CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇


နစကအဖွဲ့ဝင် ပူဂင့်ကမ်းလျန် အစား ဒေါက်တာမှုထန်ကို အစားထိုးခန့်အပ်ကြောင်း ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် နစက-က ထုတ်ပြန် ကြေညာခဲ့သည်။


ပူဂင့်ကမ်းလျန်သည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က အသစ်ပြန်လည် ဖွဲ့စည်းလိုက်သော နစက အဖွဲ့ တွင် အဖွဲ့ဝင်အဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။


ထို့နောက် ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာတော့ ဒေါက်တာမှုထန်ကို အစားထိုးခန့်အပ်ခဲ့သည်။


ဒေါက်တာမှုထန်သည် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ကြောင်းထီးယားရွာတွင် မွေးဖွားခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။


၂၀၂၁ ခုနှစ်၊ သြဂုတ် ၁၁ ရက်နေ့က ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ ဒေါက်တာမှုထန်၏ နေအိမ်တွင် ဗုံးပေါက် ကွဲမှု ဖြစ်ပွားခဲ့သေးသည်။