- By CNI
- Category: နိုင်ငံရေး
- Hits: 164
CNI International News
ဆိုးလ်၊ ဇူလိုင် ၁
တောင်ကိုရီးယား၏ တန်ပြန်ဒရုန်း မဟာဗျူဟာတွင် ဟာကွက်များ ရှိနေသည်ဟု The Korea Times မှ ဖော်ပြခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံးအကြိမ် ပြုလုပ်သည့် ဒရုန်းတိုက်ဖျက်ရေး စစ်ရေးလေ့ကျင့်မှုသည် မြေပြင် အခြေအနေနှင့် ကိုက်ညီမှု ရှိ၊ မရှိကို ယူကရိန်းမီဒီယာတစ်ခုက မေးခွန်းထုတ်ခဲ့ပြီးနောက် တိုးတက်ပြောင်းလဲ လာသည့် ဒရုန်းကာကွယ်ရေး မဟာဗျူဟာနှင့်ပတ်သက်ပြီး အငြင်းပွားမှုများ ပေါ်ပေါက်လာခဲ့သည်။
တောင်ကိုရီးယား လေတပ်ကမူ ကျည်အစစ်များ အသုံးပြု ပစ်ခတ်ခဲ့သည့် ထိုစစ်ရေး လေ့ကျင့်မှုသည် ယူကရိန်း စ-စ်မြေပြင် အခြေအနေကို ပုံတူကူးရန် ကြိုးပမ်းခြင်းမျိုး မဟုတ်ဘဲ လက်ရှိ လက်နက်စနစ်များကို အသုံးချသည့် ပထမအဆင့် စမ်းသပ်မှုတစ်ခုသာ ဖြစ်ကြောင်း ကာကွယ်ပြောဆိုခဲ့သည်။
ယူကရိန်း စစ်ရေးသတင်းမီဒီယာ တစ်ခုဖြစ်သော Defense Express သည် တောင်ကိုရီးယား လေတပ်၏ စစ်ရေး လေ့ကျင့်မှု ရုပ်သံမှတ်တမ်းကို ဆန်းစစ်လေ့လာခဲ့ပြီး ထိုလေ့ကျင့်မှုတွင် အနိမ့်ပျံ ဒရုန်း အစင်း ၅၀ စင်းကို ပစ်ခတ် ချေမှုန်းရန်အတွက် M167 Vulcan လေကြောင်းရန် ကာကွယ်ရေး စက်အမြောက် ၈ လက်ကို အသုံးပြုခဲ့ကြောင်း လေ့လာတွေ့ရှိခဲ့သည်။
သို့သော် လက်တွေ့ စ-စ်မြေပြင်တွင် အသုံးပြုသည့် FPV ဒရုန်းများသည် အုပ်စုဖွဲ့ပြီး ဖြည်းညင်းစွာ ပျံသန်းလေ့ မရှိကြောင်း Defense Express မီဒီယာက ထောက်ပြခဲ့သလို ယခုလေ့ကျင့်ခန်းသည် တကယ့် စ-စ်မြေပြင် အခြေ အနေများနှင့် သိသိသာသာ ကွဲပြားနေသည်ဟု ဝေဖန်ခဲ့သည်။
ထို့ပြင် တန်ဖိုးနည်း FPV ဒရုန်းများကို လေကြောင်းရန် ကာကွယ်ရေး ကျည်ဆံများဖြင့် ပစ်ခတ်ခြင်းသည် ကုန်ကျ စရိတ် ကြီးမြင့်ပြီး အမှန်တကယ် ထိရောက်မှု ရှိ/မရှိကိုလည်း ထိုမီဒီယာက မေးခွန်းထုတ်ခဲ့သည်။

တောင်ကိုရီးယားက ဒရုန်းမဟာဗျူဟာ လေ့ကျင့်နေစဉ်
ယခုလေ့ကျင့်မှုသည် တန်ဖိုးမရှိကြောင်း ပြောကြားချက်များကို တောင်ကိုရီးယား လေတပ်က ငြင်းပယ်ခဲ့ပြီး ယခု လေ့ကျင့်ခန်းသည် ပထမဆုံး ဒရုန်းတိုက်ဖျက်ရေး လေ့ကျင့်ခန်းဖြစ်ကာ တောင်ကိုရီးယား စစ်တပ်တွင် ပိုင်ဆိုင် ထားသည့် လက်ရှိ လက်နက်များဖြင့် အုပ်စုဖွဲ့လာမည့် ဒရုန်းရန်သူများကို တုံ့ပြန်တိုက်ခိုက်နိုင်ခြင်း ရှိ/မရှိ စမ်းသပ်ရန် ရည်ရွယ်ခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ရည်ရွယ်ချက်က တကယ့် စ-စ်မြေပြင် အခြေအနေကို ပုံတူကူးဖို့ မဟုတ်ပါဘူး၊ ကျနော်တို့ လက်ရှိ ပိုင်ဆိုင်ထား တဲ့ လက်နက်စနစ်တွေနဲ့ အုပ်စုဖွဲ့လာမည့် ဒရုန်းရန်သူတွေကို ဘယ်လောက်အထိ တုံ့ပြန်နိုင်စွမ်း ရှိမလဲဆိုတာကို အတည်ပြုဖို့ပါ။ ဒါက ပထမဆုံးအကြိမ် လေ့ကျင့်ခန်း ဖြစ်တဲ့အတွက်ကြောင့် ဒရုန်းတွေက အရှိန်အဟုန် နှေးနှေး၊ အနိမ့်ပျံသန်းမှုနဲ့ ထိုးဖောက် ဝင်ရောက်လာမယ့် ဖြစ်နိုင်ခြေအပေါ်မှာပဲ အခြေခံပြီး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်” ဟု လေတပ်တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထို့ပြင် တောင်ကိုရီးယား လေတပ်အနေဖြင့် ရုရှား-ယူကရိန်း စ-စ်ပွဲနှင့် မကြာသေးမီက ဖြစ်ပွားခဲ့သော အရှေ့ အလယ်ပိုင်း ပဋိပက္ခများထံမှ သင်ခန်းစာများကို လေ့လာနေကြောင်း ပြောကြားခဲ့သော်လည်း၊ ဒရုန်းဖြင့် တိုက်ခိုက်မှုတိုင်းသည် မြန်နှုန်းမြင့် FPV ဒရုန်းများကိုသာ အသုံးပြုလာမည် မဟုတ်ကြောင်း ထည့်သွင်းပြော ဆိုခဲ့သည်။
“ဒရုန်းနဲ့ တိုက်ခိုက်မှုတွေဟာ လုပ်ငန်းစဉ်နဲ့ ပစ်မှတ်ပေါ် မူတည်ပြီး ပုံစံအမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ကျနော်တို့ အနေနဲ့ နောက်ထပ်လုပ်မယ့် လေ့ကျင့်ခန်းတွေမှာ ပိုမိုများပြားတဲ့ ဖြစ်နိုင်ခြေတွေကို ထည့်သွင်းစဉ်းစားပြီး လုပ်ဆောင်သွားဖို့ စီစဉ်ထားပါတယ်” ဟု လေတပ်တာဝန်ရှိသူက ပြောကြားသည်။
Source: The Korea Times
- By CNI
- Category: နိုင်ငံရေး
- Hits: 154
CNI International News
ဘန်ကောက်၊ ဇူလိုင် ၁
