- By CNI
- Category: အားကစား
- Hits: 141
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉
တောင်ကိုရီယားသမ္မတ လီဂျေမြောင်က နိုင်ငံအသင်း ကမ္ဘာ့ဖလားကနေ ထွက်ခွာခဲ့ရတဲ့အတွက် ပြည်သူတွေကို တောင်းပန်ခဲ့ပြီး အားကစားအုပ်ချုပ်ရေးအဖွဲ့ကို အမြန်ဆုံး ပြောင်းလဲသွားမယ်လို့ ပြောခဲ့ပါတယ်။
လီဂျေမြောင်က “ဒီမျှော်လင့်မထားတဲ့ ရလဒ်တွေကြောင့် ကျနော်အံ့သြပြီး မှင်သက်မိသွားပါတယ်။ အရည်အချင်း မရှိတဲ့သူတွေကို ခေါင်းဆောင်ရာထူးတွေ ခန့်အပ်ထားတဲ့ အချိန်မှာ ရလဒ်တွေက ဒီလိုပဲဖြစ်မှာပါ။ ကြီးမားတဲ့ စိတ်ပျက်မှုတွေအတွက် ပြည်သူတွေကို အနူးအညွတ် တောင်းပန်ပါတယ်။ ဒီလိုမျိုး နောက်ထပ် မဖြစ်အောင် အားကစားအုပ်ချုပ်ရေးကို ပြုပြင်ပြောင်းလဲဖို့ ကျနော်တို့ အမြန်ဆုံးလုပ်ဆောင်သွားပါမယ်။ ပြီးခဲ့တဲ့ဖြစ်ရပ် အတွက် စုံစမ်းစစ်ဆေးမှုတွေလည်း ပြုလုပ်သွားမယ်”လို့ X ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။
တောင်ကိုရီးယားအသင်းဟာ ကမ္ဘာ့ဖလားအုပ်စုတွင်းမှာ ချက်အသင်းကို အနိုင်ရခဲ့ပေမယ့် မက္ကဆီကိုနဲ့ တောင်အာဖရိက အသင်းကို အရေးနိမ့်ပြီး တတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့တာပါ။

တောင်ကိုရီးယားအသင်းကို တွေ့ရစဉ်
တောင်ကိုရီးယားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံး တတိယအသင်းတွေထဲမှာလည်း မပါဝင်ခဲ့ တာကြောင့် ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲကနေ တောင်ကိုရီးယားအသင်း ထွက်ခွာခဲ့ရမှုအတွက် နည်းပြ ဟောင်မြောင်ဘိုဟာ အကြီးအကျယ် ဝေဖန်ခံရပြီးနောက် သူလည်း နည်းပြရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။
ဟောင်မြောင်ဘိုဟာ တောင်ကိုရီးယားအသင်းကို ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကိုင်တွယ်ခဲ့တုန်းက အုပ်စု အဆင့်ကနေ ကျော်ဖြတ်အောင် ကိုင်တွယ်နိုင်ခဲ့ခြင်း မရှိတာပါ။
ဟောင်မြောင်ဘိုကလည်း ကမ္ဘာ့ဖလားကနေ ထွက်ခွာခဲ့ရမှုအတွက် တောင်ကိုရီးယားပြည်သူတွေအားလုံးကို တောင်းပန်ခဲ့ပါတယ်။
ဒါ့အပြင် ဟောင်မြောင်ဘိုက သူချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တိုင်းက အမြဲတမ်း မှန်ကန်တဲ့အရာ မဟုတ်ပေမယ့် သူချခဲ့တဲ့ ဆုံးဖြတ်ချက် စံနှုန်းတိုင်းက ကိုရီးယားဘောလုံးအတွက် အကောင်းဆုံးလို့ ယုံကြည်တဲ့အရာလို့ ပြောနိုင်ကြောင်း ထွက်ခွာမှုအတွက် ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 130
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉
ကနေဒါအသင်းဟာ ကမ္ဘာ့ဖလား ၃၂ သင်းအဆင့်ပွဲမှာ တောင်အာဖရိကအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိကာ ၁၆ သင်းအဆင့်ကို ပထမဆုံးအကြိမ် တက်နိုင်ခဲ့ပြီးနောက် နည်းပြဂျက်ဆီမာ့ရှ်က သူ့ရဲ့ကစားသမားတွေကို ကနေဒါ သူရဲကောင်းတွေလို့ ခေါ်ဆိုခဲ့ပါတယ်။
ကနေဒါအသင်းနဲ့ တောင်အာဖရိကအသင်းဟာ မိနစ် ၉၀ အထိ ဂိုးမရှိ သရေကျနေခဲ့ပေမယ့် ထပ်ဆောင်းအချိန်ပို ၂ မိနစ်မှာ ယူစတာကီအိုက ကနေဒါအသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။
အဲ့ဒါကြောင့် ကနေဒါအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရှုံးထွက်အဆင့် ပွဲစဉ်ကို သူတို့ ပထမဆုံးနိုင်ပွဲရယူပြီး ၁၆ သင်း အဆင့်ကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ပွဲပြီးဆုံးပြီးနောက် အသင်းလိုက် စုရုံးနေချိန်အတွင်းမှာ ကနေဒါအသင်းနည်းပြ ဂျက်ဆီမာ့ရှ်က သူ့ရဲ့ကစားသမား တွေကို “မင်းတို့က ကနေဒါသူရဲကောင်းတွေပါ။ ဒီနိုင်ငံရဲ့အားကစားအနာဂတ်ဟာ မင်းတို့ကြောင့် ကြီးမား တယ်”လို့ ပြောခဲ့တာပါ။

ကနေဒါအသင်း ယှဉ်ပြိုင်နေစဉ်
ကမ္ဘာ့ဖလားပြိုင်ပွဲ ပူးတွဲအိမ်ရှင် ကနေဒါအသင်းဟာ အုပ်စုနောက်ဆုံးပွဲမှာ အရေးနိမ့်ခဲ့တာကြောင့် ၃၂ သင်း အဆင့်ပွဲကို အမေရိကန်မှာ ကစားခဲ့ရတာပါ။
ကနေဒါအသင်းနည်းပြ ဂျက်ဆီမာ့ရှ်က အိမ်ကွင်းမှာ မကစားခဲ့ရလို့ စိတ်ပျက်ခဲ့ရပေမယ့် ကစားသမားတွေ အာရုံစိုက်နိုင်ခဲ့တာကြောင့် နောက်တဆင့် တက်နိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ကနေဒါအသင်းဟာ မော်ရိုကိုနဲ့ နယ်သာလန်အသင်းရဲ့ ၃၂ သင်း အဆင့်ပွဲစဉ်မှာ အနိုင်ရတဲ့အသင်းနဲ့ ၁၆ သင်း အဆင့် ပွဲစဉ်ယှဉ်ပြိုင်ရမှာပါ။
ဂျက်ဆီမာ့ရှ်က ၂ သင်းစလုံးဟာ ထိပ်တန်းအသင်းတွေ ဖြစ်တာကြောင့် အကောင်းပြင်ဆင်မှုတွေ ပြုလုပ်ပြီး ကြိုးစားသွားမယ်လို့ ပြောခဲ့ပါတယ်။
ကနေဒါအသင်းအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ ယူစတာကီအိုက နောက်တဆင့် တက်နိုင်ခဲ့လို့ ပျော်ရွှင်ပေမယ့် အလုပ်ပြီးဆုံးသွားတာ မဟုတ်သေးတဲ့အတွက် ဆက်တိုက် ပွဲဝင်ရမယ်လို့ အသင်းဖော်တွေကို ပြောခဲ့ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 159
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန် ၂၇
တူရကီကလပ် ထရက်ဇွန်စပေါ်အသင်းဟာ ကင်မရွန်းဂိုးသမားအိုနာနာကို နောက်ထပ်တစ်ရာသီ အငှားနဲ့ ထပ်ခေါ်ဖို့ ယူနိုက်တက်အသင်းနဲ့ သဘောတူညီမှုရရှိခဲ့တယ်လို့ အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမာနိုက ဖော်ပြထားပါတယ်။
အိုနာနာကလည်း တူရကီမှာ နောက်ထပ်တစ်ရာသီဆက်နေဖို့ လက်ခံခဲ့ပါတယ်။
