CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၀

ရုရှားသမ္မတ ပူတင်က ယူကရိန်းကို ကျူးကျော်ပြီးနောက် ရုရှားနဲ့ ဘယ်လာရုစ် တင်းနစ်ကြယ်ပွင့်တွေကို ဝင်ဘယ်လ်ဒန်မှာ ယှဉ်ပြိုင်ခွင့် ပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ်။

ရုရှားရဲ့ လုပ်ရပ်ကြောင့် ရုရှားအမျိုးသား ဘောလုံးအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပလေးအောဖ့် အဆင့်ကနေ ထုတ် ပယ် ခံခဲ့ရပါတယ်။ ဒါ့အပြင် အမျိုးသမီး ဘောလုံးအသင်းဟာလည်း အခုနှစ်ထဲ ကစားမယ့် ဥရောပချန်ပီယံရှစ် ပြိုင်ပွဲကို ပါဝင် ကစားခွင့် ပိတ်ပင်ခံခဲ့ရတာပါ။

ပူတင်ရဲ့ ရုရှားအပေါ် သစ္စာခံတဲ့ ဘယ်လာရုစ်ကြောင့်လည်း သူတို့နိုင်ငံက အားကစားသမားတွေလည်း အပြစ်ပေး ခံခဲ့ရတာ ဖြစ်ပါတယ်။

ဝင်ဘယ်လ်ဒန်ရဲ့ အဓိက ကော်မတီက အခုနှစ်ထဲ ကျင်းပမယ့် ဂရမ်းစလမ်းပြိုင်ပွဲမှာ ရုရှားနဲ့ ဘယ်လာရုစ် ကစားသမားတွေ ကို ပိတ်ပင်လိုက်တာပါ။

တင်းနစ်ပြိုင်ပွဲ(AFP)

အဲ့ဒါကြောင့် ကမ္ဘာ့နံပတ်(၂) တင်းနစ်ကစားသမားဖြစ်တဲ့ မက်ဗီဒက်ဗ်ဟာ ဒီပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်လို့ရမှာ မဟုတ်တော့ ပါဘူး။
အမျိုးသမီး ကမ္ဘာ့အဆင့်(၄) ဘယ်လာရုစ် တင်းနစ်မယ် ဆာဘလန်ကာလည်း ဇွန်လ ၂၇ ရက်မှာ စတင်ကျင်းပမယ့် ဒီပြိုင်ပွဲကို လွဲချော်သွားပြီ ဖြစ်ပါတယ်။

ဒီလိုပိတ်ပင်တာနဲ့ ပတ်သက်ပြီး ကစားသမားတွေရဲ့ အဖွဲ့အစည်းထံ အင်္ဂါနေ့က အသိပေးခဲ့တယ်လို့ ဒေးလီးမေးလ် သတင်းမှာ ဖော်ပြထားတာပါ။ ဒီလိုပိတ်ပင်မှုဟာ ဗြိတိန်မှာရှိတဲ့ တခြားတင်းနစ်ပွဲတွေနဲ့ သက်ဆိုင်ခြင်း ရှိ၊ မရှိဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေး တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဝင်ဘယ်လ်ဒန် ပြိုင်ပွဲဟာ ATP ၊WTA ပြိုင်ပွဲတွေနဲ့ သီးခြားဖြစ်တယ်လို့ သိရပါတယ်။

တခြား အားကစားပြိုင်ပွဲတွေမှာတော့ နိုင်ငံရဲ့ အလံ၊ နိုင်ငံရဲ့ သီချင်းကို ကိုယ်စားပြုခွင့် မပေးဘဲ ရုရှားနဲ့ ဘယ်လာရုစ် ကစား သမားတွေကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပြုထားတာ ဖြစ်ပါတယ်။

Source: The Sun