CNI International News

မော်စကို၊ ဖေဖော်ဝါရီ ၁

နေတိုးအဖွဲ့သည် ရုရှားကို ကိုယ်တိုင်ဝင်တိုက်စရာမလိုသောနည်းဖြင့် စစ်ပွဲဆင်နွှဲနေသည်မှာ ကာလကြာရှည် လျက်ရှိပြီဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့(Sergey Lavrov) က ပြောကြားကြောင်း တာ့စ် သတင်းတွင် ဖော်ပြသည်။

အီဂျစ်နိုင်ငံခြားရေးဝန်ကြီးနှင့် အင်္ဂါနေ့တွေ့ဆုံပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အနောက်အုပ်စု မိတ်ဖက်နိုင်ငံများအနေဖြင့် မည်သို့ပင်ဖြစ်ပါစေ ငြိမ်းချမ်းရေးလမ်းသည် လက်နက်ပို့ဆောင်ခြင်း ပေါ်တွင် မှီခိုနေသည်ဆိုသည့် ဆောင်ပုဒ်အပါအဝင် ယူကရိန်းကို လက်နက်ဖြင့် တွန်းအားပေးနေသည့် ၎င်းတို့ လုပ်ရပ်များကို တရားမျှတမှုရှိစေရန် ဆောင်ရွက်နေကြောင်း၊ လူတိုင်းသည် အရာအားလုံးကို သိကြောင်း နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့(ဓါတ်ပုံ-တာ့စ်)

နေတိုးသည် ရုရှားကို ကိုယ်တိုင်ဝင်တိုက်ရန်မလိုသောနည်းဖြင့် ကာလရှည်စစ်ပွဲဆင်နွှဲလျက်ရှိကြောင်း၊ ယင်းကို ၎င်းတို့၏ လက္ခဏာများနှင့် ယူကရိန်းအစိုးရ၏လုပ်ရပ်များတွင် မြင်နိုင်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။ ယူကရိန်းနိုင်ငံအား ရုရှား၏လုံခြုံရေးအတွက် ပိုမိုပြင်းထန်သော ခြိမ်းခြောက်မှုတစ်ခုဖြစ်လာခြင်းမှ တားဆီးရန် ရုရှားဘက်ကမှ လိုအပ်သောဆောင်ရွက်ချက်များကို လုပ်ဆောင်နေသည်ဟုလည်း လာဗရော့က ပြောသည်။

တိုက်ခိုက်ရေးလက်နက်များအပါအဝင် ပြင်းထန်သောလက်နက်များကို ယူကရိန်းသို့ တိုးမြှင့်ပေးခြင်းဖြင့် အနောက်အုပ်စုဘက်မှ မည်သို့တွန်းအားပေးနေမည်လဲဆိုသည့် ဆွေးနွေးမှုများကို စောင့်ကြည့်နေကြောင်း၊ ယူကရိန်းကို ပိုမိုဆိုးရွားသောလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုဖြစ်လာစေခြင်းမှ တားဆီးရန်၊ ရုရှားနှင့်ပတ်သက် ဆက်နွှယ်မှုရှိသည်ဟု ခံစားရသည့် ယူကရိန်းနိုင်ငံသားများနှင့် ယူကရိန်းနိုင်ငံသားဟောင်းများအပေါ် ခွဲခြား ဆက်ဆံခြင်း၊ဖျက်ဆီးခြင်း စသည့်မူဝါဒများကို ယူကရိန်းအစိုးရဘက်မှ မဖော်ဆောင်နိုင်ရေးတားဆီးရန် ရုရှား ဘက်က လိုအပ်သောလုပ်ဆောင်ချက်များကို ချမှတ်ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ထပ်လောင်း ပြောသည်။

ထိုသို့သော အခြေအနေများကို ရုရှားအစိုးရပိုင်းမှ စောင့်ကြည့်နေချိန်တွင် ရုရှားတပ်ဖွဲ့များကလည်း အနောက် အုပ်စု၏ အစီအစဉ်များအား တားဆီးရေးအတွက် လိုအပ်သည့်လုပ်ဆောင်ချက်များကို ချမှတ်ဆောင်ရွက်သွားမည် ဟု လာဗရော့က အလေးပေး ပြောဆိုခဲ့သည်။

Source:ဝာာ့စ်သတင်းဌာန