- By CNI
- Category: စီးပွားရေး
- Hits: 1596
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၄
နိုင်ငံတစ်ဝှမ်း ငွေကြေးခဝါချမှုများကို တားဆီးရန်အတွက် ပြည်တွင်းရှိ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း အနေ ဖြင့် မှတ်ပုံတင်ရမည်ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းထံမှ သိရသည်။
အဆိုပါ မှတ်ပုံတင်ခြင်း လုပ်ငန်းကို ဌာနဆိုင်ရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။
ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအတွက် အိမ်ခြံမြေ အရောင်းအဝယ်လုပ်ရာတွင် ငွေကျပ် သိန်း ၁၀၀၀ အထက် အရောင်းအဝယ်များကို ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့သို့ သတင်းပေးပို့ရမည်ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိကက ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေအရ ထုတ်တာ။ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ကြီးကြပ်ပြီးလုပ်တာ။ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအတွက်ကို သတင်းပို့ခြင်း မရှိတဲ့အတွက် သတင်းပို့ရမယ်ဆို တဲ့ကိစ္စကို ကိုင်တွယ်တာ။ ၁၀၀၀ အထက်ကို သတင်းပို့ခိုင်းတာ။ ဒါကတော့ သတင်းပို့ရမယ်လို့ ညွှန်ကြားတာ ပေါ့ ဗျာ” ဟု ပြောသည်။
မှတ်ပုံလက်မှတ် မရှိဘဲ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူများကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ အရေး ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း လုပ်ကိုင်သူများသည် သက်ဆိုင်ရာ မြို့နယ်များတွင် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း၊ ငွေကြေးခဝါချမှုဆိုင်ရာ သင်တန်းများသို့ တက်ရောက်ပြီးမှသာ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း မှတ်ပုံတင် လက်မှတ်ကို ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ယခု ဆောင်ရွက်လိုက်သည့် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း မှတ်ပုံတင် လက်မှတ်သည် အိမ်ခြံမြေ လုပ်ငန်းရှင် များ ယခင်ကတည်းက လိုလားနေသည့် အခြေအနေတစ်ခု ဖြစ်သည်ဟု ရတနာဂီရိ အိမ်ခြံမြေ ဝန်ဆောင်မှု လုပ်ငန်းမှ CEO ကိုဇေယျက CNI သတင်းဌာနသို့ ပြောသည်။

အိမ်ခြံမြေနဲ့ ငွေကြေးစနစ်အကြောင်း အသိပေးခြင်းကိုတွေ့ရစဉ်
ကိုဇေယျက “ကျနော်တို့ လိုချင်တာက နဂိုကတည်းကိုက အိမ်ခြံမြေ လုပ်ငန်းရှင်တွေအတွက်ကို သီးသန့်လိုင်စင် မှတ်ပုံတင် ရမယ်။ အခုမှလည်း မဟုတ်ဘူး ကျနော်တို့က လျှောက်ခဲ့တာ ကြာပြီ။ အခုမှ နိုင်ငံတော်က အသိ အမှတ် ပြုတယ်၊ ခွင့်ပြုတယ်ဆိုတော့ အဲဒီ အသိအမှတ်ပြု လိုင်စင်က လိုကိုလိုတယ် လုပ်ကို လုပ်ရလိမ့်မယ်။ ပိုကောင်းတာပေါ့ စည်းကမ်းနဲ့ ဘောင်နဲ့ လုပ်ရတဲ့အခါကျတော့ ကိုယ့်ဘက်ကလည်း လိုချင်တဲ့ဟာတွေ တောင်းဆိုလို့ရတယ်။ သူတို့ကလည်း ပေးနိုင်တဲ့ဟာ တောင်းဆိုလို့ရတယ်။ ဒီအပေါ်မှာ အကျိုးဆောင်တွေ ဘက် က ရောင်းတဲ့ဘက်နဲ့ ဝယ်တဲ့ဘက် အဓိက ယုံကြည်မှု ရှိလာမယ်။ ဒီအကျိုးဆောင်ကို အပ်တဲ့အခါမှာ ဒီအကျိုး ဆောင်က ဝန်ဆောင်မှု ပေးနိုင်တဲ့အပြင် အဲဒါမျိုးတွေ ပါလာမယ်။ အဓိက Ethics တွေ၊ ထားရှိရတဲ့ သဘောထား တွေ အကုန်လုံး ပါလာလိမ့်မယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ငွေကြေးခဝါချမှု များစွာရှိနေကြောင်း၊ ထိုအထဲမှ အိမ်ခြံမြေလုပ်ငန်းသည် ငွေကြေးလည်ပတ်မှု အများဆုံး ဖြစ်ကြောင်း၊ ယခုလို လုပ်ဆောင်ခြင်းသည် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး နည်းလမ်းများစွာထဲမှ တစ်ခုဖြစ်ကြောင်း စီးပွားရေးပညာရှင်များက ပြောသည်။

ရန်ကုန်မြို့ပြ အဆောက်အအုံများကိုတွေ့ရစဉ်
သို့သော် ငွေကြေးခဝါချမှုနှင့် ပတ်သက်ပြီး သတင်းပို့မှု ရှိ/မရှိကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ယခုချမှတ်လိုက်သည့် မူဝါဒနှင့် ပတ်သက်ပြီး ထိရောက်စွာ လုပ်ဆောင်ခြင်း ရှိ/မရှိကိုလည်း ဆက်လက် စောင့်ကြည့်ရမည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် စီးပွားရေးပညာရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “ဒါက ငွေကြေးခဝါချမှု နည်းလမ်းတွေ အများကြီးထဲက အပေါက်တွေ အများကြီးထဲက အပေါက် တစ်ပေါက်ကို ပိတ်လိုက်တဲ့ သဘောပေါ့။ မြန်မာပြည်မှာ အဓိကက အိမ်ခြံမြေဈေးကွက်က လည်ပတ်နေတဲ့ ငွေကြေးက ကြီးတယ်။ နောက် အထူးသဖြင့်ကတော့ နေဖို့ထက် အမြတ်တင်ရောင်းဖို့၊ ဈေးကစားဖို့ လုပ်တဲ့ ဟာတွေ ရှိနေတော့ အဲဒီဟာတွေအပေါ်မှာ အခွန်လိုက်လို့ မရဘူး။ အခွန်လိုက်လို့ မရတော့ အဲဒီကရတဲ့ အကျိုးအ မြတ်တွေက ငွေမည်းသဘောမျိုး ဖြစ်နေတာပေါ့။ အဲဒီဟာတွေကို ပိတ်ချင်လို့ တစ်နည်းတစ်လမ်းနဲ့ လုပ်တဲ့ သဘောတော့ ရှိပါတယ်။ ဒါပေမယ့် အဲဒီဟာလည်း paper ပေါ်က ပေါ်လစီပဲရှိတာ။ တကယ် လက်တွေ့ လိုက် လုပ်နိုင်လား မလုပ်နိုင်လားဆိုတာတော့ တစ်ချက်ကြည့်ရမှာပေါ့။ ဘာလို့လဲဆိုတော့ အိမ်ခြံမြေ အကျိုးဆောင် တွေကလည်း သူတို့က အကုန်လုံး ဘယ် Report လုပ်မလဲ။ ဆိုတော့ သူလုပ်တဲ့ ပေါ်လစီကတော့ ကောင်းပါတယ် ဒါပေမယ့် ဘယ်လောက်ထိ ထိရောက်အောင် လုပ်မလဲ အဲဒါတော့ တစ်ချက်စောင့်ကြည့်ရမှာပေါ့”ဟု ပြောသည်
မြန်မာနိုင်ငံ အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းသည် အာရှအိမ်ခြံမြေ လုပ်ငန်းအသင်းတွင် ပါဝင်သည့်အတွက် နိုင်ငံတကာ အိမ်ခြံမြေ အဖွဲ့အစည်းများနှင့် အချိတ်အဆက် ရှိထားခြင်းကြောင့် ယခုကဲ့သို့ တရားဝင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်းသည် ဈေးကွက်များ ပိုမိုကျယ်ပြန့် လာနိုင်စေသည်ဟု အိမ်ခြံမြေ လုပ်ငန်းရှင်များက သုံးသပ်သည်။
- By CNI
- Category: Watch TV
- Hits: 846
- By CNI
- Category: Watch TV
- Hits: 847
- By CNI
- Category: Watch TV
- Hits: 819
- By CNI
- Category: Watch TV
- Hits: 836
- By CNI
- Category: Watch TV
- Hits: 796
- By CNI
- Category: Watch TV
- Hits: 772
- By CNI
- Category: Watch TV
- Hits: 799
- By CNI
- Category: Watch TV
- Hits: 818
- By CNI
- Category: Watch TV
- Hits: 810
- By CNI
- Category: Watch TV
- Hits: 814
- By CNI
- Category: Watch TV
- Hits: 814
- By CNI
- Category: Watch TV
- Hits: 816
- By CNI
- Category: Watch TV
- Hits: 1179
- By CNI
- Category: စီးပွားရေး
- Hits: 1335
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅
မြန်မာ - တရုတ် နယ်စပ်ဖြစ်သည့် ကျင်စန်းကျော့နှင့် လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးတွင် ကျင့်သုံးနေသည့် အစားထိုးယာဉ်မောင်းစနစ် (ရှန်တိန်)ကို ဒီဇင်ဘာလ ၁၃ ရက်နေ့မှ စတင်၍ ဖျက်သိမ်းလိုက်ကြောင်း မူဆယ် နယ်စပ် ကုန်သည်များထံမှ သိရသည်။
ထိုသို့ အစားထိုး ယာဉ်မောင်းစနစ်ကို ဖျက်သိမ်းလိုက်သည့်အတွက် ကုန်သည်များနှင့် ကုန်ကားသမားများအတွက် အဆင်ပြေကြောင်း၊ ထို့နောက် ကုန်သွယ်မှုများ မြန်ဆန်လာမည် ဖြစ်ကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောသည်။

တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်ကိုတွေ့ရစဉ် (LIU JIN- GETTY IMAGES)
၎င်းက “ကျင်စန်းကျော့ဂိတ်ကို ဒီဇင်ဘာ ၁၃ ရက်နေ့ကစပြီးတော့ အရင်တုန်းကတော့ အစားထိုးယာဉ်မောင်းစနစ် (ရှန်တိန်) နဲ့ သွားလို့ရတယ်။ ဒါပေသည့် ဒီဇင်ဘာ ၁၃ ရက်နေ့က စပြီးတော့ ဒေသစံတော်ချိန် မနက် ၉ နာရီက စပြီးတော့ အစားထိုး ယာဉ်မောင်းစနစ်ကို ပယ်ဖျက်လိုက်ပြီးတော့ တရုတ်ပြည်ထဲကို ဝင်မယ်ဆိုရင် မိမိကားကို မိမိမောင်းပြီးတော့ ဝင်လို့ရပါပြီ။ ဆေးဖြန်းတာလေးလည်း တော်တော်လေးကို လျှော့လိုက်ပြီ။ ကုန်ဆေးဖြန်းတာ၊ ယာဉ်ကို ဆေးဖြန်းတာ အဲဒါတွေလည်း လျှော့ချလိုက်ပါပြီ။ နောက်တစ်ခါ အစားထိုး ယာဉ်မောင်းစနစ်ကိုလည်း လျှော့ချလိုက်ပါပြီ။ ကိုဗစ်စည်းကမ်းချက်တွေကိုလည်း တော်တော်လေး လျှော့ချလိုက်ပါပြီ။ ကောင်းတာပေါ့။ ဘာကြောင့်လဲဆိုတော့ အစားထိုးယာဉ်မောင်းစနစ် မဟုတ်ဘဲနဲ့ မိမိကားကို မိမိ မောင်းပြီးတော့ အထဲဝင် သွားရ တယ်။ ပစ္စည်းပျောက်တာတွေရှိတယ်။ ကားတွေ တိုက်ခိုက်မိတာတွေ ရှိတယ်။ အဲဒီကိစ္စတွေ ဘယ်သူမှ တာဝန် မယူဘူး။ အဲတော့ မြန်မာပြည်က ကားတွေက အစားထိုး ယာဉ်မောင်းစနစ်နဲ့ မဝင်ဘူး။ မဝင်ဘဲနဲ့ တရုတ်ကားတွေ နဲ့ ကားချိန်းပြီး သွားရတယ်။ အဲဒီအခါကျတော့ ကုန်ကျစရိတ်တွေ အများကြီး ပိုလာတယ်။ အခုကျတော့ မိမိကား ကို မိမိ မောင်းပြီး သွားလို့ရမယ်ဆိုရင် မြန်မာကားတွေက ကိုယ့်ဘာကိုယ် မောင်းလို့ရတဲ့အတွက် မိမိကိုယ်မိမိ တရုတ်ပြည်ထဲကို ဝင်မယ်။ ဒီအတွက် တရုတ်ခေါက်တိုကားနဲ့ ရှန်တိန်ထည့်ရတာ မရှိတော့ဘူး။ ဒီအတွက် စရိတ် တွေ သက်သာသွားတယ်” ဟု ပြောသည်။
ရှမ်းပြည်နယ် ကျင်စန်းကျော့ဂိတ်တွင် အစားထိုး ယာဉ်မောင်းစနစ်ကို ဖျက်သိမ်းလိုက်သည်မှာ ဒီဇင်ဘာ ၁၃ ရက် နေ့က ဖြစ်ကြောင်း၊ ကချင်ပြည်နယ် လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးမှာ ဒီဇင်ဘာ ၁၀ ရက်နေ့က ဖျက်သိမ်း လိုက် ခြင်းဖြစ်သည်။

သစ်သီးများ တင်ဆောင်ထားသော ကုန်ကားသမားတစ်ဦးကိုတွေ့ရစဉ် (AFP)
သို့သော် ကြံ၊ ပြောင်းနှင့် တခြားသော သီးနှံများ ကုန်သွယ်နေသည့် လောက်ကိုင်ရှိ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးတွင် အစားထိုး ယာဉ်မောင်းစနစ်ကို ဖျက်သိမ်းထားခြင်း မရှိသေးပေ။
ကျင်စန်းကျော့ နယ်စပ်ကုန်သွယ်ရေးတွင် အစားထိုး ယာဉ်မောင်းစနစ်ကို ဖျက်သိမ်းလိုက်ခြင်းကြောင့် ကုန်သည် အနေဖြင့် ကုန်ကျစရိတ်များ သက်သာလာကြောင်း ဦးမင်းသိန်းက ပြောသည်။
၎င်းက “ကုန်သည်တွေ အတွက်ကျတော့ ခေါက်တိုကား ပြောင်းစရာ မလိုတော့ဘူး။ မြန်မာပြည်ကနေ တင်တဲ့ ဆန်ကားဖြစ်ဖြစ်၊ တွဲကားဖြစ်ဖြစ် တရုတ်ပြည်ထဲကိုမောင်း၊ မောင်းပြီးတော့ တစ်ဖက်နိုင်ငံရဲ့ ဂိုဒေါင်ထဲမှာ သွားချ။ ဒါမှမဟုတ် တစ်ဖက်ကားဝင်းမှာ ကားချိန်းဖြစ်တဲ့အတွက် တရုတ်ကားကို ကားချိန်းတဲ့စရိတ် မကုန်တော့ဘူး။ အလုပ်သမားခတွေ မကုန်တော့ဘူး။ ကားသမားတွေအတွက် တရုတ်ပြည်ထဲကို ကိုယ်တိုင် တိုက်ရိုက်ဝင်တဲ့ အတွက် မောင်းလို့ရတဲ့အတွက် သူတို့ကလည်း ကုန်တင်တဲ့အခါမှာ ဘယ်ဈေး၊ ကျင်စန်းကျော့ ဘယ်ဈေးဆို ပြီးတော့ သူတို့က ဈေးပြောပြီး တင်လို့ရတဲ့အတွက် ကားသမားတွေ အတွက်လည်း အဆင်ပြေတယ်။ ကုန်တင် တွေအတွက်လည်း အဆင်ပြေပါတယ်၊ ဒီစနစ်ကတော့ အစားထိုးယာဉ်မောင်း ဖျက်သိမ်းလိုက်တာ” ဟု CNI သတင်းဌာနသို့ ပြောသည်။
ထို့နောက် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး အကြောင်းပြချက်ဖြင့် ပိတ်ထားသည့် နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ပြန်လည်ဖွင့်လှစ်ပေးမည်ဆိုပါက နယ်စပ်ကုန်သွယ်မှု ပို၍ တိုးတက်ကောင်းမွန်လာမည် ဖြစ်ကြောင်း နယ်စပ် ကုန်သည်များက ပြောသည်။
Page 13 of 48
