- By CNI
- Category: အားကစား
- Hits: 175
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂
အီရန်အသင်းဟာ စစ်ပွဲနဲ့ဆက်စပ်တဲ့ အနှောင့်အယှက်တွေ၊ ခရီးသွားလာတာ ခက်ခဲမှု၊ ပြင်ဆင်တာ အကန့် အသတ်သာရှိတဲ့ အခြေအနေတွေကနေ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရှုံးပွဲမရှိ စတင်နိုင်မှုကို သူတို့ရဲ့ဘောလုံးသမိုင်းမှာ မှတ်တမ်းတင် ခံရလိမ့်မယ်လို့ နည်းပြဂါလီနိုအီက ပြောခဲ့ပါတယ်။
ဂါလီနိုအီက “ကျနော်တို့ဟာ ၆ လလောက် စစ်ပွဲ အခြေအနေမှာရှိခဲ့ပြီး လိဂ်လည်း မစတင်နိုင်ခဲ့ပါဘူး။ အသင်း အများအပြားက ကျနော်တို့နဲ့ ကစားမယ့်ပွဲတွေကို ဖျက်ခဲ့ကြပါတယ်။ ကျနော်တို့ဟာ အဆိုးရွားဆုံး အခြေအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ရောက်လာခဲ့ရတာပါ။ ရှုံးပွဲမရှိ စတင်နိုင်မှုက ကြီးမားတဲ့ အောင်မြင်မှုဖြစ်ပြီး ကမ္ဘာပေါ်မှာ ဘယ်အသင်းကမှ ဒီလိုအခြေအနေမျိုးကို ခံနိုင်ရည်ရှိပြီး ကစားနိုင်မယ်လို့ မထင်ကြောင်း” ပြောခဲ့တာပါ။
အီရန်အသင်းဟာ ကမ္ဘာ့ဖလားအုပ်စု ဒုတိယမြောက်ပွဲအဖြစ်ကစားခဲ့တဲ့ ဘယ်လ်ဂျီယံအသင်းနဲ့ပွဲမှာ ဂိုးမရှိ သရေ ကျခဲ့ပါတယ်။
အီရန်အသင်းဟာ အဖွင့်ပွဲမှာ နယူးဇီလန်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တာကြောင့် အုပ်စုပွဲစဉ် ၂ ပွဲ ကစားအပြီးမှာ ရမှတ် ၂ မှတ်ရရှိထားတာဖြစ်ပါတယ်။

အီရန်အသင်းကိုတွေ့ရစဉ်
အီရန်အသင်းဟာ ကမ္ဘာ့ဖလားပွဲတွေကစားဖို့ မက္ကဆီကိုနိုင်ငံမှာ အခြေစိုက်ပြီး လေ့ကျင့်ပြင်ဆင်နေရကာ ပွဲမတိုင်မီ တစ်ရက်အလိုမှာ အမေရိကန်နိုင်ငံထံ ထွက်ခွာရတာပါ။
အီရန်အသင်းဟာ အမေရိကန်နိုင်ငံမှာ ပွဲကစားပြီး မက္ကဆီကိုနိုင်ငံထံ ချက်ချင်း ပြန်ထွက်ခွာရတာကြောင့် အခက်အခဲ အများအပြား ရှိနေပေမယ့် ကမ္ဘာ့ဖလားအုပ်စု ၂ ပွဲစလုံးကို ရှုံးပွဲမရှိ စတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အီရန်အသင်းဟာ အုပ်စုနောက်ဆုံးပွဲအဖြစ် အီဂျစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပြိုင်ပွဲကျင်းပမယ့် မြို့ထံ စောစီးစွာ သွားနိုင်ဖို့ နည်းပြဂါလီနိုအီက မျှော်လင့်နေပါတယ်။
အီဂျစ်အသင်းကတော့ အုပ်စုပွဲစဉ် ၂ ပွဲ ကစားအပြီးမှာ ရမှတ် ၄ မှတ် ရရှိထားလို့ အီရန်အသင်းနဲ့ပွဲမှာ သရေ တစ်မှတ်ရရင် နောက်တစ်ဆင့်တက်မှာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 124
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂
စပိန်အသင်းက ဆော်ဒီအသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ သူ့ရဲ့ပထမဆုံး ကမ္ဘာ့ဖလားသွင်းဂိုးကို သွင်းယူ နိုင်ခဲ့တဲ့ ယာမဲလ်က ငယ်ဘဝ အိပ်မက်တစ်ခုကို အကောင်အထည် ဖော်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
ယာမဲလ်က “ဒါဟာ ထူးခြားပါတယ်။ ကျနော်ဟာ ကမ္ဘာ့ဖလားမှာ ပါဝင်ကစားဖို့ အမြဲတမ်း အိပ်မက်မက်ခဲ့ပြီး ပထမဆုံး ပွဲထွက်လူစာရင်းထဲ ပါဝင်တဲ့ပွဲမှာ ဂိုးသွင်းဖို့ကလည်း အိပ်မက်တစ်ခုပါပဲ။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျောင်းမှာကြည့်ခဲ့ရပြီး အခုဒီမှာရှိနေတာက အလွန်ကောင်းမွန်ပါတယ်။ ကျနော့်အမေနဲ့ ကျနော့် မိသားစုအတွက် ကျနော် အလွန်ဂုဏ်ယူတယ်”လို့ DAZN ကို ပြောခဲ့တာပါ။
စပိန်အသင်းနည်းပြ ဒယ်လာဖွန်တေဟာ ဆော်ဒီအသင်းနဲ့ပွဲမှာ ယာမဲလ်ကို ပွဲထွက် လူစာရင်းထဲ ထည့်သွင်းခဲ့ပြီး သူဟာ ပွဲချိန် ၁၀ မိနစ်မှာ အသင်းအတွက် အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။
အသက် ၁၈ နှစ်အရွယ်ရှိ ယာမဲလ်ဟာ အမျိုးသားကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းမှာ ၈ ဦးမြောက် အသက်အငယ်ဆုံး ဂိုးသွင်းတဲ့သူအဖြစ်လည်း မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
တံကောက်ကြောဒဏ်ရာ ရခဲ့ပြီးနောက် ကြံ့ခိုင်မှုပိုင်းကောင်းမွန်အောင် ပြုလုပ်နေရတဲ့ ယာမဲလ်ဟာ ကိပ်ဗာဒီ အသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ပွဲမှာ နောက်ဆုံး ၁၉ မိနစ်သာ ပါဝင်ကစားခဲ့ရတာပါ။

ယာမဲလ်ကို တွေ့ရစဉ်
ဆော်ဒီအသင်းနဲ့ ပထမပိုင်းအပြီးမှာ စပိန်အသင်းဟာ ယာမဲလ်ကို လူစားလဲပြီး အနားပေးခဲ့ပါတယ်။
စပိန်အသင်းနည်းပြ ဒယ်လာဖွန်တေက ယာမဲလ်ဟာ အချိန်အကြာကြီး ကစားနိုင်ပေမယ့် ပွဲရလဒ်နဲ့ ဒီပွဲကို ထိန်းချုပ်ထားတဲ့ အခြေအနေတွေကြောင့် လူစားလဲခဲ့တာဖြစ်ပြီး လာမယ့်ပွဲမှာ ပွဲချိန်ပြည့် ပါဝင်နိုင်တယ်လို့ ပြောခဲ့တာပါ။
ယာမဲလ်ကလည်း သူဟာ စပိန်အသင်းအတွက် အမြဲတမ်း ရာနှုန်းပြည့် ပေးဆပ်သွားမယ်လို့ ပြောခဲ့ပါတယ်။
၂ ပွဲ ကစားအပြီးမှာ ၄ မှတ် ရရှိထားတဲ့ စပိန်အသင်းဟာ အုပ်စုနောက်ဆုံးပွဲအဖြစ် ဥရုဂွေးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အနိမ့်ဆုံး သရေတစ်မှတ် ရယူနိုင်ရင် နောက်တစ်ဆင့်တက်မှာပါ။
ဥရုဂွေးအသင်းကတော့ ကိပ်ဗာဒီအသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့လို့ ၂ မှတ်သာရရှိထားပြီး စပိန်အသင်းနဲ့ပွဲမှာ နိုင်ပွဲ ရယူနိုင်ဖို့ ကြိုးပမ်းရတော့မှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 146
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန် ၁၉
လီဗာပူးလ်အသင်းဟာ အိုဆာဆူနာအသင်းက စပိန်ကြယ်ပွင့်မူနော့ဇ်ကို စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၄၀ နဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ စပိန်အသင်းရဲ့ကမ္ဘာ့ဖလားလူစာရင်းမှာ ပါဝင်နေတဲ့ မူနော့ဇ်ကို ဆေးစစ်မှုပြုလုပ်ဖို့ အမေရိကန်နိုင်ထံ သူတို့ရဲ့အဖွဲ့တွေစေလွှတ်ခဲ့တာပါ။
တောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်တဲ့ မူနော့ဇ်ကို လီဗာပူးလ်အသင်းက ၆ နှစ်စာချုပ်ချုပ်မှာဖြစ်ပြီး သူ့ရဲ့ပြောင်းရွှေ့ကြေးကို ၂ ရစ်ခွဲပြီးပေးချေမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ အိုဆာဆူနာအသင်းအတွက် ၃၆ ပွဲကစားပြီး ၇ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၅ ကြိမ်ပြုလုပ်နိုင်ခဲ့တဲ့ မူနော့ဇ်ကို ခေါ်ယူဖို့ နယူးကာဆယ်အသင်းက အခြေအနေကောင်းခဲ့တာပါ။
ဒါပေမယ့် လီဗာပူးလ်အသင်းဟာ ဒီ အပြောင်းအရွှေ့ထဲ ဝင်ရောက်လာပြီး မူနော့ဇ်ကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။

မူနော့ဇ်ဟာ နည်းပြသစ်အီရာအိုလာလက်ထက် လီဗာပူးလ်အသင်းရဲ့ပထမဆုံးကစားသမားခေါ်ယူမှု ဖြစ်ခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ မူနော့ဇ်ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် လိုက်ပ်ဇစ်အသင်းတောင်ပံကစားသမား ဒီယိုမန်ဒီကို ခေါ်ယူနိုင်ဖို့လည်း ကြိုးပမ်းနေပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီယိုမန်ဒီအတွက် ယူရိုသန်း ၁၀၀ ပေးချေသွားမယ်လို့ လိုက်ပ်ဇစ်အသင်းကို ပြောထားပြီး ဂျာမန်ကလပ်ကတော့ ဒီပြောင်းရွှေ့ကြေးထက် ပိုပြီးလိုချင်နေတာပါ။
အိုင်ဗရီကို့စ်အသင်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်နေတဲ့ ဒီယိုမန်ဒီကို ခေါ်ယူဖို့ PSG အသင်းကလည်း စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
ဒီယိုမန်ဒီဟာ ပြီးခဲ့တဲ့ရာသီမှာ လိုက်ပ်ဇစ်အသင်းအတွက် ဘွန်ဒက်လီဂါပြိုင်ပွဲမှာ ၃၃ ပွဲပါဝင်ကစားပြီး ၁၂ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၈ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 156
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉
ဥရုဂွေးအသင်း တိုက်စစ်မှူးဟောင်း ကာဗာနီဟာ အာဂျင်တီးနား ထိပ်သီးကလပ်ဖြစ်တဲ့ ဘိုကာဂျူနီယာအသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပါတယ်။
ဒါပေမယ့် အသက် ၃၉ နှစ်အရွယ်ရှိ ကာဗာနီဟာ ကစားသမားဘဝကနေ အနားမယူချင်သေးဘဲ ဘောလုံးဆက်ပြီး ကစားချင်နေပါတယ်။
ကာဗာနီဟာ ဘိုကာဂျူနီယာအသင်းကို ၂၀၂၃ ခုနှစ်မှာ ပြောင်းရွှေ့ခဲ့ပြီး ၈၁ ပွဲကစားကာ ၂၈ ဂိုး သွင်းယူနိုင် ခဲ့ပါ တယ်။
ကာဗာနီဟာ မကြာခဏဆိုသလို ဒဏ်ရာ ရရှိနေတာကြောင့် လျော်ကြေးမရဘဲ ဘိုကာဂျူနီယာအသင်းနဲ့ စာချုပ် ဖျက်သိမ်းခဲ့ရတယ်လို့ Ole က ဖော်ပြထားပါတယ်။
ကာဗာနီဟာ ၂၀၂၆ ခုနှစ်ရာသီမှာ ခါးနာတာနဲ့ ကျောရိုးနာကျင်မှုကြောင့် ဘိုကာဂျူနီယာအသင်းအတွက် ၂ ပွဲသာ ကစားနိုင်ခဲ့ပြီး ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိပါဘူး။

ကာဗာနီကို တွေ့ရစဉ်
ကာဗာနီရဲ့ ကိုယ်စားလှယ်တစ်ဦးက သူဟာ ကောင်းမွန်တယ်လို့ ခံစားရပြီး ပွဲဆက်ကစားနိုင်ဖို့ မျှော်လင့်ကြောင်းနဲ့ စာချုပ်ဖျက်သိမ်းလိုက်ပေမယ့် အနားယူမှာ မဟုတ်သေးဘူးလို့ ပြောခဲ့ပါတယ်။
ကာဗာနီဟာ ဘိုကာဂျူနီယာအသင်းနဲ့အတူ ဆုဖလားအောင်မြင်မှု ရယူနိုင်ခဲ့ခြင်း မရှိဘဲ အမြင့်ဆုံးအောင်မြင်မှု အဖြစ် ၂၀၂၃ ကိုပါလီဘာတေးဒိုးစ်ဗိုလ်လုပွဲ ရောက်ရှိခဲ့တာပါ။
ပါလာမို၊ နာပိုလီ၊ PSG၊ ယူနိုက်တက်နဲ့ ဗလင်စီယာအသင်းတို့မှာလည်း ကစားခဲ့တဲ့ ကာဗာနီဟာ ဥရုဂွေး လက်ရွေး စင် အသင်းကနေ ၂၀၂၂ ခုနှစ်မှာ အနားယူခဲ့ပါတယ်။
ကာဗာနီဟာ ဥရုဂွေးအသင်း အတွက် ၁၃၆ ပွဲ ကစားခဲ့ပြီး ၅၈ ဂိုးသွင်းယူကာ ၂၀၁၁ ကိုပါအမေရိကဖလား ရရှိခဲ့ပါ တယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 151
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပူးတွဲအိမ်ရှင် ကနေဒါအသင်းဟာ အုပ်စုဒုတိယမြောက်ပွဲမှာ ကာတာအသင်းကို ၆ ဂိုး-ဂိုး မရှိနဲ့ ဂိုးပြတ်အနိုင်ရပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူတို့ရဲ့ပထမဆုံး နိုင်ပွဲရရှိသွားခဲ့ပါတယ်။
ကနေဒါအသင်းအတွက် ဂျိုနသန်ဒေးဗစ်က ဟက်ထရစ်သွင်းပြီး လာရင်၊ ဆာလီဘာနဲ့ ကာတာကစားသမား ကိုယ့်ဂိုးကိုယ် ၁ ဂိုး သွင်းယူပေးခဲ့တာပါ။
ပြီးခဲ့တဲ့ကမ္ဘာ့ဖလားပြိုင်ပွဲ ၂ ကြိမ်စလုံးမှာ နိုင်ပွဲမရခဲ့တဲ့ ကနေဒါအသင်းဟာ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပတဲ့ ဒီပြိုင်ပွဲမှာ နိုင်ပွဲရခဲ့ပြီး အုပ်စုကနေတက်ဖို့ အခြေအနေ ကောင်းခဲ့ပါတယ်။
ကနေဒါအသင်းနည်းပြ ဂျက်ဆီမာ့ရှ်က “ဘယ်သူမှ ဒါကိုမေ့မှာ မဟုတ်သလို ကနေဒါလူမျိုးတွေလည်း ဒီနေ့ကို မေ့မှာ မဟုတ်ပါဘူး။ ဒီနိုင်ငံမှာ အရည်အချင်းရှိတဲ့ သူတွေ အများကြီးရှိသလို စိတ်ဓါတ်ပိုင်း၊ စိတ်ဆန္ဒတွေလည်း ရှိပါတယ်။ ဒီနိုင်ငံကို ထူးခြားစေတဲ့ အရာတွေ အများကြီးရှိတယ်ဆိုတာ လူတိုင်းနားလည်ဖို့ အလွန်အရေးပါတဲ့ အခိုက်အတန့်ပါ”လို့ ပြောခဲ့တာပါ။

ကနေဒါအသင်းကို တွေ့ရစဉ်
ဒီပွဲမှာ ကာတာအသင်း ကစားသမား မာဒီဘိုရဲ့ ကြမ်းတဲ့ ပြစ်ဒဏ် ကျူးလွန်မှုကြောင့် ကနေဒါအသင်းက ကိုနေး ခြေထောက်ကျိုးသွားခဲ့ပြီး မာဒီဘိုလည်း အနီကတ်ပြသခြင်း ခံခဲ့ရပါတယ်။
ကာတာအသင်းဟာ ပထမပိုင်းမှာလည်း ကစားသမား ၁ ဦး ထုတ်ပယ်ခံခဲ့ရလို့ ကစားသမား ၉ ဦးနဲ့ လက်ကျန် မိနစ်တွေကို ကစားခဲ့ရပါတယ်။
ကိုနေးဟာ ဆိုးရွားတဲ့ ဒဏ်ရာကြောင့် ဆေးရုံမှာ ခွဲစိတ်ကုသမှု ခံယူရမယ်လို့ ကနေဒါအသင်းနည်းပြက အတည်ပြုခဲ့ပါတယ်။
ကနေဒါအသင်းဟာ ဒီနိုင်ပွဲကြောင့် အုပ်စုတွင်း ၂ ပွဲ ကစားအပြီးမှာ ရမှတ် ၄ မှတ်ရရှိကာ ဆွစ်ဇာလန်အသင်းနဲ့ ရမှတ်တူ ဂိုးကွာခြားချက်အသာနဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာပါ။
ကနေဒါအသင်းဟာ အုပ်စုနောက်ဆုံးပွဲအဖြစ် ဇွန်လ ၂၄ ရက်မှာ ဆွစ်ဇာလန်အသင်းနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 138
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉
အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီရဲ့ ဖခင်ဖြစ်သူ ဂျော့ချ်မက်ဆီဟာ ကျန်းမာရေး မကောင်းဖြစ်နေ တယ်လို့ မိသားစုက အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
မကြာသေးမီက မက်ဆီရဲ့ဖခင် ကွယ်လွန်သွားပြီဆိုတဲ့ ကောလာဟလတွေ အပါအဝင် သတင်း အများအပြား ထွက်ပေါ်ခဲ့တဲ့အပေါ် သူ့ရဲ့မိသားစုက ကြေညာချက် ထုတ်ပြန်ပြီး ဖြေရှင်းလာခဲ့တာပါ။
ဒါပေမယ့် အသက် ၆၈ နှစ်အရွယ်ရှိ ဂျော့ချ်မက်ဆီ ခံစားနေရတဲ့ ရောဂါကို မိသားစုက ပြောခဲ့ခြင်းမရှိပါဘူး။
“သူဟာ အခုဆေးဘက်ဆိုင်ရာ ကြီးကြပ်မှုအောက်မှာရှိနေပြီး အခြေအနေတွေ ကောင်းမွန်စွာ တိုးတက်လာပါ တယ်။ ဂျော့ချ်ရဲ့ အခြေအနေနဲ့ပတ်သက်တဲ့ တိကျပြီး ယုံကြည်စိတ်ချရတဲ့ အချက်အလက်တွေကို သူ့ရဲ့အနီးစပ် ဆုံး မိသားစုဝင်တွေကသာ ရရှိကြောင်း ရှင်းလင်းချင်ပါတယ်။ ဒါကြောင့် မိသားစုကနေ မဖော်ပြတဲ့ ဘယ်လို အကြောင်းအရာကမှ မှန်ကန်တယ်လို့ မယူဆင့်ပါဘူး။ သူ့ရဲ့နောက်ဆုံး အခြေအနေတွေကို မိသားစုက သင့် လျော်တဲ့ ချန်နယ်လ်တွေကနေ ချက်ချင်းအသိပေးမယ်” လို့ မက်ဆီရဲ့မိသားစုက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် ထဲမှာ ဖော်ပြထားတာပါ။

မက်ဆီနဲ့ သူ့ရဲ့ဖခင်ကို တွေ့ရစဉ်
မက်ဆီဟာ အာဂျင်တီးနားအသင်းက အယ်လ်ဂျီးရီးယားအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလား အဖွင့်ပွဲမှာ ပထမ ဂိုးသွင်းယူပြီးနောက် ငိုကြွေးနေခဲ့တာ ဖြစ်ပါတယ်။
မက်ဆီက သူငိုကြွေးခဲ့တာဟာ ဘောလုံးနဲ့ လုံးဝ မသက်ဆိုင်တဲ့ အရာတစ်ခုကြောင့် ဖြစ်တယ်လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။
ဒါ့အပြင် မက်ဆီက သူဟာ ခက်ခဲတဲ့နေ့ရက်တွေကို ဖြတ်သန်းခဲ့ရပေမယ့် သူ့ဘေးနားမှာ အမြဲတမ်းရှိခဲ့တဲ့ အာဂျင်တီးနားအသင်းနဲ့ သူ့ရဲ့အသင်းဖော်တွေကို ကျေးဇူးတင်တယ်လို့ ပြောခဲ့ပါတယ်။
ဂျော့ချ်ဟာ သားဖြစ်သူ မက်ဆီရဲ့ ဘောလုံး ကစားသမားဘဝမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး သူ့ရဲ့ အေးဂျင့်အဖြစ် ဆောင်ရွက်ခဲ့သလို ကွင်းပြင်ပမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း စီမံခန့်ခွဲခဲ့တာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 115
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈
ကိပ်ဗာဒီအသင်းဂိုးသမား ဗိုဇင်ညာရဲ့ မိခင်ဖြစ်သူဟာ သူ့သား ပါဝင်ကစားမယ့် ကမ္ဘာ့ဖလားအုပ်စု ဒုတိယပွဲကို ကြည့်ရှုဖို့အတွက် အမေရိကန်နိုင်ငံထဲ ဝင်ရောက်ဖို့ ဗီဇာရရှိခဲ့ပါတယ်။
ဗိုဇင်ညာဟာ စပိန်အသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ ကိပ်ဗာဒီအသင်းအတွက် လက်စွမ်း ပြသပြီး ဂိုးကာကွယ်မှု အများအပြား ပြုလုပ်နိုင်ခဲ့တာပါ။
ပွဲအပြီးမှာ ဗိုဇင်ညာက သူ့ရဲ့မိခင်ဟာ သူကစားတဲ့ပွဲကို ကြည့်ဖို့ အမေရိကန်နိုင်ငံထဲ ဝင်ရောက်ခွင့်ဗီဇာ မရခဲ့ဘူးလို့ ငိုကြွေးပြီး ပြောခဲ့ပါတယ်။
အမေရိကန်အောက်လွှတ်တော် ဒီမိုကရက်တစ်ခေါင်းဆောင် ဂျက်ဖ်ဖရီးစ်ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနဲ့ စကားပြောခဲ့ချိန်မှာ ဗိုဇင်ညာရဲ့မိခင် လာမယ့် ကိပ်ဗာဒီအသင်းရဲ့ပွဲကို ကြည့်နိုင်အောင် လုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဗိုဇင်ညာကို တွေ့ရစဉ်
ဂျက်ဖ်ဖရီးစ်က ဗိုဇင်ညာရဲ့မိခင် သူ့သားပွဲကို ကြည့်နိုင်ဖို့အတွက် ပေးရမယ့် ငွေကြေးတွေကို ကင်းလွတ်ခွင့်ပေးပြီး ခရီးသွားလာရေး အစီအစဉ်တွေကို လုပ်ဆောင်နေတယ်လို့ ပြောခဲ့တာပါ။
ဗိုဇင်ညာရဲ့ မိခင်ဖြစ်သူက သားဖြစ်သူကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွားရောက် အားပေးရမယ့်အပေါ် ပျော်ရွှင်နေပြီး ပွဲအပြီးမှာ ပွေ့ဖက်မှုတွေ ပြုလုပ်သွားမယ်လို့ ပြောခဲ့ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ကိပ်ဗာဒီအသင်းဟာ အဖွင့်ပွဲမှာ စပိန်အသင်းနဲ့ သရေကျပြီး သူတို့ရဲ့ပထမဆုံး ကမ္ဘာ့ဖလားရမှတ်ကို ရရှိခဲ့တာပါ။
ကိပ်ဗာဒီအသင်းဟာ ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံး ၂ ပွဲအဖြစ် ဇွန်လ ၂၂ ရက်မှာ ဥရုဂွေးအသင်း၊ ၂၇ ရက်မှာ ဆော်ဒီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 125
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈
ယူနိုက်တက်အသင်းဟာ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်အတွက် ဘာစီလိုနာအသင်းနဲ့ အငှားစာချုပ်သစ် ဆွေးနွေးညှိနှိုင်း မှု ပြုလုပ်ဖို့ အစီအစဉ် မရှိဘူးလို့ ESPN သတင်းမှာ ဖော်ပြထားပါတယ်။
ဘာစီလိုနာအသင်းဟာ ရက်ရှ်ဖို့ဒ်ကို ဇွန်လ ၁၅ ရက်အထိ ယူရိုသန်း ၃၀ နဲ့ အပြီးသတ်ဝယ်ယူဖို့ ရွေးချယ်ခွင့် ရှိခဲ့တာပါ။
ဒါပေမယ့် ဘာစီလိုနာအသင်းဟာ ရက်ရှ်ဖို့ဒ်ကို အပြီးသတ် ဝယ်ယူခြင်း မပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ရက်ရှ်ဖို့ဒ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ကာရင်တန်ထံ ပြန်လာရတော့မှာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ အငှားကစားပြီး ခြေစွမ်းပြသနိုင်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်ကို နောက်ထပ် တစ်ရာသီ အငှားထပ်ခေါ်ဖို့ ဆန္ဒရှိနေပေမယ့် ယူနိုက်တက်အသင်းကတော့ အငှားစာချုပ်သစ်အတွက် ကြိုးပမ်းမှုတိုင်းကို ပယ်ချသွားဖို့ ရှိနေတာပါ။

ရက်ရှ်ဖို့ဒ်ကိုတွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ ရက်ရှ်ဖို့ဒ်ကို နောက်ထပ် အငှားချဖို့ထက် အပြီးသတ် ရောင်းချချင်နေတာ ဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာသီမှာ လာလီဂါနဲ့ စပိန်စူပါဖလား ရယူနိုင်ခဲ့ပြီး ၄၉ ပွဲကစားခဲ့တာမှာ ၁၄ ဂိုး သွင်းယူနိုင်ခဲ့ တဲ့ ဘာစီလိုနာအသင်းမှာ ဆက်ကစားချင်တဲ့ သူ့ရဲ့ မျှော်လင့်ချက်ကို စွန့်လွှတ်ဖို့ မရှိသေးပါဘူး။
ဘာစီလိုနာအသင်းဟာ နယူးကာဆယ်အသင်း တောင်ပံကစားသမား ဂေါ်ဒွန်ကို ယူရိုသန်း ၈၀ နဲ့ ခေါ်ယူခဲ့တာ ကြောင့် ရက်ရှ်ဖို့ဒ်ကို အပြီးသတ် မဝယ်ယူတော့တာ ဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်အနေနဲ့ အားလပ်ရက်အပြီးမှာ ယူနိုက်တက်အသင်းရဲ့ ရာသီကြို လေ့ကျင့်မှု အစီအစဉ်တွေမှာ လာ ရောက် ပူးပေါင်းရမှာဖြစ်လို့ နည်းပြကာရစ် လက်အောက်မှာ အခွင့်အရေး ပြန်ပြီးရမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 150
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈
အင်္ဂလန်အသင်းက ခရိုအေးရှားအသင်းကို ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စု အဖွင့်ပွဲမှာ အသင်းရဲ့ ဒုတိယပိုင်း တုံ့ပြန်မှု စွမ်းဆောင်ရည်ကို နှစ်သက်တယ်လို့ နည်းပြတူချယ်လ်က ပြောခဲ့ပါတယ်။
တူချယ်လ်က “ဒုတိယပိုင်းအားလုံးကို ကျနော် နှစ်သက်ပါတယ်။ ထိပ်တန်းပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပထမပိုင်းမှာ ဖြစ်ခဲ့တဲ့အရာတွေအပေါ် တုံ့ပြန်မှုကို ကျနော်နှစ်သက်ပါတယ်။ တိုးတက်အောင် လုပ်ရမယ့် အရာ တွေ ရှိနေသေးသလို ပြိုင်ပွဲတစ်ခုအနေနဲ့ ကြီးထွားလာအောင် ပြုလုပ်ဖို့လည်း လိုအပ်တယ်”လို့ ပြောခဲ့တာပါ။
အင်္ဂလန်အသင်းဟာ ဒီပွဲရဲ့ပထမပိုင်းမှာ ခရိုအေးရှားအသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့ပေမယ့် ဒုတိယပိုင်းမှာ သွင်းဂိုး ၂ ဂိုး ထပ်သွင်းပြီး အဖွင့်ပွဲမှာ အနိုင် ၃ မှတ် ရရှိခဲ့ပါတယ်။
အင်္ဂလန်အသင်းအတွက် ဂိုးတွေကို အသင်းခေါင်းဆောင် ဟာရီကိန်းက ၂ ဂိုး၊ ဘယ်လင်ဂမ်နဲ့ ရက်ရှ်ဖို့ဒ်တို့က ၁ ဂိုးစီ သွင်းခဲ့ပြီး ခရိုအေးရှားအသင်းအတွက် ချေပဂိုးတွေကို ဘာတူရင်နာနဲ့ မူဆာတို့က သွင်းယူခဲ့တာပါ။

အင်္ဂလန်အသင်း ယှဉ်ပြိုင်နေစဉ်
အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းကလည်း ဒုတိယပိုင်း အလှည့်အပြောင်းအတွက် နည်းပြတူချယ်လ်ကို အသိအမှတ်ပြုခဲ့ပြီး ဒီပုံစံကို ပွဲတိုင်းမှာ အဆင့်အတန်း တစ်ခုအဖြစ် သတ်မှတ်ရမယ်လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် ဟာရီကိန်းက ပြိုင်ပွဲရဲ့အဖွင့်ပွဲမှာ ခက်ခဲတဲ့ အသင်းနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ကောင်းမွန်တဲ့ ရလဒ်ရခဲ့လို့ အသင်းဖော်တွေကို ချီးကျူးခဲ့ပါတယ်။
အင်္ဂလန်အသင်းရဲ့ အုပ်စုတွင်းက နောက်ထပ် ပွဲစဉ်တစ်ပွဲမှာ ဂါနာအသင်းက ပနားမားအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။
အုပ်စုဒုတိယပွဲတွေအဖြစ် ဇွန်လ ၂၄ ရက်မှာ အင်္ဂလန်အသင်းက ဂါနာ၊ ခရိုအေးရှားအသင်းက ပနားမားအသင်းနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 390
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈
ပေါ်တူဂီအသင်းနည်းပြ ရော်ဘတ်တိုမာတီနက်ဇ်က DR ကွန်ဂိုအသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ကမ္ဘာ့ဖလား အဖွင့်ပွဲမှာ အသင်းခေါင်းဆောင် ရော်နယ်လ်ဒိုကို လူစားလဲမှုပြုလုပ်ဖို့က အဓိပ္ပါယ်မရှိဘူးလို့ ပြောခဲ့ပါတယ်။
ရော်ဘတ်တိုမာတီနက်ဇ်က “ဂိုးသွင်းယူနိုင်ဖို့ လိုအပ်တဲ့ပွဲမှာ ကမ္ဘာ့အကောင်းဆုံး ဂိုးသွင်းတဲ့သူကို ပွဲထဲကနေ ထုတ်လိုက်တာက အဓိပ္ပါယ်မရှိဘူး”လို့ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဖြေခဲ့ပါတယ်။
ရော်နယ်လ်ဒိုဟာ ဒီပွဲမှာ ဂိုးပေါက်ကန်သွင်းမှု ၃ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး ဂိုးပေါက်တည့်မှု ၁ ကြိမ်မှ မရှိခဲ့ပေမယ့် ပွဲချိန်ပြည့် ပါဝင်ကစားခဲ့တာပါ။
ဒါဟာ ရော်နယ်လ်ဒိုအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးပေါက်တည့်မှု ၁ ကြိမ်မှမရှိတဲ့ ၆ ပွဲမြောက်ပွဲလည်း ဖြစ်ခဲ့ပါ တယ်။

ရော်နယ်လ်ဒိုကို တွေ့ရစဉ်
ရော်နယ်လ်ဒိုဟာ အခုဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၅ ပွဲဆက်တိုက် ဂိုးပေါက် ပျောက်ဆုံးနေသလို ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲရဲ့နောက်ဆုံး ၁၀ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့တာပါ။
အဲ့ဒါကြောင့် DR ကွန်ဂိုအသင်းနဲ့ပွဲမှာ ရော်နယ်လ်ဒိုကို ပွဲချိန်ပြည့် အသုံးပြုတဲ့အပေါ် ပေါ်တူဂီအသင်းနည်းပြ မာတီနက်ဇ်ဟာ မေးခွန်းထုတ်ခံခဲ့ရပြီး သူကတော့ ဂိုးလိုအပ်နေတဲ့ အချိန်မှာ ရော်နယ်လ်ဒိုကို လူစားလဲဖို့က အဓိပ္ပါယ်မရှိလို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် မာတီနက်ဇ်က အဖွင့်ပွဲစဉ်ပဲရှိသေးတာကြောင့် ထိတ်လန့်စရာမလိုဘဲ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒီလိုအရာ တွေက ဖြစ်လေ့ရှိတယ်လို့ ပြောခဲ့ပါတယ်။
အာဂျင်တီးနားအသင်းက ဆော်ဒီအသင်းကို အဖွင့်ပွဲမှာ အရေးနိမ့်ပြီး ၂၀၂၂ ကမ္ဘာ့ဖလား ရရှိခဲ့တာနဲ့ စပိန်အသင်း က ဆွစ်ဇာလန်အသင်းကို အဖွင့်ပွဲမှာ အရေးနိမ့်ပြီး ၂၀၁၀ ကမ္ဘာ့ဖလား ရရှိခဲ့တာကိုလည်း မာတီနက်ဇ်က ပြောသွားခဲ့တာပါ။
ပေါ်တူဂီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုဒုတိယမြောက်ပွဲအဖြစ် ဇွန်လ ၂၃ ရက်မှာ ဥဇဘတ်ကစ္စတန် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