ထရက်ဇွန်စပေါ်အသင်းဟာ အိုနာနာအတွက် ယူနိုက်တက်အသင်းကို အငှားခေါ်ယူကြေးပေးရမှာဖြစ်ပြီး အငှားစာချုပ်ထဲမှာ စာချုပ်ကုန်ဆုံးရင် အပြီးသတ်ဝယ်ယူဖို့ ရွေးချယ်ခွင့်မပါဝင်ဘူးလို့ သိရပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဘယ်လ်ဂျီယံဂိုးသမားလမ်းမန်းစ်ကို ခေါ်ယူခဲ့ပြီးနောက် အိုနာနာကို အသင်းသစ်ရှာဖွေဖို့ ပြောခဲ့တာကြောင့် သူဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ ထရက်ဇွန်စပေါ်အသင်းထံ အငှားနဲ့ ပြောင်းခဲ့တာပါ။

အိုနာနာဟာ ထရက်ဇွန်စပေါ်အသင်းမှာ အထင်ကြီးဖွယ်စွမ်းဆောင်ရည်ပြသခဲ့ပြီး မေလမှာ တူရကီဖလားရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
အငှားစာချုပ်သစ်ကြောင့် အိုနာနာဟာ လာမယ့်လမှာ ပြုလုပ်မယ့် ယူနိုက်တက် အသင်းရဲ့ ရာသီကြို လေ့ကျင့်မှု အစီအစဉ်တွေထံ ပြန်လာရမှာကို ရှောင်နိုင်ခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဇူလိုင်လဒုတိယအပတ်မှာ ရာသီကြိုလေ့ကျင့်မှုတွေပြန်လည်စတင်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ တူရကီဂိုးသမား ဘယင်ဒါ အသင်းကနေ ထွက်ခွာခဲ့ရင် သူ့နေရာမှာအစားထိုးဖို့ ဒုတိယဂိုးသမားရှာဖွေမှုတွေလည်းပြုလုပ်နေတာပါ။
ယူနိုက်တက်အသင်းခေါ်ယူမယ့် ဂိုးသမားစာရင်းထဲမှာ လိဒ်စ်အသင်းဂိုးသမားဒါလို၊ဝုလ်ဗ်စ်အသင်းဂိုးသမား ဆမ်ဂျွန်စတုန်းစ်နဲ့ စကော့တလန်အသင်း ဂိုးသမား အန်ဂတ်စ်ဂန်း တို့ ပါဝင်နေပါတယ်။
Source:DailyMail
- By CNI
- Category: အားကစား
- Hits: 140
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆
ချယ်လ်ဆီးအသင်းကြယ်ပွင့် ကိုးလ်ပါလ်မာက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်း လူစာရင်းထဲ ရွေးချယ် ခြင်း မခံခဲ့ရတဲ့အပေါ် ငိုမနေဘူးလို့ ပြောခဲ့ပါတယ်။
ကိုးလ်ပါလ်မာက “ပြောင်းလဲလို့မရတဲ့ ဆုံးဖြတ်ချက်အတွက် ကျနော် ငိုမနေပါဘူး။ သူတို့တွေ အဆုံးထိ အောင် မြင်နိုင်ဖို့ ကျနော် မျှော်လင့်ပါတယ်။ ရွေးချယ်ခြင်း မခံခဲ့ရတဲ့အပေါ် ကျနော် စိတ်ဓါတ်မကျပါဘူး။ ဘောလုံးအပြင် ဘက်မှာရှိတဲ့ သူငယ်ချင်းတွေနဲ့ စကားပြောခဲ့ပြီး သူတို့က သာမန်လူတွေ ဖြစ်တဲ့အတွက် ကျနော့်ကို ပုံမှန်လိုခံစား စေပြီး တည်ငြိမ်မှုရှိစေပါတယ်”လို့ ပြောခဲ့တာပါ။
ကိုးလ်ပါလ်မာဟာ ဖိုဒန်၊ မက်ဂွဲယားတို့နဲ့အတူ အင်္ဂလန်အသင်း လူစာရင်းမှာ ချန်လှပ်ခြင်း ခံခဲ့ရတဲ့ နာမည်ကြီး ကစားသမား တစ်ဦးဖြစ်ခဲ့ပါတယ်။
ကိုးလ်ပါလ်မာဟာ ပြီးခဲ့တဲ့ရာသီမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ပုံမှန်ခြေစွမ်း ပြသနိုင်ခဲ့ခြင်း မရှိတာကြောင့် လူစာရင်းထဲ ချန်လှပ်ခံရတာ အံ့အားသင့်စရာတော့ မဟုတ်ခဲ့ပါဘူး။

ကိုးလ်ပါလ်မာကိုတွေ့ရစဉ်
ဒါပေမယ့် လူအများအပြားက အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလား လူစာရင်း ၂၆ ဦးထဲမှာ ကိုးလ်ပါလ်မာ ပါဝင်လာ မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။
ကိုးလ်ပါလ်မာဟာ အင်္ဂလန်အသင်းရဲ့ အပြီးသတ် လူစာရင်း ထုတ်ပြန်ချိန်မှာ သူ့ကို ချန်လှပ်ခဲ့တာနဲ့ ပတ်သက်ပြီး ဘာမှပြောခဲ့ခြင်း မရှိပေမယ့် အခုအချိန်မှသာ အနည်းငယ် ပြောလာခဲ့တာပါ။
ကိုးလ်ပါလ်မာဟာ ချယ်လ်ဆီးအသင်းနဲ့ ရာသီကြို လေ့ကျင့်မှု အစီအစဉ်တွေမှာ မပူးပေါင်းမီ အားလပ်ရက် အပန်းဖြေရင်း အနားယူမှုတွေ ပြုလုပ်နေပါတယ်။
အင်္ဂလန်အသင်းကတော့ ကမ္ဘာ့ဖလားအုပ်စု နောက်ဆုံးပွဲအဖြစ် ဇွန်လ ၂၈ ရက်မှာ ပနားမားအသင်းနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 145
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆
မန်စီးတီးအသင်းဟာ နော်တင်ဟမ်ဖောရက်စ်အသင်း ကွင်းလယ်လူ အယ်လီးယော့အန်ဒါဆန်ကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၁၆ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။
အယ်လီးယော့အန်ဒါဆန်ဟာ အင်္ဂလန်အသင်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်နေတာကြောင့် သူ့ရဲ့အပြောင်းအရွှေ့ အပြီးသတ်ဖို့ အမေရိကန်မှာ ဆေးစစ်မှု ပြုလုပ်သွားဖို့ ရှိနေတာပါ။
မန်စီးတီးအသင်းရဲ့ သတင်းရင်းမြစ်တွေက အန်ဒါဆန်ရဲ့ ပြောင်းရွှေ့ကြေးဟာ ကလပ်စံချိန်တင်ဖြစ်တဲ့ ပေါင် ၁၁၆ သန်းဖြစ်ပြီး အပိုဆုကြေးတွေ မပါဝင်ဘူးလို့ ပြောခဲ့ပါတယ်။
အခြားသတင်းရင်းမြစ်တွေက ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်သန်း ၁၃၀ အထိ ရောက်ရှိသွား နိုင်တယ်လို့ ပြောခဲ့တာပါ။
အန်ဒါဆန်ရဲ့ ပြောင်းရွှေ့ကြေးဟာ ၂၀၂၃ ခုနှစ်မှာ ဝက်စ်ဟမ်းအသင်းကနေ အာဆင်နယ်အသင်းထံ ပေါင် ၁၀၅ သန်းနဲ့ ပြောင်းခဲ့တဲ့ ဒီကလန်ရိုက်စ်ရဲ့ ဗြိတိန်ကစားသမား တစ်ဦးအတွက် ပြောင်းရွှေ့ကြေးစံချိန်ကို ချိုးဖျက်ပြီး စံချိန်သစ်တင်မှာ ဖြစ်ပါတယ်။

အန်ဒါဆန်ကို တွေ့ရစဉ်
မန်စီးတီးအသင်းဟာ အန်ဒါဆန်ကို ဒီနွေရာသီ အပြောင်းအရွှေ့မှာ အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ခဲ့ပြီး နော်တင်ဟမ်ဖောရက်စ်အသင်းက သူ့အတွက် ပြောင်းရွှေ့ကြေး အများအပြား လိုချင်တာကြောင့် မန်စီးတီး အသင်းရဲ့ အရင်ကမ်းလှမ်းမှု ၂ ကြိမ်ကို ပယ်ချခဲ့ပါတယ်။
အန်ဒါဆန်ဟာ စပိန်လူမျိုးနည်းပြ ဂွာဒီယိုလာ ထွက်ခွာပြီးနောက် မန်စီးတီးအသင်းရဲ့ပထမဆုံး အဓိကခေါ်ယူမှု ဖြစ်ခဲ့တာပါ။
အန်ဒါဆန်ဟာ ၂၀၂၄ ခုနှစ်မှာ နယူးကာဆယ်အသင်းကနေ နော်တင်ဟမ်ဖောရက်စ်အသင်းထံ ပေါင် ၃၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး ၈၈ ပွဲကစားကာ ၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
နည်းပြသစ်အဖြစ် မာရက်စ်ကာကို ခန့်အပ်ကြောင်း ကြေညာနိုင်ဖို့ နီးစပ်နေတဲ့ မန်စီးတီးအသင်းဟာ ရာသီသစ် မတိုင်မီ နောက်ထပ် ကစားသမားသစ်တွေ အားဖြည့်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 121
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆
ဂျပန်အသင်းဟာ အုပ်စုနောက်ဆုံးပွဲမှာ ဆွီဒင်အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့ပြီးနောက် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၃၂ သင်းအဆင့်မှာ ချန်ပီယံဆုကို ၅ ကြိမ်အထိ ရရှိထားတဲ့ ဘရာဇီးလ်အသင်းနဲ့ တွေ့ဆုံနေပါတယ်။
ဒီပွဲမှာ ဂျပန်အသင်းဟာ မာအေဒါရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဆွီဒင်အသင်းအတွက် အီလန်ဂါက ချေပဂိုး သွင်းယူခဲ့တာပါ။
အဲ့ဒါကြောင့် ဂျပန်အသင်းဟာ အုပ်စုတွင်း ၃ ပွဲစလုံး ကစားအပြီးမှာ ရမှတ် ၅ မှတ်နဲ့ ဒုတိယရရှိကာ ၃၂ သင်း အဆင့်ကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အုပ်စု F မှာ ဒုတိယရခဲ့တဲ့ ဂျပန်အသင်းဟာ အုပ်စု C မှာ ပထမရခဲ့တဲ့ ဘရာဇီးလ်အသင်းနဲ့ ရှုံးထွက်အဆင့်မှာ တွေ့ဆုံရမှာဖြစ်ပြီး ဒီပွဲကို ဇွန်လ ၂၉ ရက်ကျရင် ယှဉ်ပြိုင်သွားမှာပါ။

ဂျပန်နဲ့ ဆွီဒင်အသင်း ယှဉ်ပြိုင်နေစဉ်
ဂျပန်အသင်းဟာ ၂၀၁၄ ပြိုင်ပွဲနောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့်ကို ၃ ကြိမ်ဆက်တိုက် တက်နိုင်ခဲ့ တာ ဖြစ်ပါတယ်။
ဂျပန်အသင်းနဲ့ သရေကျခဲ့တဲ့ ဆွီဒင်အသင်းဟာ အုပ်စုပွဲတွေအပြီးမှာ ရမှတ် ၄ မှတ်ရရှိကာ အကောင်းဆုံး အုပ်စုတတိယနဲ့ ၃၂ သင်းအဆင့် တက်နိုင်ခဲ့ပါတယ်။
ဂျပန်အသင်းရဲ့အုပ်စုတွင်းမှာ နယ်သာလန်အသင်းက ထိပ်ဆုံးနေရာ ရပ်တည်နိုင်ခဲ့ပြီး ၃၂ သင်းအဆင့်မှာ မော်ရိုကိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
လက်ရှိအချိန်မှာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ နောက်ထပ် ၃၂ သင်းအဆင့် ပွဲတွေအဖြစ် တောင်အာဖရိကနဲ့ ကနေဒါ၊ အမေရိကန်နဲ့ ဘော့စနီးယားအသင်းတို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 130
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅
စပိန်နောက်ခံလူ ကူကူရယ်လာက ချယ်လ်ဆီးအသင်းဖော်ဟောင်း အာဂျင်တီးနား ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ကို ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့လာဖို့ တိုက်တွန်းမှု ပြုလုပ်ခဲ့ပါတယ်။
ကူကူရယ်လာက “အန်ဇိုက အလွန်ကောင်းမွန်တဲ့ ကစားသမားဖြစ်ပြီး ကျနော့်ရဲ့ သူငယ်ချင်းလည်း ဖြစ်ပါတယ်။ သူလည်း ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့လာနိုင်ဖို့ ကျနော် မျှော်လင့်ပါတယ်။ ကျနော်တို့ဟာ ချယ်လ်ဆီးမှာ အလွန် ပျော်ရွှင်ခဲ့ကြသလို သူကံကောင်းပြီး ရီးရယ်လ်အသင်း ကစားသမားဖြစ်လာဖို့ မျှော်လင့်တယ်”လို့ စပိန် သတင်းစာမာကာကို ပြောခဲ့တာပါ။
ကူကူရယ်လာဟာ ချယ်လ်ဆီးအသင်းကနေ ရီးရယ်လ်အသင်းထံ ၆ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
စပိန်နောက်ခံလူဟာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့လာတာ မကြာသေးပေမယ့် ချယ်လ်ဆီးအသင်းမှာ အတူတွဲ ကစားခဲ့တဲ့ အန်ဇိုဖာနန်ဒက်ဇ်ကို ရီးရယ်လ်အသင်းထံ အပြောင်းအရွှေ့ကို စဉ်းစားဖို့ လူသိရှင်ကြား တိုက်တွန်းခဲ့ တာပါ။

ကူကူရယ်လ်လာနဲ့ အန်ဇိုဖာနန်ဒက်ဇ်ကို တွေ့ရစဉ်
အန်ဇိုဖာနန်ဒက်ဇ်ကလည်း ချယ်လ်ဆီးအသင်းမှာ အနာဂတ် မရေမရာဖြစ်နေပြီး ရီးရယ်လ်အသင်းထံ အပြောင်းအရွှေ့ မှတ်ချက်ကြောင့် ပြီးခဲ့တဲ့ရာသီမှာ အသင်းရဲ့ ပွဲပယ်ခြင်း ခံခဲ့ရပါတယ်။
ချယ်လ်ဆီးအသင်းဟာ လာမယ့်ရာသီမှာ ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် မရတာကြောင့် အန်ဇိုဖာနန်ဒက်ဇ်ဟာ အသင်းကနေ ထွက်ခွာချင်နေပြီး ချယ်လ်ဆီးအသင်းက သူ့ကို ပေါင်သန်း ၁၂၀ တန်ကြေး သတ်မှတ်ထားတာပါ။
အန်ဇိုဖာနန်ဒက်ဇ်ဟာ ချယ်လ်ဆီးအသင်းမှာ အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် ရှိနေတဲ့အတွက် နည်းပြသစ် ဇာဘီအလွန်ဆိုက သူ့ကို လာမယ့် ရာသီအသင်းမှာ ဆက်ထိန်းဖို့ ရှိ၊မရှိ ဆုံးဖြတ်ရဖို့ရှိနေပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 151
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန် ၂၅
လိဒ်စ်အသင်းဟာ ဖူလ်ဟမ်အသင်းတိုက်စစ်ကစားသမား ဟယ်ရီဝီလ်ဆင်ကို ၄ နှစ်စာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
ဟယ်ရီဝီလ်ဆင်နဲ့ ဖူလ်ဟမ်အသင်းစာချုပ်ဟာ လာမယ့်ရက်သတ္တပတ်မှာ ကုန်ဆုံးမှာဖြစ်လို့ ဝေးလ်စ် ကစားသမားဟာ မကြာမီရက်ပိုင်းအတွင်း လိဒ်စ်အသင်းနဲ့ ဆေးစစ်မှုပြုလုပ်ပြီး စာချုပ်ချုပ်ဖို့ရှိနေပါတယ်။
လိဒ်စ်အသင်းဟာ ဟယ်ရီဝီလ်ဆင်ကို ခေါ်ယူနိုင်ဖို့ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။
လိဒ်စ်အသင်းဟာ ဟယ်ရီဝီလ်ဆင်ကို ကာလရှည်ကြာပစ်မှတ်ထားခဲ့ပြီး မနှစ်ကနွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ပျက်ပြယ်ခဲ့ပါတယ်။
ဖူလ်ဟမ်အသင်းဟာ သူတို့ရဲ့ အကောင်းဆုံး ကစားသမားတစ်ဦးကို ဆက်ထိန်းသိမ်းနိုင်ဖို့ စာချုပ်အများအပြားနဲ့ကမ်းလှမ်းခဲ့ပေမယ့် ထွက်ခွာခွင့်ပေးရမှာက သူတို့အတွက် ကြီးမားတဲ့ထိုးနှက်ချက် ဖြစ်ခဲ့ပါတယ်။

ဟယ်ရီဝီလ်ဆင်ဟာ ပြီးခဲ့တဲ့ရာသီမှာ ဖူလ်ဟမ်အသင်းအတွက် ၃၈ ပွဲကစားခဲ့ပြီး ၁၁ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၈ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့တာပါ။
ဟယ်ရီဝီလ်ဆင်ဟာ ၂၀၂၁ ခုနှစ်က လီဗာပူးလ်အသင်းကနေ ပေါင် ၁၂ သန်းနဲ့ ဖူလ်ဟမ်အသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။
လိဒ်စ်အသင်းဟာ ဒေါ့မွန်အသင်းကနေ ထွက်ခွာခဲ့တဲ့ ကွင်းလယ်လူဟောင်းဘရန့်ဒ်ကို ခေါ်ယူနိုင်ဖို့ စိတ်ဝင်စား နေသလို ဆောက်သမ်တန်အသင်းက ချားလက်စ်ကိုလည်း ခေါ်ယူဖို့ ချဉ်းကပ်မှုတွေပြုလုပ်နေပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 139
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅
စကော့တလန်အသင်းဟာ အုပ်စုနောက်ဆုံးပွဲမှာ ဘရာဇီးလ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အရေးနိမ့်ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲကနေ အိမ်ပြန်ရတော့မယ်လို့ထင်ကြောင်း နည်းပြ စတိဗ်ကလာ့ခ်က ပြောပါတယ်။
စတိဗ်ကလာ့ခ်က “ကျနော်တို့ အခွင့်အရေးတွေ ဖန်တီးခဲ့ပေမယ့် မလုံလောက်ခဲ့ပါဘူး။ ရိုးရိုးသားသား ပြောရရင် အကောင်းဆုံးအသင်းက အနိုင်ရခဲ့ပါတယ်။ ကျနော်တို့ဟာ အမှားတွေ ပြုလုပ်ခဲ့ပြီး ဒီအဆင့်မှာ ဒီလိုမျိုးလုပ်လို့ မရပါဘူး။ ကျနော်ကတော့ ကျနော်တို့ အိမ်ပြန်ရတော့မယ်လို့ ထင်ကြောင်း”ပြောခဲ့တာပါ။
စကော့တလန်အသင်းဟာ အုပ်စုအဖွင့်ပွဲမှာ ဟေတီအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမယ့် ဒုတိယပွဲမှာ မော်ရိုကိုအသင်းကို ၁ ဂိုး-ဂိုးမရှိ၊ အုပ်စုနောက်ဆုံးပွဲမှာ ဘရာဇီးလ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပါတယ်။
အဲ့ဒါကြောင့် စကော့တလန်အသင်းဟာ ၃ ပွဲ ကစားအပြီးမှာ ရမှတ် ၃ မှတ်သာရခဲ့ပြီး ဂိုးကွာခြားချက်က - ၃ ဖြစ် နေပါတယ်။

စကော့တလန်အသင်းကို တွေ့ရစဉ်
စကော့တလန်အသင်းဟာ အကောင်းဆုံးအုပ်စု တတိယ ၈ သင်းထဲမှာ တစ်သင်းအနေနဲ့ နောက်တစ်ဆင့် တက်ခွင့်ရမလားဆိုတာ သိရဖို့ တခြားအသင်းတွေရဲ့ ရလဒ်တွေကို စောင့်ကြည့်ရတော့မှာပါ။
စကော့တလန်အသင်း နည်းပြကတော့ အသင်းရဲ့ ရှုံးနိမ့်မှုကို စိတ်ပျက်နေပြီး သူတို့အိမ်ပြန် ရနိုင်တယ်လို့ ထင်ကြောင်း ပြောခဲ့ပါတယ်။
စကော့တလန်အသင်း ကွင်းလယ်လူ မက်ဂင်းက သူတို့ဟာ စိတ်ဓါတ်တွေ ကျနေသလို နောက်တစ်ဆင့် တက်နိုင် ဖို့ အခွင့်အရေး နည်းပေမယ့် စောင့်ကြည့်ရဦးမယ်လို့ ပြောခဲ့တာပါ။
၁၉၉၈ နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲကို ပြန်ပြီး ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ စကော့တလန်အသင်းဟာ ပြီးခဲ့တဲ့ပြိုင်ပွဲတွေ မှာလည်း အုပ်စုအဆင့်ကနေ ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 144
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅
ဘရာဇီးလ်အသင်းက စကော့တလန်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စု နောက်ဆုံးပွဲမှာ တိုက်စစ်မှူး နေမာဟာ ၂၀၂၃ ခုနှစ်နောက်ပိုင်း ရက်ပေါင်း ၉၈၁ ရက်အကြာမှာ ဘရာဇီးလ်အသင်းအတွက် ပြန်ပါဝင်နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဘရာဇီးလ်အသင်းရဲ့ အုပ်စုအဖွင့်ပွဲ ၂ ပွဲမှာ လူစာရင်းထဲ မပါဝင်နိုင်ခဲ့တဲ့ နေမာဟာ စကော့တလန်အသင်းနဲ့ ပွဲမှာတော့ အသင်းရဲ့လူစာရင်းထဲ ပါဝင်လာခဲ့တာပါ။
ဘရာဇီးလ်အသင်းက ပွဲကို ၃ ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပြီးနောက် ၇၆ မိနစ်မှာ နည်းပြအန်ဆယ်လော့တီက နေမာ ကို ကွန်ညာရဲ့နေရာ လူစားဝင်အဖြစ် အသုံးပြုခဲ့ပါတယ်။
ကွင်းထဲကို ဝင်ရောက်လာချိန်မှာ ပရိသတ်တွေရဲ့ ကျယ်လောင်စွာ အားပေးမှုရခဲ့တဲ့ နေမာအတွက် သူ့ရဲ့ ကစား သမားဘဝမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၄ ကြိမ်မြောက်အဖြစ် ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။
နေမာဟာ ဘရာဇီးလ်အသင်းအတွက် ပြန်ပါဝင်ကစားနိုင်လို့ ပျော်ရွှင်နေသလို ပွဲအပြီးမှာ ခံစားချက်တွေ မထိန်း ချုပ်နိုင်ဘဲ ငိုကြွေးခဲ့တာပါ။

နေမာကိုတွေ့ရစဉ်
ဘရာဇီးလ်အသင်းနည်းပြ အန်ဆယ်လော့တီက “နေမာ ကစားခွင့်ရဖို့ ထိုက်တန်တယ်လို့ ထင်တဲ့အတွက် ကျနော် သူ့ကို အခွင့်အရေးပေးခဲ့တာပါ။ သူဟာ အလွန်ကောင်းမွန်စွာ ပြင်ဆင်ပြီး ပွဲကစားနိုင်ဖို့ အလေးအနက် ထားနေ ပါတယ်။ မိနစ်အနည်းငယ်ပဲ သူကစားခဲ့ရပေမယ့် သူကောင်းမွန်စွာ လုပ်နိုင်ခဲ့တယ်”လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ဘရာဇီးလ်အသင်းအတွက် ၂ ဂိုးသွင်းပြီး အကောင်းဆုံး ကစားသမားဆုရခဲ့တဲ့ ဗီနီစီးယက်စ်ကလည်း နေမာ ကွင်းထဲ ဝင်ရောက်လာတာဟာ အပြုသဘောဆောင်တဲ့ အချက်တွေ အများကြီးရှိခဲ့ပြီး ဒါက သူတို့ကို အကူအညီ ဖြစ်စေတယ်လို့ ပြောခဲ့တာပါ။
ဘရာဇီးလ်အသင်း ကွင်းလယ်လူ ဘရူနိုဂွီမာရေ့စ်က နေမာကွင်းထဲ ဝင်ရောက်လာတဲ့အချိန်မှာ သက်တောင့် သက်သာ ရှိစေဖို့ သူတို့ကြိုးစားခဲ့ကြပြီး ပြန်ကစားနိုင်လို့ သူအလွန် ပျော်ရွှင်နေတယ်လို့ထင်ကြောင်း ပြောခဲ့ပါ တယ်။
ဘရာဇီးလ်အသင်းဟာ ဒီနိုင်ပွဲကြောင့် အုပ်စုပထမနဲ့ ရှုံးထွက် ၃၂ သင်းအဆင့် တက်နိုင်ခဲ့ပြီး အုပ်စု F က ဒုတိယ ရတဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
