CNI International News

ဘန်ကောက်၊ မေလ ၃၀

မစ္စတာပီတာအနေဖြင့် ဝန်ကြီးချုပ်ဖြစ်လာလျှင် ၎င်း၏သတ်မှတ်ချက်များနှင့် ကိုက်ညီမှုအပေါ် စိတ်ခေါ်မှု တစ်ခုနှင့်ရင်ဆိုင်ရမည်ဖြစ်ကာ ပီတာ၏ အစိုးရအဖွဲ့သစ်ကို ဖျက်သိမ်းရန် တောင်းဆိုမှုနှင့်ကြုံတွေ့ရလိမ့်မည်ဟု တရားရုံးလျှောက်ထားမှု အကြိမ်ကြိမ်ပြုလုပ်ခဲ့သူ ရောင်ခရိုင် လီကစ်ဝပ်တနာ (Ruangkrai Leekitwattana) က မေ ၂၉ ရက်နေ့တွင် ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြသည်။

ပီတာဝန်ကြီးချုပ်ဖြစ်လာလျှင် ၎င်း၏သတ်မှတ်ချက်နှင့် ညီညွတ်မှု၊ ဝန်ကြီးချုပ်ဖြစ်ရန် ကိုက်ညီမှုတို့အပေါ် ပြန်လည်စဉ်းစားပေးရန် လွှတ်တော်အမတ် ၁၀ ပုံ ၁ ပုံက တရားရုံးသို့ တောင်းဆိုထားသည့် အသနားခံစာတင် သွားမည်ဟု ရောင်ခရိုင်က ရွေးကောက်ပွဲကော်မရှင်သို့ ပြောခဲ့သည်။

ရောင်ခရိုင်သည် လက်ရှိအချိန်အထိ အိမ်စောင့်အစိုးရကို ဦးဆောင်နေသာ PPRP ပါတီဝင်တစ်ဦးဖြစ်သည်။ မေ ၁၄ ရက်နေ့ ကျင်းပခဲ့သည့် ထိုင်းအထွေထွေရွေးကောက်ပွဲတွင် PPRP ပါတီသည် စတုတ္ထနေရာသာ ရရှိခဲ့ပြီး ပီတာ၏ Move Forward (MFP) က နေရာအများဆုံးရရှိခဲ့ကာ အစိုးရအသစ်ဖွဲ့ရန် ဦးစားပေး ဖြစ်ခဲ့သည်။

မစ္စတာပီတာအနေဖြင့် အခက်အခဲများကို ကျော်ဖြတ်ကာ ဝန်ကြီးချုပ်ဖြစ်လာမည်ဆိုလျှင် သူ၏အစိုးရအဖွဲ့ တစ်ခုလုံးကို ဖျက်သိမ်းရန် တောင်းဆိုသည့် အသနားခံစာတင်သွားမည်ဟု ရောင်ခရိုင်က ပြောသည်။ ရောင်ခရိုင်သည် ပီတာ၏သတ်မှတ်ချက်မပြည့်ဝမှုနှင့် ပတ်သက်သောသူ၏ တိုင်ကြားချက်ကို စစ်ဆေးခံရန် ၂၉ ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင်ရုံးသို့ သွားခဲ့သည်။

MFP ပါတီခေါင်းဆောင် ပီတာနှင့် ၎င်းအား ထောက်ခံကြသူများ

အဆိုပါ တိုင်ကြားမှုသည် မှတ်ပုံတင်ထားသော်လည်း လက်ရှိအချိန်တွင် မရှိတော့သည့် iTV Plc ဟုခေါ်သော မီဒီယာကုမ္ပဏီတစ်ခုတွင် ပီတာက ရှယ်ယာ ၄၂၀၀၀(လေးသောင်းနှစ်ထောင်)ပိုင်ဆိုင်နေခြင်းနှင့် ပတ်သက်သည်။

ထိုင်းအခြေခံဥပဒေက မီဒီယာအဖွဲ့အစည်းများ၏ ရှယ်ယာရှင်များကို လွှတ်တော်အမတ် မလုပ်ရန် တားမြစ်ထား သည်။ ပီတာသည် ဖျက်သိမ်းလိုက်သော Future Forward ပါတီ၏ ကိုယ်စားလှယ်တစ်ဦးအဖြစ် ၂၀၁၉ အထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ပီတာ၏ သတ်မှတ်ချက် မကိုက်ညီမှုကို နောက်ကြောင်းပြန် အရေးယူရန် အခြေခံဥပဒေတရားရုံးသို့ တောင်းဆိုရန် လိုအပ်ကြောင်း ရောင်ခရိုင်က ပြောသည်။

ပီတာအား နောက်ကြောင်းပြန် အရေးယူနိုင်ခဲ့မည်ဆိုလျှင် ၎င်းနှင့် ၎င်း၏ လက်ထောက်လွှတ်တော်အမတ်များ အား ခံစားခွင့်များပေးခဲ့မှုနှင့် ပတ်သက်၍ ပြဿနာရှိလာနိုင်ကြောင်း ရောင်ခရိုင်ကပြောကာ နောက်ကြောင်းပြန် အရေးယူမှု လုပ်ဆောင်ရန် ရွေးကောက်ပွဲကော်မရှင်ကိုလည်း တိုက်တွန်းခဲ့သည်။

သတ်မှတ်ချက်နှင့် မညီဟူသော ကိစ္စသည် မေ ၁၄ ရက် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် MFP ကိုယ်စားလှယ် လောင်းများကို ပီတာ၏ အတည်ပြုမှုနှင့် ပါတီ၏ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းဟူသော ၎င်း၏အနေအထား ကိုပါ ဆိုးကျိုးဖြစ်စေနိုင်သည်ဟု ရောင်ခရိုင်က ပြောသည်။

Source:Bangkokpost