CNI International News

ဇိချန်၊ မေလ ၃၀

ကိုဆိုဗိုမြောက်ပိုင်းတွင် ဆားဘီးယားလူမျိုးများနှင့် နေတိုးအဖွဲ့ ဦးဆောင်သည့် ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့(KFOR)တို့အကြား ပဋိပက္ခများ ဖြစ်ပွားခဲ့သည်ဟု AP သတင်းတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် သီတင်းပတ်တွင် ရွေးကောက်ခံခဲ့ရသော အယ်လ်ဘေးနီးယားလူမျိုး မြို့တော်ဝန်များရှိသည့် မြူနီစီပယ်ရုံးတစ်ခုကို ဆားဘီးယားလူမျိုးများက ဝင်စီးရန် ကြိုးပမ်းစဉ် ထိုသို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဆာ့ဘ်လူမျိုးများသည် ဇိချန် (Zvecan) မြို့တွင် မနက်အစောပိုင်း၌ ပဋိပက္ခဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နေ့လယ်ခင်းတွင် KFOR စစ်သားများက ကိုဆိုဗို အထူးရဲတပ်ဖွဲ့ဝင်များ၏ ကားနှစ်စီးအတွက် လမ်းရှင်းလင်းပေး ရန် ဆာ့စ်များကို တောင်းဆိုခဲ့သည်။

ထို့နောက် စစ်သားများက ကားပေါ်ရှိ ကိုဆိုဗိုအရာရှိများကို ကာကွယ်ရန် မျက်ရည်ယိုဗုံးများ၊ အသံဗုံးများကို အသုံးပြုခဲ့သည်ဟု ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူများနှင့် ဒေသတွင်း သတင်းများတွင် ဖော်ပြသည်။
ဆာ့ဘ်များဘက်က ကျောက်တုံးများ၊ မာသော အရာဝတ္ထုများဖြင့် ပစ်ပေါက်ကာ ပြန်လည်တုံ့ပြန်ခဲ့သည်။

ထို့နောက် ယာဉ်တစ်စီး မီးရှို့ခံခဲ့ရသော်လည်း ထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတစ်ရာ ရှိသည်ဟု မကြားသိခဲ့ရပေ။

သတင်းသမားများကို ဘေးကင်းရေးအတွက် အစောပိုင်းကတည်းက အဆောက်အဦများထဲသို့ ဝင်ရောက်စေခဲ့ သည်။

KFOR တပ်ဖွဲ့ကိုတွေ့ရစဉ်

ယခု အကြမ်းဖက်မှုများသည် ပြီးခဲ့သည့် သီတင်းပတ် တင်းမာမှုများ မြင့်တက်လာခဲ့ပြီးနောက် ပေါ်ပေါက်လာခဲ့ ခြင်းဖြစ်ကာ ဆားဘီးယားအစိုးရက စစ်တပ်ကို တပ်လှန့်ထားရုံမက ကိုဆိုဗိုနှင့်နယ်စပ်တွင်လည်း တပ်ဖွဲ့များကို ထပ်မံ အားဖြည့်ထားသည်။

ကိုဆိုဗိုသည် ၂၀၀၈ ခုနှစ်တွင် ဆားဘီးယားထံမှ လွတ်လပ်ရေးယူသွားခဲ့သည်။ သို့သော် ဆားဘီးယားကတော့ ထိုလွတ်လပ်ရေးကို အသိအမှတ် မပြုထားပေ။

ထို့နောက် နှစ်နိုင်ငံသည် ကာလရှည် ရန်ဘက်များဖြစ်၍ ဆားဘီးယားဘက်က ကိုဆိုဗို၏ အချုပ်အခြာ အာဏာကို အသိအမှတ်ပြုရန် ငြင်းဆိုထားသည်။

ရုရှား၏ ယူကရိန်းစစ်ပွဲ ရှိနေချိန်တွင် ဥရောပ၌ မတည်ငြိမ်မှုများ ထပ်ဖြစ်မည်ကို စိုးရိမ်သည့်အတွက် အမေရိကန်နှင့် EU တို့က နှစ်နိုင်ငံကြား ပြေလည်စေရန် ဆောင်ရွက်လျက် ရှိသည်။

ထိုနှစ်နိုင်ငံ အနေဖြင့် EU နှင့်ပူးပေါင်းလိုလျှင် ဆက်ဆံရေးကို ပုံမှန်ပြန်လုပ်ရမည်ဟုလည်း အီးယူဘက်က ကြေညာထားသည်။

 

ဆာ့စ်လူမျိုးများနဲ့ KFOR တပ်ဖွဲ့ ထိပ်တိုက် တွေ့ဆုံစဉ်

မေလ ၂၂ ရက်တွင် ကိုဆိုဗိုရဲတပ်ဖွဲ့နှင့် နေတိုးဦးဆောင်သည့် KFOR တပ်ဖွဲ့များသည် ဇိကန် (Zvecan)၊ လိပိုဆား ဗစ် (Leposavic)၊ ဇူဘင် ပိုတွတ်ခ် (Zubin Potok) နှင့် မီထရိုဗီကာ (Mitrovica) စသော ဒေသများရှိ မြူနီစီပယ် အဆောက်အဦများအား ကာကွယ်နေသည်ကို တွေ့ရသည်။

ထိုနေရာ လေးခုတွင် ယခုလ အစောပိုင်းက ရွေးကောက်ပွဲများ ကျင်းပခဲ့သည်။ ထိုရွေးကောက်ပွဲများကို အဆိုပါ ဒေသများရှိ လူများစုဖြစ်သော ဆာ့စ်လူမျိုးများက သပိတ်မှောက်ခဲ့ကြသည်။

ထိုသို့ အယ်လ်ဘေးနီးယား လူမျိုး သို့မဟုတ် လူနည်းစု မျိုးနွယ်ဝင်များကသာ ပါဝင်မဲပေးခဲ့ကာ လွှတ်တော်နှင့် မြို့တော်ဝန် နေရာများအတွက် ရွေးချယ်ခဲ့ကြသည်။

Source: AP