CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ကြက်သွန်အထွက်နှုန်း လျော့ကျ၍ ဈေးနှုန်းများ အဆမတန် မြင့်တက်နေ

By CNI
CNI
Category: Watch TV
Hits: 770

Share
Tweet
Share
Share
powered by social2s

တရုတ်ကိုဗစ်ကြောင့် နယ်စပ်ကုန်သွယ်ရေးဂိတ် ပိတ်မှာကို မစိုးရိမ်

By CNI
CNI
Category: Watch TV
Hits: 743

Share
Tweet
Share
Share
powered by social2s
BYD မှ ဘက်ထရီလျှပ်စစ်ကားများကို တွေ့ရစဉ်(ဓါတ်ပုံ-ရိုက်တာ)

၂၀၂၃ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ လျှပ်စစ်ကားများ စတင်ရောင်းချသွားမည်

By CNI
CNI
Category: စီးပွားရေး
Hits: 1738

CNI International News

တိုကျို၊ ဒီဇင်ဘာ ၆

BYD ကုမ္ပဏီထုတ် ဘက်ထရီလျှပ်စစ်ကားများကို ဂျပန်နိုင်ငံတွင် လာမည့်နှစ်အစပိုင်းမှ စတင်ရောင်းချသွား မည်ဟု အဆိုပါကုမ္ပဏီ၏ဂျပန်ဌာနခွဲက ထုတ်ပြန်ကြေညာခဲ့ကြောင်း Reuters သတင်းတွင် ရေးသားဖော်ပြသည်။

၎င်းက ပင်မဈေးကွက်တလွှား ထုတ်ကုန်များကို ရောင်းချထုတ်လုပ်နိုင်ရေးအတွက် ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ကား ထုတ်လုပ်သည့်ကုမ္ပဏီဘက်မှ ခြေလှမ်းတိုးမြှင့်ဆောင်ရွက်လာခြင်းလည်းဖြစ်သည်။

တရုတ်နိုင်ငံမှ BYD ကုမ္ပဏီက ATTO 3 ဟုခေါ်သော လျှပ်စစ်ပြိုင်ကားများကို ဇန်နဝါရီ ၃၁ ရက်နေ့မှ စတင်ကာ ဂျပန်နိုင်ငံတွင်ရောင်းချသွားမည်ဟု ပြောသည်။ အဆိုပါကားသည် ၄၈၅ ကီလိုမီတာ (၃၀၁ မိုင်)အထိ မောင်းနှင် နိုင်ကာ ယန်း ၄ ဒသမ ၄ သန်း (ဒေါ်လာ ၃၂၇၃၅) ကုန်ကျမည်လည်းဖြစ်သည်။ နစ်ဆန်း (Nissan) ကုမ္ပဏီ၏ Leaf မော်ဒယ်ကားများနှင့် နှိုင်းယှဉ်လျှင် နစ်ဆန်းလျှပ်စစ်ကားများက ၃၂၂ ကီလိုမီတာ (မိုင် ၂၀၀) သာ မောင်းနှင်နိုင် သော်လည်း ကုန်ကျစရိတ်မှာ ယန်း ၃ ဒသမ ၇ သန်း (၂၇၄၉၆ ဒေါ်လာ)သာ ကျသင့်သည်။ BYD ၏ ဂျပန်ဌာနခွဲ သည် ၂၀၂၃ နှစ်ကုန်၌ နောက်ထပ် မော်ဒယ်နှစ်မျိုးကို မိတ်ဆက်ရန်စီစဉ်ထားပြီး ၂၀၂၅ နှစ်ကုန်ပိုင်းတွင် ဂျပန်နိုင်ငံ၌ ကိုယ်စားလှယ် ၁၀၀ ကျော်ထားရှိရန် ရည်ရွယ်ထားသည်ဟု ကုမ္ပဏီဘက်က ပြောသည်။

Nissan ကုမ္ပဏီ၏ Leaf မော်ဒယ်ကား(ဓါတ်ပုံ-reuters)

လက်ရှိအခြေအနေများအရ ဂျပန်နိုင်ငံတွင် ဘက်ထရီလျှပ်စစ်ကားများထက် ဓာတ်ဆီ-လျှပ်စစ် နှစ်မျိုး သုံးထားသည့် ကားမော်ဒယ်များက ပို၍ရေပန်းစားသည်။ သို့သော် ဂျပန်နိုင်ငံမှမဟုတ်သည့် BYD နှင့် Volkswagen တို့လို ကုမ္ပဏီများ ဈေးကွက်ထဲသို့ဝင်ရောက်လာမှုကြောင့် ဘက်ထရီကားများ၏ ဈေးကွက်ဝေစုမှာ ပို၍ ကြီးမားလာဖို့ရှိနေသည်။ ဇန်နဝါရီလနှောင်းပိုင်းမှစတင်ကာ ဂျပန်မြို့ကြီး ၂၂ မြို့တွင် ယာယီလက်လီ ရောင်းချသူများထားရှိရန်စီစဉ်ထားပြီး ကုမ္ပဏီသည် ဂျပန်စီရင်စု ၄၇ ခုအထိ လွှမ်းချုံထားလိုကြောင်းလည်း BYD ၏ ဂျပန်နိုင်ငံဆိုင်ရာ အမှုဆောင်ချုပ် အတ်ဆုကီ တိုဖူကူဂျီ (Atsuki Tofukuji) က ပြောသည်။

ဂျပန်နိုင်ငံမှ ကားကုမ္ပဏီများသည် လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းများတွင် ကောင်းမွန်စွာဆောင်ရွက် နိုင်ခြင်းမရှိသေးဟု တက်ကြွလှုပ်ရှားသူများက ဝေဖန်ထားသည်။ တိုယိုတာကားကုမ္ပဏီသည် bZ4X ဟုခေါ်သော ၎င်းတို့၏ လျှပ်စစ်ကားများကို မေလတွင် စတင်ရောင်းချခဲ့သော်လည်း ဘေးကင်းရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် နှစ်လအကြာတွင်ပြန်လည်သိမ်းယူခဲ့သည်။

