- By CNI
- Category: နိုင်ငံရေး
- Hits: 349
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၁၂
သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရလက်ထက် နိုင်ငံရေး၊ စစ်ရေး အခင်းအကျင်းအရ ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးရာတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား မည်ကဲ့သို့ ဆွေးနွေးမှ အဆင်ပြေမှု ရှိနိုင်မလဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်သူများအကြား သုံးသပ်မှုများ ရှိနေကြသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများအကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များလည်း အကောင်အထည် မဖော်နိုင်ဘဲ ဖြစ်နေသည်။
မကြာသေးခင်က NSPNC သည် NCA ထိုးထားသည့် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် လက်မှတ် ထိုးချိန်က ပါဝင်ခဲ့သူများကို ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်စာများ ပေးပို့ထားပြီဟု 7 EAO Alliance မှ ပြောကြား ချက်အရ သိရသည်။
ငြိမ်းချမ်းရေး ရရှိရေးအတွက် အလွတ်သဘော စတင်ဆွေးနွေးသည့် အခါတွင် အားလုံး သဘောတူညီနိုင်သော ဘုံသဘောတူညီချက်ကို ဦးစွာ ရယူရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ဆောင်ရွက်ရာ၌ ၂၀၁၁ ငြိမ်းချမ်း ရေးလမ်းစဥ် လျှောက်လှမ်းခဲ့သည့် ပုံစံအတိုင်း ပြန်သုံးနိုင်သည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွင် ဆောင်ရွက်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုဒီလိုမျိုး ဆွေးနွေးမယ်ဆိုရင် ကျနော်တို့ ၂၀၁၁ ကစခဲ့တဲ့ ပုံစံမျိုး ပြန်ပြီးတော့မှ သွားဖို့သင့်တာပေါ့ဗျာ။ နည်းနည်းပြုပြင်ပြီးတော့မှ လုပ်ရမှာပေါ့။ ၂၀၁၁ တုန်းက ကျနော်တို့ လုပ်ခဲ့တာကတော့ နံပါတ်တစ်ကတော့ အစိုးရက EAO တွေကို နေပြည်တော်ကို ဖိတ်တဲ့အခါကျတော့ မသွားကြဘူး။ မသွားတော့ သူတို့က ထိုင်းကို လာ ကြတယ်။ ထိုင်းနယ်စပ်ကို လာတယ် ဒီမှာအရင် အလွတ်သဘော ဆွေးနွေးတယ်။ ယုံကြည်ချက်ရတဲ့ အခါကျ တော့မှ နံပါတ်တစ်ကတော့ ပြည်တွင်းကို ဝင်ပြီးတော့မှ အပစ်ရပ်စာချုပ်တွေ လုပ်တယ်ပေါ့ဗျာ။ အပစ်ရပ်စဲလုပ်တာနော် အပစ်ရပ် လုပ် ပြီးတော့မှ နိုင်ငံရေးဆွေးနွေး သွားမယ်ဆိုတဲ့ သဘောတူညီချက်ကို ရယူတယ်။ အဲဒါပြီးတဲ့ အခါကျတော့ EAO တွေက အားလုံးစုပေါင်းပြီးတော့မှ ဘုံရပ်တည်ချက်တွေ၊ ဘုံလိုလားချက်တွေကို ရေးဆွဲပြီးတော့မှ သူတို့ကတင် တယ်။ ဒီဘုံလိုလားချက်လို့ ပြောတာထက် နောက်တစ်ခုက ဘာလဲဆိုတော့ ကျနော်တို့ ပြည်ထောင်စုနိုင်ငံ ရေးဟာ ဘယ်လိုဖြစ်သင့်သလဲဆိုတာကို သူတို့က မူရေးဆွဲပြီးမှ သူတို့တင်တယ်။ ဒီတင်တဲ့ဟာကို အစိုးရဘက်က နေပြီးတော့မှ ပြန်ပြီးတော့မှ ဆွေးနွေးတယ် ညှိနှိုင်းတယ် ညှိနှိုင်းပြီးတော့ နောက်ဆုံး NCA ဆိုတာထွက်လာတာ ပေါ့။ ဒီဥစ္စာကတေ့ာ အရင်က လုပ်ခဲ့တဲ့ နည်းပေါ့။ ဒီနည်းကို အကြမ်းဖျင်းပြန်ပြီးတော့မှ သုံးနိုင်ပါတယ်။ အသေး စိတ်တော့ ကွာနိုင်တာပေါ့နော်။ ဘာလို့လဲဆိုတော့ အခြေအနေက လုံးဝမတူတော့ဘူး။ ဒီတော့ ဘယ်နည်းနဲ့မဆို အရင်ဆုံး လုပ်ရမှာကတော့ EAO တွေအားလုံးနဲ့ သူတို့လာတွေ့ဖို့ အရင်လိုတာပေါ့။ ဘယ်နည်းနဲ့မဆို အရင်ဆုံး အလွတ်သဘော ဆွေးနွေးတဲ့ အခါကျရင် အားလုံးသဘောတူညီနိုင်တဲ့ ဘုံရပ်တည်ချက်တစ်ခုကို ကျနော်တို့ အရင်ဆုံးရယူရမှာပေါ့” ဟု ပြောသည်။

လက်နက်ကိုင်အဖွဲ့များ ဆွေးနွေးနေကြစဉ်
ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရလက်ထက် ၂၀၁၁- ၂၀၁၂ ခုနှစ်များ အတွင်းတွင် တိုင်းရင်းသား လက်နက်ကိုင် ၁၄ ဖွဲ့နှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်စဲရေးစာချုပ် (Bilateral) လက်မှတ် ရေးထိုးခဲ့ကြသလို ၂၀၁၃ ခုနှစ်မှာ NCA စာချုပ်ကို စတင်ဆွေးနွေး၍ ၂၀၁၅ ခုနှစ်၊ သြဂုတ်တွင် NCA စာချုပ်အား မူကြမ်းရရှိခဲ့သည်။
ထို့နောက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် KNU, RCSS, ALP, DKBA, KNU/KNLA-PC, PNLO, CNF, ABSDF တို့ဖြင့်လည်းကောင်း၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် NMSP နှင့် LDU တိုဖြင့်လည်းကောင်း လက်မှတ် ရေးထိုးခဲ့ကြသည်။
အစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဆွေးနွေးညှိနှိုင်းရာတွင် ၎င်းတို့လက်ခံသည့် ဖက်ဒရယ်စနစ် ကို အခြေတည်ကာ ငြိမ်းချမ်းရေးအရ ချဥ်းကပ်ဆွေးနွေးသင့်ကြောင်း၊ ဖက်ဒရယ်စနစ် လက်ခံသည်ဟု ဆိုသော် လည်း လက်တွေ့တွင် ဖက်ဒရယ်စနစ် မဆန်နေသည့် သဘောမျိုး ဖြစ်နေသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူတို့ကို ဟိုဟာဖြစ်ဖို့ အတွက်ဆိုရင်တော့ ခုနပြောတဲ့ ဖက်ဒရယ်စနစ်ကို လက်ခံတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေကို သူတို့လက်ခံတဲ့ ဖက်ဒရယ်စနစ်ပုံစံနဲ့ ချဉ်းကပ်ပြီးဝောာ့ ငြိမ်းချမ်းရေးအရ ဆွေးနွေးဖို့လိုတယ်။ ကျနော်တို့က အခုဟာက ဖြစ်နေတာက ဒီမိုကရေစီ ဖက်ဒရယ်စနစ်ကို လက်ခံတယ်လို့ ပါးစပ်က ပြောပြီးတော့ လက်တွေ့ တောင်းဆိုတဲ့ဟာတွေ လက်တွေ့မြင်နေတဲ့ အနေအထား ရှုမြင်ကြည့်မြင်ပုံတွေကကျတော့ ဖက်ဒရယ် စနစ် မဆန်ဘူး။ ၂၀၀၈ အခြေခံ ဥပဒေဘောင်ထဲက ပုံစံမျိုးဖြစ်နေတယ်။ ဥပမာဗျာ တပ်မတော်ဆိုတာ ကျနော်တို့ ဖက်ဒရယ်နိုင်ငံတွေမှာရှိတဲ့ တပ်မတော်ဆိုတာက တစ်တိုင်းပြည်လုံးက တိုင်းရင်းသားအားလုံး ပါဝင်ဖွဲ့စည်းထား တဲ့ တပ်ဖြစ်ပြီးဝောာ့ အဲဒီတပ်ရဲ့တာဝန်က ပြည်ပရန်အား ကာကွယ်ဖို့ တပ်ဖြစ်ရမယ်။ အဲဒီလိုဆိုတော့ ကိုယ်က စဉ်းစားတဲ့အခါ ဆွေးနွေးတဲ့ အခါမှာဆိုရင် ငါတို့အရင်က စခန်းထိုင်ခဲ့တဲ့ နေရာတွေကို ငါတို့ပြန်ထိုင်မယ်။ ၂၀၂၃ မတိုင်ခင်က နေရာတွေကို ပြန်ပေးရမယ်ဆိုပြီးတော့ အဲဒီလိုမျိုး စတင်ပြီးတော့ ပြောတာက ပြဿနာက ရှေ့မတိုး နိုင်အောင် ပြောလိုက်သလို ဖြစ်သွားတာပေါ့။ ပြောရမှာက ဖက်ဒရယ်စနစ်ကို ကျနော်တို့ ဘယ်လိုသွားကြမလဲ။ အဲဒီ ဖက်ဒရယ်စနစ်မှာ တပ်မတော်ဆိုတာ တစ်ရပ်တည်းရှိရမယ်။ အဲဒီတပ်မတော်ထဲမှာ အားလုံးပါဝင်တဲ့ ပြည်ထောင်စု တပ်မတော် တည်ဆောက်ဖို့ ဘယ်လိုဖွဲ့စည်းကြမလဲ။ ဘယ်လို တာဝန်ယူခွဲဝေကြမလဲ။ အဲဒီဟာ တွေ ကနေပြီးတော့ စပြီးတော့ ချဉ်းကပ်လို့ရှိရင် KIA၊ AA တို့က အဆင်ပြေနိုင်မယ်။ ဘာလို့ဆို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဖြစ်တော့ သူတို့တိုင်းရင်းသားဒေသတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ဖက်ဒရယ်စနစ် ကိုပဲ သူတို့က လိုလားတာ” ဟု ပြောသည်။

