CNI International News

ဘာကူ၊ အောက်တိုဘာ ၁၀

အာမေးနီးယားလူမျိုးများ နေထိုင်သည့် နာဂေါ်နို-ကာရာဘက်ဒေသကို ပြန်လည်သိမ်းပိုက်ခဲ့သည့် အဇာဘိုင်ဂျန် နိုင်ငံ၏သမ္မတ အီလ်ဟမ် အလီယက်ဗ် (Ilham Aliyev)က အာမေးနီးယားနိုင်ငံနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

အလီယက်ဗ်သည် စပိန်နိုင်ငံ ဂရန်နာဒါ (Granada) မြို့တွင် ပြုလုပ်သည့် ဥရောပညီလာခံ၏ အစည်းအဝေး၌ အာမေးနီးယားဝန်ကြီးချုပ် နီကိုး ပါရှင်ယန် (Nikol Pashinyan)နှင့် တွေ့ဆုံပြီးချိန်မှာ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အာမေးနီးယားကို လက်နက်များ ထောက်ပံ့ပေးမည်ဟု ကတိပြုခဲ့သည့် ပြင်သစ်နိုင်ငံ၏ ကတိကို အလီယက်ဗ်က ဝေဖန်ခဲ့သည်။

အဇာဘိုင်ဂျန်နယ်စပ်ပေါက်ကိုတွေ့ရစဉ်

ထို့ပြင် ဥရောပကောင်စီ၏ဥက္ကဋ္ဌ ချားစ် မိုက်ကယ် (Charles Michel) က ဂရန်နာဒါတွင်  အစည်းအဝေး ပြုလုပ် မည့် ဖုန်းခေါ်ဆိုမှုကို မကိုင်သည့်အပြင် တက်ရောက်ခဲ့ခြင်းလည်း မရှိပေ။

ထို့ကြောင် ပြင်သစ်၏ ရပ်တည်ချက်နှင့် အဇာဘိုင်ဂျန်ကို ထောက်ခံသည့် အင်အားစုအကြား တိကျသည့်  သတင်း တစ်ရပ် ထွက်ပေါ်ခဲ့ခြင်း မရှိပေ။

အဇာဘိုင်ဂျန်စစ်တပ်သည် အာမေးနီးယားလူမျိုးများက လွတ်လပ်ရေး ကြေညာထားသည့် အဇာဘိုင်ဂျန်နိုင်ငံ အတွင်းရှိ နာဂေါ်နို-ကာရာဘက်ဒေသကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။
ထို့နောက် အာမေးနီးယားလူမျိုး ၁၂၀,၀၀၀ သည် အာမေးနီးယားနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြသည်။

အလားတူ အာမေးနီးယား လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေသည့် ခေါင်းဆောင်များကို အဇာဘိုင်ဂျန်က ဖမ်းဆီးထားသည်။

Source: အေပီ