- By CNI
- Category: အားကစား
- Hits: 109
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂
အင်္ဂလန်အသင်း ခေါင်းဆောင်ဟောင်း ဝိန်းရွန်နီက DR ကွန်ဂိုအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလား ၃၂ သင်း အဆင့်ပွဲမှာ အင်္ဂလန်အသင်းအတွက် ၂ ဂိုးစလုံး သွင်းယူခဲ့တဲ့ တိုက်စစ်မှူး ဟာရီကိန်းကို ချီးကျူးခဲ့ပေမယ့် အသင်းမှာ စိုးရိမ်စရာတွေ ရှိနေဆဲလို့ ပြောခဲ့ပါတယ်။
ဝိန်းရွန်နီက “သူ့ရဲ့ခေါင်းတိုက်ဂိုးက အလွန်ကောင်းမွန်သလို ဒုတိယဂိုးကတော့ အံ့မခန်းပါပဲ။ ကမ္ဘာ့အကောင်းဆုံး ကစားသမားအားလုံးဟာ ဒီကမ္ဘာ့ဖလားမှာ စွမ်းဆောင်ရည်တွေ ပြသနေပြီး ဟာရီကိန်းက အင်္ဂလန်ရဲ့ စူပါစတား ဖြစ်သလို ကျနော်တို့အတွက် သူရဲကောင်းပါ။ သူက တကယ့်ကို ထိပ်တန်းကစားသမား တစ်ဦးပါ”လို့ BBC ကို ပြောခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ ဒီပွဲရဲ့ ပွဲချိန်အစောပိုင်းမှာ DR ကွန်ဂိုအသင်းကို ဦးဆောင်ဂိုး ခွင့်ပြုခဲ့ရပြီး သွင်းဂိုးပြန်လည် ရယူနိုင်ဖို့ ရုန်းကန်ခဲ့ရကာ ပွဲချိန် ၇၅ မိနစ်အရောက်မှ ချေပဂိုးရခဲ့တာပါ။
ဒီဂိုးကို ဟာရီကိန်းက ခေါင်းတိုက်သွင်းယူခဲ့ပြီး ပွဲချိန် ၈၆ မှာ သူကပဲ လှပတဲ့ ကန်ချက်နဲ့ အင်္ဂလန်အသင်းအတွက် အနိုင်ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဟာရီကိန်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၅ ဂိုး သွင်းယူထားပြီး နော်ဝေအသင်း တိုက်စစ်မှူးဟာလန်းနဲ့ သွင်းဂိုး ချင်း တူညီနေတာပါ။

ဝိန်းရွန်နီကို တွေ့ရစဉ်
သူတို့ရဲ့အထက်မှာ အာဂျင်တီးနားအသင်း ခေါင်းဆောင် မက်ဆီနဲ့ ပြင်သစ်အသင်း ခေါင်းဆောင် ဘတ်ပီတို့က ၆ ဂိုးစီ သွင်းယူထားပြီး ရပ်တည်နေပါတယ်။
ဝိန်းရွန်နီက အင်္ဂလန်အသင်း နောက်တစ်ဆင့်တက်တာကို သူတို့အားလုံး ဝမ်းသာကြပေမယ့် အသင်းဟာ ဘောလုံးကို ဆုံးရှုံးတဲ့အချိန်မှာ ဟာကွက်တွေ အများကြီး ဖြစ်သွားတယ်လို့ ပြောခဲ့တာပါ။
အဲ့ဒါကြောင့် အင်္ဂလန်အသင်းအနေနဲ့ ဒါကို မပြင်ဆင်နိုင်ရင် ပိုကောင်းတဲ့ အသင်းတွေနဲ့ တွေ့တဲ့အချိန်မှာ ဒုက္ခ ရောက်သွားနိုင်တဲ့အတွက် စိုးရိမ်စရာဖြစ်တယ်လို့ ဝိန်းရွန်နီက ပြောခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ ၁၆ သင်းအဆင့်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပူးတွဲအိမ်ရှင် တစ်သင်းဖြစ်တဲ့ မက္ကဆီကိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 129
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁
ကိုဗင်ထရီအသင်းဟာ နည်းပြ ဖရန့်လမ်းပတ်ကို အသင်းမှာ ၂၀၂၉ ခုနှစ်အထိရှိမယ့် စာချုပ်သစ် ချုပ်ခဲ့ပါတယ်။