သမ္မတ ဦးမင်းအောင်လှိုင်နဲ့ KNU ဥက္ကဋ္ဌဟောင်းကို တွေ့ရစဉ်
ထို့အပြင် ဖက်ဒရယ်စနစ်ကို အခြေတည်ကာ ဆွေးနွေးကြပြီးမှသာ နှစ်ဦးနှစ်ဖက် သဘောတူညီချက်များ ရလာနိုင် ကြောင်း ၎င်းက ဆက်ပြောသည်။
၎င်းက “အဲဒီတော့ ဖက်ဒရယ် စနစ်နဲ့ပတ်သက်ပြီးတော့ ကျနော်တို့ လက်တွေ့ကိစ္စတွေကို ပြောကြတဲ့အခါမှာ ဖက်ဒရယ်စနစ်နဲ့ ညီရဲ့လားဆိုတာ ကျနော်တို့က မေးရမှာပေါ့နော်။ အဲဒီလိုမျိုး မေးပြီးတော့ ဖြေရှင်းသွားမယ်ဆို ရင် အဆင်ပြေတယ်။ ဥပမာဆိုကြပါစို့ လက်တွေ့ ဆွေးနွေးကြရင်းနဲ့ တပ်တွေ ဘယ်နေရာ ထားမလဲဆိုတဲ့ ကိစ္စကို ဘယ်နေရာထားမယ်၊ ဘယ်နေရာမှာ အုပ်ချုပ်မလဲဆိုတဲ့ ကိစ္စတွေကို ဆွေးနွေးကြတဲ့အခါမှာ အဲဒီတပ်တွေထားတဲ့ နေရာက အရေးမကြီးဘူး ရွေးကောက်ပွဲ ဘယ်လိုလုပ်မလဲ၊ တက်လာတဲ့အစိုးရကို ဘယ်လိုတွေ အာဏာပေးမလဲ အဲဒီဟာတွေ ကနေပြီးတော့ ချဉ်းကပ်ရမှာ။ ဘာလို့လဲဆိုတော့ အဲဒါကနေ ချဉ်းကပ်ပြီး ဆွေးနွေးမယ်ဆိုရင် သဘောတူညီချက် တွေ ရနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ နှစ်ဖက်စလုံးက ဖက်ဒရယ်စနစ်ကို လက်ခံထားတယ်ဆိုတဲ့ အချက် ကြောင့် ပြဿနာက ဖက်ဒရယ်စနစ်ကို လက်ခံသလား လက်မခံဘူးလားဆိုတာကို အရင်ဆုံး စဆွေးနွေးရမယ်။ NCA ထိုးထားတဲ့ အဖွဲ့အစည်းကတော့ ဖက်ဒရယ်စနစ်ကို လက်ခံတယ်ဆိုတဲ့ဟာကို ပြောထားတယ်။ ဒါပေမယ့် AA တို့ ဘာတို့က KIA ကတော့ အဲဒီသဘောထားရှိတယ်။ AA က ဖက်ဒရယ်ဆိုတဲ့ စကားလုံးကို လက်ခံသလား လက်မခံဘူးလားဆိုတာကို အရင်ဆုံးရှင်းအောင် လုပ်ရမလို ဖြစ်နေတယ်။ သူပြောတဲ့ဥစ္စာက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ ကွန်ဖက်ဒရေးရှင်း ပုံစံမျိုးလို့ ပြောနေတာ။ အဲဒီဟာကို အရင်ဆုံးဆွေးနွေးရမယ်” ဟု ပြောသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များကို လုပ်ဆောင်ကြသည့် နေရာတွင် အယူအဆ အမျိုးမျိုး၊ အတွေးအခေါ် အမျိုးမျိုး၊ ကြိုးပမ်းဆောင်ရွက်မှု အမျိုးမျိုးရှိကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူများကလည်းက ထောက်ပြကြသည်။
ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် ပဋိပက္ခ၏အခြေခံ အကြောင်းတရားများဖြစ်သည့် နိုင်ငံရေးခံယူချက်များ၊ သမိုင်းနောက်ခံ အဖြစ်အပျက်များ၊ ဝါဒရေးရာ အငြင်းပွားမှုများ ထည့်မစဥ်းစားသရွေ့ ငြိမ်းချမ်းရေးဖြစ်စဥ် အလုပ် မဖြစ်နိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 448
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၁၁
လက်ရှိ မြန်မာ့နိုင်ငံရေးလောကတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို အာဆီယံက ကြိုးပမ်းနေခြင်း သည် ဘာကြောင့် ဖြစ်နိုင်သလဲဆိုသည့်အပေါ် ပြည်တွင်း/ပြည်ပ နိုင်ငံရေးအသိုင်းအဝန်းကြား မေးခွန်းများ ထွက်ပေါ်လာသည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးသည် နေပြည်တော်နှင့် ညှိနှိုင်းနေသည့် အဓိက အချက်ဖြစ်ပြီး ထိုအ ပေါ် အာဆီယံ၏ သဘောထား ပြောင်းလဲမှု မရှိဘူးဟုလည်း အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက် နေသည့် ဖိလစ်ပိုင်သမ္မတ မားကို့စ် ဂျူနီယာက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို အာဆီယံက အဓိက လိုလားရခြင်းမှာ မြန်မာ့အရေးကို ဖြေရှင်းရာ တွင် အဖွဲ့၏ ဂုဏ်သိက္ခာနှင့် ထိရောက်မှုကို တည်ဆောက်ရန်၊ မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ ပြန်လည်သင့်မြတ် ရေးကို ဖော်ဆောင်နိုင်ရန်နှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရန်တို့အတွက် အဓိကသော့ချက်ဖြစ် သည်ဟု ယူဆထားသောကြောင့်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ချို့က သုံးသပ်ကြသည်။
ဒေါ်အောင်ဆန်းစုကြည် လွှတ်ခြင်း/မလွှတ်ခြင်းသည် တိုင်းပြည် ဘယ်လောက် ပွင့်လင်းသလဲ၊ နိုင်ငံရေးအရ ဘယ်လောက် ပွင့်လင်းသလဲဆိုတာနှင့် ဆက်စပ်နေသောကြောင့် အာဆီယံကလည်း အဓိကထား ပြောနေခြင်းဟု မြင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဋ္ဌာနသို့ပြောသည်။

ဖိလစ်ပိုင်သမ္မတ မားကို့စ်ကို တွေ့ရစဉ်
၎င်းက “ဒါတွေဟာ နိုင်ငံရေးအရဖြစ်တဲ့ ကိစ္စတွေလို့ အာဆီယံက ဒါရှုမြင် သုံးသပ်လို့ပေါ့နော်။ နိုင်ငံရေးအရ ဒီမှာကတော့ ထုံးစံအတိုင်း ပုဒ်မတွေကတော့ တပ်ထားတာပေါ့လေ။ အဆင်ပြေမယ့် ပုဒ်မတွေတပ်ပြီး ဒါထောင်ချထားတဲ့ သဘောရှိတာပေါ့။ အဲဒီအပေါ်မှာ အာဆီယံ အနေနဲ့ကတော့ ဒါကိုဒီလိုမမြင်ဘူးလေ၊ နိုင်ငံရေးအရ ဖြစ်နေတဲ့ကိစ္စလို့ပဲ ရှုမြင်သုံးသပ်တာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါလွှတ်ပေးပါလို့ ပြောတာပေါ့နော်။ ဒါကလည်း ဟုတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွှတ်ခြင်း မလွှတ်ခြင်းသည် ဒီတိုင်းပြည် ဘယ်လောက် ပွင့်လင်းသလဲ၊ နိုင်ငံရေးအရ ဘယ်လောက် ပွင့်လင်းသလဲဆိုတာနဲ့က နည်းနည်း ဆက်စပ်နေတာပေါ့၊ အချိုး ကြနေတာပေါ့။ အဲဒီအတွက်ကြောင့်မို့ အာဆီယံကလည်း ဒါကို အဓိကထား ပြောနေတယ်လို့ပဲ မြင်ပါတယ်။ နိုင်ငံရေး အခြေအနေ ကောင်းလာနိုင်တယ်ဆို တာမျိုးထက်စာရင် လက်ရှိ အစိုးရအနေနဲ့ပေါ့ ဖြေလျှော့မှု တစ်စုံ တစ်ရာ လုပ်ပြီဆိုတဲ့ဟာကို ပြတာပေါ့။ ဒီဟာပြရုပ်တစ်ခု အနေနဲ့ လုပ်လိုက်တယ်၊ ဒီဟာကို လုပ်လိုက်ခြင်းအား ဖြင့်ကိုက ကောင်းကောင်းမွန်မွန် နိုင်ငံရေးကို ပွင့်ပွင့်လင်းလင်း ပြန်လည်ပြီးတော့မှ လုပ်ဆောင်တော့မယ်ဆိုတဲ့၊ လက္ခဏာပြတယ်ဆိုတဲ့ဟာဖြစ်မှ နိုင်ငံတကာ သံတမန်ရေးရာအရ၊ စီးပွားရေးရာအရ လုပ်ထားတဲ့ဟာတွေ မှန်သမျှ သည် ဖြေလျှော့သွားမှာ ဖြစ်တယ်ပေါ့။ အဲဒါမှပဲ ကျနော်တို့က ပြန်လည်ပြီးတော့မှ ပုံမှန်နိုင်ငံဘဝကို ပြန်ရောက် မှာပေါ့။ အန်တီစု လွှတ်ခြင်း မလွှတ်ခြင်းသည် ဒီအပေါ်မှာ မူတည်နေတဲ့ အတွက်ကြောင့် အရေးကြီးတယ်လို့ ယုံကြည်ပါတယ်”ဟု ပြောသည်။
အာဆီယံ၏ မြန်မာ့အရေး ဖြေရှင်းရေးတွင် အဓိကကျသော ဘုံသဘောတူညီချက် ၅ ရပ် အောင်မြင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်သည် မရှိမဖြစ် လိုအပ်သူဖြစ်ပြီး၊ အစိုးရနှင့် ညှိနှိုင်းမှုများတွင် အဓိကကျသော အချက်ဖြစ် ကြောင်း နိုင်ငံအသိုင်းအဝန်းက ထောက်ပြကြသည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းကို ပိုမိုဖြေလျှော့ပေး နိုင်ပြီး၊ တွေ့ဆုံဆွေးနွေးမှုများအတွက် လမ်းစပွင့်စေနိုင်ကြောင်းလည်း ၎င်းတို့က ထောက်ပြကြသည်။
ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် ထွက်လာတာနှင့် အားလုံး အေးသွားပါမည်ဟု မည်သို့ တာဝန်ခံနိုင်မလဲ၊ တာဝန်ခံစရာအကြောင်းကို မရှိဘူးဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

သမ္မတ ဦးမင်းအောင်လှိုင်နဲ့ အာဆီယံအဖွဲ့ဝင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို တွေ့ရစဉ်
၎င်းက “သူက ၂၀၂၁ မှာ ဒီအာဏာထိန်းမှု ဖြစ်သွားတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က အာဏာထိန်း ခံလိုက် ရတဲ့ အစိုးရရဲ့ အကြီးဆုံးပုဂ္ဂိုလ် တစ်ယောက်ပေါ့နော်။ နောက်တစ်ခုကတော့ သူတို့က အနောက်တိုင်းပေါ့၊ အနောက်တိုင်းက သတ်မှတ်ထားတဲ့ ဒီမိုကရေစီ အိုက်ကွန်ပေါ့နော် အဲဒါဖြစ်နေတယ်။ ဖြစ်တော့ သူတို့က ဒီအာဏာထိန်းတာကို သူတို့က အစဥ်အလာအရ သူတို့က လက်မခံတဲ့ အခါကြတော့ ဒေါ်စုကို လွှတ်ပေးပါပဲ ပြော ရတာပေါ့နော်။ လွှတ်ပေးပါလို့ ဒါကပြောကို ပြောရတော့မယ့် အနေအထား အဲဒါကို သူ ၅ နှစ်လုံးလုံး ပြောတာ။ အဲဒီတော့ သေချာတာကတော့ ဒီမိုကရေစီ အစိုးရတစ်ခုက အခိုင်အမာ ပေါ်လာတဲ့အခါကြတော့ ကိုးလိုးကန့်လန့် ဖြစ်နေတာပေါ့ သူတို့မှာ ဆုတ်လည်းဆူး၊ စားလည်းရူးဆိုတဲ့ အနေအထား အာဆီယံက ရောက်သွားတယ်။ ပြီးတော့ သူပြောသမျှ စကားတွေ တစ်ခွန်းမှလည်း ဒီဘက်က မလုပ်တဲ့အခါကြတော့ သူ့မှာ ရှက်ရမ်း ရမ်းနေတာပေါ့၊ ဒါကိုပဲ အဓိက ပြောစရာရှိတယ်ပေါ့နော်။ဒီမိုကရေစီ အစိုးရလည်းပေါ်သွားပြီ သူက ပြည်တွင်း အနေအထားကို သေချာမသိလို့ပေါ့နော်။ ပြောရမယ် ဆိုလို့ရှိရင်တော့ ဒီလို လွှတ်လိုက်တာဟာ အမျိုးသားရင်ကြားစေ့ရေးကို အထောက်အကူပြုမလား၊ မပြုဘူးလားဆို တာကတော့ ဒီလက်ရှိ အနာဂတ် တာဝန်ရှိတဲ့လူတွေက၊ အစိုးရတာဝန်ရှိတဲ့လူတွေက သုံးသပ်မှာလေ။ အဲဒီတော့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး မဖြစ်ပဲနဲ့ ပိုပြီးတော့ သွေးထိုးတဲ့ လှုံ့ဆော်မှုရဲ့ အနေအထားမျိုး ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ တကယ့်တကယ် သေချာတာကတော့ အခု သူတစ်လူ ငါတစ်မင်းလေ။ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် ထွက်လာတာနဲ့ အားလုံးအေးသွားပါမယ်လို့ ဘယ်လိုလုပ် တာဝန်ခံနိုင်မလဲ တာဝန်ခံစရာ အကြောင်း ကို မရှိဘူး”ဟု ပြောသည်။
အာဆီယံသည် နေပြည်တော်ရှိ အစိုးရကို အသိအမှတ်ပြုရန် ဘုံသဘောတူညီချက် မရသေးသော်လည်း၊ အာဆီယံ၏ ရပ်တည်ချက်အရ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးရန်နှင့် တွေ့ဆုံခွင့်ပေးရန် တွန်းအားပေးနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2757
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၁၁
သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရလက်ထက်တွင် နိုင်ငံရေး၊ စစ်ရေး အခင်းအကျင်းအရ KIA ကိုသာ ကိုင်တွယ်နိုင်လျှင် AA ကိုပါ တစ်ဆက်တည်း ထိန်းချုပ်နိုင်သလားဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်သူ များကြား မေးခွန်းထုတ်လာကြသည်။
KIA သည် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် စသည့် မြန်မာနိုင်ငံ၏ အနောက်မြောက်ဒေသတစ်လျှောက် လွတ်မြောက်ရေးကို ကြိုးပမ်းနေသည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ် များက ထောက်ပြကြသည်။
ထို့အပြင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် အာရက္ခတပ်တော်(AA) တို့သည် တူညီသည့် နိုင်ငံရေး ရည်မှန်းချက်များအပေါ် အခြေတည်ကာ ခိုင်မာသည့် စစ်ရေး မဟာမိတ်များ ဖြစ်ကြကြောင်း၊ KIA ကိုသာ ထိန်းချုပ်နိုင်လျှင် AA ကိုပါ ရနိုင်မလားဆိုသည်ကို စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ်နေကြသည်။
လက်ရှိ အစိုးအနေအဖြင့် KIA ကို ထိန်းချုပ်နိုင်ပါက AA အား ဖြတ်တောက်နိုင်မည်ဆိုသည်မှာ တစ်ပိုင်းတစ်စ အကျိုးသက်ရောက်သော်လည်း အလုံးစုံ ထိန်းချုပ်နိုင်မည်တော့ မဟုတ်ကြောင်း၊ တစ်ဖွဲ့ချင်းစီ သီးခြား ကိုင်တွယ် ရမည့် အနေအထားသာ ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူက KIA ကို ကိုင်တွယ်နိုင်လို့ရှိရင် AA ကို ထိန်းနိုင်တယ်ဆိုတာက ဟုတ်သလိုလိုနဲ့ မဟုတ်ဘူး တကယ် တော့လေ။ ပြောချင်တာက သူက ထောက်ပံ့ ပို့ဆောင်ရေး ဆိုဒ်ကနေပြီးတော့ ကြည့်ပြီးတော့ ပြောနေတာပေါ့။ ဒါကြောင့်မို့လို့ မဆိုင်ဘူး AA က AA သီးသန့်သွားရမယ်။ KIA က KIA ပဲ၊ KIA ပြုတ်လို့ရှိရင် AA ပြုတ်မယ်ဆိုတဲ့ အယူအဆက မှားတာပေါ့နော်။ အမှန်အတိုင်းပြောရင် Separated ပေါ့နော် သီးခြားစီပဲ ကိုင်တွယ်ရမှာပေါ့။ ဒီ လူတွေကို ပူးပေါင်းပြီးတော့ စကားပြောခွင့် ဘယ်တော့မှ မပေးသင့်ဘူး။ အဲဒီလို ပူးပေါင်းပြီး စကားပြောခွင့် All Inclusive ဘာညာနဲ့ KIA ကလုပ်လို့ပဲ သမ္မတကြီး ဦးသိန်းစိန် ထောင်ချောက် မိသွားတာပေါ့။ ပြောရမယ်ဆိုရင် Separate ပဲသွားရမယ်။ အဲဒီနှစ်ခုက ဟိုဘက်က ချင်းဘက်က ဘာညာ ဆက်စပ်ပြီးတော့ စစ်ကိုင်းမြောက်ပိုင်းက ဆက်စပ်ပြီးတော့ KIA နဲ့ AA ဆက်စပ်တယ်လို့ ပြောရပေမယ့် တကယ့် တကယ်ကျတော့ KIA နဲ့ AA က အဝေးကြီး ပေါ့နော်။ သမိုင်းအစဉ်အလာ ဘာညာ ဒါတွေကအစ အကုန်လုံးက မတူဘူး။ AA က ဘာပဲပြောပြော Buddhist ပေါ့နော် ဗုဒ္ဓဘာသာအခြေခံ၊ KIA ကတော့ Bapatiste ပေါ့နော်။ အစစအရာရာ ယဉ်ကျေးမှု ဘာညာကအစ ကွဲပြား တယ် မတူဘူး။ KIA နဲ့ အဆင်ပြေသွားလို့ AA ကို ဖြတ်တောက်လိုက်နိုင်တာက တစ်ပိုင်းတစ်စတော့ အကျိုး သက်ရောက်မှု ရှိပါတယ်။ ဒါပေမယ့် လုံးလုံးကြီး နှစ်ယောက် တစ်ဖွဲ့ထဲကတော့ မဟုတ်ဘူး။ အဲဒီတော့ ကျနော်တို့ က Separate ပဲသွားရမယ်။ စစ်ရေးဆိုတာတွေ နိုင်ငံရေးကတော့ မှန်းဆလို့ ကောင်းပါတယ်။ စစ်ရေးကတော့ ကျနော် တို့က ဒါမျိုးကတော့ ဘာလုပ်မယ်၊ ညာလုပ်မယ် ဆိုတာလဲ မပြောသင့်တော့လေ ကျနော် အမြင်ဆိုရင်တော့ သီးခြားစီ လုပ်လို့ရတဲ့ နည်းလမ်းတွေ ရှိတယ်ပေါ့နော်” ဟု ပြောသည်။

AA ခေါင်းဆောင်များကို တွေ့ရစဉ်
အာရက္ခတပ်တော် AA ကို ၂၀၀၉ ခုနှစ်၊ ဧပြီလအတွင်းက စတင်ဖွဲ့စည်းခဲ့ပြီး တော်လှန်ရေး စတင်ချိန်က ချင်းပြည် နယ်၊ ပလက်ဝမြို့နယ်ကို ခြေကုတ်ယူကာ ရခိုင်ပြည်နယ်အတွင်း စတင်ထိုးဖောက် ဝင်ရောက်ခဲ့ကြောင်း သိရ သည်။
လက်ရှိတွင် AA သည် ရခိုင်ပြည်နယ်အတွင်း တစ်ဖွဲ့တည်း လှုပ်ရှားသလို ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း ညီနောင်မဟာမိတ် ၃ ဖွဲ့ (MNDAA-AA-TNLA) အဖြစ်ဖွဲ့ထားပြီး စစ်ရေးလှုပ်ရှားမှုများရှိသည်။
အလားတူ စစ်ကိုင်းတိုင်းသေကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်မှာလည်း ဒေသတွင်း လက်နက်ကိုင် အဖွဲ့များဖြင့် ချိတ်ဆက်၍ စစ်ရေးလှုပ်ရှားလျက်ရှိသည်။
မြန်မာ့တပ်မတော်နှင့် AA တို့အကြားတွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် အပစ်ရပ် သဘောတူညီခဲ့ကြပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ၌ တစ်ကျော့ပြန် တိုက်ပွဲဖြစ်ပွားခဲ့ကာ လက်ရှိ အချိန်အထိ စစ်ရေးတင်းမာနေကြသည်။
AA အနေဖြင့် လက်နက်ခဲယမ်းများကို KIA အပေါ်၌သာ မှီတည်နေရခြင်း ဖြစ်သည့်အတွက် KIA ကို ထိန်းချုပ် လိုက်နိုင်ခြင်းအားဖြင့် AA အင်အားလျော့သွားနိုင်သည်ဟု ယူဆ၍ရကြောင်း တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေးပါတီ(တစည)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေက CNI သတင်းဌာနသို့ ပြောသည်။

KIA နဲ့ တရုတ်ကိုယ်စားလှယ်ဟောင်း ဆွန်ကော်ရှန်ကို တွေ့ရစဉ်
၎င်းက “KIA ကို ထိန်းချုပ်လိုက်တာနဲ့ KIA က အဓိက ထောက်ပံ့ပေးထားတဲ့ AA ဟာ KIA ရဲ့ လက်နက်တွေချည်း အကုန်လုံး ကိုင်တွယ်နေတာ။ Training Ground ကအစ အရာရှိအဆင့်ထိပဲ Training တွေ အကုန်လုံးက KIA ကပဲ ပေးနေတာလေ။ အဲဒီတော့ KIA ကို ကောင်းကောင်း ထိန်းချုပ်နိုင်ရင် AA အင်အားလျော့သွားမယ်။ ဒီဘက် အစိုးရနဲ့ ပြန်လည် ပူးပေါင်းလာလိမ့်မယ်။ အခုက AA က KIA Supply ကြောင့် အားရှိတယ်လို့ သူတို့ယူဆပြီးတော့ ကွန်ဖက်ဒရေးရှင်း ဘာညာ ဒီအထိ တောင်းဆိုနေတာကို။ အဲဒီတော့ KIA ကိုသာထိန်းနိုင်ရင် AA ဟာ အများကြီး ထည့်တွက်စရာမလိုတဲ့ အခြေအနေထိ ရောက်သွားလိမ့်မယ်။ G to G ရဖို့အတွက် KIA ကို တိတိကျကျ ထိန်းချုပ် မယ့် နည်းလမ်းတွေ တရုတ်လက်ထဲမှာ ရှိပြီးသား။ အဲဒါတွေကို တိတိကျကျ လိုက်နာလုပ်ပေးရင် ကျနော်တို့ မြန်မာပြည်အတွက်လည်း ကောင်းမယ်။ KIA လည်း ကျနော်တို့အပေါ် ဖိအားပေးနိုင်မှုတွေ လျော့ကျသွားမယ်။ KIA လျော့ကျသွားရင် AA လည်း အင်အားလျော့ကျသွားမယ်။ ဒီလိုနည်းအားဖြင့် မြန်မာပြည် ငြိမ်းချမ်းရေးဟာ ရေရှည်ပိုကောင်းတဲ့လမ်းကို ရောက်လိမ့်မယ်လို့ ကျနော်တို့က ယုံကြည်တယ်” ဟု ပြောသည်။
ရခိုင်လူမျိုးများ အနေဖြင့် ကွန်ဖက်ဒရေးရှင်းထက် မနိမ့်သော အဆင့်အတန်း တစ်ခုခုကို ရအောင်တိုက်မည်ဟု AA မှ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထုတ်ဖော်ပြောဆိုထားဖူးသည်။
KIA သည် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေး ကာလအတွင်း ယခင်ထက် ပိုမိုအားကောင်းလာကာ တော်လှန်ရေး အင်အားစုများကို လက်နက်ခဲယမ်း အပါအဝင် စစ်သင်တန်းများ၊ နေထိုင်နိုင်ရေးတို့ကို ထောက်ပံ့ကူညီပေးနေ သလို စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အတွင်း စစ်ဆင်ရေးများတွင်လည်း ပူးပေါင်းတိုက်ခိုက်နိုင်ရေး ထောက်ပံ့ပေးလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 374
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၈
အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား တွေ့ဆုံဆွေးနွေးသည့် အခင်းအကျင်းများ ပေါ်ပေါက်လာမည်ဆိုလျှင် ငြိမ်းချမ်းရေးလုပ်ငန်းစဥ် မည်ကဲ့သို့ ပြန်စရမလဲဆိုသည်ကို ဦးစားပေး ဆွေးနွေး သင့်သည်ဟု 7 EAO Alliance မှ ညှိနှိုင်းရေးမှူး ရဲဘော်မျိုးဝင်းက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း နိုင်ငံရေး အခင်းအကျင်း၌ ပိုမိုကြီးမား ကျယ်ပြန့်လာကာ လက်နက်ကိုင် အဖွဲ့အစည်းများလည်း လွန်စွာပေါများလာခဲ့သည်။
ထို့နောက် နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခကြားထဲတွင် ပြည်သူလူထု အနေဖြင့် အိုးအိမ်စည်းစိမ်များကို စွန့်ခွာကာ အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင် နေကြရသလို အသက်အန္တရာယ် ခြိမ်းခြောက်မှုများလည်း ရင်ဆိုင်နေ ကြရသည်။
လက်ရှိ အနေအထားအရ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးသည့် အခါတွင် မည်သည့် အကြောင်းအရာများကို ဆွေးနွေး ကြမည်ဆိုသည်ထက် ပါဝင်သင့် ပါဝင်ထိုက်သည့် အဖွဲ့အစည်းများ ငြိမ်းချမ်းရေးလမ်းစဥ်ပေါ် ရောက်လာ နိုင်ရန် ဦးစားပေး ဆွေးနွေးရမည်ဟု 7 EAO Alliance မှ ညှိနှိုင်းရေးမှူး ရဲဘော်မျိုးဝင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီနှစ်ကာလမှာ ဆွေးနွေးရမယ့် အကြောင်းအရာထက်ကို ပြီးခဲ့တဲ့ ငါးနှစ်တာကာလ ပဋိပက္ခကြားထဲကနေ ပြီးတေ့ာ လက်ရှိ လက်ခံချင်သည်ဖြစ်စေ၊ လက်မခံချင်သည်ဖြစ်စေ အစိုးရသစ်တစ်ရပ်ရှိလာတယ်၊ လွှတ်တော် ပေါ်ပေါက်လာတယ်။ အဲဒီ အခြေခံအောက်မှာ ရပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်စမယ်ဆိုတဲ့ဟာကို Process ဘယ်လို စမလဲဆိုတဲ့ဟာ ကို အရင်ဆွေးနွေးရအုံးမှာ။ အဲဒီ Process ထဲမှာ ဒီလက်နက်ကိုင် ပဋိပက္ခမှာပါနေတဲ့ အဖွဲ့အစည်းတွေ ပါလာ အောင် ဘယ်လိုလုပ်မလဲ။ Process စနိုင်ဖို့လိုတာပေါ့ အဲဒါကို အရင်စရအုံးမှာ။ ဘာအကြောင်းအရာ ဆွေးနွေးမလဲ ဆိုတာ အဝေးကြီး လိုသေးတယ်။ အခုဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခ အရှိန်လျှော့ချနိုင်ဖို့အတွက် Process ပြန် စနိုင်ဖို့။ Process ထဲမှာ ပါဝင်သင့်ပါဝင်ထိုက်တဲ့ အဖွဲ့အစည်းပါလာဖို့က အရင်ဦးစားပေးဖို့ ဖြစ်တယ်။ အဲဒါကို အစ ပြုရမှာလေ။ အဲဒါကို အလွတ်သဘောများများ ထားပြီးတော့မှ ပြောကြရမယ်၊ ညှိနှိုင်းကြရမယ် ဒီ Process ပြန် စနိုင်ရေး အတွက်ပေါ့။ အဲဒါကြောင့် ခုနကပြောတာလေ Process ပြန်စနိုင်ဖို့ ရပ်နေတဲ့ Process ဘယ်လို ပြန် စမလဲ၊ ဘယ်လို နည်းလမ်းနဲ့ အကောင်အထည် ဖော်မလဲဆိုတာကို နှစ်ဖက်လူကြားမှာ စတင် စကားပြောရ လိမ့်မယ်။ အခု NCA အခြေခံမယ် NCA မရှိတော့ဘူး ပုံသဏ္ဍာန်မျိုးစုံနဲ့ ပြောနေကြတယ်။ ဒါမှန်တယ် ဒါပေမယ့် အဲဒီအခြေခံအောက်မှာ ဘယ်လိုနည်းလမ်းနဲ့ ကိုက်ညီမလဲဆိုတာ၊ ဘယ်လိုနည်းလမ်းနဲ့ အကောင်းဆုံး ဖြစ်နိုင်မလဲ ဆိုတာ ပုံသဏ္ဍာန် ရွေးချယ်ကြရမှာဖြစ်တယ်။ ဒါကို အရင် စလုပ်ရမှာဖြစ်ပါတယ်”ဟု ပြောသည်။

NCA ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့များ အစည်းအဝေး ကျင်းပနေစဉ်
လက်ရှိ ပုံမှန်မဟုတ်သည့် နိုင်ငံရေး အခင်းအကျင်းအောက်တွင် အတွေးအခေါ်နှင့် ယူဆချက် အသစ်များ ဖြစ်လာနိုင်သော်လည်း ပြည်ထောင်စုအကျိုးကို ရှေးရှုကာ ထိတွေ့ဆက်ဆံနိုင်မည်ဆိုပါက ညှိနှိုင်းအဖြေရှာ၍ ရမည်ဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
သမ္မတ ဦးမင်းအောင်လှိုင် အစိုးရ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနှင့် ပတ်သက်ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (၇) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် 7 EAO Alliance သည် ဦးဆောင်အဖွဲ့ အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များကို ပြန်လည်သုံးသပ်ကြောင်း၊ မိမိတို့ ၇ ဖွဲ့ အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ် တွေ့ဆုံဆွေးနွေးသည့် ယဥ်ကျေးမှု ပြန်လည်ပေါ် ထွန်းလာနိုင်ရေးအတွက် ပြင်ဆင် ဆောင်ရွက်ထားကြောင်း 7 EAO Alliance မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က CNI သတင်းဌာန သို့ ပြောသည်။

ဗိုလ်မှူးကြီးစောကျော်ညွန့်နဲ့ နိုင်အောင်မငေးကို တွေ့ရစဉ်
၎င်းက “ကျနော်တို့ကတော့ ပြင်ဆင်မှု တစ်ခုတော့ရှိတာပေါ့။ ကျနော်တို့ ၂၀၂၁ နောက်ပိုင်းကနေ စပြီးတော့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲလို့ပဲ ပြောမလား၊ အဲဒါတွေ ကျနော်တို့ မလုပ်ဖြစ်တာ တော်တော်ကြာပြီလေ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတို့ ဘာတို့လည်း မလုပ်ဖြစ်တာ တော်တော်ကြာပြီ။ သို့သော် ကျနော်တို့ (7 EAO Alliance) ထဲမှာကတော့ ပုံမှန် တွေ့ဆုံဆွေးနွေးမှုတွေရှိတယ်။ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး အခင်းအကျင်းအပေါ်မှာ အခြေခံပြီး တော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဘယ်လို စတင်ပြီးတော့ အကောင်အထည် ဖော်ဆောင်နိုင်မလဲဆိုတဲ့ စဉ်းစားချက်တွေကတော့ ကျနော်တို့ ၇ ဖွဲ့ကြားထဲမှာ အမြဲတမ်း တိုင်ပင်ညှိနှိုင်းမှုတွေရှိတယ်။ နိုင်ငံရေးပါတီတို့ လည်း အလျဉ်းသင့်သလို ဆွေးနွေးမှုတွေရှိတယ် ဒါက ကျနော်တို့ဘက်ကပါ။ ပြီးခဲ့တဲ့ မနေ့က ဦးဆောင်အဖွဲ့ အစည်းအဝေးမှာဆိုရင်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် နှစ်နှစ်၊ သုံးနှစ်လောက် အချိန်ယူပြီးတော့ ပြင်ဆင် ဆောင်ရွက်ထားတဲ့ အချက်အလက်တွေရှိပါတယ်။ အဲဒါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်သုံးသပ်ခြင်းနဲ့ ရှေ့လုပ်ငန်းစဉ်ဆိုတဲ့ တစ်ခုရှိသလို၊ 7 EAO ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းဆိုင်ရာ မဟာဗျူဟာကိုလည်း ပြုစုထားတာ၊ စဉ်းစားထားတာရှိတယ်။ နောက်တစ်ချက်က လက်ရှိ နိုင်ငံရေး အခင်းအကျင်းအရပေါ့လေ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ လုပ်ဆောင်တဲ့ အခါကျလို့ရှိရင် 7 EAO ဘက်က တွေ့ဆုံဆွေးနွေးခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်း အဲဒါတွေကိုလည်း ကျနော်တို့ ၇ ဖွဲ့ ကြားထဲမှာ ညှိနှိုင်းသဘောတူထားတဲ့ အချက်တွေရှိသလို ကျနော်တို့ လက်ရှိ အာရုံစိုက်နေတာက ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေ့ဆုံဆွေးနွေးတဲ့ ယဉ်ကျေးမှု အဲဒါတွေ ပြန်လည် ပေါ်ထွန်းလာ နိုင်ဖို့ အတွက်ပဲ ကျနော်တို့က ၇ ဖွဲ့ကြားထဲမှာတော့ ပြင်ဆင်ဆောင်ရွက်ထားတဲ့ အချက်အလက် တွေရှိပါတယ်" ဟု ပြောသည်။
လက်ရှိတွင် သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့ အနေဖြင့် ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက် ပေးသွားမည့် ကိစ္စရပ်များအနက် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေးကဏ္ဍလည်း ပါရှိသည်။
ထို့အပြင် မကြာသေးခင်က NSPNC သည် NCA ထိုးထားသည့် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် လက်မှတ် ထိုးချိန်က ပါဝင်ခဲ့သူများကို ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်စာများ ပေးပို့ထားပြီဟု 7 EAO Alliance မှ ပြောကြား ချက်အရ သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 538
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၈
လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် လက်နက်ကိုင်အဖွဲ့အစည်းများအား ခြိမ်းခြောက် ဖိအားပေး မှုမျိုးဖြင့် တိုင်းပြည်အရွေ့ကို သွား၍မရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) ၏ အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နိုင်ငံရေးစိတ်ဆန္ဒ တကယ်ရှိတယ်ဆိုရင် ဒီ ရက် ၁၀၀ အတွင်းမှာ လာရင်လာ၊ လုပ်ရင်လုပ်၊ မလုပ်ရင်တော့ လုပ်စရာရှိတာ လုပ်ရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုမျိုး၊ ဖိအားပေးမှုမျိုး၊ စိန်ခေါ်မှုမျိုးနဲ့က တော့ ဒီနေ့ တိုင်းပြည်ကို ဒီလိုတော့ သွားလို့မရတော့ပါဘူး။ အဲဒါကို သေချာ နားလည်ကြဖို့လိုတယ်။ အဲဒါကြောင့်လည်း ပြောနေတာက ဘာလုပ်ရမလဲဆိုတာ သိပြီးနဲ့ကို တမင် စိန်ခေါ်သလိုလို၊ ရင့်သီး သလိုလိုမျိုး လုပ်လို့မရပါဘူး။ ပြောချင်တာက ဒီကနေ့ရှိနေတဲ့ စစ်အုပ်စုကလည်း အင်အားစုတစ်ရပ် အနေနဲ့ပါ။ သူက ကိုယ့်ကိုယ်ကို ဗဟိုပြုပြီးလုပ်လို့ရတဲ့ အခင်းအကျင်းလည်း၊ အနေအထားလည်း မဟုတ် တော့ပါဘူး။ ဒီနေ့ တိုင်းပြည် တစ်ပြည်တစ်ခုလုံး ပြန်လည်တည်ဆောက်ဖို့က အင်အားစု အားလုံး ပါဝင် နိုင်တဲ့ အခင်းအကျင်းဖြစ်ဖို့ လိုပါတယ်။ အဲဒီမှာ စစ်အုပ်စုကလည်း အင်အားစုတစ်ခု အနေနဲ့ပါ။ မိမိကိုမိမိ ဗဟိုပြုပြီး စဉ်းစားမယ်ဆိုရင်တော့ တိုင်းပြည် တည်ဆောက်ရေး အတွက်က အလားအလာ မကောင်းဘူး လို့ပဲ ပြောချင်ပါတယ်” ဟု ပြောသည်။
သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့ အနေဖြင့် ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက် သွားမည့် ကိစ္စများတွင် ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်လည်း ပါဝင်ကာ လက်နက် ကိုင်များအား ဖိတ်ခေါ် ထားသည်။

သမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ဧပြီလ ၂၀ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့ မတိုင်မီအထိ ရက်ပေါင်း ၁၀၀ အတွင်း NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များ အားလုံးကို ငြိမ်းချမ်း ရေးအတွက် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ထားခြင်းဖြစ်သည်။
NCA လက်မှတ် ရေးထိုးထားပြီး ၅ နှစ်အတွင်း တွေ့ဆုံခြင်း မရှိသည့် အဖွဲ့များဖြစ်သော KNU၊ CNF၊ ABSDF အဖွဲ့များကိုလည်း ဖိတ်ခေါ်ကြောင်း ပြောဆိုထားသည်။
အစိုးရအနေဖြင့် ထိုသို့ ရက် ၁၀၀ ဟု ကန့်သတ်ထားခြင်းသည် ထိုကာလ အတောအတွင်း ထူးခြားသည့် အောင်မြင်မှု ရချင်သည့် အတွက်ကြောင့် ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အစိုးရအနေနဲ့ ရက်ကန့်သတ် ထားတယ်ဆိုတာက သူက ရက် ၁၀၀ အတွင်းမှာ နည်းနည်း ထူးထူး ခြားခြား အောင်မြင်မှု ရချင်လို့ ဖြစ်မှာပေါ့။ ဒါပေမယ့်လို့ အခြေခံ သဘောကတော့ သူက NCA စာချုပ်ကို ဆက်လက်ပြီး အသိအမှတ် ပြုထားတယ်။ အဲဒီ NCA စာချုပ်ကလည်း တကယ့် သေသေချာ ချာ ဖတ်ပြီးတော့ နားလည်ထားလို့ရှိရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအတွက် အပစ် ရပ်စဲပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တိုးတက်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေပေါ့။ စစ်မြေပြင်ပေါ် မှာ လက်နက်ခဲယမ်း မီးတောက်တွေနဲ့ တိုက်နေရတဲ့ တိုက်ပွဲကို စားပွဲဝိုင်းပေါ်မှာ ပါးစပ်နဲ့ တိုက်ပွဲဆင်နေ ရတဲ့ စစ်ပွဲအဖြစ် ပြောင်းချင်တယ်ဆိုရင် ဒါက လက်မှတ် ထိုးလိုက်တာ ကောင်းတယ်။ ကျနော်ကတော့ အဲဒီလိုမြင်တယ်” ဟု ပြောသည်။

NCA နှစ်ပတ်လည် အခမ်းအနား တက်ရောက်သူများကို တွေ့ရစဉ်
လွန်ခဲ့သည့် ၅ နှစ်တာ ကာလအတွင်း ယုံကြည်မှု အပါအဝင် ဘက်ပေါင်းစုံမှ ပျက်စီးသွားသည့် အရာများ အား ရက် ၁၀၀ တည်းဖြင့် လုပ်ဆောင်၍ မရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ၏ အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီက CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “ရက် ၁၀၀ နဲ့ တိုင်းပြည် တည်ဆောက်လို့ရတဲ့ ကိစ္စမဟုတ်ဘူး။ ဖျက်ဆီးခဲ့တာ နှစ်ပေါင်းများစွာ ပေါ့။ ဘာပဲပြောပြော အခြေအနေကောင်းတစ်ရပ် အရပ်သားအစိုးရ ဦးဆောင်နေတဲ့ ပြည်တွင်း ငြိမ်း ချမ်းရေး ကိစ္စပဲပြောပြော၊ တိုင်းပြည် တည်ဆောက်ရေး ကိစ္စပဲပြောပြော အရပ်သား အုပ်ချုပ်မှုအောက် ကို ပြုပြင်ပြောင်းလဲရေးကို သွားနေတဲ့ကိစ္စရပ်ကနေ ၅ နှစ်တာလောက် အာဏာသိမ်းပြီးတော့ ဖျက်ဆီး ပစ်လိုက်တာက ရက် ၁၀၀ နဲ့ ဘယ်ရမလဲ။ ရက် ၁၀၀ တည်းမှာ ဒီလိုလုပ်လို့ရစတမ်းမှ မဟုတ် တာ။ တစ်တိုင်းပြည်လုံးက အမျိုးသားစည်းလုံးညီညွတ်ရေး ပြိုကွဲတယ်။ ယုံကြည်မှုတွေ ပျက်စီးသွား တယ်။ လူထုရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ အများကြီး ပျက်စီးသွားတဲ့ အပေါ်မှာတော့ ရက် ၁၀၀ နဲ့ ဘာမှလုပ်လို့ မရပါဘူး။ အဲဒါကိုလည်း ပြောချင်တာပါ” ဟု ပြောသည်။
လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် အစိုးရ၊ တပ်မတော်၊ လက်နက်ကိုင်အဖွဲ့အစည်း အသီးသီး အကြား ခိုင်မာသည့် ယုံကြည်မှု မရှိခြင်းက အဓိက ပြဿနာဖြစ်နေကြောင်း၊ တိုင်းရင်းသားများ လိုလား သည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူညီမျှမှုရှိသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးသည် အရေးပါနေကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 310
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၇
ပြည်သူလူထုသည် ၎င်းတို့၏ သဘောဆန္ဒအလျောက် မဲပေးခဲ့ပြီး ရွေးကောက်ပွဲကို ထောက်ခံ အားပေးခဲ့ သည့်အတွက် မိမိဆန္ဒဖြင့် လာရောက်မဲပေးကြသူများကို ဒီမိုကရေစီနိုင်ငံများမှ တန်ဖိုးထားရန်လိုသည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်က ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် ၎င်းက ပြောကြားလိုက်ခြင်း ဖြစ်သည်။
မိမိတို့ အစိုးရအဖွဲ့သည် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် ပြည်သူလူထုမှ ၎င်းတို့၏ စိတ်သဘောဆန္ဒများ အလျောက် ဆန္ဒမဲပေးရွေးချယ်ပြီး ထွက်ပေါ်လာခဲ့ သော ပြည်သူ့ကိုယ်စားလှယ်များမှ ရွေးကောက်ပွဲ တင်မြှောက်ထားသည့် ရွေးကောက်ခံ အစိုးရအဖွဲ့ဟု နိုင်ငံတော် သမ္မတက ပြောသည်။
၎င်းက “ ရွေးကောက်ပွဲ၌ ပြည်သူများ အနေဖြင့် ဆန္ဒမဲပေးရာတွင် တက်ကြွစွာဖြင့် စည်းကမ်းတကျ လာရောက်၍ မဲရုံများ၌ ဆန္ဒမဲများ ပေးခဲ့ကြသည်ကို တွေ့ရှိခဲ့ရကြောင်း၊ မဲပေးသူ အများစုမှာ အသက် ၁၈ နှစ်နှင့် ၅၀ အကြား ဖြစ်ကြကြောင်း၊ ၎င်းတို့၏ သဘောဆန္ဒအလျောက် မဲပေးခြင်းဖြစ်ကြောင်း၊ မဲပေးရာတွင် စနစ်တကျဖြင့် တန်းစီ၍ မဲပေးခဲ့ကြခြင်းကို တွေ့ခဲ့ရခြင်းသည် ပြည်သူများအနေဖြင့် ရွေးကောက်ပွဲကို ထောက်ခံ အားပေးမှုကို ပြသခြင်း၊ နိုင်ငံတော်အစိုးရ၏ နိုင်ငံရေးအရ ဆောင်ရွက်ချက်များကို ထောက်ခံမှု ပြသခြင်းပင်ဖြစ်သည်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၅ အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက် အထိ အပိုင်း ၃ ပိုင်း ခွဲ၍ ကျင်းပခဲ့သည်။
အဆိုပါ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၄ ဒသမ ၂၃ သန်းရှိသည့်အနက် ဆန္ဒမဲ ပေးသူ ၁၃ ဒသမ ၁၃ သန်းကျော်ရှိ၍ ဆန္ဒမဲပေးမှု ရာခိုင်နှုန်းမှာ ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းရှိသည်။
ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၅၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံးတွင် ဝင် ရောက်ယှဉ်ပြိုင်ခဲ့ကြသည်မှာ ၆ ပါတီရှိကြောင်း၊ ၃၁ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၁ ဦဂ ရွေးကောက်ခံခဲ့ရကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ခဲ့ခြင်းသည် ဒီမိုကရေစီနှင့်အညီ အားလုံး ပါဝင်သည့် ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့ခြင်းပင်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။

၎င်းက “ အချို့သော နိုင်ငံများအနေဖြင့် ပြည်သူများက ရွေးချယ်ထားသည့် ဒီမိုကရေစီနည်းလမ်းနှင့်အညီ တာဝန် ထမ်းဆောင်နေသည့် မိမိတို့ အစိုးရအပေါ်၌ ကန့်သတ်မှုများ၊ စီးပွားရေး ပိတ်ဆို့မှုများကို ဖိအားပေး လုပ်ဆောင်နေ ကြဆဲ ဖြစ်ကြောင်း၊ ဒီမိုကရေစီ နည်းလမ်းတကျ မိမိဆန္ဒဖြင့် လာရောက်မဲပေးကြသူများကို ဒီမိုကရေစီနိုင်ငံများမှ တန်ဖိုးထားရန်လိုပါကြောင်း၊ မည်ကဲ့သို့ပင်ဖြစ်စေ မိမိတို့အနေဖြင့် ပါတီစုံ ဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာ ဖြစ်စေ ရေး ဆက်လက် ဆောင်ရွက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ဆက်လက် အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်နှင့် လျော်ညီသည့် ပြောင်းလဲမှုများ ကို လည်း ဖော်ဆောင်သွားမည်”ဟု ပြောသည်။
ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲသည် မဲမသမာမှုနှင့် မဲစာရင်း မှားယွင်းမှု မရှိဘဲ လွတ်လပ်ပြီး တရားမျှတ သည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်ပြီး အောင်မြင်သည့် ရွေးကောက်ပွဲ တစ်ရပ်အဖြစ် ကျင်းပ နိုင်ခဲ့ခြင်းပင် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောသည်။
မြန်မာနိုင်ငံတွင် ကျင်းပ ပြီးစီးခဲ့သော ရွေးကောက်ပွဲနှင့်အတူ လက်ရှိ ဖွဲ့စည်းထားသော သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့အား တရုတ်၊ ရုရှား၊ ဘယ်လာရုစ် အပါအဝင် နိုင်ငံတကာနှင့် ပြည်တွင်းရှိ လက်နက် ကိုင်အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စီးပွားရေး အသင်းအဖွဲ့များက ကြိုဆိုဂုဏ်ပြု ထောက်ခံကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ကြသေးသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 388
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၇
မြန်မာနိုင်ငံ၏ လက်ရှိကာလတွင် စစ်ရေးသည် တစ်ဘက်တည်း အပြတ်နိုင်သည်မျိုး မရှိနိုင်တော့ကာ နှစ်ဖက် ညှိနှိုင်းပြီး သွားချင်သည့် ဖက်ဒရယ်ပုံစံကို အချိန်ကာလတစ်ခု သတ်မှတ်၍ ဆောင်ရွက်လျှင် မြန်မာပြည် အမြန် အေးချမ်းမည်ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပြောရရင် စစ်ရေးဆိုတာကတော့ အခုကာလ စစ်ရေးဆိုတာက တစ်ဆက်တည်း အပြတ်နိုင်တယ်ဆိုတာ ဘယ်တော့မှ မရှိနိုင်တော့ဘူး။ အစိုးရတပ်ကလည်း ဘယ်လက်နက်ကိုင် အဖွဲ့အစည်းကိုမှ အပြတ်နိုင်မှာ မဟုတ် ဘူး။ ဒီအခြေအနေမျိုးမှာ နှစ်ဖက်ညှိနှိုင်းပြီးတော့ ဖက်ဒရယ်ဆိုရင်လည်း သူတို့သွားချင်တဲ့ ဖက်ဒရယ်၊ သူတို့ တောင်းဆိုတဲ့ အချက်အလက်တွေကို ကျနော်တို့ ပေးနိုင်မှု ရာခိုင်နှုန်း ဘယ်လောက်၊ ခင်ဗျား ၁၀၀ တောင်းတယ်ဗျာ၊ ကျနော်တို့က စပြီး ၁၀ ပေးမယ်၊ ဟိုဘက်က ၁၀ နဲ့ စပြီးတော့ လက်ခံ၊ အဲဒါမှ ၂၀ တိုးတောင်း မယ်၊ ၃၀ ရအောင်လုပ်မယ်။ နောက်ဆုံးပိတ် ၅၀၊ ၁၀၀ ပြည့်အောင် ဘယ်ကာလအထိ ပြည့်မယ်ဆိုတာမျိုး ကျနော်တို့ Time duration လည်း Frame ချထားပြီးတော့ ဆောင်ရွက်ရင် မြန်မာပြည်က အမြန်အေးချမ်းမှာပါ။ ကျနော်အဲဒီလိုပဲ ယုံကြည်ထားတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ၏ ပြီးခဲ့သည့် ၅ နှစ်တာကာလ အခင်းအကျင်းအရ တိုင်းရင်းသားလက်နက်ကိုင်များနှင့် တော်လှန်ရေး အင်အားစုများက ပိုမိုအားကောင်းခဲ့ပြီး နယ်မြေ အများအပြားကို သိမ်းပိုက်ရရှိထားခဲ့သည်။

မြန်မာ့တပ်မတော်က စစ်ကိုင်းတိုင်းနဲ့ကချင်ပြည်နယ် အစပ် မြို့တွေကို ပြန်လည် ထိန်းချုပ်လိုက်စဉ်
ထိုသို့ စစ်ရေး လှုပ်ရှားမှုများတွင်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက တက်ကြွစွာဖြင့် ဦးဆောင် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
လက်ရှိတွင် တပ်မတော်နှင့် လက်နက်ကိုင် နှစ်ဖွဲ့စလုံးသည် တစ်ဖက်နှင့် တစ်ဖက် အပြတ်အသတ် အနိုင်ပိုင်းရန် ခက်ခဲနေသည့် စစ်ရေးအရ အကျပ်အတည်း အခြေအနေကို ဦးတည်နေကြောင်းလည်း ၎င်းတို့က သုံးသပ်ကြ သည်။
တစ်ဖက် လက်နက်ကိုင်အဖွဲ့များက နယ်မြေများအား သိမ်းပိုက်နိုင်သကဲ့သို့ တပ်မတော်သည်လည်း မြို့ကြီးများ အား ခံစစ်ဖြင့် ထိန်းထားလျက်ရှိကာ လက်လွှတ်ဆုံးရှုံးထားရသည့် နယ်မြေများကိုမူ ပြန်လည် သိမ်းပိုက်နိုင်ရေး တိုက်ပွဲဝင်လျက်ရှိသည်။
တိုင်းရင်းသားလက်နက်ကိုင်များသည် ၎င်းတို့ ဒေသနှင့် ၎င်းတို့ လူမျိုးတို့ လွတ်မြောက်ပါက ကျေနပ်ပြီဖြစ် ကြောင်း၊ ထိုအခင်းအကျင်းကို နားလည်ထားပါက နိုင်ငံရေးအလားအလာကို တွက်ဆ၍ရကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

BPLA တပ်ဖွဲ့ကို တွေ့ရစဉ်
၎င်းက “တစ်နိုင်ငံလုံး အတိုင်းအတာအရ စစ်တပ်ကို အပြုတ်တိုက်ပြီးတော့ တစ်နိုင်ငံလုံး အာဏာသိမ်းဖို့ ဆိုတာ က ဗမာတွေ အများစုပါဝင်တဲ့ နိုင်ငံရေး အဖွဲ့အစည်းကြီးပေါ့။ ဥပမာအားဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီ တို့လို၊ နောက်တစ်ခါ ဦးနုရဲ့ ပြည်ပြေးအစိုးရတို့လို၊ အခု NUG တို့လိုပေါ့။ ဒီလို အဖွဲ့ကြီးတွေကသာ တစ်ပြည်လုံးမှာ စစ်တပ် ပြုတ်သွားပြီးတော့ အာဏာသိမ်းဖို့၊ နောက်တစ်ခုက အမျိုးသားစိတ် ဒီမိုကရေစီရှိတဲ့ မြန်မာနိုင်ငံ တည်ထောင်ဖို့ဆိုတဲ့ စိတ်ကူးရှိကြတယ်။ တိုင်းရင်းသားတွေကကြတော့ ရည်ရွယ်ချက်အရ PDF တွေ ဘာတွေ စည်းရုံးဖို့။ တခြားဟာတွေ ဘာတွေနဲ့ ဘက်ပေါင်းစုံက ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ချက်တွေ ရှေ့တန်းတင် ကြွေးကြော်ခဲ့ပေမယ့် လက်တွေ့မှာကြတော့ သူတို့ကို ကျောထောက် နောက်ခံပြုတဲ့ တရုတ်ကလည်း အဲဒါကို အားမပေးဘူး။ သူတို့ကိုယ်တိုင်ကလည်း သူတို့ရဲ့ လူဦးရေ၊ ရေသောက်မြစ် ဘာညာ အကန့်အသတ်ကရှိတော့ သူတို့နယ်မြေကို စိုးမိုးလို့ ရပြီဆိုရင် သူတို့ သိပ် မတက်ကြွတော့ဘူး။ အဲဒီတော့ ဘာတွေဖြစ်လာတုန်း ဇွတ် အတင်း ရှေ့ကနေ ဦးဆောင်ပြီးတော့ ဟိုဟာဖြစ်ရင် ကွဲတာတွေ ပြဲတာတွေ ဖြစ်လာတာပေါ့။ ဥပမာ ဗမာ ကွန်မြူနစ်ပါတီဆိုရင် အဲဒီပြန်ပြီးတော့ ကိုးကန့်တို့၊ “ဝ” တို့က အာဏာသိမ်းတဲ့အချိန်မှာ “ဝ” တွေက ပြောတာ ရှိတယ်။ ဗမာပြည်တစ်ပြည်လုံး လွတ်မြောက်ဖို့ ဘယ်လောက်ကြာမှာတုန်း။ အဲဒီလို ရေရှည်စစ်တိုက်ဖို့အတွက် ငါတို့ “ဝ” တွေ အများကြီး အသက်ပေးရမှာလား။ ဒါလက်တွေ့ကျတဲ့ မေးခွန်း။ အဲဒီတော့ သူတို့က မင်းတို့ မလို တော့ဘူးဆိုပြီး ပြန်အာဏာသိမ်းလိုက်ပြီးတော့ ဗကပတွေကို မောင်းထုတ်လိုက်တာ။ ပြောချင်တာက တိုင်းရင်း သားတွေက ကိုယ့်ဒေသ၊ ကိုယ့်လူမျိုး လွတ်မြောက်လို့ရရှိရင် ကျေနပ်ပြီ။ ဒီဟာကို နားလည် ထားလို့ရှိရင် နိုင်ငံရေးအလားအလာကိုလည်း တွက်ဆလို့ရတာပေါ့” ဟု ပြောသည်။
ယခုအခြေအနေတွင် စစ်ရေးအရ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်ရေးထက် နိုင်ငံရေးအရ ဆွေးနွေးမှု သို့မဟုတ် အင်အားကြီးနိုင်ငံများ၏ ကြားဝင်စေ့စပ်မှုများကသာ အဆုံးအဖြတ်ပေးမည့် အခန်းကဏ္ဍမှ ပါဝင် လာနိုင်ကြောင်းလည်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။
လက်ရှိမှာတော့ သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အသွင်ကူးပြောင်းရေးအစိုးရက လက်နက်ကိုင်များ အား ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့ နောက်ဆုံးထား၍ ငြိမ်းချမ်းရေး ဆွေးနွေးကြရန် ဖိတ်ခေါ်ထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 468
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၇
သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်သည့် အသွင်ကူးပြောင်းရေးအစိုးရအဖွဲ့က NCA ထိုးထားသည့် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် လက်မှတ်ထိုးချိန်က ပါဝင်ခဲ့သူများကို ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်စာများ ပေးပို့ထားပြီဟု 7 EAO Alliance မှ CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ ဖိတ်ခေါ်မှုသည် အလွတ်သဘောဖြင့် တွေ့ဆုံဆွေးနွေးမည့် အနေအထားမျိုးဖြစ်ကြောင်း NCA ထိုးထား သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်း ဌာနသို့ ပြောသည်။
၎င်းက “အစိုးရမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ အဖွဲ့သုံးဖွဲ့ရှိတယ်။ ဗဟိုကော်မတီဆိုတာ အဖွဲ့တစ်ခုရှိတယ်။ လုပ်ငန်းကော်မတီဆိုတာ တစ်ခုရှိတယ်။ နောက်ဆုံးတစ်ဖွဲ့ကတော့ ညှိနှိုင်းရေးကော်မတီလို့ ခေါ်တယ်။ အဲဒီ သုံးဖွဲ့မှာ အစိုးရ သမ္မတ မိန့်ခွန်းမှာ Policy ပါတယ်။ နောက်ပြီးတော့ အစိုးရရဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ ဗဟိုကော်မတီကလည်း စာတစ်စောင်ထုတ်တယ်။ လုပ်ငန်းစဉ် မူဝါဒတွေ ချပေးတာပေါ့။ အဲဒီမှာမှ ဖိတ်စာက တော့ နောက်ဆုံးအဖွဲ့ဖြစ်တဲ့ ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးရေး အဖွဲ့ဆိုဝာာ NSPNC လို့ခေါ်တယ်။ အဲဒီနောက်ဆုံး တတိယအဖွဲ့ကနေ ဖိတ်စာထုတ်တာပေါ့။ ဖိတ်စာထုတ်တဲ့နေရာမှာ ဖိတ်စာက နှစ်မျိုးရှိတယ်။ ပထမတစ်မျိုးက NCA လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်းများဆိုပြီးတော့ တစ်ဖွဲ့ချင်း၊ တစ်ဖွဲ့ချင်း ဖိတ်စာပေးတယ်။ နောက် တစ်ခါ လူပုဂ္ဂိုလ် NCA လက်မှတ် ရေးထိုးထားသောသူဆိုပြီးတော့ ပုဂ္ဂိုလ်အရ ဖိတ်တယ်။ အဲဒီလိုဖိတ်တဲ့ နေရာမှာ တစ်ဖွဲ့တစ်စောင်ဖိတ်တဲ့အပြင် စုပေါင်းပြီးတော့ NCA လက်မှတ်ရေးထိုးထားတဲ့ NCA/S EAO လို့ခေါ်တာပေါ့ဗျာ၊ ၇ ဖွဲ့အတွက်က တစ်စောင်၊ သပ်သပ် အဖွဲ့ခေါင်းဆောင် ကြွပါဆိုပြီးတော့ ဖိတ်ပါတယ်။ အဲဒီလိုဖိတ်စာ ဆင်တူ အကြောင်းကွဲလေးပေါ့ဗျာ၊ သုံးမျိုးလောက် ရရှိပါတယ်။ အကြောင်းအရာတွေကတော့ လောလောဆယ် မပြော သေးဘူး။ အကြောင်းအရာ မပြောသေးဘူး၊ နောက်ပြီးတော့ နေရာမပြောသေးဘူး၊ အချိန်မပြောသေးဘူး။ သို့သော် အလွတ်သဘော စတွေ့မယ်ဆိုတာတော့ မူကျတယ်။ တွေ့ရင် အလွတ်သဘော စတွေ့မယ်ဆိုတာတော့ ကျတယ်။ ဒါကြောင့် အလွတ်သဘောနဲ့ ပြန်စမှာဖြစ်ပါတယ်။ အလွတ်သဘောမှာ ယုံကြည်မှုရပြီးတော့ အလုပ်ဖြစ်တယ်ဆိုမှ Agenda တွေ၊ အကြောင်းအရာတွေ အဲဒါတွေကို ဆက်ပြီးတော့ ခင်းကျင်းသွားမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျနော်တို့က အလွတ်သဘောနဲ့ပဲ အစပြုပြီးမယ်လို့ သိထားရပါတယ်” ဟု ပြောသည်။

NCA ထိုးထားတဲ့အဖွဲ့တွေနဲ့ အာဆီယံကိုယ်စားလှယ် တွေ့ကြစဉ်
လက်ရှိတွင် NSPNC က NCA ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့အနက် ၇ ဖွဲ့ကို ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်စာများ ပေးပို့ထားသော်လည်း ဆွေးနွေးမည့် အကြောင်းအရာနှင့် နေ့ရက်များကို ပြောကြားခြင်း မရှိသေး ကြောင်း သိရသည်။
ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရလက်ထက် ၂၀၁၁- ၂၀၁၂ ခုနှစ်များ အတွင်းတွင် တိုင်းရင်းသား လက်နက်ကိုင် ၁၄ ဖွဲ့နှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်စဲရေးစာချုပ် (Bilateral) လက်မှတ်ရေးထိုးခဲ့ကြသလို ၂၀၁၃ ခုနှစ်မှာ NCA စာချုပ်ကို စတင်ဆွေးနွေး၍ ၂၀၂၅ ခုနှစ်၊ သြဂုတ်တွင် NCA စာချုပ်အား မူကြမ်းရရှိခဲ့သည်။
ထို့နောက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် KNU, RCSS, ALP, DKBA, KNU/KNLA-PC, PNLO, CNF, ABSDF တို့ဖြင့်လည်းကောင်း၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် NMSP နှင့် LDU တို့ဖြင့်လည်းကောင်း လက်မှတ် ရေးထိုးခဲ့ကြသည်။
သို့သော် ၂၀၂၁ ခုနှစ်နောက်ပိုင်း အဖွဲ့ဝင်များအကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာပြီး NCA ကနေ KNU,CNF,ABSDF က နုတ်ထွက်ခဲ့ပြီး မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။
ထို့ကြောင့် အစိုးရ၏ လက်ရှိ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုသည် ထိုသုံးဖွဲ့အပေါ်တွင် မည်ကဲ့သို့ စဥ်းစားချက်မျိုး ရှိနေ မလဲ၊ ထိုသုံးဖွဲ့မှလည်း ဖိတ်ခေါ်မှုအပေါ် မည်ကဲ့သို့ တုံ့ပြန်မှုရှိနိုင်မလဲ ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးလေ့လာ သူများအကြား မေးခွန်းထုတ်မှုများ ရှိနေကြသည်။
ထိုသို့ ဖိတ်ခေါ်မှုများမှတဆင့် တွေ့ဆုံဆွေးနွေးမှုများ ရှိလာခဲ့မည်ဆိုလျှင် ပစ်ခတ်တိုက်ခိုက်မှုများ လျှော့ချနိုင်ရေး၊ ငြိမ်းချမ်းရေးစားပွဲပေါ်သို့ အားလုံး ပါဝင်နိုင်ရေးအတွက် အခက်အခဲများကြားထဲမှာ လမ်းစရှာရန်အတွက် ဦးစွာ ဆွေးနွေးသင့်သည်ဟု 7 EAO Alliance မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။

NCA နှစ်ပတ်လည် အခမ်းအနား ကျင်းပစဉ်
၎င်းက “NCA ထိုးပြီးသား အဖွဲ့တောင်မှ အမျိုးမျိုးရှိတယ်လေ။ NCA ထိုးပြီးတော့ လက်ရှိ နိုင်ငံရေးအခင်းအကျင်း အရ နိုင်ငံရေးဆွေးနွေးပွဲတွေ ဘာတွေ မလုပ်နိုင်တဲ့ အဖွဲ့ သုံးဖွဲ့လည်း ရှိတယ်လေ။ အဲဒါတွေကိုလည်း ဖိတ်ပါ တယ်လို့ ကြားပါတယ်။ ကျနော်တို့ ဒီဘက်က NCA ထိုးပြီးတော့ ဒီငါးနှစ်တာ ကာလအတွင်းမှာ FCC နဲ့ ထိတွေ့ ဆက်ဆံပြောဆိုနေတဲ့ ခုနှစ်ဖွဲ့ပေါ့။ အဲဒါကတော့ ကျနော်တို့ စုဖွဲ့မှုအရဆိုလို့ရှိရင် 7 EAO Alliance လို့ ကျနော် တို့က စုဖွဲ့ထားတာရှိတယ်။ အခု ဖိတ်ကြားထားတဲ့ အထဲမှာ ခုနက တစ်ဖွဲ့ချင်းစီကိုလည်း ဖိတ်တာရှိသလို ခုနှစ်ဖွဲ့ စုဖွဲ့မှုနဲ့ ဖိတ်တာလည်း ရှိပါတယ် ဆိုတာကိုတော့ ကြားသိရတယ်။ ဘာကိုအရင်ဆုံး အဓိကထားပြီးတော့ ဆွေးနွေး သင့် သလဲဆိုရင် ကျနော် နားလည်မှုအရ ကျနော်တို့ဟာ ဒီလိုမျိုး လက်နက်ကိုင်ပဋိပက္ခ အခြေအနေ အောက်မှာ ပေါ့လေ ပစ်ခတ်တိုက်ခိုက်မှုတွေကို လျှော့ချနိုင်ဖို့၊ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် လက်နက်နဲ့ တိုက်ပွဲတွေ စစ်ပွဲတွေ ဖြစ်နေတာကို လျှော့ချပြီးတော့ ကျနော်တို့ စကားပြောနိုင်တဲ့ အခင်းအကျင်းပေါ့၊ စကားပြောတဲ့ အခါ ကျရင်လည်း ကိုယ်နဲ့ အလျဉ်းသင့်တဲ့သူလည်း ဖြစ်ရင်ဖြစ်မယ်၊ ကိုယ်မုန်းတဲ့သူလည်း ဖြစ်ရင်ဖြစ်မယ် ချစ်တဲ့သူ လည်း ဖြစ်ရင်ဖြစ်မယ် ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့က ဒီလိုမျိုး စစ်ပွဲနဲ့တိုက်နေတဲ့ လုပ်ရိုးလုပ်စဉ် ကနေပြီးတော့ အခက်အခဲ အမျိုးမျိုးကြားက ဘယ်လို စကားပြောဆိုနိုင်မလဲ၊ ဘယ်လို မျက်နှာချင်းဆိုင် တွေ့ဆုံပြီးတော့ ဆွေး နွေး နိုင်မလဲဆိုတာက အရင်ဦးဆုံး အဓိက လမ်းစရှာပြီးတော့ ဆွေးနွေးသင့်လို့တော့ အဲဒီလိုပဲ စဉ်းစားမိတယ်” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများအကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များလည်း အကောင်အထည် မဖော်နိုင်ဘဲ ဖြစ်နေသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်သည် ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေး ရပြီး ကတည်းကနေ ယနေ့အချိန်ထိ ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 836
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၆
မြန်မာ့တပ်မတော်သည် မန္တလေး-အင်းတော်-မြစ်ကြီးနား လမ်းကြောင်းကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ခြင်းကြောင့် ထိုဆက်သွယ်ရေး လမ်းကြောင်းအား မေလ ၆ ရက်တွင် ပြန်လည် ဖွင့်လှစ်ပေးနိုင်ခဲ့သည်ဟု နေပြည်တော်ဘက်က ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် မြန်မာ့တပ်မတော်သည် မန္တလေး-မတ္တရာ- သပိတ်ကျင်း- တကောင်း- ထီးချိုင့်- ကသာ- အင်းတော်- မော်လူး- နန့်စီးအောင်- မိုးညှင်း- မိုးကောင်း- မြစ်ကြီးနား ဆက်သွယ်ရေး လမ်းကြောင်းတစ်လျှောက်အား အပြည့် အဝ ထိန်းချုပ်၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ လမ်းကြောင်း ပြန်လည် ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းကြောင့် ဒေသခံ တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွား ဘဝများ ပြန်လည် ဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ကြောင်း နေပြည်တော်ဘက်က ထုတ်ပြန်ခဲ့သည်။

မန္တလေးမှ မြစ်ကြီးနားသို့ ဆက်သွယ်ထားသော လမ်းကြောင်းသည် မြန်မာနိုင်ငံ၏ မြောက်ဘက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးအတွက် အခြေခံကျကြောင်း၊ ထိုလမ်းကြောင်းကို အသုံးပြုနိုင်ပြီးဖြစ်၍ ပြည်သူများ ကုန်စည်စီးဆင်းမှု များ မြန်ဆန် လွယ်ကူမည်ဖြစ်သလို ခရီးသွားလာရလည်း မြန်ဆန်လွယ်ကူလာမည်ဖြစ်သည်။
မြန်မာ့တပ်မတော်သည် မန္တလေး-မတ္တရာ- သပိတ်ကျင်း- တကောင်း- ထီးချိုင့်- ကသာ- အင်းတော်- မော်လူး- နန့်စီးအောင်- မိုးညှင်း- မိုးကောင်း- မြစ်ကြီးနား ဆက်သွယ်ရေး လမ်းကြောင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေး အတွက် စစ်ဆင်ရေးကာလအနေဖြင့် ၁ နှစ်နှင့် ၃ လကျော် ကြာမြင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆင်ရေးကာလအတွင်း တော်လှန်ရေးအင်အားစုများနှင့် တိုက်ပွဲကြီး/တိုက်ပွဲငယ် စုစုပေါင်း ၃၂၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ လက်နက်မျိုးစုံ ၃၃၂ လက် အပါအဝင် ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ ကြောင်း ထုတ်ပြန်ခဲ့သည်။
