- By CNI
- Category: အားကစား
- Hits: 391
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈
ပေါ်တူဂီအသင်းနည်းပြ ရော်ဘတ်တိုမာတီနက်ဇ်က DR ကွန်ဂိုအသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ကမ္ဘာ့ဖလား အဖွင့်ပွဲမှာ အသင်းခေါင်းဆောင် ရော်နယ်လ်ဒိုကို လူစားလဲမှုပြုလုပ်ဖို့က အဓိပ္ပါယ်မရှိဘူးလို့ ပြောခဲ့ပါတယ်။
ရော်ဘတ်တိုမာတီနက်ဇ်က “ဂိုးသွင်းယူနိုင်ဖို့ လိုအပ်တဲ့ပွဲမှာ ကမ္ဘာ့အကောင်းဆုံး ဂိုးသွင်းတဲ့သူကို ပွဲထဲကနေ ထုတ်လိုက်တာက အဓိပ္ပါယ်မရှိဘူး”လို့ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဖြေခဲ့ပါတယ်။
ရော်နယ်လ်ဒိုဟာ ဒီပွဲမှာ ဂိုးပေါက်ကန်သွင်းမှု ၃ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး ဂိုးပေါက်တည့်မှု ၁ ကြိမ်မှ မရှိခဲ့ပေမယ့် ပွဲချိန်ပြည့် ပါဝင်ကစားခဲ့တာပါ။
ဒါဟာ ရော်နယ်လ်ဒိုအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးပေါက်တည့်မှု ၁ ကြိမ်မှမရှိတဲ့ ၆ ပွဲမြောက်ပွဲလည်း ဖြစ်ခဲ့ပါ တယ်။

ရော်နယ်လ်ဒိုကို တွေ့ရစဉ်
ရော်နယ်လ်ဒိုဟာ အခုဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၅ ပွဲဆက်တိုက် ဂိုးပေါက် ပျောက်ဆုံးနေသလို ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲရဲ့နောက်ဆုံး ၁၀ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့တာပါ။
အဲ့ဒါကြောင့် DR ကွန်ဂိုအသင်းနဲ့ပွဲမှာ ရော်နယ်လ်ဒိုကို ပွဲချိန်ပြည့် အသုံးပြုတဲ့အပေါ် ပေါ်တူဂီအသင်းနည်းပြ မာတီနက်ဇ်ဟာ မေးခွန်းထုတ်ခံခဲ့ရပြီး သူကတော့ ဂိုးလိုအပ်နေတဲ့ အချိန်မှာ ရော်နယ်လ်ဒိုကို လူစားလဲဖို့က အဓိပ္ပါယ်မရှိလို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် မာတီနက်ဇ်က အဖွင့်ပွဲစဉ်ပဲရှိသေးတာကြောင့် ထိတ်လန့်စရာမလိုဘဲ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒီလိုအရာ တွေက ဖြစ်လေ့ရှိတယ်လို့ ပြောခဲ့ပါတယ်။
အာဂျင်တီးနားအသင်းက ဆော်ဒီအသင်းကို အဖွင့်ပွဲမှာ အရေးနိမ့်ပြီး ၂၀၂၂ ကမ္ဘာ့ဖလား ရရှိခဲ့တာနဲ့ စပိန်အသင်း က ဆွစ်ဇာလန်အသင်းကို အဖွင့်ပွဲမှာ အရေးနိမ့်ပြီး ၂၀၁၀ ကမ္ဘာ့ဖလား ရရှိခဲ့တာကိုလည်း မာတီနက်ဇ်က ပြောသွားခဲ့တာပါ။
ပေါ်တူဂီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုဒုတိယမြောက်ပွဲအဖြစ် ဇွန်လ ၂၃ ရက်မှာ ဥဇဘတ်ကစ္စတန် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 226
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန် ၁၇