အသက် ၄၉ နှစ်အရွယ်ရှိ နည်းပြဟာ ကိုဗင်ထရီအသင်းကို ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံရှစ်ဖလား ရယူပေးပြီး ပရီးမီးယားလိဂ်ထံ တန်းတက်အောင် ကိုင်တွယ်ပေးနိုင်ခဲ့တာပါ။
ဖူလ်ဟမ်အသင်း အပါအဝင် အသင်းတချို့ရဲ့ စိတ်ဝင်စားမှု ခံနေရတဲ့ ဖရန့်လမ်းပတ်နဲ့ ကိုဗင်ထရီအသင်း အရင် ချုပ်ဆိုထားတဲ့ စာချုပ်ဟာ လာမယ့်ရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်ပါတယ်။
အခုအချိန်မှာတော့ ဖရန့်လမ်းပတ်ဟာ ကိုဗင်ထရီအသင်းမှာ ဆက်ရှိမယ့် စာချုပ်သစ် ချုပ်ဆိုခဲ့တာပါ။
ဖရန့်လမ်းပတ်ဟာ ကိုဗင်ထရီအသင်းကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှာ စတင်ကိုင်တွယ်ခဲ့ပြီး သူကိုင်တွယ်ချိန်မှာ ကိုဗင်ထရီအသင်းဟာ တန်းဆင်းဇုန်နဲ့ ၂ မှတ်အကွာ အဆင့် ၁၇ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ဖရန့်လမ်းပတ်ကို တွေ့ရစဉ်
ဖရန့်လမ်းပတ်ဟာ အဆိုပါရာသီရဲ့ လိဂ်လက်ကျန် ၂၉ ပွဲမှာ ၁၆ ပွဲ အနိုင်ရရှိအောင် ကိုင်တွယ်ပေးပြီး ကိုဗင်ထရီ အသင်းကို ပလေးအော့ဖ် ယှဉ်ပြိုင်ခွင့် ရရှိအောင် ဦးဆောင်နိုင်ခဲ့တာပါ။
ဒါပေမယ့် ကိုဗင်ထရီအသင်းဟာ ဆန်းဒါးလန်းအသင်းကို အရေးနိမ့်ပြီး ချန်ပီယံရှစ်မှာ ဆက်ရှိခဲ့ပါတယ်။
ဖရန့်လမ်းပတ်ဟာ မနှစ်က ရာသီမှာတော့ ကိုဗင်ထရီအသင်းကို ပရီးမီးယားလိဂ်ထံ တန်းတက်အောင် ကိုင်တွယ်ပေးနိုင်ခဲ့ပါတယ်။
ကိုဗင်ထရီအသင်းဟာ ရာသီသစ် ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ လက်ရှိချန်ပီယံ အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 148
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁
ကိပ်ဗာဒီသမ္မတဂျို့စ်မာရီယာနာဗက်စ်က သူ့ရဲ့နိုင်ငံဟာ ကမ္ဘာ့ဖလား ၃၂ သင်းအဆင့်ပွဲမှာ အာဂျင်တီးနား အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိနိုင်တယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။
“ကိပ်ဗာဒီအသင်းဟာ အာဂျင်တီးနားအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ယူနိုင်မယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်တို့ဟာ အနိုင်ရဖို့ကစားနေတာဖြစ်ပြီး ကိပ်ဗာဒီလို နိုင်ငံငယ်လေးတစ်ခုက လူတွေကို အံ့အား သင့်အောင်လုပ်ဖို့ အမြဲတမ်းကြိုးစားသင့်ပါတယ်။ အာဂျင်တီးနားကို အနိုင်ရဖို့ ကျနော်တို့မှာ ၁၀၀ ရာခိုင်နှုန်းအခွင့်အရေးရှိတယ်” လို့ ကိပ်ဗာဒီသမ္မတက BBC နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

မက်ဆီနှင့်အတူ အာဂျင်တီးနားကစားသမားမျာ
ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိပ်ဗာဒီအသင်းဟာ ဘယ်သူမှ ထင်မှတ်ထားခြင်း မရှိတဲ့ ၃၂ သင်းအဆင့်ကို တက်နိုင်ခဲ့တာပါ။
ကိပ်ဗာဒီအသင်းဟာ အုပ်စုတွင်းမှာ စပိန်၊ ဥရုဂွေးနဲ့ ဆော်ဒီအသင်းတို့ကို သရေကစားပြီး ရမှတ် ၃ မှတ်နဲ့ အုပ်စုဒုတိယအဖြစ် ရှုံးထွက်အဆင့်ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ကိပ်ဗာဒီအသင်းဟာ သူတို့ရဲ့ကမ္ဘာ့ဖလားသမိုင်းဝင် ရှုံးထွက်ပွဲအဖြစ် လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
အာဂျင်တီးနားအသင်းဟာ အုပ်စုတွင်း ၃ ပွဲစလုံးအနိုင်ရခဲ့ပြီး အသင်းခေါင်းဆောင် မက်ဆီက အသင်းရရှိတဲ့ သွင်းဂိုး ၈ ဂိုးမှာ ၆ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
အာဂျင်တီးနားအသင်းဟာ နောက်တစ်ဆင့်တက်ဖို့ အပြတ်အသတ်ရေပန်းစားနေပေမယ့် ကိပ်ဗာဒီသမ္မတကတော့ သူ့ရဲ့နိုင်ငံဟာ ၁၆ သင်းအဆင့်တက်ပြီး သမိုင်းဝင်မှတ်တမ်းကို ဆက်ပြီးရေးထိုးနိုင်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 133
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁
အိုင်ဗရီကို့စ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလား ၃၂ သင်းအဆင့်ပွဲမှာ နော်ဝေအသင်းအတွက် တိုက်စစ်မှူးဟာလန်းက အနိုင်ဂိုး သွင်းယူပေးခဲ့ပြီးနောက် နည်းပြဆိုလ်ဘာကန်က ဂိုးတွေ သွင်းယူတဲ့နေရာမှာ သူ့ရဲ့ တိုက်စစ်မှူးထက် ပိုကောင်းတဲ့သူ မရှိဘူးလို့ ပြောခဲ့ပါတယ်။
နော်ဝေအသင်းနည်းပြ ဆိုလ်ဘာကန်က “ဟာလန်းဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ဂိုးသွင်းတဲ့သူဖြစ်ပြီး ဒါကို လုံးဝ သံသယဖြစ်စရာ မရှိပါဘူး။ သူဟာ ဒီပွဲမှာ ပါဝင်မှု သိပ်မရှိခဲ့ပေမယ့် အသင်းအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့ ပါတယ်။ နော်ဝေလို နိုင်ငံငယ်လေးအတွက် ကမ္ဘာ့ဖလား ၃ ပွဲမှာ ၅ ဂိုး သွင်းယူနိုင်တယ်ဆိုတာ အံ့အားသင့် စရာ ပါပဲ။ ဒါကြောင့် သူ့ကို အသိအမှတ်ပြုရမှာပါ။ ပြီးတော့ သူ့ကို ဘယ်သူ့နဲ့မှ မလဲလှယ်နိုင်ပါဘူး”လို့ ပွဲအပြီး သတင်းထောက်တွေကို ပြောခဲ့တာပါ။
ဟာလန်းဟာ နော်ဝေအသင်းအတွက် ပြိုင်ပွဲတွေမှာ ၁၃ ပွဲဆက်တိုက် ဂိုးသွင်းယူထားပြီး ဒီပွဲတွေမှာ သူ့ရဲ့ သွင်းဂိုးက ၂၅ ဂိုးအထိ ရှိခဲ့ပါတယ်။

နော်ဝေအသင်း ယှဉ်ပြိုင်နေစဉ်
ဒါ့အပြင် ဟာလန်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၅ ဂိုး သွင်းယူထားပြီး သူ့ရဲ့အထက်မှာ ဂိုးသွင်း အများဆုံး အဖြစ် အာဂျင်တီးနားအသင်း ခေါင်းဆောင် မက်ဆီနဲ့ ပြင်သစ်အသင်း ခေါင်းဆောင် ဘတ်ပီတို့က ၆ ဂိုးစီနဲ့ ရပ်တည်နေတာပါ။
ဟာလန်းကတော့ သူဟာ ဒီပွဲမှာ အလွန်ပင်ပန်းနေတဲ့အတွက် အချိန်ပိုအထိ မသွားချင်တော့တာကြောင့် အနိုင်ဂိုး သွင်းရမယ်ဆိုပြီး တွေးခဲ့တယ်လို့ နော်ဝေရုပ်သံ TV2 နဲ့အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
နော်ဝေအသင်းဟာ ၁၆ သင်းအဆင့်မှာ ဘရာဇီးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
နော်ဝေအသင်းနည်းပြ ဆိုလ်ဘာကန်က ဘရာဇီးလ်အသင်းဟာ ဒီပွဲမှာ ရေပန်းစားတဲ့ အသင်းဖြစ်တယ်ဆိုတာ သိပေမယ့် နောက်မှ ဘရာဇီးလ်အသင်းနဲ့ ပတ်သက်ပြီး ပြောမယ်လို့ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဖြေသွား ခဲ့ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 134
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁
ပြင်သစ်အသင်းက ဆွီဒင်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ၃၂ သင်းအဆင့်ပွဲမှာ ၂ ဂိုးသွင်းခဲ့တဲ့ ဘတ်ပီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက်အဆင့်ပွဲတွေမှာ ဂိုးအများဆုံး သွင်းယူနိုင်တဲ့သူအဖြစ် စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
ဘတ်ပီဟာ ဒီပွဲမတိုင်မီက ဘရာဇီးလ်ဂန္ထဝင်တွေဖြစ်တဲ့ လီအိုနီဒါ့စ်၊ ရော်နယ်လ်ဒိုတို့နဲ့ အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက်အဆင့် ပွဲတွေမှာ ၈ ဂိုးစီ သွင်းယူထားတာပါ။
အခုအချိန်မှာတော့ ဘတ်ပီဟာ ဆွီဒင်အသင်းနဲ့ပွဲက သွင်းဂိုး ၂ ဂိုးကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက်အဆင့် ပွဲတွေမှာ ၁၀ ဂိုး သွင်းယူထားပြီး ဂိုးအများဆုံး သွင်းယူနိုင်တဲ့သူအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် ဘတ်ပီဟာ ကမ္ဘာ့ဖလားသွင်းဂိုး ၁၈ ဂိုးအထိ ရှိလာပြီဖြစ်လို့ ဒီပြိုင်ပွဲမှာ ဂိုးအများဆုံး သွင်းယူထားတဲ့ အာဂျင်တီးနားအသင်း ခေါင်းဆောင် မက်ဆီရဲ့သွင်းဂိုး ၁၉ ဂိုးကို လိုက်မီဖို့ ၁ ဂိုးသာ လိုတော့တာပါ။
ဘတ်ပီဟာ ဒီပွဲမှာ ဂိုးသွင်းယူပြီးနောက် နည်းပြဒက်ချမ့်စ်ဆီ ချက်ချင်းပြေးသွားကာ အောင်ပွဲခံခဲ့ပါတယ်။

ဘတ်ပီနဲ့ ပြင်သစ်အသင်း နည်းပြ ဒက်ချမ့်စ်ကို တွေ့ရစဉ်
ဒက်ချမ့်စ်ဟာ သူ့ရဲ့မိခင် ဈာပနကြောင့် နော်ဝေအသင်းနဲ့ အုပ်စုနောက်ဆုံးပွဲမှာ ပြင်သစ်အသင်းကို ကိုင်တွယ် နိုင်ခဲ့ခြင်း မရှိပေမယ့် ၃၂ သင်းအဆင့် ပွဲမတိုင်မီ ပြန်ရောက်လာပြီး ကိုင်တွယ်ခဲ့တာပါ။
ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းမှာ ၃ ဂိုးနဲ့အထက် ၅ ပွဲဆက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးအသင်း အဖြစ်လည်း မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
ဒီပွဲမှာ ပြင်သစ်အသင်းအတွက် ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ အိုလီဆေးဟာ ဒီပြိုင်ပွဲမှာ ဂိုးဖန်တီးမှု ၅ ကြိမ် အထိ ပြုလုပ်ထားပြီး ဂိုးဖန်တီးမှု အများဆုံး ကစားသမားအဖြစ် ထိပ်ဆုံးနေရာ ရပ်တည်နေတာပါ။
ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ပွဲအဖြစ် ဇူလိုင် ၅ ရက်မှာ ပါရာဂွေးအသင်းနဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 147
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀
ဘုန်းမောက်အသင်းဟာ အင်္ဂလန်ကွင်းလယ်လူ အဲလက်စ်စကော့အတွက် အာဆင်နယ်အသင်းရဲ့ စုံစမ်း မေးမြန်းမှု တွေကို ငြင်းပယ်ခဲ့ပြီး သူ့ကိုနွေရာသီမှာ ရောင်းချသွားမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
နွေရာသီအပြောင်းအရွှေ့မှာ ကွင်းလယ် ကစားသမားသစ်တစ်ဦး အားဖြည့်ချင်နေတဲ့ အာဆင်နယ်အသင်းရဲ့ ပစ်မှတ်တွေထဲမှာ အဲလက်စ်စကော့က တစ်ဦးအနေနဲ့ ပါဝင်နေတာပါ။
အဲလက်စ်စကော့ကို အာဆင်နယ်အသင်းအပြင် ပရီးမီးယားလိဂ် ထိပ်သီးတွေဖြစ်တဲ့ မန်စီးတီး၊ ယူနိုက်တက်၊ ချယ်လ်ဆီးနဲ့ စပါးအသင်းတို့ကလည်း စိတ်ဝင်စားနေပါတယ်။
ဘုန်းမောက်အသင်းကတော့ အဲလက်စ်စကော့ကို အသင်းမှာ ဆက်ထိန်းသိမ်းချင်တဲ့ သူတို့ရဲ့ဆန္ဒကို အသိပေးခဲ့ပြီး ၂ နှစ်ကျန်ရှိနေတဲ့ သူ့ရဲ့ လက်ရှိစာချုပ်ကို စာချုပ်သက်တမ်း တိုးချင်နေပါတယ်။

အဲလက်စ်စကော့ကို တွေ့ရစဉ်
အဲလက်စ်စကော့ကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ ဝန်းကျင်ပေးရင် ဘုန်းမောက်အသင်းက ရောင်းချနိုင်တယ် လို့လည်း သတင်းတွေမှာ ဖော်ပြထားတာပါ။
အဲလက်စ်စကော့ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ အင်္ဂလန်အသင်းရဲ့ လူစာရင်းထဲ ပထမဆုံးအကြိမ် ခေါ်ယူခြင်း ခံခဲ့ရသလို ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ စခန်းသွင်း လေ့ကျင့်မှု အစီအစဉ်မှာလည်း ပါဝင်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ကွင်းလယ်အတွက် နယူးကာဆယ်အသင်းခေါင်းဆောင် ဘရူနိုဂွီမာရေ့စ်ကိုလည်း ပစ်မှတ်ထားနေပြီး နယူးကာဆယ်အသင်းက သူ့ကို ဆက်ထိန်းသိမ်းချင်နေပါတယ်။
ပရီးမီးယားလိဂ် ချန်ပီယံအသင်းဟာ ဝက်စ်ဟမ်းအသင်းက မာတီးယက်စ်ဖာနန်ဒက်စ်နဲ့ မော်ရိုကိုအသင်းက ဘူအာဒီကိုလည်း စောင့်ကြည့်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 137
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀
ဒီနွေရာသီမှာ အာဆင်နယ်အသင်းကနေ ထွက်ခွာရဖွယ်ရှိနေတဲ့ ဘရာဇီးလ်တိုက်စစ်မှူးဂျီးဆပ်စ်က စီးရီးအေထံ ပြောင်းရွှေ့ဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောခဲ့ပါတယ်။
ဂျီးဆပ်စ်က “ကျနော်ဟာ စီးရီးအေပွဲတွေကြည့်ရင်း ကြီးပြင်းလာခဲ့တာဖြစ်ပြီး အီတလီမှာ ကစားဖို့ အိပ်မက် မက်ခဲ့ပါတယ်။ ဆန်စီရိုမှာ အင်တာမီလန်အသင်းကို ၂ ဂိုးသွင်းခဲ့တာက အဲ့ဒီအိပ်မက်ကို အကောင်အထည် ဖော်လိုက်သလိုပါပဲ။ ကျနော့်ရဲ့အနာဂတ်ကို မသိသေးပါဘူး။ အခုအလုပ်တွေလုပ်နေပြီး အာဆင်နယ်နဲ့ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမယ်”လို့ La Gazzetta dello Sport နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
၂၀၂၂ ခုနှစ်မှာ မန်စီးတီးအသင်းကနေ ရောက်လာခဲ့တဲ့ ဂျီးဆပ်စ်ဟာ အာဆင်နယ်အသင်းနဲ့ ၂၀၂၇ ခုနှစ်ရာသီကုန်ရင် စာချုပ်ကုန်ဆုံးတော့မှာပါ။
ဂျီးဆပ်စ်ဟာ အာဆင်နယ်အသင်းမှာ ဒဏ်ရာတွေနဲ့ရုန်းကန်ခဲ့ရပြီး မနှစ်ကရာသီမှာ ၂၇ ပွဲကစားကာ ၆ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဂျီးဆပ်စ်ကို တွေ့ရစဉ်
နွေရာသီအပြောင်းအရွှေ့မှာ တိုက်စစ်မှူးသစ်တစ်ဦးခေါ်ယူဖို့ အစီအစဉ်ရှိနေတဲ့ အာဆင်နယ်အသင်းဟာ ဂျီးဆပ်စ်အပါအဝင် ကစားသမားတချို့ကို ရောင်းချနိုင်ဖို့ မျှော်လင့်နေတာပါ။
ဂျီးဆပ်စ်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ်အသင်းတချို့နဲ့ စီးရီးအေထိပ်သီးတွေဖြစ်တဲ့ ဂျူဗင်တပ်စ်နဲ့ အေစီမီလန်အသင်းတို့က စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
ဒီအချိန်မှာ ဂျီးဆပ်စ်က စီးရီးအေထံ ပြောင်းရွှေ့နိုင်တဲ့ အရိပ်အမြွက်ကို ပြောလာခဲ့တာပါ။
၂၀၂၃ ခုနှစ်နောက်ပိုင်း ဘရာဇီးလ်အသင်းလူစာရင်းနဲ့ ဝေးကွာနေတဲ့ ဂျီးဆပ်စ်က သူဟာ ကမ္ဘာ့ဖလားလူစာရင်းမှာ ခေါ်ယူခြင်းခံရဖို့ ထိုက်တန်ခြင်းမရှိဘူးလို့လည်း အင်တာဗျူးမှာ ဝန်ခံခဲ့ပါတယ်။
- By CNI
- Category: အားကစား
- Hits: 145
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀
ကမ္ဘာ့ဖလား ၃၂ သင်းအဆင့်ပွဲမှာ ဂျပန်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိကာ ဘရာဇီးလ်အသင်း ၁၆ သင်း အဆင့်တက်နိုင်ခဲ့ပြီးနောက် ကွင်းလယ်လူကတ်စီမီရိုက တည်ငြိမ်မှုနဲ့စိတ်ရှည်မှုက ဒီပွဲအနိုင်ရဖို့ အဓိကအချက် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ကတ်စီမီရိုက “ဒီနိုင်ပွဲက ကျနော်တို့ရဲ့တည်ငြိမ်မှုနဲ့ ပိတ်ပြီးကစားတဲ့အသင်းကို ဖိအားပေးရာမှာ စိတ်ရှည်မှုတို့ ကြောင့်ပါ။ ဒါက အရေးကြီးဆုံးအချက်ဖြစ်ပြီး တည်ငြိမ်မှုက ကျနော်တို့ဂိုးသွင်းနိုင်မယ့်အချိန်ကို မြင်တွေ့နိုင် မယ်လို့ ယုံကြည်တာ ဖြစ်ပါတယ်။ ဂျပန်ဟာ ခံစစ်ကို စနစ်တကျကစားခဲ့ပေမယ့် ဒုတိယပိုင်းမှာ ကျနော်တို့အလွန် ကောင်းမွန်ပြီး အနိုင်ရခဲ့ပါတယ်။ ကျနော်အလွန်ပျော်ရွှင်နေပြီး ရှေ့ဆက်သွားရမယ်”လို့ ပြောခဲ့တာပါ။
ဘရာဇီးလ်အသင်းဟာ ဒီပွဲရဲ့ပထမပိုင်းမှာ ဂျပန်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်နေခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒုတိယပိုင်းမှာ ကတ်စီမီရိုက ချေပဂိုးသွင်းပြီး မာတင်နယ်လီက မိနစ် ၉၀ ပြည့်ပြီး ထပ်ဆောင်းအချိန်ပို ၅ မိနစ်မှာ ဘရာဇီးလ်အသင်းအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့တာပါ။

၁၆ သင်းအဆင့်တက်နိုင်ခဲ့သည့် ဘရာဇီးလ်အသင်း
အဲဒါကြောင့် ဘရာဇီးလ်အသင်းဟာ ဂျပန်အသင်းကို ရှုံးနိမ့်ရမယ့်အခြေအနေကနေ ရှောင်နိုင်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့ပါတယ်။
ကတ်စီမီရိုနဲ့ ပါကယ်တာတို့ဟာ ဒီပွဲမှာ ဒဏ်ရာတွေရရှိခဲ့ပြီး နည်းပြအန်ဆယ်လော့တီက လာမယ့် ၂၄ နာရီအတွင်း သူတို့ရဲ့အခြေအနေကို အကဲဖြတ်စစ်ဆေးမှုတွေပြုလုပ်သွားမယ်လို့ ပြောခဲ့တာပါ။
ဘရာဇီးလ်အသင်းအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ မာတင်နယ်လီက အသင်းနောက်တစ်ဆင့် တက်သွားတဲ့ အပေါ် ဘရာဇီးလ်လူမျိုးတွေအများကြီးပျော်ရွှင်နေတာကို မြင်တွေ့ရချိန်မှာ သူ့ရင်ထဲကနေလာတဲ့ ဝမ်းသာမှုကို ဖော်ပြဖို့ စကားလုံးတောင်မရှိတော့ဘူးလို့ ပြောခဲ့ပါတယ်။
ဘရာဇီးလ်အသင်းဟာ နော်ဝေနဲ့ အိုင်ဗရီကို့စ်အသင်း ၃၂ သင်းအဆင့်ပွဲက အနိုင်ရတဲ့အသင်းနဲ့ ၁၆ သင်း အဆင့်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 146
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀
ဂျာမနီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၃၂ သင်းအဆင့်ကနေ ထွက်ခွာခဲ့ရပြီးနောက် နည်းပြ နာဂယ်လ်စမန်းက သူဟာ အသင်းနည်းပြအဖြစ်ဆက်ရှိချင်ပေမယ့် ဆုံးဖြတ်ချက်က ဂျာမန်ဘောလုံးအဖွဲ့ချုပ်ရဲ့လက်ထဲမှာလို့ ပြောခဲ့ပါတယ်။
နာဂယ်လ်စမန်းက “ဒါက ကျနော့်ရဲ့လက်ထဲမှာမရှိပေမယ့် သူတို့က ဆက်ရှိစေချင်တယ်ဆိုရင် ဆက်ရှိမှာပါ။ သူတို့က ကျနော့်ကို မလိုချင်တော့ဘူးဆိုရင် ထွက်ခွာသွားမှာပါ။ ကျနော်ဟာ ထွက်ပြေးတဲ့သူမဟုတ်တာကြောင့် ဂျာမန်ဘောလုံးအဖွဲ့ချုပ်က အလိုရှိရင် ယူရိုပြိုင်ပွဲနဲ့ နေးရှင်းလိဂ်ပြိုင်ပွဲတွေအတွက် ကျနော်ပြင်ဆင်သွားမှာပါ”လို့ ပြောခဲ့ပါတယ်။
ဂျာမနီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ၃၂ သင်းအဆင့်ပွဲမှာ ပါရာဂွေးအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့တာပါ။
ဒီပွဲစဉ်မှာ ပွဲချိန်အတွင်း ၁ ဂိုးစီသရေကျခဲ့တာကြောင့် အချိန်ပိုဆက်ပြီး ယှဉ်ပြိုင်ခဲ့ရကာ အချိန်ပိုမှာ ဂျာမနီအသင်း အနိုင်ဂိုးသွင်းယူခဲ့ပေမယ့် ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်လူကြီးက သွင်းဂိုးကိုပယ်ဖျက်ခဲ့ပါတယ်။
အဲဒါကြောင့် ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းခဲ့တာမှာ ပါရာဂွေးအသင်းက ၄ ဂိုး-၃ ဂိုးနဲ့ အနိုင်ရပြီး ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့တာပါ။

၃၂ သင်းအဆင့်မှ ထွက်ခွာခဲ့ရသည့် ဂျာမနီအသင်း
ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ဂျာမနီအသင်း စောစီးစွာထွက်ခွာခဲ့ရတဲ့အတွက် နည်းပြနာဂယ်လ်စမန်းရဲ့အနာဂတ်ဟာ အသင်းမှာမသေချာတော့ပေမယ့် သူကတော့ ဂျာမနီအသင်းကို ဆက်ပြီးကိုင်တွယ်ချင်တယ်လို့ ပြောခဲ့ပါတယ်။
၂၀၂၃ ခုနှစ်မှာ ဂျာမနီအသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ နာဂယ်လ်စမန်းနဲ့ ဂျာမန်ဘောလုံးအဖွဲ့ချုပ်ရဲ့ စာချုပ်ဟာ ၂၀၂၈ ခုနှစ်အထိ သက်တမ်းရှိနေတာပါ။
ဂျာမနီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့သလို ၃ ကြိမ် ဆက်တိုက် ပြိုင်ပွဲကနေစောစီးစွာထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရုပ်သံဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ လီဗာပူးလ်အသင်းနည်းပြဟောင်း ကလော့ပ်က ဂျာမနီအသင်းရဲ့စွမ်းဆောင်ရည်ကို ဝေဖန်ခဲ့ပြီး ပြောင်းလဲမှုတွေပြုလုပ်ဖို့ ဂျာမန်ဘောလုံးအဖွဲ့ချုပ်ကို ပြောခဲ့ပါတယ်။
- By CNI
- Category: အားကစား
- Hits: 150
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉
အေစီမီလန်အသင်းနည်းပြသစ် အာမိုရင်ဟာ ယူနိုက်တက်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ အင်္ဂလန်ကွင်းလယ်လူ မေဆန်မောင့်ကို အီတလီကလပ်ထံ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းမှာ အာမိုရင်ကို နည်းပြသစ်အဖြစ်ခန့်အပ်ခဲ့တဲ့ အေစီမီလန်အသင်းဟာ အပြောင်းအရွှေ့ ဈေးကွက်ထဲကို ဝင်ရောက်ပြီး လှုပ်ရှားမှုတွေပြုလုပ်နေတာပါ။
အေစီမီလန်အသင်းဟာ PSG အသင်းတိုက်စစ်မှူးဂွန်ကာလိုရာမို့စ်ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိထားပြီးနောက် နည်းပြအာမိုရင်က မေဆန်မောင့်ကို အသင်းထံခေါ်ယူချင်နေတာ ဖြစ်ပါတယ်။
ချယ်လ်ဆီးနဲ့ အင်္ဂလန်အသင်းမှာ အဓိက ကစားသမားဖြစ်ခဲ့တဲ့ မေဆန်မောင့်ဟာ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့လာပြီးကတည်းက ရုန်းကန်နေရပါတယ်။
မေဆန်မောင့်ဟာ ဒဏ်ရာတွေကြောင့် ယူနိုက်တက်အသင်းပွဲပေါင်း ၇၀ လောက်လွဲချော်ခဲ့ပြီး ပါဝင်ကစားထားတဲ့ ၃ ရာသီမှာ ၇ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂ ကြိမ်သာ ပြုလုပ်ထားတာပါ။

နည်းပြအာမိုရင်နှင့် မေဆန်မောင့်
မေဆန်မောင့်ဟာ အာမိုရင်ကိုင်တွယ်ခဲ့တုန်းက ယူနိုက်တက်အသင်းမှာ အကောင်းဆုံးပုံစံတွေရခဲ့ပြီး နည်းပြနဲ့ဆက်ဆံရေးကောင်းမွန်မှုရှိပါတယ်။
Manchester Evening News ကတော့ အေစီမီလန်နဲ့ မေဆန်မောင့်ရဲ့အပြောင်းအရွှေ့သတင်းတွေဟာ မှန်ကန်မှုမရှိဘဲ ကိုယ်စားလှယ်တွေအကြားမှာလည်း ဆက်သွယ်မှုမရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။
မေဆန်မောင့်ဟာ လက်ရှိအချိန်မှာ ရာသီသစ်အတွက် ရာသီကြိုလေ့ကျင့်မှုတွေမစတင်မီ ကြံ့ခိုင်မှုပိုင်း အကောင်းဆုံးပုံစံမှာရှိနေဖို့ အာရုံစိုက်နေပါတယ်။
ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ရမှာဖြစ်လို့ ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့လုပ်ဆောင်နေပေမယ့် နည်းပြကာရစ်က မေဆန်မောင့်ကို အသင်းရဲ့အဓိက ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ထားပါတယ်။
