအခါကြရင် သက်ဆိုင်ရာ မသမာမှု လုပ်ထားတဲ့ အစိုးရဝန်ထမ်းတွေကိုလည်း အရေးယူ ဖို့တော့လို မယ်။ အဲဒီလိုပေါ့။ ဒါကတော့ မျက်နှာလိုက်လို့မရဘူး။ ကျနော်တို့က သေချာ ကြပ်မတ်ဖို့ လိုတယ်။ ဒါလည်း တရားတယ်။ ကျနော်တို့လုပ်လို့ တရုတ်က စိတ်ဆိုးမယ်လို့ စိုးရိမ်လို့ မရဘူး။ ကျနော်မြင်တာတော့ အဲဒီလို စိုးရိမ် တာကမှ ကျနော်တို့ရဲ့ အချုပ်အခြာအာဏာ ကျဆုံးတာ။ ကျနော်တို့က လုပ်စရာရှိတာ ရဲရဲတင်းတင်းလုပ်ရမယ်။ ဟိုဘက်ကလည်း တရုတ်နဲ့ချုပ်ဆိုတဲ့ စာချုပ်တွေကိုလည်း လေးစားလိုက်နာပြီး ကောင်းကောင်းမွန်မွန် လုပ်ပေးဖို့ လိုတယ်။ ဒီလိုဆိုရင်တော့ သူတို့မပြောသာဘူးပေါ့။ ဒီနည်းလမ်းပဲ သွားရမယ်လို့မြင်ပါတယ်” ဟု ပြောသည်။

MNDAA က ထုတ်ပေးတဲ့ စိစစ်ရေးကတ်ကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် တရုတ်လူမျိုးနှင့် ဘင်္ဂါလီလူမျိုး အချို့တို့သည် လဝက ဝန်ထမ်းများအား ငွေကြေးပေး၍ နိုင်ငံသားစိစစ်ရေးကဒ်(မှတ်ပုံတင်)များနှင့် အိမ်ထောင်စုစာရင်းများ ရယူထားကြောင်း နိုင်ငံရေးနှင့်စစ်ရေး အကဲခတ်များက ထောက်ပြကြသည်။
ထို့ပြင် ကိုးကန့်တပ်ဖွဲ့(MNDAA)သည် ၎င်းထိန်းချုပ်ရာ ဒေသများ၌ ကိုးကန့် အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင် ကိုသာ ကိုင်ဆောင်စေကြောင်းလည်း သိရသည်။
၂၀၂၁ ခုနှစ်မှစတင်၍ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ မတိုင်ခင် ကာလအထိ ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) မရှိသေးသူများနှင့် Unique ID (UID) ကတ် (Biometric စနစ်) မရရှိသေးသူများကို ထုတ်ပေးခဲ့သည်။
ထိုကာလအတွင်း လူဦးရေ ၉ ဒသမ ၈ သန်းကျော်အား နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ထုတ်ပေးပြီး ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
လက်ရှိ အသွင်ကူးပြောင်းရေး အစိုးရလက်ထက်တွင် ရက် ၁၀၀ စီံမံကိန်း ကာလအတွင်း လမင်းစီမံချက်ဟုဆိုကာ နိုင်ငံသားစိစစ်ရေးကဒ် (မှတ်ပုံတင်) မရှိသေးသူများနှင့် Unique ID (UID) ကဒ် (Biometric စနစ်) မရရှိသေး သူများကို ထုတ်ပေးလျက်ရှိသည်။
တစ်နိုင်ငံလုံး UID စမတ်ကဒ်စနစ် လွှမ်းခြုံသွားမည်ဆိုပါက နိုင်ငံသားအားလုံး မည်သူမည်ဝါဖြစ်ကြောင်း အကုန် ပေါ်သွားမည်ဖြစ်သော်လည်း လက်ရှိအချိန်အထိ လူတန်းစေ့အောင် မလုပ်နိုင်သေးကြောင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေက CNI သတင်း ဌာနသို့ ပြောသည်။

မှတ်ပုံတင် ထုတ်ပေးနေစဉ်
၎င်းက “ကဒ်တွေကို အခုက ကျနော်တို့က e-ID နဲ့ စစ်ဆေးနေတယ်။ ဘာလို့ဆို ကဒ်အသစ် လာလျှောက်တာ တို့ဆို မိဘမျိုးရိုးစဉ်ဆက် စစ်ဆေးတာတွေ တိတိကျကျ ကျနော်တို့ လုပ်ပါတယ်။ ကဒ်အဟောင်းကို အသက်ပြည့်လို့ သက်ပြည့်လဲတဲ့ ကဒ်တွေဆိုရင်လည်း သေချာစိစစ်ပြီးတော့ လုပ်ပါတယ်။ နောက်တစ်ခု ကတော့ စမတ်ကဒ် အဆင့် biometric နဲ့သွားလို့ရတဲ့ စမတ်ကဒ် အဆင့်လည်း တော်တော် လွှမ်းခြုံပြီးတော့ လုပ်ပေးနေပါပြီ။ ဒီအပိုင်း တွေ အကုန်လုံးစုံပြီး အကုန်လုံး စမတ်ကဒ်အဆင့်ကို ရောက်သွားပြီ ဆိုရင်တော့ နိုင်ငံသားအကုန်လုံးက မှတ်ပုံ တင်၊ ဘယ်သူဘယ်ဝါဆိုတာ အကုန်ပေါ်သွားမှာပါ။ အခုကတော့ ကျနော်တို့က ၁၀ နှစ်အောက်ဆိုရင် ဘာမှ မလုပ် နိုင်သေးဘူး။ ၁၀ နှစ် အထက်ဆိုရင်ကိုပဲ လူတန်းစေ့အောင် မလုပ်နိုင်သေးဘူး ဖြစ်နေတာလေ။ အဲဒီတော့ စမတ် ကဒ် အဆင့်ကို နိုင်ငံသားအားလုံး ပြုလုပ်ပြီးသား၊ မှတ်ပုံတင်ပြီးသား အဆင့်ရောက်အောင်တော့ ကျနော်တို့ ကြိုးစားကြရမှာပါ” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် နိုင်ငံသားစိစစ်ရေးကဒ်ပြား (မှတ်ပုံတင်) ကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအပေါ် အခြေခံ ၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက) မှ ထုတ်ပေးပြီး အသက် ၁၀ နှစ်နှင့် ၁၈ နှစ် ပြည်သူများသည် အိမ်ထောင်စုစာရင်း၊ မွေးစာရင်းတို့ဖြင့် သက်ဆိုင်ရာ လဝကရုံးများ၌ ကိုယ်တိုင်လျှောက် ထားရမည်ဖြစ်သည်။
သို့သော် လဝက ဝန်ထမ်းများ၏ အဂတိတရား လိုက်စားမှုများကြောင့် နိုင်ငံသား မဟုတ်သူများကို နိုင်ငံသားစိစစ် ရေးကဒ်(မှတ်ပုံတင်)များ ထုတ်ပေးထားခြင်းဖြင့် မြန်မာနိုင်ငံအတွင်း၌ အခြားနိုင်ငံမှ လူမျိုးများ စိမ့်ဝင်လာလျက် ရှိနေသည်ဟု နိုင်ငံရေးနှင့် စစ်ရေးအကဲခတ်များက ထောက်ပြကြသည်။
ထိုသို့ အခြားနိုင်ငံသားများ စိမ့်ဝင်နေမှုကို ပြန်လည်စိစစ်ပြီး လာဘ်စား၍ လုပ်ဆောင်ပေးခဲ့သည့် လဝက ဝန်ထမ်း များကိုလည်း အရေးယူ ဆောင်ရွက်သင့်ကြောင်း ၎င်းတို့က ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 220
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၈
ဖက်ဒရယ်ဟုဆိုရာတွင် နယ်မြေဒေသကို ပေးသည့် ဖက်ဒရယ်ဖြစ်ပြီး လူမျိုးကို ပေးသည့် ဖက်ဒရယ်မဟုတ်သည် ကိုလည်း သိရှိနားလည်နိုင်ကြရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၆ ခုနှစ်၊ မေလ ၂၆ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
သမ္မတ ဦးမင်းအောင်လှိုင်က “မိမိတို့အနေဖြင့် နိုင်ငံရေးအရ ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာ ဖြစ်စေရေး ဆောင်ရွက်သွားမည်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကိုရအောင် တည်ဆောက် မည်ဖြစ်ကြောင်း၊ ဖက်ဒရယ်ဟုဆိုရာတွင် နယ်မြေဒေသကိုပေးသည့် ဖက်ဒရယ်ဖြစ်ပြီး လူမျိုးကိုပေးသည့် ဖက်ဒရယ်မဟုတ်သည်ကိုလည်း သိရှိနားလည်နိုင်ကြရန်လိုသည်”ဟု ပြောသည်။