စပါးအသင်းဟာ ဒတ်ချ်နောက်ခံလူ ဗန်ဟက်ကယ်ကို ပေါင် ၅၂ သန်းနဲ့ခေါ်ယူဖို့ ဘရိုက်တန်အသင်းနဲ့ ပြောင်းရွှေ့ကြေးသဘောတူညီမှုရရှိခဲ့ပါတယ်။
ဂျပန်အသင်းနဲ့ ၂ ဂိုးစီသရေကျခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲမှာ နယ်သာလန်အသင်းရဲ့ပွဲထွက်လူစာရင်းထဲ ပါဝင်ခဲ့တဲ့ ဗန်ဟက်ကယ်နဲ့ ဘရိုက်တန်အသင်းစာချုပ်ဟာ ၁ နှစ်သာကျန်ရှိတော့ပြီး စာချုပ်သက်တမ်း တိုးဖို့ ဆန္ဒမရှိတာပါ။
ဘရိုက်တန်အသင်းဟာ ဗန်ဟက်ကယ်အတွက် စပါးအသင်းရဲ့ပထမအကြိမ်ကမ်းလှမ်းမှုကို ပယ်ချခဲ့ပေမယ့် အခုအချိန်မှာ သဘောတူခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဗန်ဟက်ကယ်ဟာ ဘရိုက်တန်အသင်းမှာ အတူလက်တွဲခဲ့ဖူးတဲ့ နည်းပြဒီဇာဘီနဲ့ စပါးအသင်းမှာ ထပ်ပြီးလက်တွဲအလုပ်လုပ်ရတော့မှာပါ။

၂၀၂၀ ခုနှစ်က NAC ဘရီဒါအသင်းကနေ ရောက်လာခဲ့တဲ့ ဗန်ဟက်ကယ်ဟာ ဘရိုက်တန်အသင်းအတွက် ၁၃၁ ပွဲကစားခဲ့ပြီး မနှစ်ကရာသီမှာ ပွဲပေါင်း ၄၀ ပါဝင် ကစားခဲ့ပါတယ်။
စပါးအသင်းဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၁၇ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့ပြီးနောက် ခံစစ်ပိုင်းကို အားကောင်းအောင် အားဖြည့်မှုတွေ ပြုလုပ်နေတာပါ။
စပါးအသင်းဟာ ဗန်ဟက်ကယ်မတိုင်မီ စကော့တလန်နောက်ခံလူရော်ဘတ်ဆန်နဲ့ အာဂျင်တီးနားနောက်ခံလူဆီနီစီတို့ကို ခေါ်ယူထားပါတယ်။
အက်သလက်တီကိုအသင်းအပါအဝင် အသင်းတချို့ရဲ့စိတ်ဝင်စားမှုခံနေရတဲ့ အသင်းခေါင်းဆောင်ရိုမဲရိုးဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ စပါးအသင်းကနေ ထွက်ခွာသွားဖွယ်ရှိနေပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 168
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန် ၁၇
ဆိုးလ်ရှားနဲ့ဂယ်ရီအိုနေးလ်တို့ဟာ အစ်စဝှစ်ချ်အသင်းနည်းပြရာထူးအတွက် လျာထားတဲ့နည်းပြစာရင်းထဲမှာ ဦးဆောင်နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
နည်းပြမက်ကန်နာဟာ အစ်စဝှစ်ချ်အသင်းကို ပရီးမီးယားလိဂ်ထံ တန်းတက်အောင် ကိုင်တွယ်ပေးနိုင်ခဲ့ပြီးနောက် မကြာသေးမီရက်ပိုင်းအတွင်းက အသင်းနည်းပြရာထူးကနေ နုတ်ထွက်ခဲ့တာပါ။
အဲဒါကြောင့် အစ်စဝှစ်ချ် အသင်း ဟာ ရာသီသစ်အတွက် ပြင်ဆင်မှုတွေမပြုလုပ်မီ နည်းပြသစ်ခန့်အပ်နိုင်ဖို့ ရှာဖွေမှုတွေပြုလုပ်နေတာ ဖြစ်ပါတယ်။
တူရကီကလပ်ဘီဆစ်တက်အသင်းကို နောက်ဆုံးကိုင်တွယ်ခဲ့တဲ့ ဆိုးလ်ရှားဟာ ပြီးခဲ့တဲ့ရာသီမှာ ယူနိုက်တက် အသင်းကို ပြန်လာပြီး ကိုင်တွယ်ဖို့ရှိခဲ့ပေမယ့် ယူနိုက်တက်အသင်းက ကာရစ်ကို ခန့်အပ်ဖို့ရွေးချယ်ခဲ့တာပါ။

အစ်စဝှစ်ချ်အသင်းဟာ စထရာဘိုးအသင်းနည်းပြဂယ်ရီအိုနေးလ်ကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ စိတ်ဝင်စား နေပေမယ့် ပြင်သစ်ကလပ်က သူ့ကိုအသင်းမှာ ဆက်ထိန်းနိုင်မယ်လို့ ယုံကြည်နေပါတယ်။
ဒါပေမယ့် အစ်စဝှစ်ချ်အသင်းက ဂယ်ရီအိုနေးလ်ကို အသင်းရဲ့နည်းပြသစ်ဖြစ်လာနိုင်မယ့် စာရင်းထဲမှာ ဆိုးလ်ရှား နဲ့အတူ ထိပ်ဆုံးနေရာမှာ ထားရှိထားပါတယ်။
မက်ကန်နာဟာ အစ်စဝှစ်ချ်အသင်းကို ၂၀၂၁ ခုနှစ်မှာ စတင် ကိုင်တွယ်ခဲ့ပြီး နောက်ဆုံး ၄ ရာသီမှာ ၃ ကြိမ်တန်းတက်အောင် ကိုင်တွယ်ပေးထားတာပါ။
ဒီ ၃ ကြိမ်မှာ ၂ ကြိမ်က ပရီးမီးယားလိဂ်ထံ တန်းတက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မက်ကန်နာဟာ ဖူလ်ဟမ် အသင်း နည်းပြရာထူးအတွက် ချိတ်ဆက်ခံခဲ့ရပေမယ့် နည်းပြလောကကနေ ခေတ္တအနားယူပြီး မိသားစုကို အချိန်ပိုပေးဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောခဲ့ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 183
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇
လက်ရှိ ချန်ပီယံ အာဂျင်တီးနားအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲမှာ အယ်လ်ဂျီးရီးယားအသင်း ကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး အသင်းခေါင်းဆောင် မက်ဆီက ဟက်ထရစ် ဂိုးဖြစ်တဲ့ ၃ ဂိုးစလုံး သွင်းယူပေးခဲ့ ပါတယ်။
မက်ဆီဟာ ပွဲချိန် ၁၇ မိနစ်၊ မိနစ် ၆၀ နဲ့ ၇၆ မိနစ်တွေမှာ အာဂျင်တီးနားအသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့တာပါ။
ဒီပွဲမှာ အာဂျင်တီးနားအသင်းအတွက် ပွဲပေါင်း ၂၀၀ ပြည့်ခဲ့တဲ့ မက်ဆီဟာ သွင်းဂိုးတွေနဲ့အတူ အသင်းကို အနိုင် ၃ မှတ် ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲက ဟက်ထရစ်ဟာ မက်ဆီအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူပထမဆုံး သွင်းယူနိုင်ခဲ့တဲ့ ဟက်ထရစ် ဖြစ်ခဲ့သလို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပထမဆုံး ဟက်ထရစ် သွင်းဂိုးလည်း ဖြစ်ခဲ့တာပါ။
ဒါ့အပြင် မက်ဆီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၆ ကြိမ် ပါဝင်ကစားတဲ့ ပထမဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့တာပါ။

မက်ဆီကို တွေ့ရစဉ်
မက်ဆီရဲ့ ပြိုင်ဘက်ကြီးဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ DR ကွန်ဂိုအသင်းနဲ့ပွဲမှာ ပေါ်တူဂီအသင်းအတွက် ပါဝင်ကစား ခဲ့ရင် သူလည်း မက်ဆီနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၆ ကြိမ်အထိ ပါဝင်ကစားတဲ့ မှတ်တမ်းရရှိမှာ ဖြစ်ပါတယ်။
မက်ဆီဟာ ဒီပွဲမှာ သွင်းယူတဲ့ ၃ ဂိုးကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူ့ရဲ့သွင်းဂိုးက ၁၆ ဂိုးအထိ ရှိလာခဲ့တာပါ။
အဲ့ဒါကြောင့် မက်ဆီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် စံချိန်တင်ထားတဲ့ ဂျာမနီ ဂန္ထဝင် ကလိုဆေးရဲ့ သွင်းဂိုး အရေအတွက်နဲ့ တူညီသွားခဲ့ပြီး နောက်ထပ် တစ်ဂိုး သွင်းယူနိုင်ရင် စံချိန်သစ် တင်နိုင်တော့မှာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလား ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ ရည်မှန်းထားတဲ့ အာဂျင်တီးနားအသင်းဟာ အုပ်စုဒုတိယပွဲအဖြစ် ဇွန်လ ၂၂ ရက်မှာ သြစတြီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 178
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇
ပြင်သစ်အသင်းက ဆီနီဂေါအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲမှာ ၂ ဂိုးသွင်းခဲ့တဲ့ အသင်းခေါင်းဆောင် ဘတ်ပီဟာ ပြင်သစ်အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့ ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ ပြင်သစ်အသင်းဟာ ဒီပွဲရဲ့ ပထမပိုင်းမှာ ဆီနီဂေါအသင်းကို ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဘတ်ပီက ၂ ဂိုး၊ ဘာကိုလာက ၁ ဂိုး သွင်းယူခဲ့တာပါ။
ဆီနီဂေါအသင်းအတွက် ချေပဂိုးကို အမ်ဘာယီက သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဘတ်ပီဟာ ဒီပွဲမှာသွင်းယူတဲ့ ၂ ဂိုးကြောင့် ပြင်သစ်အသင်းအတွက် ၅၈ ဂိုးအထိ သွင်းယူထားပြီး အရင်က ပြင်သစ် အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် စံချိန်တင်ထားတဲ့ ဂီရော့ဒ် ၅၇ ဂိုးကို ၁ ဂိုးအသာနဲ့ ကျော်ဖြတ်ပြီး စံချိန်သစ်တင်နိုင်ခဲ့တာပါ။
ဒါ့အပြင် ဘတ်ပီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းယူထားတဲ့ သွင်းဂိုးက ၁၄ ဂိုးအထိ ရှိလာခဲ့ပါတယ်။

ဘတ်ပီကို တွေ့ရစဉ်
ဘတ်ပီက “ကျနော်ဟာ အသင်းကို ကူညီဖို့ အသင်းဖော်တွေနဲ့ အတူ ပြင်သစ်အသင်းရဲ့ သမိုင်းမှာ နောက်ထပ် စာမျက်နှာတစ်ခုကို ရေးဖို့ရှိနေတာပါ။ ရှည်လျားတဲ့ ခရီးတစ်ခု ရှိနေတယ်ဆိုတာကို ကျနော်တို့ သိပေမယ့် ဒီအတွက် ကျနော်တို့ အဆင်သင့်ဖြစ်နေပါပြီ။ ကျနော်ဟာ ကျနော့်နိုင်ငံရဲ့ သမိုင်းကို မှတ်တမ်းတင်ဖို့နဲ့ ဗိုလ်လုပွဲ ရောက်ပြီး ကမ္ဘာ့ဖလားရယူဖို့ ကစားနေတာပါ။ ဝေဖန်တဲ့သူတွေကို တုန့်ပြန်စရာမရှိပါဘူး”လို့ ပြောခဲ့ပါတယ်။
ပြင်သစ်အသင်းနည်းပြ ဒက်ချမ့်စ်က လူတွေက ဘတ်ပီကို ဝေဖန်နေကြဆဲဖြစ်ပေမယ့် သူဟာ အသက် ၂၇ နှစ်ပဲ ရှိသေးသလို အသင်းအတွက် အများကြီး လုပ်ပေးထားတာကြောင့် သူ့အတွက် ပျော်ရွှင်တယ်လို့ ပြောခဲ့တာပါ။
