CNI International News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၉

ချယ်လ်ဆီးအသင်းကို အက်ဖ်အေဖလားပွဲစဉ်မှာ ၄ ဂိုးပြတ်နဲ့ အနိုင်ရပြီးနောက် ဂရေဟမ်ပေါ်တာအနေနဲ့ သူ့ရဲ့ အသင်းကို တိုးတက်အောင်လုပ်ဖို့အတွက် အချိန်ပိုပေးသင့်တယ်လို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာက ပြောလိုက် ပါတယ်။

ဂွာဒီယိုလာက “ကျနော် တောဒ့်ဘိုလီကို ပြောချင်တာက ဂရေဟမ်ပေါ်တာကို အချိန်ပိုပေးဖို့ပါ။သူ့ကို အချိန် ပေးရပါမယ်။နည်းပြတိုင်းအတွက် အချိန်လိုအပ်ပါတယ်။အသင်းကြီးတွေအတွက် ရလဒ်ကောင်းရဖို့ အရေးကြီး တယ်ဆိုတာ ကျနော်သိပါတယ်။ဒါပေမယ့်လည်း သူ့ကိုတော့ အချိန်ပေးရပါမယ်။ဘရိုက်တန်မှာ သူဟာ ထူးချွန်စွာ လုပ်နိုင်ခဲ့ပြီး အချိန်ပေးလိုက်မယ်ဆိုရင် သူဟာ ကောင်းမွန်လာမှာပါ” လို့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ တာပါ။

မန်စီးတီးအသင်းဟာ ချယ်လ်ဆီးအသင်းကို ၄ ရက်အတွင်း ၂ ပွဲအနိုင်ရပြီး အက်ဖ်အေဖလားကနေ ထွက်ခွာအောင် လုပ်ခဲ့တာဖြစ်ပါတယ်။ချယ်လ်ဆီးအသင်းဟာ နောက်ဆုံးကစားထားတဲ့ ပြိုင်ပွဲစုံ ၇ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားပြီး ပရီးမီးယားလိဂ်မှာ အဆင့် ၁၀ နေရာရောက်ရှိနေသလို ကာရာဘောင်းနဲ့ အက်ဖ်အေဖလားပြိုင်ပွဲတွေကလည်း ထွက်ခွာခဲ့ရတာပါ။အဲဒါကြောင့် ပရိသတ်တွေက နည်းပြ ဂရေဟမ်ပေါ်တာကို ထုတ်ပယ်ဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ချယ်လ်ဆီးပရိသတ်တွေဟာ အသင်းရလဒ်တွေအပေါ် စိတ်ပျက်နေပြီး ပွဲချိန်အတွင်းမှာ နည်းပြဟောင်း တူချယ်လ် ရဲ့ နာမည်ကိုအော်ဟစ်ခဲ့ကြတာပါ။တူချယ်လ်ဟာ ချယ်လ်ဆီးအသင်းကို ချန်ပီယံလိဂ်ဖလား ရရှိအောင် ကိုင်တွယ် နိုင်ခဲ့ပေမယ့် အခုရာသီအစ ရလဒ်ဆိုးတွေကြောင့် ထုတ်ပယ်ခံခဲ့ရပြီး သူ့နေရာမှာ ဂရေဟမ်ပေါ်တာကို အစားထိုး ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

ဂရေဟမ်ပေါ်တာက “အားပေးတဲ့သူတွေရဲ့ စိတ်ပျက်မှုကို ကျနော်နားလည်ပါတယ်။ဒါပေမယ့် ကျနော်တို့ အလုပ်က ကျနော်တို့ရဲ့ အလုပ်ပါပဲ။ထင်မြင်မှုတွေ၊ ဝေဖန်မှုတွေနဲ့ အဆိုးမြင်တဲ့အရာတွေက အမြဲတမ်း ရှိနေပေမယ့် ဒါက စိန်ခေါ်မှုရဲ့ အစိတ်အပိုင်းပါပဲ။ကျနော်တို့ ဘာမှလုပ်လို့ မရခဲ့ပေမယ့် အလုပ်ကို ကြိုးကြိုး စားစားလုပ်ပြီး ပိုကောင်းအောင်လုပ်ဖို့ပဲ ရှိပါတယ်” လို့ ပြောခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ ကြားရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းနဲ့ အဝေးကွင်းမှာ ကစားရမှာ ဖြစ်ပြီး နိုင်ပွဲပြန်လည်ရယူနိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။

Source:Goal