နိုင်ငံတော်တွင် လွပ်လပ်ရေးရရှိပြီးချိန်၌ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ၊ မတည်ငြိမ်မှုများနှင့် ပြည်ပ ကျူးကျော်မှုများကိုလည်း ဖြေရှင်းဆောင်ရွက်ခဲ့ရကြောင်း၊ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အားနည်းချက် ကြောင့် ပြည်နယ်များ ခွဲထွက်ခွင့်များ ဖြစ်ပေါ်လာရာမှ နိုင်ငံရေးပဋိပက္ခများ ပိုမိုကြီးမားလာခဲ့ကြောင်း ၎င်းက ပြောသည်။

မိမိတို့ အနေဖြင့် အတိတ်တွင် ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များ အပေါ်၌ သင်ခန်းစာယူ၍ နောင်အနာဂတ်မှာ ထိုကဲ့သို့သော ဖြစ်ရပ်မျိုး ဖြစ်ပေါ်လာခြင်း မရှိစေရေး ဆက်လက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံရေး အရ တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ရမည်၊ စီးပွားရေးအရ အားကောင်းအောင် ဆောင်ရွက်ရမည်၊ လုံခြုံရေး အရ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင် လှိုင်က ပြောသည်။
ကမ္ဘာပေါ်တွင် ဖက်ဒရယ်စနစ်ကို ကျင့်သုံးရာ၌ လူမျိုးကို အခြေခံသော ဖက်ဒရယ်စနစ်၊ ပထဝီ(ဒေသ)ကို အခြေခံ သည့် ဖက်ဒရယ်စနစ်၊ လူမျိုးနှင့်ပထဝီ(ဒေသ)ကို အခြေခံသော ဖက်ဒရယ်စနစ်၊ နိုင်ငံကို အခြေခံသည့် ဖက်ဒရယ် စနစ် စသဖြင့် ရှိကြသည်။
ထိုအထဲတွင် မြန်မာနိုင်ငံသည် လူမျိုးနှင့်ပထဝီကို အခြေခံသည့် ဖက်ဒရယ်စနစ်ကို တည်ဆောက်ထားကြောင်း၊ အိန္ဒိယနိုင်ငံ၏ ဖက်ဒရယ်စနစ်ပုံစံဖြင့် အနည်းအငယ် တူညီနေကြောင်း ဖက်ဒရယ်အရေးကျွမ်းကျင်သူများက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 358
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တွင် ပျူစောထီးများမှ ငွေကြေးတတ်နိုင်သည့် လူငယ်ပိုင်းနှင့် လူလတ်ပိုင်း၊ လုပ်ငန်းရှင်များကို ပေါ်တာဆွဲပြီး ငွေညှစ်မှုများ လုပ်ဆောင်နေသည်ဟု ပခုက္ကူဒေသခံများက CNI သတင်းဌာနသို့ ပြောသည်။
ထိုသို့ ပေါ်တာဆွဲပြီး ငွေညှစ်မှုများကြောင့် ပခုက္ကူမြို့ပေါ်ရှိ လုပ်ငန်းရှင်များသည် အခြားမြို့သို့ ပြောင်းရွှေ့ နေထိုင်နေကြရကြောင်း၊ ပေါ်တာဆွဲနေမှုများကို တပ်၊ ရဲတပ်ဖွဲ့ များမှ လုပ်ဆောင်ခြင်းမဟုတ်ဘဲ ပျူစောထီးများက လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပခုက္ကူဒေသခံများထံကသိရသည်။
ငွေကြေး အတန်အသင့်ရှိသူဆိုပါက ငွေကျပ် သိန်း ၅၀ မှ သိန်း ၁၀၀ ကြားအထိ တောင်းလေ့ရှိပြီး ကုန်သည်ပွဲစား၊ လုပ်ငန်းရှင်များဖြစ်ပါက သိန်း ၅၀၀ မှ သိန်း ၁၀၀၀ အထိ တောင်းလေ့ရှိသည်ဟု ပခုက္ကူမြို့မှ လုပ်ငန်းရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပျူစောထီးတွေ ဆွဲနေသမျှ သူတို့ဆီ သွားရွေးရတာ မြို့အရှေ့ဘက်နားက မြို့ရှောင်လမ်းပေါ်မှာ မီးသတ်ရုံးကြီးရှိတယ်။ မီးသတ်ရုံးမှာ သွားရွေးရတာ တစ်ခါတစ်လေ သူတို့ ဘယ်ဆိုလား ပြောတယ်။ တပ်နဲ့လည်း မဆိုင်ဘူး။ စစ်တပ်နဲ့လည်း မဆိုင်ဘူး။ ရဲနဲ့လည်း မဆိုင်ဘူး။ ပျူစောထီးတွေပဲ ဆိုးနေတာ။ ပျူစောထီးပဲ ကြောက်ရတာ။ မြို့ပေါ် ရှောင်ရတာပေါ့။ အကုန် ရှောင်ရတာပေါ့။ သူတို့က ဒီလိုလေ ပျူစောထီးတွေက ဥပမာ ငါ ပိုက်ဆံရှိတယ်၊ ငါ လုပ်ငန်းနည်းနည်းကြီးတယ်ဆိုလို့ရှိရင် သူတို့က ငွေညှစ်ချင်တာ။ အဲဒါကို လာဆွဲပြီး ညတို့၊ ၈ နာရီ၊ ၉ နာရီလောက် အဲဒီလိုလေး လိုက်ခဲ့ပါအုံးတို့ ငါလည်း ရှောင်ရတာပဲ ၇ လလောက်။ အဲဒီလို နာမည် ထွက်တော့လေ အရောင်းအဝယ် နာမည်ထွက်တော့။ တော်တော်များများ သူဌေးတွေက ဒီပြင်မြို့တွေမှာ နေကြတာ များပါတယ်။ ဒီမှာ မရှိပါဘူး။ အဲဒီတော့ ၅၀၀ တို့၊ ၁၀၀၀ တို့ အဲဒီလိုတွေ။ ၅၀ နဲ့ ရတာ မဟုတ်ဘူးဗျ။ လုပ်ငန်းကြီးရင် ကြီးသလို။ အဲဒါကြောင့် သူဌေးတွေက မရှိပါဘူး။ မြို့ပေါ်လည်း တော်တော်များများ ပြောင်းရွှေ့နေကြပါပြီ” ဟု ပြောသည်။
လုပ်ငန်းရှင်များကို ဖမ်းဆီးပြီး ငွေကြေးတောင်းရာတွင်လည်း အာရက္ခတပ်တော် အေအေနှင့်သော်လည်းကောင်း၊ တော်လှန်ရေးအင်အားစု PDF များနှင့်သော်လည်းကောင်း အဆိုပါလုပ်ငန်းရှင်များက ပတ်သက်မှုရှိထားသည်ကို သိရှိကြောင်း စွပ်စွဲပြီး မြန်မာ့တပ်မတော်ထံ အကြောင်းကြားမည်ဟု ပြောဆို ခြိမ်းခြောက်ကြကြောင်းလည်း သိရသည်။

ပခုက္ကူဒေသခံများအား တွေ့ရစဉ်
လက်ရှိတွင် ပေါ်တာဆွဲမှုများသည် ပခုက္ကူမြို့အတွင်း နေ့၊ ည အချိန်မရွေးဖြစ်ပေါ်လေ့ရှိပြီး ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း အသက် ၃၇ နှစ်နှင့် ၄၈ နှစ်အရွယ် အမျိုးသားနှစ်ဦး ပေါ်တာဆွဲခံခဲ့ရကြောင်း သိရသည်။
သို့သော်လည်း ပေါ်တာဆွဲသည့် ပျူစောထီးအဖွဲ့နှင့် ၎င်းပေါ်တာဆွဲခံရသူနှစ်ဦးနှင့် ရင်းနှီးသူများသည် သိကျွမ်းကြသည့်အတွက် ငွေကြေးပေးစရာမလိုဘဲ ပြန်လည်လွတ်မြောက်လာသည်ဟုလည်း သိရသည်။
ထိုသို့ ပေါ်တာဆွဲမှုကြောင့် ပခုက္ကူမြို့ရှိ ကုန်စည်ဒိုင်များတွင် အလုပ်သမား လိုအပ်ချက်များ ဖြစ်ပေါ်လာပြီး မြို့အတွင်း လူသွားလူလာလည်း နည်းပါးသွားသည်ဟု ပခုက္ကူမြို့ ဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပိုဆိုးလာတာလေ။ ပိုက်ဆံညှိ ရမှန်းသိတော့ လမ်းတွေ့ရင် ကောက်ဆွဲသွားတာပဲ။ သူတို့ကြိုက်တာလည်း ၂၀ တို့၊ ၂၂ တို့၊ ၂၅ နှစ်တို့၊ ၃၀ တို့ အဲဒီလောက်ဝန်းကျင် ကြိုက်တာပေါ့။ မနေ့ညကတော့ လူကြီးတွေဆိုတော့ ၄၈ နှစ်နဲ့ ၃၇ နှစ်နဲ့ဆိုတော့ လူကြီးပိုင်းတွေကို၊ လူကြီးပိုင်းတွေဆိုတော့ သူတို့လည်း ဘာမှမလုပ်လိုက်ဘူး ပြန်လွှတ် လိုက်တယ်။ လက်ပြန်ကြိုးတုပ်၊ မျက်စိတွေ စည်းပြီးကာမှ အဲဒီမှာ ပြန်ပို့လိုက်တာတဲ့။ အခုကတော့ ပျူစောထီးတွေပဲ ချနေကြတာပဲ။ သူတို့ ကားတွေနဲ့ ပတ်ဆွဲမယ်၊ အခု မြို့က တစ္ဆေခြောက်မှာတောင် ကြောက်ရတယ်။ မြို့ကို တိတ်ဆိတ်နေတာ လူကိုမရှိဘူး” ဟု ပြောသည်။
