CNI Sport News

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၉

ရာမို့စ်က ၂၀၂၁ ခုနှစ်အတွက် ဘောလွန်းဒီအောဆုကို မက်ဆီရယူနိုင်မယ်လို့ ထောက်ခံလိုက်ပြီး အသင်းဖော်သစ် အနေနဲ့ ကမ္ဘာမှာ ကံကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ဒါ့အပြင် ရာမို့စ်က မက်ဆီအနေနဲ့ ဘောလွန်းဒီအောဆုပိုက်ပြီး ဂုဏ်ယူစွာနဲ့ အိမ်ပြန်နိုင်ဖို့ကို မျှော်လင့်နေတာ ဖြစ်ပါတယ်။သူတို့နှစ်ဦးဟာ လာလီဂါမှာ ပြိုင်ဘက်တွေအဖြစ် ကာလကြာရှည်စွာ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ဒီ အပြောင်းအရွှေ့ကမှ ပီအက်စ်ဂျီအသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ စိန့်အန်တီယန်အသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ် လီဂူးဝမ်းပွဲစဉ်မှာတော့ သူတို့နှစ်ဦးဟာ အသင်းဖော်တွေအဖြစ် ပထမဆုံးအကြိမ် ပွဲထွက် ခဲ့တာပါ။ဒီပွဲမှာ မက်ဆီက ပီအက်စ်ဂျီအသင်း သွင်းယူခဲ့တဲ့ ၃ ဂိုးလုံးကို ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

မက်ဆီကတော့ အခုနှစ်မှာ ကျင်းပမယ့် ဘောလွန်းဒီအောဆုကို ၇ ကြိမ်မြောက်ရယူနိုင်ဖို့ ရေပန်းစားနေခဲ့တာ လည်းဖြစ်ပါတယ်။ ရာမို့စ်က “မက်ဆီ ဒီ ဆုကိုရယူနိုင်မယ်လို့ ကျနော်မျှော်လင့်ထားပါတယ်။ကျနော့်အသင်းက သူတွေကိုပဲ ကျနော်ကာကွယ်ပေးသွားမှာပါ။ ကမ္ဘာကြီးပေါ်မှာ သူကံကောင်းပါစေလို့ ကျနော် ဆုတောင်းပေး နေမှာပါ။သူဟာ ပုံစံကောင်းရှိနေပြီး တကယ်ကို ကွဲပြားခြားနားတဲ့ ကစားသမားလို့ ကျနော်ထင်ပါတယ်။ သူဟာ ထူးခြားတဲ့ကစားသမားဖြစ်ပြီး အသင်းက သူ့ကိုရထားတာ ကျေနပ်ဖို့ကောင်းပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် ရာမို့စ် က “ပီအက်စ်ဂျီ ကို ပိုမိုကြီးမားတဲ့ အောင်မြင်မှုတွေရယူစေချင်ပြီး လိုအပ်တဲ့ အရာတွေကို အောင်မြင်အောင် စွမ်းဆောင်နိုင်ဖို့အတွက် ကျနော်တို့ တစ်ဦးချင်းစီကနေ ကိုယ်ပိုင်အရည်အသွေးတွေကို ဖြည်းဖြည်းချင်းယူဆောင်ပေးလာနိုင်ဖို့ မျှော်လင့်ကြောင်း”ပြောခဲ့တာဖြစ်ပါတယ်။ ရာမို့စ်နဲ့မက်ဆီတို့ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်း လာလီဂါမှာ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သလို သူတို့ကစားတဲ့နေရာမှာ အကောင်းဆုံး ကစား သမားတွေအဖြစ်လည်း သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီအကုန်မှာတော့ မက်ဆီနဲ့ ရာမို့စ်တို့ဟာ ဘာစီလိုနာ၊ရီးရယ်လ်အသင်းတို့နဲ့ စာချုပ်ကုန်ဆုံးခဲ့ပြီး ပီအက်စ်ဂျီအသင်းကို အလွတ်နဲ့ ရောက်ရှိ လာခဲ့တာပါ။

သူတို့နှစ်ဦးအနေနဲ့ တစ်သင်းတည်းမှာ အတူတွဲကစားတာကို မြင်ရဖို့က အိမ်မက်ပဲဖြစ်နိုင်တယ်လို့ ထင်မှတ်ခဲ့ ကြပေမယ့် အခုအချိန်မှာတော့ တစ်သင်းတည်းမှာ အတူတွဲကစားနေကြတာကို မြင်တွေ့ခဲ့ရပြီလည်း ဖြစ်ပါတယ်။ ရာမို့စ်က အခုအချိန်မှာ အသင်းဖော်ဖြစ်နေတဲ့ မက်ဆီကို ဘောလွန်းဒီအောဆုအတွက် ထောက်ခံနေပြီလည်း ဖြစ်ပါတယ်။ မက်ဆီဟာ ဒီနှစ် ဘောလွန်းဒီအောဆုအတွက် ဘန်ဇီမာ၊လီဝန်ဒေါစကီးတို့နဲ့ အပြိုင်ရေပန်းစားနေခဲ့ တာဖြစ်ပါတယ်။

Source:www.goal.com