CNI News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၀

မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခမှာ ပိုမိုကျယ်ပြန့် လာနိုင်သည်ဟု ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင် အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့ ညပိုင်းက လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက် တိုက်ပွဲရှောင်စခန်းတွင် ပေါက်ကွဲ မှု တစ်ခုဖြစ်ခဲ့ပြီး ၂၉ ဦး သေဆုံးကာ ၅၆ ဦး ဒဏ်ရာရခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ သတင်း နှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

အဆိုပါ ပဋိပက္ခမှာ ပိုပြင်းထန်လာနိုင်သည်ဟု  ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။

၎င်းက “ဒါကတော့ နောက်ဆက်တွဲတော့ ဖြစ်သွားပါလိမ့်မယ်။ ပထမဦးဆုံးကတော့ ကျနော်တို့ ကချင်လူထုက စိတ်နာကြီးမှုနဲ့ပဲ သက်ရောက်မှုကတော့ အဲဒီအပေါ်မှာတော့ ဖြစ်သွားတယ်၊ နောက်တစ်ချက်ကတော့ ဒီလက်နက် ကိုင် ပဋိပက္ခကတော့ ပိုပြီးတော့ ပြင်းထန်လာမယ့် သဘောမျိုး ဖြစ်ပါတယ်၊ ဒုတိယအဆင့်မှာတော့ ဘာဖြစ်လို့လဲ ဆိုတော့ ပြည်သူလူထု ဒီလောက်ထိ ခါးခါးသီးသီးခံစားရတဲ့ အပိုင်းတွေဖြစ်နေတော့ ဒါတွေကတော့ တုန့်ပြန်မှုက တော့ ဖြစ်လာမယ်လို့ ကျနော်ကတော့ ဒီလိုပဲ သုံးသပ်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

မုန်လိုင်ခတ် တိုက်ပွဲရှောင်စခန်း ပေါက်ကွဲမှုကြောင့် ထိခိုက်မှုများကိုတွေ့ရစဉ်

အဆိုပါ မုန်လိုင်ခတ် တိုက်ပွဲရှောင်စခန်း ပေါက်ကွဲမှုကို မြန်မာ့တပ်မတော်ဘက်က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း KIA မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သတင်းဌာနများကို ပြောကြားထားသည်။

သို့သော် နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မိမိတို့ လုပ်ဆောင်ခြင်း မဟုတ်ကြောင်း၊ ပေါက်ကွဲမှု ဖြစ်စဉ်ကို စုံစမ်းနေကြောင်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်နေ့က သတင်း ထုတ်ပြန်ခဲ့သည်။

၎င်းက “ ဒီလိုင်ဇာသတင်းနဲ့ ပတ်သက်ပြီး ကျနော်တို့ အနေနဲ့လည်း စုံစမ်းနေဆဲဖြစ်ပါတယ်။ ကျနော်တို့က နယ် စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အမြဲတမ်း ထိန်းသိမ်းဆောင်ရွက်လျက်ရှိတယ်။ ဒီနယ်စပ်ဒေသနဲ့နီးတဲ့ နေရာ မှာ ကျနော်တို့ ညသန်းခေါင် အချိန်လောက်ကြီးမှာ ဗုံးကြဲတိုက်ခိုက်တယ်လို့၊ လက်နက်ကြီးနဲ့ ပစ်ခတ် တယ်လို့ ပြော တယ်ဆိုတာ ဖြစ်နိုင်မလားဆိုတာ စဉ်းစားစေချင်ပါတယ်။ တပ်မတော် အနေနဲ့ကတော့ မည်သည့် ဌာနချုပ် မဆို ပစ်ခတ်နိုင်တယ်၊ တိုက်ခိုက်နိုင်တယ်။ သို့သော် ကျနော်တို့ ပစ်ခတ်တိုက်ခိုက်မှုမရှိခဲ့ဘူး။ အဲ့ အဖွဲ့အစည်း ကိုယ် တိုင် သတင်း အမျိုးမျိုး ပြောနေတာရှိတယ်။ စစ်တပ်က လေယာဉ်နဲ့ပစ်ခတ်တယ်။ တချို့လည်း လက်နက် ကြီးနဲ့ ပစ်ခတ်တယ်ဆိုတာမျိုး မတိမကျ မရေမရာ ပြောနေတာရှိတယ်။ ကျနော် အတိအကျ ပြောနိုင်တာတစ်ခုက တော့ အခု ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ နေရာသည် KIA အနေနဲ့ UAV တွေ သုံးပြီးတော့ မောင်းသူမဲ့ လေယာဉ်တွေ သုံးပြီး တော့ တပ်မတော်စခန်းတွေကို ဒရုန်းဗုံးလာချတဲ့နေရာ စစ်ကြောင်းတွေ အပေါ် ဒရုန်းဗုံး လာချတဲ့နေရာ ဖြစ် တယ်။ ဒါကြောင့်မလို့ ဒီမှာ ပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့တယ်။ ဒီပေါက်ကွဲမှုသည် ဘာကြောင့်ဖြစ်တယ်ဆိုတာကို တော့ ကျနော်တို့ စုံစမ်းနေဆဲဖြစ်တယ်။ ယခင်တုန်းကလည်း လိုင်ဇာအနီးမှာ KIA ရဲ့ လက်နက်ခဲယမ်း သိုလှောင်ရုံ တစ်ခု ပေါက်ကွဲခဲ့တယ်။ သူတို့အနေနဲ့ သတင်းဖုံးကွယ်ပြီး လုပ်ခဲ့တာ ရှိ တယ်။ အခုလည်း ဒရုန်းဗုံးတွေ သိုလှောင် တဲ့နေရာ ပေါက်ကွဲတာ ဖြစ်နိုင်တယ်လို့ သုံးသပ်တယ်။ မြေပြင် သတင်းကိုတော့ ကျနော်တို့ စုံစမ်းနေဆဲပဲ ဖြစ်ပါ တယ်”ဟု ပြောသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းကို တွေ့ရစဉ်

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခမှာ နိုင်ငံတစ်ဝှမ်း ဖြစ်ပွားလာခဲ့ ရာ ယနေ့အချိန်ထိ လျှော့ချနိုင်ခြင်း မရှိသေးဘဲ ပိုမိုပြင်းထန်လာနေသည်။

လက်နက်ကိုင်ပဋိပက္ခ ကျယ်ပြန့်လာခြင်းမှာ နိုင်ငံရေး ဆွေးနွေးမှု အားနည်း၍ ဖြစ်ကြောင်း၊ နိုင်ငံရေးအရ အဖြေ ရှာမည့် လုပ်ငန်းစဉ်များ လုပ်ဆောင်နိုင်မှ အဆင်ပြေမှာ ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဓိက လက်နက်ကိုင်ပဋိပက္ခ ကျယ်ပြန့်တယ်ဆိုတာ နိုင်ငံရေး ဆွေးနွေးမှု လုပ်ဆောင်နေမှု အားနည်းလို့ ကျယ်ပြန့်လာတယ်လို့ ကျနော်တော့ အဲဒီလိုတော့ သုံးသပ်တယ်၊ အဲဒါကြောင့် နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းအရ အဖြေရှာမယ်ဆိုရင် နိုင်ငံရေး နည်းလမ်းအရ အဖြေရှာရာမှာ ရိုးသားမှုရှိဖို့ အရေးကြီးတယ်၊ ရိုးရိုး သားသားနဲ့ နိုင်ငံရေး နည်းလမ်းအရ အဖြေရှာတဲ့ လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဖို့ လိုတယ်လို့ မြင် တယ်၊ အဲဒီလို နိုင်ငံရေးနည်းလမ်းအရ အဖြေရှာတဲ့ လုပ်ငန်းစဉ်တွေကို လုပ်နိုင်မှ လက်နက်ကိုင်ပဋိပက္ခက လျှော့ချနိုင်မှာ ဖြစ်တယ်လို့ပဲ အဲဒီလိုပဲ ပြောလိုတယ်” ဟု ပြောသည်။

လက်ရှိတွင် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများ နိုင်ငံတစ်ဝှမ်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပြီး ၎င်းတိုက်ပွဲ များကြောင့် တိုင်းပြည်၏ ငြိမ်းချမ်းရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးများမှာ အဘက်ဘက်က ယိုယွင်းကျဆင်းလျက် ရှိနေသည်။