CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၈

စပါးအသင်းကြယ်ပွင့် ကစားသမား ဆွန်ဟောင်မင်က အကာအကွယ်ပါတဲ့ မျက်နှာဖုံးကို ဝတ်ဆင်ရတာဟာ ဘောလုံးကို ကောင်းမွန်စွာ မမြင်ရပေမယ့် မိဘတွေရဲ့ စိုးရိမ်မှုကြောင့် ဝတ်ဆင်နေရတာလို့ ပြောလိုက်ပါတယ်။

ဆွန်ဟောင်မင်က “မျက်နှာဖုံးနဲ့ ကစားရတာနဲ့ မပါဘဲ ကစားရတာက လုံးဝမတူဘူးဆိုတာ ရှင်းပါတယ်။ ကျနော့် အမြင်က အဆင်ပြေနေပေမယ့် ဘောလုံးရောက်လာတဲ့ အချိန်မှာ မမြင်နိုင်လို့ တစ်ခါတစ်ရံမှာ စိတ်အနှောင့် အယှက် ဖြစ်ရပါတယ်။ ဗီလာနဲ့ ပွဲမှာဆိုရင် ဘောလုံးရတဲ့ အချိန်မှာ မမြင်ခဲ့လို့ ဘောလုံးဆုံးရှုံးသွားခဲ့ ရပါတယ်။ အလွန်စိတ်ပျက် ခဲ့ရပါတယ်။ ကျနော့် တစ်ဦးတည်း ဆိုရင်တော့ မျက်နှာဖုံးမပါဘဲ ကစားတော့မှာပါ။ ဒါပေမယ့် မိဘတွေ၊ မိသားစုတွေနဲ့ သူငယ်ချင်းတွေက စိုးရိမ်နေကြပါတယ်။ နောက်တစ်ခါ ထိမိမယ်ဆိုရင် အန္တရာယ်ရှိ နိုင် တာကြောင့်ပါ”လို့ ပြောခဲ့တာပါ။

ဆွန်ဟောင်မင်ဟာ စပါးအသင်းက ပဲလေ့စ်အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ ဂိုးသွင်းပြီးနောက် မျက်နှာ ဖုံးကို လွှင့်ပစ်ပြီး အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်။

မျက်နှာဖုံးကို လွှင့်ပစ်ပြီး အောင်ပွဲခံနေတဲ့ ဆွန်ဟောင်မင်ကို တွေ့ရစဉ်

ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် မျက်လုံးနားမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် ဆွန်ဟောင်မင်ဟာ မျက်နှာဖုံး တပ်ဆင်ပြီး ကစားနေရတာပါ။ အခုအချိန်ထိ ပွဲစဉ်တိုင်းမှာလည်း ဆွန်ဟောင်မင်ဟာ မျက်နှာဖုံး တပ်ဆင်ပြီး ကစားနေတာ ဖြစ်ပါတယ်။

ဆွန်ဟောင်မင်က “မိဘတွေက ကျနော့်ကို တပ်ပါဆိုပြီးတော့ မပြောပေမယ့် သူတို့ စိုးရိမ်နေကြပါတယ်။ ဆရာ ဝန်တွေကလည်း မင်းရဲ့ ဆုံးဖြတ်ချက်ပဲလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ခွဲစိတ်ပြီး ၇ ပတ်ပဲ ရှိသေးလို့ အန္တရာယ်ရှိ နိုင်တာကြောင့် မျက်နှာဖုံးဆက်ပြီး တပ်ဆင်ထားသင့်တယ်လို့တော့ အကြံပြုထားပါတယ်”လို့ ပြောခဲ့တာပါ။

ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ခြေစွမ်းပြပြီး ဂိုးသွင်းရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့တဲ့ ပထမဆုံး အာရှကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အခုနှစ် ရာသီမှာတော့ တောင်ကိုရီးယား ကစားသမားဟာ ခြေစွမ်းပြနိုင်ဖို့ အနည်းငယ် ရုန်းကန်နေရပြီး ၂၂ ပွဲ ကစားအပြီးမှာ ၆ ဂိုးသာ သွင်းယူထား နိုင်တာ ဖြစ်ပါတယ်။

Source: The Sun