CNI International News

အင်ဖဲလ်၊ ဖေဖော်ဝါရီ ၁၇

အိန္ဒိယနိုင်ငံ၊ မဏိပူရ သူပုန်အဖွဲ့တစ်ခုမှ ကေဒါများဟု သံသယရှိသူ နှစ်ဦးသည် အိန္ဒိယနယ်စပ်အနီး မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းမှာ ဖြစ်ပွားခဲ့သော ပစ်ခတ်မှုတစ်ခု၌ သေဆုံးသွားခဲ့သည်ဟု ထောက်လှမ်းရေး အရာရှိများက ကြာသပတေးနေ့တွင် ပြောကြားခဲ့ကြောင်း NORTHEAST NOW သတင်းတွင် ဖော်ပြထားသည်။

ထိုဖြစ်ရပ်ပြီးနောက် သေဆုံးသူများနှင့် အတူရှိနေသော လက်နက်ကိုင် တော်လှန်ရေးသမားဟု သံသယရှိသူ နှစ်ဦး လည်း ပျောက်ဆုံး လျက်ရှိသည်။

နန်းဖာလုံဈေးကိုတွေ့ရစဉ်

ထို့နောက် သေဆုံးသွားသူ နှစ်ဦး၏ ရုပ်အလောင်းများကို အိန္ဒိယ-မြန်မာနယ်စပ် မိုရေးမြို့အနီးရှိ နမ့်ဖာလောင် (တမူးမြို့ဈေး) နှင့် ၃၅ ကီလိုမီတာအကွာ တောင်ကျော်ကျေးရွာ လမ်းဘေးရှိ လေးဘီးယာဉ် အတွင်းတွင် ဦးခေါင်း ၌ ကျည်ဆံဒဏ်ရာများဖြင့် တွေ့ခဲ့ရသည်။

တောင်ကျော်ကျေးရွာသည် မဏိပူရပြည်နယ်ရှိ ကင်မ်ဂျော်ခရိုင်နှင့် ထိစပ်နေသည်။

မျက်လုံးများ စီးထားသော အလောင်းများကို ဖေဖော်ဝါရီ ၁၂ ရက်တွင် တွေ့ခဲ့ရသည်ဟု အာဏာပိုင်များက ပြော သည်။ သတင်းများအရ ၎င်းတို့သည် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း သေနတ်ထောက် ပြန်ပေးဆွဲခံခဲ့ရခြင်း ဖြစ်သည်။

အသတ်ခံရသူ နှစ်ဦးမှာ ဂျီရီဘမ်း (Jiribam)မှ ကာလန် ခေါ် ပရမ် (Kalen alias Prem) နှင့် ကတ်ချင်းခူနူး (Kakching Khunou)မှ ခူမုချမ်း ဝတ်ချင်း ခေါ် ပရီယိုကူးမား (Khumukcham Wakching alias Preyokumar) တို့ဖြစ်သည်။

မဏိပူရ ကသည်းသူပုန်ကိုတွေ့ရစဉ်

လက်ရှိအချိန်တွင် ၎င်းတို့သည် မဏိပူရပြည်နယ်ရှိ မည်သည့် သူပုန်အဖွဲ့မှ ဖြစ်သည်ကို မသိရသေးပေ။

ပျောက်ဆုံးနေသူနှစ်ဦးမှာ ဆာရမ်းခူး ပိုလန်ဆွိုင် (Sarengkhul Polangsoi ) ကျေးရွာမှ တက်ချမ် မာရမ်ဘာ ခေါ် ဟီရိုဂျစ် (Tekcham Mayamba alias Herojit) နှင့် မိုးရေးမြို့မှ မာဆာ (Masir) တို့ဖြစ်သည်ဟု နောက်ထပ် ထွက်ပေါ်လာသော သတင်းများတွင် ဖော်ပြသည်။

Source: Northeast News