CNI International News

မော်စကို၊ ဖေဖော်ဝါရီ ၈

အရှေ့ဖျားဒေသတွင် အမေရိကန်သည် နောင်တရနိုင်လောက်သည့် စစ်ရေးအရ အရဲစွန့်လှုပ်ရှားမှုကို ပြုလုပ်ဖွယ် ရှိပြီး ကိုရီးယားကျွန်းဆွယ်၏ အခြေအနေကို စိုးရိမ်မှုများ ဖြစ်ပွားစေနိုင်သည်ဟု မြောက်ကိုရီးယားဆိုင်ရာ ရုရှား သံအမတ် အလက်ဇန္ဒား မတ်ဆက်ဂိုရာ (Alexander Matsegora) က ပြောကြားခဲ့ကြောင်း တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။

"ကိုရီးယားကျွန်းဆွယ်ပေါ်က အခြေအနေဟာ အရမ်းစိုးရိမ်ရပါတယ်။ ဘာလို့လဲဆိုတော့ အမေရိကန်ရဲ့ စွန့်စားတဲ့ မူဝါဒတွေကြောင့် ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းမှာ အမေရိကန်ရဲ့ လုပ်ဆောင်မှုတွေကို ကြည့်ခြင်းအားဖြင့် အမေရိကန်ဟာ အရှေ့ဖျားဒေသမှာလည်း အလားတူ တိုက်ခိုက်မှုတွေ မလုပ်ဆောင်ဘူးလို့ ဘယ်သူကမှ အာမမခံ နိုင်ပါဘူး" ဟု မတ်ဆက်ဂိုရာက တာ့စ်သတင်းဌာနနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယားဆိုင်ရာ ရုရှား သံအမတ် အလက်ဇန္ဒား မတ်ဆက်ဂိုရာကို တွေ့ရစဉ်

အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်ခွင့်ရန် ကြိုးပမ်းနေသည့် နစ်ကီ ဟာလေး (Nikki Haley)သည် သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) လက်ထက်က အီရန် ဗိုလ်ချုပ်ကြီး ကက်ဆမ် ဆိုလေမာနီ(Qassem Soleimani) လုပ်ကြံသတ်ဖြတ် ခံရချိန်တွင် အီရန်ခေါင်းဆောင် များကို လုပ်ကြံရန် တိုက်တွန်းခဲ့ဖူးကြောင်း မတ်ဆက်ဂိုရာက ပြန်ပြောင်း ပြောကြားခဲ့သည်။

"အမေရိကန်ဟာ အလားတူ ရည်ရွယ်ချက်တွေနဲ့ မြောက်ကိုရီးယား ဆန့်ကျင်မှာ မဟုတ်ဘူးလို့ ကျနော်တို့ သေချာ မပြောနိုင်ပါဘူး" ဟု ၎င်းက ပြောကြားခဲ့သည်။

Source: တာ့စ်