CNI Entertainment News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၆

Exo အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်တဲ့ တရုတ်-ကနေဒါ ပေါ့ပ်စတား Kris Wu ဟာ လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုတွေနဲ့ အပြစ်ရှိကြောင်း တွေ့ရှိရပြီးနောက် ထောင်ဒဏ် ၁၃ နှစ်ချမှတ်ခံခဲ့ရပါတယ်။

အကြောင်းကတော့ ပြီးခဲ့တဲ့နှစ်က အသက် ၁၉ နှစ်အရွယ် ကျောင်းသူတစ်ဦးက သူမအား အသက် ၁၇ နှစ် အရွယ်မှာ မုဒိမ်းကျင့်ခဲ့တယ်လို့ စွပ်စွဲခဲ့ပြီးနောက် Wu ကို ဘေဂျင်းမြို့ Chaoyang ခရိုင်တရားရုံးတစ်ခုက အပြစ်ရှိကြောင်း တွေ့ရှိတဲ့အတွက် နိုဝင်ဘာ ၂၅ ရက်နေ့မှာ ထောင်ဒဏ်ချမှတ်လိုက်တာပါ။

Wu ကို မုဒိမ်းမှုနဲ့ ထောင်ဒဏ် ၁၁ နှစ် ခြောက်လ ချမှတ်ခဲ့ကြောင်း ပေကျင်းမြို့ Chaoyang ခရိုင်တရားရုံးက သောကြာနေ့မှာ ပြောကြားခဲ့ပြီး အိမ်ထောင်ရေးဖောက်ပြန်မှု ကျူးလွန်ဖို့ လူစုရုံးမှု ပြစ်မှုအတွက် ထောင်ဒဏ် တစ်နှစ်နဲ့ ၁၀ လ ချမှတ်ခံခဲ့ရတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

"တရားခံ Wu Yifan (Kris Wu) ဟာ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ကနေ ဒီဇင်ဘာလအထိ သူ့ရဲ့နေအိမ်မှာ အမျိုးသမီး ၃ ဦးကို အရက်မူးပြီး ခံနိုင်ရည်မရှိခဲ့ဘဲ လိင်ဆက်ဆံမှုပြုလုပ်ခဲ့ကြောင်း တွေ့ရှိခဲ့ရတယ်" လို့ တရားရုံးက ပြောကြားခဲ့တာပါ။

ပြီးတော့ သူဟာ အခွန်ရှောင်မှုနဲ့ပတ်သက်ပြီး ယွမ်သန်း ၆၀၀ (ပေါင် ၆၉ သန်း) ဒဏ်ရိုက်ခံရမှာလည်း ဖြစ်ပါတယ်။

သူ့ရဲ့ ကမ္ဘာတစ်ဝှမ်း ၀င်ငွေနဲ့ပတ်သက်ပြီး မှားယွင်းတဲ့ ကြေငြာတွေ ပြုလုပ်ဖို့ အတုအယောင်စီးပွားရေး လုပ်ငန်းကို အသုံးပြုခဲ့တယ်လို့ နိုင်ငံပိုင် သတင်းဌာန ဆင်ဟွာက ပြောကြားခဲ့တာပါ။

K-pop အဖွဲ့တစ်ခုဖြစ်တဲ့ Exo ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူဟာ ၂၀၁၄ ခုနှစ်မှာ တရုတ်နိုင်ငံကို ပြန်လည်ရောက်ရှိလာပြီး တစ်ကိုယ်တော်အဆိုရှင်အဖြစ်နဲ့ အသက်မွေးဝမ်းကြောင်းပြုနေတာပါ။

Wu ဟာ အသက် ၁၈ နှစ်အောက် တခြားမိန်းကလေးတွေကို လိင်ဆက်ဆံဖို့ သွေးဆောင်ခဲ့ကြောင်း ၁၈ နှစ်အရွယ် တရုတ်ကျောင်းသူတစ်ဦးက လူသိရှင်ကြားစွပ်စွဲပြီးနောက် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့မှာ ဘေဂျင်းမှာ ထိန်းသိမ်းခံထားရပြီး တရားရင်ဆိုင်နေခဲ့ရတာပါ။

Source-BBC, CAN