ထိုင်းနယ်စပ်ဒေသတစ်လျှောက်ရှိ ကျားဖြန့်ဂိုဏ်းများကို နှိမ်နင်းမည့် လုပ်ငန်းစဉ်များအား စစ်မျက်နှာနှစ်ခု ရှိကြောင်း ထိုင်းနယ်စပ်လုံခြုံရေး ပေါင်းစပ်ညှိနှိုင်းရေးစင်တာ၏ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကြီး ဥကရစ် ဘွန်တာနွန် (Ukrit Boontanon)က ဇွန်လ ၃၀ ရက်တွင် ပြောကြားခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
ဘန်ကောက်မြို့ Chaeng Watthana လမ်းပေါ်ရှိ ထိုင်းတော်ဝင်တပ်မတော် စစ်ဌာနချုပ်တွင် ပြုလုပ်သည့် အစည်းအဝေး၌ ဥကရစ်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
နယ်စပ်ဖြတ်ကျော် ကုန်စည်များ ထိန်းချုပ်ရေးနှင့် ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန၏ အမိန့်များနှင့် ကြေညာချက်များအရ ပြီးခဲ့သည့်နှစ်က လုပ်ဆောင်ခဲ့သည့် စစ်ဆင်ရေး နယ်မြေဖြစ်သော မြန်မာနိုင်ငံနှင့် ထိစပ်နေသည့် အနောက်ဘက် စစ်မျက်နှာနှင့် ယခုအသစ် ထပ်မံ တိုးချဲ့လိုက်သည့် ကမ္ဘောဒီးယားနိုင်ငံနှင့် ထိစပ်နေသော အရှေ့ဘက် စစ်မျက်နှာတို့အပြင် ရေကြောင်းပိုင်နက် နယ်မြေများလည်း ပါဝင်ကြောင်း ဖော်ပြထားသည်။
ထိုနယ်မြေများသည် ဆိုက်ဘာရာဇဝတ်မှုများ၊ လူကုန်ကူးမှုများနှင့် ကျားဖြန့်စင်တာများကို နှိမ်နင်းရေးတွင် ဦးစားပေး လုပ်ဆောင်နေသည့် နယ်မြေများ ဖြစ်သည်။
မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ကိစ္စရပ်များကိုမူ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (ONCB) က ကြီးကြပ် လုပ်ဆောင်နေပြီဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ဥကရစ်က ပြောကြားခဲ့သည်။

ဗိုလ်ချုပ်ကြီး ဥကရစ်ကို တွေ့ရစဉ်
နယ်စပ်လုံခြုံရေး ပေါင်းစပ်ညှိနှိုင်းရေးစင်တာသည် မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သည့် လုပ်ငန်းများကိုသာ စောင့်ကြည့် ကြီးကြပ်သွားမည်ဖြစ်ပြီး လုပ်ငန်းစဉ်များကို ပိုမိုရှုပ်ထွေးစေမည့် အဖွဲ့အစည်း အသစ်တစ်ခုကို ထပ်မံ ဖွဲ့စည်းသွားမည် မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
သို့သော် ကျားဖြန့်ဂိုဏ်းများနှင့် လူကုန်ကူးမှုဆိုင်ရာ လုပ်ငန်းများကိုမူ ပိုမိုတင်းကျပ်စွာ ကိုင်တွယ်ရန် လိုအပ် သဖြင့် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ အပါအဝင် သက်ဆိုင်ရာ အေဂျင်စီများနှင့် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်မည့် အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းရန် လိုအပ်ကြောင်း ဥကရစ်က ပြောသည်။
အဆိုပါအဖွဲ့ကို အထူးစစ်ဆင်ရေးတပ်ဖွဲ့ တစ်ခုအဖြစ် ဖွဲ့စည်းသွားမည်ဖြစ်ပြီး အမျိုးသားကာကွယ်ရေးကဏ္ဍနှင့် ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် လုပ်ငန်းစဉ် အားလုံးသည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ချိတ်ဆက် ကူညီရမည်ဖြစ်ပြီး အငြင်းပွားဖွယ် ပဋိပက္ခများ မရှိစေရန်အတွက် ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ဥကရစ်က ပြောကြားခဲ့သည်။
ဗိုလ်ချုပ်ကြီး ဥကရစ်က သူသည် ကျားဖြန့်ဂိုဏ်းများကို နှိမ်နင်းခြင်းနှင့် အမျိုးသား ကာကွယ်ရေးကဏ္ဍတို့တွင် တာဝန် နှစ်ခုစလုံးကို ပူးတွဲထမ်းဆောင် နေရသူဖြစ်သဖြင့် လုပ်ငန်းစဉ်များကို ပေါင်းစပ်ညှိနှိုင်းပြီး ဟန်ချက်ညီညီ လုပ်ဆောင်သွားမည်ဟုလည်း ပြောကြားခဲ့သည်။
Source: The Nation
- By CNI
- Category: နိုင်ငံရေး
- Hits: 137
CNI International News
ဘေဂျင်း၊ ဇူလိုင် ၁
မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် မကြာသေးမီက အာရှအင်အားကြီး နှစ်နိုင်ငံဖြစ်သော အိန္ဒိယနှင့် တရုတ်နိုင်ငံများသို့ ရှေ့ဆင့်နောက်ဆင့် သွားရောက်ခဲ့သည့်အတွက် အိန္ဒိယ-မြန်မာဆက်ဆံရေးသည် တရုတ် အတွက် ခေါင်းခဲစရာမဟုတ်ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ထိုခရီးစဉ်များသည် မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံ တစ်ခုတည်းအပေါ် အလွန်အကျွံ မှီခိုရခြင်းမှ ရှောင်ရှားရန် ကြိုးပမ်းမှု တစ်ခုအဖြစ် သုံးသပ်မှုများ ထွက်ပေါ်ခဲ့သော်လည်း မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုး မှုကို လျော့ပါးစေမည် မဟုတ်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် ဧပြီလတွင် သမ္မတတာဝန် ယူပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ် အဖြစ် သွားရောက်ခဲ့သည့် အိန္ဒိယခရီးစဉ်၌ ကုန်သွယ်ရေး၊ စွမ်းအင်နှင့် ကာကွယ်ရေးကဏ္ဍများ တိုးမြှင့်ရန် နှစ်နိုင်ငံကြား သဘောတူခဲ့ကြသည်။
