CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ဆန်ကုန်သည်များ အဝယ်ရပ်နေခြင်းကြောင့် ပြည်ပပို့ ဆန်နှင့်ဆန်ကွဲ ဈေးနှုန်းကျဆင်း

By CNI
CNI
Category: Watch TV
Hits: 1008

Share
Tweet
Share
Share
powered by social2s

ရွှေဈေးသတ်မှတ်ပေးသော်လည်း ရွှေဆိုင်များတွင် ဈေးနှုန်းမြင့်နေဆဲ

By CNI
CNI
Category: Watch TV
Hits: 964

Share
Tweet
Share
Share
powered by social2s

ကုန်တင်ကား အခက်အခဲကြောင့် ထိုင်းသို့ ပြောင်းတင်ပို့မှု ၃ ပုံ ၁ ပုံခန့် နှောင့်နှေးနေ

By CNI
CNI
Category: Watch TV
Hits: 1041

Share
Tweet
Share
Share
powered by social2s

အီရန်ငွေကြေးတန်ဖိုး စံချိန်တင် ကျဆင်း

By CNI
CNI
Category: Watch TV
Hits: 1052

Share
Tweet
Share
Share
powered by social2s
ပြည်တွင်းအထည်ချုပ်စက်ရုံတစ်ခု၊ MOU ဖြင့် ပြည်ပသို့ထွက်ခွာကြမည့် မြန်မာအလုပ်သမားများ၊ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားကြသည့် မြန်မာနိုင်ငံသားမျာ

မြန်မာနိုင်ငံမှာ အလုပ်အကိုင်ပေါများလာလျှင် ပြည်ပထွက်ခွာမှု နည်းပါးသွားနိုင်မလား

By CNI
CNI
Category: လူမှုဘဝ
Hits: 1477

 CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နောက်ပိုင်းမှ စတင်ကာ ပြည်တွင်း အလုပ်အကိုင်ရှားပါးမှု၊ လုပ်ခလစာနည်းပါးမှု၊ စီးပွားရေးနှင့် နိုင်ငံရေးအခြေအနေ စသည်တို့ကြောင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာသူဦးရေမှာ အလွန် များပြား လာသည်ကို တွေ့ရသည်။

ပြည်ပသို့ထွက်ခွာကာ သွားရောက်အလုပ်လုပ်ကိုင်မှု နည်းပါးစေလိုလျှင် မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့် အလမ်း ပေါများလာရန် လိုအပ်သော်လည်း ပြည်တွင်းလုပ်ခလစာမှာ နည်းပါးနေသေးပါက ပြည်ပထွက်ခွာမှုမှာ လျော့နည်းမသွားနိုင်ကြောင်း တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့ရှိ အလုပ်သမား ရွှေ့ပြောင်းနေထိုင်သူများ ကူညီထောက်ပံ့ရေး စင်တာ မှ တာဝန်ခံ ကိုခန့်နေကြည်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့ဆီကတော့ အလုပ်အကိုင်ပေါရုံနဲ့တင်တော့ မရသေးဘူးဗျ။ လုပ်အားခနှုန်းတွေကိုလည်း ကြည့်ရဦးမယ်။ လူတွေက အလုပ်လုပ်ချင်တာက အဓိကမဟုတ်ဘူးလေ။ လုပ်အားခလိုချင်တာက အဓိကကို။ လုပ်အားခ လိုချင်လို့ အလုပ်လုပ်တာဖြစ်တဲ့အတွက် အလုပ်တော့လုပ်ရမယ် ထမင်းပဲကျွေးမယ်ဆိုရင်တော့ မလုပ်နိုင်ဘူးပေါ့နော်။ အလုပ်အကိုင်နေရာတွေကတော့ရှိတယ် ထမင်းပဲကျွေးမယ်ဆိုရင်တော့လည်း မရ သေးဘူး။ လစာတော့ ပေးတယ်ဆိုလည်းပဲ အနည်းဆုံး ကျနော်တို့က ထိုင်းလောက် အနီးအနားက စင်ကာပူ လောက် အဲဒီလို လစာနှုန်းတွေ တက်လာမှသာလျှင် လူတွေကလည်းပဲ ကိုယ့်နိုင်ငံထဲမှာပဲ အခြေချပြီးတော့ တည်တည်ငြိမ်ငြိမ်လုပ်ကြရမယ့်သဘော။လူတွေကို လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးမယ်ဆိုရင်တော့ ထွက်နေ ကြမှာပါပဲ။ စင်ကာပူက လူတွေလည်း စင်ကာပူမှာမလုပ်ဘဲ ဂျပန် သွားလုပ်နေကြတာလေ။ အမေရိကကို သွားလုပ်နေတာပဲ။ ထို့အတူပဲ မြန်မာနိုင်ငံသားတွေလည်း သူ့ထက်သာတဲ့ နိုင်ငံတွေ သွားလုပ်ကြမှာပဲ။ ပြည်တွင်း ထဲမှာ လုပ်ဖို့ဆိုရင်တော့ မျှတတဲ့ လုပ်အားခနှုန်းထားတွေသာ မြင့်တက်လာဖို့ လိုမယ်ထင်ပါတယ်”ဟု ပြောသည်။

ပြည်ပထွက်ခွာကြမည့် မြန်မာနိုင်ငံသားများကို လေဆိပ်တွင်တွေ့ရစဉ်

အမှန်တကယ်၌ မြန်မာနိုင်ငံတွင် အလုပ်အကိုင်မှာ မရှားပါးသည့်အပြင် လက်ရှိ၌လည်း ခေါ်ယူနေသည့် အလုပ် ခေါ်စာတို့မှာ အများအပြားရှိကြောင်းနှင့် အဓိကပြဿနာမှာ လုပ်ခလစာသာဖြစ်ကြောင်း လုပ်ငန်းရှင်တချို့က သုံးသပ်သည်။

အလုပ်သမားများဘက်မှ ကြည့်ပါက ရရှိသည့် လုပ်ခလစာနှင့် လက်ရှိ ကုန်ဈေးနှုန်းကြီးမြင့်မှုများကြောင့် တွက်ခြေမကိုင်သဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်ကာ အလုပ်လုပ်ကိုင်ကြခြင်းဖြစ်ကြောင်း လုပ်ငန်းရှင် အချို့က သုံးသပ်ကြသည်။

အလုပ်လာလျှောက်သူများထဲတွင် အချို့သည် ထိုလုပ်ငန်းခွင်ရာထူးနှင့်ပတ်သက်၍ အတွေ့အကြုံများ၊ ကျွမ်းကျင်မှုများ မရှိသည့်အပြင် တောင်းဆိုသော မျှော်မှန်းလစာမှာ များပြားသောကြောင့် လုပ်ငန်းရှင်များ အတွက် အခက်အခဲဖြစ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဇော်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တချို့ အလုပ်သမားတွေ လစာဘာလို့မရလဲ၊ လစာဘာလို့ တိုးမပေးလဲဆိုရင် ကျနော်တို့လုပ်ငန်းရှင်တွေ မှာ အခု ခက်ခဲနေတာက တော်တော်များများ အလုပ်သမားတွေက လာရင် သူတို့ရဲ့ skill ဘယ်လောက်ရှိလဲဆိုတာ သူတို့ မပြနိုင်ဘူး။ လစာဘယ်လောက်ရမလဲဆိုတာပဲ။ မျှော်မှန်းလစာ ဘယ်လောက်ရှိလဲဆို တောင်းလိုက်ရင် ၅ သိန်းတွေ၊ ၆ သိန်း တွေ အဲဒီလိုတောင်းတယ်။ ဒါပေမယ့် တကယ်တမ်း သူတို့ skill နဲ့ ဒီအပေါ်မှာ ဘာအတွေ့ အကြုံရှိလဲဆို ဘာမှမရှိဘူး။ သူတို့ကမေးတယ် အဲဒါဆို ကျမတို့ကို ခိုင်းလေ၊ ခိုင်းတာလုပ်ပေးမှာပေါ့။ လစာကျ တော့ ပိုလိုချင်တယ်၊ အလုပ်ကျတော့ ကျွမ်းကျွမ်းကျင်ကျင် မရှိတာက တစ်ပိုင်း၊ နောက်တစ်ခုကလည်း အလုပ် အပေါ်မှာလည်း အလုပ်တွေက များနေတာဖြစ်တဲ့အတွက် အလုပ်တွေအပေါ်မှာလည်း ၂ ရက် ၃ ရက်လောက် လုပ်ကြည့်လိုက်၊ ပြီးရင် ပြောင်းသွားလိုက် အဲဒီလိုအလုပ်သမားတွေ လတ်တလော မြန်မာနိုင်ငံမှာ များနေတာ ပေါ့နော်။ လစာများများ လိုချင်တယ်ဆိုရင် skill utility ကောင်းကောင်း ဆောင်ရွက်ပေး၊ သူတို့ရဲ့ quality တွေ မြင့်အောင် သူတို့လုပ်ပေး၊ သူတို့တာဝန်ကျတဲ့ အလုပ်တွေမှာ သေသေချာချာအားထည့်ပြီး လုပ်မယ်ဆိုရင် အဲဒီလို ပုဂ္ဂိုလ်တွေကတော့ လစာများများရမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

ပြည်တွင်း အထည်ချုပ်စက်ရုံတစ်ခု

လက်ရှိတွင် မြန်မာနိုင်ငံမှ လူအများအပြား ပြည်ပနိုင်ငံသို့ ထွက်ခွာကြရာ၌ တောင်ကိုရီးယား၊ ဂျပန်၊ ထိုင်း၊ မလေးရှား၊ တရုတ်၊ စင်ကာပူ၊ ယူအေအီး အစရှိသည့် နိုင်ငံများသို့ အဓိကအများဆုံး ထွက်ခွာကြပြီး အနောက် နိုင်ငံများသို့လည်း ထွက်ခွာနေကြသည်။
သို့သော် လက်ရှိတွင် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများအား ပိတ်ထားဆဲဖြစ်သည့်အတွက် အိမ်နီးချင်းနိုင်ငံများသို့ တရားမဝင်ခိုးထွက်မှု များပြားလာနိုင်ပြီး ထိုသို့ တရားမဝင်ထွက်ခွာခြင်းကြောင့် နိုင်ငံတော် အတွက် အခွန်ဝင်ငွေမရရှိနိုင်သလို အခြားသော ဆုံးရှုံးမှုများလည်း ရှိကြောင်း ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက“တစ်ချက်ကတော့ နိုင်ငံတော်ရဲ့ အခွန်ဝင်ငွေနစ်နာတယ်။ လူသားအရင်းအမြစ်တွေ ပိုမိုပြီးတော့မှ ဆုံးရှုံး စေတယ်။ ခိုးသွားရမယ်ဆိုရင် အသက်မပြည့်တဲ့ အိမ်က သားသမီးတွေ ၁၅၊ ၁၆ အလုပ်လုပ်နိုင်တဲ့ သားသမီး တွေကိုပဲ ကယ်ရီနဲ့ လူပွဲစားနဲ့ ခိုးထွက်အောင် ခေါ်သွားလို့ရပြီ။ နိုင်ငံကူးလက်မှတ် လုပ်စရာမလိုတော့ဘူး။ နိုင်ငံကူးလက်မှတ်ကို ပိတ်ထားတယ်ဆိုကတည်းက ပြည်တွင်းထဲမှာရှိတဲ့လူကို ပြည်ပမထွက်အောင် ထိန်းချုပ် ထားတာပဲ မဟုတ်ဘူး။ ပိုမိုပြီးတော့မှ လွယ်ကူစွာထွက်နိုင်အောင် လမ်းကြောင်း ဖွင့်ပေးလိုက်သလို ဖြစ်သွား တယ်”ဟု ပြောသည်။

လက်ရှိတွင် ပြည်ပနိုင်ငံများသို့ ထွက်ခွာကြသူများထဲတွင် အလုပ်လုပ်ကိုင်ရန်နှင့် ပညာသင်ရန် သွားရောက်ကြသူ အများစုဖြစ်ပြီး အခြေခံ အလုပ်အကိုင်များ လုပ်ကိုင်ရန် သွားရောက်ကြသူဦးရေမှာ ပိုမိုများပြားကြောင်း၊ ပညာရှင် အဆင့် အလုပ်အကိုင်များ လုပ်ကိုင်ရန်အတွက် သွားရောက်ကြသူဦးရေမှာ အတန်အသင့် ရှိကြောင်း ပြည်ပနိုင်ငံ များတွင် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