ဒါ့အပြင် ဒက်ချမ့်စ်က ဘယ်ပြိုင်ပွဲမဆို အနိုင်ရလဒ်နဲ့ စတင်ရတာဟာ အလွန်ကောင်းမွန်တယ်လို့လည်း ပြောခဲ့ပါတယ်။
ပြင်သစ်အသင်းဟာ အုပ်စုဒုတိယပွဲအဖြစ် ဇွန်လ ၂၃ ရက်မှာ အီရတ်အသင်းနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 145
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန် ၁၆
ဘရာဇီးလ်အသင်းတိုက်စစ်မှူးနေမာဟာ အသင်းရဲ့လက်ကျန် ကမ္ဘာ့ဖလားအုပ်စု ၂ ပွဲစလုံးပါဝင်နိုင်ဖွယ်မရှိဘူးလို့ ဘရာဇီးလ်မီဒီယာတွေက ဖော်ပြထားပါတယ်။
မော်ရိုကိုအသင်းနဲ့ ၁ ဂိုးစီသရေကျခဲ့တဲ့ အုပ်စုအဖွင့်ပွဲကို လွဲချော်ခဲ့တဲ့ နေမာဟာ ဟေတီအသင်းနဲ့ ကစားမယ့် အုပ်စုဒုတိယပွဲမတိုင်မီ ဘရာဇီးလ်အသင်းနဲ့လေ့ကျင့်မှုပြုလုပ်နိုင်ခြင်းမရှိသေးတာပါ။
နေမာဟာ မေလ ၁၇ ရက်က ဆန်းတို့စ်အသင်းအတွက် ပါဝင်ကစားခဲ့တဲ့ ပွဲမှာခြေသလုံးဒဏ်ရာရခဲ့ပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘရာဇီးလ်အသင်းရဲ့ခေါ်ယူခြင်းခံခဲ့ရပါတယ်။
ဘရာဇီးလ်အသင်းဆေးအဖွဲ့ဟာ ပြီးခဲ့တဲ့အပတ်က နေမာကို ပြုလုပ်ခဲ့တဲ့ ဆေးစစ်မှုတွေကို ပြန်လည်ပြုလုပ်နေပြီး ရလဒ်ကိုတော့ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF)က ထုတ်ပြန်ခြင်းမရှိသေးတာပါ။

ဘရာဇီးလ်မီဒီယာတွေနဲ့ အသင်းဆေးအဖွဲ့တွေက နေမာကို ရှုံးထွက်အဆင့်ပွဲတွေအတွက် ကြံ့ခိုင်မှုအပြည့်အဝရဖို့ မျှော်လင့်နေပါတယ်။
ဘရာဇီးလ်အသင်းနည်းပြအန်ဆယ်လော့တီက နေမာဟာ အမြန်ဆုံးပြန်ကောင်းမွန်လာဖို့ အလွန်ကြိုးစားနေပြီး သူ့ကိုရွေးချယ်ခဲ့တာက နည်းစနစ်ပိုင်းဆိုင်ရာ အရည်အချင်းတွေကြောင့် ဖြစ်တယ်ဆိုတာ ငြင်းလို့မရဘူးလို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် အန်ဆယ်လော့တီက နေမာရဲ့အတွေ့အကြုံနဲ့ အသင်းရဲ့လူငယ်ကစားသမားတွေကို သူပြသခဲ့တဲ့ စံနမူနာတွေအတွက်လည်း သူ့ကို ခေါ်ယူခဲ့တာလို့ ပြောခဲ့တာပါ။
ဘရာဇီးလ်အသင်းဟာ အုပ်စုလက်ကျန် ၂ ပွဲအဖြစ် ဇွန်လ ၁၉ ရက်မှာ ဟေတီအသင်း၊၂၄ ရက်မှာ စကော့တလန် အသင်းနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
Source:ESPN
- By CNI
- Category: အားကစား
- Hits: 134
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန် ၁၆
ပေါ်တူဂီလူမျိုးနည်းပြအာမိုရင်ဟာ နည်းပြလစ်လပ်နေတဲ့ စီးရီးအေထိပ်သီးအေစီမီလန်အသင်းကို ကိုင်တွယ်ဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။
ယူနိုက်တက်အသင်းကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ဇန်နဝါရီလကတည်းက အာမိုရင်ဟာ ဘယ်အသင်းကိုမှ ကိုင်တွယ် ရခြင်းမရှိသေးတာပါ။