ထို့ပြင် လက်နက်ကိုင်ပဋိပက္ခများကြောင့် ကြန့်ကြာနေသည့် အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းနှင့် ကုလား တန် စီမံကိန်းတို့ကို အပြီးသတ် လုပ်ဆောင်ရန်လည်း နှစ်နိုင်ငံစလုံးက ကတိပြုခဲ့သည်။

မြန်မာသမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်များနဲ့တွေ့ဆုံစဉ်
အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) က ဆွေးနွေးပွဲတွင် မြေရှားသတ္တုကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်ရေး ပါဝင်သည်ဟု ဆိုသော်လည်း မြန်မာဘက်က ထုတ်ပြန်ချက်များတွင်မူ ထည့်သွင်းဖော်ပြခြင်း မရှိပေ။
ထိုအိန္ဒိယခရီးစဉ်သည် မြန်မာသမ္မတ၏ ရာထူး တရားဝင်မှုအတွက် နိုင်ငံရေးအရ အရေးပါသော သံတမန်ရေးရာ လှုပ်ရှားမှုတစ်ခုဖြစ်ကြောင်း တရုတ်နိုင်ငံ ဆွန်ယက်ဆင်တက္ကသိုလ်မှ မြန်မာ့အရေး အထူးပြုလေ့လာသူ တွဲဖက်ပါမောက္ခ ကျန်းထျန်း (Zhang Tian) က ပြောကြားခဲ့သည်။
ထို့ပြင် စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံအတွက် အိန္ဒိယက ဆေးဝါးထောက်ပံ့မှုနှင့် ကုန်သွယ်ရေးဆိုင်ရာ အကျိုးအမြတ်များကို ကမ်းလှမ်းထားသည်။
တစ်ဖက်တွင်လည်း တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) သည် ဇွန်လလယ်က ဘေဂျင်းတွင် မြန်မာသမ္မတ ဦးမင်းအောင်လှိုင်ကို ကြိုဆိုကာ ၎င်း၏အုပ်ချုပ်မှုကို အခိုင်အမာ ထောက်ခံကြောင်း ပြသခဲ့သည်။
ရှီနှင့် သမ္မတ ဦးမင်းအောင်လှိုင်တို့သည် ကျားဖြန့်နှိမ်နင်းရေးနှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) အကောင်အထည်ဖော်ရေးတို့ကို ကတိပြုခဲ့ကြသည်။
မြန်မာနိုင်ငံသည် တရုတ်နှင့် စီးပွားရေးစင်္ကြံနှင့် အခြေခံ အဆောက်အအုံကို အလေးပေးပြီး၊ အိန္ဒိယနှင့် အရေးကြီး တွင်းထွက်သတ္တုကဏ္ဍကို မြှင့်တင်ကာ ဆက်ဆံရေးကို ထိန်းညှိနေခြင်း ဖြစ်သည်ဟု ကျန်းက ပြောကြားခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မြန်မာသမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသော်လည်း တရုတ်သည် မြန်မာအတွက် တည်ငြိမ်မှုကို ထိန်းညှိပေးသည့် အဓိကအခန်းကဏ္ဍ၌ ဆက်ရှိနေမည် ဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။
တရုတ်သည် ပြီးခဲ့သည့်နှစ်က အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၄ ဘီလျံ တန်ဖိုးရှိ ကုန်သွယ်မှုဖြင့် မြန်မာနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်အဖြစ် ရပ်တည်နေပြီး၊ အိန္ဒိယနှင့် မြန်မာကြား ကုန်သွယ်မှုမှာ ဒေါ်လာ ၁ ဒသမ ၉၅ ဘီလျံသာ ရှိသည်။
အိန္ဒိယအနေဖြင့် မြန်မာနှင့် လုံခြုံရေးနှင့် စီးပွားရေးအရ ချိတ်ဆက်နေသော်လည်း အရေးကြီး တွင်းထွက်သတ္တု ကဏ္ဍတွင် တရုတ်ကို ယှဉ်ပြိုင်နိုင်စွမ်း အားနည်းနေသေးသည်။
လက်ရှိတွင် ကချင်ပြည်နယ်ရှိ မြေရှားသတ္တု လုပ်ငန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းကာ တရုတ်ကုမ္ပဏီများကသာ ဆက်လက် လွှမ်းမိုးချုပ်ကိုင်ထားဆဲ ဖြစ်သည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 111
CNI International News
နယူးဒေလီ၊ ဇွန်လ ၃၀
အိန္ဒိယ-မြန်မာနယ်စပ်ဖြစ်သည့် မဏိပူရပြည်နယ် Khengjoi နယ်စပ်အပိုင်းတွင် နယ်စပ်စည်းရိုး တည်ဆောက်ရန် နှင့် နယ်နိမိတ် ပြန်လည်သတ်မှတ်ရန် အဆိုပြုချက်ကို Khengjoi ဒေသရှိ ကူကီးအကြီးအကဲများအသင်းက ပြင်းထန်စွာ ကန့်ကွက်ခဲ့ကြောင်း The Hills Journal မှ ဖော်ပြခဲ့သည်။
ထိုအစီအစဉ်များကြောင့် အိန္ဒိယဘက်ခြမ်း နယ်စပ်ဒေသတွင် တည်ရှိသော ဌာနေကူကီးကျေးရွာများ၊ နေအိမ်များ နှင့် စိုက်ခင်းမြေများကို ဆုံးရှုံးရလိမ့်မည်ဖြစ်ကြောင်း ထိုအသင်းက စွပ်စွဲခဲ့သည်။
ကူကီးအကြီးအကဲများအသင်းက မဏိပူရ်ပြည်နယ် ဝန်ကြီးချုပ်ထံ တင်ပြသည့် စာချွန်လွှာတွင် ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက်နေ့က အိန္ဒိယပြည်ထောင်စု ပြည်ထဲရေးဝန်ကြီး သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သော အစည်းအဝေး တစ်ခု အပြီးတွင် နယ်စပ်နယ်နိမိတ် သတ်မှတ်ခြင်း လုပ်ငန်းကို ၃ လအတွင်း အပြီးသတ်ရန် ဗဟိုအစိုးရ၏ ဆုံးဖြတ်ချက်အပေါ် စိုးရိမ်ပူပန်ကြောင်း ဖော်ပြထားသည်။

အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးကို တွေ့ရစဉ်(ဓာတ်ပုံ-CNI)
ထိုစာချွန်လွှာအရ ယခု အဆိုပြုထားသည့် နယ်နိမိတ် သတ်မှတ်ချက်သည် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၁၇ ခုနှစ် အဆိုပြုချက်အပေါ် အခြေခံထားခြင်းဖြစ်ပြီး နယ်စပ်မှတ်တိုင် ၆၅၊ ၆၆ နှင့် ၆၇ တို့ကို ပြန်လည် ပြင်ဆင် သတ်မှတ်ခြင်းလည်း ပါဝင်ကြောင်း ဖော်ပြထားသည်။
အဆိုပြုထားသည့် နယ်နိမိတ် သတ်မှတ်ချက်သည် ဌာနေကူကီးလူမျိုးစုများ ရေရှည်အခြေချ နေထိုင်လာခဲ့သည့် လက်ရှိ မြေပြင်အနေအထားကို ထင်ဟပ်ခြင်းမရှိကြောင်း၊ နယ်နိမိတ်အသစ် သတ်မှတ်ချက်ကြောင့် ရှိရင်းစွဲ ကျေးရွာများ၊ လူနေရပ်ကွက်များနှင့် ဘိုးဘွားပိုင် စိုက်ခင်းမြေများသည် နယ်နိမိတ်မျဉ်းပေါ်သို့ ရောက်ရှိခြင်း သို့မဟုတ် အဆိုပြုထားသည့် နယ်စပ်ခြံစည်းရိုး၏ တစ်ဖက်ခြမ်းသို့ ရောက်ရှိသွားနိုင်ကြောင်းလည်း သတိပေး ထားသည်။
အဆိုပါ စာချွန်လွှာတွင် ဖော်ပြထားသော ထိခိုက်နစ်နာမည့် ကျေးရွာများထဲ၌ နယ်စပ်မှတ်တိုင် ၆၅ (BP-65) အနီးရှိ Molcham နှင့် Khengjang ကျေးရွာများ၊ နယ်စပ်မှတ်တိုင် ၆၆ (BP-66) အနီးရှိ Phaisenjang/ Jangngoulen ကျေးရွာနှင့် နယ်စပ်မှတ်တိုင် ၆၇ (BP-67) အနီးရှိ Khumkot ကျေးရွာတို့ ပါဝင်သည်။

အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးကို တွေ့ရစဉ်(ဓာတ်ပုံ-CNI)
ထိုနယ်မြေများသည် ဘိုးဘွားပိုင် အိုးအိမ်များ၊ ရွှေ့ပြောင်း တောင်ယာလုပ်ကိုင်သည့် နေရာများ၊ ရေသွင်း စပါး စိုက်ခင်းများ၊ သင်္ချိုင်းမြေများနှင့် ရိုးရာဓလေ့ထုံးတမ်းအရ အစုအဖွဲ့ပိုင် မြေများဖြစ်ကြောင်း၊ လက်ရှိ မြေပြင် အခြေအနေကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ နယ်နိမိတ်ကို တစ်စုံတစ်ရာ ပြောင်းလဲပြင်ဆင်ခြင်းသည် အိန္ဒိယနိုင်ငံသားများ၏ နေအိမ်များနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ဆုံးရှုံးစေလိမ့်မည်ဖြစ်ကြောင်း ကူကီးအကြီးအကဲများအသင်းက ပြောကြားခဲ့သည်။
ထို့ပြင် မည်သည့် နယ်စပ် မှတ်တိုင်ကိုမဆို ရွှေ့ပြောင်းခြင်း သို့မဟုတ် နယ်စပ်စည်းရိုးခတ်ခြင်း လုပ်ငန်းများ မစတင်မီ ခရိုင်အုပ်ချုပ်ရေးအဖွဲ့၊ ကျေးရွာအာဏာပိုင်များနှင့် ကူကီးအကြီးအကဲများအသင်းတို့ ပါဝင်သော ပူးတွဲမြေပြင် စစ်ဆေးမှုတစ်ရပ် ပြုလုပ်ပေးရန် ထိုအသင်းက ထပ်မံတောင်းဆိုထားသည်။
အိန္ဒိယနိုင်ငံက ပိုင်ဆိုင်သည့် ကူကီးကျေးရွာများ၊ လူနေအိမ်များ သို့မဟုတ် စိုက်ပျိုးရေးမြေများကို အဆိုပြု ထားသည့် နယ်စပ်ခြံစည်းရိုး၏ တစ်ဖက်ခြမ်းတွင် ကျန်ရစ်ခဲ့ခြင်း မရှိစေရန် အစိုးရအနေဖြင့် သေချာစွာ ဆောင်ရွက်ပေးရန်လည်း ကူကီးအကြီးအကဲများအသင်း တောင်းဆိုထားသည်။
Source: The Hills Journal
- By CNI
- Category: နိုင်ငံရေး
- Hits: 130
CNI International News
အစ္စလာမ်မာဘက်၊ ဇွန်လ ၃၀
ပါကစ္စတန်သည် မြေပြင်စစ်ဆင်ရေးများ ပြုလုပ်ခဲ့ပြီး အာဖဂန်နစ္စတန်နှင့် ထိစပ်နေသည့် နယ်စပ်ဒေသများကို တိုက်ခိုက်ခဲ့ကြောင်း ပါကစ္စတန် ပြန်ကြားရေးဝန်ကြီး အက်တူလာ တာရာ (Attaullah Tarar)က ဇွန်လ ၂၈ ရက် တွင် ပြောကြားခဲ့ကြောင်း DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
မကြာသေးမီက ပါကစ္စတန်နိုင်ငံအတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုများကို တုံ့ပြန်သည့် အနေဖြင့် ထိုစစ်ဆင်ရေးကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း တာရာက X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
“နယ်စပ်ဒေသမှာရှိတဲ့ အကြမ်းဖက်သမားတွေ ပုန်းအောင်းနေတဲ့ စခန်းတွေကို တိကျတဲ့ တိုက်ခိုက်မှုတွေ ပြုလုပ် ခဲ့ပါတယ်” ဟု တာရာ ပြောကြားခဲ့သည်။
ထိုတိုက်ခိုက်မှုများအတွင်း ထိပ်သီး တပ်မှူးတစ်ဦး အပါအဝင် စစ်သွေးကြွ ၂၉ ဦး သေဆုံးခဲ့သည်ဟု ၎င်းက ပြော သည်။
X လူမှုမီဒီယာ၌ တာရာ တင်ထားသည့် ပို့စ်တွင် သေဆုံးနေသည့် တပ်မှူးကို ရည်ရွယ်ချက်ရှိရှိ ရိုက်ကူးပြသထား သော ဓာတ်ပုံတစ်ပုံကိုလည်း မှုန်ဝါးစွာ ပြုလုပ်ပြီး တင်ထားသည်ကို တွေ့ရသည်။