ပေါ်တာဆွဲဖမ်းဆီးမှုများကြောင့် မြို့ပေါ်တွင် လူငယ်များ အပြင်ထွက်သွားလာမှု နည်းပါးသွားပြီး အနီးနားရှိ ကျေးရွာများမှ မြို့ပေါ်သို့ ဈေးလာရောက်ရောင်းချခြင်းနှင့် ဈေးဝယ်ခြင်းများ လုပ်ဆောင်မှုသည်လည်း မရှိသလောက် နည်းပါးသွားကာ အရောင်းအဝယ်သည်လည်း ကျဆင်းနေသည်ဟု ပခုက္ကူဒေသခံများထံမှ သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 323
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၇
မြန်မာနိုင်ငံတွင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအားနည်းချက်ကြောင့် ပြည်နယ်များ ခွဲထွက်ခွင့်များ ဖြစ်ပေါ်လာရာမှ နိုင်ငံရေးပဋိပက္ခများ ပိုမိုကြီးမားလာခဲ့ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။
ထိုအကြောင်းအား ၂၀၂၆ ခုနှစ်၊ မေလ ၂၆ တွင် နေ ပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၌ ကျင်းပသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ ပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်းက “လွတ်လပ်ရေးရပြီးချိန်တွင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ၊ မတည်ငြိမ်မှုများနှင့် ပြည်ပကျုးကျော်မှု များကိုလည်း ဖြေရှင်းဆောင်ရွက်ခဲ့ရကြောင်း၊ အာဏာရပါတီအတွင်း အုပ်စုကွဲခြင်းများဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုအချိန်တွင် နိုင်ငံရေးအရတည်ငြိမ်မှု၊ ကောက်ယူခဲ့သည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများအရ တွေ့ရှိနိုင်ကြောင်း” ပြောခဲ့သည်။
လက်ရှိမြန်မာနိုင်ငံတွင် နယ်နိမိတ်အရသာ ပေါင်းစည်းနေသော်လည်း အတွင်းထဲတွင် ညှိနှိုင်းလို့မရသည့် ပြဿ နာများရှိနေကြောင်း၊ နိုင်ငံရေးအရဖြေရှင်းမည်ဆိုလျှင် ဖြစ်နိုင်ခြေ အများကြီးရှိကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုဖြစ်နေတဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေက တော်တော်များများသည် အဲဒီအပေါ်ကနေအခြေ ခံတယ်လို့ပြောလို့ရတယ်ပေါ့။ အဲဒီတော့ အဓိကအချက်က ဟိုအရင်တုန်းက စည်းစည်းလုံးလုံးနဲ့ နိုင်ငံတော်တည် ထောင်ခဲ့ချိန်နဲ့ အခုချိန်ကျတော့ နယ်နိမိတ်အရသာ ကျနော်တို့က ပေါင်းစည်းနေပေမယ့် အတွင်းထဲမှာ ခုနက ညှိ နှိုင်းလို့မရတဲ့ ပြဿနာတွေရှိတယ်။ အဲဒီအပိုင်းကလည်း နိုင်ငံရေးအရဖြေရှင်းမယ်ဆိုရင် ဖြစ်နိုင်ခြေတွေအများ ကြီး။ အဲဒီတော့ ဖြေရှင်းလို့ရမယ့်နည်းလမ်းပေါ်ကိုဘယ်လိုသွားကြမလဲပေါ့။ အဲဒါတော့ မြန်မာနိုင်ငံရဲ့ လက်ရှိ သွားရမယ့် လမ်းကြောင်းတွေတော့ ရှိနိုင်ပါတယ်ဗျ။ အဲဒါဖြစ်ခဲ့တဲ့ဟာကို ကျနော်တို့က သင်ခန်းစာယူပြီးတော့ ဒီအချိန်မှာတော့ ဘယ်လိုပေါင်းစည်းပြီးတော့ နယ်နိမိတ်တစ်ခုထဲမှာ စုစုပေါင်းပေါင်းနေထိုင်ကြမလဲ လုပ်လို့ရမ လဲဆိုတာ အရေးကြီးတယ်။ အဲဒီတုန်းကအခြေအနေတွေက အဲဒီလိုဖြစ်ခဲ့တယ် ဒါပေမယ့်အဲဒီအားနည်းချက်က ဒီအချိန်မှာ အဲဒီအတိုင်းဆက်လုပ်လို့ ကိုက်ညီသလား၊ မကိုက်ညီသလားဆိုတာအပေါ်မှာမူတည်ပြီး စဥ်စားရ မှာ” ဟု ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ
နိုင်ငံတော်တွင်ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည့် သမိုင်းကြောင်းများကို ပြန်လည်သုံးသပ်ကြည့်မည်ဆိုပါက လွတ်လပ်ရေး ရရှိပြီးချိန်မှ ယနေ့အထိ ပြည်တွင်းနိုင်ငံရေးအခြေအနေများ၊ နိုင်ငံတကာဆက်ဆံရေးအခြေအနေများ နှင့် ချိန်ထိုးသုံးသပ်ရမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားထားသည်။
၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ အားနည်းချက်မှာ ပြည်နယ်များအား စစ်မှန်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူအခွင့်အရေးများ အပြည့်အဝမပေးဘဲ ဗဟိုအာဏာချုပ်ကိုင်မှုများလွန်းခြင်း၊ လူမျိုးစုလွှတ်တော် (အထက်လွှတ်တော်) တွင် တိုင်းရင်းသားများအတွက် တန်းတူကိုယ်စားပြုခွင့် ကန့်သတ်ထားခြင်းတို့ကြောင့် ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
ထိုအားနည်းချက်များကြောင့် တိုင်းရင်းသားများအကြား စိတ်ဝမ်းကွဲမှုနှင့် မကျေနပ်မှုများဖြစ်ပေါ်ကာ ပြည်ထော င်စုမှ ခွဲထွက်ရေး ကြိုးပမ်းမှုများနှင့် လက်နက်ကိုင်ပဋိပက္ခများ ပေါ်ပေါက်လာရခြင်းဖြစ်ကြောင်းလည်း ၎င်းတို့က ထောက် ပြကြသည်။
မြန်မာနိုင်ငံတွင် ယခင်ကတည်းက တိုင်းရင်းသားတန်းတူညီမျှခွင့်များအား သဘောတူညီခဲ့သည့် အတိုင်းဖန်တီးပြီး တရားမျှတမှုများပေးခဲ့မည်ဆိုပါက ပဋိပက္ခများသည် ယခုလောက်အထိဖြစ်လာမည်ဟုမထင်ကြောင်း တအာင်း အမျိုးသမီးအဖွဲ့အစည်း (TWO) ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ပင်လုံစာချုပ်လက်မှတ်ရေးထိုးမှု သရုပ်ဖော်ပန်းချီ
၎င်းက “ဒီလိုမျိုး ဒီပဋိပက္ခတွေဖြစ်လာတဲ့ရည်ရွယ်ချက်ကတော့ အဓိက,က အမျိုးသားတန်းတူညီမျှခွင့်နဲ့ ဒီအခွင့် အရေးတိုင်းပေါ့နော် ကိုယ့်ရဲ့ဒီ ကိုယ်ပိုင်အခွင့်အရေး၊ ကိုယ့်ရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ လူမျိုးအတွက် ဒီအခွင့်အရေးရရှိခွင့် တွေပေါ့နော် အများကြီးမူတည်တယ်လို့တော့ သုံးသပ်မိတယ်ပေါ့နော်။ ဘာလို့လဲဆို ကျမတို့ဒီလူထုတွေအနေ နဲ့က ဒီရသင့်တဲ့ အခွင့်အရေး၊ ရသင့်တဲ့လွတ်လပ်မှု၊ ကိုယ့်ရဲ့ကံကြမ္မာကို ဖန်တီးပြောင်းလဲခွင့် မရတဲ့အနေအထား မျိုးမှာဆိုရင်တော့ ဗဟိုကနေချမှတ်လာတဲ့ မူဝါဒတွေ၊ ပြဋ္ဌာန်းချက်တွေကို ဆန့်ကျင်လာတဲ့အနေအထားမျိုးဖြစ်လာတယ်လို့ တော့မြင်တယ်။ ဒီအမျိုးသားတန်းတူခွင့် ဒီအခွင့်အရေးကိစ္စတွေ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိစ္စတွေ၊ လွပ်လပ်မှုကိစ္စ တွေအများကြီးမူတည်တယ်လို့တော့ မြင်တယ်။ ဒါပေမယ့် ဥပဒေကိစ္စဖြစ်တဲ့အတွက် ဘယ်အကြောင်းကြောင်း ကြောင့်ဖြစ်တယ်ဆိုတာထက် လူထုအပေါ်မှာ ဗဟိုကနေပြီးမှ ချမှတ်တဲ့ စည်းမျဉ်းတွေ၊ ပေါ်လစီတွေပေါ်မှာအ များကြီး မူတည်နေတယ်လို့တော့ သုံးသပ်မိတယ်။ ဒီပင်လုံကတိတဝတ်တွေ၊ ၁၉၄၇ ကိစ္စတွေကတော့ ဒါယနေ့ အချိန်ထိပြောနေတဲ့ကိစ္စတွေဖြစ်တယ်။ ဒါသည်အရင်ကတည်းက တိုင်းရင်းသားတန်းတူညီမျှခွင့်တွေ သဘောတူ ညီခဲ့တဲ့အတိုင်း ဖန်တီးခဲ့မယ်၊ ကိုယ့်ရဲ့ကံကြမ္မာဖန်တီးခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ၊ လွပ်လပ်ခွင့်တွေပေးခဲ့မယ် တ ရားမျှတမှုတွေပေးခဲ့မယ်ဆိုရင်တော့ ယနေ့အချိန် ထိ ပဋိပက္ခတွေက ဒီလောက်အထိ ဖြစ်လာနိုင်မယ်လို့တော့ မ ထင်ဘူးပေါ့နော်”ဟု ပြောသည်။
