CNI Sport News

၂၀၂၄ ခုနှစ်၊  ဇန်နဝါရီ ၃၁

မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းဟာ ဧရာဝတီယူနိုက်တက်အသင်းနည်းပြဟောင်း ဦးမျိုးလှိုင်ဝင်းကို နည်းပြချုပ်အဖြစ်ခန့်အပ်ကြောင်း တရားဝင်ကြေညာလိုက်ပါတယ်။

ဦးမျိုးလှိုင်ဝင်းဟာ မကြာသေးခင်ကမှ ဧရာဝတီယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးသွားပြီးနောက် ရှမ်းယူနိုက်တက်အသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး စာချူပ်သက်တမ်းကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးဟောင်း ဦးမျိုးလှိုင်ဝင်းဟာ မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းတွေဖြစ်တဲ့ ရန်ကုန်ယူနိုက်တက်နဲ့ နေပြည်တော်အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးပြီး မြန်ယူ-၁၉ အသင်းမှာ နည်းပြချုပ်အဖြစ် လည်း ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဦးမျိုးလှိုင်ဝင်းဟာ မြန်မာ့လက်ရွေးစင်အသင်းမှာလည်း လက်ထောက်နည်းပြ တာဝန်ယူခဲ့တာပါ။ ဦးမျိုးလှိုင်ဝင်းဟာ ရှမ်းယူနိုက်တက်အသင်းနဲ့အတူ မြန်မာနေရှင်နယ်လိဂ်ချန်ပီယံဆုကို ကာကွယ်ဖို့၊ AFC Cup နဲ့ ပြည်တွင်းဖလားပွဲစဉ်တွေမှာ အောင်မြင်မှုရယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ရှမ်းယူနိုက်တက်အသင်းဟာ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ၄ ကြိမ်ဆက်တိုက်ရယူထားပေမယ့် AFC Cup ပြိုင်ပွဲမှာ အုပ်စု အဆင့်ကနေ ကျော်ဖြတ်နိုင်ခြင်းမရှိတာကြောင့် ပြည်ပပြိုင်ပွဲမှာ အောင်မြင်မှုတွေရယူနိုင်ဖို့ မျှော်လင့်နေတာပါ။

ရှမ်းယူနိုက်တက်အသင်းဟာ ၂၀၂၄ ခုနှစ် မြန်မာနေရှင်နယ်လိဂ်ရာသီသစ် မစတင်ခင်မှာ နည်းပြချုပ်နေရာကို ခန့်အပ်ခဲ့သလို ကစားသမားသစ်တွေအဖြစ် မဟာယူနိုက်တက်ကစားသမားဟောင်း ကောင်းမြတ်သူနဲ့ အသင်း ကစားသမားဟောင်းဖြစ်ခဲ့တဲ့ စအောင်ပြည့်ကို တို့ကို ခေါ်ယူပြီး အားဖြည့်ထားတာဖြစ်ပါတယ်။ ရာသီသစ် မြန်မာ နေရှင်နယ်လိဂ်ပြိုင်ပွဲမစတင်ခင် မြန်မာနေရှင်နယ်လိဂ်ဖလားပြိုင်ပွဲကို မတ်လဆန်းမှာ စတင်ကျင်းပသွားဖို့ ရှိနေတာပါ။ 

မြန်မာနေရှင်နယ်လိဂ်-၁ ပြိုင်ပွဲကိုတော့ ဇူလိုင် ၆ ရက်ကနေ ၂၀၂၅ ခုနှစ်၊ဖေဖော်ဝါရီအထိ ကျင်းပသွားမယ်လို့ မြန်မာနေရှယ်လိဂ်က ထုတ်ပြန်ထားတာဖြစ်ပါတယ်။