အာဖဂန်နဲ့ပါကစ္စတန် နယ်စပ်ကိုတွေ့ရစဉ်
အာဖဂန်၏ တာလီဘန်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ် (Zabihullah Mujahid) ကလည်း အာဖဂန်၏ ပက်တီကာ (Paktika) ၊ ပက်တီယာ (Paktia) နှင့် ကူနာ (Kunar) ပြည်နယ်များတွင် လေကြောင်း တိုက်ခိုက်မှုများ ထိမှန်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ပါကစ္စတန်စစ်တပ်၏ လုပ်ဆောင်ချက်များသည် သူရဲဘောကြောင်သည့် ရန်စမှုဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်ဖြစ်ကြောင်း မူဂျာဟစ်က ရှုတ်ချပြောဆိုခဲ့သည်။
ပါကစ္စတန်၏ တိုက်ခိုက်မှုများကြောင့် သေဆုံးသူများ၊ ဒဏ်ရာရသူများသည် စစ်သွေးကြွများ မဟုတ်ဘဲ အရပ် သား များသာဖြစ်ကြောင်း တာလီဘန်အဖွဲ့၏ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဟမ်ဒူလာ ဖစ်ထရက် (Hamdullah Fitrat) က X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
ပက်တီယာပြည်နယ်၏ ချမ်ကာနီ (Chamkani) ခရိုင်တွင် ပါကစ္စတန်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် သက်ကြီး ပိုင်း အမျိုးသားတစ်ဦးနှင့် ကလေးတစ်ဦး သေဆုံးခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုပြီးနောက် ကယ်ဆယ်ရေးသမားများ ရောက်ရှိလာချိန်တွင် နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာသား ၂၈ ဦး သေဆုံးခဲ့ပြီး ၁၅၈ ဦးဒဏ်ရာ ရရှိခဲ့သည်ဟု ဖစ်ထရက်က ပြောကြားခဲ့သည်။
ပက်တီကာပြည်နယ်တွင်လည်း ပါကစ္စတန်တပ်ဖွဲ့များက လူနေအိမ် တစ်အိမ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီးများနှင့် ကလေးများ အပါအဝင် လူ ၆ ဦး သေဆုံးခဲ့ကြောင်း ၎င်းကဆိုသည်။
ထိုပြည်နယ်တွင် ညလုံးပေါက် တိုက်ခိုက်မှုများအတွင်း အရပ်သား စုစုပေါင်း ၃၆ ဦး သေဆုံးခဲ့ပြီး ၁၆၃ ဦး ဒဏ်ရာ ရခဲ့သည်ဟု ဖစ်ထရစ်က ပြောကြားခဲ့သည်။

အာဖဂန်နဲ့ ပါကစ္စတန် ပဋိပက္ခကို ဖော်ညွှန်းထားစဉ်
ပါကစ္စတန်နိုင်ငံတောင်ပိုင်း ကရာချီ (Karachi) မြို့တွင် ဗုံးခွဲတိုက်ခိုက်မှု၊ ပစ်ခတ် တိုက်ခိုက်မှုများကြောင့် အရပ် တပ်ဖွဲ့ဝင် စစ်သား ၃ ဦး သေဆုံးခဲ့ပြီးနောက် တစ်ရက်အကြာမှာ ပါကစ္စတန်၏ တိုက်ခိုက်မှုများ ပေါ်ပေါက်လာခဲ့ ခြင်းဖြစ်သည်။
ကရာချီမြို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုအတွက် ပါကစ္စတန်တာလီဘန်ဟု လူသိများသည့် TTP အဖွဲ့၏ ခွဲထွက်အဖွဲ့ဖြစ်သော Jammat-ul-Ahrar အဖွဲ့က ၎င်းတို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
ပါကစ္စတန်တာလီဘန်အဖွဲ့သည် သီးခြားအဖွဲ့ဖြစ်ပြီး အာဖဂန်တာလီဘန်အဖွဲ့နှင့် မဟာမိတ်များဖြစ်သည်။
ပါကစ္စတန်အစိုးရကမူ အာဖဂန်တာလီဘန်အဖွဲ့သည် ပါကစ္စတန်နိုင်ငံအတွင်း တိုက်ခိုက်မှုများ ပြုလုပ်နေသည့် စစ်သွေးကြွများကို ခိုလှုံခွင့်ပေးထားကြောင်း စွပ်စွဲခဲ့သည်။
၂၀၂၁ ခုနှစ်တွင် အာဖဂန်နစ္စတန်၌ အာဏာ ပြန်ရလာခဲ့သည့် အာဖဂန်တာလီဘန်အဖွဲ့ကမူ ပါကစ္စတန်၏ စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။
မကြာသေးမီလများအတွင်း ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာခဲ့သည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 308
CNI International News
ဘဂ္ဂဒက်၊ ဇွန်လ ၃၀
အီရတ်နိုင်ငံတွင် ဇွန်လ ၂၈ ရက်က အဂတိလိုက်စားမှု စွဲချက်များဖြင့် အီရတ်နိုင်ငံရေး အရာရှိအချို့ ဖမ်းဆီးခံခဲ့ ရကြောင်း CNN မှ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်လက ဖမ်းဆီးခံခဲ့ရသည့် အီရတ်နိုင်ငံမှ ရေနံဝန်ကြီးဟောင်း အဒ်နန် အယ် ဂျူမာအီလီ (Adnan al-Jumaili) ၏ ထွက်ဆိုချက်ဖြင့် ထိုအရာရှိများကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများထဲတွင် လွှတ်တော် ကိုယ်စားလှယ်များလည်း ပါဝင်ကြောင်း အီရတ်နိုင်ငံပိုင် INA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
အီရတ်လုံခြုံရေးတပ်ဖွဲ့များသည် ဇွန်လ ၂၈ ရက် နံနက်အစောပိုင်းက ဘဂ္ဂဒက် (Baghdad) မြို့တော်၏ လုံခြုံရေး တင်းကျပ်စွာ ချထားသည့် အစိမ်းရောင်ဇုန် (Green Zone)သို့ ဝင်ရောက်သည့် ဝင်ပေါက်အားလုံးကို ပိတ်ဆိုခဲ့ပြီး အစိုးရဌာနများနှင့် ပြည်ပသံရုံးများ အခြေစိုက်ထားသည့် ထိုဇုန်အတွင်းသို့ စီးနင်းဝင်ရောက်ခဲ့သည်။
စီးနင်းဝင်ရောက်မှုအတွင်း လူ ၇ ဦး ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့အနက် လွှတ်တော်ကိုယ်စားလှယ် ၅ ဦး ပါဝင် ကြောင်း အီရတ်လုံခြုံရေးအေဂျင်စီတစ်ခုက အေပီသတင်းဌာနကို သတင်းပေးပို့ခဲ့သည်။
ဖမ်းဆီးခံရသူများထဲမှ အချို့သည် ဝန်ကြီးချုပ်ဟောင်း မိုဟာမက် ရှီယာ အယ်လ် ဆူဒါနီ (Mohammed Shia al-Sudani) ၏ နိုင်ငံရေးအုပ်စုထဲမှဖြစ်ပြီး ဖမ်းဆီး ခံထားရသူများကို စွပ်စွဲထားသည့် တရားစွဲဆိုချက်များနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို မသိရသေးပေ။

အီရတ်ဝန်ကြီးချုပ် အလီ အယ်လ် ဇိုင်ဒီကို တွေ့ရစဉ်
ဝန်ကြီးချုပ်ဟောင်း အယ်လ် ဆူဒါနီ၏ နိုင်ငံရေး အင်အားစုသည် ပြီးခဲ့သည့် နိုဝင်ဘာလက ပြုလုပ်ခဲ့သည့် လွှတ်တော် ရွေးကောက်ပွဲများတွင် အမတ်နေရာ အများဆုံး ရရှိခဲ့သော်လည်း ဆူဒါနီသည် ရှီးအိုက်ပါတီများ စုဖွဲ့ထားသည့် ညွန့်ပေါင်းအဖွဲ့နှင့် သဘောတူညီချက်အရ ဝန်ကြီးချုပ်ရာထူးမှ ဆင်းပေးခဲ့ရသည်။
ဆူဒါနီသည် ထိုညွန့်ပေါင်းအဖွဲ့၏ ထောက်ခံမှုဖြင့် ဝန်ကြီးချုပ်အဖြစ် အာဏာရလာခဲ့သူဖြစ်ပြီး ထိုရွေးကောက်ပွဲ တွင် ညွန့်ပေါင်းအဖွဲ့က ရွေးချယ်သည့် ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းအတွက် နေရာဖယ်ပေးရခြင်းဖြစ်သည်။
ဆူဒါနီ၏ နေရာတွင် နိုင်ငံရေးလောကာ၌ အတွေ့အကြုံ သိပ်မရှိသေးသည့် စီးပွားရေးလုပ်ငန်းရှင် အလီ အယ်လ် ဇိုင်ဒီ (Ali al-Zaidi) က ဝန်ကြီးချုပ်အဖြစ် အစားထိုး တာဝန်ထမ်းဆောင်ခဲ့ပြီး ဆယ်လ် ဇိုင်ဒီသည် အများစု ထောက်ခံသည့် ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်ကာ အမေရိကန်၏ ချီးကျူးမှုကို ရရှိခဲ့သူဖြစ်သည်။
ယခုဖမ်းဆီးမှုများသည် အာဏာရရှိရေးနှင့် ဩဇာလွှမ်းမိုးရေးအတွက် အားပြိုင်မှုများနှင့်အတူ အဂတိလိုက်စားမှု စွပ်စွဲချက်များ ပြည့်နှက်နေသည့် အီရတ်နိုင်ငံ၏ ကျိုးပျက်လွယ်သည့် နိုင်ငံရေးအခင်းအကျင်းကို ဂယက်ရိုက်ခတ် စေခဲ့ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: CNN
- By CNI
- Category: နိုင်ငံရေး
- Hits: 137
CNI International News
ဝါရှင်တန်၊ ဇွန်လ ၃၀
အမေရိကန်အစိုးရသည် လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာအဖွဲ့နှင့် အစ္စရေးတို့ကြား ဖြစ်ပွားနေသည့် စ-စ်ပွဲအပေါ် စိတ်ပျက်လာခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ထိုစ-စ်ပွဲကို တားဆီးရန် အခြားနည်းလမ်းများကို စဉ်းစားလာခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ထိုနည်းလမ်းများအနက် တစ်ခုမှာ အီရန်၏ ကျောထောက်နောက်ခံကို ရရှိထားသည့် ဟစ်ဇ်ဘိုလာအဖွဲ့ကို ဆီးရီးယားနိုင်ငံက တိုက်ခိုက်ရန် အချက်ပါဝင်နေသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလက ဆီးရီးယားအာဏာရှင် ဘာရှာ အာဆတ် (Bashar Assad) ကို ဖြုတ်ချခဲ့ပြီး အစိုးရသစ် ဖွဲ့စည်းခဲ့သည့် အစ္စလာမ်မစ်ဝါဒီများ ဦးဆောင်သော လက်နက်ကိုင် တပ်ဖွဲ့များသည် ဟစ်ဇ်ဘိုလာအဖွဲ့ကို အမြစ် ပြတ် ချေမှုန်းရာတွင် အစ္စရေးစစ်တပ်ထက် ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်လိမ့်မည်ဟု ထရမ့်က အရိပ်အမြွက် ပြောကြားခဲ့ဖူးသည်။
“ဟစ်ဇ်ဘိုလာတွေကို ဆီးရီးယားကပဲ ကိုင်တွယ်ဖြေရှင်းခွင့်ပေးဖို့ ကျနော် အစ္စရေးကို အကြံပေးခဲ့ပါတယ်။ အမှန် ပြောရမယ်ဆိုရင် သူတို့ (ဆီးရီးယား) က ပိုပြီး ကောင်းကောင်း လုပ်ဆောင်နိုင်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်” ဟု ထရမ့်က ပြောကြားခဲ့သည်။

အစ္စရေး၊ လက်ဘနွန်နဲ့ အမေရိကန် သဘောတူညီချက် လက်မှတ်ထိုးစဉ်
အာဆတ်ကို ဖြုတ်ချခဲ့သည့် လက်နက်ကိုင်သူပုန်အဖွဲ့ကို ဦးဆောင်ခဲ့သော ဆီးရီးယားသမ္မတ အာမက် အယ်လ် ရှာရား (Ahmad al-Sharaa) ကမူ ၎င်းအနေဖြင့် ဟစ်ဇ်ဘိုလာအဖွဲ့ကို တိုက်ခိုက်ရန် ဆန္ဒမရှိကြောင်း ပြောကြား ခဲ့ပြီး ထရမ့်၏ မှတ်ချက်များသည် အဓိပ္ပာယ်ကောက် လွဲမှားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
လက်ဘနွန်စ-စ်ပွဲတွင် ဆီးရီးယား၏ အခန်းကဏ္ဍကို အမေရိကန်အစိုးရက မည်သည့် အတိုင်းအတာ တစ်ခုအထိ မျှော်လင့်ထားသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ဆီးရီးယား၏ ကျူးကျော် ဝင်ရောက်လာနိုင်မည့် အခြေအနေကို လက်ဘနွန်နိုင်ငံက စိုးရိမ်လာခဲ့သည်။
ထို့ပြင် အယ်လ် ရှာရား၏ အစ္စလာမ်မစ်ဦးဆောင်သော အစိုးရကို သံသယမျက်စိဖြင့် ကြည့်နေပြီး၊ ဆီးရီးယား၏ တောင်ပိုင်း နယ်စပ်ဒေသအချို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည့် အစ္စရေးနိုင်ငံအတွင်းတွင်လည်း စိုးရိမ်မှုများ ပေါ်ပေါက်လာစေခဲ့သည်။
ဆီးရီးယားသည် အစ္စရေးနှင့် တူရကီကြား တင်းမာမှုများ မြင့်တက်စေသည့် အဓိက အကြောင်းရင်း ဖြစ်လာခဲ့ သည်။
အဘယ်ကြောင့် ဆိုသော် တူရကီသည် ဆီးရီးယားသမ္မတ အယ်လ်ရှာရား အစိုးရအဖွဲ့ကို အဓိက ထောက်ခံပေး ထားပြီး ဆီးရီးယားနိုင်ငံအတွင်း ဩဇာလွှမ်းမိုးမှုရရှိအောင် အစ္စရေးနှင့် ပြိုင်ဆိုင်နေခြင်းကြောင့် ဖြစ်သည်။

ဆီးရီးယားသမ္မတ အယ်လ်ရှာရားကို တွေ့ရစဉ်
ယခုလ အစောပိုင်းက ပြုလုပ်ခဲ့သည့် စက်မှုထိပ်သီး ၇ နိုင်ငံ (G7) အစည်းအဝေးတွင် ထရမ့်က မီဒီယာများနှင့် သီးသန့် တွေ့ဆုံချိန်၌ အစ္စရေးနှင့် ဟစ်ဇ်ဘိုလာကြား ဖြစ်ပွားနေသည့် စ-စ်ပွဲသည် အချိန်ကာလက ကြာမြင့်လာပြီး လူပေါင်းများစွာ သေဆုံးနေရကြောင်း စိတ်ပျက်သည့်ပုံစံဖြင့် ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို စတင်တိုက်ခိုက်ရာမှ အရှေ့အလယ်ပိုင်းတွင် စ-စ် ပွဲ စတင် ဖြစ်ပွားလာခဲ့ပြီးနောက် မတ်လ ၂ ရက်တွင် ဟစ်ဇ်ဘိုလာအဖွဲ့သည် အစ္စရေးကို တိုက်ခိုက်ခဲ့သဖြင့် လက်ဘနွန်နိုင်ငံသည်လည်း စ-စ်ပွဲအတွင်း ပါဝင်လာခဲ့သည်။
အစ္စရေးကလည်း ဟစ်ဇ်ဘိုလာအဖွဲ့၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့် အနေဖြင့် လက်ဘနွန်တွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် ရာနှင့်ချီသည့် အမျိုးသမီးများနှင့် ကလေးများ အပါအဝင် လူပေါင်း ၄၀၀၀ ကျော် သေဆုံးခဲ့သည်။
အစ္စရေးကမူ ၎င်းတို့၏ တိုက်ခိုက်မှုများသည် ဟစ်ဇ်ဘိုလာအဖွဲ့ကိုသာ ပစ်မှတ်ထားခြင်းဖြစ်ပြီး အရပ်သားများကို ကာကွယ်ရန် အစီအစီအမံများ လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 158
CNI International News
တိုကျို၊ ဇွန်လ ၂၉
လက်ရှိ ဖြစ်ပွားနေသော ရုရှား-ယူကရိန်း စ-စ်ပွဲသည် ကမ္ဘာတစ်ဝန်းရှိ စစ်ရေးဗျူဟာမြောက် လေ့လာသူများ အတွက် ခေတ်သစ်စ-စ်ပွဲ၏ အလှည့်အပြောင်းများကို စောင့်ကြည့်ရမည့် ကွင်းပြင်တစ်ခု ဖြစ်လာခဲ့ကြောင်း Nikkei Asia မှ ဖော်ပြထားသည်။
အထူးသဖြင့် အာရှဒေသတွင်း စ-စ်ရေးအင်အား ချဲ့ထွင်နေသည့် တရုတ်နှင့် မြောက်ကိုရီးယား နိုင်ငံတို့သည် ယူကရိန်းစ-စ်မြေပြင်တွင် အသုံးပြုနေသည့် ဒရုန်းများ၊ အီလက်ထရွန်နစ် စ-စ်ဆင်ရေးနှင့် ဂြိုဟ်တု ဆက်သွယ်ရေး နည်းပညာများ၏ အခန်းကဏ္ဍကို အလေးထား လေ့လာလျက်ရှိကြောင်း စစ်ရေးလေ့လာသူများက ပြောကြားခဲ့ သည်။
ယူကရိန်းစ-စ်ပွဲတွင် ကုန်ကျစရိတ် သက်သာသည့် ဒရုန်းများကို အသုံးပြုပြီး ဒေါ်လာသန်းချီ တန်ဖိုးရှိသော သံချပ်ကာ ကားများနှင့် စ-စ်သင်္ဘောများကို ဖျက်ဆီးနိုင်ခြင်းက စ-စ်ရေးဗျူဟာမြောက် အတွေးအခေါ်များကို တော်လှန်ပြောင်းလဲပစ်ခဲ့သည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အနေဖြင့် ထိုင်ဝမ်ရေလက်ကြား ပဋိပက္ခ ဖြစ်ပွားလာပါက အဆိုပါ နည်းပညာများကို အသုံးချရန်အတွက် ယူကရိန်းစ-စ်ပွဲမှ သင်ခန်းစာများကို လေ့လာနေသလို မြောက်ကိုရီးယား နိုင်ငံကလည်း ၎င်း၏ သမားရိုးကျ စ-စ်အင်အားတွင် ဟာကွက်များကို ဖြည့်ဆည်းရန်အတွက် ဒရုန်းနည်းပညာနှင့် ဆိုက်ဘာစ-စ်ဆင်ရေးဆိုင်ရာ သင်ခန်းစာများကို အသည်းအသန် လေ့လာနေသည်။
စ-စ်ပွဲအတွင်း နည်းပညာများ တိုးတက်လာမှုသည် အရပ်ဘက် ကဏ္ဍများသို့ ကူးစက်လာလေ့ရှိသော်လည်း၊ လက်ရှိတွင်မူ တရုတ်နှင့် မြောက်ကိုရီးယားသည် ယူကရိန်းစ-စ်ပွဲ အတွင်းမှ ရရှိသော သင်ခန်းစာများကို အခြေခံပြီး ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်နိုင်သည့် စ-စ်ရေး အဆင့်မြှင့်တင်မှုများကို ပိုမိုလုပ်ဆောင် လာမည့်အရေးကို အနောက်အုပ်စု စ-စ်ရေးကျွမ်းကျင်သူများက စိုးရိမ်လျက်ရှိကြသည်။

ဒရုန်းနည်းပညာကို တွေ့ရစဉ်
