CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

မလေးရှားတွင် UNHCR ကတ် ထုတ်ပေးခြင်းကို ဧပြီ ၃၀ ရက်ထိ ရပ်နားမည်

By CNI
CNI
Category: Watch TV
Hits: 998

Share
Tweet
Share
Share
powered by social2s

၂၀၁၂-၂၀၁၉ အထိ ရွှေခေတ်ရောက်ခဲ့သော မြန်မာ့ခရီးသွားကဏ္ဍအား မမှီနိုင်သေး

By CNI
CNI
Category: Watch TV
Hits: 970

Share
Tweet
Share
Share
powered by social2s

ရွေးကောက်ပွဲမဖြစ်ပါက ပြည်သူလူထု၏ စီးပွားရေး ကျပ်တည်းမှု ပိုဖြစ်လာနိုင်

By CNI
CNI
Category: Watch TV
Hits: 1001

Share
Tweet
Share
Share
powered by social2s
ပြောင်းစိုက်တောင်သူနဲ့ မြန်မာ့ပြောင်းဖူးကိုတွေ့ရစဉ်

ထိုင်းသို့ တင်ပို့နေသည့် ပြောင်းများ ၁ ပိဿာ ၁၀၀ ကျပ်ကျော် ဈေးနှုန်းကျဆင်းနေ

By CNI
CNI
Category: စီးပွားရေး
Hits: 1718

CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၉

ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့နေသည့် ပြောင်းဆံများ ယခုရက်ပိုင်းအတွင်း တစ်ပိဿာလျှင် ၁၀၀ ကျပ်ခန့် ကျဆင်းသွားသည်ဟု ပြောင်းဈေးကွက်အတွင်းမှ သိရသည်။

ထိုသို့ ဈေးနှုန်း ကျဆင်းရခြင်းမှာ ကမ္ဘာ့ပြောင်းဈေးနှုန်း ကျဆင်းခြင်း၊ ထိုင်းဘတ်ငွေဈေးနှုန်း ကျဆင်းခြင်းနှင့် ပြည်တွင်းကုန်တင်ကား ငှားရမ်းခ ဈေးနှုန်းများ မြင့်တက်ခြင်းတို့ကြောင့် ဖြစ်သည်ဟု ပြောင်းကုန်သည်များက ပြောသည်။

ရန်ကုန်ပြောင်းဈေးနှုန်းသည် ယခင်က တစ်ပိဿာလျှင် ၁၃၀၀ ကျပ် ရှိသော်လည်း လက်ရှိတွင် ၁၁၉၀ ကျပ် အောက်သို့ ရောက်ရှိတော့မည့် အနေအထား ဖြစ်ပေါ်နေကြောင်း၊ ပြောင်းဈေးနှုန်းနှင့်ပတ်သက်ပြီး ၁၀၀ ကျပ်ခန့် သာ ကျဆင်းမည်ဟု ခန့်မှန်းထားသော်လည်း လက်ရှိတွင် ၁၀၀ ကျော်အထိ ကျဆင်းသွားကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကားတန်ဆာခတွေ ကြီးမြင့်တာရယ်၊ ဘတ်ဈေးကျတာရယ်၊ တစ်ဖက်နိုင်ငံရဲ့ ဝယ်တဲ့ဈေး နည်းနည်း၊ ကမ္ဘာ့ပြောင်းဈေးပေါ့နော် ကမ္ဘာ့ဈေး နည်းနည်းကျတော့ တစ်ဖက်နိုင်ငံရဲ့ ဝယ်တဲ့ဈေး နည်းနည်းကျတဲ့ အပေါ်မှာ ပြောင်းဈေးကတော့ တစ်ပိဿာကို ၁၀၀ နီးပါးလောက် ကျသွားတယ်ပေါ့နော်။ ၁၀၀ နဲ့ ၁၀၀ တောင် ကျော်လာပြီ ပေါ့ ဒီနေ့ဆိုရင်။ အရင်က ရန်ကုန်ဈေး ၁၃၀၀ လောက်ရှိတယ်။ မြဝတီဈေး ၁၄၀၀ လောက်ရှိတယ်။ အဲဒီကနေ ကျလာတာ ဒီနေ့ ရန်ကုန်ဈေး ၁၁၉၀ အောက်ကိုတောင် ဆင်းချင်သလို ဖြစ်နေတယ် ဒါဒီနေ့ ပေါက်ဈေးပေါ့နော်။ အဲတော့ အရင်တုန်းက ၁၀၀ လောက် ဆင်းမယ်ပဲ မှန်းထားတာ အခု ၁၀၀ ကျော်ကြီး ဆင်းတဲ့သဘောတော့ ရှိ တယ် ပြောင်းဈေးကတော့။ ဒါကလည်း ခုနကပြောသလို ကားခတွေ၊ လမ်းမှာကြန့်ကြာမှုကြောင့် တန်ဆာတွေ တက်မယ်။ ဘတ်ဈေးနဲ့ ငွေလဲနှုန်းမှာ ဒါကတော့ နိုင်ငံတကာ ငွေကြေးဈေးကွက်အရ အမြဲတမ်း အတက်အကျ ရှိတော့ အခုလောလောဆယ်တော့ ဘတ်ဈေး နည်းနည်းအေးတဲ့ အပေါ်မှာလည်း သက်ရောက်မှု ရှိတယ်။ ကမ္ဘာ့ ပြောင်းဈေးကျတဲ့အပေါ်မှာ တစ်ဖက်နိုင်ငံ ဝယ်တဲ့ ပြောင်းဈေး နည်းနည်း အေးတဲ့အပေါ်မှာ ဈေးကျတာပဲလေ” ဟု ပြောသည်။

ပြောင်းစိုက်တောင်သူများကိုတွေ့ရစဉ်

ပြောင်းဈေးနှုန်း ကျဆင်းနေသည် ဆိုသော်လည်း ပြောင်းစိုက်တောင်သူ အများစု၏ လက်ထဲတွင် ပြောင်းလက်ကျန်များ မရှိတော့သည့်အတွက် တောင်သူများ ထိခိုက်မှု မရှိနိုင်ကြောင်း၊ သိုလှောင်ထားနိုင်သည့် ပြောင်း တောင်သူတချို့ ရှိသော်လည်း အခြေခံအားဖြင့် တစ်ပိဿာ ၁၀၀၀ ကျပ်ခန့် ရရှိသည့်အတွက် စိုက်ပျိုးစရိတ်နှင့် တွက်ပါက ဆုံးရှုံးမှု မဖြစ်ပေါ်သေးကြောင်း ရှမ်းပြည်နယ်(တောင်ပိုင်း) ပြောင်းလုပ်ငန်းအသင်း အတွင်းရေးမှူး ကိုစိုင်းဖြိုးလွင်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဈေးနှုန်းကတော့ ၁၀ ရာခိုင်နှုန်းလောက် ကျသွားတဲ့ သဘောတော့ ရှိတယ် ၁ ပတ်၊ ၁၀ ရက်အတွင်းလေ ပြီးခဲ့တဲ့ ၁ ပတ်၊ ၁၀ ရက်အတွင်း။ အခုဈေးကတော့ တောင်သူတွေကတော့ မဖြစ်ပါဘူးခင်ဗျ။ ပြီးခဲ့တဲ့ ၁ လ၊ ၂ လ လောက်က တောင်သူတွေ စရောင်းတဲ့ အချိန်တုန်းကလည်း ဈေးရကြတာဆိုတော့ အခုလက်ရှိကတော့လည်း ပြောင်းအများဆုံးက တောင်သူလက်ထဲမှာ မရှိဘဲလေ။ ကုန်သည်တွေ လက်ထဲမှာပဲ ရှိတာကိုး။ လှောင်လက်တွေ ကြားထဲမှာပဲ ရှိတာကိုး။ တောင်သူလက်ထဲကလည်း ထိန်းနိုင်တဲ့ တောင်သူတွေတော့ ရှိတော့ ရှိတာပေါ့။ ဒါပေမယ့် လက်ရှိ ဒီဈေးနဲ့ သူတို့ ထုတ်လုပ်မှု စရိတ်နဲ့ကတော့ အခု အခြေခံ အနည်းဆုံး သူတို့ ၁၀၀၀ လောက် တော့ ရတာကိုး။ ၁၀၀၀ လောက်တော့ ရတယ်ဆိုတော့ တအားကြီးတော့ ထိခိုက်မှုတော့ မရှိသေးပါဘူး” ဟု ပြောသည်။

ပြောင်းစိုက်တောင်သူများကိုတွေ့ရစဉ်

လက်ရှိတွင် မြန်မာ့ပြောင်းကို ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့လျက်ရှိနေပြီး ပင်လယ်ရေကြောင်းမှ တဆင့် တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အိန္ဒိယနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၇၀ ကျော်ကို တင်ပို့လျက်ရှိကြောင်း သိရသည်။

သို့သော်လည်း တရုတ်နိုင်ငံသို့ GACC ခွင့်ပြုချက်ဖြင့် တင်ပို့ခွင့်ရပြီဆိုသော်လည်း မြန်မာ့ပြောင်းဈေးနှုန်းသည် ကမ္ဘာ့ပြောင်းဈေးနှုန်းထက် ဈေးနှုန်းမြင့်မားနေခြင်းနှင့် အရည်အသွေးပိုင်းဆိုင်ရာ မပြည့်မှီသည့်အတွက် ပင်လယ်ရေကြောင်းမှတဆင့် တရုတ်နိုင်ငံသို့ ပြောင်းတင်ပို့ခြင်း ရပ်တန့်နေသည်မှာ ၃ လဝန်းကျင် ရှိပြီ ဖြစ်ကြောင်း ပြောင်းကုန်သည်များက ပြောသည်။

၂၀၂၃ ခုနှစ်တွင် မြန်မာ့ပြောင်းစိုက်ပျိုးမှုသည် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ပြောင်းတန်ချိန် ၃ သန်းခန့် ထွက်ရှိမည်ဖြစ်ပြီး ပြည်ပသို့ တန်ချိန် ၂ သန်းခန့် တင်ပို့ရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်း အသင်းထံမှ သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ပုဂံတွင် သင်္ကြန်ကာလအတွက် ဟိုတယ်ကြိုတင်ဘိုကင်များ ရှိနေပြီ

By CNI
CNI
Category: Watch TV
Hits: 1024

Share
Tweet
Share
Share
powered by social2s

နိုင်ငံကူးလက်မှတ် ရက်ချိန်းလျှောက်ရာတွင် မသမာမှုပြုလုပ်သူများအား အရေးယူမည်

By CNI
CNI
Category: Watch TV
Hits: 1000

Share
Tweet
Share
Share
powered by social2s

အိမ်ခြံမြေအပေါ် ရင်းနှီးမြှုပ်နှံမှု များလာနိုင်၍ အရောင်းပြပွဲများဖြင့် ဆွဲဆောင်နေ

By CNI
CNI
Category: Watch TV
Hits: 999

Share
Tweet
Share
Share
powered by social2s

မြန်မာနိုင်ငံရှိ ဧည့်လမ်းညွှန်များ၏ ရပ်တည်နေထိုင်မှု ဘာကြောင့်ပြောင်းလဲသွားသလဲ

By CNI
CNI
Category: Watch TV
Hits: 980

Share
Tweet
Share
Share
powered by social2s

ချောင်းသာနှင့် ငပလီကမ်းခြေတွင် သင်္ကြန်ကာလအတွက် ဟိုတယ်ဘိုကင်များပြည့်နေ

By CNI
CNI
Category: Watch TV
Hits: 1094

Share
Tweet
Share
Share
powered by social2s

ရခိုင်ဆားတောင်သူများနှင့် ဆားလုပ်ငန်းရှင်များကို ကျပ်သိန်း ၉၀၀၀ ကျော် ထုတ်ချေးမည်

By CNI
CNI
Category: Watch TV
Hits: 999

Share
Tweet
Share
Share
powered by social2s

အိန္ဒိယသို့တင်ပို့နေသည့် ပဲမျိုးစုံ ယခင်နှစ်ကာလတူထက် ဈေးကောင်းရနေ

By CNI
CNI
Category: Watch TV
Hits: 1007

Share
Tweet
Share
Share
powered by social2s

တရားမဝင် အေဂျင်စီနှင့် ပွဲစားများကို တိုင်ကြားနိုင်မည့် သီးသန့်ဌာနတစ်ခု ဖွဲ့စည်းသင့်

By CNI
CNI
Category: Watch TV
Hits: 990

Share
Tweet
Share
Share
powered by social2s

ထိုင်းရှိ မြန်မာသံရုံးမှ ပတ်စပို့စာအုပ်ဖိုး တိုးမြှင့်ခြင်းကြောင့် ပွဲစား၏နှုန်းထားပါ ပိုတိုးလာနိုင်

By CNI
CNI
Category: Watch TV
Hits: 984

Share
Tweet
Share
Share
powered by social2s

မြန်မာကို တင်သွင်းသည့် လျှပ်စစ်ကား ဘယ်လူတန်းစားအတွက်လဲ

By CNI
CNI
Category: Watch TV
Hits: 985

Share
Tweet
Share
Share
powered by social2s

လက်ရှိ မြန်မာ့ခရီးသွားကဏ္ဍတွင် ပြည်တွင်းကိုသာ အဓိကအားပြုနေရ

By CNI
CNI
Category: Watch TV
Hits: 947

Share
Tweet
Share
Share
powered by social2s
ပြည်တွင်းခရီးသွားများကို နိုင်ငံအနှံ့တွင်မြင်တွေ့ရပုံ

လက်ရှိ မြန်မာ့ခရီးသွားကဏ္ဍတွင် ပြည်တွင်းကိုသာ အဓိကအားပြုနေရ

By CNI
CNI
Category: Travel
Hits: 2027

CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇

မြန်မာနိုင်ငံ၏ လက်ရှိခရီးသွားကဏ္ဍတွင် ပြည်ပခရီးသွားဝင်ရောက်မှုမှာ မရှိသလောက် နည်းပါးသောကြောင့် ပြည်တွင်းခရီးသွားများကိုသာ အဓိကအားပြုနေရကြောင်း ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ်လုပ်ငန်းရှင်များ က CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအခြေအနေမှာ အခြားနိုင်ငံများကဲ့သို့ တစ်ရှိန်ထိုး ပြန်တိုးတက်ပြီး ကိုဗစ် မတိုင်ခင်ကာလများကဲ့သို့ ဖြစ်ရန်မှာ မလွယ်ကူသေးကြောင်း၊ လက်ရှိတွင် ခရီးသွားလုပ်ငန်းများမှာ လည်ပတ်သည့် အနေအထားဖြင့် ကြိုးစားရုန်းကန်သွားနေရမည့်အချိန်မှာသာ ရှိသေးကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခုဟာက ခရီးသွားလုပ်ငန်းမှာ အဓိကမောင်းနှင်အားက ပြည်တွင်းခရီးသွားလုပ်ငန်း ဖြစ်နေတယ်ပေါ့။ ဒီ ပြည်တွင်းခရီးသွားလုပ်ငန်းကနေပဲ ဟိုတယ်တွေ၊ ဒေသတွင်း စီးပွားရေးတွေကို အားပေးသလို ဖြစ်နေတာပေါ့။ ဒါကြောင့်မို့လို့ ကျနော်တို့အနေနဲ့ကတော့ အလေးထားသင့်တယ် ပြည်တွင်းခရီးသွားကိုပေါ့ ဒီအချိန်မှာ။ အဲဒီဟာလည်း ဆက်ပြီးတိုးတက်နေဦးမှာပါပဲ။ ပြည်ပခရီးသွားဝင်ရောက်မှုမှာတော့ နိုင်ငံတကာလေကြောင်းလိုင်းတွေ ပျံတဲ့အတွက် ဧည့်သည်တွေကတော့ ကြိုကြား ကြိုကြား ဝင်နေတာတွေရှိတယ်။ အများကြီးမဟုတ်ပေမယ့်လည်း ဝင်ရောက်မှုတော့ ရှိနေတယ်လို့ ပြောလို့ရပါတယ်။ ပြည်တွင်းခရီးသွားကဏ္ဍက ဒီအချိန်မှာ ခဏလေးအေးသွားပြီးတော့ ဒီနှစ်လပိုင်းအကုန် သုံးလပိုင်းဆိုရင် ကျောင်းတွေပိတ်ပြီဖြစ်တဲ့အတွက် အကုန်လုံး ပြည်တွင်းခရီးသွားက ပြန်ပြီးတော့ အမြင့်ဆုံးအချိန်ကို ပြန်တက်လာပြီပေါ့နော်။ တော်တော်များများက ကမ်းခြေဒေသတွေနဲ့ အောက်မြန်မာပြည်ဒေသ ဧရာဝတီတိုင်းဘက်ကို သွားကြတာများတယ်။ ပြည်တွင်းခရီးသွားကတော့ New Year အချိန်မှာ တက်ခဲ့တယ်။ ပြီးတော့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီမှာ အနည်းငယ် နည်းနည်းလေး ပြန်ကျဆင်းလာပေမယ့် အခု ဒီအချိန်မှာတော့ တစ်ရှိန်ထိုး အမြင့်ဆုံးအထိအောင် တက်ဖို့အတွက် လာပါတော့မယ်” ဟု ပြောသည်။

ရွှေတိဂုံဘုရားသို့ ဘုရားဖူး လာရောက်ကြသူများ

ပြည်တွင်း၊ ပြည်ပခရီးသွားဝင်ရောက်မှုသည် ၂၀၂၁ ခုနှစ်ဖြင့် နှိုင်းယှဉ်ပါက ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း၌ တိုးတက်လာသဖြင့် ယခု ၂၀၂၃ ခုနှစ်တွင် ပိုမိုတိုးတက်အောင်လုပ်ဆောင်ရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ တိုက်တွန်းထားသည်။

သို့သော် ယခုနှစ်ခရီးသွားရာသီကာလဖြစ်သည့် အောက်တိုဘာလမှ စတင်ကာ ပြည်ပခရီးသွားများ ဝင်ရောက် လာသည်ဆိုပါက ကိုဗစ်မတိုင်ခင်ကာလများနှင့်နှိုင်းယှဉ်ကြည့်လျှင် ၁၀ ရာခိုင်နှုန်းခန့် မပြည့်သည့် အခြေအနေ သို့သာ ပြန်ရောက်မှာဖြစ်ကြောင်း၊ များပြားလှသည့် ပမာဏအရေအတွက်သို့ ရောက်ရှိဦးမည်မဟုတ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က သုံးသပ်သည်။

ထို့ကြောင့် လက်ရှိ အဓိကအားထားနေရသည့် ပြည်တွင်းခရီးသွားများ သွားရောက်ကြသော ခရီးစဉ်များအပေါ် မူတည်ကာ ဝန်ဆောင်မှုနှင့်လုံခြုံမှု ယခုထက်ပိုမိုပေးနိုင်ပါက ပြည်တွင်းခရီးသွားလာမှု လျော့ကျမသွားစေရန် အတွက် ကောင်းမွန်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဇော်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

သို့သော် နိုင်ငံတစ်နိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် ပြည်တွင်းခရီးသွားတစ်ခုတည်းဖြင့် အဆင်မပြေသည့်အတွက် ပြည်ပခရီးသွားများ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြစေရန်အတွက်လည်း လုပ်ဆောင်သင့်ကြောင်း ၎င်းက ပြောသည်။

ပုဂံဘုရားဖူးများကို တွေ့ရစဉ်

“ဟိုတယ်တွေဆိုရင် နိုင်ငံခြားသားဆိုရင် ဒေါ်လာ ၂၅ ပဲ တွက်၊ အခုလက်ရှိ ဒေါ်လာပေါက်ဈေးနဲ့ဆိုရင် ကျပ်ငွေနဲ့ ပြောင်းလိုက်ရင်တော့ ပိုရတာတော့ ရှိပါတယ်။ စားသောက်ဆိုင်တွေမှာလည်း ဒီလိုပါပဲ။ နိုင်ငံခြားသားဆိုရင် နိုင်ငံခြားသားဈေးနဲ့ ယူတာလေးတွေ တချို့ဆိုင်တွေမှာ ရှိတယ်။ အဲဒါမျိုးလေးတွေကျတော့ မြန်မာကျပ်ငွေထက် စာရင် ဒေါ်လာရတဲ့ ဟိုတယ်တို့ သူတို့သုံးတာဖြုန်းတာက ကျနော်တို့နိုင်ငံအတွက်တော့ အကျိုးရှိပါတယ်။ နိုင်ငံတော်ကတော့ သူတို့ဝင်လာပြီဆိုကတည်းက သူတို့ဆီကနေ အခွန်ရရှိမှုက ရှိသွားပြီဖြစ်ပါတယ်။ ပြည်ပက ကျနော်တို့ သိထားသလောက် ကျနော်တို့နိုင်ငံကို မငြိမ်းချမ်းဘူးထင်နေတာပေါ့လေ။ အဓိကကတော့ ကျနော်တို့ ဆီမှာ ငြိမ်းချမ်းပါတယ်ဆိုတာလေး၊ လာရင်လည်း safety ဖြစ်ပါတယ်၊ ဘေးအန္တရာယ်ကင်းရှင်းစွာလာလို့ရပါတယ်ဆိုတာတော့ အဓိကကတော့ awareness ပေးဖို့လိုတယ်ပေါ့။ သူတို့ကို လာလို့ရပြီ။ လိုအပ်တဲ့ဖြေလျှော့မှု တွေလည်း ပေးထားပြီဆိုတဲ့ သူတို့သိရှိလောက်တဲ့အချိန်ကျရင်တော့ အရင်လို ပြန်ဝင်လာမယ်လို့ ထင်ပါတယ်။ အခုတချို့က သိရသလောက်ဆိုရင် လာလည်တဲ့လူထက်စာရင် business ကိစ္စနဲ့ လာတဲ့နိုင်ငံခြားသားတွေ များတယ်ပေါ့” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ပြည်ပခရီးသွားများအား ဆွဲဆောင်နိုင်ရန်အတွက် နိုင်ငံတကာတွင် ပြုလုပ်မည့် ခရီးသွားပြပွဲများတွင် မြန်မာနိုင်ငံမှ ခရီးသွားလုပ်ငန်းကုမ္ပဏီအချို့မှ သွားရောက်ပြသရန် လုပ်ဆောင်လျက်ရှိသည်။

လက်ရှိတွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် ပြည်ပခရီးသွားများတွင် ထိုင်းနိုင်ငံသားခရီးသွားများမှာ အဓိကအများဆုံးဖြစ်ကြောင်းနှင့် လာမည့် သင်္ကြန်ပိတ်ရက်တွင် ပြည်တွင်းခရီးသွားများ ယခင်နှစ်ထက်ပို၍ တိုးတက်များပြားလာမည်ဖြစ်ကြောင်းလည်း ခရီးသွားလုပ်ငန်းရှင်များထံမှ သိရသည်။

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11

Page 7 of 48

  1. You are here:  
  2. Home
  3. စီးပွားရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar