CNI News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၈

ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌဟောင်း စောဘိုမြ၏ဇနီးနှင့်သားဖြစ်သူ စောနယ်ဒါးမြ အပါအဝင် ဇနီးဖြစ်သူများကို ထိုင်းနိုင်ငံက နိုင်ငံသားအဖြစ်မှ မှတ်ပုံတင်ကို ပယ်ဖျက်ကြောင်း မဲဆောက်ခရိုင်(ထိုင်း)အုပ် ချုပ်ရေးမှူးက ထုတ်ပြန်ကြေညာခဲ့သည်။

ကရင်နက်ကိုင်အဖွဲ့များနှင့်နီးစပ်သူ တစ်ဦးက “KNU ဥက္ကဋ္ဌဟောင်း စောဘိုမြရဲ့ဇနီး စောနယ်ဒါးမြရဲ့ အမေပေါ့၊ သူရယ်၊ စောနယ်ဒါးမြရယ်။ ပြီးရင် စောနယ်ဒါးမြရဲ့ ဇနီးတို့ကို ထိုင်းနိုင်ငံသားအဖြစ်ကနေ မှတ်ပုံတင်ပယ်ဖျက် ကြောင်း ထိုင်းနိုင်ငံ မဲဆောက်ခရိုင်အုပ်ချုပ်ရေးမှူးကနေပြီးတော့ လက်မှတ်ထိုး အမိန့်စာ ထုတ်ပြန်ခဲ့တာလို့ သိရပါတယ်”ဟု ပြောသည်။

စောနယ်ဒါးမြကို နိုင်ငံသားအဖြစ်က ပယ်ဖျက်ကြောင်း ထိုင်းက ထုတ်ပြန်လာတဲ့စာကိုတွေ့ရစဉ်

စောနယ်ဒါးမြသည် KNU လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)မှာ စစ်ဦးစီးချုပ် တာဝန် ထမ်းဆောင်ခဲ့ပြီးမှ အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြင့် ထုတ်ပယ်ခံရပြီးနောက် ကော်သူ လေးတပ်မတော်(KTA)ကို ဖွဲ့စည်းခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သလို KNU တပ်မဟာ(၄)နှင့်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

အလားတူ ကော်သူလေးအစိုးရကိုလည်း ဖွဲ့စည်းထားပြီး သမ္မတအဖြစ် တာဝန်ယူလျက်ရှိသည်။