Source:Aljazeera

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

ကျောက်တော် - ပလက်ဝ ရေလမ်းကြောင်း ပြန်ဖွင့်၊ ကုန်ဈေးနှုန်းပြန်ကျ

By CNI
CNI
Category: Watch TV
Hits: 766

Share
Tweet
Share
Share
powered by social2s

ခရီးသွားဝင်ရောက်မှုများသည့် ဒေသများမှ ဟိုတယ်များအား လျှပ်စစ်မီးပေးသင့်ဟု ဆို

By CNI
CNI
Category: Watch TV
Hits: 749

Share
Tweet
Share
Share
powered by social2s
ထီအရောင်းဆိုင်တွင် ထီထိုးနေကြသူများကိုတွေ့ရစဉ်

ထီလက်မှတ်အစောင်ရေ ၄ သိန်းခွဲ ရောက်ရှိပါက သိန်းတစ်သောင်းဆု ပြန်လာနိုင်

By CNI
CNI
Category: စီးပွားရေး
Hits: 1431

CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၄

အောင်ဘာလေ ထီလက်မှတ် အစောင်ရေ ၄ သိန်းခွဲအထိ ရောင်းချရပါက သိန်းတစ်သောင်းဆုငွေကို ချီးမြှင့် လာနိုင်သည်ဟု ထီးလုပ်ငန်းရှင်တချို့က ပြောသည်။

နိုဝင်ဘာလတွင် ထီရောင်းချရမှုသည် ပြီးခဲ့သည့် ၄၄ ကြိမ်မြောက် ထီရောင်းအားထက် ၅ သောင်းကျော် မြင့်တက်ခဲ့ပြီး ထီလက်မှတ် အစောင်ရေ ၃ သိန်း ၉ သောင်းအထိ ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လက်ရှိ နှုန်းထားအတိုင်း ထီရောင်းအား မြင့်တက်လာပါက လာမည့် လများတွင် ထီအစောင်ရေ ၄ သိန်းခွဲအထိ ရောက်ရှိနိုင်ကြောင်း၊ ထိုသို့ ရောင်းချရပါက သိန်းတစ်သောင်းဆုငွေကို ချီးမြှင့်လာနိုင်ကြောင်း ထီကိုယ်စားလှယ်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

မဟာဗန္ဓုလမ်းလမ်းပေါ်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ(ဓါတ်ပုံ-CNI)

၎င်းက “အခု ဒီလမှာ အုပ်နည်းနည်းများများ ရောင်းရတော့ ဆုမဲ နည်းနည်း ပိုလာမှာပေါ့။ ဆုမဲ ပိုလာမယ်ဆိုလို့ ရှိရင် ပေါက်တဲ့သူက ဆိုပါတော့ အယောက် ၁၀၀၀ လောက်ပေါက်မယ်။ ခါတိုင်း ပြီးခဲ့တဲ့လတွေ ထက်စာရင် ဒီလက အယောက် တစ်ထောင်၊ နှစ်ထောင် ပိုပေါက်တယ်ဆိုလို့ရှိရင် အဲဒီ တစ်ထောင်၊ နှစ်ထောင်က ပြန်ထိုးတဲ့ အခါကျတော့ နည်းနည်းလေးတော့ တက်မယ်ထင်တာပဲ။ ထီရောင်းအားများလေ ထီဆုမဲများလေပဲလေ။ နောက် ပြီးတော့ အဲလိုနည်းနည်းလေး ဆုမဲများလာလို့ရှိရင် သိန်းတစ်သောင်းဆုက ပြန်လာလိမ့်မယ်။ သူတို့ သိန်းတစ်သောင်းကို ပုံမှန်ပေးတဲ့ အနေအထား ရောက်လို့ရှိရင် လာလိမ့်မယ်။ ဒီအတိုင်းသွားရင် ထင်ပါတယ် သိန်းတစ်သောင်း လာလိမ့်မယ် နောက် တစ်လ၊ နှစ်လနေရင်တော့ လာလိမ့်ဖို့ များတယ်။ ၄ သိန်းခွဲလောက် ဆိုရင်တော့ လာလိမ့်မယ်။ ၄ သိန်းခွဲ ပတ်ချာလည် အခုက ၄ သိန်းနား ကပ်နေပြီလေ” ဟု ပြောသည်။

အောင်ဘာလေထီကို လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်၊ ပဲခူးတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် အများဆုံး ထိုးလျက်ရှိကြောင်း သိရသည်။

ထီလက်မှတ် အစောင်ရေ ၄ သိန်းခွဲသို့ ရောက်ရှိပါက သိန်းတစ်သောင်းဆုကို ချီးမြှင့်နိုင်ခြေမှာ ခန့်မှန်းရ ခက်ခဲ ကြောင်း၊ လစဉ်လတိုင်း ထီရောင်းအားသည့် ထိုအရေအတွက်သို့ ရောက်ရှိရန် လိုအပ်ကြောင်း ထီကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးထွန်းထွန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

ထီဆုမဲ ကြေညာနေစဉ် 

၎င်းက “ကျနော်တို့က ၄ သိန်းခွဲပြည့်တိုင်း သိန်းတစ်သောင်း ပေးဖို့ဆိုတာကတော့ သိပ်မထင်ဘူး။ မခန့်မှန်းသေး ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ထီရောင်းအားက ဥပမာ ဒီဇင်ဘာလောက်ဆိုရင် ပုံမှန်က ရောင်းအားတက် တဲ့လ ပါပဲ။ ဒီဇင်ဘာဆို့၊ ဇန်နဝါရီတို့ဆိုတာက ရောင်းအားတက်တဲ့ လတွေပါ။ ဥပမာ ဒီဇင်ဘာတို့၊ ဇန်နဝါရီတို့တွေ မှာ ရောင်းအားတက်ပေမယ့် ဖေဖော်ဝါရီတို့၊ ဧပြီတို့မှာ တက်နိုင်ပါ့မလား အဲဒါ ရှိသေးတယ်လေ။ အလုပ်တစ်ခု လုပ်ပြီဆိုရင် ရေရှည်ကို စဉ်းစားရမှာပေါ့။ ဒါကတော့ ကျနော်တို့အနေနဲ့ ခန့်မှန်းတာတော့ မဖြစ်နိုင်သေးဘူးလို့ မှန်းထားတယ် အခုလောလောဆယ်မှာတော့။ လတိုင်းရနိုင်မှ ပေးနိုင်မယ်။ ဥပမာ ကျနော်တို့က ဒီလ သိန်း တစ်သောင်းဆု ပေးလိုက်တယ်။ နောက်လ သိန်း ၅၀၀၀ ပြန်ဖြစ်ရင် ပိုပြီးရောင်းအားကျသွားမယ်” ဟု ပြောသည်။

အက္ခရာနှင့် ကဏန်း တစ်လုံးတူကို ကျပ်တစ်သောင်းဆု ချီးမြှင့်ပေးပြီးနောက် ထီရောင်းအား တိုးတက်လာသော် လည်း ထီထိုးသည့် လူဦးရေ တိုးတက်လာခြင်း မဟုတ်ဘဲ ယခင်ထိုးနေသည့် သူများပင် ထီအစောင်ရေ တိုးမြှင့် ဝယ်ယူကြခြင်းဖြစ်သည်ဟု ထီအရောင်းဆိုင်များနှင့် ကိုယ်စားလှယ်များထံမှ သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ပိတ်ထားသည့် ကလေး - တမူးလမ်း ပြန်ဖွင့်

By CNI
CNI
Category: Watch TV
Hits: 792

Share
Tweet
Share
Share
powered by social2s
ကလေး-တမူးမြို့များနဲ့ လုံခြုံရေးတပ်ဖွဲ့နှင့် တမူး PDF ကိုတွေ့ရစဉ်

ပိတ်ထားသည့် ကလေး - တမူးလမ်း ပြန်ဖွင့်

By CNI
CNI
Category: စီးပွားရေး
Hits: 1382

 

CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှ အိန္ဒိယနယ်စပ် တမူးမြို့သို့ သွားရောက်သည့် လမ်းကြောင်းကို ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ပိတ်ထားခဲ့သော်လည်း ယခု ဒီဇင်ဘာလဆန်းပိုင်းတွင် ပြန်လည် ဖွင့်လှစ်လိုက်ပြီ ဖြစ် ကြောင်း တမူးမြို့ ဒေသခံများထံမှ သိရသည်။

ကလေး - တမူး လမ်းကြောင်း ပြန်လည် ဖွင့်လှစ်လိုက်သည်မှာ ၃ ရက်ခန့်ရှိပြီဖြစ်ကြောင်း၊ စက်သုံးဆီ သယ်ဆောင်သည့် ယာဉ်များ ဝင်ရောက်လာပြီဖြစ်ကြောင်း၊ သို့သော် လမ်းကြောင်း ပိတ်ထားသောအချိန်က မြင့်တက်ခဲ့သည့် ကုန်ဈေးနှုန်းများမှာ ပြန်လည် ကျဆင်းမှုမရှိသေးကြောင်း တမူးမြို့ဒေသခံ ကိုချမ်းငြိမ်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “၃ - ၄ ရက်လောက်ရှိပြီ ဖွင့်တာလေ။ ပုံမှန် ဖွင့်သွားပါပြီ။ စက်သုံးဆီကားတွေ ဝင်ပြီ ဈေးကတော့ ကြည့်ရ အုံးမှာ၊ အခြေအနေ ဘယ်လိုနေဦးမယ် မသိသေးဘူး။ ဈေးကတော့ မသိသေးဘူး။ ပေါတယ်လို့ ပြောလို့မရသေး ဘူးပေါ့နော် ဆီကတော့။ ကုန်ဈေးနှုန်းတွေကလည်း တစ်ပတ်လောက်နေမှပဲ ပြန်ငြိမ်မယ် ထင်ပါတယ်။ အခု လောလောဆယ်တော့ ဒီအတိုင်းပါပဲ သိပ်ထူးထူးခြားခြား မရှိပါဘူး။ ကျတာပြုတာတို့လေ လောလောဆယ်တော့။ ဖွင့်ကာစဆိုတော့လေ ဘာမှပြောလို့ မရသေးဘူး။ နည်းနည်း တစ်ပတ်လောက် နေတဲ့အခါမှ ကျမလား ဘာမလား အဲအခါကျမှ ပြန်သုံးသပ်ရမယ်” ဟု ပြောသည်။

 ကလေးမြို့ အ၀င်ကိုတွေ့ရစဉ်

အဆိုပါ ကလေး-တမူးလမ်းကြောင်းသည် အိန္ဒိယနှင့်ကုန်သွယ်ရေး အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းဒေသများနှင့် ရန်ကုန်၊ မန္တလေးတို့ဖြင့် ကုန်သွယ်ရေးများ လုပ်ဆောင်ရာတွင် အဓိကကျသော လမ်းဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လက်နက်ကိုင် ပဋိပက္ခများကြောင့် ကလေး - တမူးလမ်းကြောင်းကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ ရက်နေ့တွင် ပိတ်ထားခဲ့ပြီးနောက် လက်ရှိ ပြန်လည်ဖွင့်လှစ်ချိန်၌ ပုံမှန်အတိုင်း သွား၍ ရနေပြီ ဖြစ်ကြောင်း ကလေးနှင့် တမူးဒေသခံများက ပြောသည်။

သို့သော် ကလေးနှင့် တမြို့တွင် ညမထွက်ရအမိန့်ကို ၈ နာရီအထိ သတ်မှတ်ထားခြင်းကြောင့် ကလေး - တမူး လမ်းကြောင်းကို မနက် ၆ နာရီမှ ည ၆ နာရီအထိသာ ဖြတ်သန်း၍ရသည်ဟု တမူးမြို့ ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “ဒီအတိုင်း ပုံမှန်သွားနေကျအတိုင်းပဲ သွားလို့ရပါတယ်။ ဟိုလိုကြီး မရှိပါဘူး။ သွားရလာရတာ အရမ်းကြီး ခက်ခဲတာမျိုး မရှိပါဘူး။ ပုံမှန်အတိုင်း သူ့ဟာနဲ့သူ ဘာညာ စစ်တာဆေးတာတော့ ရှိချင်ရှိမှာပေါ့။ ဒါပေမယ့် ဟိုလိုကြီး အကြာကြီး အဲလိုမျိုး မရှိပါဘူး။ စောင့်တာပြုတာ အဲလိုမျိုးတွေ မရှိပါဘူး။ လမ်းကြောင်း ပွင့်သွားပြီလို့ ပြောလို့ရပါတယ်။ ကောင်းကောင်းမွန်မွန် သွားလို့ရပါပြီ။ အခုက ဒီမှာလည်း တမူးမှာလည်း ၈ နာရီဆိုရင် ကလေး တို့၊ တမူးတို့ဆိုတာက ထုတ်ထားတဲ့ မာရှယ်လော ရှိတဲ့အခါကျတော့ မနက် ၆ နာရီကနေ ည ၆ နာရီ သွားဖို့လာဖို့ က အဆင်မပြေဘူးလေ ဝင်တာထွက်တာ မြို့ထဲဝင်မှာ ပြုမှာတွေက မနက် ၆၊ ည ၆ က ထုတ်ထားတာ ကြာနေ ပြီ”ဟု CNI သတင်းဌာနသို့ ပြောသည်။

တမူးမြို့ဈေးအတွင်းကိုတွေ့ရစဉ်

ကလေး - တမူး လမ်းကြောင်း ပိတ်ထားချိန်တွင် တမူးမြို့ ၌ စက်သုံးဆီများ ဝယ်ယူရခက်ခဲပြီး တစ်ဂါလံလျှင် ၂၂၅၀၀ ကျပ်အထိ ဈေးနှုန်း မြင့်တက်ခဲ့ကြောင်း၊ ကုန်ကားများ ဝင်ရောက်မှု မရှိခြင်းကြောင့် တချို့သော ကုန်စည်များသည် ဈေးနှုန်းမြင့်တက်ခဲ့သလို ပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့နောက် တမူးမြို့၌ ဆရာဝန်များ မရှိခြင်းကြောင့် တမူးမြို့ဒေသခံများသည် ကလေးမြို့သို့ သွားရောက်၍ ဆေးကုသမှုများ ခံယူကြရကြောင်း ဒေသခံများက ပြောသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

လေဆိပ်တွင်ကိုဗစ်မစစ်တော့ခြင်းကပြည်ပခရီးသွား ဝင်ရောက်မှုအတွက် အကျိုးရှိဟု ဆို

By CNI
CNI
Category: Watch TV
Hits: 745

Share
Tweet
Share
Share
powered by social2s
ခရီးသွားများ လေဆိပ်သို့ ဝင်ရောက်လာစဉ်၊ မြန်မာပြည်အနယ်နယ်အရပ်ရပ်သို့ ရောက်ရှိလာစဉ်

လေဆိပ်တွင် ကိုဗစ်မစစ်တော့ခြင်းက ပြည်ပခရီးသွား ဝင်ရောက်မှုအတွက် အကျိုးရှိဟု ဆို

By CNI
CNI
Category: စီးပွားရေး
Hits: 1088

CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂

နိုင်ငံတကာလေကြောင်းခရီးစဉ်များဖြင့် ဝင်ရောက်မည့်သူများအား လေဆိပ်တွင် RDT ဖြင့် ကိုဗစ်စစ်ဆေးမှုအား ဖြေလျှော့လိုက်ခြင်းသည် မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားဝင်ရောက်မှုအတွက် အကျိုးရှိကြောင်း ခရီးသွားလုပ်ငန်း ရှင်များနှင့် ဟိုတယ်လုပ်ငန်းရှင်များက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတကာလေကြောင်းလိုင်းဖြင့် ဝင်ရောက်လာသူများအား လေဆိပ်၌ RDT ဖြင့် ကိုဗစ်ထပ်မံ စစ်ခြင်းသည် ဝင်ရောက်လာမည့် နိုင်ငံခြားသားခရီးသွားများအတွက် အနှောင့်အယှက်တစ်ခု ဖြစ်သည့်အတွက် ယခုကဲ့သို့ ဖြေလျှော့လိုက်ခြင်းက ခရီးသွားလုပ်ငန်းအတွက် ကောင်းမွန်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင် များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က CNI သတင်းဌာနသို့ ပြောသည်။

“အိမ်နီးချင်း အာဆီယံနိုင်ငံတွေမှာ တော်တော်များများက နှာခေါင်းထိုးစစ်ဆေးတဲ့ဟာကို မလိုတော့ဘူးပေါ့။ အချို့နိုင်ငံတွေဆိုရင် ဆေးထိုးထားတဲ့လက်မှတ်တောင်မှ ပြစရာမလိုဘူးဆိုပြီးတော့ ဖြေလျှော့ပေးနေတာတွေ ရှိတဲ့အချိန်မှာ ကျနော်တို့နိုင်ငံက အရမ်းတင်းကြပ်သလိုဖြစ်နေတာပေါ့။ အဲဒါကြောင့်မို့လို့ လတ်တလော ရုတ်ချည်း ချက်ချင်းဝင်လာမယ့် ခရီးသည်တွေရှိတယ်။ ဒီလိုခရီးသည်မျိုးတွေက သူတို့အတွက်ကို အတားအဆီး မျိုးတွေ ဖြစ်နေတယ်။ ဥပမာ ဘန်ကောက်ကိုရောက်တယ်၊ ဘန်ကောက်ကိုရောက်တော့မှ မြန်မာနိုင်ငံလှတယ်၊ လာချင်တယ်ဆိုပြီးတော့ လေယာဉ်ပျံစီးပြီး ချက်ချင်းလာချင်တဲ့သူကြတော့ နှာခေါင်းထိုး စစ်ဆေးခြင်းခံရမယ် ဆိုတဲ့ ကန့်သတ်ချက်ကြောင့် သူတို့မှာ တွန့်ဆုတ်ပြီးတော့ cancel လုပ်သွားတာတွေရှိတယ်။ ဒါကြောင့်မို့လို့ ခရီးသွားတွေအတွက်က ဒီလိုဖြေလျှော့ပေးလိုက်တာဟာ အရမ်းကြီးကို ကောင်းမွန်ပါတယ်” ဟု ၎င်းက ပြောသည်။


ခရီးသွားလုပ်ငန်းရှင်များမှ ယခုကဲ့သို့ ပြည်ပမှဝင်ရောက်လာမည့်သူများအား လေဆိပ်တွင် RDT ဖြင့် စစ်ခြင်းအား ဖြေလျှော့ပေးရန် တောင်းဆိုခဲ့သည်မှာ အချိန်ကာလတစ်ခုအထိ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် ဒီဇင်ဘာ ၁ ရက်နေ့မှ စတင်ကာ နိုင်ငံတကာလေကြောင်းခရီးစဉ်ဖြင့် ဝင်လာမည့် သူများသည် လေဆိပ်တွင် ကိုယ်အပူချိန်မြင့်တက်ခြင်းနှင့် ကိုဗစ်ရောဂါလက္ခဏာမရှိပါက RDT ဖြင့် မစစ်ဆေး တော့ကြောင်း ထုတ်ပြန်ထားသည်။

သို့ရာတွင် ကိုယ်အပူချိန်မြင့်တက်ခြင်းနှင့် ကိုဗစ်ရောဂါလက္ခဏာရှိသူများမှာ RDT ဖြင့် စစ်ဆေးရမည်ဖြစ်ပြီး ကိုဗစ်မတွေ့ရှိမှသာ မိမိခရီးစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဦးပိန်တံတားပေါ်သို့ လာရောက်လည်ပတ်နေကြသည့် ပြည်ပခရီးသွားများ

ပြည်ပခရီးသွားများ ဝင်ရောက်ရေးအတွက် ယခုကဲ့သို့ လေဆိပ်တွင် ကိုဗစ်နှင့်ပတ်သက်၍ ဖြေလျှော့ပေးသလို လမ်းခရီးတွင် စစ်ဆေးရေးဂိတ်များမှ စစ်ဆေးမှုပြုလုပ်သည့် အနေအထားများအားလည်း ထိန်းသိမ်းသင့်ကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ပုဂံဟိုတယ်ဇုန်) ဥက္ကဋ္ဌ ဦးဇော်ဝိတ်က CNI သတင်းဌာနသို့ ပြောသည်။

“On the way မှာ လမ်းခရီးကြားမှာ စစ်ဆေးတဲ့ စစ်ဆေးရေးဂိတ်တွေပေါ့။ အဲဒီဂိတ်တွေရဲ့ ရဲဘော်တွေတို့၊ စစ်သားတွေတို့၊ ရဲလည်းစစ်တယ်။ စစ်လည်း စစ်တယ်။ သူတို့ရဲ့ စစ်ဆေးမှုပုံသဏ္ဍာန်က နိုင်ငံခြားသားဆိုလို့ရှိရင် ပြောင်းဖို့လိုတယ်။ အရာရှိ အဆင့်လောက်ကပဲ စစ်သင့်တယ်။ ရဲဘော်ဆိုတဲ့ကောင်တွေက ပညာလည်း တတ်တာ မဟုတ်ဘူး။ နေကုန် နေခမ်း အရက်သောက်ထားတဲ့ကောင်တွေဆိုတော့ သူတို့ရဲ့ impression ကိုက နိုင်ငံသိက္ခာ ကျတယ်။ နောက်တစ်ခါ ပြောဆို ဆက်ဆံမှုလည်း မတတ်ဘူး။ နောက်ပြီးတော့ အဲဒီ ရဲဘော်အဆင့်က လူတွေက သူတို့ကိုယ်တိုင်က ပတ်စပို့မှမမြင်ဖူးတဲ့ဟာ။ အဲဒီတော့ သူတို့က ပတ်စပို့တွေ ဘာတွေ တောင်းစစ်တယ်။ စစ်ပြီးတော့ ဘယ်ဟာကြည့်ရမှန်းလဲမသိဘူး တောင်ပြော မြောက်ပြောတွေ လျှောက်ပြောတယ်။ အဲဒီတော့ ဒါတွေက အန်ကယ်တို့အတွက် impression မကောင်းဘူး။ ဒါတွေလည်းပဲ သူတို့ ထိန်းသိမ်းသင့်တယ်ပေါ့”ဟု ၎င်းက ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံရှိ လေဆိပ်တွင် ကိုဗစ်မစစ်တော့သည်ကို ပြည်ပခရီးသွားများ မသိရှိ နိုင်သေးသည့်အတွက် ၎င်းတို့ သိရှိသွားစေရန် ခရီးသွားလုပ်ငန်းရှင်များအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သင့်ကြောင်းလည်း ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ်လုပ်ငန်းရှင်များက အကြံပြုသည်။

“ပုံမှန်အားဖြင့်တော့ ပြည်ပကနေဝင်လာတဲ့ inbound tourist တွေက ဒီ ခရစ္စမတ်နဲ့ new year အချိန်မှာ ပုံမှန်အားဖြင့်ဆိုရင် လျော့ကျလေ့ရှိတယ်။ နိုင်ငံတကာရဲ့လေကြောင်းလိုင်းတွေက ခရစ္စမတ်နဲ့ new year အချိန်တွေမှာ လေယာဉ်လက်မှတ်ခတွေက များတယ်ပေါ့။ လေယာဉ်လက်မှတ်ခလည်း ဈေးကြီးတယ်။ မိသားစုတွေဆီ မဖြစ်မနေ သွားကြ တွေ့ကြတာများတဲ့အတွက် လေကြောင်းခရီးသွားမှုက အပန်းဖြေ ခရီးသွား အတွက် မဟုတ်ဘဲနဲ့ မိသားစုအတွက် သွားရောက်တယ်။ အပန်းဖြေဖို့အတွက် ခရီးသွားတဲ့သူတွေက ဒီလို ရက်မျိုးတွေကို အများဆုံးရှောင်တယ်။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံထဲကိုလည်း ဝင်ရောက်ဖို့ new year နဲ့ ခရစ္စမတ်တွေထဲမှာ နိုင်ငံခြားသားဝင်ရောက်မှုက အများကြီး တိုးတက်လာစရာမရှိပါဘူး။ ဒါပေမယ့် ကျနော်တို့ ဆီမှာတော့ inbound ကသာ ဒီလိုဖြစ်နေပေမယ့်လည်း outboundနဲ့ ပြည်တွင်း ခရီးစဉ်တွေမှာတော့ ဒီအချိန်က အရမ်းကြီးကို အမြင့်ဆုံးအချိန်ကို ရောက်ဖို့သွားဖို့ရှိပါတယ်။ ၂၀၂၂ ရဲ့ ခရီးသည်အများဆုံးအချိန်ပေါ့။ outbound တွေကလည်း ဒီဇင်ဘာ ခရစ္စမတ်နဲ့ new year မှာ ခရီးစဉ်ထွက်ဖို့အတွက် စီစဉ်နေကြသလိုပဲ ပြည်တွင်းခရီးသွား တွေဟာလည်း ပြည်တွင်းမှာ ခရီးသွားဖို့အတွက် ဟိုတယ်တွေ ကြိုတင် ဘိုကင်တင်ထားတာတွေ၊ ကားတွေ ကြိုငှားထားတာတွေ ကြိုပြီးတော့လုပ်ထားတာဖြစ်တဲ့အတွက် အဲဒီအချိန်မှာတော့ တော်တော်လေး အလုပ်များ ပြီးတော့ ပြည်တွင်းခရီးသွားနဲ့ outbound ခရီးသွားက တော်တော်လေး အလုပ်အကိုင် ကောင်းမွန်မယ့် အစီအစဉ် ရှိပါတယ်” ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က CNI သတင်းဌာနသို့ ပြောသည်။

ပြည်ပက ဝင်လာမည့်သူများသည် လေဆိပ်တွင် RDT ဖြင့် ကိုဗစ်စစ်စရာမလိုတော့သော်လည်း ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးကြောင်းလက်မှတ်၊ အကြိမ်ပြည့် မထိုးနှံရသေးသူများအနေဖြင့် လွန်ခဲ့သော ၄၈ နာရီ အတွင်း RT-PCR ဖြင့် စစ်ထားသည့် ကိုဗစ်မရှိကြောင်း အဖြေတို့ပါရှိရန်မှာ လိုအပ်နေသေးသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

တိုင်းပြည်စီးပွားရေးတိုးတက်မှ အခြေခံလုပ်ခလစာတိုးမည်ဟု အလုပ်သမားဝန်ကြီးဌာန ပြော

By CNI
CNI
Category: Watch TV
Hits: 723

Share
Tweet
Share
Share
powered by social2s

SWIFT မသုံးဘဲ ငွေပေးချေနိုင်အောင် ရုရှားနှင့်တရုတ် စီစဉ်နေ

By CNI
CNI
Category: Watch TV
Hits: 722

Share
Tweet
Share
Share
powered by social2s

ယခင်လထက် အောင်ဘာလေထီရောင်းအား အုပ်ရေ ၅ သောင်းကျော် မြင့်တက်

By CNI
CNI
Category: Watch TV
Hits: 736

Share
Tweet
Share
Share
powered by social2s
မဟာဗန္ဓုလမ်းလမ်းပေါ်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ(ဓါတ်ပုံ-CNI)

ယခင်လထက် အောင်ဘာလေထီရောင်းအား အုပ်ရေ ၅ သောင်းကျော် မြင့်တက်

By CNI
CNI
Category: စီးပွားရေး
Hits: 1566

CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃၀

(၄၅)ကြိမ်မြောက် အောင်ဘာလေ ထီရောင်းချရမှုသည် ပြီးခဲ့သည့်လထက် အုပ်ရေ ၅ သောင်းခန့် ပိုမို ရောင်းချခဲ့ ရတယ်လို့ အောင်ဘာလေထီရုံးမှ သိရသည်။

နိုင်ငံရေးအပြောင်းအလဲ စတင်ဖြစ်ပွားသည့် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် အောင်ဘာလေ ထီရောင်းအားသည် ကျဆင်းခဲ့ပြီး အုပ်ရေ ၂ သိန်းကျော်သာ ရောင်းချခဲ့ရပြီး လက်ရှိတွင် အုပ်ရေ ၃ သိန်း ၉ သောင်းအထိ ရောင်းချ ထားရသည်ဟု ထီကုန်သည်များထံမှ သိရသည်။

ပြီးခဲ့သည့် (၄၄) ကြိမ်မြောက် အောင်ဘာလေထီ ရောင်းချရမှုသည် အုပ်ရေ ၃ သိန်း ၄ သောင်းခန့်သာရှိခဲ့သည်။

အဲဒီနောက် သိန်း ၅၀၀၀ ဆုမဲကို ဘဏ်တွင် ငွေသားထုတ်ယူ၍ လွယ်ကူသွားခြင်းနှင့် အက္ခရာနှင့် ကဏန်းတစ်လုံး တူ အတွက် ဆုမဲတစ်သောင်း သတ်မှတ်ပြီးနောက် ထီရောင်းအား တိုးတက်လာခြင်းဖြစ်သည်ဟု ထီ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးကျော်စန်းက CNI သတင်းဌာနသို့ ပြောသည်။

“အောင်ဘာလေထီ လက်မှတ်တွေမှာ သိန်း ၅၀၀၀ ဆုမဲမှာ အကုန်လုံး ပြန်ထုတ်ပေးတာမှာ စတယ်။ ဆုမဲတွေက ခါတိုင်းဆိုလို့ရှိရင် ဘဏ်မှာက မထုတ်ပေးဘူး ဘာညာနဲ့ ထွက်နေတာလေ။ အခုက သိန်း ၅၀၀၀ ပေါက်လို့ရှိရင် လည်း ၅၀၀၀ လုံး အကုန်ထုတ်လို့ရတယ် ဘဏ်ကနေ အောင်ဘာလေဆုမဲဆိုလို့ရှိရင်။ ငွေသားကို ထုတ်လို့ရ တယ်။ ဆုမဲ ဆုငွေထုတ်မှုအပိုင်းမှာ အားလုံးအဆင်ပြေသွားတယ်လေ အဲဒါက တစ်ကြောင်း။ နောက်တစ်ကြောင်း ကကျတော့ ဘာဖြစ်လဲဆိုတော့ တစ်လုံးတူကို အက္ခရာနဲ့ တစ်လုံးတူကို ၁၀၀၀၀ ပေးတဲ့အခါကျတော့ နည်းနည်း အရင်းမရှုံးထီ ခေါ်တာပေါ့။ အက္ခရာစုံ မင်္ဂလာစုံတွဲ ၁၀ စောင်ထိုးမယ် ထိပ်စီးတူရင်တောင် အရင်းပြန်ရတဲ့ အနေအထားလေ။ အဲဒါကျတော့ ထိုးတဲ့သူတွေက ပေါက်တဲ့သူ များတာပေါ့ကွာ။ လူအယောက် တစ်သိန်းလောက် ပိုရောင်းလိုက်တဲ့အခါကျတော့ ပေါက်တဲ့အခါကျတော့ အဲဒီပေါက်တဲ့သူက ထီပြန်ထိုးတာ။ ထီပြန်ထိုးတော့ ရောင်းအားပြန်တက်သွားတာ။ အဲဒီတစ်လုံးတူ မထွက်ခင်တုန်းက ၃၄ ကျော်ကျော်လောက်ပဲ ရှိတာပါ။ ၃၄ ပတ်ချာလည်ပဲ။ ၃ သိန်း ၄ သောင်းကျော်။ ၃ သိန်း ၄ သောင်းကျော်လောက်ပဲ ရှိတာ။ အဲဒီ တစ်လုံးတူ နှစ်လုံးတူတွေ ထွက်တော့ ဘယ်လောက် တက်သွားလဲဆိုတော့ ၃၉ နည်းနည်းစွန်းလိမ့်မယ်။ ၃၉ ပဲ ထားပါ။ ဆိုတော့ အုပ် ၅ သောင်းလောက် တက်သွားတယ်” ဟု ပြောသည်။

အောင်ဘာလေထီဆိုင်တွင် ထီးလာထိုးသူများနှင့် တွေ့ရစဉ်

နိုင်ငံရေး အပြောင်းအလဲ မဖြစ်ပွားခင်ကာလတွင် အောင်ဘာလေ ထီရောင်းအားသည် အက္ခရာ ၄၂ လုံး ထုတ်ဝေ ပြီး အုပ်ရေ သုံးဆယ့်လေးသိန်းခြောက်ထောင့်သုံးရာငါးဆယ်ခြောက်အုပ် ရောင်းချလျက်ရှိပြီး လက်ရှိတွင် အက္ခရာ ၁၀ လုံးသာ ထုတ်ဝေလျက်ရှိသည်။

လက်ရှိတွင် ထီရောင်းအား အနည်းငယ် ပြန်လည်မြင့်တက်လာပြီဖြစ်သည့်အတွက် လာမည့်လများတွင် ထီ ရောင်းအားဆက်လက်မြင့်တက်လာနိုင်ပြီး မကြာမီ သိန်းတစ်သောင်းဆု ပြန်လည်ပေးလာနိုင်သည်ဟု ထီ ကိုယ်စားလှယ်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“အခု ဒီလမှာ အုပ်နည်းနည်းများများ ရောင်းရတော့ ဆုမဲ နည်းနည်းပိုလာမှာပေါ့။ ဆုမဲပိုလာမယ်ဆိုလို့ရှိရင် ပေါက်တဲ့သူက ဆိုပါတော့ အယောက် ၁၀၀၀ လောက်ပေါက်မယ်။ ခါတိုင်း ပြီးခဲ့တဲ့လတွေထက်စာရင် ဒီလက အယောက် တစ်ထောင်၊ နှစ်ထောင် ပိုပေါက်တယ်ဆိုလို့ရှိရင် အဲဒီ တစ်ထောင်၊ နှစ်ထောင်က ပြန်ထိုးတဲ့အခါ ကျတော့ နည်းနည်းလေးတော့ တက်မယ်ထင်တာပဲ။ ထီရောင်းအားများလေ ထီဆုမဲများလေပဲလေ။ နောက်ပြီး တော့ အဲလိုနည်းနည်းလေး ဆုမဲများလာလို့ရှိရင် သိန်း တစ်သောင်းဆုက ပြန်လာလိမ့်မယ်။ သူတို့ သိန်း တစ်သောင်းကို ပုံမှန်ပေးတဲ့ အနေအထားရောက်လို့ရှိရင် လာလိမ့်မယ်။ ဒီအတိုင်းသွားရင် ထင်ပါတယ် သိန်းတစ်သောင်း လာလိမ့်မယ် နောက် တစ်လ၊ နှစ်လနေရင်တော့ လာဖို့ များတယ်။ ၄ သိန်းခွဲလောက် ဆိုရင်တော့ လာလိမ့်မယ်။ ၄ သိန်းခွဲ ပတ်ချာလည် အခုက ၄ သိန်းနားကပ်နေပြီလေ” ဟု ၎င်းကပြောသည်။

အောင်ဘာလေထီကို ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်း ဒေသကြီးတို့တွင် အများဆုံးထိုးလျက်ရှိသည်ဟု ထီရောင်းချသူများထံမှ သိရသည်။

အောင်ဘာလေမှ ချီးမြှင့်ပေးနေသည့် လက်ရှိ ထီဆုမဲသည် ကျပ်သိန်း ၅၀၀၀ အမြင့်ဆုံးဖြစ်ပြီး ယခုလ ထီရောင်း အား မြင့်တက်လာသောကြောင့် ဒီဇင်ဘာ ၁ ရက်နေ့တွင် ဖွင့်လှစ်မည့် ထီဆုမဲများကိုလည်း ထပ်တိုးထားကြောင်း အောင်ဘာလေထီရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရုရှားဒုတိယဝန်ကြီးချုပ် အလက်ဇန္ဒားနိုဗက်ကို တွေ့ရစဉ် (TASS)

SWIFT မသုံးဘဲ ငွေပေးချေနိုင်အောင် ရုရှားနှင့်တရုတ် စီစဉ်နေ

By CNI
CNI
Category: စီးပွားရေး
Hits: 1568

CNI International News

မော်စကို၊ နိုဝင်ဘာ ၃၀

ရုရှားနှင့်တရုတ်တို့သည် ၎င်းတို့ဘဏ္ဍာရေးစနစ် အသီးသီးအတွက် SWIFT သုံးစွဲခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် အပြန်အလှန် ကုမ္ပဏီ account များ ဖွင့်လှစ်နိုင်ဖို့ လုပ်ဆောင်နေကြောင်း ရုရှားဒုတိယဝန်ကြီးချုပ် အလက်ဇန္ဒား နိုဗက်က နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်ဟု တာ့စ်သတင်းဌာနက ရေးသားဖော်ပြသည်။

ရုရှားမှ တရုတ်သို့ ဓာတ်ငွေ့ပို့လွှတ်ရောင်းချရေး စာချုပ်များအရ ငွေပေးချေမှုများ၌ မိမိတို့နှစ်နိုင်ငံ၏ ရူဘယ်နှင့် ယွမ် ငွေကြေးများဖြင့် ပေးချေရန် ပြောင်းလဲစီစဉ်နေပြီဟု နိုဗက်က ဆက်လက် ပြောကြားခဲ့သည်။

ထို့အပြင် ရေနံ၊ ရေနံထွက်ပစ္စည်းများနှင့် ကျောက်မီးသွေးတို့ကိုလည်း မိမိတို့ငွေကြေးကိုယ်စီဖြင့် လွှဲပြောင်းပေး ချေနေပြီဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ဒီလိုလုပ်ဆောင်မှုက အန္တရာယ်တွေကို ကာကွယ်နိုင်ပြီး ရူဘယ်နဲ့ယွမ်ကို ကမ္ဘာ့အရန်ငွေကြေးအဖြစ် အခြေအနေ အသွင်ကူးပြောင်းမှု မြှင့်တင်ပေးနိုင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ရုရှားဗဟိုဘဏ်နဲ့ တရုတ်ဘဏ် လုပ်ငန်းတွေမှာ ရုရှားအတွက် account ဖွင့်နိုင်ဖို့ အလားအလာတွေ မြှင့်တင်လုပ်ဆောင်နေပါတယ်။ တရုတ်ပြည်တွင်း ကုမ္ပဏီ တွေ၊ ရုရှားရှိ တရုတ်ကုမ္ပဏီတွေနဲ့ SWIFT မသုံးဘဲ ငွေပေးချေနိုင်အောင် ဖန်တီးတာလည်း ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးချုပ်နိုဗက်က ဖြည့်စွက်ပြောကြားခဲ့သည်။

ရုရှားကို SWIFT ကနေ ထုတ်ဖို့ တောင်းဆိုနေကြစဉ် (GETTY IMAGES)

ရုရှားနှင့်တရုတ်တို့သည် စွမ်းအင်ကဏ္ဍအတွက် စက်ကိရိယာများ ပူးပေါင်းထုတ်လုပ်နိုင်အောင် စီစဉ်နေကြောင်း ၎င်း၏အဆိုအရ သိရသည်။

“ဒီကနေ့ တရုတ်ဟာ ရေနံနဲ့သဘာဝဓာတ်ငွေ့ ကဏ္ဍအတွက် စက်ပစ္စည်းကိရိယာ တန်ဆာပလာတွေ အဓိက ထုတ်လုပ်တဲ့ နိုင်ငံဖြစ်နေပါပြီ။ ရုရှားက စီမံကိန်း လုပ်ငန်းတွေအတွက် ရေနံနဲ့ သဘာဝဓာတ်ငွေ့သုံး စက်ကိရိယာ တွေကို ကျနော်တို့နှစ်နိုင်ငံ အနီးကပ် ပူးပေါင်းလုပ်ကိုင်နေပြီလို့ အသိပေးလိုပါတယ်” ဟု ၎င်းက အလေးပေး ပြောကြားခဲ့သည်။

SWIFT (Society for Worldwide Interbank Financial Telecommunication) သည် နိုင်ငံတကာသုံး အီလက်ထရောနစ် စနစ်ဖြင့် ငွေပေးချေမှုဖြစ်ပြီး ယူကရိန်းကို ရုရှားကျူးကျော်ပြီးနောက် အနောက်အုပ်စုက အဆိုပါ စနစ်ထဲမှ ရုရှားဘဏ်များကို ဖယ်ရှားခဲ့သည်။

Source: တာ့စ်သတင်းဌာန

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရခိုင်သို့ ဆေးဝါးတင်သွင်းခွင့် မရသေး

By CNI
CNI
Category: Watch TV
Hits: 1126

Share
Tweet
Share
Share
powered by social2s
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18
  • 19

Page 15 of 48

  1. You are here:  
  2. Home
  3. စီးပွားရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar