CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

မလေးရှိ မြန်မာသံရုံးတွင် ပတ်စပို့ထုတ်ပေးမှု ရပ်နားခြင်းက ပါမစ်လျှောက်ရန် အခက်ဖြစ်စေ

By CNI
CNI
Category: Watch TV
Hits: 999

Share
Tweet
Share
Share
powered by social2s

တရုတ်နှစ်သစ်ကူးပြီးနောက် မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေး ကောင်းမွန်နေ

By CNI
CNI
Category: Watch TV
Hits: 1034

Share
Tweet
Share
Share
powered by social2s

ယခုနှစ် ဥရောပသို ထောပတ်သီး တန်ချိန် ၅၀ တင်ပိုခဲ့နိုင်

By CNI
CNI
Category: Watch TV
Hits: 1029

Share
Tweet
Share
Share
powered by social2s

ထိုင်းက မြန်မာအပါ MOU လေးနှစ်ပြည့်သူများကို ခြောက်လ ယာယီနေထိုင်လုပ်ကိုင်ခွင့်ပြု

By CNI
CNI
Category: Watch TV
Hits: 1034

Share
Tweet
Share
Share
powered by social2s

ဆန်ကြမ်း တင်း ၁၀၀ လျှင် ၁၆ သိန်းအထိ ဈေးနှုန်းရနေ

By CNI
CNI
Category: Watch TV
Hits: 1022

Share
Tweet
Share
Share
powered by social2s
စပါးများ ခြွေနေစဉ်(GETTY IMAGES)

ဆန်ကြမ်း တင်း ၁၀၀ လျှင် ၁၆ သိန်းအထိ ဈေးနှုန်းရနေ

By CNI
CNI
Category: စီးပွားရေး
Hits: 1503

CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၈

လက်ရှိ မြန်မာနိုင်ငံတွင် စပါးဈေးနှုန်းများသည် စပါးပေါ်ချိန်ကထက် ဈေးနှုန်းများ အဆမတန် မြင့်တက်လာနေပြီး ဆန်ကြမ်းစပါး တင်း ၁၀၀ လျှင် ၁၆ သိန်းအထိ ဈေးနှုန်းရရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ယခုနှစ် စပါးစိုက်ပျိုးမှုနှုန်း လျော့ကျနေခြင်းနှင့် ရာသီဥတုကြောင့် စပါးပင် ပျက်စီးမှုများ ကြုံတွေ့ ခဲ့ရသည့်အတွက် စပါးအထွက်နှုန်း လျော့ကျနေကြောင်း တောင်သူလယ်သမားများက ပြောသည်။

လက်ရှိတွင် စပါးဈေးနှုန်းများသည် ဆန်ကြမ်းစပါး တင်း ၁၀၀ လျှင် ၁၆ သိန်းအထိ ဈေးနှုန်း ရရှိနေပြီး ဆန်ချော တင်း ၁၀၀ သည် ငွေကျပ် သိန်း ၂၀ ကျော်နေပြီဖြစ်သည်ဟု တောင်သူလယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “စပါးစပေါ်ချိန်တုန်းက ၁၀ သိန်း ဝန်းကျင်လောက်က စတယ်လေ။ ၁၀ သိန်း ဝန်းကျင်ကနေ စလိုက်တာ အခုတော့ ပြည်တွင်း စားဆန်ပေါ့ သုခတို့၊ ပခမ်းတို့ အဲဒီလို ပြည်တွင်း အခြေခံလူတန်းစား စားတဲ့ ဆန်ထဲက လူကြိုက်များတဲ့ ဆန်တွေပေါ့။ အဲဒီ လူကြိုက်များတဲ့ ဆန်တွေက ၁၀ သိန်း ကျော်ကျော်လောက်ကနေ အခုတော့ အခုချိန်မှာ သုခတို့ဆို ၁၄ သိန်းလောက် ဖြစ်နေပြီ စပါး ၁၀၀ ကိုလေ။ ဆန်ဈေးကလည်း ၄ သောင်းကနေ အခု တော့ ၅ သောင်းဝန်းကျင် ဖြစ်သွားပြီပေါ့။ ပေါ်ဆန်းက စပေါ်ခါစမှာတုန်းက စပါးဈေးက ၁၆ သိန်းလောက် ရှိ တယ်။ ဆန်ဈေးက ၅ သောင်း ဝန်းကျင်လောက် ရှိတယ်။ အခုတော့ စပါးဈေးကလည်း ၁၈ သိန်း၊ ၁၉ သိန်း၊ သိန်း ၂၀ ဖြစ်သွားတယ်။ အထွက်နှုန်း လျော့သွားတဲ့အတွက် Export စာချုပ် ချုပ်ထားတဲ့ လူတွေကလည်း သူတို့ အရေ အတွက် ပြည့်အောင် ဝယ်ရမှာပဲလေ။ အဲတော့ အခု မိုးစပါးထွက်တဲ့ အထွက်နဲ့ သူတို့ဟိုကို ပြန်သွင်းရမှာနဲ့ ပြည်တွင်း စားသုံးမှုနဲ့ စသည်ဖြင့်ပေါ့။ အဲတော့ သူတို့ခါတိုင်းလို ဈေးချပြီးတော့ အစ်ပြီးဝယ်ရင် သူတို့မရရုံပဲ ရှိ မယ်။ အဲတော့ သူတို့ ဈေးချိုလို့ မရတော့ဘူး။ အဲဒါကြောင့်လည်း ပါမယ်” ဟု ပြောသည်။

 တောင်သူများကိုတွေ့ရစဉ် (GETTY IMAGES)

စပါးဈေးနှုန်း မြင့်တက်သော်လည်း တဖက်တွင် စပါးစိုက် တောင်သူများသည် သွင်းအားစုစရိတ်များ ၄ ဆလောက် ပိုကုန်ကျခဲ့ရကြောင်း တောင်သူများက ပြောသည်။

ထို့အပြင် အလုပ်သမားစရိတ်၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များကလည်း ယခင်ကထက် ပိုမိုများပြား နေခြင်း ကြောင့် အကျိုးအမြတ်ရရှိမှု အနည်းငယ်သာရှိသည်ဟု တောင်သူများက ပြောသည်။

ထို့နောက် သွင်းအားစုစရိတ် ကြီးမြင့်ခြင်းကြောင့် မြေဩဇာ၊ ပိုးသတ်ဈေး၊ ပေါင်းသတ်ဆေး၊ အပင်အားဆေး စသည် တို့ကို လုံလုံလောက်လောက် မထည့်နိုင်ကြောင်း၊ ထို့ကြောင့် စပါးအထွက်နှုန်း လျော့ကျမှုများနှင့် ရင်ဆိုင် ခဲ့ရကြောင်း၊ ယခင်က လယ်တစ်ဧကလျှင် စပါးတင်း ၁၀၀ ရရှိသော်လည်း ယခုနှစ် မိုးစပါးသည် နှစ်ဧကမှသာ စပါးတင်း ၁၀၀ ရရှိကြောင်း သိရသည်။

စပါးစိုက်ပျိုးမှု ၃ ပုံ ၂ ပုံ လျော့ကျခဲ့သည့် ရွှေဘိုမြို့နယ်တွင် စပါးဈေးနှုန်းများ ကောင်းမွန်လျက်ရှိသော်လည်း နယ်မြေ မတည်ငြိမ်မှုကြောင့် စပါးဝယ်ယူရန် အခက်အခဲရှိကြောင်း၊ လယ်သမားများက နယ်မြေတည်ငြိမ်သည့် နေ့ရက်များတွင် ဆန်စက်များသို့ ကိုယ်တိုင်လာရောက် ပို့ဆောင်ကြရကြောင်း ဆန်စက်ပိုင်ရှင်များက ပြောသည်။

စပါးများ ပုံနေစဉ် (AFP)

လက်ရှိတွင် ရွှေဘိုမြို့နယ်၌ စပါးလှောင်သမားများနှင့် ကြိတ်ခွဲမည့် သူများသည် ဆန်ဈေးနှုန်း မြင့်တက်နေမှုကြောင့် ဝယ်ယူမှုများ ရပ်တန့်နေကြောင်း၊ သို့သော် စပါးဈေးနှုန်းများသည် အမြင့်ဆုံးသို့ ရောက်ရှိနေသည်ဟု ရွှေဘိုမြို့မှ ဆန်စက်ပိုင်ရှင်တစ်ဦးက ပြောသည်။

