![](/images/346110304_3584441325173450_247622028159689773_n.jpg)
- By CNI News
- Category: အားကစား
- Hits: 333
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၁၀
ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတဲ့ ဆီးဂိမ်းစ်အမျိုးသား ဘောလုံးပြိုင်ပွဲရဲ့ အုပ်စုနောက်ဆုံး ပွဲစဉ်တွေထဲက တစ်ပွဲဖြစ်တဲ့ မြန်မာအသင်းနဲ့ ဖိလစ်ပိုင်အသင်းတို့ပွဲမှာ မြန်မာအသင်းက ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒီပွဲရဲ့ ပထမပိုင်းမှာ ဖိလစ်ပိုင်အသင်းက မြန်မာအသင်းကို အနည်းငယ် ဖိပြီး ကစားနိုင်ခဲ့ပေမယ့် ထိရောက်တဲ့ ဂိုးပေါက် ကန်သွင်းမှုတွေ မရှိတဲ့အတွက် ဂိုးမရှိ သရေနဲ့ ပြီးဆုံးခဲ့ပါတယ်။
ဒုတိယပိုင်းမှာ မြန်မာအသင်းက အနိုင်ဂိုး ရယူနိုင်ဖို့ တိုက်စစ်ဆင် ကစားခဲ့တာကြောင့် ပွဲချိန် ၅၅ မိနစ်မှာ သွင်းဂိုး ရရှိခဲ့ပါတယ်။
ဟိန်းထက်အောင်ရဲ့ ပြစ်ဒဏ်ဘော ကန်ချက်ကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ဂိုးဧရိယာထဲမှာ အသင့်ရှိနေတဲ့ သက်ဟိန်းစိုးက အမှားအယွင်းမရှိ အဆုံးသတ်ခဲ့တာပါ။
သွင်းဂိုးရပြီးချိန်မှာ မြန်မာအသင်းဟာ ထိန်းကစားနေတာကြောင့် ဖိလစ်ပိုင်အသင်းရဲ့ တိုက်စစ်ဆင်မှုတွေကို ဖျက်ထုတ်နေရပါတယ်။
ပွဲချိန် ၈၂ မိနစ်မှာ ဖိလစ်ပိုင်အသင်း တိုက်စစ်ဆင်မှုကို ဖျက်ထုတ်ရင်း မြန်မာကစားသမား အနီကတ်နဲ့ ထုတ်ပယ်ခံ ခဲ့ရပါတယ်။
မြန်မာအသင်းဟာ တစ်ယောက်လျော့နဲ့ ဂိုး ပြန်မပေးရအောင် ကစားခဲ့လို့ ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး အုပ်စုဒုတိယနဲ့ ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ပါတယ်။
အုပ်စုတွင်း နောက်ပွဲမှာတော့ အင်ဒိုနီးရှားအသင်းက ကမ္ဘောဒီးယားအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး အုပ်စု ပထမနဲ့ ဆီမီးဖိုင်နယ် တက်နိုင်ခဲ့ပါတယ်။
![](/images/MFF.jpg)
- By CNI
- Category: အားကစား
- Hits: 453
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၈
မြန်မာယူ-၂၂ အသင်းကို နည်းပြချုပ်အဖြစ် ကိုင်တွယ်နေတဲ့ မိုက်ကယ်က ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် တက်နိုင်ဖို့အတွက် ဖိလစ်ပိုင်နဲ့ပွဲကို ဗိုလ်လုပွဲတစ်ပွဲလို ကစားသွားမယ်လို့ ကမ္ဘောဒီးယားနဲ့ ပွဲအပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
မိုက်ကယ်က "ကမ္ဘောဒီးယားနဲ့ပွဲမှာ အနိုင်ရလဒ် စွမ်းဆောင်ပေးခဲ့တဲ့ ကစားသမားတွေ အားလုံးရဲ့ စွမ်းဆောင်မှုကို ကျေနပ်ပါတယ်။ ဆီမီးဖိုင်နယ်တက်ဖို့ ဖိလစ်ပိုင်နဲ့ပွဲစဉ်ကို ဗိုလ်လုပွဲ တစ်ပွဲလို ကျနော်တို့ ကစားသွားမှာပါ။ ဖိလစ်ပိုင် အသင်းကလည်း အမှတ်အလကားပေးမှာ မဟုတ်ပါဘူး။ သူတို့က ဖိအားမရှိဘဲ ကျနော်တို့ကို ကစားမှာ ပါ။ ကျနော်တို့မှာ နိုင်မှဖြစ်မယ်ဆိုတဲ့ ဖိအားရှိနေပါတယ်။ ဒီလိုပြိုင်ပွဲမျိုးမှာ တစ်ပွဲခြင်း သေချာစွာနဲ့ ချဉ်းကပ် ပြင်ဆင်ဖို့က အရေးကြီးပါတယ်"လို့ ပြောခဲ့ပါတယ်။
မြန်မာအသင်းဟာ ကမ္ဘောဒီးယားအသင်းနဲ့ ပွဲမှာ ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာကြောင့် အုပ်စုပွဲစဉ် ၃ ပွဲ ကစားအပြီး မှာ ရမှတ် ၆ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
မြန်မာအသင်း နည်းပြ မိုက်ကယ်ကိုတွေ့ရစဉ်
အဲဒါကြောင့် မြန်မာအသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဖိလစ်ပိုင်အသင်းကို အနိုင်ရတာနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားမှာပါ။ မြန်မာအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ဗီယက်နမ် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ အုပ်စုကနေ ထွက်ခွာခဲ့ရတာကြောင့် ဒီပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်တက်နိုင်ဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။
ကမ္ဘောဒီးယားနဲ့ပွဲမှာ မြန်မာအသင်းအတွက် ခြေစွမ်းပြပြီး အနိုင်ဂိုး တစ်ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ ဟိန်းထက်အောင် ကလည်း အုပ်စုကနေ တက်နိုင်ဖို့ ဖိလစ်ပိုင်နဲ့ပွဲကို ကြိုးစားပြီး ယှဉ်ပြိုင်သွားမယ်လို့ မီဒီယာတွေရဲ့ မေးမြန်းမှုကို ဖြေသွားပါတယ်။
ဟိန်းထက်အောင်က "ဒီပွဲ အနိုင်ရရှိလို့ အသင်းဖော်တွေ အားလုံးကို ကျေးဇူးတင် ဂုဏ်ပြုပါတယ်။ ကျနော်တို့ အားလုံး နည်းပြကြီး မှာကြားထားသလို ကစားနိုင်ခဲ့တယ်။ ပထမပိုင်း ကစားပုံ သိပ်ကောင်းခဲ့ပါတယ်။ ဒုတိယပိုင်း ကျနော်တို့ အိမ်ရှင်အသင်း ချေပဂိုးရဖို့ ကြိုးစားတာကို စနစ်တကျ ဟန့်တားနိုင်ခဲ့တယ်။ ဒီပွဲ အနိုင်အတွက် ပျော်ပါ တယ်။ အုပ်စုတက်ဖို့ ဖိလစ်ပိုင်နဲ့ပွဲစဉ်ကို ကြိုးစားပြီး ယှဉ်ပြိုင်သွားပါမယ်"လို့ ပြောခဲ့ပါတယ်။
အုပ်စု နောက်ဆုံး ပွဲစဉ်ဖြစ်တဲ့ မြန်မာနဲ့ ဖိလစ်ပိုင်၊ အိမ်ရှင် ကမ္ဘောဒီးယားနဲ့ အင်ဒိုနီးရှားတို့ရဲ့ ပွဲစဉ်ကို မေလ ၁၀ ရက် ညနေ ၆ နာရီခွဲမှာ တစ်ချိန်တည်း ယှဉ်ပြိုင် ကစားသွားမယ်လို့ သိရပါတယ်။
![](/images/345296578_757771715987567_1769336728918585422_n.jpg)
- By CNI News
- Category: အားကစား
- Hits: 439
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၇
မြန်မာအသင်းဟာ ဆီးဂိမ်းစ် အမျိုးသား ဘောလုံးပြိုင်ပွဲရဲ့ အုပ်စုတတိယပွဲစဉ်အဖြစ် အိမ်ရှင် ကမ္ဘောဒီးယား အသင်းနဲ့ ကစားခဲ့တာမှာ ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်တက်နိုင်ဖို့ အခြေအနေ ကောင်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ အင်ဒိုနီးရှားနဲ့ ပွဲမှာ ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ မြန်မာအသင်းဟာ ဒီပွဲမှာတော့ အကောင်းဆုံး ခြေစွမ်းတွေကို ပြသခဲ့ပြီး အိမ်ရှင်အသင်းကို သူတို့ ပရိသတ်ရှေ့မှောက်မှာ အနိုင် ၃ မှတ် ယူပြခဲ့တာ ဖြစ်ပါတယ်။
မြန်မာအသင်းအတွက် ဂိုးတွေကို ပွဲချိန် ၁၂ မိနစ်မှာ ဟိန်းထက်အောင်နဲ့ ပွဲချိန် ၃၈ မိနစ်မှာ သက်ဟိန်းစိုးတို့က သွင်းယူခဲ့တာပါ။
မြန်မာအသင်းဟာ ဒီနိုင်ပွဲကြောင့် ၃ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၆ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။
ကမ္ဘောဒီးယား အသင်းကလည်း ၃ ပွဲ ကစားအပြီးမှာ ရမှတ် ၄ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။
အုပ်စု နောက်ဆုံး ပွဲစဉ်အဖြစ် မေလ ၁၀ ရက်မှာ မြန်မာက ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားက အင်ဒိုနီးရှားနဲ့ ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။
![](/images/344802217_618566646855494_8933118377424668146_n.jpg)
- By CNI News
- Category: အားကစား
- Hits: 706
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၄
ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတဲ့ ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု A ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အင်ဒိုနီးရှား အသင်းနဲ့ မြန်မာအသင်းတို့ပွဲမှာ အင်ဒိုနီးရှားအသင်းက ၅ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။
အင်ဒိုနီးရှားအသင်းဟာ ပွဲစကတည်းက မြန်မာအသင်းဘက်ကို ဂိုးရဖို့ ဆက်တိုက်ဆိုသလို တိုက်စစ် ဆင်ခဲ့တာ ဖြစ်ပြီး ပွဲချိန်မိနစ် ၂၀ မှာ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပါတယ်။
အဲဒီနောက်မှာလည်း အင်ဒိုနီးရှားအသင်းကပဲ မြန်မာအသင်းဘက်ကို ဘောလုံးပိုင်ဆိုင်မှု၊ ဂိုးပေါက် ကန်သွင်းမှု အသာနဲ့ ဆက်လက် ဖိအားပေးခဲ့လို့ ပွဲချိန် ၃၁ မိနစ်မှာ ပင်နယ်တီကနေ ဒုတိယ ဦးဆောင်ဂိုး ထပ်ပြီး သွင်းယူခဲ့ တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ပထမပိုင်းအပြီးမှာ အင်ဒိုနီးရှားအသင်းက မြန်မာအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့တာပါ။
ဒုတိယပိုင်းမှာလည်း အင်ဒိုနီးရှား အသင်းကပဲ ဂိုးသွင်းခွင့်တွေ အများကြီး ရယူခဲ့ကာ ပွဲချိန် ၆၀ နဲ့ ၇၅ မိနစ်မှာ နောက်ထပ် သွင်းဂိုးတွေ ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။
မြန်မာအသင်းကတော့ ရံဖန်ရံခါသာ တိုက်စစ်ဆင်နိုင်ခဲ့ပြီး တစ်ပွဲလုံးနီးပါး ခံစစ်မှာသာ ကစားနေခဲ့ရတာပါ။
အဲဒီနောက်ပိုင်းမှာ အင်ဒိုနီးရှားအသင်းက နောက်တစ်ဂိုး ထပ်သွင်းယူခဲ့လို့ ပွဲအပြီးမှာ အင်ဒိုနီးရှားအသင်းက ၅ ဂိုး- ဂိုးမရှိနဲ့ မြန်မာအသင်းကို ဂိုးပြတ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ အုပ်စုပွဲစဉ် ၂ ပွဲ ကစားပြီးမှာ ၁ ပွဲနိုင်၊ ၁ ပွဲရှုံးရလဒ် ထွက်ပေါ်ထားပြီး အုပ်စုတတိယ ပွဲစဉ်အဖြစ် မေလ ၇ ရက်မှာ အိမ်ရှင် ကမ္ဘောဒီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
![](/images/342030285_5945321452261741_8472423841737335049_n.jpg)
- By CNI News
- Category: အားကစား
- Hits: 445
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၃
မြန်မာအမျိုးသမီး အသင်းဟာ ဆီးဂိမ်းစ်အုပ်စု အဖွင့်ပွဲစဉ်အဖြစ် မေလ ၃ ရက်နေ့ ညပိုင်းက ဖိလစ်ပိုင်အသင်းနဲ့ ကစားခဲ့တာမှာ ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။
ဒီပွဲမှာ ၂ သင်းစလုံးဟာ ဂိုးရနိုင်မယ့် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ ပထမပိုင်းက ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့ပါ တယ်။
ဒုတိယပိုင်းမှာလည်း ဂိုးရမယ့် အခွင့်အရေးတွေ ကိုယ်စီရခဲ့ပေမယ့် ခံစစ် ကစားသမားတွေက နောက်တန်းတွေ ကာကွယ်နေလို့ သွင်းဂိုးတွေ မရခဲ့တာပါ။
ဒါပေမယ့် ပွဲပြီးဆုံးဖို့ နီးကပ်လာချိန်မှာ ဖိလစ်ပိုင် နောက်ခံလူက မြန်မာကစားသမားကို ဂိုးဧရိယာအတွင်း ပြစ်ဒဏ်ဘော ကျူးလွန်ခဲ့လို့ မြန်မာအသင်း ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့ပါတယ်။
ပွဲချိန် ၈၉ မိနစ်မှာ ရတဲ့ ပင်နယ်တီကို တိုက်စစ်မှူး ဝင်းသိင်္ဂိထွန်းက အမှားအယွင်းမရှိ ကန်သွင်းပြီး မြန်မာ အမျိုးသမီးအသင်းကို အဖိုးတန် အနိုင်ဂိုးနဲ့ ၃ မှတ် ရရှိစေခဲ့တာ ဖြစ်ပါတယ်။
မြန်မာအမျိုးသမီး အသင်းဟာ အုပ်စု ဒုတိယပွဲစဉ်အဖြစ် မေလ ၆ ရက်မှာ ဗီယက်နမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
![](/images/hgjgkgyh13.jpg)
- By CNI
- Category: အားကစား
- Hits: 465
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၂
ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတဲ့ ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲအဖြစ် မြန်မာအသင်းနဲ့ တီမောအသင်းတို့ မေလ ၂ ရက် နေ့လယ်ပိုင်းက ကစားခဲ့တာမှာ မြန်မာအသင်းက ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။
ဒီပွဲစဉ်ရဲ့ ပထမပိုင်းမှာ ၂ သင်းစလုံးဟာ ဂိုးမသွင်းနိုင်ခဲ့တဲ့အတွက် ဂိုးမရှိ သရေရလဒ်နဲ့ ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာ တော့ ဂိုးရဖို့ အပြိုင်အဆိုင် အားထုတ်ခဲ့ကြတာပါ။
တီမောအသင်းရဲ့ ဂိုးပေါက် ကန်သွင်းမှုတွေကို မြန်မာနောက်ခံလူတွေ ဖျက်ထုတ် ကာကွယ်နေခဲ့ရသလို မြန်မာ အသင်းရဲ့ တိုက်စစ်ဆင်မှုတွေကိုလည်း တီမောအသင်းရဲ့ ခံစစ်ပိုင်းက အကောင်းဆုံး ကာကွယ်နေခဲ့လို့ ၂ သင်း စလုံး ဂိုးရဖို့ ခက်ခဲနေခဲ့ပါတယ်။
ဒါပေမယ့် ပွဲချိန် ၇၃ မိနစ်မှာတော့ မြန်မာအသင်း အဖိုးတန် သွင်းဂိုးရခဲ့ပြီး ဟိန်းထက်အောင် ကန်တင်တဲ့ ထောင့်ကန်ဘောကနေ တီမောဂိုးသမား ပုတ်ထုတ်တာမှာ ပြန်ကျလာတဲ့ ဘောလုံးကို သက်ဟိန်းစိုးက သွင်းယူ သွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်ပိုင်းမှာ တီမောအသင်းဟာ ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် မြန်မာအသင်းက အသည်းအသန် ဖျက်ထုတ် ခဲ့လို့ ပွဲအပြီးမှာ မြန်မာအသင်းက တီမောအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရကာ ဆီးဂိမ်းစ်အုပ်စု အဖွင့်ပွဲစဉ်မှာ ၃ မှတ် စတင် ရရှိသွားခဲ့ပါတယ်။
မြန်မာအသင်းဟာ အုပ်စု ဒုတိယပွဲစဉ်အဖြစ် မေလ ၄ ရက်မှာ အင်ဒိုနီးရှားအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
![](/images/339676673_775842143892345_9187094589779513720_n.jpg)
- By CNI News
- Category: အားကစား
- Hits: 480
CNI Sport News
၂၀၂၃ ခုနှစ်၊ ဧပြီ ၁၃
ချယ်လ်ဆီးအသင်း ယာယီနည်းပြ လမ်းပတ်က ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ရီးရယ်လ် အသင်းကို အရေးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့ပွဲမှာတော့ ထူးခြားတဲ့အရာတွေ ဖြစ်လာနိုင်တယ်လို့ ပြောခဲ့ပါ တယ်။
လမ်းပတ်က "ရလဒ်က လက်တွေ့ကျပေမယ့် စတမ်းဖို့ဒ်ဘရစ်ချ်မှာ ထူးခြားတဲ့ အရာတွေ ဖြစ်လာနိုင်တယ်ဆိုတာ ကစားသမားတွေကို ပြောထားပါတယ်။ သူတို့က အလွန်ကောင်းတဲ့ အသင်းဖြစ်ပေမယ့် ကျနော်တို့ရဲ့ အခွင့်အရေး တွေကို ယုံကြည်ရပါမယ်။ လာမယ့် အပတ်မှာတော့ ပွဲကြီးပွဲကောင်း ဖြစ်လာပါလိမ့်မယ်"လို့ ပြောခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ ဒီပွဲမှာ ဘန်ဇီမာ၊ အဆန်စီယိုတို့ရဲ့ သွင်းဂိုးတွေနဲ့ ချယ်လ်ဆီးအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင် ရရှိခဲ့တာပါ။
ဒီပွဲမှာ ရိုဒရီဂိုကို ဂိုးရှေ့မှာ ဖျက်ထုတ်ခဲ့လို့ ဘန်ချီဝဲလ် တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံရတာက ချယ်လ်ဆီး အသင်းအတွက် ထိုးနှက်ချက် ဖြစ်ခဲ့သလို စတာလင်ရဲ့ ကန်သွင်းမှုကို ကော့တွိုက်စ် ကာကွယ်တာနဲ့ မေဆန်မောင့် ရဲ့ ဂိုးဝင်နိုင်မယ့် ကန်သွင်းမှုကို ရူဒီဂါ ဖျက်ထုတ်နိုင်ခဲ့တာဟာ လန်ဒန်ကလပ်အတွက် နစ်နာခဲ့ရပါတယ်။
ချယ်လ်ဆီးအသင်းဟာ ယာယီနည်းပြ လမ်းပတ် လက်ထက်မှာ ၂ ပွဲစလုံး အရေးနိမ့်ထားသလို အသင်းဟာ ၁၉၉၃ နောက်ပိုင်း ပထမဆုံးအကြိမ် ပြိုင်ပွဲစုံ ၄ ပွဲ ဆက်တိုက် ဂိုးပေါက် ပျောက်ဆုံးခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ဒီတစ်ပတ် စနေနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းနဲ့ အိမ်ကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Daily Mail
![](/images/Shan_United_4.jpg)
- By CNI
- Category: အားကစား
- Hits: 705
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းရဲ့ ရာသီသစ်အတွက် အဓိကပစ်မှတ်က ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ဖြစ်တယ်လို့ နည်းပြချုပ် ဦးဟန်ဝင်းအောင်က ပြောလိုက်ပါတယ်။
ဦးဟန်ဝင်းအောင်က “ချန်ပီယံဘွဲ့ကာကွယ်ဖို့ပဲ ကစားမှာပါ။အသင်းဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတွေက ချန်ပီယံဘွဲ့ ကာကွယ်ဖို့လမ်းညွှန်မှု ပေးထားပါတယ်။အဲဒါကို တသွေးမတိမ်း အကောင်အထည်ဖော်မှာပါ။ ချန်ပီယံဘွဲ့ ကာကွယ်တာ ခက်မယ်ဆိုတာ သိပါတယ်။လောကကြီးမှာ ဘယ်အလုပ်မှ မလွယ်ပါဘူး။ သူ့ အတိုင်းအတာနဲ့သူ ခက်ပါတယ်။ချန်ပီယံဘွဲ့ကာကွယ်တာလည်း ခက်ပါတယ်။ကျနော်တို့ အကောင်းဆုံး ကြိုးစားသွားမှာပါ”လို့ ကလပ်အသင်းက ပြုလုပ်ထားတဲ့ အင်တာဗျူးမှာ ပြောထားတာပါ။
ပြီးခဲ့တဲ့နှစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှာ ရှမ်းယူနိုက်တက်အသင်းဟာ ရှုံးပွဲမရှိ ချန်ပီယံဆု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။အဲဒါကြောင့် ရှမ်းယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ချန်ပီယံဆု ကာကွယ်နိုင်ဖို့ ကြိုးစားရမှာပါ။ မြန်မာ့လက်ရွေးစင်နောက်ခံလူဟောင်းဖြစ်တဲ့ ဦးဟန်ဝင်းအောင်ကတော့ သူတို့အသင်းရဲ့ လူစာရင်းဟာ ပြီးခဲ့တဲ့ ရာသီကထက် ပိုမိုကောင်းမွန်လာတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
ဦးဟန်ဝင်းအောင်က “မနှစ်က အသင်းမှာ လူငယ်လေးတွေပါတယ်။ဒီရာသီမှာတော့ အတွေ့အကြုံရှိပြီးသား လူတွေများတယ်။ အသင်းမှာ ကစားသမား ၃၁ ဦး မှတ်ပုံတင်ထားတယ်။ ဘယ်လိုပဲကြည့်ကြည့် နှစ်သင်းစာ ဒေါင်ဒေါင်မြည် ကစားလို့ရတယ်။မနှစ်ကထက် ပိုကောင်းလာတယ်လို့ထင်တယ်။အခု လူစာရင်းအတွက် ကျေနပ်ပါတယ်။လူအင်အားဖြည့်ပေးတဲ့ အသင်းက လူကြီးတွေကို ကျေးဇူးတင်ပါတယ်” လို့ ပြောခဲ့တာပါ။
ရှမ်းယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံဖြစ်တာကြောင့် အခုရာသီမှာ AFC Cup ပြိုင်ပွဲကို ဝင်ရောက် ကစားရမှာဖြစ်ပြီး နည်းပြချုပ်ကတော့ အကောင်းဆုံးယှဉ်ပြိုင်သွားမယ်လို့ ကတိပေးထားပါတယ်။ ရှမ်း ယူနိုက်တက်အသင်းဟာ ရာသီသစ်အဖွင့်ပွဲစဉ်အဖြစ် ဖေဖော်ဝါရီ ၂၁ ရက်မှာ ISPE အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
![](/images/uiddsyt98u.jpg)
- By CNI
- Category: အားကစား
- Hits: 800
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) ဟာ မြန်မာ့လက်ရွေးစင် အသင်းနည်းပြ အန်တွမ်နီဟေးနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို နှစ်ဦးနှစ်ဖက် သဘောတူညီမှုနဲ့ ရပ်စဲလိုက်ပြီ ဖြစ်ပါတယ်။
ဂျာမနီလူမျိုးနည်းပြ အန်တွမ်နီဟေးဟာ မြန်မာ့လက်ရွေးစင် အသင်းနည်းပြအဖြစ် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ က ဒုတိယအကြိမ် ခန့်အပ်ခံခဲ့ရပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအထိ စာချုပ်ချုပ်ဆိုထားတာပါ။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ အန်တွမ်နီဟေးနဲ့အတူ လက်ထောက်နည်းပြ ခီမေးလ်ဟာလက်ကိုလည်း စာချုပ် ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။
အန်တွမ်နီဟေးဟာ ပြီးခဲ့တဲ့ အာဆီယံချန်ပီယံရှစ် ပြိုင်ပွဲမှာ မြန်မာအသင်းကို နောက်ဆုံး ကိုင်တွယ်ခဲ့တာပါ။
၂၀၂၂ အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲမှာ မြန်မာအသင်းဟာ ၁ ပွဲသရေ ၃ ပွဲရှုံးနိမ့်ခဲ့ပြီး အုပ်စုကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
မြန်မာအသင်း ကစားသမားများနဲ့ အန်တွမ်နီဟေးကိုတွေ့ရစဉ်
ဒါ့အပြင် မြန်မာအသင်းဟာ ၂၀၂၂ အတွင်းနဲ့ ၂၀၂၃ အစပိုင်းမှာ ကစားခဲ့တဲ့ပွဲတွေမှာ နိုင်ပွဲလုံးဝ မရခဲ့ဘဲ သရေ ၂ ပွဲ သာကျခဲ့ပြီး ပွဲတိုင်း အရေးနိမ့်ခဲ့ကာ ရလဒ်ပိုင်းတွေ ဆိုးရွားခဲ့တာပါ။ အန်တွမ်နီဟေးဟာ အစောပိုင်းက ဆီးဂိမ်းစ် ပြိုင်ပွဲဝင်မယ့် မြန်မာအသင်းကို ကိုင်တွယ်မယ်လို့ ထုတ်ပြောထားခဲ့ပေမယ့် အခုအချိန်မှာတော့ စာချုပ်ကို ရပ်စဲ ခဲ့ကြတာ ဖြစ်ပါတယ်။
အန်တွမ်နီဟေးဟာ မြန်မာအသင်းကို ၂၀၁၈ ခုနှစ်၊ မေလကနေ ဒီဇင်ဘာလအထိ ပထမအကြိမ်အဖြစ် ကိုင်တွယ် ခဲ့ပြီး ၂၀၁၈ ဆူဇူကီးဖလားပြိုင်ပွဲမှာ အုပ်စုကနေ ထွက်ခဲ့ရလို့ ပြိုင်ပွဲအပြီးမှာ နှစ်ဦးသဘောတူ လမ်းခွဲခဲ့တာပါ။
အန်တွမ်နီဟေးဟာ မြန်မာအသင်းကို အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ ၃ ကြိမ် ကိုင်တွယ်ခဲ့ပေမယ့် ၃ ကြိမ်စလုံး အုပ်စု အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ကတော့ လာမယ့် နိုင်ငံတကာပြိုင်ပွဲတွေအတွက် သင့်တော်တဲ့ နည်းပြချုပ်နဲ့ နည်းပြအဖွဲ့တွေကို ခန့်အပ် တာဝန်ပေးသွားမယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
![](/images/Shan_United_FC.jpg)
- By CNI
- Category: အားကစား
- Hits: 764
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၇
ရတနာပုံအသင်းကနေ ရှမ်းယူနိုက်တက် အသင်းကို ရောက်ရှိလာတဲ့ ကစားသမားသစ် မျိုးကိုထွန်းက ရှမ်းယူနိုက် တက်မှာ ကစားရင် ချန်ပီယံဖြစ်နိုင်တယ်ဆိုတာ ယုံကြည်တယ်လို့ ပြောလိုက်ပါတယ်။
မျိုးကိုထွန်းက “ကျနော်က အာဆင်နယ် ပရိသတ်ပါ။ အာဆင်နယ်က ရှုံးပွဲမရှိဘဲ ချန်ပီယံ ဖြစ်ဖူးတယ်။ ရှမ်းယူနိုက် တက် ကလည်း ရှုံးပွဲမရှိ ချန်ပီယံ၊ အဲဒီအချက်ကို သဘောကျတယ်။ နောက်ပြီး AFC ပွဲတွေ ကစားချင်တယ်။ ချန်ပီယံဆုတွေ ထပ်ယူချင်တယ်၊ ရှမ်းအသင်းမှာ ကစားရင် ချန်ပီယံ ဖြစ်နိုင်တယ်လို့ ယုံကြည်တယ်”လို့ ပြောခဲ့ တာပါ။
ရှမ်းယူနိုက်တက် အသင်းဟာ မြန်မာနေရှင်နယ်လိဂ် ရာသီသစ် မစတင်ခင် ကစားသမားသစ်တွေကို အားဖြည့်နေ တာဖြစ်ပြီး အခုဆိုရင် ၈ ဦးမြောက် ခေါ်ယူမှုအဖြစ် မျိုးကိုထွန်းကို ၂ ရာသီစာချုပ်နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
မျိုးကိုထွန်းဟာ ရတနာပုံ အကယ်ဒမီကနေ ထွက်ပေါ်လာတာဖြစ်ပြီး ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မြန်မာအသင်း ရဲ့ အဓိက ကစားသမား တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ သူဟာ မြန်မာ့လက်ရွေးစင် အသင်းကြီးမှာလည်း ပါဝင်ခွင့် ရနေသူ ဖြစ်ပါတယ်။
မျိုးကိုထွန်းကို တွေ့ရစဉ်
မြန်မာနေရှင်နယ်လိဂ် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက် အသင်းဟာ မျိုးကိုထွန်း အပါအဝင် ရတနာပုံအသင်းက အောင်ဝဏ္ဏစိုးနဲ့ ရဲရင့်အောင်တို့ကိုလည်း ခေါ်ယူအားဖြည့်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးဟောင်း ကျော်ကိုကို-ကိုလည်း ပထမဆုံး ခေါ်ယူမှု ပြုလုပ်ခဲ့ပါတယ်။
ရှမ်းယူနိုက်တက် အသင်းဟာ ကစားသမားသစ်တွေ ဆက်လက် ခေါ်ယူဖို့ ရှိနေပြီး ပြည်ပတိုက်စစ်မှူး တစ်ဦး ခေါ်ယူဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။
ရှမ်းယူနိုက်တက်အသင်းဟာ လာမယ့်ရာသီမှာ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံဆုကို ဆက်ထိန်းဖို့နဲ့ AFC Cup ပြိုင်ပွဲမှာ အောင်မြင်မှုရဖို့အတွက် အခုကတည်းက ပြင်ဆင်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 928
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၇
မြန်မာနေရှင်နယ်လိဂ် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းဟာ ဝါရင့်တိုက်စစ်မှူး ကျော်ကိုကိုအား လာမယ့် ရာသီသစ်အတွက် ခေါ်ယူလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။
ရှမ်းယူနိုက်တက်အသင်းဟာ ၂၀၂၃ ဘောလုံးရာသီမှာ ချန်ပီယံဆုကို ကာကွယ်ဖို့အတွက် စတင် ပြင်ဆင်နေတာ ဖြစ်ပြီး မြန်မာ့လက်ရွေးစင် ကစားသမားဟောင်း ကျော်ကိုကိုအား ကစားသမားသစ် ပထမဆုံး ခေါ်ယူမှုအဖြစ် ခေါ်ယူခဲ့တာပါ။
ကျော်ကိုကိုဟာ ၂၀၁၈ ကနေ ၂၀၂၂ အထိ ထိုင်းကလပ်တွေမှာ ကစားခဲ့ပြီး အခု ရှမ်းယူနိုက်တက်အသင်းနဲ့ စာချုပ် ချုပ်ကာ မြန်မာနေရှင်နယ်လိဂ်မှာ ပြန်လည် ကစားတော့မှာ ဖြစ်ပါတယ်။
မြန်မာနေရှင်နယ်လိဂ် ကလပ်တွေဖြစ်တဲ့ ဇေယျာရွှေမြေနဲ့ ရန်ကုန်ယူနိုက်တက် အသင်းတွေမှာ ကျော်ကိုကို ကစားခဲ့ပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။
ရှမ်းယူနိုက်တက်အသင်း ဆုဖလားရရှိလို့ အောင်ပွဲခံနေစဉ်
အသက် ၃၁ နှစ်အရွယ်ရှိ ကျော်ကိုကိုဟာ ရန်ကုန်ယူနိုက်တက်အသင်းနဲ့ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံဆုကို ၂ ကြိမ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင် ကစားသမားဟောင်းဟာ ထိုင်းကလပ် ချင်းရိုင်ယူနိုက်တက် မှာ ကစားခဲ့တုန်းကလည်း ထိုင်းချန်ပီယံဖလားကို ရယူနိုင်ခဲ့တာပါ။
ကျော်ကိုကိုဟာ မြန်မာ့လက်ရွေးစင် အသင်းအတွက် ၅၃ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၆ ဂိုး သွင်းယူကာ နောက်ဆုံး ကစားခဲ့တာကတော့ ၂၀၁၉ က ဖြစ်ပါတယ်။
ရှမ်းယူနိုက်တက် အသင်းဟာ လာမယ့်ရာသီမှာ AFC Cup အုပ်စုအဆင့်ကို ဝင်ရောက် ယှဉ်ပြိုင်ရမှာဖြစ်လို့ အခု ကတည်းက နာမည်ကျော် ကစားသမားတွေကို စတင်အားဖြည့်နေခဲ့တာပါ။
ပြီးခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှာ ရှမ်းယူနိုက်တက်အသင်းဟာ ၁၈ ပွဲ ကစားခဲ့တာမှာ ၁၅ ပွဲနိုင် ၃ ပွဲသရေ ရှုံးပွဲမရှိနဲ့ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အခုဆိုရင် ရှမ်းယူနိုက်တက်အသင်းဟာ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲမှာ ချန်ပီယံဆု ၄ ကြိမ် ရယူထားပြီး ဗိုလ်ချုပ် အောင်ဆန်း ဒိုင်းပြိုင်ပွဲမှာ ချန်ပီယံဆု ၁ ကြိမ် ရယူထားပါတယ်။
![](/images/322825059_1160320581540520_7774404789018890245_n.jpg)
- By CNI
- Category: အားကစား
- Hits: 918
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၀
မြန်မာအသင်းဟာ အာဆီယံချန်ပီယံရှစ် အုပ်စုတတိယမြောက် ပွဲစဉ်အဖြစ် လာအိုအသင်းနဲ့ ကစားခဲ့တာမှာ ၂ ဂိုးစီ သရေကျသွားခဲ့ပါတယ်။
အုပ်စုပွဲစဉ်တွေမှာ ရလဒ်တွေ ဆိုးနေပြီး ရှုံးပွဲကြုံတွေ့ထားတဲ့ ၂ သင်း တွေ့ဆုံတဲ့ ပွဲဖြစ်တာကြောင့် ရလဒ်ကောင်း ရယူဖို့ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။
မြန်မာအသင်းကတော့ လာအိုအသင်းကို ဖိကစားခဲ့ပေမယ့် တကယ်တမ်း ဂိုးရသွားတာက လာအိုအသင်း ဖြစ်ပါ တယ်။ လာအိုအသင်းဟာ ပွဲချိန် ၁၂ မိနစ်မှာ ဦးဆောင်ဂိုး စတင်ရယူနိုင်ခဲ့တာပါ။
ဒါပေမယ့် မြန်မာအသင်းဟာ ချေပဂိုးရဖို့ ဆက်တိုက် ဖိကစားခဲ့တာကြောင့် ၁၅ မိနစ်မှာ ချေပဂိုး ရခဲ့ပါတယ်။ ဒီဂိုး ကို ကျော်မင်းဦးက သွင်းယူခဲ့တာပါ။ အဲ့ဒီနောက်ပိုင်း မြန်မာအသင်းဟာ ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့လို့ ပထမပိုင်း ၁ ဂိုးစီ သရေကျနေခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ မြန်မာအသင်းဟာ အနိုင်ဂိုးရဖို့ ပိုပြီး တိုက်စစ်ဆင်လာခဲ့ပေမယ့် လာအိုအသင်းက ဦးဆောင် ဂိုး ရယူသွားခဲ့ပါတယ်။ မြန်မာအသင်းဟာ လာအိုအသင်းကို ဦးဆောင်ဂိုး ပေးရပြီးနောက် ချေပဂိုးရဖို့ ဆက်တိုက် ဆိုသလို ဖိကစားခဲ့ပေမယ့် လာအိုနောက်တန်းနဲ့ ဂိုးသမားတို့ အစွမ်းပြနေလို့ အခက်တွေ့နေခဲ့တာပါ။
ဒါပေမယ့် မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပိုမှာ အဖိုးတန် ချေပဂိုး ရသွားခဲ့ပါတယ်။ ဒီဂိုးကို မောင်မောင်လွင်က သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် တစ်ဖက် ၂ ဂိုးစီနဲ့ ပွဲပြီးဆုံးခဲ့ပြီး ၂ သင်းစလုံး ရမှတ် စတင် ရယူနိုင် ခဲ့တာ ဖြစ်ပါတယ်။