- By CNI
- Category: အားကစား
- Hits: 191
CNI International News
ဇူးရစ်၊ မေလ ၂၅
အာဖဂန်နစ္စတန် အမျိုးသမီး ဒုက္ခသည် ဘောလုံးအသင်းကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) အောက်ရှိ နိုင်ငံတကာ ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပြုရန် FIFA က တရားဝင် အသိအမှတ် ပြုလိုက်ပြီဖြစ်ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
၂၀၂၁ ခုနှစ်တွင် အာဖဂန်နစ္စတန်၌ တာလီဘန်များ အာဏာပြန်လည် ရရှိလာခဲ့ပြီးနောက် အာဖဂန်အမျိုးသမီး အားကစားသမားများသည် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ရပြီးနောက်ပိုင်း ယခုအခါတွင် ပထမဆုံးအကြိမ် အဖြစ် FIFA ၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ခြင်းဖြစ်သည်။
ယခုဆုံးဖြတ်ချက်သည် လွန်ခဲ့သည့် ၅ နှစ်တာအတွင်း တာလီဘန်တို့၏ အုပ်ချုပ်မှုအောက်တွင် ရပိုင်ခွင့်များ၊ ပညာသင်ကြားခွင့်များနှင့် လူထုအခန်းကဏ္ဍ၌ ပါဝင်ခွင့်များကို ပိတ်ပင်ခြင်း ခံထားရသည့် အာဖဂန်အမျိုးသမီး များအတွက် ရှားပါးပြီး တန်ဖိုးကြီးသည့် အောင်မြင်မှုတစ်ခု ဖြစ်သည်။
ယခင်က Afghan Women United ဟု လူသိများခဲ့သော အသင်းကို ယခုအခါ အာဖဂန်နစ္စတန် အမျိုးသမီး ဘောလုံးအသင်းအဖြစ် တရားဝင် အသိအမှတ် ပြုမည်ဖြစ်ကြောင်း FIFA ကောင်စီက ကြေညာခဲ့သည်။

အာဖဂန်နစ္စတန်အမျိုးသမီး ဘောလုံးသမားကို တွေ့ရစဉ်
တာလီဘန်အစိုးရက ထိန်းချုပ်ထားသော အာဖဂန်နစ္စတန် ဘောလုံးအဖွဲ့ချုပ်က အမျိုးသမီးအားကစားကို အသိအမှတ်ပြုရန် ငြင်းဆန်ထားသော်လည်း ယခုကဲ့သို့ FIFA က အသိအမှတ်ပြုခဲ့သဖြင့် အာဖဂန်အမျိုးသမီး ဘောလုံးသမားများသည် နိုင်ငံတကာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိတော့မည်ဖြစ်သည်။
ယခု ဆုံးဖြတ်ချက်သည် အားကစားလောကနှင့် ကစားသမားများ အတွက်သာမက နိုင်ငံရေးအရ ပြတ်သားသော သင်္ကေတတစ်ခုဖြစ်လာခဲ့သည်။
တာလီဘန်တို့သည် အာဖဂန်တွင် အာဏာပြန်ရလာပြီးကတည်းက ပညာရေး၊ အလုပ်အကိုင်နှင့် အားကစားကဏ္ဍ အပါအဝင် လူထုအခန်းကဏ္ဍတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အခွင့်အရေးများကို ပိတ်ပင်ခဲ့သည်။
၂၀၂၁ ခုနှစ်တွင် အမျိုးသမီးအားကစားကဏ္ဍကို လုံးဝ ပိတ်သိမ်းခဲ့သဖြင့် အာဖဂန်အမျိုးသမီး အားကစားသမား အများအပြားမှာ ဖိနှိပ်ညှဉ်းပန်းခံရမည့် ဘေးမှလွတ်ရန် နိုင်ငံတွင်းမှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

အာဖဂန်နစ္စတန်အမျိုးသမီး ဘောလုံးအသင်းကို တွေ့ရစဉ်
FIFA ၏ စည်းမျဉ်းများအရ နိုင်ငံကိုယ်စားပြု လက်ရွေးစင်အသင်းများသည် နိုင်ငံတကာ ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန်အတွက် မိခင်နိုင်ငံများရှိ တရားဝင် ဘောလုံးအဖွဲ့ချုပ်များ၏ အသိအမှတ်ပြုမှုကို ရရှိရန် လိုအပ် သည်။
တာလီဘန်တို့ ထိန်းချုပ်ထားသော အဖွဲ့ချုပ်က အာဖဂန်အမျိုးသမီး ဘောလုံးအသင်းကို အသိအမှတ်ပြုရန် ငြင်းဆန်ထားသော်လည်း အာဖဂန်ဒုက္ခသည်များ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိစေရန်အတွက် FIFA က ၎င်း၏ စည်းမျဉ်းများကို ပြင်ဆင်ရန် မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
မိမိတို့ မတတ်နိုင်သည့် အခြေအနေများကြောင့် ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ခံထားရသော အားကစားသမားများကို ပံ့ပိုးကူညီရန် ယခုဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း FIFA ဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနို (Gianni Infantino) က ပြောကြားခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: အားကစား
- Hits: 182
CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၂၅
ကိုမိုအသင်းနည်းပြဖာဘရီဂတ်စ်ဟာ အာဂျင်တီးနားကြယ်ပွင့်နီကိုပက်ဇ်နဲ့ အင်တာမီလန်အသင်းရဲ့ အပြောင်း အရွှေ့သတင်းကို ငြင်းဆန်ပြီး သူ့ရဲ့အနာဂတ်ကို ရီးရယ်လ်အသင်းကသာ ထိန်းချုပ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။
ဖာဘရီဂတ်စ်က “နီကိုပတ်ဇ်က ၅၀ ရာခိုင်နှုန်း ကိုမိုကစားသမားဖြစ်သလို ဒီကိစ္စမှာ ပြောခွင့်ရှိတဲ့ တစ်ခုတည်း သောကလပ်က ရီးရယ်လ်မက်ဒရစ်ပါ။ ကျနော်တို့ကိုမိုကို လေးစားရမှာဖြစ်သလို ရီးရယ်လ်ကိုလည်း လေးစား ရပါမယ်။ သေချာတာတစ်ခုကတော့ နီကိုဟာ အင်တာမီလန်အတွက် မကစားဘူးဆိုတာပါပဲ၊ ဒါကို ကျနော် ပြောနိုင်တယ်”လို့ ပြောခဲ့တာပါ။
အသက် ၂၁ နှစ်အရွယ်ရှိ ရီးရယ်လ်အကယ်ဒမီထွက် နီကိုပက်ဇ်ဟာ ဒီရာသီမှာ ကိုမိုအသင်း ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် သြဂုတ်လမှာ ကိုမိုအသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ နီကိုပက်ဇ်ကို ရီးရယ်လ်အသင်းက ပြန်လည်ဝယ်ယူပြီး ခေါ်ယူခွင့်ရှိနေတာပါ။

စီးရီးအေချန်ပီယံအင်တာမီလန်အသင်းအကြီးအကဲ ဇနက်တီက နီကိုပက်ဇ်ဟာ အနာဂတ်မှာ အသင်းရဲ့အရောင် တွေကို ဝတ်ဆင်နိုင်တယ်လို့ ဆိုရှယ်မီဒီယာနဲ့ ရေဒီယိုမှာ အရိပ်အမြွက်ပြောခဲ့ပါတယ်။
ကိုမိုအသင်းနည်းပြ ဖာဘရီဂတ်စ်ကတော့ နီကိုပက်ဇ်ဟာ အင်တာမီလန်အသင်းအတွက် ကစားမှာမဟုတ်ဘဲ ရီးရယ်လ်အသင်းကသာ ဒီအကြောင်းကို ပြောခွင့်ရှိတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။
နီကိုပက်ဇ်ဟာ ကိုမိုအသင်းကနေ ထွက်ခွာခဲ့ရင် ရီးရယ်လ်အသင်းထံ ပြန်ဖို့ ဆန္ဒရှိနေတာပါ။
ကိုမိုအသင်းအတွက် ၇၅ ပွဲကစားထားပြီး ၁၉ ဂိုးသွင်းယူထားတဲ့ နီကိုပက်ဇ်ဟာ လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်း အတွက် ပါဝင်ကစားသွားမှာ ဖြစ်ပါတယ်။
Source: Besoccer
- By CNI
- Category: အားကစား
- Hits: 175
CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၂၅
ယူနိုက်တက်အသင်းက ဘရိုက်တန်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ၁ ဂိုးဖန်တီးခဲ့တဲ့ အသင်း ခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ် တစ်ရာသီအတွင်း ဂိုးဖန်တီးမှု ၂၁ ကြိမ်ပြုလုပ်ပြီး စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ ဒီပွဲမတိုင်မီ အာဆင်နယ်အသင်း ဂန္ထဝင် အွန်နရီ၊ မန်စီးတီးအသင်း ကွင်းလယ်လူဟောင်း ဒီဘရိုင်းတို့နဲ့ ဂိုးဖန်တီးမှုအကြိမ် ၂၀ စီ တူညီနေတာပါ။
ဒါပေမယ့် ဘရူနိုဖာနန်ဒက်စ်ဟာ ၂၁ ကြိမ်မြောက် ဂိုးဖန်တီးမှုကို ပြုလုပ်နိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ် တစ်ရာသီ အတွင်းမှာ ဂိုးဖန်တီးမှု အကြိမ်အရေအတွက် အများဆုံး ပြုလုပ်နိုင်တဲ့ ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် ရာသီနောက်ဆုံးပွဲ အပြီးမှာ ယူနိုက်တက်အသင်း ခေါင်းဆောင်ဟာ Golden Playmaker Award ကိုရရှိခဲ့တာပါ။

ဘရိုနိုဖာနန်ဒက်စ်ကို တွေ့ရစဉ်
ပေါ်တူဂီကွင်းလယ်လူဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆုနဲ့ ဘောလုံးအားကစား ကလောင်ရှင်များ အဖွဲ့အစည်းကပေးတဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိထားပါတယ်။
ဘရူနိုဖာနန်ဒက်စ်က “အလွန်ကောင်းမွန်ပြီး ဒီအတွက် ကျနော် ပျော်ရွှင်သလို အလွန်ဂုဏ်ယူစရာ ကောင်းတဲ့ အခိုက်အတန့်ပါ။ ကျနော်ကံကောင်းလို့ စံချိန်သစ်ကို ရခဲ့တာဖြစ်ပြီး အဓိကက အသင်းနိုင်ပွဲရခဲ့သလို အလွန် ကောင်းမွန်စွာ အဆုံးသတ်နိုင်ခဲ့တာပါပဲ”လို့ Sky Sports ကို ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၃ နေရာ ရပ်တည်ကာ ရာသီ အဆုံးသတ်ခဲ့ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီမှာ အောင်မြင်မှုတွေ ရယူနိုင်ဖို့ အခုကတည်းက ကစားသမားသစ်တွေခေါ် ယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 177
CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၂၅
၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ်ဖလားကို အာဆင်နယ်အသင်း ရယူနိုင်ခဲ့ပြီးနောက် တောင်ပံကစားသမား ဆာကာ က အသင်းဟာ သူတို့ကို ဝေဖန်တဲ့သူတွေ မှားယွင်းကြောင်း သက်သေ ပြသနိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဆာကာက “ကျနော်တို့ဟာ အလွန်နိမ့်ကျပြီး အာဆင်နယ်အသင်း ရှိသင့်တဲ့ အဆင့်အတန်းနဲ့ အလွန် ဝေးကွာ ခဲ့ဖူးပါတယ်။ ကျောင်းတွေ၊ ဆိုရှယ်မီဒီယာတွေကနေ နောက်ပြောင်မှုတွေနဲ့ လူတွေ အာဆင်နယ် အကြောင်း ဘာတွေပြောကြလဲ၊ သူတို့ ကျနော်တို့အကြောင်း ဘယ်လိုတွေ ရယ်ကြလဲဆိုတာ ကျနော် သိပါတယ်။ အဲ့ဒီအချိန် တုန်းက ကျနော် ခံစားခဲ့ရပေမယ့် အခုတော့ ဒါတွေဟာ ပြီးဆုံးသွားပါပြီ။ ကျနော်တို့ အချိန်ကို ရောက်ပါပြီ”လို့ အီယန်ရိုက်နဲ့ Sky Sports မှာ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ဆုဖလား အောင်မြင်မှုနဲ့ ဝေးကွာနေတာကြောင့် လှောင်ပြောင်မှုတွေ ခံခဲ့ရပေမယ့် ဒီရာသီမှာတော့ ၂၂ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူကာ ဝေဖန်သူတွေ၊ လှောင်ပြောင်တဲ့ သူတွေကို တိတ်ဆိတ် သွားစေခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ မန်စီးတီးအသင်းကို အရေးနိမ့်ပြီးနောက် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲစလုံး အနိုင် ရခဲ့ပြီး မန်စီးတီးအသင်းက ခြေချော်ခဲ့တာကြောင့် အမှတ်ပေး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။

အာဆင်နယ်အသင်းကိုတွေ့ရစဉ်
ပရီးမီးယားလိဂ် ရာသီနောက်ဆုံးပွဲအပြီးမှာ အာဆင်နယ်အသင်းဟာ မန်စီးတီးအသင်းကို ရမှတ် ၇ မှတ် ဖြတ်နိုင်ခဲ့ ပါတယ်။
အာဆင်နယ်အသင်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်က သူတို့ဟာ မန်စီးတီးအသင်းကို အရေးနိမ့်ခဲ့တဲ့ ပွဲကနေ အများကြီး သင်ယူခဲ့ရတာကြောင့် ပရီးမီးယားလိဂ် ဖလားကို ရယူနိုင်မယ်ဆိုတာ သူ ၁၀၀ ရာခိုင်နှုန်း ယုံကြည် ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ပရီးမီးယားလိဂ် ဖလားကို ရယူနိုင်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ PSG အသင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အနိုင် ယူပြီး ချန်ပီယံလိဂ်ဖလားကို ပထမဆုံးအကြိမ် ရယူနိုင်ဖို့လည်း ပစ်မှတ်ထားနေပါတယ်။
အာဆင်နယ်နဲ့ PSG အသင်းရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို မေလ ၃၀ ရက် ဘူဒါပက်စ်မှာ ကျင်းပသွားမှာ ဖြစ်ပါ တယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 218
CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၂၃
မန်စီးတီးအသင်းဟာ ချယ်လ်ဆီးအသင်း ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင် နေတယ်လို့ Metro က ဖော်ပြထားပါတယ်။
အန်ဇိုဖာနန်ဒက်ဇ်ဟာ ချယ်လ်ဆီးအသင်း အနာဂတ်နဲ့ပတ်သက်ပြီး မရေမရာဖြစ်နေကာ နောက်ဆုံးကစားခဲ့တဲ့ နိုင်ငံတကာ ပွဲစဉ်တွေအတွင်းမှာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့နိုင်တဲ့အကြောင်း အရိပ်အမြွက် ပြောခဲ့တာပါ။
အဲ့ဒါကြောင့် အန်ဇိုဖာနန်ဒက်ဇ်ဟာ ချယ်လ်ဆီးအသင်းရဲ့ ၂ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရပါတယ်။
Sky Germany က မန်စီးတီးအသင်းဟာ အန်ဇိုဖာနန်ဒက်ဇ်ကို သူတို့ရဲ့ နွေရာသီ ခေါ်ယူမယ့် စာရင်းထဲမှာ ထိပ်ဆုံး ထည့်သွင်းထားသလို နောက်ကွယ်မှာ ကနဦးဆွေးနွေးမှုတွေ ပြုလုပ်ထားတယ်လို့ ဖော်ပြထားပါတယ်။

အန်ဇိုဖာနန်ဒက်ဇ်ကို တွေ့ရစဉ်
နွေရာသီမှာ မန်စီးတီးအသင်း နည်းပြသစ်အဖြစ် တာဝန်ယူ ရဖွယ်ရှိတဲ့ မာရက်စ်ကာက အန်ဇိုဖာနန်ဒက်ဇ်ကို မန်စီးတီးအသင်းထံ ခေါ်ယူချင်နေတာပါ။
အန်ဇိုဖာနန်ဒက်ဇ်ဟာ ချယ်လ်ဆီးအသင်းမှာ မာရက်စ်ကာနဲ့အတူ လက်တွဲခဲ့ချိန်က ခိုင်မာတဲ့ ဆက်ဆံရေးရှိခဲ့ပြီး မာရက်စ်ကာ ထွက်ခွာမှုအပေါ် အသင်းကို ဝေဖန်မှုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အန်ဇိုဖာနန်ဒက်ဇ်ရဲ့ အနာဂတ်ဟာ ချယ်လ်ဆီးအသင်း နည်းပြသစ် အလွန်ဆို အပေါ်မှာ မူတည်နေပြီး သူက အာဂျင်တီးနားကစားသမားကို အသင်းမှာ ဆက်ထိန်းဖို့ ရှိ၊မရှိ စောင့်ကြည့်ရဦးမှာပါ။
ချယ်လ်ဆီးအသင်းအတွက် ပွဲပေါင်း ၁၆၈ ပွဲ ကစားထားပြီး ၃၁ ဂိုး သွင်းယူထားတဲ့ အန်ဇိုဖာနန်ဒက်ဇ်နဲ့ အသင်း စာချုပ်ဟာ ၂၀၃၂ ခုနှစ်အထိ သက်တမ်းရှိနေတာ ဖြစ်ပါတယ်။
Source: metro
- By CNI
- Category: အားကစား
- Hits: 261
CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၂၃
အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မိုယက်စ်က စပါးအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ် နောက်ဆုံးပွဲ မတိုင်မီ မှာ အသင်းဟောင်း ဝက်စ်ဟမ်းအသင်းကို ထိပ်တန်းလိဂ်မှာ ဆက်ပြီးရှိနေနိုင်အောင် သူအရာအားလုံး လုပ်ပေး သွားမယ်လို့ ပြောခဲ့ပါတယ်။
ဒေးဗစ်မိုယက်စ်က “ကျနော် လုပ်ပေးနိုင်ရင် ဝက်စ်ဟမ်းအသင်းကို လိဂ်မှာဆက်ပြီး ရှိနေစေချင်ပါတယ်။ အဲဗာတန်အသင်းကို အဆင့်ရပ်တည်မှု ကောင်းအောင် လုပ်ပေးပြီး ပေါင်သန်း အနည်းငယ် ပိုပြီးရအောင် ကြိုးစားတာကလည်း အရေးကြီးပါတယ်။ ဘာလို့လဲဆိုရင် လိဂ်မှာရပ်တည်မှုက အလွန်အရေးကြီးလို့ပါ။ ဝက်စ်ဟမ်းအသင်း ဒီမှာဆက်ရှိနေမယ်လို့ ကျနော် အမှန်တကယ် မျှော်လင့်ကြောင်း”ပြောခဲ့တာပါ။
ပရီးမီးယားလိဂ် ရာသီနောက်ဆုံးပွဲမှာ အဲဗာတန်အသင်းက စပါးအသင်းကို အနိုင်ရပြီး ဝက်စ်ဟမ်းအသင်းက လိဒ်စ်အသင်းကို အနိုင်ယူနိုင်ခဲ့ရင် စပါးအသင်းဟာ ချန်ပီယံရှစ်ကို တန်းဆင်းရမှာ ဖြစ်ပါတယ်။

အဲဗာတန်အသင်း နည်းပြ ဒေးဗစ်မိုယက်စ်ကို တွေ့ရစဉ်
ဝက်စ်ဟမ်းအသင်းကို နည်းပြအဖြစ် ၂ ကြိမ် ကိုင်တွယ်ခဲ့တဲ့ ဒေးဗစ်မိုယက်စ်က သူ့ရဲ့အသင်းဟောင်း ပရီးမီးယား လိဂ်မှာ ဆက်ရှိနေနိုင်အောင် အဲဗာတန်အသင်းက စပါးအသင်းကို အနိုင်ရရှိအောင် ကြိုးပမ်းသွားဖို့ ရှိနေတာပါ။
ဒေးဗစ်မိုယက်စ်ဟာ ဝက်စ်ဟမ်းအသင်းကို နှစ်ပေါင်း ၄၃ နှစ်အတွင်း ပထမဆုံး ဆုဖလားအဖြစ် ကွန်းဖရန့် လိဂ်ဖလား ရယူပေးနိုင်ခဲ့ပေမယ့် ၂၀၂၄ ခုနှစ်၊ ဇွန်လမှာ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်မှာ အဆင့် ၁၂ နေရာ ရပ်တည်နေတဲ့ အဲဗာတန်အသင်းဟာ စပါးအသင်းကို အနိုင်ယူပြီး အပေါ် အဆင့်တက်နိုင်ဖို့လည်း ရည်မှန်းထားတာပါ။
အဲဗာတန်အသင်းဟာ သူတို့ရဲ့အဆင့် ရပ်တည်မှုအပေါ် မူတည်ပြီး ပရီးမီးယားလိဂ်ကနေ ပေါင် ၂၃.၈ သန်းရရှိဖို့ မျှော်လင့်နေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
Source: Thesun
- By CNI
- Category: အားကစား
- Hits: 233
CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၂၃
အယ်လ်နာဆာအသင်း ကြယ်ပွင့် ဂျာအိုဖီးလစ်ဟာ အသင်းဖော် ရော်နယ်လ်ဒိုကို အသာရပြီး ဒီရာသီ ဆော်ဒီပရိုလိဂ် အကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။
ရော်နယ်လ်ဒိုနဲ့ ဂျာအိုဖီးလစ်တို့ဟာ အယ်လ်နာဆာအသင်းကို ဆော်ဒီပရိုလိဂ် ချန်ပီယံဆုရရှိအောင် ကူညီပေး ပြီးနောက် ဒီဆုကို ကြေညာခဲ့တာပါ။
ရော်နယ်လ်ဒိုဟာ ဒီရာသီလိဂ်ပြိုင်ပွဲမှာ အယ်လ်နာဆာအသင်းအတွက် ၂၈ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂျာအိုဖီးလစ်က ဂိုး ၂၀ သွင်းယူကာ ဂိုးဖန်တီးမှု ၁၃ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။
ဂျာအိုဖီးလစ်ဟာ အယ်လ်နာဆာအသင်း ချန်ပီယံဆု ရယူနိုင်ခဲ့တာမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်နိုင်ခဲ့တာ ကြောင့် ဆော်ဒီပရိုလိဂ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ရခဲ့တာပါ။

ဂျာအိုဖီးလစ်ကို တွေ့ရစဉ်
ပြီးခဲ့တဲ့နွေရာသီမှာ ချယ်လ်ဆီးအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဂျာအိုဖီးလစ်ဟာ အယ်လ်နာဆာအသင်း ကစားသမားဘဝ သူ့ရဲ့ပထမဆုံးရာသီမှာ အောင်မြင်မှု ရယူနိုင်ခဲ့ပါတယ်။
အယ်လ်နာဆာအသင်းကို နှစ်ပေါင်းများစွာကြာ ဝေးကွာနေတဲ့ ဆော်ဒီပရိုလိဂ်ဖလားကို ပြန်ပြီးရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တဲ့ ဂျော့ချ်ဂျီးဆပ်ဟာ အကောင်းဆုံးနည်းပြဆုကို ရခဲ့ပါတယ်။
ဂျော့ချ်ဂျီးဆပ်ဟာ အယ်လ်နာဆာအသင်းနဲ့ ရော်နယ်လ်ဒိုကို ဆုဖလားရရှိအောင် ကူညီပေးခဲ့ပြီးနောက် နည်းပြရာထူးကနေ ထွက်ခွာခဲ့တာပါ။
အဲ့ဒါကြောင့် အယ်လ်နာဆာအသင်းဟာ လာမယ့်ရာသီမတိုင်မီ နည်းပြသစ်တစ်ဦး ခန့်အပ်ရမှာဖြစ်ပြီး အဆိုပါ နည်းပြသစ်ဟာ အသင်းကို အောင်မြင်မှုတွေ ထပ်ပြီးရယူနိုင်အောင် လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 203
CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၂၃
ဒီရာသီကုန်ရင် မန်စီးတီးအသင်းကနေ ထွက်ခွာတော့မယ့် စပိန်လူမျိုးနည်းပြ ဂွာဒီယိုလာဟာ ဘယ်အလုပ်မှ ထပ်လုပ်ဦးမှာ မဟုတ်ဘဲ အနားယူဖို့ စီစဉ်ထားကြောင်း ပြောခဲ့ပါတယ်။
ဂွာဒီယိုလာဟာ အက်စတွန်ဗီလာအသင်းနဲ့ ပရီးမီးယားလိဂ် နောက်ဆုံးပွဲအပြီးမှာ ၁၀ နှစ်ကြာ ကိုင်တွယ်ခဲ့တဲ့ မန်စီးတီးအသင်းကနေ ထွက်ခွာမယ်လို့ အတည်ပြုခဲ့ပါတယ်။
အသက် ၅၅ နှစ်အရွယ်ရှိ ဂွာဒီယိုလာဟာ အနာဂတ်မှာ နိုင်ငံအသင်း နည်းပြရာထူးအပြင် ကလပ်အသင်း တချို့ရဲ့ ချိတ်ဆက်မှုတွေလည်း ခံနေရတာပါ။
ဒါပေမယ့် ဂွာဒီယိုလာကတော့ နောက်ထပ် နည်းပြ အလုပ်အကိုင်ကို မဆုံးဖြတ်မီမှာ ခဏတာအနားယူဖို့ စီစဉ် ထားတာ ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်မှာ မန်စီးတီးအသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ နည်းပြဂွာဒီယိုလာဟာ အသင်းကို ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၂၀ ခုအထိ ရယူနိုင်ခဲ့တာပါ။

ဂွာဒီယိုလာကို တွေ့ရစဉ်
ဂွာဒီယိုလာဟာ မန်စီးတီးအသင်းကို နောက်ဆုံးကိုင်တွယ်ခဲ့တဲ့ ဒီရာသီမှာ FA ဖလားနဲ့ လိဂ်ဖလားရယူပေးနိုင်ခဲ့ ပါတယ်။
မန်စီးတီးအသင်းဟာ နည်းပြ ဂွာဒီယိုလာကို ဂုဏ်ပြုတဲ့အနေနဲ့ အီးတီးဟတ်ကွင်းမှာ သူ့ရဲ့ရုပ်တုကို တည်ဆောက် သွားမှာဖြစ်သလို အသစ် တိုးချဲ့တည်ဆောက်ထားတဲ့ မြောက်ဘက် ပွဲကြည့်စင်ကို သူ့ရဲ့နာမည်ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ဂွာဒီယိုလာရဲ့ နေရာမှာ ချယ်လ်ဆီးအသင်း နည်းပြဟောင်း မာရက်စ်ကာကို ခန့်အပ်ဖို့ သဘောတူညီမှု ရရှိထားတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
မာရက်စ်ကာဟာ မန်စီးတီးအသင်းမှာ နည်းပြဂွာဒီယိုလာရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ဖူးတာ ဖြစ်ပါ တယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 198
CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၂၂
PSG အသင်းတောင်ပံကစားသမား ဒမ်ဘီလီက အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲ အတွက် သူကြံ့ခိုင်မှု ပြည့်ဝနေမယ်လို့ ပြောခဲ့ပါတယ်။
ဒမ်ဘီလီက “ကျနော်အလွန်ကောင်းမွန်နေပြီး ဗိုလ်လုပွဲအတွက် အဆင်သင့်ဖြစ်နေပါလိမ့်မယ်။ ဗိုလ်လုပွဲအတွက် ၁၀၀ ရာခိုင်နှုန်းဖြစ်မလားဆိုရင် ဖြစ်မယ်လို့ ကျနော်ထင်ပါတယ်။ ကျနော် ဒါကို သံသယမရှိပါဘူး။ မေလ ၃၀ ရက် မှာ ကွင်းထဲရှိနေဖို့ ကျနော်မျှော်လင့်ပါတယ်” လို့ RMC Sport ကို ပြောခဲ့တာပါ။
Ballon d'Or ဆုရှင် ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ပြင်သစ်လီဂူး-၁ ပွဲမှာ ဒဏ်ရာရခဲ့တာကြောင့် ပွဲချိန် ၂၇ မိနစ်မှာ လူစားလဲ ခံခဲ့ရပါတယ်။
အဲဒါကြောင့် ဒမ်ဘီလီဟာ မေလ ၃၀ ရက် ဘူဒါပက်စ်မှာကစားမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ PSG အသင်းအတွက် ပါဝင်ကစားဖို့ သံသယဖြစ်ဖွယ်ရှိခဲ့တာပါ။

ဒမ်ဘီလီဟာ ဒီရာသီမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ရမှုတွေရှိခဲ့ပေမယ့် အာဆင်နယ်အသင်းနဲ့ ပွဲမှာ ပါဝင်ကစားဖို့ အဆင်သင့်ဖြစ်နေလိမ့်မယ်လို့ ပြောခဲ့ပါတယ်။
ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်တဲ့လမ်းကြောင်းမှာ ၇ ဂိုး သွင်းယူ နိုင်ခဲ့တာ အပါအဝင် ဒီရာသီ PSG အသင်းအတွက် ၃၉ ပွဲကစားထားတာမှာ ၁၉ ဂိုးသွင်းယူထားတဲ့ ဒမ်ဘီလီဟာ ချန်ပီယံလိဂ်ဖလားကို ကာကွယ်နိုင်ဖို့ ရည်မှန်းနေတာပါ။
အာဆင်နယ်အသင်းကလည်း အသင်းရဲ့သမိုင်းမှာ ချန်ပီယံလိဂ်ဖလားကို ပထမဆုံးအကြိမ်ကိုင်မြှောက်နိုင်ဖို့ ပစ်မှတ်ထားပြီး ပြင်ဆင်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 153
CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၂၂
ဘိုင်ယန်မြူးနစ်အသင်းဟာ အင်္ဂလန်နောက်ခံလူဂျွန်စတုန်းစ်ကို အံ့အားသင့်ဖွယ်ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
ဒီအပြောင်းအရွှေ့သာဖြစ်ခဲ့ရင် ဂျွန်စတုန်းစ်ဟာ ဘိုင်ယန်မြူးနစ်အသင်းကို ကိုင်တွယ်နေတဲ့ သူ့ရဲ့မန်စီးတီး အသင်းဖော်ဟောင်း ကွန်ပနီနဲ့ ပြန်လည်လက်တွဲရမှာဖြစ်သလို အင်္ဂလန်အသင်းဖော်ဟာရီကိန်းနဲ့ ပြန်ပြီး တွဲဖက် ကစားရမှာ ဖြစ်ပါတယ်။
ဂျွန်စတုန်းစ်ဟာ ဆယ်စုနှစ်ကြာကစားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ ဒီရာသီကုန်ရင် စာချုပ် ကုန်ဆုံးပြီဖြစ်လို့ ထွက်ခွာတော့မှာပါ။
အဲဒါကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျွန်စတုန်းစ်ကို အလွတ်နဲ့ခေါ်ယူလို့ရမှာ ဖြစ်ပါတယ်။
ဂျွန်စတုန်းစ်ဟာ မန်စီးတီးအသင်းအတွက် ပွဲပေါင်း ၂၉၀ ကျော် ပါဝင်ကစားထားပြီး ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်၊ ကာရာဘောင်း လိဂ်ဖလား ၅ ကြိမ်၊ FA ဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ်ဖလားအပါအဝင် ဆုဖလားအများအပြားရယူနိုင်ခဲ့တာပါ။

ဂျွန်စတုန်းစ်ဟာ အသင်းဟောင်းအဲဗာတန်အသင်းထံ ပြန်ပြောင်းရွှေ့ဖို့ ချိတ်ဆက်ခံနေရသလို တန်းတက် ကိုဗင်ထရီအသင်းအပါအဝင် အသင်းတချို့က သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ဒါပေမယ့် ကွန်ပနီရဲ့ ဦးဆောင်မှုအောက်မှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ကစားရမှာက ဂျွန်စတုန်းစ်ကို ဆွဲဆောင်မှုရှိစေမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ကွင်းလယ်နေရာမှာပါ ကစားနိုင်တဲ့ ဂျွန်စတုန်းစ်ဟာ မန်စီးတီးအသင်းရဲ့ဆုဖလားအောင်မြင်မှုတွေမှာ အဓိက အရေးပါတဲ့သူတစ်ဦးအဖြစ် ရှိခဲ့တာပါ။
ဒါပေမယ့် ဂျွန်စတုန်းစ်ဟာ ဒဏ်ရာတွေ၊ ကြံ့ခိုင်မှုမပြည့်ဝတာတွေကြောင့် ပြီးခဲ့တဲ့ ၂ ရာသီအတွင်းမှာ ပွဲကစားချိန်အကန့်အသတ်နဲ့သာ ရရှိခဲ့တာဖြစ်ပါတယ်။
Source:DailyMail