ခေတ်သစ်စ-စ်ပွဲများသည် ရက်ပိုင်းအတွင်း မပြီးဆုံးဘဲ လနှင့်ချီ၊ နှစ်နှင့်ချီ ကြာမြင့်တတ်ကြောင်း ယူကရိန်းစ-စ်ပွဲ က ပြသနေသည်။
ထို့ကြောင့် အမြောက်ကျည်နှင့် ခဲယမ်းမီးကျောက် ထုတ်လုပ်နိုင်မှုစွမ်းရည်သည် အရေးအကြီးဆုံး ဖြစ်လာသည်။
မြောက်ကိုရီးယားသည် ရုရှားထံ လက်နက်ခဲယမ်းများ ထောက်ပံ့ပေးနေပြီး တစ်ချိန်တည်းမှာပင် ၎င်းတို့၏ စ-စ် လက်နက် ထုတ်လုပ်ရေး စက်ရုံများကို အဆက်မပြတ် ထုတ်လုပ်နေကာ စ-စ်ပွဲကာလအတွင်း လက်နက် ထောက်ပံ့ရေး စွမ်းဆောင်ရည်များကို စမ်းသပ်လေ့ကျင့်နေသည်။
ထို့ကြောင့် အမေရိကန်နှင့် ၎င်း၏ အာရှမဟာမိတ်များဖြစ်ကြသော ဂျပန်နှင့် တောင်ကိုရီးယားတို့သည်လည်း ပြောင်းလဲလာသည့် စစ်ရေးမဟာဗျူဟာများကို တန်ပြန်နိုင်ရန် ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို ပိုမိုတိုးမြှင့် လုပ်ဆောင်လာကြသည်။
တရုတ်နှင့် မြောက်ကိုရီးယားတို့၏ စ-စ်ရေး သင်ခန်းစာ ယူမှုများသည် အရှေ့အာရှဒေသတွင်း လက်နက်ပြိုင်ဆိုင် မှုကို ပိုမိုပြင်းထန်လာစေမည့် အလားအလာ ရှိနေသည်။
ရလဒ်အနေဖြင့် ယူကရိန်းစ-စ်မြေပြင်မှ ထွက်ပေါ်လာသော နည်းပညာ စိန်ခေါ်မှုများသည် ကမ္ဘာ့အခြားတစ်ဖက်ရှိ အာရှ-ပစိဖိတ်ဒေသ၏ လုံခြုံရေး အခင်းအကျင်းကိုပါ ရိုက်ခတ်ပြောင်းလဲလျက် ရှိနေသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 165
CNI International News
ဘေရွတ်၊ ဇွန်လ ၂၉
အစ္စရေးနှင့် လက်ဘနွန်ကြား အမေရိကန်၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် လုံခြုံရေးသဘောတူညီချက် တစ်ခုကို လက်မှတ် ရေးထိုးခဲ့ခြင်းက လက်နက်ချခြင်းဖြစ်သည်ဟု ဇွန်လ ၂၇ ရက်တွင် ဟစ်ဇ်ဘိုလာခေါင်းဆောင် နာအင် ကက်ဆမ် (Naim Qassem ) က ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုသဘောတူညီချက်သည် အစ္စရေးကို အလျှော့ပေး အညံ့ခံခြင်း ဖြစ်သည်ဟုလည်း ကက်ဆမ်က ပြောကြားခဲ့ သည်။
အစ္စရေးနှင့် လက်ဘနွန်ကြား ဇွန်လ ၂၇ ရက်တွင် အပစ်အခတ်ရပ်စဲရေးနှင့် သဘောတူညီချက်များ ရရှိထားသည့် တိုင် ဇွန်လ ၂၈ ရက်၌ အစ္စရေးက လက်ဘနွန်တောင်ပိုင်းကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားမည့် အရိပ်အယောင်များကို မြင်တွေ့ခဲ့ရသည်။
အီရန်ပဋိပက္ခ ကျယ်ပြန့်လာမှုနှင့်အတူ လက်ဘနွန် ပဋိပက္ခကြောင့် လက်ဘနွန်ပြည်သူ ၅ သိန်းကျော်သည် ၎င်းတို့၏ အိုးအိမ်များကို စွန့်ခွာကာ ဘေးလွန်ရာ ရွှေ့ပြောင်းနေထိုင်ခဲ့ရသည်။
အီရန်ပဋိပက္ခကို အဆုံးသတ်ရန် လွန်ခဲ့သည့် သီတင်းနှစ်ပတ်က အမေရိကန်နှင့် အီရန်သမ္မတများ လက်မှတ် ရေးထိုးခဲ့သည့် နားလည်မှု စာချွန်လွှာအရ အမေရိကန်သည် လက်ဘနွန်တွင် ဖြစ်ပွားနေသော တိုက်ခိုက်မှုများကို အဆုံးသတ်ပေးရန် ကတိပြုခဲ့သည်ဟု ဟစ်ဇ်ဘိုလာနှင့် အီရန်က ပြောကြားခဲ့သည်။

စစ်ပွဲကြောင့် ပျက်စီးမှုကိုတွေ့ရစဉ်
လက်ဘနွန်နှင့် အစ္စရေးကြား ဇွန်လ ၂၆ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည့် မူဘောင်သဘောတူညီချက်အရ လက်ဘနွန်တောင်ပိုင်းရှိ အချို့နေရာ ဒေသများမှ အစ္စရေးတပ်ဖွဲ့များ ဆုတ်ခွာမှု၊ လက်ဘနွန် စစ်တပ်ကို ဖြန့်ကြက်ချထားမှုအတွက် အဆင့်တစ်ခုကို လမ်းခင်းပေးထားသည်။
သို့သော် ဟစ်ဇ်ဘိုလာခေါင်းဆောင် ကက်ဆမ်ကမူ ထိုသဘောတူညီချက်သည် တရားမဝင်ကြောင်း၊ လက်ဘနွန် အစိုးရသည် တစ်ဖက်သတ် အလျှော့ပေးမှုများ ပြုလုပ်ခြင်း၊ လက်ဘနွန်နိုင်ငံ၏ အချုပ်အခြာအာဏာကို လျော့ပါး စေရန် လုပ်ဆောင်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း စွပ်စွဲခဲ့သည်။

စစ်ပွဲကြောင့် ပျက်စီးမှုကိုတွေ့ရစဉ်
ထို့ပြင် အစ္စရေးတပ်ဖွဲ့များ ရုပ်သိမ်းရေးနှင့် ဟစ်ဇ်ဘိုလာအဖွဲ့အား လက်နက်ဖြုတ်သိမ်းရေးကို ချိတ်ဆက်ထား သည့် သဘောတူညီချက်ပါ သတ်မှတ်ချက်များကို ၎င်းက ဝေဖန်ခဲ့ပြီး ထိုသတ်မှတ်ချက်များသည် အစ္စရေး စစ်တပ်၏ တပ်စွဲမှုကို တရားဝင်မှုရှိစေပြီး လက်မခံနိုင်သည့် စည်းများကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ကက်ဆမ် က ပြောကြားခဲ့သည်။
“အခက်အခဲဆုံး အခြေအနေတွေမှာတောင်မှ ကျနော်တို့ဟာ စစ်မြေပြင်ကို စွန့်ခွာမသွားခဲ့ပါဘူး။ အခုလည်း စွန့်ခွာသွားမှာ မဟုတ်ပါဘူး” ဟု ကက်ဆမ်က ပြောကြားခဲ့သည်။
Source: ရိုက်တာ
