CNI International News

အင်ဖဲလ်၊ ဧပြီ - ၆

အိန္ဒိယကို တော်လှန်တိုက်ခိုက်နေသည့် ကူးကီးလွတ်လပ်ရေးတပ်မတော်/ကူးကီးလွတ်လပ်ရေးအဖွဲ့(KIA/KIO)၏ တပ်မှူးဖြစ်သူကို အိန္ဒိယနိုင်ငံ၊ မဏိပူရ် ပြည်နယ် ရဲတပ်ဖွဲ့က အလိုရှိဆုံး ရာဇဝတ်သားအဖြစ် သတ်မှတ်ခဲ့ပြီး ဆုငွေထုတ်ခဲ့သည်ဟု Imphal Times သတင်းတွင် ဖော်ပြသည်။

အဆိုပါ ခေါင်းဆောင်၏ အမည်မှာ Thangkhongam Haokip(သမ်ခိုဂမ် ဟာကီးပ်) (ခေါ်) Davidson (ဒေးဗစ်ဆန်း) (ခေါ်) Pareng Kom(ပရာကို့စ်) ဖြစ်သည်ဟု ဖော်ပြသည်။

၎င်းနှင့်ပတ်သက်သည့် သတင်းပေးနိုင်သူအား ဆုငွေ ရူပီး ၅၀၀၀၀ ပေးမည်ဟု ဆုကြေး ထုတ်ထားသည်။

Haokip(ဟာကီးပ်) သည် မြန်မာနှင့်နယ်စပ် မဏိပူရ်ပြည်နယ် (Manipur) ချူရာချန်ပါခရိုင် (Churachandpur)၊ မာတီဂျန်းခိုပီ (Matijang Khopi) ကျေးရွာဇာတိ ဖြစ်သည်ဟု ဖော်ပြသည်။

ဆုငွေထုတ်ခံထားရတဲ့ ကူးကီးသူပုန်ခေါင်းဆောင် Thangkhongam Haokip ကို တွေ့ရစဉ်

ထို့နောက် ၎င်းသည် မကြာသေးခင်က ဖြစ်ပွားခဲ့သော ငွေရရှိရန် ပြန်ပေးဆွဲမှု၊ ငွေညှစ်မှုနှင့် ဗုံးခွဲမှုများတွင် ပါဝင် ပတ်သက်နေသည်ဟု စွပ်စွဲခံထားရသူ ဖြစ်သည်။

ဟာကီးပ်အား ချူရာချန်ပါ ရဲစခန်းတွင် အမှုဖွင့်ထားသည့် အမှုနှစ်ခု၊ ခရိုင်အတွင်းရှိ တခြားသော တရားရုံးများတွင် ဖွင့်ထားသောအမှု ၈ ခုတို့နှင့် ဆက်စပ်နေခြင်းအတွက် အလိုရှိနေခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့သည် စွပ်စွဲခံထားရသူ၏ ဓာတ်ပုံနှင့်အတူ သတင်းပေးရန် ဖုန်းနံပါတ်များကိုလည်း ဖော်ပြထားသည်။

ထို့နောက် သတင်းပေးသူ၏ အချက်အလက်များကို လျှို့ဝှက်ပေးထားမည်ဟု ကြေညာထားသည်။

Source: Imphal Times