CNI Entertainment News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၅

Harry Potter ဇာတ်ကားတွေထဲမှာ Rubeus Hagrid အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဝါရင့် စကော့တလန် မင်းသား Robbie Coltrane ဟာ အောက်တိုဘာ ၁၄ ရက် နေ့က စကော့တလန်နိုင်ငံ၊ Larbert မှာ ကွယ်လွန်သွားခဲ့ပါတယ်။

မစ္စတာ Coltrane ကွယ်လွန်သွားချိန်မှာတော့ သူ့ရဲ့အသက်ဟာ ၇၂ နှစ် ရှိနေပါပြီ။

သူ့ရဲ့သေဆုံးမှုကို ဆေးရုံတစ်ခုမှာ ဗြိတိန်အေးဂျင့် မစ္စ Belinda Wright က အတည်ပြုခဲ့ပြီး မစ္စတာ Coltrane ရဲ့ မိသားစုကတော့ သေဆုံးတဲ့အကြောင်းရင်းကို မဖော်ပြပေမယ့်လည်း သူဟာ “အချိန်အတန်ကြာ နေမကောင်း ဖြစ်နေတယ်” လို့ မစ္စ Wrightက ပြောကြောင်း The New York Times သတင်းမှာ ဖော်ပြထားပါတယ်။

Harry Potter ဇာတ်ကားထဲက Rubeus Hagrid 

မစ္စတာ Coltrane ဟာ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားတို့မှာ အနှစ် ၄၀ ကြာ အသက်မွေးဝမ်းကြောင်းပြုခဲ့သူပါ။

အဲဒီနောက် Harry Potter ဇာတ်ကားထဲမှာ Hagrid နေရာက ပါဝင်သရုပ်ဆောင်ဖို့ ဖြစ်ခဲ့ပြီး ပထမဆုံးရုပ်ရှင် "Harry Potter and the Sorcerer's Stone" ကို ၂၀၀၁ ခုနှစ် နိုဝင်ဘာမှ စတင်ပြသခဲ့ကာ ကမ္ဘာတစ်ဝှမ်းမှာ ဝင်ငွေဒေါ်လာ ၁ ဘီလီယံကျော် ရရှိခဲ့တာပါ။

Harry Potter ဇာတ်ကားတွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက် နှစ် ၂၀ ကျော်ကြာ အပတ်တိုင်း fan letters တွေကို လက်ခံရရှိရတယ်လို့ မစ္စ Wright က ပြောပါတယ်။

မစ္စတာ Coltrane ကတော့ Harry Potter ဇာတ်ကားတွေအပြင် Cracker, National Treasure, From Hell, Nuns on the Run, Murderland, Danny, the Champion of the World စတဲ့ ဇာတ်ကားတွေသာမက တခြား ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တာပါ။

Source - The New York Times