အာမိုရင်ဟာ သူ့ရဲ့ကစားသမားဘဝ အသင်းဟောင်း ဘင်ဖီကာအသင်းကို ကိုင်တွယ်ဖို့ သတင်းတွေထွက်ခဲ့ပေမယ့် ကိုင်တွယ်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။
အခုအချိန်မှာတော့ အာမိုရင်ဟာ အယ်လီဂရီရဲ့နေရာအစားထိုးဝင်ရောက်ပြီး အေစီမီလန်အသင်းကို ၂ နှစ် စာချုပ်နဲ့ကိုင်တွယ်ဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ A Bola က ဖော်ပြထားတာပါ။
ဒီသဘောတူညီမှုထဲမှာ နောက်ထပ်တစ်နှစ်သက်တမ်းတိုးဖို့ ရွေးချယ်မှုပါဝင်တယ်လို့ သိရပါတယ်။

အာမိုရင်ဟာ အေစီမီလန်အသင်းမှာ တစ်ရာသီကို ယူရို ၃.၅ သန်းရရှိမှာဖြစ်ပြီး ဆုဖလားအောင်မြင်မှုနဲ့ ချန်ပီယံ လိဂ်ဝင်ခွင့်ပြန်ရအောင် ကိုင်တွယ်ပေးနိုင်ရင် အပိုဆုကြေးရရှိမှာပါ။
အာမိုရင်ဟာ အေစီမီလန် အသင်းပိုင်ရှင် ရဲ့ခွင့်ပြုချက်ရတာနဲ့ မီလန်ကို ချက်ချင်းသွားပြီး စာချုပ်ချုပ်ကာ လာမယ့်ရာသီအတွက် ပြင်ဆင်မှုတွေ စတင်နိုင်ဖို့ မျှော်လင့်နေပါတယ်။
နည်းပြလောကထဲကို အာမိုရင် မြန်မြန်ဆန်ဆန်ပြန်ပြီးဝင်ရောက်တာက ယူနိုက်တက်အသင်းအတွက် သတင်း ကောင်းဖြစ်ပြီး ယူနိုက်တက်အသင်းဟာ သူ့ကိုပေးချေနေရတဲ့ လျော်ကြေးငွေတွေကို ပေးဖို့ မလိုတော့တာပါ။
အာမိုရင်အနေနဲ့ အေစီမီလန်အသင်းနည်းပြအဖြစ် သြဂုတ်လထဲ ကစားမယ့် ခြေစမ်းပွဲမှာ အသင်းဟောင်း ယူနိုက်တက်အသင်းနဲ့ ပြန်ပြီးဆုံတွေ့ရမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 148
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆
ဘယ်လ်ဂျီယံအသင်းဟာ ကမ္ဘာ့ဖလားအုပ်စု အဖွင့်ပွဲမှာ အီဂျစ်အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့ပြီးနောက် နည်းပြ ရူဒီဂါစီယာက အဖွင့်ပွဲတွေဟာ အမြဲတမ်း ခက်ခဲတဲ့အတွက် ရှုံးနိမ့်မှုကို ရှောင်နိုင်တာက အရေးကြီးဆုံးအရာလို့ ပြောခဲ့ပါတယ်။
ရူဒီဂါစီယာက “ကျနော်တို့ဟာ အာဖရိကရဲ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး သူတို့ဟာ ပထမဆုံး ကန်ချက်ကနေ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒီလိုအသင်းမျိုးကို အနောက်ကနေ လိုက်ကစားရတာက ခက်ခဲပါ တယ်။ သူတို့မှာ ဆာလက်၊ မာမွတ်ရှ်တို့လို ကောင်းမွန်တဲ့ ကစားသမားတွေရှိပြီး ပွဲကိုခြားနားအောင် ဘယ်လို လုပ်ရမလဲဆိုတာ သူတို့သိပါတယ်။ ဒါပေမယ့် ကျနော်တို့ ချေပဂိုး သွင်းယူနိုင်ခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။
ဒီပွဲရဲ့ပွဲချိန်မိနစ် ၂၀ မှာ အက်ရှာက အီဂျစ်အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ လူစားလဲ ဝင်ရောက်လာတဲ့ တိုက်စစ်မှူး လူကာကူရဲ့ ဖိအားပေးမှုကနေ အီဂျစ်ကစားသမား ဟန်နီက ပွဲချိန် ၆၆ မိနစ်မှာ ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့တာပါ။
အဲ့ဒါကြောင့် ဘယ်လ်ဂျီယံအသင်းဟာ ချေပဂိုးရခဲ့ပြီး အဖွင့်ပွဲမှာ ရှုံးနိမ့်မှုကို ရှောင်နိုင်ခဲ့ပါတယ်။

လူကာကူကို တွေ့ရစဉ်
ဘယ်လ်ဂျီယံအသင်းဟာ အဖွင့်ပွဲမှာ သရေကျခဲ့တဲ့အတွက် အုပ်စုဒုတိယပွဲဖြစ်တဲ့ အီရန်အသင်းနဲ့ပွဲမှာ အနိုင်ရယူဖို့ လိုအပ်တယ်လို့လည်း နည်းပြရူဒီဂါစီယာက ပြောခဲ့တာပါ။
ဒါ့အပြင် နည်းပြ ရူဒီဂါစီယာက လူကာကူဟာ ကြံ့ခိုင်မှု အခြေအနေကြောင့် ပွဲအစကတည်းပါဝင်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့လည်း ပြောခဲ့ပါတယ်။
လူကာကူဟာ ပြီးခဲ့တဲ့ရာသီမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး နာပိုလီအသင်းအတွက် ပွဲချိန်မိနစ်အနည်းငယ်သာ ပါဝင်နိုင်ခဲ့တာပါ။
ဒါပေမယ့် နည်းပြ ရူဒီဂါစီယာက လူကာကူကို ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘယ်လ်ဂျီယံအသင်း လူစာရင်းမှာ အံ့အားသင့်ဖွယ် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 166
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ စပိန်အသင်းဟာ အုပ်စု အဖွင့်ပွဲမှာ ကိပ်ဗာဒီအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့ပေမယ့် နည်းပြ ဒယ်လာဖွန်တေက ဒီရလဒ်ဟာ အသင်းအတွက် ထိတ်လန့်စရာမရှိဘူးလို့ ပြောခဲ့ပါတယ်။
ဒယ်လာဖွန်တေက “ဘာတွေပဲဖြစ်ဖြစ် အသင်းဟာ ယုံကြည်စိတ်ချရပါတယ်။ ကျနော်တို့က မယုံကြည်နိုင် လောက်အောင် ယုံကြည်စိတ်ချရတဲ့ အသင်းဖြစ်ပြီး လာမယ့်ပွဲမှာ ပိုပြီးကောင်းလာမယ်ဆိုတာ သေချာပါတယ်။ ကျနော်တို့ တိုးတက်အောင် လုပ်ရမယ့် အရာတွေရှိနေပေမယ့် သွားရမယ့် လမ်းကြောင်းအတိုင်း ဆက်သွားမှာပါ။ ကိပ်ဗာဒီအသင်းကတော့ သူတို့လုပ်ရမယ့်အရာကို ကောင်းမွန်စွာ လုပ်နိုင်ခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။
စပိန်အသင်းဟာ ဒီပွဲမှာ ဂိုးပေါက်ကန်သွင်းမှု ၂၇ ကြိမ်၊ ဂိုးပေါက်တည့်မှု ၇ ကြိမ်အထိ ရှိခဲ့ပေမယ့် ကိပ်ဗာဒီ အသင်းရဲ့ အသက် ၄၀ နှစ်အရွယ် ဂိုးသမား ဗိုဇင်ဟာကို ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။
ဗိုဇင်ဟာ,ဟာ ဒီပွဲမှာ ပြသခဲ့တဲ့ လက်စွမ်းတွေကြောင့် အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပြီး ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခဲ့တဲ့ ကိပ်ဗာဒီအသင်းကို အဖိုးတန်ရမှတ် ရယူပေးနိုင်ခဲ့တာပါ။

စပိန်အသင်း ယှဉ်ပြိုင်နေစဉ်
စပိန်အသင်းဟာ ဒီပွဲရလဒ်ကြောင့် လာမယ့်ပွဲတွေအတွက် ဖိအားတွေရှိနိုင်တယ်လို့ ပြောနေကြပေမယ့် နည်းပြ ဒယ်လာဖွန်တေက သူတိုထိတ်လန့်နေမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
