CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၄

ထိုင်းနိုင်ငံ TV Channel 3 မှ ဩဂုတ်လအတွင်းကြည့်ရှုနိုင်မည့် ထိုင်းဇာတ်ကားများနှင့် ဇာတ်လမ်းတွဲများကို ဖော်ပြပေးလိုက်ပါတယ်။

မြန်မာပရိသတ်တွေအသည်းစွဲ သရုပ်ဆောင် James Ma နှင့် Mew Nittha တို့ ပါဝင်သရုပ်ဆောင် ထားကြတဲ့ “Duang Tah Tee Sarm”( English title: I See Dead People)ဆိုသည့် ဇာတ်ကားကို အပတ်စဉ် တနင်္လာနှင့် အင်္ဂါနေ့တို့တွင် ပြသသွားမယ်လို့ သိရပါတယ်။

ထိုင်းမင်းသမီး Donut Manatsanun ထုတ်လုပ်ရိုက်ကူးထားတဲ့ May December Romance ဆိုတဲ့ ဇာတ်လမ်းတွဲကို အပတ်စဉ် သောကြာ၊ စနေနှင့် တနင်္ဂနွေနေ့များရဲ့ ည ၈ နာရီ ၂၀ အချိန်များတွင် Thai TV Channel 3 မှာ Ruk Nirun Juntra ဇာတ်ကားအပြီး ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။ ပါဝင်သရုပ်ဆောင်ထားကြသူများကတော့ Shahkrit Yamnam၊ Ryu Vachirawich နှင့်Yam Matira တို့ပဲဖြစ်ပါတယ်။

ထိုင်းနာမည်ကြီး သရုပ်ဆောင် Pae Arak နှင့် Fang Dhanantorn တို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ ဇာတ်လမ်းတွဲအသစ်ဖြစ်သော Me Always You ဆိုသည့် ဇာတ်ကားကို လာမယ့် ဩဂုတ်လ ၂၇ ရက်နေ့မှ စပြီး အပတ်စဉ် သောကြာ၊ စနေနေ့ရဲ့ ည ၁၁ နာရီ အချိန်များတွင် စောင့်မျှော်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

သရုပ်ဆောင် Boat Tara နှင့် Lala Larissa တို့ပါဝင် သရုပ်ဆောင်ထားကြတဲ့ ဟာသ-ဒရမ်မာ ဇာတ်ကားသစ် ဖြစ်တဲ့ Peesard Saen Kul ဇာတ်ကားကို ဩဂုတ် ၄ ရက်နေ့ ည ၇ နာရီမှာ ထုတ်လွှင့်ပြသ သွားမှာြဖစ်ပါတယ်။

Source:Thai Update

#Thaimovie
#Thaiseries
#Thaitvchannel3
#CNINesw
#CNIMyanmar
#ChannelNewsIndependent