- By CNI
- Category: အားကစား
- Hits: 142
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၉
ဒတ်ချ်လူမျိုးနည်းပြ အာနီဆလော့လက်ထက် လီဗာပူးလ်အသင်းမှာ စိတ်ပျက်စရာတွေကြုံတွေ့ခဲ့ရတဲ့ အီတလီ တောင်ပံကစားသမား ချီယေဆာက အသင်းဟောင်း ဂျူဗင်တပ်စ်အသင်းထံ ပြန်သွားချင်တဲ့ ဆန္ဒကို အတည်ပြု ခဲ့ပါတယ်။
ချီယေဆာက “ကျနော် ဂျူဗင်တပ်စ်ကို ပြန်လာချင်ပါတယ်။ ဂျူဗင်တပ်စ်က ကျနော့်ရဲ့နှလုံးသားထဲမှာ အမြဲတမ်း ရှိပြီး ပြန်လာချင်ပါတယ်။ ဂျူဗင်တပ်စ်နဲ့ ငွေကြေးအကြောင်း ဘယ်တုန်းကမှ မဆွေးနွေးဖူးခဲ့သလို ဒီလိုမျိုး ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး” လို့ La Gazzetta dello Sport နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
ချီယေဆာဟာ ၂၀၂၄ ခုနှစ်မှာ ဂျူဗင်တပ်စ်အသင်းကနေ ထွက်ခွာပြီး လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၈ နှစ်အရွယ်ရှိကစားသမားဟာ လီဗာပူးလ်အသင်းမှာရှိခဲ့တဲ့ ၂ ရာသီအတွင်း ပွဲကစားချိန်ရဖို့ ရုန်းကန်ခဲ့ရပြီး ပွဲပေါင်း ၅၀ ကစားခဲ့တာမှာ ၅ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ကစားသမား ချီယေဆာကို တွေ့ရစဉ်
ချီယေဆာနဲ့ လီဗာပူးလ်အသင်းရဲ့အနာဂတ်ဟာ မရေမရာဖြစ်နေပြီး သူကတော့ စီးရီးအေပြိုင်ပွဲထံ ပြန်သွားချင်နေတာပါ။
ချီယေဆာဟာ ဂျူဗင်တပ်စ်အသင်းမှာ လုပ်ခလစာ တောင်းဆိုခဲ့တယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့တာကို ငြင်းဆန်ခဲ့သလို အသင်းဘက်က သူ့ကို ထွက်ခွာဖို့ တွန်းအားပေးခဲ့တာလို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် ချီယေဆာက ဂျူဗင်တပ်စ်အသင်းထံ ပြန်သွားချင်နေပါတယ်။

ကစားသမား ချီယေဆာကို တွေ့ရစဉ်
ချီယေဆာနဲ့ လီဗာပူးလ်အသင်းစာချုပ်ဟာ ၂၀၂၈ ခုနှစ်ရာသီကုန်အထိ သက်တမ်းရှိနေတာပါ။
ချီယေဆာကတော့ သူဟာ လီဗာပူးလ်အသင်းနဲ့ အမေရိကန်ရာသီကြိုလေ့ကျင့်ရေးစခန်းသွားပြီးရင် ကလပ်၊ နည်းပြသစ် အီရာအိုလာတို့နဲ့ စကားပြောသွားမယ်လို့ ပြောထားပါတယ်။
ဒါ့အပြင် ချီယေဆာက သူ့အတွက် အရေးကြီးတာက ဘောလုံးကစားခွင့်ရဖို့ဖြစ်ပြီး ဘယ်နေရာမှာမဆို နေရာတစ်နေရာအတွက် တိုက်ပွဲဝင်ဖို့အသင့်ပဲလို့ ပြောခဲ့ပါတယ်။
- By CNI
- Category: အားကစား
- Hits: 147
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၈
အာဆင်နယ်အသင်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းရဲ့ ဒုတိယအသင်း ခေါင်းဆောင်အဖြစ် ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။
အင်္ဂလန်အသင်းအတွက် ၇၂ ပွဲပါဝင်ကစားထားတဲ့ ဒီကလန်ရိုက်စ်ဟာ နည်းပြတူချယ်လ်ရဲ့ ပွဲထွက်လူစာရင်းထဲမှာ အတွေ့အကြုံအရှိဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်လာမှာပါ။
