- By CNI
- Category: အားကစား
- Hits: 174
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁
စကော့တလန်အသင်းဟာ ဒဏ်ရာရရှိသွားတဲ့ နာပိုလီအသင်းကွင်းလယ်လူ ဂီလ်မောရဲ့နေရာမှာ ယူနိုက်တက် အသင်းရဲ့ဆယ်ကျော်သက်ကစားသမား တိုင်လာဖလက်ချာကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲလူစာရင်းထဲ အစားထိုး ရွေးချယ်ခဲ့ပါတယ်။
အသက် ၁၉ နှစ်အရွယ်ရှိ တိုင်လာဖလက်ချာဟာ ကူရာဆောအသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ စကော့တလန်အသင်းအတွက် ပွဲဦးထွက်အဖြစ် လူစားဝင်ပါဝင် ကစားသွားခဲ့တာပါ။
ဂီလ်မောဟာ ဒီပွဲရဲ့ ပထမပိုင်းမှာ ရခဲ့တဲ့ ဒူးဒဏ်ရာကြောင့် စကော့တလန်အသင်း လူစာရင်းကနေ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။
ဒါရင်းဖလက်ချာရဲ့သားဖြစ်သူ တိုင်လာဖလက်ချာဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် လူစားဝင်အဖြစ် ၂ ပွဲ ပါဝင်ကစားခဲ့တာပါ။
တိုင်လာဖလက်ချာရဲ့အမွှာညီအစ်ကို ဂျက်ကတော့ အင်္ဂလန်အသင်းကို ကိုယ်စားပြုဖို့ ရွေးချယ်ထားပါတယ်။

စကော့တလန်အသင်းနည်းပြ စတိဗ်ကလာ့ခ်ဟာ တိုင်လာကို ကစားသမားတချို့နဲ့အတူ အသင်းရဲ့လေကျင့်မှုပြုလုပ်မယ့် လူစာရင်းထဲ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
စကော့တလန်အသင်းနည်းပြစတိဗ်ကလာ့ခ်က ဒဏ်ရာရခဲ့တဲ့ ဂီလ်မောအတွက် သူဝမ်းနည်းမိပြီး အသင်း တစ်သင်းလုံးဟာ သူ့အတွက် စိတ်မကောင်းဖြစ်နေကြတယ်လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် စတိဗ်ကလာ့ခ်က တိုင်လာဖလက်ချာရဲ့စွမ်းဆောင်ရည်ကို အားလုံးက အထင်ကြီးခဲ့တဲ့အတွက် သူနဲ့ပတ်သက်ပြီး သံသယမရှိဘူးလို့ ပြောခဲ့တာပါ။
စကော့တလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ နောက်ဆုံးခြေစမ်းပွဲအဖြစ် ဇွန်လ ၆ ရက် နယူးဂျာစီမှာ ဘိုလီးဗီးယားအသင်းနဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
၁၉၉၈ ပြိုင်ပွဲနောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံး အကြိမ် ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ စကော့တလန်အသင်းဟာ အုပ်စု C မှာ ဘရာဇီးလ်၊မော်ရိုကို၊ဟေတီအသင်းတို့နဲ့ ကျရောက်နေပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 211
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁
လီဗာပူးလ်အသင်းဟာ လစ်လပ်နေတဲ့ နည်းပြရာထူးအတွက် စပိန်လူမျိုးနည်းပြ အီရာအိုလာနဲ့ ဒီရက်သတ္တပတ် ထဲမှာ တရားဝင် ဆွေးနွေးမှုတွေ စတင်မယ်လို့ ESPN က ဖော်ပြထားပါတယ်။
လီဗာပူးလ်အသင်းဟာ ပြိုင်ပွဲစုံမှာ ပွဲပေါင်း ၂၀ အရေးနိမ့်ပြီး ဆုဖလား လက်မဲ့နဲ့ အဆုံးသတ်ခဲ့ရတဲ့ ဆိုးရွားတဲ့ ရာသီအပြီးမှာ ဒတ်ချ်လူမျိုးနည်းပြ အာနီဆလော့ကို ထုတ်ပယ်ခဲ့တာပါ။
အာနီဆလော့ဟာ လီဗာပူးလ်အသင်း နည်းပြဘဝ ပထမဆုံးရာသီမှာ ပရီးမီးယားလိဂ်ဖလား ရယူပေးနိုင်ခဲ့ပေမယ့် ဒုတိယရာသီမှာတော့ ရလဒ်တွေ ဆိုးခဲ့တဲ့အတွက် အသင်းက သူနဲ့လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းရဲ့ နည်းပြသစ် စာရင်းထဲမှာ အီရာအိုလာနဲ့အတူ စတုဂတ်အသင်းနည်းပြ ဟိုးနက်စ်၊ လန်းစ်အသင်းနည်းပြ ပီယာဆာ့ဂျ်တို့ ပါဝင်နေပေမယ့် လီဗာပူးလ်အသင်းဟာ အီရာအိုလာကို ခန့်အပ်နိုင်ဖို့ ပစ်မှတ်ထားနေတာပါ။

လီဗာပူးလ်အသင်းကို တွေ့ရစဉ်
အီရာအိုလာဟာ ဘုန်းမောက်အသင်းကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဥရောပဝင်ခွင့်ရအောင် ကိုင်တွယ်ခဲ့ပြီးနောက် စာချုပ်ကုန်ဆုံးပြီဖြစ်လို့ ထွက်ခွာခဲ့ပါတယ်။
အီရာအိုလာကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ခရစ္စတယ်ပဲလေ့စ်၊ အေစီမီလန်နဲ့ လေဗာကူဆင်အသင်းတို့ကလည်း ချိတ်ဆက်မှုတွေ ပြုလုပ်နေတာပါ။
လီဗာပူးလ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ စတင်မယ့် ဇွန်လ ၁၁ ရက်မှာ နည်းပြသစ် ခန့်အပ်နိုင်ဖို့ ရည်ရွယ်ထား ပြီး လာမယ့်ရာသီ မတိုင်မီ အသင်းရဲ့ စီစဉ်မှုတွေမှာ အချိန်အများအပြား ပါဝင်စေချင်နေတာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ နည်းပြသစ် ခန့်အပ်နိုင်ဖို့ ကြိုးပမ်းနေသလို အသင်းကနေ ထွက်ခွာခဲ့တဲ့ ဆာလက်၊ ရော်ဘတ်ဆန်၊ ကိုနာတေးတို့ရဲ့ နေရာတွေမှာလည်း ကစားသမားသစ်တွေ အားဖြည့်ဖို့ လုပ်ဆောင်နေပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 180
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁
အာဆင်နယ်အသင်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်က လာမယ့်ရာသီမှာ ဆုဖလားတွေ အများကြီးရယူဖို့ ပြန်လာခဲ့မယ်လို့ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အမိုးဖွင့်ဘတ်စ်ကားနဲ့ လှည့်လှည်အောင်ပွဲခံချိန်မှာ ကတိပေးခဲ့ပါတယ်။
ဒီကလန်ရိုက်စ်က “ကျနော် ဒီအသင်းကို ချစ်တယ်၊ နည်းပြကိုလည်း ချစ်တယ်။ ကျနော်တို့ လူတွေကိုပေးနိုင်တဲ့ ပျော်ရွှင်မှုကို မြင်တွေ့ရတာ ရူးသွပ်စရာပါပဲ။ နောက်ရာသီမှာ ကျနော်တို့ အောင်မြင်မှုပိုပြီးရယူနိုင်ဖို့ ပြန်လာခဲ့မယ်”လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ဒီရာသီမှာ အဆင့် ၂ နေရာက မန်စီးတီးအသင်းကို ရမှတ် ၇ မှတ်ဖြတ်ပြီး ပရီးမီးယားလိဂ် ဖလားကို ရယူနိုင်ဖို့ ၂၂ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတာကို အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဖလားကိုလည်း ပထမဆုံးအကြိမ် ရယူနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ဗိုလ်လုပွဲမှာ PSG အသင်းကို ပယ်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့တာပါ။

အာဆင်နယ်အောင်ပွဲခံနေမှု ပရိသတ်တွေကို တွေ့ရစဉ်
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အရေးနိမ့်လို့ စိတ်ပျက်ခဲ့ပေမယ့် ပရီးမီးယားလိဂ် ဆုဖလား အတွက် အမိုးဖွင့်ဘတ်စ်ကားနဲ့ လှည့်လှည်အောင်ပွဲခံဖို့ လန်ဒန်ကို ပြန်ရောက်လာခဲ့ပါတယ်။
ပရိသတ်ပေါင်း ၁.၅ သန်းကျော်ဟာ အာဆင်နယ်အသင်းရဲ့ အောင်ပွဲခံမှုမှာ ပါဝင်ဆင်နွှဲခဲ့ပြီး ဒါဟာ နိုင်ငံအတွင်းမှာ အကြီးမားဆုံး စီတန်းလှည့်လှည်မှုဖြစ်တယ်လို့ Metropolitan Police က အတည်ပြုခဲ့တာပါ။
အာဆင်နယ်အသင်းနည်းပြ အာတီတာက “အသင်းကိုယ်စား ဒါကို မြင်တွေ့ရတာဟာ အံ့သြစရာကောင်းပါတယ်။ ဒါကို ခင်ဗျားတို့ ဖန်တီးခဲ့တာပါ။ ကျနော်တို့ အားလုံး အတူတကွ ပျော်ရွှင်စွာ ခံစားနိုင်ဖို့အချိန်ဖြစ်ပြီး လှပတဲ့ နေ့တစ်နေ့ပါပဲ”လို့ ပရိသတ်တွေကို ပြောခဲ့ပါတယ်။
ပရီးမီးယားလိဂ် ဆုဖလားအတွက် အောင်ပွဲခံမှုအပြီးမှာ အာဆင်နယ်အသင်း ကစားသမားတွေထဲ တချို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ နိုင်ငံအသင်းတွေထံ သွားရောက် ပူးပေါင်းရမှာဖြစ်ပြီး တချို့ကတော့ အားလပ်ရက် အနားယူကြမှာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 198
CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၂၉
မာဆေးလ်အသင်း အားကစားဒါရိုက်တာသစ် လော်ရန်ဇီဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့ကာလမှာ တိုက်စစ်မှူး ဂရင်းဝုဒ်အတွက် ကမ်းလှမ်းမှုတွေကို နားထောင်သွားဖို့ အသင့်ဖြစ်နေပြီလို့ အတည်ပြုခဲ့ပါတယ်။
လော်ရန်ဇီဟာ ဘီနာတီယာရဲ့ နေရာမှာ အစားထိုး ဝင်ရောက်ပြီး မာဆေးလ်အသင်းရဲ့ အားကစား ဒါရိုက်တာသစ် အဖြစ် တာဝန်ထမ်းဆောင်တော့မှာပါ။
လော်ရန်ဇီဟာ မာဆေးလ်အသင်းမှာ ဂရင်းဝုဒ်ရဲ့ အနာဂတ်ကို ဖြေရှင်းဖို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
ဂရင်းဝုဒ်ဟာ ၂၀၂၅-၂၆ ရာသီမှာ မာဆေးလ်အသင်းအတွက် ၄၅ ပွဲ ပါဝင်ကစားခဲ့ပြီး ၂၆ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်နိုင်ခဲ့တာပါ။
မာဆေးလ်အသင်းဟာ ဘဏ္ဍာရေးစည်းမျဉ်း အခြေအနေနဲ့ ၂၀၂၆-၂၇ ရာသီအတွက် သူတို့ရဲ့ဘတ်ဂျက်ကို ပြန်လည် ချိန်ညှိဖို့အတွက် ဈေးကွက်ထဲမှာ တန်ကြေးမြင့်တဲ့ ဂရင်းဝုဒ်ကို ရောင်းချနိုင်တာ ဖြစ်ပါတယ်။

ဂရင်းဝုဒ်ကို တွေ့ရစဉ်
လော်ရန်ဇီက ဂရင်းဝုဒ်ကို ရောင်းချဖို့နဲ့ပတ်သက်ပြီး အခွင့်အရေး တစ်ခုပေါ်လာရင် မလွှဲမသေ စဉ်းစားရမှာ ဖြစ်ပေမယ့် ကလပ်ရဲ့ အနေအထား၊ ကစားသမားရဲ့ အနေအထားရှိတယ်လို့ L'Equipe ကို ပြောခဲ့တာပါ။
ဂရင်းဝုဒ်ကို ခေါ်ယူဖို့ အီတလီ စီးရီးအေကလပ်တွေက စိတ်ဝင်စားနေပေမယ့် သူကတော့ လာမယ့်ရာသီ မာဆေးလ်အသင်းမှာ ဆက်ရှိမယ့် အရိပ်အမြွက် ပြောထားပါတယ်။
မာဆေးလ်အသင်းဟာ ပြင်သစ်လီဂူး-၁ ပြိုင်ပွဲမှာ အဆင့် ၅ နေရာ ရပ်တည်ခဲ့တာကြောင့် လာမယ့်ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
လော်ရန်ဇီဟာ မာဆေးလ်အသင်းကို နာမည်ကြီး ကစားသမားတွေထက် အသင်းလိုက် စည်းလုံးမှုရှိတဲ့ ပုံစံ တည်ဆောက်ဖို့ ရည်ရွယ်ထားပြီး ကလပ်ရဲ့ လူငယ်အကယ်ဒမီကို ပိုအလေးထား လုပ်ဆောင်သွားဖို့လည်း ရှိနေတာပါ။
ပြင်သစ်ဘောလုံးရဲ့ ဘဏ္ဍာရေး စောင့်ကြည့်ရေးအဖွဲ့ဟာ ကလပ်ရဲ့ အကောင့်တွေကို အနီးကပ် စောင့်ကြည့်နေ တာကြောင့် မာဆေးလ်အသင်းဟာ ဂရင်းဝုဒ်လို နာမည်ကြီး ကစားသမားတချို့ကို ရောင်းချပြီး ဖြေရှင်းဖို့ရှိ နေပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 200
CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၂၉
Ballon d'Or ဆုပေးပွဲ ကျင်းပတာ နှစ် ၇၀ ပြည့် အထိမ်းမှတ်အဖြစ် အခုနှစ် ဆုပေးပွဲကို အောက်တိုဘာ ၂၆ ရက် လန်ဒန်မှာ ပထမဆုံးအကြိမ် ကျင်းပမယ်လို့ စီစဉ်သူတွေက ပြောခဲ့ပါတယ်။
၁၉၅၆ ခုနှစ်မှာ ပြင်သစ်ဘောလုံးမဂ္ဂဇင်းက စတင်ချီးမြှင့်ခဲ့တဲ့ Ballon d'Or ဆုဟာ ကမ္ဘာ့ဘောလုံးလောကမှာရှိတဲ့ ကစားသမားတိုင်း အလိုချင်ဆုံး တစ်ဦးချင်းဆုလည်း ဖြစ်တာပါ။
အကြိမ် ၇၀ မြောက် Ballon d'Or ဆုပေးပွဲကို လန်ဒန်မှာ ကျင်းပတာဟာ အင်္ဂလန်ရဲ့ဂန္ထဝင် စတန်လေမက်သရူးစ် ကို ဂုဏ်ပြုဖို့ ဖြစ်တယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)က ပြောခဲ့ပါတယ်။
စတန်လေမက်သရူးစ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ က ချီးမြှင့်ခဲ့တဲ့ ဒီဆုကို ပထမဆုံးရရှိတဲ့သူ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ Ballon d'Or ဆုပေးပွဲတွေကို ပါရီမှာသာ ကျင်းပခဲ့တာပါ။

Ballon d'Or ဆု ရရှိခဲ့တဲ့ ဒမ်ဘီလီကို တွေ့ရစဉ်
၂၀၂၅ ခုနှစ်အတွက် ချီးမြှင့်ခဲ့တဲ့ Ballon d'Or ဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသားကစားသမားဆုကို PSG အသင်း တောင်ပံကစားသမား ဒမ်ဘီလီနဲ့ အမျိုးသမီးကစားသမားဆုကို ဘာစီလိုနာအသင်း ကြယ်ပွင့် ဘွန်မာတီ က ရရှိခဲ့ပါတယ်။
၂၀၂၆ ခုနှစ်အတွက် Ballon d'Or ဆုကိုရရှိဖို့ ရေပန်းစားနေတဲ့ စာရင်းမှာ PSG အသင်းက ဒမ်ဘီလီ၊ ဘိုင်ယန်မြူးနစ်အသင်းက ဟာရီကိန်းနဲ့ အာဆင်နယ်အသင်းက ဒီကလန်ရိုက်စ်တို့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာပါ။
Ballon d'Or ဆုကို အာဂျင်းတီးနားအသင်း ခေါင်းဆောင် မက်ဆီက ၈ ကြိမ်နဲ့ အများဆုံး ရရှိထားပြီး ပေါ်တူဂီ အသင်း ခေါင်းဆောင် ရော်နယ်လ်ဒိုက ၅ ကြိမ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 243
CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၂၉
ဘရာဇီးလ်အသင်း တိုက်စစ်မှူး နေမာဟာ ဒဏ်ရာကြောင့် နိုင်ငံအသင်းရဲ့ လာမယ့် ခြေစမ်းပွဲတွေကို ပါဝင်နိုင်မှာ မဟုတ်သလို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲကို လွဲချော်နိုင်ပါတယ်။
နေမာဟာ ဆန်းတို့စ်အသင်းအတွက် ပါဝင်ကစားပြီး ရခဲ့တဲ့ ညာဘက်ခြေသလုံး ဒဏ်ရာကြောင့် မေလ ၁၇ ရက် ကတည်းက အနားယူနေရတာပါ။
နေမာဟာ ဘရာဇီးလ်အသင်းနဲ့ ပူးပေါင်းဖို့ လေ့ကျင့်ရေးစခန်း ရောက်ရှိချိန် MRI စကန်ဖတ်ပြီး စစ်ဆေးမှုတွေ ပြုလုပ်ခံရချိန်မှာ ဒဏ်ရာရရှိနေကြောင်း တွေ့ရှိခဲ့ရပါတယ်။
နေမာဟာ လက်ရှိအချိန်မှာ ဒဏ်ရာကို ကုသမှုခံယူနေပြီး ၂ ပတ်ကနေ ၃ ပတ်အတွင်း ကစားနိုင်ဖို့ မျှော်လင့် ကြောင်း ဘရာဇီးလ်အသင်း ဆရာဝန် ရိုဒရီဂိုလက်စ်မာက ပြောခဲ့ပါတယ်။
အဲ့ဒါကြောင့် နေမာဟာ ပနားမား၊ အီဂျစ်အသင်းတို့နဲ့ ခြေစမ်းပွဲတွေမှာ ဘရာဇီးလ်အသင်းအတွက် ပါဝင်နိုင် တော့မှာ မဟုတ်ပါဘူး။

နေမာကို တွေ့ရစဉ်
နေမာဟာ ဒဏ်ရာတွေနဲ့ ရုန်းကန်ရမှုကြောင့် ၂၀၂၃ ခုနှစ်ကတည်းက ဘရာဇီးလ်အသင်းအတွက် ကစားနိုင်ခြင်း မရှိသေးပေမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ လူစာရင်းမှာ ချယ်လ်ဆီးအသင်း တိုက်စစ်မှူး ပက်ဒရိုကို ကျော်ပြီး ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဘရာဇီးလ်အသင်း ကွင်းလယ်လူ ကတ်စီမီရိုက နေမာရဲ့ ပြန်လည်ကောင်းမွန်မှုဟာ နေ့တိုင်းတိုးတက်မှုတွေ ရှိတယ်လို့ ဆရာဝန်က ပြောထားပြီး ကစားသမားတွေ အားလုံး ကြံ့ခိုင်ကာ ကျန်းမာနေဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ရဲ့ စည်းမျဉ်းတွေအရ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းတစ်သင်းရဲ့ပထမဆုံးပွဲ မတိုင်မီ တစ်ရက်အလိုထိ ပြိုင်ပွဲလူစာရင်းမှာ ပါဝင်တဲ့ ကစားသမားတစ်ဦးကို အစားထိုးဖို့ ခွင့်ပြုထားတာပါ။
အဲ့ဒါကြောင့် နေမာ အနေနဲ့ ဒဏ်ရာကနေ မျှော်လင့်ထားသလို မသက်သာဘူးဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်နိုင်တာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 250
CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၂၉
အာဂျင်တီးနားအသင်း ခေါင်းဆောင် မက်ဆီဟာ ချန်ပီယံဆု ကာကွယ်မယ့် နိုင်ငံအသင်းရဲ့ ကမ္ဘာ့ဖလား လူစာရင်း ကို ဦးဆောင်ခဲ့ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူ့ရဲ့ ၆ ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်ပါတယ်။
အသက် ၃၈ နှစ်အရွယ်ရှိ မက်ဆီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာဂျင်တီးနားအသင်း နည်းပြ စကာလိုနီ ထုတ်ပြန်ခဲ့တဲ့ ကစားသမား ၂၆ ဦးစာရင်းမှာ ပါဝင်ခဲ့တာပါ။
အဲ့ဒါကြောင့် မက်ဆီနဲ့ ပေါ်တူဂီအသင်း ခေါင်းဆောင် ရော်နယ်လ်ဒိုတို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၆ ကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ပထမဆုံး အမျိုးသားကစားသမားတွေ ဖြစ်လာခဲ့ပါတယ်။
မက်ဆီဟာ ပြီးခဲ့တဲ့ အင်တာမိုင်ယာမီအသင်းရဲ့ မေဂျာလိဂ်ပွဲမှာ ဒဏ်ရာရခဲ့ပြီး လူစားလဲဖို့ တောင်းဆိုခဲ့တဲ့အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ဖို့ မရေမရာဖြစ်ခဲ့သေးတာပါ။
မက်ဆီရဲ့ ဒဏ်ရာကို စစ်ဆေးအပြီးမှာ ကြွက်သားနာကျင်မှု ခံစားခဲ့ရတာလို့ အင်တာမိုင်ယာမီအသင်းက အတည်ပြု ခဲ့ပါတယ်။
အာဂျင်တီးနားအသင်းမှာ မက်ဆီ အပါအဝင် ကစားသမားတချို့ဟာ ဒဏ်ရာကနေ အပြည့်အဝ ပြန်လည် ကောင်း မွန်နိုင်ဖို့ လုပ်ဆောင်နေပြီး နည်းပြစကာလိုနီက သူတို့ရဲ့အဓိက ဦးစားပေးက ကစားသမားတွေရဲ့ ပြန်လည် ထူထောင်ရေးဖြစ်ပြီး အဲ့ဒါမှ ကမ္ဘာ့ဖလားပြိုင်ပွဲကို အကောင်းဆုံး အခြေအနေနဲ့ ရောက်ရှိမယ်လို့ Dsports နဲ့ အင်တာဗျူးမှာ ပြောထားတာပါ။

အာဂျင်တီးနားအသင်း လူစာရင်းကို တွေ့ရစဉ်
အာဂျင်တီးနားအသင်း နည်းပြ စကာလိုနီဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ လူစာရင်းက ကစား သမား ၁၇ ဦးအထိ ပြန်လည် ရွေးချယ်ခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားချန်ပီယံဆုကို ၂ ကြိမ်ဆက်တိုက် ရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
အာဂျင်တီးနားအသင်း လူစာရင်းမှာ ဘာကို၊ နီကိုပက်ဇ်၊ ဆီမြွန်နီတို့လို လူငယ်ကြယ်ပွင့်တွေလည်း ပါဝင်ခဲ့ပါ တယ်။
ရီးရယ်လ်အသင်းက မာစတန်တူနိုအို၊ အက်စတွန်ဗီလာအသင်းက ဘူအန်ဒီယာ၊ ဘုန်းမောက်အသင်းက ဆန်စီနဲ့ ချယ်လ်ဆီးအသင်းက ဂါနာချိုတို့ကတော့ အာဂျင်တီးနားအသင်းရဲ့ကမ္ဘာ့ဖလားလူစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိပါဘူး။
အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ ဟွန်ဒူးရပ်စ်၊ အိုက်စလန်အသင်းတို့နဲ့ အမေရိကန်မှာ ခြေစမ်းပွဲ ယှဉ်ပြိုင်သွားမှာပါ။
ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု J မှာ အယ်လ်ဂျီးရီးယား၊ သြစတြီးယား၊ ဂျော်ဒန်အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့တဲ့ အာဂျင်တီးနားအသင်းဟာ အုပ်စုအဖွင့်ပွဲအဖြစ် ဇွန်လ ၁၆ ရက်မှာ အယ်လ်ဂျီးရီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 224
CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၂၈
အာဂျင်တီးနားကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ဟာ ချယ်လ်ဆီးအသင်း ဥရောပဝင်ခွင့် မရခဲ့တာကြာင့် ထွက်ခွာဖို့ ဆန္ဒရှိနေပေမယ့် အသင်းက သူ့အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၂၀ တောင်းဆိုထားပါတယ်။
၂၀၂၃ ခုနှစ်က ဘင်ဖီကာအသင်းကနေ ပေါင် ၁၀၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အန်ဇိုဖာနန်ဒက်ဇ်ဟာ ချယ်လ်ဆီး အသင်းနဲ့ ၂၀၃၂ ခုနှစ်အထိ စာချုပ်ရှိနေတာပါ။
အန်ဇိုဖာနန်ဒက်ဇ်ဟာ လာမယ့်ရာသီ ချယ်လ်ဆီးအသင်းရဲ့ အစီအစဉ်မှာ ပါဝင်နေဆဲဖြစ်ပေမယ့် အသင်းဟာ သူ့အတွက် သတ်မှတ်ထားတဲ့ တန်ကြေးနဲ့ ကိုက်ညီတဲ့ ကမ်းလှမ်းမှုတွေကို စဉ်းစားသွားမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးအသင်းအတွက် ၁၅ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ အန်ဇိုဖာနန်ဒက်ဇ် ရဲ့ ဖြစ်နိုင်ဖွယ် အပြောင်းအရွှေ့နေရာတွေကို အေးဂျင့်ဖြစ်သူ ပတ်စတိုရီက ရှာဖွေနေပြီး ရီးရယ်လ်အသင်းက ဦးစားပေး အဖြစ် ရှိနေတာပါ။

အန်ဇိုဖာနန်ဒက်ဇ်ကို တွေ့ရစဉ်
ချယ်လ်ဆီးအသင်း နည်းပြဟောင်း မာရက်စ်ကာ ကိုင်တွယ်မယ့် မန်စီးတီးအသင်းကလည်း အန်ဇိုဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ရီးရယ်လ်အသင်းဟာ အန်ဇိုဖာနန်ဒက်ဇ်ကို ခေါ်ယူချင်နေပေမယ့် ကစားသမား ရောင်းချမှုတွေကနေ ပြောင်းရွှေ့ ကြေး အများကြီး မရရှိဘူးဆိုရင် ချယ်လ်ဆီးအသင်း တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ပမာဏကို ပေးချေနိုင်မှာ မဟုတ်ပါဘူး။
ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၁၀ နေရာ ရပ်တည်ကာ ဆုဖလားလက်မဲ့နဲ့ စိတ်ပျက်စရာ ရာသီအဆုံးသတ်ခဲ့ပြီးနောက် ကစားသမား ဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ရှိနေပါတယ်။
ချယ်လ်ဆီးအသင်းဟာ လက်ရှိအချိန်မှာ ဇာဘီအလွန်ဆိုကို နည်းပြသစ်အဖြစ် ခန့်အပ်ထားပြီး လာမယ့်ရာသီ ပြည်တွင်း ပြိုင်ပွဲတွေမှာ အောင်မြင်မှုရယူနိုင်ဖို့ ရည်မှန်းထားပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 222
CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၂၈
တောင်ကိုရီးယားအသင်းခေါင်းဆောင်ဆွန်ဟောင်မင်က သူတို့ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပိုမြင့်တဲ့နေရာကို ရောက်ချင်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲထက် ပိုကောင်းအောင်လုပ်ဖို့ ဆန္ဒရှိနေပါတယ်။
တောင်ကိုရီးယားအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၁၆ သင်းအဆင့်တက်နိုင်ခဲ့ပေမယ့် ဘရာဇီးလ်အသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့တာပါ။
အဲဒါကြောင့် ဆွန်ဟောင်မင်က လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၁၆ သင်း အဆင့်ထက် ကျော်အောင်လုပ်ချင်နေပေမယ့် ကြိုပြီးခန့်မှန်းလို့တော့ မရဘူးလို့ ပြောခဲ့ပါတယ်။
တောင်ကိုရီးယားအသင်းအတွက် ၁၄၂ ပွဲကစားထားပြီး ၅၄ ဂိုးသွင်းယူထားတဲ့ ဆွန်ဟောင်မင်က သူဟာ ရုပ်ပိုင်း ဆိုင်ရာအရ ကောင်းမွန်တယ်လို့ ခံစားနေရကြောင်းလည်း ပြောထားတာပါ။

ဆွန်ဟောင်မင်ဟာ တောင်ကိုရီးယား အသင်းအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၃ ဂိုးသွင်းယူထားပြီး ပတ်ခ်ဂျီဆန်၊အန်ဂျောင်ဟွမ်တို့နဲ့ စံချိန်ချင်း တူညီ နေပါတယ်။
အဲဒါကြောင့် ဆွန်ဟောင်မင်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အနိမ့်ဆုံး ၁ ဂိုးသွင်းယူနိုင်ရင် စံချိန်သစ် တင်နိုင်မှာပါ။
ဆွန်ဟောင်မင်ကတော့ သူဟာ ဒီအကြောင်းသိပ်ပြီးမတွေးပေမယ့် အသင်းကို ကူညီနိုင်ဖို့ ဦးစားပေးလုပ်မယ်ဆိုရင် ရည်မှန်းချက်တွေက သူ့အလိုလိုဖြစ်လာမယ်လို့ ပြောခဲ့ပါတယ်။
တောင်ကိုရီးယားအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ခြေစမ်းပွဲ ၂ ပွဲမှာ အိုင်ဗရီကို့စ်နဲ့ သြစတြီးယားအသင်းတို့ကို အရေးနိမ့်ခဲ့တာပါ။
တောင်ကိုရီးယားအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပူးတွဲအိမ်ရှင် မက္ကဆီကို၊ တောင်အာဖရိက၊ချက်အသင်းတို့နဲ့ အုပ်စု A မှာကျရောက်နေပြီး ပြိုင်ပွဲမတိုင်မီ ထရီနီဒတ်နှင့်တိုဘာဂို၊ အယ်လ်ဆာဗေးဒိုးအသင်းတို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
Source:Besoccer
- By CNI
- Category: အားကစား
- Hits: 295
CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၂၈
ဘာစီလိုနာအသင်းဟာ အင်္ဂလန်ကြယ်ပွင့် ဂေါ်ဒွန်ကို ပေါင်သန်း ၇၀ နဲ့ခေါ်ယူဖို့ နယူးကာဆယ်အသင်းနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှုရခဲ့ပြီး သူဟာ မကြာမီ ဆေးစစ်မှု ခံယူမယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
ဘာစီလိုနာအသင်း အားကစားဒါရိုက်တာ ဒေကိုဟာ ဂေါ်ဒွန်ရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှု ပြုလုပ်အပြီးမှာ သူ့ကိုခေါ်ယူနိုင်ဖို့ လီဗာပူးလ်၊ ဘိုင်ယန်မြူးနစ်အသင်းတို့ထက် လက်ဦးမှု ရယူနိုင်ခဲ့တာပါ။
နယူးကာဆယ်အသင်းဟာ ပေါင်သန်း ၇၀ ကျော် တန်ဖိုးရှိတဲ့ ပတ်ကေ့ချ်တစ်ခုနဲ့ ဆွေးနွေးညှိနှိုင်းခဲ့ပြီး အဲ့ဒီထဲမှာ အပိုဆုကြေးတွေ၊ အနာဂတ်ရောင်းချမှုကနေ ရရှိမယ့် ရာခိုင်နှုန်းတွေ ပါဝင်ပါတယ်။
အခုအချိန်မှာတော့ နယူးကာဆယ်အသင်းဟာ ပြောင်းရွှေ့ကြေး သဘောတူညီခဲ့ပြီဖြစ်လို့ ဂေါ်ဒွန်ရဲ့နေရာမှာ အစားထိုးဖို့ ရှာဖွေရတော့မှာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဂေါ်ဒွန်ကို ခေါ်ယူချင်ပေမယ့် ပေါင်သန်း ၆၀ ထက် ပိုပြီးပေးဖို့ ဆန္ဒမရှိခဲ့တာ ဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ကို တွေ့ရစဉ်
ဂေါ်ဒွန်ဟာ ဒီရာသီမှာ နယူးကာဆယ်အသင်းအတွက် ၁၈ ဂိုးသွင်းပြီး အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင် ဖြစ်ခဲ့ပေမယ့် အနာဂတ် ထင်ကြေးတွေကြောင့် အသင်းရဲ့ နောက်ဆုံးပွဲတွေမှာ ပါဝင်ခဲ့ခြင်းမရှိပါဘူး။
ဂေါ်ဒွန်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အင်္ဂလန်အသင်းဖော်တွေနဲ့ မပူးပေါင်းမီမှာ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့မယ့် တရားဝင် လုပ်ငန်းစဉ်တွေကို အပြီးသတ်ဖို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ဂေါ်ဒွန်ရဲ့အသင်းဟောင်း အဲဗာတန်အသင်းဟာ ၂၀၂၃ ခုနှစ်က နယူးကာဆယ်အသင်းကို ပေါင် ၄၅ သန်းနဲ့ ရောင်းချပြီးနောက် ချုပ်ဆိုထားတဲ့ စာချုပ်ပါ အချက်အရ ဒီရောင်းချမှုကနေ အမြတ်ငွေရဲ့ ၁၅ ရာခိုင်နှုန်းကို ရဖို့ရှိနေတာပါ။
ဘာစီလိုနာအသင်းဟာ ဂေါ်ဒွန်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့အပြီးမှာ ရက်ရှ်ဖို့ဒ်အတွက် ယူနိုက်တက် အသင်းနဲ့ ဆွေးနွေးဖို့ ရှိနေပါတယ်။
ဘာစီလိုနာအသင်းဟာ ရက်ရှ်ဖို့ဒ်ကို ပေါင် ၂၆ သန်းနဲ့ အပြီးသတ် ဝယ်ယူခွင့်ရှိပေမယ့် နောက်ထပ် တစ်ရာသီ အငှားစာချုပ်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
Source: Dailymail