စပိန်အသင်းခေါင်းဆောင် ရိုဒရီက သူတို့စိတ်ရှည်ရမယ်ဆိုတာ သိသလို ကြံ့ခိုင်မှုကောင်းတဲ့ အသင်းနဲ့ ရင်ဆိုင်ရ တာက ခက်ခဲပေမယ့် ဂိုးတွေ သွင်းယူတဲ့အပိုင်းမှာ တိုးတက်အောင် လုပ်ရမယ်လို့ ပြောခဲ့ပါတယ်။
စပိန်အသင်းရဲ့ အုပ်စုတွင်းက ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဆော်ဒီနဲ့ဥရုဂွေး အသင်းပွဲလည်း ၁ ဂိုးစီ သရေကျခဲ့တာပါ။
အဲ့ဒါကြောင့် အုပ်စုအဖွင့်ပွဲအပြီးမှာ ၄ သင်းစလုံးဟာ ရမှတ် ၁ မှတ်စီသာ ရရှိထားပါတယ်။
စပိန်အသင်းဟာ အုပ်စုဒုတိယပွဲအဖြစ် ဇွန်လ ၂၁ ရက်မှာ ဆော်ဒီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 225
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅
ပရီးမီးယားလိဂ် ထိပ်သီးတွေဖြစ်တဲ့ အာဆင်နယ်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ စိတ်ဝင်စားမှုခံနေရတဲ့ ပြင်သစ် ကြယ်ပွင့် ဘာကိုလာဟာ PSG အသင်းကနေ ထွက်ခွာခွင့်တောင်းထားတယ်လို့ talkSPORT က ဖော်ပြထား ပါတယ်။
ဘာကိုလာဟာ ပြီးခဲ့တဲ့ရာသီမှာ PSG အသင်းအတွက် ၄၉ ပွဲ ကစားခဲ့ပြီး ၁၃ ဂိုးသွင်းယူကာ လီဂူး-၁ နဲ့ ချန်ပီယံ လိဂ်ဖလား အောင်မြင်မှု ရရှိခဲ့ပါတယ်။
ဒါပေမယ့် ဘာကိုလာဟာ အာဆင်နယ်အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ PSG အသင်းရဲ့ ပွဲထွက် လူစာရင်းကနေ ချန်လှပ်ခြင်း ခံခဲ့ရတာပါ။
အာဆင်နယ်နဲ့ လီဗာပူးလ်အသင်း ၂ သင်းစလုံးဟာ ဘာကိုလာကို ခေါ်ယူချင်နေတာကြောင့် ကစားသမားကလည်း ပုံမှန်ကစားခွင့်ရဖို့ PSG အသင်းကနေ ထွက်ခွာခွင့်တောင်းခဲ့တာ ဖြစ်ပါတယ်။
ဘာကိုလာဟာ ဘယ်ဘက်အခြမ်းမှာ အဓိက ကစားတာဖြစ်ပြီး အာဆင်နယ်အသင်းဟာ နွေရာသီအပြောင်းအရွှေ့ မှာ ဘယ်ဘက်အခြမ်းကို အားဖြည့်ချင်နေတာကြောင့် သူ့ကို ပစ်မှတ်ထားနေတာပါ။

ဘာကိုလာကို တွေ့ရစဉ်
အာဆင်နယ်အသင်းဟာ နောက်ထပ် ပစ်မှတ်ဖြစ်တဲ့ ကလပ်ဘရုဂျ်အသင်း တောင်ပံကစားသမား ဇိုလစ်နဲ့လည်း ဆွေးနွေးမှုတွေ စတင်နေပါတယ်။
ဇိုလစ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ကလပ်ဘရုဂျ်အသင်းအတွက် ၂၂ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၂၉ ကြိမ် ပြုလုပ်နိုင်ခဲ့တာ ကြောင့် ဘယ်လ်ဂျီယံလိဂ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။
ကလပ်ဘရုဂျ်အသင်းက ဇိုလစ်ကို ယူရိုသန်း ၄၀ တန်ကြေး သတ်မှတ်ထားတာပါ။
ဘာကိုလာကတော့ လက်ရှိအချိန်မှာ ကမ္ဘာ့ဖလားပွဲတွေကစားဖို့ ဘော်စတွန်မှာ ပြင်သစ်အသင်းနဲ့ လေ့ကျင့် ပြင်ဆင်နေပြီး အဖွင့်ပွဲအဖြစ် ဇွန်လ ၁၆ ရက်မှာ ဆီနီဂေါအသင်းနဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
Source: metro