အသက် ၂၇ နှစ်အရွယ်ရှိရိုက်စ်ဟာ အာဆင်နယ်အသင်းကို ၂၀၀၃-၀၄ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဖလားရရှိအောင် ကူညီပေးနိုင်ခဲ့သလို ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်ရှိအောင် ပို့ဆောင် ပေးနိုင်ခဲ့ပါတယ်။
ရိုက်စ်ဟာ အောက်တိုဘာလက ဝေးလ်စ်အသင်းနဲ့ခြေစမ်းပွဲမှာ တိုက်စစ်မှူးဟာရီကိန်းမပါဝင်နိုင်ချိန် အင်္ဂလန် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရတာပါ။
ရိုက်စ်နဲ့ အာဆင်နယ်အသင်းဖော်တွေဖြစ်တဲ့ ဆာကာ၊ အီဇီ၊ မာဒူအက်ကေတို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အင်္ဂလန်အသင်းနဲ့စတင်လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။

ဒီကလန်ရိုက်စ်
အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ပထမခြေစမ်းပွဲအဖြစ် နယူးဇီလန်အသင်းနဲ့ ကစားခဲ့တာမှာ ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး အသင်းခေါင်းဆောင် ဟာရီကိန်းက သွင်းဂိုး သွင်းယူပေးခဲ့တာပါ။
အင်္ဂလန်အသင်းဟာ အော်လန်ဒိုမှာ ကော်စတာရီကာအသင်းနဲ့ ခြေစမ်းပွဲကစားပြီးရင် သူတို့ရဲ့အခြေစိုက်မယ့် ကန်ဆက်စီးတီးထံ မထွက်ခွာမီ မိုင်ယာမီအသင်းနဲ့ ကွင်းပိတ်ကစားဖို့ရှိနေပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှား၊ ပနားမား၊ ဂါနာအသင်းတို့နဲ့ အုပ်စု L မှာ ကျရောက်နေတဲ့ အင်္ဂလန်အသင်းဟာ အုပ်စုအဖွင့်ပွဲအဖြစ် ဇွန်လ ၁၇ ရက်မှာ ခရိုအေးရှားအသင်းနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 174
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၈
ဒိန်းမတ်နဲ့ ယူကရိန်းအသင်း ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ကွင်းထဲလဲကျခဲ့တဲ့ ကွင်းလယ်လူ အဲရစ်ဆန် သတိပြန်ရပြီလို့ ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုပြောခဲ့ပါတယ်။
အသက် ၃၄ နှစ်အရွယ်ရှိ အဲရစ်ဆန်ဟာ ဒီပွဲရဲ့ပွဲချိန် ၆၅ မိနစ်မှာ ရင်ဘတ်ကို ကိုင်ပြီး ကွင်းထဲ လဲကျသွားခဲ့တာ ကြောင့် ကွင်းလယ်ဒိုင်လူကြီးက ပွဲကိုဆက်မကစားဘဲ ဖျက်သိမ်းခဲ့ပါတယ်။
ဒိန်းမတ်နဲ့ယူကရိန်းအသင်း ကစားသမားတွေဟာ အဲရစ်ဆန် ကုသမှု ခံယူနေချိန်အတွင်းမှာ သူ့ကို ဝိုင်းရံထားခဲ့ ကြတာပါ။
အဲရစ်ဆန်ဟာ ၂၀၂၁ ခုနှစ်က ဖင်လန်အသင်းနဲ့ ယူရို ၂၀၂၀ အုပ်စုပွဲစဉ်အတွင်းမှာ နှလုံးရပ်ပြီး ကွင်းထဲလဲကျခဲ့တာ ကြောင့် နှလုံးခုန်နှုန်းကို ထိန်းတဲ့ ကိရိယာတစ်ခုဖြစ်တဲ့ ICD တပ်ဆင်ခဲ့ပြီး ပွဲတွေကို ပြန်ပြီးကစားနေတာ ဖြစ်ပါ တယ်။
နောက်ထပ် တစ်ကြိမ် ကွင်းထဲလဲကျခဲ့တဲ့ အခြေအနေဟာ အဲရစ်ဆန်အတွက် စိုးရိမ်စရာ ဖြစ်ခဲ့ပေမယ့် ဒိန်းမတ် အသင်း ဆရာဝန်က သူဟာ လျင်မြန်စွာ သတိပြန်ရပြီး ကွင်းထဲကနေ သူ့ဘာသာ လမ်းလျှောက်ထွက်ခွာ နိုင်ခဲ့တယ်လို့ ပြောခဲ့တာပါ။

ကွင်းထဲ လဲကျသွားတဲ့ အဲရစ်ဆန်ကို သယ်ထုတ်နေကြစဉ်
ဒါ့အပြင် ဒိန်းမတ်အသင်း ဆရာဝန်က အဲရစ်ဆန် ဘာကြောင့် ဒီလိုမျိုး ဖြစ်ရပ်ဖြစ်ခဲ့တယ်ဆိုတာကို သိရှိနိုင်ဖို့ ဆေးရုံမှာ နောက်ထပ် စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ပြောခဲ့ပါတယ်။
အဲရစ်ဆန်ရဲ့ အသင်းဖြစ်တဲ့ ဝုဖ်ဘတ်အသင်းက သူတို့ဟာ ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်နဲ့ နီးကပ်စွာ ဆက်သွယ် နေပြီး အမြန်ဆုံး ပြန်ကောင်းလာပါစေလို့ သူတို့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။
အဲရစ်ဆန်ရဲ့ အသင်းဟောင်းတွေဖြစ်တဲ့ စပါးနဲ့ ယူနိုက်တက် အသင်းတို့ကလည်း သူတို့ရဲ့ ကစားသမားဟောင်း အတွက် အားပေးတဲ့ မက်ဆေ့ချ်တွေ ပေးပို့ခဲ့ကြတာပါ။
၂၀၁၀ ခုနှစ်မှာ ဒိန်းမတ်အသင်းအတွက် ပွဲဦးထွက်ခဲ့တဲ့ အဲရစ်ဆန်ဟာ ပွဲပေါင်း ၁၅၁ ပွဲ ကစားထားပြီး ၄၆ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 197
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၅
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဟာ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ်ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အားကစားကွင်းအတွင်း ဗူဗူဇီလာအော်ဟစ်သံတွေကို ယူဆောင်ခြင်းမပြုဖို့ ပိတ်ပင် ခဲ့ပါတယ်။
ဗူဗူဇီလာဟာ ၂၀၁၀ ခုနှစ်က တောင်အာဖရိကနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နာမည်ကျော်ခဲ့တာပါ။ ဒါပေမယ့် ဒီအသံတွေကြောင့် ဝေဖန်မှုတွေရှိနေပြီး ပျားအုပ်တွေနဲ့ မကြာခဏနှိုင်းယှဉ်လေ့ရှိတာပါ။
ဖီဖာရဲ့အားကစားကွင်းကျင့်ဝတ်စည်းမျဉ်းတွေအရ ဗူဗူဇီလာနဲ့အတူ အလွန်ဆူညံသံတွေထွက်ပေါ်စေတဲ့ ကိရိယာတွေကို ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမယ့် ၁၆ ကွင်းအတွင်း ယူဆောင်ခွင့်ပိတ်ပင်ထားပါတယ်။
လေဆာရောင်ခြည်တွေ၊ လေဆာညွှန်ပြတဲ့ ကိရိယာတွေနဲ့အတူ အလားတူတဲ့ အရာတွေကိုလည်း ဖီဖာက ပိတ်ပင်ထားတာပါ။

ဗူဗူဇီလာ ရောင်းချသူတစ်ဦး
ခန္ဓာကိုယ်ဆေးခြယ်မှုနဲ့ အဝတ်အစားတွေကို ချွတ်ခြင်းကိုလည်း တားမြစ်ထားကြောင်း သတင်းမှာ ဖော်ပြ ထားပါတယ်။
ဒါ့အပြင် ဖီဖာဟာ လုံခြုံရေးစိုးရိမ်မှုတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ပြန်လည်အသုံးပြုနိုင်တဲ့ ရေဘူးတွေ ကွင်းထဲယူဆောင်ခွင့်ပြုမှာမဟုတ်ပါဘူး။
စည်းမျဉ်းတွေကို ချိုးဖောက်တဲ့ပရိသတ်တွေအနေနဲ့ ကွင်းအတွင်းဝင်ရောက်ခွင့်ငြင်းပယ်ခံရတာ ဒါမှမဟုတ် အားကစားကွင်းကနေ ဖယ်ရှားတာ ပြုလုပ်နိုင်ကြောင်း သိရပါတယ်။
အသင်းအရေအတွက် တိုးချဲ့ပြီး ၄၈ သင်းနဲ့ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်လ ၁၁ ရက်ကနေ ဇူလိုင်လ ၁၉ ရက်အထိ ကျင်းပသွားမှာပါ။
အဖွင့်ပွဲအဖြစ် ဇွန်လ ၁၁ ရက်မှာ ပူးတွဲအိမ်ရှင်မက္ကဆီကိုနဲ့ တောင်အာဖရိကအသင်း ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 188
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၅
အင်္ဂလန်တိုက်စစ်မှူးဒီလပ်ဟာ ချယ်လ်ဆီးအသင်းကစားသမားဘ၀ ပွဲဦးထွက်ရာသီမှာ စိတ်ပျက်စရာ ကြုံတွေ့ခဲ့ရပြီးနောက် သူ့အပေါ်ဝေဖန်နေတဲ့သူတွေကို တိတ်ဆိတ်သွားအောင် ပြုလုပ်ချင်တာကြောင့် အသင်းမှာ အနည်းဆုံးနောက်ထပ်တစ်ရာသီဆက်ရှိဖို့ ဆုံးဖြတ်ထားပါတယ်။
ဒီလပ်ဟာ ချယ်လ်ဆီးအသင်းကို မြင့်မားတဲ့မျှော်လင့်ချက်နဲ့ရောက်လာခဲ့ပေမယ့် ပုံမှန်ခြေစွမ်း ပြသနိုင်ခြင်းမရှိသလို ဒဏ်ရာတွေနဲ့ရုန်းကန်ခဲ့ရတာပါ။
၂၀၂၅ ခုနှစ်နွေရာသီမှာ အစ်စဝှစ်ချ်အသင်းကနေ ပေါင်သန်း ၃၀ နဲ့ရောက်ရှိလာခဲ့တဲ့ ဒီလပ်ဟာ ချယ်လ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁ ဂိုးသွင်းယူနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၄၁ ပွဲမှာ ၂ ဂိုးသာသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီလပ်ဟာ ဂျာအိုပက်ဒရိုရဲ့အနောက်မှာ ဒုတိယဦးစားပေးတိုက်စစ်မှူးအဖြစ်သာ ရှိခဲ့ပြီး လာမယ့်ရာသီမှာ ရောက်ရှိလာမယ့် တိုက်စစ်မှူးသစ်တွေကြောင့် သူ့ရဲ့ချယ်လ်ဆီးအသင်းအနာဂတ်ဟာ မရေမရာဖြစ်နေခဲ့တာပါ။
ဒါပေမယ့် ဒီလပ်ကတော့ ဇူလိုင်လ ၁ ရက်မှာ ချယ်လ်ဆီးအသင်းကို တရားဝင်ကိုင်တွယ်မယ့် နည်းပြဇာဘီအလွန်ဆိုလက်အောက်မှာ အလုပ်လုပ်ဖို့ စိတ်အားထက်သန်နေပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဒီလပ်
ဒီလပ်က အသင်းမှာ ဆက်နေချင်နေပေမယ့် ချယ်လ်ဆီးအသင်းဟာ လာမယ့်ရာသီဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ရမှာမဟုတ်တဲ့အတွက် အသင်းလူစာရင်းကို လျှော့ချရမှာပါ။
အဲဒါကြောင့် ချယ်လ်ဆီးအသင်းဟာ ဒီလပ်ကို ရောင်းချနိုင်ပြီး သူ့ကိုခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ အသင်းတွေထဲမှာ နယူးကာဆယ်အသင်း ပါဝင်နေတာ ဖြစ်ပါတယ်။
ဒီလပ်ရဲ့ချယ်လ်ဆီးအသင်းအနာဂတ်ဟာ နည်းပြဇာဘီအလွန်ဆိုအပေါ်မှာ မူတည်နေပြီး ဒီလပ်အနေနဲ့ သူ့ရဲ့ကစားကွက်ပုံစံမှာ နေရာတစ်နေရာရဖို့လုံလောက်မှုရှိ၊မရှိ အကဲဖြတ်သွားမှာပါ။
ဒီလပ်ဟာ ချယ်လ်ဆီးအသင်းမှာ နည်းပြဇာဘီအလွန်ဆိုရဲ့ယုံကြည်မှုကို ရရှိစေဖို့ ရာသီကြိုခြေစမ်းပွဲတွေမှာ သွင်းဂိုးတွေသွင်းယူပြီး သက်သေပြသရမှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 209
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၅
ဆွစ်ဇာလန်အသင်းတိုက်စစ်မှူး အမ်ဘိုလိုဟာ အမေရိကန်နိုင်ငံထံ ခရီးသွားဖို့ ဗီဇာခွင့်ပြုချက်ရရှိပြီဖြစ်တဲ့အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေပြုလုပ်နေတဲ့ အသင်းဖော်တွေနဲ့ ပူးပေါင်းနိုင်တော့မှာ ဖြစ်ပါတယ်။
အမ်ဘိုလိုဟာ အင်္ဂါနေ့က ဆွစ်ဇာလန်အသင်းနဲ့အတူ ဇူးရစ်ကနေ လော့စ်အိန်ဂျလိစ်ထံ သွားရောက်မယ့် လေယာဉ်ပေါ်တက်ခွင့်ကို အမေရိကန်အာဏာပိုင်တွေက ပိတ်ပင်ခဲ့တာကြောင့် အသင်းနဲ့အတူ လိုက်ပါခွင့် မရခဲ့တာပါ။
အမ်ဘိုလိုဟာ ၂၀၁၈ ခုနှစ်က ဘေဆယ်လ်မှာဖြစ်ခဲ့တဲ့ ရန်ပွဲမှာ ပါဝင်ပတ်သက်ခဲ့တာကြောင့် သူ့ရဲ့ဗီဇာအပေါ် ပြန်လည်သုံးသပ်မှုတွေရှိခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် အမ်ဘိုလိုဟာ ၂၀၂၃ ခုနှစ်တုန်းကလည်း ခြိမ်းခြောက်မှုအများအပြားပြုလုပ်ခဲ့တဲ့အတွက် ဆိုင်းငံ့ ဒဏ်ကြေးငွေတွေ ချမှတ်ခြင်းခံခဲ့ရသေးတာပါ။
အမ်ဘိုလိုဟာ ဗုဒ္ဓဟူးနေ့က ဘန်းရှိ အမေရိကန်သံရုံးထံ သွားရောက်ခဲ့ပြီးနောက် ဗီဇာခွင့်ပြုချက်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဆွစ်ဇာလန်အသင်းတိုက်စစ်မှူး အမ်ဘိုလိုကို တွေ့ရစဉ်
ဆွစ်ဇာလန်ဘောလုံးအဖွဲ့ချုပ်က အမ်ဘိုလိုရဲ့ဗီဇာခွင့်ပြုချက်ရရှိပြီဖြစ်တာကြောင့် သူဟာ အမေရိကန်နိုင်ငံထံ ခရီးထွက်နိုင်တော့မှာဖြစ်ပြီး သောကြာနေ့ညနေပိုင်းမှာ အသင်းနဲ့ပူးပေါင်းနိုင်ဖို့ မျှော်လင့်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဆွစ်ဇာလန်အသင်းရဲ့ဦးစားပေးတိုက်စစ်မှူးဖြစ်တဲ့ အမ်ဘိုလိုဟာ ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ပါဝင်ကစားခဲ့ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူ့ရဲ့တတိယအကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်ခဲ့တာပါ။
အသက် ၂၉ နှစ်အရွယ်ရှိ အမ်ဘိုလိုဟာ ဆွစ်ဇာလန်အသင်းအတွက် ၈၅ ပွဲကစားထားပြီး ၂၃ ဂိုးသွင်းယူထား ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဆန်ဒီယေဂိုမှာ အခြေစိုက်တဲ့ ဆွစ်ဇာလန်အသင်းဟာ အုပ်စုအဖွင့်ပွဲအဖြစ် ဇွန်လ ၁၃ ရက်မှာ ကာတာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒုတိယပွဲအဖြစ် ဘော့စနီးယား၊ အုပ်စုနောက်ဆုံးပွဲအဖြစ် ပူးတွဲအိမ်ရှင် ကနေဒါအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 188
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၅
လီဗာပူးလ်အသင်းဟာ ထုတ်ပယ်ခဲ့တဲ့ ဒတ်ချ်လူမျိုးနည်းပြအာနီဆလော့ရဲ့နေရာမှာ စပိန်လူမျိုးနည်းပြ အီရာအိုလာကို နည်းပြသစ်အဖြစ်ခန့်အပ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။
အီရာအိုလာဟာ ဘုန်းမောက်အသင်းကို ၃ နှစ်ကြာကိုင်တွယ်ခဲ့ပြီး မနှစ်ကရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၆ နေရာရပ်တည်ကာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဥရောပဝင်ခွင့်ရအောင် ဦးဆောင် ပေးနိုင်ခဲ့တာပါ။
ရာသီကုန်ရင် ဘုန်းမောက်အသင်းကနေ ထွက်ခွာမယ်လို့ ကြေညာခဲ့တဲ့ အီရာအိုလာကို လီဗာပူးလ်အသင်းက နည်းပြသစ်အဖြစ် ၂ နှစ်စာချုပ်ချုပ်ကာ ခန့်အပ်ခဲ့ပါတယ်။
အီရာအိုလာက “အလွန်စိတ်လှုပ်ရှားနေပါတယ်။ ဘာလို့လဲဆိုရင် လီဗာပူးလ်အသင်းက ကမ္ဘာပေါ်မှာ အကြီးမားဆုံးအသင်းတွေထဲက တစ်သင်းဖြစ်လို့ပါ။ လီဗာပူးလ်ဆီကနေ ဆွဲဆောင်ဖို့အရာတွေ အများကြီးမလိုအပ်ပါဘူး။ လီဗာပူးလ်က လီဗာပူးလ်ပါပဲ။ လီဗာပူးလ်အသင်း မျှော်လင့်ထားတဲ့ အရာတွေကို နားလည်ပြီး စိန်ခေါ်မှုအတွက် ကျနော်အသင့်ဖြစ်နေပါပြီ” လို့ ကလပ်ဝက်ဘ်ဆိုက်ကို ပြောခဲ့ပါတယ်။

လီဗာပူးလ်အသင်းနှင့် နည်းပြသစ် အီရာအိုလာကို တွေ့ရစဉ်
ဒတ်ချ်လူမျိုးနည်းပြအာနီဆလော့ဟာ လီဗာပူးလ်အသင်းနည်းပြဘ၀ ပထမဆုံးရာသီမှာ အသင်းကို ပရီးမီးယားလိဂ်ဖလားရယူပေးနိုင်ခဲ့ပေမယ့် ပေါင်သန်း ၄၅၀ အထိစံချိန်တင်သုံးစွဲခဲ့တဲ့ မနှစ်ကရာသီမှာ အောင်မြင်မှုရအောင် လုပ်ပေးနိုင်ခဲ့ခြင်းမရှိတာပါ။
လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၅ နေရာရပ်တည်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ပေမယ့် ရလဒ်တွေဆိုးပြီး ဆုဖလားလက်မဲ့နဲ့ ရာသီအဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ရာသီကုန်ချိန်မှာ သုံးသပ်မှုတွေပြုလုပ်ပြီးနောက် နည်းပြအာနီဆလော့ကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
လီဗာပူးလ်အသင်းနည်းပြသစ်ဖြစ်လာတဲ့ အီရာအိုလာဟာ သူ့ရဲ့နည်းပြဘဝကို ဆိုက်ပရပ်စ်ကလပ် AEK လာနာကာအသင်းနှာ စတင်ခဲ့ပြီး စပိန်ကလပ်မီရန်ဒက်စ်နဲ့ ဗယ်လက်ကာနိုအသင်းတို့ကိုလည်း ကိုင်တွယ်ခဲ့ပါတယ်။
- By CNI
- Category: အားကစား
- Hits: 184
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၄
ဂျူဗင်တပ်စ်အသင်းနဲ့ ကာလရှည်ကြာစွာ စာချုပ်ဆွေးနွေးမှုတွေပြုလုပ်ခဲ့တဲ့ တိုက်စစ်မှူးဗလာဟိုဗစ်ဟာ အသင်းကနေ အလွတ်နဲ့ ထွက်ခွာမယ်လို့ အီတလီမီဒီယာတွေက ဖော်ပြထားပါတယ်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှာ ဖီအိုရင်တီးနားအသင်းကနေ ဂျူဗင်တပ်စ်အသင်းထံ ၄ နှစ်ခွဲစာချုပ်နဲ့ ရောက်လာခဲ့တဲ့ ဗလာဟိုဗစ်ရဲ့စာချုပ်ဟာ ဇွန်လ ၃၀ ရက်ဆိုရင် ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုမရရှိခဲ့တာပါ။
နောက်ဆုံးအကြိမ်ဆွေးနွေးမှုမှာ ဗလာဟိုဗစ်ရဲ့တောင်းဆိုမှုနဲ့ ဂျုဗင်တပ်စ်အသင်းဘုတ်အဖွဲ့က ကမ်းလှမ်းမှု တွေဟာ ဟွာဟမှုတွေရှိခဲ့တာ ဖြစ်ပါတယ်။
La Gazzetta dello Sport က ဗလာဟိုဗစ်ဟာ စာချုပ်သစ်အတွက် တစ်နှစ်ကို လုပ်ခလစာယူရို ၈ သန်းအပြင် များပြားတဲ့ လက်မှတ်ထိုးအပိုဆုကြေးနဲ့ အေးဂျင့်ကော်မရှင်တွေကို တောင်းဆိုခဲ့တယ်လို့ ဖော်ပြထားတာပါ။

တိုက်စစ်မှူးဗလာဟိုဗစ်
ဂျူဗင်တပ်စ်အသင်းကတော့ ယူရို ၆ သန်းအပြင် စွမ်းဆောင်ရည်နဲ့ဆက်စပ်တဲ့ အပိုဆုကြေးတွေပေးဖို့ ဆန္ဒရှိပေမယ့် အပိုကုန်ကျမယ့်တောင်းဆိုမှုတွေကို လိုက်လျောပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။
အဲဒါကြောင့် ဆွေးနွေးမှုတွေဟာ ရပ်ဆိုင်းခဲ့ပြီး ဗလာဟိုဗစ် ဂျုဗင်တပ်စ်အသင်းကနေ ထွက်ခွာဖို့ဖြစ်လာခဲ့တာပါ။
ချယ်လ်ဆီး၊ နယူးကာဆယ်၊ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ဟာ ဗလာဟိုဗစ်ရဲ့အေးဂျင့်ထံ ဆက်သွယ် ခဲ့တယ်လို့ သတင်းတွေထွက်နေပေမယ့် ဗလာဟိုဗစ်အနေနဲ့ ဘယ်အသင်းထံ ပြောင်းရွှေ့မလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးတာ ဖြစ်ပါတယ်။
ဗလာဟိုဗစ် အသင်းကနေ ထွက်ခွာမှာက ဂျူဗင်တပ်စ်အသင်းနည်းပြ စပယ်လက်တီအတွက် ကြီးမားတဲ့ထိုးနှက်ချက် ဖြစ်ခဲ့တာပါ။
ဗလာဟိုဗစ်ဟာ ဂျူဗင်တပ်စ်အသင်းအတွက် ၁၆၈ ပွဲကစားပြီး ၆၈ ဂိုးသွင်းယူကာ ကိုပါအီတာလီယာဖလား ၁ ကြိမ်ရရှိခဲ့ပါတယ်။
- By CNI
- Category: အားကစား
- Hits: 203
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၄
ချယ်လ်ဆီးအသင်းဟာ မန်စီးတီးနဲ့ ဘာစီလိုနာအသင်းအပါအဝင် အသင်းတချို့ရဲ့ချိတ်ဆက်မှုတွေခံနေရတဲ့ စပိန်နောက်ခံလူ ကူကူရယ်လာအတွက် ပြောင်းရွှေ့ကြေးသတ်မှတ်ခဲ့တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
၂၀၂၂ ခုနှစ်က ဘရိုက်တန်အသင်းကနေ ရောက်လာခဲ့တဲ့ ကူကူရယ်လာဟာ ချယ်လ်ဆီးအသင်းကစားသမားဘ၀ အစပိုင်းမှာ ဝေဖန်မှုအများအပြားခံခဲ့ရပေမယ့် အခုအချိန်မှာတော့ အသင်းရဲ့အဓိက ကစားသမားဖြစ်လာခဲ့တာပါ။
ဒါ့အပြင် ကူကူရယ်လာဟာ ကမ္ဘာ့အကောင်းဆုံးဘယ်နောက်ခံလူတွေထဲက တစ်ဦးအဖြစ်သတ်မှတ်ခံရတဲ့အထိ အကောင်းဆုံးခြေစွမ်းတွေကို ပြသထားတာ ဖြစ်ပါတယ်။
ကူကူရယ်လာဟာ ပြီးခဲ့တဲ့ ၂ ရာသီစလုံးမှာ ချယ်လ်ဆီးအသင်းအတွက် ပွဲပေါင်း ၅၀ ကျော်စီကစားခဲ့ပြီး ကွန်းဖရန့်လိဂ်နဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားရရှိအောင် ကူညီပေးနိုင်ခဲ့တာပါ။
ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ လာမယ့်ရာသီ ဥရောပဝင်ခွင့်မရတာကြောင့် ကူကူရယ်လာရဲ့အနာဂတ်ဟာ မရေမရာဖြစ်လာခဲ့ပါတယ်။

စပိန်နောက်ခံလူ ကူကူရယ်လာကို တွေ့ရစဉ်
ဒီအချိန်မှာ ချယ်လ်ဆီးအသင်းနည်းပြဟောင်းမာရက်စ်ကာဟာ မန်စီးတီးအသင်းကို ကိုင်တွယ်ခွင့်ရရင် ကူကူရယ်လာနဲ့ ပြန်ပြီးလက်တွဲဖို့ စိတ်ဝင်စားနေပြီး စပိန်ထိပ်သီးတွေဖြစ်တဲ့ ဘာစီလိုနာနဲ့ အက်သလက်တီကိုအသင်းတို့ကလည်း သူ့ကိုခေါ်ယူဖို့ ချိတ်ဆက်နေတာပါ။
ချယ်လ်ဆီးအသင်းကတော့ ကူကူရယ်လာအတွက် သူတို့သတ်မှတ်ထားတဲ့ ယူရိုသန်း ၇၀ ပေးမယ်ဆိုရင် နွေရာသီမှာရောင်းချဖို့ အဆင်သင့်ဖြစ်နေပါတယ်။
ကူကူရယ်လာနဲ့ ချယ်လ်ဆီးအသင်းရဲ့စာချုပ်ဟာ နောက်ထပ် ၃ နှစ်ကျန်ရှိသေးတာပါ။
နွေရာသီအပြောင်းအရွှေ့မှာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်ခံနေရတာဟာ ကူကူရယ်လာတစ်ဦးတည်းသာ မဟုတ်ဘဲ ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ကို ရီးရယ်လ်အသင်းက စိတ်ဝင်စားနေပါတယ်။
ဒါပေမယ့် ချယ်လ်ဆီးအသင်းနည်းပြသစ် ဇာဘီအလွန်ဆိုဟာ သူတို့နှစ်ဦးကို အသင်းမှာ ဆက်ထိန်းဖို့ရှိ၊မရှိ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 293
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၄
မန်စီးတီးအသင်းဟာ အင်္ဂလန်ကွင်းလယ်လူအဲလီးယော့အန်ဒါဆန်အတွက် အဖွင့်ကမ်းလှမ်းမှုပြုလုပ်ခဲ့တာကို နော်တင်ဟမ်ဖောရက်စ်အသင်းက ပယ်ချခဲ့တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
အဲလီးယော့အန်ဒါဆန်ကို ခေါ်ယူဖို့ ယူနိုက်တက်အသင်းကလည်း စိတ်ဝင်စားနေပေမယ့် သူကတော့ မန်စီးတီး အသင်းထံ ပြောင်းရွှေ့ချင်နေတာပါ။
အဲဒါကြောင့် မန်စီးတီးအသင်းဟာ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ဆွေးနွေးမှုတွေကို ဆက်ပြီးလုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။
နော်တင်ဟမ်ဖောရက်စ်အသင်းပိုင်ရှင် မာရီနာကစ်က အသင်းရဲ့အကောင်းဆုံးကစားသမားတွေကို ထွက်ခွာခွင့်ပြုဖို့ ဆန္ဒမရှိဖြစ်နေပေမယ့် ပေါင်သန်း ၁၀၀ ကျော်ပေးရင်တော့ အဲလီးယော့အန်ဒါဆန်ကို ရောင်းချနိုင်တာပါ။
အင်္ဂလန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လေ့ကျင့်မှုတွေပြုလုပ်နေတဲ့ အန်ဒါဆန်ရဲ့စာချုပ်ဟာ ၃ နှစ်ကျန်ရှိသေးတာ ဖြစ်ပါတယ်။

အဲလီးယော့အန်ဒါဆန်ကိုတွေ့ရစဉ်
၂၀၂၄ ခုနှစ်မှာ နယူးကာဆယ်အသင်းကနေ ပေါင် ၃၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အဲလီးယော့အန်ဒါဆန်ဟာ နော်တင်ဟမ်ဖောရက်စ်အသင်းအတွက် ဒီရာသီမှာ ပြိုင်ပွဲစုံပွဲပေါင်း ၅၀ ပါဝင်ကစားခဲ့တာအပါအဝင် ၉၂ ပွဲကစားထားပြီး ၆ ဂိုးသွင်းယူထားတာပါ။
မန်စီးတီးအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ အန်ဒါဆန်ရဲ့အပြောင်းအရွှေ့ကို သဘောတူညီမှုရချင်နေတာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ကွင်းလယ်လူဘာနာဒိုဆေးလ်ဗားနဲ့ နောက်ခံလူဂျွန်စတုန်းစ်တို့ကို ထွက်ခွာခွင့်ပြုပြီးနောက် ကစားသမားသစ်တွေအားဖြည့်ဖို့ရှိနေသလို ကစားသမားတချို့ကိုလည်း ရောင်းချသွားဖို့စီစဉ်နေတာပါ။
တောင်ပံကစားသမားဆာဗင်ဟိုဟာ စပါးအသင်းနဲ့ဆွေးနွေးမှုတွေရှိနေသလို ကွင်းလယ်လူ နီကိုဂွန်ဇာလက် အတွက်လည်း သင့်တော်တဲ့ ကမ်းလှမ်းမှုရောက်လာရင် ရောင်းချနိုင်တာ ဖြစ်ပါတယ်။