QR Code ရမှ ကုန်တင်ပို့ခွင့်ပြုသည့်စနစ်ကြောင့် ရခိုင်ကုန်သွယ်ရေး ကြန့်ကြာနေ

By CNI
CNI
Category: Watch TV
Hits: 995

Share
Tweet
Share
Share
powered by social2s

အသိအမှတ်ပြုကတ်များ လုပ်နေရ၍ ထိုင်းရောက် မြန်မာလုပ်သားများ ငွေကုန်ကျမှုများနေ

By CNI
CNI
Category: Watch TV
Hits: 989

Share
Tweet
Share
Share
powered by social2s
မြန်မာရွှေ့ပြောင်းလုပ်သားများ၊ ထိုင်းနိုင်ငံရှိ အသိအမှတ်ပြု အထောက်အထားကတ်များ ပြုလုပ်ရာနေရာများ

အသိအမှတ်ပြုကတ်များ လုပ်နေရ၍ ထိုင်းရောက် မြန်မာလုပ်သားများ ငွေကုန်ကျမှုများနေ

By CNI
CNI
Category: စီးပွားရေး
Hits: 1405

CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀

ထိုင်းတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားများအနေဖြင့် လက်ရှိတွင် အသိအမှတ်ပြု အထောက်အထား ကတ်များ စုပြုံ၍ သက်တမ်းတိုးခြင်းများ ပြုလုပ်နေရသောကြောင့် ငွေအကုန်အကျ များပြားလျက်ရှိကြောင်း ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ သက်တမ်းတိုး ပြုလုပ်နေရသည့် အထောက်အထားမှာ အနည်းဆုံး ၃ ခုခန့်ရှိပြီး ပွဲစားများဖြင့် ပြုလုပ် ကြသည့်အခါ အထောက်အထားတစ်ခုအတွက် ဘတ်ငွေ တစ်သောင်းကျော်(မြန်မာငွေ ဆယ်သိန်းကျော်) ပေးရကြောင်း၊ ထို့ကြောင့် သက်တမ်းတိုးပြုလုပ်ရန် ငွေကြေးမတတ်နိုင်သူများမှာ တရားမဝင်လုပ်သားအဖြစ် ခံယူ သွားကြကြောင်း Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က ပြောသည်။

“အများစုက တစ်ယောက်တည်းနေတဲ့ အုပ်စုတွေက နည်းတယ်။ အနည်းဆုံးက မိသားစုတစ်စုမှာ ၃ ယောက် ၄ ယောက်၊ အနည်းဆုံး မိသားစုတစ်စုမှာ လူ ၅ ယောက်ရှိတယ်။ ၅ ယောက်လောက်ရှိတဲ့အခါကျတော့ အလုပ်သမား တစ်ယောက်ဟာ လက်မှတ် သက်တမ်းတိုးဖို့အတွက် တစ်ယောက်ကို တစ်သောင်းခွဲ (ဘတ်ငွေ) လောက်ရှိတဲ့အခါကျတော့ လူဦးရေ ၅ ယောက်လောက် လုပ်ဖို့ဟာက မတတ်နိုင်ဘူး။ မတတ်နိုင်တဲ့အခါကျ တော့ ကိုယ့်မိသားစုထဲမှာ ဦးစားပေး အနေနဲ့ အလုပ်လုပ်နိုင်တဲ့လူကိုပဲ ဦးစားပေးပြီးမှာ လုပ်ရတဲ့ အနေအထား မျိုးရှိတယ်။ လူတိုင်းမှာတော့ တရားဝင်ဖို့အတွက်နည်းလမ်းကို ရွေးချယ်ချင်တယ်။ သို့သော်လည်း လူ တစ်ယောက်တည်းမှာက တစ်ယောက်တည်းနေတာ မဟုတ်တဲ့အခါ ကျတော့ တပိုင်းမှာလည်း မြန်မာနိုင်ငံကို ပိုက်ဆံပို့ရမယ်၊ တပိုင်းမှာလည်း မိသားစုနဲ့နေတဲ့အခါကျတော့ အတတ်နိုင်ဆုံးကတော့ ကိုယ့်မိသားစုထဲမှာ အရေးပါတဲ့လူကိုပဲ လုပ်တာကို တွေ့ရတယ်။ ကျန်တဲ့ ၄ ယောက်၊ ၃ ယောက်က လက်မှတ်မလုပ်ပဲ ကိုယ့်အိမ့်မှာ ကိုယ်ပဲနေဆိုပြီး ရတဲ့အလုပ်ကို လုပ်တာတွေ့ရတယ်။ အစိုးရတွေကတော့ ဒီအလုပ်သမားတွေကို တရားဝင်ဖို့ ဆိုပြီးလုပ်ကြတယ်လေ။ ဘယ်လိုပုံစံမျိုးပဲ ထုတ်ပေးထုတ်ပေး သူ့ရဲ့ လုပ်ဆောင်ချက် လုပ်ငန်းစဉ်တွေ ကြည့်မယ်ဆိုရင် ကုန်ကျစရိတ်တွေများတယ်၊ လုပ်ဖို့ လုပ်ငန်းစဉ်တွေက ရှုပ်ထွေးတယ်၊ ပွဲစားတွေကို အားကိုး ရတဲ့အခါကျတော့ တရားဝင်ဖို့ လုပ်ရင်းလုပ်ရင်းနဲ့ တရားမဝင်တဲ့ပုံစံမျိုး ဖြစ်ပွားတဲ့ပုံစံမျိုး ဖြစ်သွားတယ်။ ရည်ရွယ်ချက် မှားသွားတာပေါ့” ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံရှိ မည်သူမည်ဝါ သက်သေခံ လက်မှတ်(Certificates of Identity-CI) ပြုလုပ်ရာနေရာ

လက်ရှိတွင် ထိုင်းရှိ မြန်မာရွှေ့ပြောင်းလုပ်သားများသည် နိုင်ငံကူးလက်မှတ် အပါအဝင် အလုပ်လုပ်ကိုင်ခွင့် Work permit၊ ယာယီ‌နေထိုင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ဘတ်ပန်းရောင်ကတ်)၊ မည်သူမည်ဝါ သက်သေခံ လက်မှတ်(Certificates of Identity-CI) အစရှိသည်များအား သက်တမ်းတိုး လုပ်ဆောင်နေရခြင်းဖြစ်သည်။

မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများသည် ထိုင်းနိုင်ငံသားများ မလုပ်ကိုင်ကြသည့် အလုပ်အကိုင်များကိုသာ လုပ်ကိုင်နေရခြင်းဖြစ်ပြီး တစ်ရက် အခြေခံလုပ်ခလစာမှာ အနည်းဆုံး ဘတ်ငွေ ၃၂၀ (မြန်မာငွေ သုံးသောင်း ဝန်းကျင်) သာ ရရှိကြခြင်းဖြစ်သည်။

အထောက်အထားတစ်ခု သက်တမ်းတိုးပြုလုပ်ရာတွင် ကုန်ကျသည့်စရိတ်နှင့် မြန်မာလုပ်သားများ၏ လုပ်ခ လစာမှာ အင်မတန်ခြားနားကြောင်းနှင့် အမှန်တကယ် အကျိုးအမြတ်ရသွားသူများမှာ အစိုးရနှင့်ပွဲစားများသာ ဖြစ်ကြောင်း ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။

ထိုင်းနိုင်ငံရှိ အသိအမှတ်ပြု အထောက်အထားကတ် ပြုလုပ်ရာ နေရာတစ်ခု

FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “ဘယ်လိုမြင်ရလဲဆိုရင် ပွဲစားတွေက အရင်တုန်းကဆိုရင် Work permit လုပ်ပေးတဲ့ပွဲစား၊ visa လုပ်ပေးတဲ့ပွဲစား၊ ဒါမှမဟုတ် စာရင်းတင်တာပဲဖြစ်ဖြစ် အဲဒါမျိုးတွေရှိတယ်။ အခုကျတော့ အဲဒါမျိုးတွေမဟုတ်တော့ဘူး။ ဘယ်လိုလုပ်ထားလဲဆိုတော့ ပွဲစားတွေက သူတို့က တစ်ခါတည်း ဌာနဆိုင်ရာတွေနဲ့ ပေါင်းပြီးရိုက်တာပေါ့ မြန်မာလိုပြောရရင်။ တခါတည်း package ယူထားတာ။ အဲဒီတော့ သဘောက ကျနော်က ပွဲစားတစ်ယောက်နဲ့သွားပြီး ကျနော့်ကိုတော့ Work permit ရအောင်လုပ်ပေး visa ကျနော့်ဘာသာကျနော်လုပ်မယ် အဲဒါမျိုး မရတော့ဘူး။ အရင်တုန်းကဆို အဲဒါမျိုးရတယ်။ အခုဆိုရင် အဲဒီလို မဟုတ်တော့ဘူး။ တစ်ခါတည်း အဲဒီပွဲစားရယ် ဌာနဆိုင်ရာနဲ့ တစ်ခါတည်း ပေါင်းပြီးတော့ စားထားတာ။ ပွဲစားနဲ့ လုပ်စေချင်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ပွဲစားနဲ့ မလုပ်ရင်လည်း တော်တော်ကို မလွယ်တာ။ တချို့ကိစ္စတွေ မှာဆို မြင်ရသလောက် အလုပ်ရှင် ကိုယ်တိုင်က သွားပြီးတော့ လုပ်တာတောင်မှပဲ အခက်အခဲတွေဖြစ်ရတယ်။ ဟိုစာရွက်လိုတယ်၊ ဒီစာရွက် လိုတယ်ပေါ့” ဟု ပြောသည်။

အထောက်အထားသက်တမ်းတိုး လုပ်ငန်းစဉ်များသည် ရွှေ့ပြောင်းလုပ်သားများထက် ပွဲစားများ၏ အကျိုးစီးပွား အတွက်သာ အဓိကရည်ရွယ်ထားသောကြောင့် ရွှေ့ပြောင်းလုပ်သားများသာမက အချို့လုပ်ငန်းရှင်များမှာလည်း ပွဲစားများဖြင့်သာ လုပ်ကိုင်နေကြရခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် နေထိုင်လုပ်ကိုင်လျက်ရှိသည့် မြန်မာရွှေ့ပြောင်းလုပ်သား သန်းနှင့်ချီရှိပြီး တရားဝင် အထောက် အထားများဖြင့် နေထိုင်လုပ်ကိုင်သူနှင့် တရားမဝင်နေထိုင်လုပ်ကိုင်သူတို့၏ ရပိုင်ခွင့် ခံစားခွင့်များမှာ မတူညီ သဖြင့် လက်ရှိ သက်တမ်းတိုးကာလ၌ မိမိတို့၏ အထောက်အထားများအား သက်တမ်းတိုး ပြုလုပ် ထားကြရန် လည်း ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်သူများက တိုက်တွန်းသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

မြန်မာမှ နယ်စပ်ပို့ကုန် ယာဉ်မောင်းများအား တရုတ်ပြည်ထဲ စတင်ဝင်ခွင့်ပြု

By CNI
CNI
Category: Watch TV
Hits: 967

Share
Tweet
Share
Share
powered by social2s

ရန်ကုန် - မြဝတီလမ်းပိုင်းတွင် ကုန်တင်ကားခဈေးနှုန်းများ မြင့်တက်နေ

By CNI
CNI
Category: Watch TV
Hits: 965

Share
Tweet
Share
Share
powered by social2s

ထိုင်ဝမ်သို့ လက်နက်ရောင်းသည့် Lockheed Martin နှင့် Raytheon ကို တရုတ်ကပိတ်ဆို့

By CNI
CNI
Category: Watch TV
Hits: 972

Share
Tweet
Share
Share
powered by social2s

Work permit သက်တမ်းကုန်သည့် မြန်မာများကို မေလအထိ ထိုင်းက နေခွင့်ပေး

By CNI
CNI
Category: Watch TV
Hits: 1071

Share
Tweet
Share
Share
powered by social2s

မြန်မာမှ လူအများအပြား ပြည်ပကိုထွက်ခွာရတဲ့ အကြောင်းအရင်းက ဘာလဲ

By CNI
CNI
Category: Watch TV
Hits: 951

Share
Tweet
Share
Share
powered by social2s

ကန်ပိုက်တီဂိတ်တွင် ကုန်တင်ကားများ တရုတ်သို့ ကိုယ်တိုင်မောင်းဝင်ခွင့်ပြု

By CNI
CNI
Category: Watch TV
Hits: 1058

Share
Tweet
Share
Share
powered by social2s

နယ်စပ် ဆန်၊ ဆန်ကွဲ တင်ပို့မှု ပို့ကုန်ရငွေအပေါ် မူဝါဒ ပြောင်းလဲသတ်မှတ်

By CNI
CNI
Category: Watch TV
Hits: 999

Share
Tweet
Share
Share
powered by social2s

ဗုဒ္ဓဂါယာဘုရားဖူးအတွက် ပတ်စပို့ထုတ်ပေးခြင်းအား မတ်လကုန်ခန့်တွင် ပြန်ရပ်မည်

By CNI
CNI
Category: Watch TV
Hits: 1063

Share
Tweet
Share
Share
powered by social2s
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12

Page 8 of 48

  1. You are here:  
  2. Home
  3. စီးပွားရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar