CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
သီလဝါ အထူးစီးပွားရေးဇုန်ကိုတွေ့ရစဉ်

ရင်းနှီးမြှုပ်နှံမှုအတွက် အစိုးရမှ ခိုင်မာတိကျသည့် ကတိကဝတ်ပေးရန် လိုအပ်

By CNI
CNI
Category: စီးပွားရေး
Hits: 1881

CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂

မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာဖို့အတွက်ဆိုလျှင် အစိုးရမှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး တိကျသေချာသည့် ကတိကဝတ်များ ပေးအပ်ရန်လိုသည်ဟု မြန်မာ့စီးပွားရေး လေ့လာသူများနှင့် လုပ်ငန်းရှင်များက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်သည့် ပေါ်လစီများ တိကျခိုင်မာမှု အားနည်းခြင်းနှင့် ဥပဒေပိုင်းဆိုင်ရာများ အားနည်းခြင်းတို့ကြောင့် အခက်အခဲ ဖြစ်နေကြောင်း သိရသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် နိုင်ငံကို အုပ်ချုပ်နေသည့် ခေါင်းဆောင်၏ လုပ်ဆောင်ချက်အပေါ် မူတည်ပြီး ရင်းနှီးမြှုပ်နှံလေ့ ရှိကြသည့်အတွက် ဦးဆောင်သူနှင့် များစွာ သက်ဆိုင်နေသည်ဟု စီးပွားရေး လုပ်ငန်းရှင် တစ်ဦး ဖြစ်သူ ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ခိုင်မာတိကျတဲ့ အစိုးရဘက်ကနေမှ ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်မှုရှိတဲ့ ကတိကဝတ်တွေ ပေးဖို့ နေရာမှာ အားနည်းချက် ရှိတယ်လို့ အစ်ကိုတို့က သုံးသပ်လို့ ရတယ်။ အဲဒါက ဘယ်လိုဟာမျိုး ဖြစ်သလဲဆိုတော့ အစိုးရက ရင်းနှီးမြှုပ်နှံသူတွေကို သေချာတယ်၊ ငါတို့နိုင်ငံမှာ ရင်းနှီးမြှုပ်နှံလို့ရှိရင် မင်းတို့ မရှုံးနိုင်ဘူး ဘယ်လို အကျိုးအမြတ်တွေ ရှိမယ်။ မင်းတို့အတွက် ငါတို့က ဘယ်လိုမျိုး အကာအကွယ် ပေးထားနိုင်တယ်၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမှာ ငါတို့က ဘယ်လောက်ထိ တိကျတယ်ဆိုတာကို ပိုပြီးနားလည် ရှင်း လင်းအောင် ချပြဖို့လိုတယ်။ အခုလည်း သူက ချပြနေတာ ရှိတယ်။ သို့သော်လည်း အဲဒီချပြတာထက် ပိုပြီး လွယ် ကူ ရှင်းလင်းအောင် ချပြဖို့ လိုတယ်။ နောက်ပြီး အဓိက အစိတ်အပိုင်းကတော့ ခေါင်းဆောင်တဲ့ အစိုးရအပေါ်မှာ အများကြီး မူတည်တယ်။ ရင်းနှီးမြှုပ်နှံမယ့် သူတစ်ယောက်က နိုင်ငံတနိုင်ငံကို ရင်းနှီးမြှုပ်နှံမယ်ဆိုရင် အဲဒီနိုင်ငံမှာ ရှိတဲ့ ခေါင်းဆောင်က ဘယ်လိုမျိုး သွားနေတဲ့ ခေါင်းဆောင်လဲ၊ စီးပွားရေးအတွက် သွားတဲ့ခေါင်းဆောင်လား၊ ဘာသာရေးအတွက် သွားတဲ့ခေါင်းဆောင်လား၊ စစ်အင်အားအတွက် သွားနေတဲ့ ခေါင်းဆောင်လားဆိုတဲ့ ဒီခေါင်းဆောင်မှာ ကြည့်ပြီးသွားတော့မှ ရင်းနှီးမြှုပ်နှံကြတာ ဖြစ်တယ်”ဟု ပြောသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနကိုတွေ့ရစဉ်

ထို့နောက် တရုတ်နိုင်ငံမှာဆိုလျှင် ကွန်မြူနစ်နိုင်ငံဖြစ်သည့်တိုင်အောင် စီးပွားရေးကို ဦးစားပေးသွားသည့်အတွက် ရင်းနှီးမြှုပ်နှံမှုများ များပြားကြောင်း ဦးအောင်ပြည့်စုံက နှိုင်းယှဉ်ပြသည်။

၎င်းက “တရုတ်နိုင်ငံမျိုးဆိုရင် ကွန်မြူနစ်နိုင်ငံ။ သို့သော်လည်း ကွန်မြူနစ်နိုင်ငံသည် စီးပွားရေးကို သွားတာဖြစ်တဲ့ အတွက်ကြောင့် တရုတ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်တယ်။ စင်္ကာပူဆိုရင် စီးပွားရေး ဘက်သွားတယ်။ ဒီအတွက် ကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ သူတို့ ဝင်လာတယ်။ ထိုင်းဆိုလို့ရှိရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို နည်းမျိုးစုံနဲ့ သူတို့ က နိုင်ငံခြားမှာ ကွန်ဒိုတိုက်ခန်း ဝယ်မယ်ဆိုလို့ရှိရင် ဘယ်လိုအခွင့်အရေးတွေ ပေးမယ် အစရှိသဖြင့်ကို ဆွဲဆောင် မှုရှိတဲ့ ကြေငြာချက်တွေ ထုတ်ပြန်ချက်တွေနဲ့ သူတို့က ဆွဲဆောင်ကြတယ်။ အစ်ကို့နိုင်ငံမှာ နိုင်ငံတနိုင်ငံ ရင်းနှီး မြှုပ်နှံဖို့ မပြောနဲ့ ပြည်တွင်း ရင်းနှီးမြှုပ်နှံတဲ့ သူတွေတောင်မှပဲ လုပ်ငန်းတစ်ခု ထပ်ချဲ့ဖို့အတွက် တွေဝေတွန့်ဆုတ် နေမယ်ဆိုရင် ဘာသာစကားအရရော၊ လူမျိုးအရရော၊ အသွင်သဏ္ဍာန်အရရော မတူကြတဲ့ နိုင်ငံခြားသားတွေ ရင်းနှီးမြှုပ်နှံမှုအတွက်က အခက်အခဲတွေ အများကြီး ရှိတာပေါ့။ အဲတော့ ခေါင်းဆောင်တွေနဲ့ပဲ အဓိက သက်ဆိုင် တယ်လို့ အစ်ကိုကတော့ သုံးသပ်လို့ရတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာဖို့ဆိုလျှင် နီးစပ်ရာ လူပုဂ္ဂိုလ်များကိုသာ လုပ်ပိုင်ခွင့်များ ပေးဆောင်နေခြင်းနှင့် အဂတိလိုက်စားမှုများကို ထိရောက်စွာ အရေးယူမှုများ လုပ်ဆောင်ရန် လိုအပ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

တခြားသော မြေယာနှင့် အလုပ်သမား အရင်းအမြစ်များစွာမှာ ပူပန်စရာမလိုဘဲ အဆင်သင့်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်

ထို့နောက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမည့် သူများသည် နိုင်ငံရေး အကျပ်အတည်းများကြောင့်လည်း ဝင်ရောက်ရန် ချင့်ချိန်နေကြကြောင်း၊ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြီး ရွေးကောက်ခံ အစိုးရ တက်လာမှသာ ရင်းနှီးမြှုပ်နှံမှု အမြောက်အများ ဝင်ရောက်လာနိုင်ကြောင်း စီးပွားရေးနှင့် ဘဏ်ရေးရာပညာရှင် ဦးသက်ဇော်က CNI သတင်းဌာန သို့ ပြောသည်။

၎င်းက “နိုင်ငံရေး အခင်းအကျင်းကြောင့် နိုင်ငံတကာ FDI ဝင်ဖို့က သူ့ရဲ့ Department တွေက တွန့်ဆုတ်နေတဲ့ သဘော ရှိတယ်။ ဒါ့ကြောင့်မို့လည်း ရွေးကောက်ပွဲကို သူတို့ အမြန် ကျင်းပဖို့ လုပ်နေကြတာပေါ့နော်။ ရွေးကောက်ခံ အစိုးရ ဖြစ်သွားရင်တော့ ဥပမာအားဖြင့် ဦးက ကျွမ်းကျင်တာကတော့ ဂျပန်နဲ့ တရုတ်ကို ပိုကျွမ်း ကျင်တယ်။ သူတို့ရဲ့ Government တွေ ဝင်ဖို့က အဲဒီ sector ကြီးကို စောင့်နေတာ။ အဲဒါပြီးသွားရင်တော့ ဝင်ချ လာမှာပေါ့နော်” ဟု ပြောသည်။

ထို့နောက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို ၅ နှစ် အခွန်ကင်းလွတ်ခွင့် ပေးထားသည့် သီလဝါ အထူးစီးပွားရေးဇုန် နည်းတူ ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းတို့တွင်လည်း ရင်းနှီးမြှုပ်နှံမည့် သူများကို ၅ နှစ်၊ ၁၀ နှစ်၊ ၁၅ နှစ် အခွန်ကင်းလွတ်ခွင့်ပေးသင့်သည်။

အဆိုပါ အခွန်ကင်းလွတ်ခွင့် မူဝါဒများချမှတ်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ကြောင်း လုပ်ငန်းရှင်များက သုံးသပ်သည်။

ထို့အပြင် မြန်မာနိုင်ငံအတွက် အလုပ်အကိုင် အခွင့်အလမ်းများ အမြောက်အများ ဖန်တီးပေးနိုင်သည့် အထည်ချုပ် နှင့် တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်ရန်အတွက် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများကို ဦးစားပေး ခွင့်ပြုစေ လို ကြောင်း စီးပွားရေးပညာရှင်များက ပြောသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရခိုင်တွင် အပစ်အခတ်ရပ်စဲပြီးနောက် ဆေးဝါးတင်သွင်းခွင့် ပြန်ရ

By CNI
CNI
Category: Watch TV
Hits: 965

Share
Tweet
Share
Share
powered by social2s

တရားမဝင် အလုပ်သမားအေဂျင်စီများရှိလျှင် အလုပ်သမားဦးစီးဌာနသို့ တိုင်ကြားနိုင်

By CNI
CNI
Category: Watch TV
Hits: 943

Share
Tweet
Share
Share
powered by social2s

ထိုင်းတွင် မြန်မာများ ကွန်ဒိုငှားနေခြင်းနှင့် ဝယ်ယူခြင်း ပိုမိုများလာ

By CNI
CNI
Category: Watch TV
Hits: 890

Share
Tweet
Share
Share
powered by social2s

မြန်မာ့သကြား တစ်လလျှင် တန် ၃၀၀၀ ဝယ်ယူရန် တရုတ်ကမ်းလှမ်း

By CNI
CNI
Category: Watch TV
Hits: 901

Share
Tweet
Share
Share
powered by social2s

ကမ်းခြေဒေသ ဟိုတယ်လုပ်ငန်းများ ၉၅ ရာခိုင်နှုန်းအထိ ပြန်၍လည်ပတ်လာ

By CNI
CNI
Category: Watch TV
Hits: 876

Share
Tweet
Share
Share
powered by social2s

တရုတ်အစိုးရက ပတ်စ်ပို့နှင့်ဗီဇာများ ပြန်ထုတ်ပေးမည်ဟု ကြေညာ

By CNI
CNI
Category: Watch TV
Hits: 853

Share
Tweet
Share
Share
powered by social2s
မြန်မာရွှေ့ပြောင်းအလုပ်သမားများကိုတွေ့ရစဉ်

အလုပ်မရသေးသည့် MOU အလုပ်သမားများကို စေလွှတ်ခဲ့သော အေဂျင်စီများကို အရေးယူသင့်

By CNI
CNI
Category: စီးပွားရေး
Hits: 1817

CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၉

ထိုင်းနိုင်ငံတွင် MOU ဖြင့် ရောက်ရှိနေသော်လည်း အလုပ်မရရှိသေးသော မြန်မာများအတွက် ၎င်းတို့ကို စေလွှတ် ခဲ့သည့် အေဂျင်စီများအား ဌာနဆိုင်ရာမှ တာဝန်ရှိသူများအနေဖြင့် အရေးယူ ဆောင်ရွက်သင့်ကြောင်း မြန်မာ ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

ကိုဗစ် မတိုင်ခင် ကာလက MOU ဖြင့် စေလွှတ်သည့်အခါ ထိုင်းသို့ ရောက်ရှိပါက အလုပ်မရရှိသည့် အလုပ်သမား အရေးမှာ အနည်းငယ်သာရှိခဲ့ကြောင်း၊ ကိုဗစ်ကာလအလွန် MOU ဖြင့် စတင်စေလွှတ်ချိန်မှ လက်ရှိအချိန်အထိ အလုပ်မရရှိသည့် MOU အလုပ်သမားအရေးကိစ္စမှာ အများအပြားရှိလာကြောင်း ၎င်းတို့က ပြောသည်။

ထိုင်းတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက “မြန်မာနိုင်ငံက အလုပ်သမားအရေး တည်ဆဲဥပဒေအရက MOU စနစ်နဲ့ ပြည်ပကို အလုပ်သမား ပို့တော့မယ်ဆိုရင် ထိုင်းပဲဖြစ်ဖြစ်၊ မလေးရှားပဲဖြစ်ဖြစ်၊ စင်ကာပူပဲဖြစ်ဖြစ် စာချုပ်ပါအတိုင်း အလုပ်လွဲပြီဆိုရင် နံပါတ်တစ် အဲဒီ အေဂျင်စီကို ထိ ရောက်စွာ အရေးယူရမှာ အ.လ.ည(အလုပ်သမားညွှန်ကြားမှုဦးစီးဌာန) ရဲ့ တာဝန်။ နံပါတ်နှစ် အလုပ်သမား တစ်ယောက်ရဲ့ ကုန်တဲ့ ကုန်ကျစရိတ်တွေကို စာချုပ်ပါအတိုင်း အလုပ်မပေးနိုင်ဘူးဆိုရင် လိုင်စင် ကိုင်ထားပြီး တော့မှ ဒါ လူရောင်းစားတာလို့ ခေါ်တယ်။ အဲဒီတော့ ဒီဟာကို ဥပဒေအရ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီးတော့ အ.လ.ည ဟာ ဒီအေဂျင်စီကို ထိရောက်စွာ အရေးယူရမယ်။ ပြီးတော့ ဒီကလေးတွေ ကုန်သွားတဲ့ ကုန်ကျစရိတ်ကို တစ်ကျပ် မကျန် ပြန်ပေးရမယ်။ ပြီးရင် သူတို့ရဲ့ ပေးဆပ်လိုက်ရတဲ့ အချိန်တွေ၊ နယ်မှာ သူတို့တွေ ငွေတိုးတွေနဲ့ ချေးပြီးတော့ လာတယ်။ ဒီအပေါ်မှာ ထိုက်သင့်တဲ့ နစ်နာကြေးတစ်ခု အချိန်ကုန်ခတွေ သူတို့ကို ပြန်လည် ပေးဆပ် ရမယ်။ အ.လ.ညက ဒီလိုပုံစံ အလုပ်လုပ်လာတဲ့ အခါကျရင် ဒီအေဂျင်စီတွေဟာ အလုပ်သမားတွေ အပေါ်မှာ မသမာတဲ့ နည်းလမ်းတွေနဲ့ စာချုပ်ပါအတိုင်း အလုပ်မပေးနိုင်တာကို တရားဝင် ထွက်စာခ ဆိုပြီးကို လူ တစ် ယောက်ကို ဘတ် ၃၊ ၄၊ ၅ ပြန်တောင်းတဲ့ ပြဿနာတွေ ပျောက်သွားမယ်။ ပြီးတော့ စာချုပ်ပါအတိုင်း သူတို့ အလုပ်ပေးလာမယ်” ဟု ပြောသည်။

ထိုင်းရှိ မြန်မာသံရုံးရှေ့မှာ MOU သမားများ အလုပ်မရ၍ ဆန္ဒပြနေကြစဉ်

MOU ဖြင့် ရောက်ရှိပြီး အလုပ် မရသေးသည့် မြန်မာအလုပ်သမားများထဲကမှ ၈၀ ခန့်သည် အလုပ်မရသည်မှာ ၄ လခန့် ရှိပြီဖြစ်သည့်အတွက် ပြီးခဲ့သည့်ရက်ပိုင်းက ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် အလုပ်ရရှိရေး ဆန္ဒပြ တောင်းဆိုခဲ့ကြသေးသည်။

ထိုသို့ ဆန္ဒပြ တောင်းဆိုမှုကြောင့် သံအရာရှိမှ စာထုတ်၍ သံရုံးတာဝန်ရှိသူများက အေဂျင်စီဘက်ကို ခေါ်ယူ ဖြေရှင်းစေခဲ့သည်။

ထို့နောက် အေဂျင်စီဘက်မှ လာရောက်ခဲ့ပြီး အလုပ်မရသေးခင် ကြားကာလ၌ ထိုင်းနိုင်ငံက သတ်မှတ်ထားသည့် အနိမ့်ဆုံး လုပ်ခလစာ၏ ၇၅ ရာခိုင်နှုန်းကို အလုပ်သမားများအား လစဉ်ပေးရန် သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။

MOU အလုပ်သမားများ ထိုင်းကို စေလွှတ်ခံရသော်လည်း အလုပ်မရရှိသည့် ကိစ္စနှင့်ပတ်သက်၍ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

ယခုကဲ့သို့ ကိစ္စမျိုး မဖြစ်ပွားစေရန်အတွက် အလုပ်သမားများအား MOU ဖြင့် တစ်ဖက်နိုင်ငံသို့ မစေလွှတ်မီ အေဂျင်စီဘက်မှ အလုပ်ခေါ်စာများအား အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် သေချာစွာ စိစစ်ပြီးမှသာ အလုပ်သမားများကို စာချုပ်ချုပ်ဆို ခိုင်းသင့်ကြောင်းလည်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက် နေသူများက ပြောသည်။

ထိုင်းကို အလုပ်သွားမယ့် MOU အလုပ်သမားများကိုတွေ့ရစဉ် 

FED မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က “အဲဒီအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီပေါ့နော်။ တရားဝင် ထိုင်းနိုင်ငံ ကို အလုပ်သမား ပို့လို့ရတဲ့ အေဂျင်စီကို စနစ်တကျ ကြီးကြပ်သင့်တယ်။ ကျနော်တို့ အမြဲတမ်း ပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ MOU နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ အရဆိုရင် MOU နဲ့ လာတဲ့ အလုပ်သမားတွေက ထိုင်းကို ရောက်တာနဲ့ကို အလုပ်က အဆင်သင့်ဖြစ်ရမှာ။ အလုပ်အဆင်သင့် ဖြစ်လို့ပဲ သူတို့ကို လက်မှတ်ထိုးပြီး ဗမာပြည်ကနေ လာခေါ်သွားတာ။ အခုက ထိုင်းနိုင်ငံမှာ အလုပ်လည်း သေချာမရှိပဲနဲ့ အေဂျင်စီတွေက သူတို့ရဲ့ အေဂျင်စီ အကျိုးအမြတ် ရလိုမှုနဲ့ အလုပ်သမားတွေကို ထိုင်းထဲကို ခေါ်ခေါ်လာတယ်။ ခေါ်ပြီးတော့ ဒီမှာလည်း အလုပ် မပေးနိုင်ဘူး။ အစိုးရတွေ အနေနဲ့ကတော့ ဒီအေဂျင်စီတွေကို စနစ်တကျ ကိုင်တွယ်ရမယ်။ သူတို့ပြဋ္ဌာန်း ထားတဲ့ ဥပဒေတွေနဲ့ မညီလို့ရှိရင် ထိထိရောက်ရောက် အရေးယူရမယ်။ နောက် တစ်ချိန်တည်းမှာပဲ အစိုးရတွေက ခန့်ထားတဲ့ အလုပ်သမား သံအရာရှိတွေကလည်း အဲဒီအေဂျင်စီတွေရဲ့ လုပ်ငန်းတွေကို စောင့်ကြည့်ပြီးတော့မှ အလုပ်သမားတွေအတွက် အကူအညီပေးရမယ်။ အခုကျတော့ တစ်ချို့ အလုပ်သမား သံအရာရှိတွေနဲ့ အေဂျင်စီ တွေနဲ့ ပေါင်းပြီးတော့ အကျိုးအမြတ်ယူပြီး လုပ်နေကြတော့ အလုပ်သမားတွေ အတွက်က အများကြီး ထိခိုက် တယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းကို MOU ဖြင့် စေလွှတ်ခြင်းအား ကိုဗစ်ကြောင့် ရပ်နားထားခဲ့ခြင်းဖြစ်ပြီး လက်ရှိ ကိုဗစ်ကာလ အလွန်၌ ပြန်လည် စေလွှတ်ရာတွင် စာချုပ်ပါအတိုင်း အလုပ်မရရှိသည့် MOU မြန်မာ အလုပ်သမား ဦးရေမှာလည်း အများအပြား ရှိနေကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများထံက သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရာသီဥတု ဖောက်ပြန်မှုကြောင့် မွန်ပြည်နယ်တွင် ဆားထွက်ရှိမှု နောက်ကျ

By CNI
CNI
Category: Watch TV
Hits: 834

Share
Tweet
Share
Share
powered by social2s

မလေးငွေတန်ဖိုး ကျဆင်းနေ၍ မြန်မာများ လုပ်ငန်းခွင်အပြောင်းအလဲ မလုပ်သင့်သေး

By CNI
CNI
Category: Watch TV
Hits: 861

Share
Tweet
Share
Share
powered by social2s
ဆားလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်

ရာသီဥတု ဖောက်ပြန်မှုကြောင့် မွန်ပြည်နယ်တွင် ဆားထွက်ရှိမှု နောက်ကျ

By CNI
CNI
Category: စီးပွားရေး
Hits: 2278

CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၈

အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် မွန်ပြည်နယ်အတွင်းရှိ နေလှန်းဆားလုပ်ငန်းများသည် ဆားရာသီပြန်စပြီး ၂ လနီးပါးကြာသည်အထိ ဆားမထုတ်လုပ်နိုင်သေးဘဲ အခက်အခဲမျိုးဆုံနှင့် ရင်ဆိုင်နေရသည်ဟု ဆားတောင်သူ များက CNI သတင်းဌာနသို့ ပြောသည်။

နေလှန်းဆားလုပ်ငန်းများတွင် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများနှင့် ပတ်သက်ပြီး မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ ဝဲကလောင်းကျေးရွာမှ ဆားတောင်သူ ဦးလှတင်က “အလုပ်ကတော့ အောက်တို ဘာလ ထွက်ထားတယ်။ ကွင်းပြင်တယ်။ ကွင်းပြင်တဲ့အခါကျ မိုးကလည်း မိုးရွာလိုက်၊ ခါတိုင်း နေ့ဆိုရင် နေပူတယ်ပေါ့ဗျာ။ ညဆိုရင် မိုးအေးတာနဲ့ဆိုရင် မိုးရွာတယ်။ မိုးရွာတော့ နေ့မှာ အလုပ်လုပ်တယ်။ ညကျတော့ မိုးရွာချလိုက်ပြန်။ နောက်နေ့ကျလို့ရှိရင် ကျနော်တို့လုပ်ငန်းက ဆားက နေနဲ့ပဲ လှန်းရတာဆိုတော့ တခြားလုပ်ငန်းနဲ့လည်း မတူဘူး။ အုတ်လုပ်ငန်းနဲ့လည်း မတူဘူး။ ရော်ဘာခြစ်တဲ့လုပ်ငန်းနဲ့လည်း မတူဘူး။ ရော်ဘာခြစ်တာက အပင်ခြောက်သွားရင် ထပ်ခြစ်လို့ရတယ် တစ်ရက်လောက်ပဲ ကြာတယ်။ ကျနော်တို့က တစ်ရက်လောက်နဲ့ မရဘူး။ အဲလိုမျိုး မိုးကလည်း ဆက်တိုက် ဆက်တိုက်ဖြစ်နေတော့ နေ့ဆိုပူတယ်ပေါ့။ ညဆိုရင် မိုးပြန်ရွာချတယ်။ အဲလိုမျိုး ရာသီဥတုက ဖောက်ပြန်နေတော့ ကျနော်တို့က လုပ်ရကိုင်ရတာ နည်းနည်း ကြန့်ကြာတယ်ပေါ့။ ကျနော်တို့ ဆားထွက်နောက်ကျတာကတော့ အဲဒီရာသီဥတုကြောင့် ကျနော်တို့ ဆားထွက်နောက်ကျတယ်ဆိုလို့ရှိရင် ကျနော်တို့ ကုန်ကျစရိတ် များတာပေါ့။ ကုန်ကျစရိတ် များပြီးတော့ ကျနော်တို့က ဒီထွက်တဲ့ ဆားဈေးနှုန်းနဲ့ မူတည်ပြီးတော့ ဆားဈေးနှုန်းက နည်းနည်းလိုက်လာပေးလို့ရှိရင် ကျနော်တို့ နည်းနည်းခံသာတာပေါ့။ ဆားအသစ်ထွက်လို့ရှိရင် ဈေးထိုးကျသွားရော” ဟု CNI သတင်းဌာနသို့ ပြောသည်။

မွန်ပြည်နယ်တွင် နေလှန်းဆားလုပ်ငန်းကို နှစ်စဉ် အောက်တိုဘာလမှ မေလအထိ လုပ်ကိုင်ကြခြင်းဖြစ်ပြီး ယခုနှစ် ဆားရာသီအချိန်တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ ဆက်တိုက်ရှိနေခြင်းကြောင့် လက်ရှိ ဒီဇင်ဘာလအထိပင် ဆားမထုတ်လုပ်နိုင်သေးကြောင်း သိရသည်။

 နေလှန်းဆားများ ထုတ်လုပ်နေစဉ်

ဆားအသစ်ထုတ်လုပ်နိုင်မှု နောက်ကျခြင်းကြောင့် ဆားလက်ကျန်ဈေးနှုန်းများ မြင့်တက်လာနိုင်ကြောင်း၊ ဆားထွက်ရှိမှု နောက်ကျခြင်းကြောင့် ဆားတောင်သူများအနေဖြင့် ကုန်ကျစရိတ် ပိုမိုမြင့်တက်လာမည်ဖြစ်သော ကြောင့် ဆားအသစ် ထွက်ပေါ်ချိန်တွင် ဆားတစ်ပိဿာ ၃၀၀ ကျပ်အထက် ရရှိမှသာ ဆားတောင်သူများအတွက် အဆင်ပြေမည်ဖြစ်ကြောင်း ဆားတောင်သူ ဦးမြင့်မင်းက CNI သို့ ပြောသည်။

“ဈေးကွက်ပေါ်မှာက ဆားထွက်နောက်ကျလို့ရှိရင် တချို့ကုန်သည်တွေက၊ ကြိတ်စက်သမားတွေကတော့ ဝယ်ဖို့ ဆားမရှိတော့ ဈေးနည်းနည်း ပိုတက်သွားမှာပေါ့။ ၂၀၀ လောက်၊ ၂၅၀ လောက် ရှိတဲ့ဆားက ၃၀၀ လောက် ဖြစ်သွားမှာပေါ့။ ကျနော်တို့ဆားက တောင်သူတွေအနေနဲ့ဆိုရင် ကျနော်တို့ ရင်းနှီးမြှုပ်နှံထားတာနဲ့ ပြန်တွက်မယ် ဆိုလို့ရှိရင် ဆားဈေးက ကျနော်တို့ ၃၀၀ အထက်မှာ ရှိလို့ရှိရင် ကျနော်တို့ နည်းနည်းကာမိတယ်ပေါ့လေ အဆင်ပြေတာပေါ့။ ၃၀၀ အောက် ကျသွားလို့ရှိရင် ကျနော်တို့ အရှုံးပေါ်တာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ဆားရာသီပြန်စနေပြီဖြစ်သော်လည်း ဆားမထုတ်လုပ်နိုင်သေးသည့်အတွက် ဆားဈေးနှုန်းများသည် တစ်ပိဿာ ၂၀၀ ကျပ်မှ ၂၇၀ ကျပ်သို့ မြင့်တက်လာနေကြောင်း သိရသည်။

သို့သော် ဆားအသစ်ထွက်ပေါ်ချိန်တွင် ဈေးနှုန်းများ ကျဆင်းလေ့ရှိသည့်အတွက် ဆားဈေးနှုန်းများ ထပ်ကျမည်ကို လည်း တောင်သူများက စိုးရိမ်နေကြသည်။

မွန်ပြည်နယ်တွင် နေလှန်းဆားလုပ်ငန်းကို သံဖြူဇရပ်မြို့နယ်၊ ပေါင်မြို့နယ်နှင့် ရေးမြို့နယ်တို့တွင် အဓိက လုပ်ကိုင်လျက်ရှိပြီး ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ကို ဖြန့်ဖြူးရောင်းချလျက်ရှိကာ နှစ်စဉ် ဆားတန်ချိန် ၄၂၅၀၀၀ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

မြန်မာသို့ ယခုနှစ် ပြည်ပခရီးသွားဝင်ရောက်မှု တရုတ်ထက် ထိုင်းက အများဆုံးဖြစ်

By CNI
CNI
Category: Watch TV
Hits: 854

Share
Tweet
Share
Share
powered by social2s

ထိုင်းတွင် မြန်မာအပါ တရားမဝင် အလုပ်သမားများအတွက် အလုပ်ရှားပါးနေ

By CNI
CNI
Category: Watch TV
Hits: 861

Share
Tweet
Share
Share
powered by social2s

မုံရွာ - နမ့်တော(ဟုမ္မလင်း) ကားငှားရမ်းခ ၉ သိန်းမှ ၂၅ သိန်းအထိ ရှိနေ

By CNI
CNI
Category: Watch TV
Hits: 860

Share
Tweet
Share
Share
powered by social2s
နမ့်တောနှင့် မုံရွာသွား ကားများကိုတွေ့ရစဉ်

မုံရွာ - နမ့်တော(ဟုမ္မလင်း) ကားငှားရမ်းခ ၉ သိန်းမှ ၂၅ သိန်းအထိ ရှိနေ

By CNI
CNI
Category: စီးပွားရေး
Hits: 1733

CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မုံရွာမြို့နှင့် ဟုမ္မလင်းမြို့နယ် နမ့်တောစံပြကျေးရွာသို့ သွားရောက်ရာတွင် ကားစင်းလုံးငှားရမ်းခ ဈေးနှုန်းသည် ၉ သိန်းမှ ၂၅ သိန်းအထိ ဖြစ်ပေါ်နေကြောင်း နမ့်တောဒေသခံများထံမှ သိရသည်။

နမ့်တော(ဟုမ္မလင်း)မှ မုံရွာသို့ သွားရောက်မည်ဆိုပါက ၁၅ သိန်းမှ ၂၅ သိန်းအထိ ရှိပြီး မုံရွာမှ နမ့်တော (ဟုမ္မလင်း)သို့ သွားရောက်ရာတွင် ၉ သိန်းအထိ ရှိသည်ဟု နမ့်တောဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “နမ့်တောကနေ ငှားလို့ရှိရင်တော့ ၂၀/၂၅ မှ လိုက်တာလို့ အနည်းဆုံး။ အခု မုံရွာကနေမို့လို့ ဈေးချိုတာ။ မုံရွာကနေ နမ့်တောကို တက်မှာမို့လို့ ဈေးချိုတာ။ နမ့်တောကနေ ကိုယ်ပိုင်ငှားရင်တော့ အဲလောက်ပေးရတာ ၁၅/၂၀/၂၅ လောက် ပေးရတာ။ ဘယ်သူနေနေ အဲဒီအတိုင်းပဲ အခုငှားလို့ရှိရင် နမ့်တောကနေ ငှားခဲ့ရင်တော့ ၁၅ သိန်း အနည်းဆုံးပဲ ၂၀/၂၅ အဲလိုပေးရတာ။ အခုက မုံရွာကနေ ငှားတာကြောင့်မို့လို့ ၉ သိန်း အဲလို ”ဟု CNI သတင်းဌာနသို့ ပြောသည်။

မဟာမြိုင်လမ်းကြောင်းကိုတွေ့ရစဉ်

ထို့နောက် ကားစင်းလုံး ငှားရာတွင် လူဦးရေပေါ် မူတည်ပြီး ဈေးနှုန်း တိုးကောက်လေ့ရှိကြောင်း ကားစင်းလုံးငှား ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သည့် ကိုထက်အောင်က CNI သတင်းဌာနသို့ ပြောသည်။

ကိုထက်အောင်က “ရှိတော့ ရှိပါတယ်၊ သူတို့က အဖွဲ့များတာကိုး။ ၁၄ ယောက်၊ ၁၅ ယောက် အဖွဲ့တွေတို့၊ တချို့ ကျတော့ မန္တလေးရဲ့ ဟိုဘက် ဒီဘက်တွေတို့ အဲလိုပို့ရတာကိုး။ မုံရွာကကျတော့ ကျနော်တို့ သွားနေကျ မဟုတ် လည်း မုံရွာ ပြန်နေရတာကိုး။ အဆင်းက ၁၅ သိန်းဖိုးလောက် ပါတယ်။ အခုက အစ်မတို့က အပြန် ၈ သိန်း လောက်နဲ့ဆို သူတို့ ဆီဖိုးရပြီပေါ့ဗျာ၊ အဲလိုဆို သူတို့ ဆင်းတော့မှာ ကျနော်တို့က မုံရွာကားတွေ၊ တချို့ကျတော့ အဲလိုမျိုး ရှိတာကိုး။ တခြား ကိုယ်မရောက်တဲ့နေရာ သွားရရင် ဈေးပိုပေးရတာပေါ့ဗျာ။ ဥပမာ ကျနော်တို့က မုံရွာပဲ ရောက်တယ်ဆိုရင် မန္တလေး သွားချင်တယ်ဆိုရင် မန္တလေးကျ နည်းနည်း ပိုပေးရတာပေါ့ဗျာ။ အဲလို လမ်းကြေး တွေ ဘာတွေနဲ့လေ။ ဂိတ်မှာလည်း ကျနော်တို့ ပေးရတယ်လေဗျာ။ လမ်းမှာလည်း ဂိတ်တွေ ရှိတယ်လေ။ အဲဒါက ခရီးသည်နဲ့ မဆိုင်ဘူးလေ။ ကားသမား သူ့ဟာသူ ရှင်းသွားလိမ့်မယ်လေ” ဟု ပြောသည်။

လက်ရှိတွင် မုံရွာမှ ဟုမ္မလင်းမြို့၊ နမ်တောစံပြကျေးရွာသို့ သွားရောက်သည့် ကားစင်းလုံး ငှားရမ်းခများ ဈေးကြီး နေခြင်းနှင့်အတူ မုံရွာမှ ဟုမ္မလင်းမြို့(နမ့်တော)သို့ ပြေးဆွဲသည့် လိုင်းကားခများလည်း ယခင်က တစ်ဦးလျှင် ၃၀၀၀၀ ကျပ်သာရှိသော်လည်း လက်ရှိ၌ တစ်ဦးလျှင် ၉၀၀၀၀ ကျပ်အထိ ရှိနေကြောင်း သိရသည်။

မုံရွာမှ ဟုမ္မလင်း(နမ့်တော)သို့ သွားရောက်သည့် ချင်းတွင်းမြစ်ကြောင်းကိုတွေ့ရစဉ်

ထို့နောက် ရေလမ်းကြောင်းဖြင့် ကုန်စည်များ တင်၍သွားမည်ဆိုပါကလည်း တစ်ဦးလျှင် ၅ သိန်းအထိ ကုန်ကျ သည်ဟု ဒေသခံများက ပြောသည်။

မုံရွာမှ နမ့်တောအထိ ကားလမ်းကြောင်း တစ်လျှောက်တွင် ဒေသခံကာကွယ်ရေးတပ် (LDF)နှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(PDF)များ၏ စစ်ဆေးရေးဂိတ်များ အပါအဝင် မြန်မာ့တပ်မတော်နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA)၏ စစ်ဆေးရေးဂိတ် စုစုပေါင်း ဂိတ် ၃၀ ကျော်ရှိကြောင်း သိရသည်။

အဆိုပါ ဂိတ်များကို ဂိတ်ကြေးပေးနေရခြင်းကြောင့် ကားခဈေးနှုန်းများလည်း ယခုလို မြင့်တက်လာခြင်း ဖြစ်ကြောင်း ကားပြေးဆွဲနေသူများက ပြောသည်။

ဟုမ္မလင်းနှင့် အောက်မြန်မာပြည်သို့ ဆက်သွယ်ရေးတွင် လေကြောင်းလမ်း၊ ရေလမ်း၊ ကုန်လမ်းရှိသော်လည်း လက်ရှိ တိုက်ပွဲ အခြေအနေများကြောင့် ရေလမ်းကြောင်းကို အသုံးပြုရန် ခက်ခဲနေသည်ဟု ဟုမ္မလင်းဒေသခံ များက ပြောသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ငွေကြေးခဝါချမှု တိုက်ဖျက်ဖို့ အိမ်ခြံမြေအကျိုးဆောင် မှတ်ပုံတင်ထုတ်ပေးမည်

By CNI
CNI
Category: Watch TV
Hits: 878

Share
Tweet
Share
Share
powered by social2s
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16

Page 12 of 48

  1. You are here:  
  2. Home
  3. စီးပွားရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar