CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၁၂

အာဆင်နယ်အသင်းရဲ့ အဓိက နောက်ခံလူတွေဖြစ်တဲ့ ဆလီဘာနဲ့ ဇင်ချန်ကိုတို့ဟာ အခုရာသီ အကုန်ထိ အသင်း အတွက် ပါဝင်ပေးနိုင်တော့မှာ မဟုတ်ဘူးလို့ နိုင်ငံတကာ အားကစားသတင်းတွေမှာ ဖော်ပြထားပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ထိပ်ဆုံးနေရာက မန်စီးတီးအသင်းကို အမှီလိုက်ဖို့ ကြိုးပမ်းနေတဲ့အချိန်မှာ အဓိက ကစားသမား ၂ ဦး ဒဏ်ရာကြောင့် အနားယူရမှာက အသင်းအတွက် ထိုးနှက်ချက် အဖြစ် ရှိလာခဲ့ပါတယ်။

သူတို့ ၂ ဦးစလုံးဟာ အာဆင်နယ်အသင်းရဲ့ ဦးစားပေး နောက်ခံလူတွေ ဖြစ်တဲ့အတွက် နည်းပြ အာတီတာဟာ ပရီးမီးယားလိဂ် လက်ကျန် ၃ ပွဲမှာ အဓိက ကစားသမား ၂ ဦးမပါဘဲ ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။

ဇင်ချန်ကိုဟာ နယူးကာဆယ် အသင်းကို အနိုင်ရခဲ့တဲ့ ပြီးခဲ့တဲ့အပတ်က ပရီးမီးယားလိဂ်ပွဲမှာ ခြေသလုံး ကြွက်သား ဒဏ်ရာရခဲ့တာဖြစ်ပြီး ဒီဒဏ်ရာဟာ လက်ကျန်ပွဲတွေမှာ ပါဝင်နိုင်ဖို့အတွက် အချိန် မလုံလောက်ဘူးလို့ သိရပါတယ်။

အဲဒါကြောင့် နည်းပြ အာတီတာဟာ ဇင်ချန်ကို နေရာမှာ တီယာနေးကို ပွဲထွက် ကစားသမားအဖြစ် အသုံးပြုရ တော့မှာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းကိုတွေ့ရစဉ်

ဆလီဘာကတော့ စပို့တင်းလစ္စဘွန်းကို အရေးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ် ပွဲမှာရခဲ့တဲ့ ဒဏ်ရာကြောင့် မတ်လလယ် ကတည်းက အာဆင်နယ်အတွက် မပါဝင်နိုင်ခဲ့ပါဘူး။

ပြင်သစ်နောက်ခံလူဟာ ဒဏ်ရာကြောင့် ဒီရာသီမှာ အသင်းအတွက် ထပ်ပြီးကစားပေးဖို့ မဖြစ်နိုင်တော့ဘူးလို့ ဒေးလီးမေးလ်က ဧပြီလ ၁၆ ရက်က ဖော်ပြခဲ့တာပါ။

အာဆင်နယ် အသင်းဟာ ဆလီဘာ မပါဝင်နိုင်တဲ့ ပွဲတွေမှာ ဗဟိုနောက်ခံလူအဖြစ် ဟိုးလ်ဒင်းနဲ့ ဂါဘရီရယ်လ် အတွဲကို အသုံးပြုခဲ့ပေမယ့် ရလဒ်တွေက ဆိုးခဲ့တာကြောင့် အဆင့် ၁ နေရာကို မန်စီးတီးအသင်းထံ လွှဲပေးခဲ့ရတာ ဖြစ်ပါတယ်။

လန်ဒန်ကလပ်ဟာ ချယ်လ်ဆီးနဲ့ နယူးကာဆယ် အသင်းတို့ကို အနိုင်ရတဲ့ ပွဲတွေမှာတော့ ခီဗီရာနဲ့ ဂါဘရီရယ်လ် တို့ကို တွဲဖက်အသုံးပြုခဲ့လို့ နိုင်ပွဲတွေ ပြန်လည် ရယူနိုင်ခဲ့ပါတယ်။

အဲဒါကြောင့် အာဆင်နယ်အသင်းဟာ ဘရိုက်တန်အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲမှာလည်း ခီဗီရာနဲ့ ဂါဘရီရယ်လ်တို့ကို ဗဟိုနောက်ခံလူအဖြစ် အသုံးပြုပြီး တီယာနေးကို ဘယ်နောက်ခံလူအဖြစ် အသုံးပြုကာ ပွဲထွက်လာဖို့ ရှိနေတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဘရိုက်တန်အသင်းနဲ့ ပွဲအပြီးမှာတော့ နော်တင်ဟမ်ဖောရက်စ်၊ ဝုလ်ဗ်စ်အသင်းတို့နဲ့ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်တွေကို ဆက်ပြီး ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Source: Daily Mail