၁၉၄၇ ခုနှစ်က ပြဋ္ဌာန်းထားခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၀) တွင် ပုဒ်မ ၂၀၁ မှ ၂၀၆ အထိ ခွဲထွက်နိုင်သောအခွင့်အရေးများကို ပြဋ္ဌာန်းထားကာ ပုဒ်မ ၂၀၂ တွင် ဤအခြေခံဥပဒေအာဏာတည်သည့်နေ့မှ ၁၀ နှစ်အတွင်း ခွဲထွက်နိုင်သောအခွင့်အရေးကို အသုံးမပြုရဟူ၍ဖြစ်သည်။
၎င်းအဓိပ္ပါယ်သည် ၁၀ နှစ်ပြည့်ပြီးပါက ခွဲထွက်နိုင်သည်ဟူ၍ အဓိပ္ပါယ်သက်ရောက်ကြောင်း၊ သို့သော် လက်တွေ့တွင်မူ တိုင်းရင်းသားများအနေဖြင့် ထိုအခွင့်အရေးကို မရရှိခဲ့ကြကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
အခွင့်အရေးမရရှိခဲ့ကြခြင်းမှာ ၁၉၅၈ ခုနှစ် ဆယ်နှစ်ပြည့်ခါနီးတွင် တိုင်းရင်းသားများ ခွဲထွက်ရန် ကြိုးပမ်းမည့်အစား ဖက်ဒရယ်စနစ်စစ်စစ်ကိုသာ ပြင်ဆင်တောင်းဆိုခဲ့ကြသော်လည်း ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်ကာ အာဏာသိမ်း ယူခဲ့ခြင်းကြောင့် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းခဲ့သည့်အတွက် အဆိုပါ ခွဲထွက်ခွင့်မှာလည်း လက်တွေ့တွင် အသက်မဝင်ခဲ့ခြင်းဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 299
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၇
ကမ္ဘာပေါ်ရှိ အင်အားကြီးနိုင်ငံများအနက် အချို့သည် မြန်မာနိုင်ငံအပေါ် စစ်ရေးဖြင့် ကျူးကျော် လွှမ်းမိုးခြင်းထက် စီးပွားရေးဖြင့် ဩဇာလွှမ်းမိုးမှု လုပ်ဆောင်လာနေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအမ်ကောန်လ က CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် အိမ်နီးချင်း အင်အားကြီး နိုင်ငံတစ်ခုသည် မန္တလေးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း အပါအဝင် အချို့ နေရာဒေသများ၌ စီးပွားရေးအရ ကျူးကျော်မှု ပိုမိုများပြားလာကာ မြန်မာနိုင်ငံသားများကို အမည်ခံခိုင်းပြီး နောက်ကွယ်မှ ငွေကြေးရင်းနှီးမြှုပ်နှံမှုများ စိတ်ကြိုက်ဝင်ရောက် လုပ်ကိုင်လာနေကြောင်း ၎င်းက ပြောသည်။
ဒေါက်တာအမ်ကောန်လက “ကျနော် ထင်ထင်ရှားရှား ပြောရမယ်ဆိုရင် ကျနော်တို့ ကချင်ပြည်နယ်ရဲ့ ဖားကန့်ရဲ့ ကျောက်စိမ်းတွင်း လုပ်ငန်းတွေပေါ့နော်။ ကျောက်စိမ်းတွင်း လုပ်ငန်းတွေမှာဆိုရင် လေလံစနစ်တွေ လုပ်တယ်။ ဥပမာ ကျောက်ကြော ကောင်းကောင်းထွက်တဲ့ နေရာတွေဆိုရင် လေလံစနစ်လုပ်တယ်။ လေလံစနစ်မှာ မူလ ကတော့ တိုင်းရင်းသား လုပ်ငန်းရှင်တွေက ရကြသေးတယ်။ ဒါပေမယ့် အခုက ဘယ်လိုဖြစ်လာလဲဆိုတော့ နောက်ပိုင်းကြတော့ နိုင်ငံသားလုပ်ငန်းရှင် တစ်ယောက်ကို နာမည်ခံတယ်။ နာမည်ခံပြီး နောက်ကနေ တရုတ် တွေက ငွေကြေး အရင်းအနှီးကို ထည့်ဝင်ပြီးမှ လုပ်တော့ ကျနော်တို့ တိုင်းရင်းသား လုပ်ငန်းရှင်တွေက မယှဉ်ပြိုင် နိုင်ဘူး။ လေလံတွေ၊ လုပ်ကွက်တွေကို ယှဉ်ပြိုင်မဆွဲနိုင်ဘူး။ မဆွဲနိုင်တော့ ကျောက်မျက်အရိုင်း ထုတ်လုပ်မှုက သူတို့လက်ထဲ ရောက်သွားတယ်။ ကုန်ကြမ်းထုတ်လုပ်မှုက။ ကုန်ချောကလည်း သူတို့ဆီမှာပဲ ဈေးကွက်က ရှိတယ် ဆိုတော့ ကုန်ကြမ်းကို အုပ်ဖီးမိတဲ့အချိန်မှာ ကျနော်တို့ရဲ့ ကျောက်မျက်လုပ်ငန်းက နိုင်ငံသား အခွင့်အရေး နည်း သွားတယ်ပေါ့။ အမျိုးမျိုး ထွက်သွားတယ် ဒါကတော့ လူတိုင်းသိတယ်။ ဒါကလည်း စီးပွားရေးအရဝင်တဲ့ အချက် တစ်ချက်ကိုပဲ ပြောတာ။ နောက်ထပ် တစ်ခုကလည်း ဘာတွေမြင်ရလဲဆိုတော့ အခု လတ်တလော အနေအထား က မြေတွေ အရောင်းအဝယ်တွေမှာ ဒါလည်းကြာခဲ့ပြီ။ နိုင်ငံသားတွေကိုပဲ နာမည်ခံတယ်။ မြေအရောင်းအဝယ်မှာ အုပ်စုလိုက် ဝင်လုပ်တယ်။ ကျနော်တို့ရဲ့ နိုင်ငံသားတွေ ချွေးနည်းစာနဲ့ဝယ်နိုင်တဲ့ အခွင့်အလမ်း မရှိတော့ဘူး။ ငွေကြေးဖောင်းပွမှုတွေ များလာတယ်။ အဲဒီဟာနည်းတွေနဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ စီးပွားရေးက ကျဆင်းသွား တာ။ ကျနော်တို့ နိုင်ငံသားတွေရဲ့ လက်ထဲမှာ အခွင့်အလမ်းတွေ နည်းသွားတာ” ဟု ပြောသည်။

အိမ်နီးချင်းနဲ့ အင်အားကြီး နိုင်ငံများမှ ခေါင်းဆောင်များကို တွေ့ရစဉ်
ထို့ပြင် ၎င်းတို့လိုချင်သည့် နိုင်ငံရေး အဖြေထွက်အောင် နောက်ကွယ်မှ စိတ်ကြိုက် ကစားလာခြင်းများလည်း ရှိကြောင်း နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
လက်ရှိတွင် အင်အားကြီး နိုင်ငံများအနေဖြင့် နိုင်ငံတစ်နိုင်ငံအား စစ်ရေးနည်းလမ်းဖြင့် ကျူးကျော်ခြင်းထက် ထိုနိုင်ငံအား လွှမ်းမိုးချုပ်ကိုင်နိုင်ရေးအတွက် ထောက်ပံ့ကူညီပေးမှုများမှတဆင့် ချုပ်ကိုင်နေသည်ဟု မြန်မာ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်တွင် ကျင်းပခဲ့သော (၂၃)ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးမှာ ပြောခဲ့သည်။
စစ်ရေး နည်းလမ်းဖြင့် ကျူးကျော်ခြင်းထက် အဆိုပါနိုင်ငံအား လွှမ်းမိုးချုပ်ကိုင်နိုင်ရေးအတွက် ထောက်ပံ့ကူညီ ပေးမှု များမှတဆင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘောတရားရေး၊ ဝါဒဖြန့်ချိရေး၊ စစ်ရေး၊ သံတမန်ရေး စသည့် အသွင်မျိုးစုံဖြင့် ချဉ်းကပ် ဆောင်ရွက်လျက်ရှိကြောင်းကို တွေ့ရှိရကြောင်း ၎င်းက ပြောသည်။
အထူးသဖြင့် အင်အားကြီး နိုင်ငံအချို့သည် အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံငယ်များအား ၎င်းတို့၏ လွှမ်းမိုးမှု အောက်သို့ ရောက်ရှိစေရန် နိုင်ငံရေး၊ စီးပွားရေးအရ လွှမ်းမိုးမှုမှသည် စစ်ရေးအရ လွှမ်းမိုးနိုင်ရေးအတွက် မဟာမိတ်အုပ်စုများ ဖွဲ့စည်းပြီး စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်လာသည်အထိ အပြိုင်ကြိုးပမ်းလုပ်ဆောင် လျက်ရှိကြကြောင်း မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြောသည်။
အိမ်နီးချင်း ကပ်ရပ်ဖြစ်သည့် အင်အားကြီးနိုင်ငံများ၏ လွှမ်းမိုးမှုကို ကာကွယ်ရန် နယ်စပ်လုံခြုံရေးတပ်ဖွဲ့မျိုး သီးခြား ဖွဲ့စည်းရန်လိုအပ်ကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နိုင်ငံတကာ လွှမ်းမိုးချုပ်ကိုင်မှုကတော့ အခုက ခေတ်သစ် ကိုလိုနီစနစ်ပဲ သွားနေကြတာလေ။ အဲဒီတော့ ကျနော်တို့က ကပ်ရပ်နိုင်ငံ အင်အားကြီး ၂ နိုင်ငံရှိမယ်။ တရုတ်ရှိမယ်၊ အိန္ဒိယရှိမယ်၊ ထိုင်းဆိုရင်လည်း အမေရိကန်ရဲ့ ပြည်နယ်တစ်ခုလို ဆောင်ရွက်နေတာတွေ ကျနော်တို့က တွေ့လာရတာပေါ့။ အဲဒီက နယ်စပ်တွေ မှာပဲ အဓိက ပြဿနာဖြစ်နေတာကို တွေ့ရတာလေ။ အဲဒီနိုင်ငံတွေက သူတို့နိုင်ငံရဲ့ အထူးသဖြင့်တော့ ကုန်ကြမ်း ဈေးပေါပေါနဲ့ ရဖို့၊ ဒီလိုမျိုး သူတို့ လက်အောက်ခံတွေကို မွေးပြီးတော့ proxy စစ်သည် မွေးထားပြီးတော့ ဆောင် ရွက် နေတာတော့ လက်ရှိအမြင်ပဲဗျ။ အထင်အရှားပဲ အဲဒါကလည်း။ အဲဒါတွေကို ဆောင်ရွက်နိုင်ဖို့ဆိုရင် တိုင်းရင်း သားတွေနဲ့ နယ်စပ်ဒေသတွေ လုံခြုံရေးပေါ့ အားကောင်းဖို့ အားဖြည့်ရမယ်။ နောက် နယ်နိမိတ် သတ်မှတ်ပြီးသား ရှိပြီးသားတွေ။ အဲဒီနယ်နိမိတ် သတ်မှတ်ပြီးသားအတိုင်း အတိအကျ မြေပုံပေါ်မှာကနေ မြေပြင်ပေါ်မှာ ခြံစည်းရိုး ကာရံတာတွေ လုပ်ရမယ်။ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဆိုတာမျိုးကို သီးခြားဖွဲ့ဖို့ကို လိုလိမ့်မယ်။ အဲဒါကို ဖော်ဆောင် မှ ရဦးမှာ။ ဒီလိုမျိုး မြင်ပါတယ်” ဟု ပြောသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မြန်မာသမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
မြန်မာနိုင်ငံသည် နိုင်ငံကြီး ၂ ခု၏ ကြား၌ ရပ်တည်နေရပြီး ဥရောပနိုင်ငံများကဲ့သို့ အင်အားကြီး နိုင်ငံများမှလည်း စောင့်ကြည့်နေကြခြင်းမျိုးရှိကြောင်း၊ တိုင်းပြည်တည်ငြိမ်မှု၊ စည်းလုံးညီညွတ်မှုနှင့် နည်းဗျူဟာကောင်းများရှိပါက အခြားနိုင်ငံများမှ ဝင်ရောက်ကျူးကျော်ခြင်းမျိုး မဖြစ်နိုင်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီနေ့ခေတ်ကတော့ ကမ္ဘာ့နိုင်ငံအရပ်ရပ်မှ ဒီမိုကရေစီ ထွန်းကားမှုတွေ များလာတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဦးစားပေးပြီးတော့မှ နိုင်ငံကို တည်ဆောက်လာကြတဲ့ အနေအထားတွေကတော့ အများကြီး တွေ့ရပါတယ်။ ကျမတို့ နိုင်ငံအနေနဲ့ဆိုရင်လည်း နိုင်ငံကြီး ၂ ခုရဲ့ကြားမှာ ရပ်တည် နေရသလို တစ်ဖက်က အင်အားကြီး နိုင်ငံတွေကလည်း ဒီဖက်ကို စောင့်ကြည့်နေကြတာ ရှိပါတယ်။ ဥရောပနိုင်ငံတွေ ဖက်ကဆိုရင် လည်း။ ကျမ အနေနဲ့မြင်တာကတော့ တိုင်းပြည်တစ်ခုကို အခြားသော တိုင်းပြည်တစ်ခုက လာရောက် ကျူးကျော် မယ်ဆိုလို့ရှိရင် တိုင်းပြည်တစ်ခုခုက အားနည်းနေတယ် ဆိုရင်တော့ ကျူးကျော်လို့ရတဲ့ အနေအထားတွေ အများ ကြီး ရှိပါတယ်။ တိုင်းပြည်တစ်ခုမှာ နံပါတ်တစ် အနေနဲ့ နိုင်ငံရေးတည်ငြိမ်မှုရှိတယ်၊ နံပါတ်နှစ်ကတော့ ပြည်သူ ပြည်သားတွေ သာယာဝပြောတယ်။ နံပါတ်သုံးကတော့ တိုင်းသူပြည်သားအားလုံး စည်းလုံးညီညွတ်မှုရှိတယ်။ မြေပေါ်၊ မြေအောက် သယံဇာတတွေလည်း ပေါကြွယ်ဝတယ်။ အသိပညာ အတတ်ပညာရှိတဲ့ လူသားအရင်း အမြစ်တွေ ပေါကြွယ်ဝပြီးတော့မှ နည်းဗျူဟာတွေ ကောင်းတယ်ဆိုရင်တော့ အဲဒီတိုင်းပြည်ကို တခြားနိုင်ငံတွေက ဝင်ရောက်ပြီးတော့ ကျူးကျော်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျမတို့ ပြည်သူပြည်သားတွေ အားလုံးကလည်း တိုင်းရင်းသား စည်းလုံးညီညွတ်မှုကအစပေါ့ အများကြီး လိုအပ်ပါတယ်” ဟု ပြောသည်။
ပြည်ပနိုင်ငံများ၏ လွှမ်းမိုးမှုဒဏ်ကို မတားဆီးနိုင်ပါက မြန်မာနိုင်ငံရှိ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်စိမ်း၊ ရတနာသိုက်များနှင့် မဟာဗျူဟာမြောက် ကမ်းရိုးတန်း ဆိပ်ကမ်းများသည် စိတ်ကြိုက်ခြယ်လှယ် ခေါင်းပုံ ဖြတ်ခြင်းကို ခံရမည်ဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များနှင့် တပ်မတော်အကြား နယ်မြေစိုးမိုးမှု ကွဲပြားနေပြီး ပြည်ပကျူးကျော်မှုသာ ရှိလာပါက ဗဟိုချက် အာဏာစနစ် လုံးဝပြိုလဲသွားပြီး တိုင်းပြည်လည်း အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားနိုင်သလို ကျဆုံးနိုင်ငံ (Failed State)အဖြစ် ဆိုက်ရောက် သွားနိုင်သည်အထိ အန္တရာယ်ကြီးကြောင်း ၎င်းတို့က သုံးသပ်ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 420
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၅
မြန်မာနိုင်ငံတွင် လက်ရှိ အခင်းအကျင်းများအရ အိမ်နီးချင်းနိုင်ငံများအနက် အင်အားကြီးနိုင်ငံများ ဖြစ်သည့် တရုတ်-အိန္ဒိယတို့နှင့် ဆက်စပ် ဒေသများအားလုံးကို သတိထားရမည်ဖြစ်ကြောင်း ဇိုမီးအမျိုးသားပါတီ(ZNP)မှ ပြောရေးဆိုခွင့်ရှိသူ ပူပူထန်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံကို တရုတ်က လွှမ်းမိုးလျှင် အိန္ဒိယကလည်း လွှမ်းမိုးလာမည်ဟု ၎င်းက ပြောသည်။
ပူပူထန်က “ကျနော်တို့ရဲ့ အိမ်နီးချင်းမှာတော့ တရုတ်နဲ့ ကုလားက အကြီးဆုံး ဖြစ်နေတယ်လေ။ တရုတ်နဲ့ ကုလား နဲ့ ဆက်စပ်နေတဲ့ ဒေသတွေ အကုန်လုံးကိုတော့ ဂရုစိုက်ရမယ်ထင်တယ်။ သူတို့ရဲ့ လွှမ်းမိုးမှုက ကြောက်ခမန်း လိလိလေ။ ကုလားက အဲဒီလောက် မဟုတ်ပေမယ့် တရုတ်က လွှမ်းမိုးလာရင် ကုလားလည်း တက်လာမှာပဲလေ။ တရုတ်ဝင်သလောက် သူလည်း ဝင်လာမှာပဲ။ အဲဒီက တရုတ်နဲ့ ကုလားနဲ့ ဆက်စပ်တဲ့ဒေသတွေ သတိထားရမယ် ထင်တယ်လေ။ သက်ဆိုင်ရာ တိုင်းရင်းသားဒေသတွေနဲ့ ပြည်ထောင်စုအစိုးရနဲ့ ပြေလည်အောင် ညှိနှိုင်းပြီးတော့ အတူတကွ လက်တွဲပြီးတော့ ကာကွယ်ဖို့ လိုပါတယ်။ အပြန်အလှန် ညှိနှိုင်းပြီးတော့ နှစ်ဖက်စလုံး လက်တွဲပြီး ကာကွယ်မှပဲ အဆင်ပြေမှာပါ တစ်ဖက်တည်းက ကာကွယ်လို့ အဆင်ပြေမှာ မဟုတ်ဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် တရုတ်-အိန္ဒိယတို့နှင့် ဆက်စပ်နေသည့်ဒေသများမှာ ရှမ်း၊ ကချင်၊ ချင်း၊ စစ်ကိုင်း၊ ရခိုင် စသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များ ဖြစ်ကြသည်။

မြန်မာ-အိန္ဒိယ-တရုတ် ခေါင်းဆောင်များကို တွေ့ရစဉ်
အဆိုပါ ဒေသများအနက် နယ်မြေ ကျူးကျော်ရေးနှင့် အလွှမ်းမိုးခံဒေသအဖြစ် အန္တရာယ်အရှိဆုံးမှာ ရခိုင်ပြည်နယ် ရှိ ဘူးသီးတောင်၊ မောင်တောနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ အမ်ကောန်လက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ တိုင်းပြည်မှာ တကယ်တမ်း တိုင်းပြည်အတွက် တကယ့် နယ်မြေ ကျူးကျော်ရေးနဲ့ အလွှမ်းမိုးခံဒေသ အန္တရာယ်အရှိဆုံးနေရာက ၂ ခုပဲရှိတယ်။ ရခိုင် ဘူးသီးတောင်၊ မောင်တောနဲ့ ရှမ်းမြောက်ပဲ။ အခု အဲဒီ tension က ၂ ခုစလုံးက အတူတူပဲ။ အဲဒီဟာက တခြား ဘာထက်မှာ အရေးမကြီးဘူး ကျနော် မြင်တာက။ မဟုတ်ရင်တော့ ပဲ့ပါတော့မယ်။ ဘူးသီးတောင်၊ မောင်တောဘက်လည်း ထိန်းတော့ ထိန်း ထား နိုင်တယ်။ ဒါပေမယ့် ရှမ်းမြောက်က လျင်လျင်မြန်မြန်ကို ပဲ့ပါနေတဲ့သဘောရှိတယ်။ ကုန်သွယ်ရေး လမ်းကြောင်းဖွင့်မယ် BRI လုပ်မယ်။ MNDAA က လုံခြုံရေးအစောင့်တပ် အနေနဲ့ သဘောမျိုးနဲ့ သွားနေမယ့် ဒီဟာကို လမ်းကြောင်းဖွင့်ပြီး သွားတယ်ဆိုတော့ အစိုးရအကျိုးရှိတယ်လို့ ယူဆလို့ရပေမယ့် ကျနော်တို့ရဲ့ နယ်မြေနဲ့ အမျိုးသားရေး လက္ခဏာ ပျက်စီးဆုံးရှုံးမှုက တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာတယ်။ အဲဒီဟာက ရှင်းရှင်းပြောရရင် ရှမ်းမြောက်က အခုလက်ရှိ အနေအထားဆိုရင် ဟိုဘက်က ဘင်္ဂါလီ အရေးထက်တောင်မှ ပိုပြီးတော့မှ အရေးကြီးနေတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး အရေးကြီးပြီး ရှုပ်ထွေးလျက်ရှိသော်လည်း နိုင်ငံရေး၊ စစ်ရေးနှင့် သံတမန်ရေးအရ ဦးစွာ ဖြေရှင်းရန် လိုအပ်နေသည့် ပြည်နယ်အချို့ရှိကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက CNI သတင်းဌာန သို့ ပြောသည်။
လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်များအနက် အင်အားအကြီးထွားဆုံး ဖြစ်နေသည့် ပြည်နယ်များမှာ ရခိုင်၊ ကချင်၊ ရှမ်းပြည်နှင့် ကရင်ပြည်နယ်တို့မှ လက်နက်ကိုင် တပ်များဖြစ်ကြကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ် များက ယူဆကြသည်။

မြန်မာနိုင်ငံ မြေပုံကိုတွေ့ရစဉ်
ရှမ်းပြည်နယ်သည် တိုင်းရင်းသားပေါင်းစုံဖြင့် အရောင်အမျိုးမျိုးရှိသဖြင့် လက်ရှိ အခင်းအကျင်းများအရ အရှုပ် ထွေးဆုံးနှင့် အရေးကြီးဆုံးမှာ ရှမ်းပြည်နယ်ဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင် က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ရှမ်းအရှုပ်ဆုံးပေါ့။ တိုင်းရင်းသားပေါင်းစုံရှိမယ်၊ အရောင်အမျိုးမျိုးရှိမှာပေါ့။ ရခိုင်ကတော့ အရောင်မရှိဘူး။ ၂ ခုပဲရှိမှာပေါ့။ အဖြူနဲ့အမည်းပဲရှိမှာပေါ့။ အရောင်စုံ မဟုတ်ဘူး။ ရှမ်းပြီးရင် ပိုရှုပ်မှာက ကရင်ဖြစ်မှာပေါ့။ ကရင်ဆို တာ ကျယ်ပြန့်တာကို။ မွန်လည်း သူ့ထဲမှာရှိမှာပေါ့။ တခြား PDF တွေလည်းရှိမယ်။ ကရင်မှာကိုက မျိုးစုံကွဲနေ တာကို။ ကရင်နဲ့ ကရင်နီကလည်း ဆက်စပ်တာကို ထိုင်းအခြေပြုတဲ့။ ရခိုင်ကတော့ အဲဒီနယ်မြေတွေ အားလုံး ထဲမှာ ရိုးရှင်းတာပေါ့။ တစ်ဖက်က ဖြူရင်ဖြူမယ်၊ တစ်ဖက် မည်းရင်မည်းမယ်။ win-win ဆိုရင် ညှိနှိုင်းရမယ်၊ win-lose ဆိုရင် တစ်ဖက်ဖက်က နိုင်မှ ဒီပြဿနာပြီးမှာကို။ တစ်ဖက်က lose ဖြစ်သွားပြီး တစ်ဖက်က နိုင်ရမယ်။ မဟုတ်ရင်မပြီးဘူး။ win-win သွားချင်ရင် နှစ်ဖက်လုံး တွေ့ဆုံဆွေးနွေးပြီး အဖြေရှာရမယ်။ လူထုကို ဗဟိုပြုရ မယ်။ ရှမ်းကတော့ ရောင်စုံများတာပေါ့။ ချင်းကတော့ လူဘယ်လောက်ပဲများများ လက်နက်ကိုင် ပဋိပက္ခက အဲဒီလောက် မဟုတ်ဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံအပေါ် ထားရှိသည့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ သဘောထားသည် ၎င်းတို့၏ ကိုယ်ပိုင် အမျိုး သားအကျိုးစီးပွား၊ ပထဝီဝင်နိုင်ငံရေး ယှဉ်ပြိုင်မှုနှင့် နယ်စပ်တည်ငြိမ်ရေးတို့အပေါ်မှာ အခြေခံထားကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။
တရုတ်၏ အဓိကရည်မှန်းချက်သည် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်နှင့် စီးပွားရေး အကျိုးအမြတ်ဖြစ်ပြီး အိန္ဒိယ၏ ရည်မှန်းချက်သည် အရှေ့မြောက်နယ်စပ် လုံခြုံရေးနှင့် တရုတ်ကို တန်ပြန်ရေးဖြစ်ကြောင်း ၎င်းတို့က ထောက်ပြ ကြသည်။
တရုတ်က မြန်မာနိုင်ငံကို ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအင်ပါယာ (Belt and Road)၏ အစိတ်အပိုင်းအဖြစ် ရှုမြင်ပြီး အိန္ဒိယကမူ မိမိအိမ်ရှေ့ အကာအကွယ်တံတိုင်း (Buffer State) နှင့် လုံခြုံရေးအရ မရှိမဖြစ် အရေးပါ သည့် အိမ်နီးချင်းအဖြစ် ရှုမြင်ကြကြောင်း စစ်ရေးနှင့် နိုင်ငံရေး အကဲခတ်များက သုံးသပ်ကြသည်။
လက်ရှိ မြန်မာနိုင်ငံအတွင်းက UWSA, NDAA, MNDAA, SSPP, TNLA, AA,KIA, SNA, NSCN, CNF, ကသည်း လက်နက်ကိုင်များသည် တရုတ်နှင့်အိန္ဒိယ နယ်စပ်ဒေသများတွင် လှုပ်ရှားလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 293
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၂
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တစ်ခုတည်းဖြင့် ပြီးပြည့်စုံသော ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးသည့် ပုံစံမျိုး ဖြစ်ပေါ်လာမည်ဟု မထင်ကြောင်း ရခိုင်အမျိုးသားပါတီ(ANP)ဥက္ကဋ္ဌ ဦးသာထွန်းလှ က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “NCA အပစ်အခတ်ရပ်စဲရေးဆိုတဲ့ NCA စာချုပ် ဖြစ်ပေါ်ကတည်းက NCA စာချုပ်ဖြစ်ပေါ် လာအောင် ကြိုးစားတဲ့အချိန်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းပေါင်း ၁၀ ကျော် ပါဝင်ခဲ့တာ ရှိတယ်လို့ အဲဒီလို သိထားတယ်။ ဒါပေမယ့် စာချုပ်ရေးထိုးခါနီး တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ လောက်ပဲ လက်မှတ်ထိုးခဲ့တယ်။ နောက်မှ ၂ ဖွဲ့ထိုးတယ်။ စာချုပ်ဖြစ်ပေါ်ကတည်းက တိုင်းရင်းသား လက်နက်ကိုင်တွေက စုံစုံလင်လင် လက်မှတ် ထိုးခဲ့တဲ့ စာချုပ်တစ်ခု အနေနဲ့ ဖြစ်ပေါ်ခဲ့တယ်။ အခုတစ်ခါ ၂၀၂၁ နိုင်ငံအာဏာကို တပ်မတော်က ယူလိုက်ပြီး နောက်ပိုင်းမှာလည်း NCA စာချုပ်ကို လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ထဲ ကိုယ်တိုင်က သဘောထား ကွဲလွဲမှုတွေ တော်တော်များများ ဖြစ်ပေါ်ခဲ့တာတွေကို မြင်တွေ့နေရတယ်။ အဲဒါကြောင့် NCA စာချုပ် တစ်ခုတည်းကို ကိုင်တွယ်လို့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုမျိုး ပုံစုံမျိုးဆိုရင်တော့ အလုံးစုံ အဖွဲ့အစည်း အကုန် လုံး ပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မျိုး ဖြစ်ပေါ်လာဖို့တော့ အခက်အခဲရှိတယ်လို့ မြင်တယ်။ ဒါကြောင့် ဒီနိုင်ငံမှာ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှု ဆိုတာကလည်း အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုပုံစံ တည်ဆောက်ကြမလဲ ဆိုတဲ့အပေါ်မှာ ဆွေးနွေးတဲ့ ဆွေးနွေးမှုမျိုး၊ ပုံစံမျိုး အခင်းအကျင်းပေါ်မှာ တည်ဆောက်ဖို့ လိုတယ်လို့ မြင်တယ်။ အဲဒါကြောင့် NCA စာချုပ် တစ်ခုတည်းနဲ့တော့ ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးတဲ့ပုံစံမျိုး ဖြစ်ပေါ်လာ မယ်လို့ ကျနော့် အနေနဲ့တော့ မမြင်ဘူး။ အဲဒီလိုပဲပြောချင်တယ်” ဟု ပြောသည်။
လက်ရှိတွင် သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်သည့် အသွင်ကူးပြောင်းရေး အစိုးရတစ်ရပ် အနေဖြင့် ငြိမ်းချမ်း ရေးနှင့် တွေ့ဆုံဆွေးနွေးရေးအတွက် NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နှင့် NCA မထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ထားသည်။

သမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ထိုသို့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုသည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ ရက်ပေါင်း ၁၀၀ အတွင်းသာဖြစ်ကြောင်း အချိန်ကာလလည်း သတ်မှတ်ထားကာ ဇူလိုင် ၃၁ ရက်နေ့ မတိုင်မီ လာရောက်ကြရန် ဖိတ်ခေါ်ထားခြင်းဖြစ်သည်။
အစိုးရအနေဖြင့် ငြိမ်းချမ်းရေး ဖိတ်ခေါ်လိုက်ရုံဖြင့် တာဝန်ကျေပြီဟု မှတ်ယူပါက ရှေ့ဆက်သွားရန် ခက်ခဲမည် ဖြစ်ကြောင်း၊ အစိုးရ သက်တမ်း ၅ နှစ်တာ ကာလအတွင်း နှစ်ပေါင်း ၈၀ ကြာ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး မည်ကဲ့သို့ လျှောက်လှမ်းမည်ကို မေးခွန်းထုတ်စရာရှိကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပထမတစ်ဆင့် အရွေ့တစ်ခုကတော့ ရွေ့နေပြီ။ ရွေးကောက်ပွဲ၊ ရွေးကောက်ခံ အစိုးရပေါ့။ ရွေးကောက်ခံ အစိုးရသည် ၁၉၄၈ လွတ်လပ်ရေး ခေတ်ဦးကစလာတဲ့ နိုင်ငံ့ပြဿနာကို လက်နက်ကိုင် ပဋိပက္ခကို ဘယ်လို ချုပ်ငြိမ်းအောင် လုပ်မှာလဲဆိုတဲ့ အန္တိမရည်မှန်းချက်၊ အဲဒီရည်မှန်းချက်ကို အခု ၅ နှစ်ပေါ့ ရွေးကောက်ခံ အစိုးရ တစ်ရပ် ဘယ်လိုလှမ်းမှာလဲ။ အတိတ်ကာလ အနှစ် ၈၀ ဆိုတာကို ဖျက်ခဲ့ရမှာပေါ့။ ငြိမ်းချမ်းရေး ဖြစ်စဉ်တစ်ခု ဘယ်လို အပေးအယူနဲ့ ရှေ့ကို ၅ နှစ်က စပြီးတော့ အချိန် အတိုအတွင်းမှာ တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်တဲ့ ငြိမ်းချမ်းတဲ့ နိုင်ငံတော်သစ်ကို တည်ဆောက် သွားမှာလဲဆိုတဲ့ဟာကို ကျနော်တို့လည်း မျှော်လင့်နေတာပါပဲ။ အဲဒီတော့ နှစ် ၈၀ နဲ့ ထပ်ပေါင်းတဲ့ ၅ နှစ်ဖြစ်မှာလား ကျနော်တို့လည်း မေးခွန်းမေးပါတယ်။ အဲဒီလိုဆို ဆိုးကျိုး သံသရာက ဆက်သွားဦးမယ့် သဘောပေါ့။ သို့မဟုတ် နှစ် ၈၀ ကို ဖျက်ပြီးမှ အခုအသစ် ပြန်ခြေလှမ်းလှမ်းမယ့် ၅ နှစ်တာကာလ နိုင်ငံတော် အသစ်အတွက် ကနဦး ၅ နှစ် ခြေလှမ်းသစ် ဖြစ်မှာလားဆိုတာ မျှော်လင့်တာပေါ့။ အဲဒီ လို တွေ့ဆုံဆွေးနွေး အဖြေရှာဖို့က ယုံကြည်မှုအတွက် ယုံကြည်မှုကို လမ်းခင်းပေးနိုင်တဲ့ အချင်းချင်းယုံကြည် နိုင်အောင် သံခင်းတမန်ခင်း လွန်းပြန် တွေ့ဆုံဆွေးနွေးရေး ထိစပ်ပေးမယ့် အကျိုးတော်ဆောင်လေးတွေလည်း လိုအပ်တာပေါ့။ လက်နက်ကိုင် အဖွဲ့အစည်းတွေကို ပြေးလိုက် အစိုးရဆီပြေးလာလိုက် ဒီဘက်က ရတာ ဟိုပြော၊ ဟိုဘက်က ရတာ ဒီပြော၊ ရလဒ်ထွက်အောင်၊ နှစ်ဖက်ယုံကြည်မှု တည်ဆောက်အောင် ချိုသာတဲ့ ပျားလည်းစွဲသာ ရှဉ့်လည်းလျှောက်သာ ဖြစ်အောင် လုပ်ရမယ့် မမောနိုင်မပမ်းနိုင် နိုင်ငံတော်အတွက် အဲဒီလိုမျိုးအင်အားစုတွေ ကလည်း လိုကောင်းလိုမှာပေါ့။ ငါ့တာဝန်ကျေပြီ ငါကြေညာလိုက်ရင် တော်ပြီဆိုတာမျိုး လောက်နဲ့တော့ အကုန် လာကြမှာပဲ မလာရင်လည်း ပြီးပြီဆိုတာမျိုးလောက်နဲ့ ရှေ့ဆက်သွားဖို့က ခက်မယ်” ဟု ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များကို တွေ့ရစဉ်
ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရလက်ထက် ၂၀၁၁- ၂၀၁၂ ခုနှစ်များ အတွင်းတွင် တိုင်းရင်းသား လက်နက်ကိုင် ၁၄ ဖွဲ့နှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်စဲရေးစာချုပ် (Bilateral) လက်မှတ်ရေးထိုးခဲ့ကြသလို ၂၀၁၃ ခုနှစ်မှာ NCA စာချုပ်ကို စတင်ဆွေးနွေး၍ ၂၀၂၅ ခုနှစ်၊ သြဂုတ်တွင် NCA စာချုပ်အား မူကြမ်းရရှိခဲ့သည်။
ထို့နောက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် KNU, RCSS, ALP, DKBA, KNU/KNLA-PC, PNLO, CNF, ABSDF တို့ဖြင့်လည်းကောင်း၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် NMSP နှင့် LDU တို့ဖြင့်လည်းကောင်း လက်မှတ် ရေးထိုးခဲ့ကြသည်။
သို့သော် ၂၀၂၁ ခုနှစ်နောက်ပိုင်း အဖွဲ့ဝင်များအကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာပြီး NCA ကနေ KNU,CNF,ABSDF က နုတ်ထွက်ခဲ့ပြီး မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 268
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၂
လက်ရှိအချိန်တွင် အင်အားကြီးနိုင်ငံများ အနေဖြင့် နိုင်ငံတစ်နိုင်ငံအား စစ်ရေးနည်းလမ်းဖြင့် ကျူးကျော်ခြင်းထက် ထိုနိုင်ငံအား လွှမ်းမိုးချုပ်ကိုင်နိုင်ရေးအတွက် ထောက်ပံ့ကူညီပေးမှုများမှတဆင့် ချုပ်ကိုင်နေသည်ဟု မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြောသည်။
၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်တွင် ကျင်းပခဲ့သော (၂၃)ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးမှာ ၎င်းက ပြောကြားလိုက်ခြင်းဖြစ်သည်။
ဗိုလ်ချုပ်ကြီးရဲဝင်းဦးက “ လက်ရှိအချိန်တွင် အင်အားကြီးနိုင်ငံများ အနေဖြင့် နိုင်ငံတစ်နိုင်ငံအား စစ်ရေး နည်းလမ်းဖြင့် ကျူးကျော်ခြင်းထက် အဆိုပါနိုင်ငံအား လွှမ်းမိုးချုပ်ကိုင်နိုင်ရေးအတွက် ထောက်ပံ့ကူညီ ပေးမှု များမှတဆင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘောတရားရေး၊ ဝါဒဖြန့်ချိရေး၊ စစ်ရေး၊ သံတမန်ရေး စသည့် အသွင်မျိုးစုံဖြင့် ချဉ်းကပ် ဆောင်ရွက်လျက်ရှိကြောင်းကို တွေ့ရှိရသည်”ဟု ပြောသည်။
အထူးသဖြင့် အင်အားကြီး နိုင်ငံအချို့သည် အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံငယ်များအား ၎င်းတို့၏ လွှမ်းမိုးမှု အောက်သို့ ရောက်ရှိစေရန် နိုင်ငံရေး၊ စီးပွားရေးအရ လွှမ်းမိုးမှုမှသည် စစ်ရေးအရ လွှမ်းမိုးနိုင်ရေးအတွက် မဟာ မိတ် အုပ်စုများ ဖွဲ့စည်းပြီး စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်လာသည်အထိ အပြိုင်ကြိုးပမ်းလုပ်ဆောင် လျက်ရှိ ကြကြောင်း မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြောသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး သန်းထိုက်ကို တွေ့ရစဉ်
ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ် လုံခြုံရေးတို့အတွက် အခြေခံ အုတ်မြစ်သည် အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံချင်းစီ၏ လုံခြုံမှု ပတ်ဝန်းကျင်အပေါ် မူတည်လျက်ရှိသဖြင့် အနာဂတ်တွင် ဒေသတွင်း တည်ငြိမ်မှု ခိုင်မာအားကောင်း လာစေရန်နှင့် နက်နဲရှုပ်ထွေးသော စိန်ခေါ်မှုများကို ကိုင်တွယ် ဖြေရှင်းရာ၌ အဖွဲ့ ဝင် နိုင်ငံအားလုံး၏ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဖြင့်သာ အတူလက်တွဲ ကျော်လွှားတုံ့ပြန် နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ယနေ့ အစည်းအဝေး၏ ဆောင်ပုဒ်ဖြစ်သော “မိမိတို့၏ အနာဂတ် လုံခြုံစိတ်ချရစေဖို့ အတူလက်တွဲ ဆောင်ရွက် ကြပါစို့- Securing Our Future,Together”နှင့် အညီ အနာဂတ် ကာလတွင် မိမိတို့ အာဆီယံ အဖွဲ့ဝင် နိုင်ငံများရှိ ပြည်သူလူထု၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးတို့အတွက် မိမိတို့ မြန်မာ့ တပ်မတော် အနေဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့်အတူ လက်တွဲ၍ တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်သွားမည် ဟု အခိုင်အမာ ပြောကြားလိုကြောင်း ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြောသည်။

တပ်မတော်စစ်ဘက်ဆိုင်ရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ကိုထိုက်ကို တွေ့ရစဉ်
ထို့နောက် ဆက်စပ် အစည်းအဝေးများဖြစ်သည့် (၁၆)ကြိမ်မြောက် အာဆီယံတပ်မတော် စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေးကို မေလ ၁၉ ရက်တွင် ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး သန်းထိုက် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက် ဆွေးနွေးခဲ့သည်။
အလားတူ တတိယအကြိမ် အာဆီယံစစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးအသိုက်အဝန်း ခေါင်းဆောင်များ ညီလာခံ (AMICLC-3)နှင့် (၂၃) ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေးများကို မေလ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ပြုလုပ်ရာ တပ်မတော်စစ်ဘက်ဆိုင်ရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ကိုထိုက် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက် ဆွေးနွေးခဲ့သည်။