၎င်းက “အခုလက်ရှိက ခက်ခဲတယ်လေ ဝယ်လို့ မလွယ်ဘူး။ သူတို့ဟာသူတို့ နယ်မြေအေးချမ်းတဲ့ နည်းနည်းပါးပါး တစ်ရက်၊ နှစ်ရက် အေးချမ်းတယ်ဆိုရင် သူတို့ထွက်လာကြတာရှိတာ။ လူတွေကတော့ ဒီဘက်က မြို့ပေါ်က သွား မတိုက်ရဲကြဘူး။ သူတို့ တစ်ခါတလေ အေးချမ်းတယ်ထင်ရင် ထွက်လာလိုက်တာပေါ့။ မအေးချမ်းတော့ မလာပြန် ဘူးပေါ့။ သူတို့ဟာ သူတို့ အဆင်ပြေတာလေ။ ဒီကလူတွေကတော့ နယ်မြေ မအေးချမ်းဘူး၊ အေးချမ်းတယ်ဆိုတာ မသိဘူးလေ။ အဲဒီအခါကျတော့ သွားတိုက်လို့ အဆင်မပြေဘူးလေ။ သူတို့ကတော့ လာပြီးတော့ အရောက်ပို့တယ် ဆိုတာ ပို့တဲ့နေ့ ပို့တယ် သူတို့အဆင်ပြေတဲ့နေ့။ စစ်ကြောင်းရှိတဲ့နေ့ ကျတော့လည်း မလာရဲဘူးပေါ့လေ။ သူတို့ နယ်မြေပေါ် သူတို့ကြည့်ပြီးတော့ လာကြတယ်။ စပါးဈေးနှုန်းတွေကတော့ ရွှေဘို ပေါ်ဆန်းတွေကတော့ လော လောဆယ် သိန်း ၂၀ ဝန်းကျင်၊ ၂၀ အထက်။ အခုကတော့ မတက်တော့ပါဘူး အတက်ရပ်သွားပါပြီ။ စပါးဈေးတွေ က မြင့်သွားပြီလေ မြင့်သွားတဲ့ အခါကျတော့ လှောင်လက်သမားတွေက ဒီဈေးနဲ့ကျတော့ မလှောင်တော့ဘူးလေ။ ရလည်း ရသွားပြီလေ။ ဒီအချိန်ကျ လှောင်သမားတွေက ပြည့်သွားပြီလေ။ ကြိတ်ခွဲသမားက လက်ရှိ ဆန်ဈေးနဲ့ ကျတော့ ဆန်က အရောင်းနှေးသွားတာလေ။ အဲတော့ တအားကြီး အင်တိုက်အားတိုက် မဝယ်ကြတော့ဘူးပေါ့။ ဝယ်တဲ့နေရာတော့ ဝယ်သေးတာပေါ့။ ခါတိုင်းလောက်ကြီး တအားမဆိုးတော့ဘူးပေါ့။ ခါတိုင်းကတော့ တစ်ရက် တစ်ဈေးဖြစ်နေတော့ နေ့တိုင်း တောက်လျောက် တန်းဝယ်နေကြတာ။ အခုတော့ လောလောဆယ်တော့ အမြင့် ဆုံးဈေး ရောက်သွားပြီပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

တောင်သူလယ်သမားများကိုတွေ့ရစဉ်(GETTY IMAGES)

တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ် လိုက်သည့်အတွက် မူဆယ်နယ်စပ်တွင် ဆန်ဝယ်လိုအား မြင့်တက်နေသည်။

ထို့အပြင် ပင်လယ်ရေကြောင်းမှ တဆင့် ပြည်ပသို့ ဆန်တင်ပို့မှုများ ပုံမှန်ရှိနေခြင်းနှင့် စပါးအထွက်နှုန်းအပေါ် စိုးရိမ်ပြီး ဝယ်ယူသိုလှောင်မှုများ မြင့်တက်နေခြင်းတို့ကြောင့် စပါးဈေးများ စံချိန်တင် မြင့်တက်လာခြင်း ဖြစ် သည်ဟု စီးပွားရေးပညာရှင်များက သုံးသပ်ကြသည်။

စပါးဈေးနှုန်း မြင့်တက်မှုနှင့်အတူ ဆန်ဈေးနှုန်းများ လိုက်ပါ မြင့်တက်လာခြင်းကြောင့် တောင်သူလယ်သမားများနှင့် ကုန်သည် ပွဲစားများအတွက် အဆင်ပြေသော်လည်း ဈေးနှုန်းမြင့်တက်လာမည်ကို ပြည်သူများက စိုးရိမ် နေကြသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

နန်းတော်ဂိတ်ပြန်ဖွင့်၊ မူဆယ်နှင့် နမ့်ခမ်း ဒေသခံများကိုသာ စာအုပ်ထုတ်ပေး

By CNI
CNI
Category: Watch TV
Hits: 1063

Share
Tweet
Share
Share
powered by social2s

ကုမ္ပဏီများ အမည်ခံဒါရိုက်တာ ခန့်ထားမှုကို ခွင့်မပြုသော်လည်း ပပျောက်သွားမည်မဟုတ်

By CNI
CNI
Category: Watch TV
Hits: 1005

Share
Tweet
Share
Share
powered by social2s

မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားများ သောင်းဂဏန်းအထိ ဝင်ရောက်နိုင်

By CNI
CNI
Category: Watch TV
Hits: 1074

Share
Tweet
Share
Share
powered by social2s
DICA ရုံးကိုတွေ့ရစဉ်

ကုမ္ပဏီများ အမည်ခံဒါရိုက်တာ ခန့်ထားမှုကို ခွင့်မပြုသော်လည်း ပပျောက်သွားမည်မဟုတ်

By CNI
CNI
Category: စီးပွားရေး
Hits: 1469

CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၅

ကုမ္ပဏီများတွင် အမည်ခံဒါရိုက်တာနှင့် အမည်ခံ အစုရှယ်ယာရှင် ခန့်အပ်ခြင်းကို ခွင့်မပြုတော့ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) က ထုတ်ပြန်ခဲ့သော်လည်း အမည်ခံဒါရိုက်တာများ ပပျောက်မည် မဟုတ်ဟု စီးပွားရေးပညာရှင်များက ပြောသည်။

အမည်ခံဒါရိုက်တာ ခံယူထားသူသည် ငွေကြေးအရနှင့် တာဝန်အရ လုပ်ဆောင်မှုများ ရှိသည့်အတွက် ကုမ္ပဏီ တစ်ခု၏ အမည်ခံ ဟုတ်မဟုတ်ကို စိစစ်ရန် ခဲယဉ်းနိုင်သည်ဟု စီးပွားရေးပညာရှင် ဦးသက်ဇော်က CNI သတင်း ဌာနသို့ ပြောသည်။

၎င်းက “အမှန်မှာတော့ ဒါက ဖြစ်သင့်တဲ့ကိစ္စကို ဥပဒေ ထုတ်တာပေါ့။ ဖြစ်သင့်တဲ့ ကိစ္စကို ဒါကတော့ အမည်ခံ ဒါရိုက်တာ အနေနဲ့တော့ မဟုတ်ဘဲနဲ့ နာမည်ရောင်းစားတာပေါ့၊ ရှင်းရှင်းပြောရင်တော့ နာမည်ရောင်းစားတဲ့ ကိစ္စကို ခွင့်မပြုသင့်ဘူးပေါ့နော်။ တကယ် အစစ်အမှန် ဖြစ်တဲ့ကိစ္စ ဖြစ်တာပေါ့နော်။ တကယ်တမ်း ပြောရရင် ပြဿနာတစ်ခုခု ဖြစ်လို့ရှိရင် ထိုးကျွေးလို့ရတဲ့ဟာတွေပေါ့နော်၊ အမည်ခံဆိုတာတော့ အဲဒါလေးလည်း သုံးသပ်လို့ ရတာပေါ့နော်။ သူ့ရဲ့ လုပ်ငန်းရဲ့ အတိမ်အနက်ပေါ် မူတည်ပြီးတော့ ဘာတွေလုပ်တယ်၊ ဘယ်လိုဖြစ်လို့ ရှိရင်တော့ အမည်ခံ ဒါရိုက်တာတွေက ဆိုးကျိုးတွေ အများကြီးပေါ့နော်။ ဒါကြောင့်မို့လို့လည်း ထုတ်တာနဲ့ တူပါတယ်။ အမည်ခံဆိုတာတော့ နေရာတကာတော့ မကောင်းဘူးလေ။ တကယ်အဖြစ်မှန်နဲ့ သွားရမယ့် ကိစ္စတွေကို လူတွေ က ခုန်ပျံကျော်လွှား သွားခြင်းအားဖြင့် ဖြတ်ညှပ်ကပ် လုပ်တာပေါ့နော်။ ဖြတ်ညှပ်ကပ် လုပ်တဲ့အခါကျတော့ တကယ် ရွှေ့လိုက်တဲ့ အခါကျတော့ ပြဿနာ ရှိတယ်ပေါ့နော်။ ဖြစ်သင့်တာတော့ အမှန်တကယ် နာမည်ခံပေါ့။ ဒါပေမယ့်လည်း ဒါကြီးက မပပျောက်သွားပါဘူး။ ဘယ်လိုစိစစ် သွားမလဲဆိုတာလည်း ပြဿနာတစ်ခု ရှိတယ် လေ။ ဘာလို့လဲဆိုတော့ အမည်ခံကို သွားမေးလည်း အမည်ခံက ဟုတ်ပါတယ် ကျနော်လုပ်ပါတယ်လို့ ပြောရင် ဘယ်လိုလုပ်မလဲ။ ဒါတွေက ဘယ်လောက် အမည်ခံလဲပေါ့နော်။ တချို့ကျတော့လည်း ပိုက်ဆံရပြီးတော့ လုပ်တဲ့ အမည်ခံလည်း ရှိသလို တချို့ကျတော့ တာဝန်အရ လုပ်ပေးရတဲ့ အမည်ခံလည်း ရှိတာပေါ့နော်။ အဲဒါကို ဖော်ထုတ်ဖို့က တော်တော်တော့ ခဲယဉ်းပါမယ်” ဟု ပြောသည်။

အထည်ချုပ်လုပ်ငန်းခွင်တစ်ခုကိုတွေ့ရစဉ်

မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ အခန်း ၁၈ တွင် ဒါရိုက်တာများ၏ ရပိုင်ခွင့်၊ တာဝန်ရှိမူများ စပ်လျဉ်းပြီး ဒါရိုက်တာ ရာထူး ခန့်အပ်ထားခြင်း မရှိစေကာမူ ကုမ္ပဏီ ကိစ္စများကို ညွှန်ကြားသူ၊ ထိန်းချုပ်သူများကိုလည်း ဒါရိုက်တာ အဖြစ် သတ်မှတ်ကြောင်း ပြဋ္ဌာန်းထားသည့်အပြင် ဥပဒေနှင့်အညီ အလှည့်ကျ ဒါရိုက်တာခန့်အပ်ရန်လည်း ခွင့်ပြုထားသည့်အတွက် ဥပဒေနဲ့မညီညွတ်သော အမည်ခံ ဒါရိုက်တာများ ခန့်အပ်ခြင်းကို လုံးဝ ခွင့်ပြုမည် မဟုတ် ကြောင်း DICA က ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အမည်ခံဒါရိုက်တာများ ခွင့်မပြုတော့သည့်အတွက် အခွန်ကိစ္စနှင့် ငွေဖြူငွေမည်းကိစ္စ ရှင်းသွားမည်ဖြစ်သည်ဟု အမည်မဖော်လိုသည့် စီးပွားရေးပညာရှင်တစ်ဦးက ပြောသည်။

၎င်းက “အရှုပ်အရှင်းတော့ နည်းနည်း နည်းသွားမှာပေါ့။ အရှုပ်အရှင်းဆိုတာက အခွန်ကိစ္စတွေ၊ ငွေဖြူငွေမည်း ကိစ္စတွေ အဲဒါမျိုးတွေတော့ ရှင်းသွားမှာပေါ့။ ဒါကတော့ လုပ်ငန်းရှင်ဘက်က ကြည့်တဲ့ regulation တော့ မဟုတ် ဘူး။ အဓိက နိုင်ငံဘက်က၊ အစိုးရဘက်ကနေပြီးတော့ Security အရ ကာဗာလုပ်တဲ့ ပုံစံမျိုး ဖြစ်နေတယ်ပေါ့နော်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ရန်ကုန်မြို့ပြကိုတွေ့ရစဉ်

နိုင်ငံခြားသား ရှယ်ယာ ၃၅ ရာခိုင်နှုန်းအထိ ပါဝင်သည့် ကုမ္ပဏီကို ပြည်တွင်းကုမ္ပဏီဟု သတ်မှတ်သော်လည်း ၃၅ ရာခိုင်နှုန်း ကျော်လွန်သော ကုမ္ပဏီကို နိုင်ငံခြားသားပိုင်ကုမ္ပဏီဟု သတ်မှတ်ထားကြောင်း၊ သို့သော်လည်း နိုင်ငံ ခြားသားများ အနေဖြင့် ရှယ်ယာ ၃၅ ရာခိုင်နှုန်းထက် ကျော်လွန်၍ ထည့်ဝင်လိုသည့်အတွက် အမည်ခံ ဒါရိုက်တာ အနေဖြင့် ဝင်ရောက်နေမှုများလည်း ရှိကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။

ထို့ကြောင့် ပြည်တွင်းရှိ နိုင်ငံသားများ၏ ရပိုင်ခွင့်ကို ကာကွယ်သည့် အနေဖြင့် ယခုကဲ့သို့ အမည်ခံဒါရိုက်တာ ခန့်အပ်ခြင်းကို ခွင့်မပြုခြင်း ဖြစ်နိုင်သည်ဟု လုပ်ငန်းရှင်များက သုံးသပ်ကြသည်။

သို့သော်လည်း DICA အနေဖြင့် အမှန်တကယ် အရေးယူမှုများ လုပ်ဆောင်မည်ဆိုပါက အမည်ခံ ဟုတ်၊ မဟုတ်ကို သက်ဆိုင်ရာ အဖွဲ့အစည်းများမှတဆင့် စစ်ဆေးပြီး အရေးမှုများ လုပ်မှသာလျှင် သက်ရောက်မှု ရှိနိုင်ကြောင်း၊ ထုတ်ပြန် ကြေညာရုံဖြင့် သာလျှင် ကုမ္ပဏီများအပေါ် သက်ရောက်မှု မရှိနိုင်ကြောင်း စီးပွားရေး ပညာရှင်များက ပြောသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

မွန်ပြည်နယ်တွင် ရော်ဘာထွက်ရှိမှု ယခင်နှစ်ထက် လျော့ကျနေ

By CNI
CNI
Category: Watch TV
Hits: 1019

Share
Tweet
Share
Share
powered by social2s

ထိုင်းတွင် CI စာအုပ်ထုတ်ပေးခြင်းက ပွဲစားများအတွက် ဖြစ်နေဟု ဆို

By CNI
CNI
Category: Watch TV
Hits: 1032

Share
Tweet
Share
Share
powered by social2s

ကန်ပိုက်တီကုန်သွယ်ရေးတွင် ငှက်ပျောတင် ကွန်တိန်နာကားများ တန်ဆာခလျှော့ခံရ

By CNI
CNI
Category: Watch TV
Hits: 958

Share
Tweet
Share
Share
powered by social2s
ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းတွင် ကုန်ကားများကိုတွေ့ရစဉ်

ကန်ပိုက်တီကုန်သွယ်ရေးတွင် ငှက်ပျောတင် ကွန်တိန်နာကားများ တန်ဆာခလျှော့ခံရ

By CNI
CNI
Category: စီးပွားရေး
Hits: 1684

ကန်ပိုက်တီကုန်သွယ်ရေးတွင် ငှက်ပျောတင် ကွန်တိန်နာကားများ တန်ဆာခလျှော့ခံရ

CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၁

ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံ ကုန်သွယ်ရေး ဂိတ်ပေါက်တစ်ခု ဖြစ်သည့် ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးတွင် တစ်သျှူးငှက်ပျော တင်ပို့နေသည့် ကွန်တိန်နာ တွဲကားများသည် တန်ဆာခများ ယခင်နှစ်ကထက် လျှော့ယူနေရသည်ဟု ကန်ပိုက်တီ ကုန်ကားမောင်းနှင်သူများထံမှ သိရသည်။

ထိုသို့ တန်ဆာခ ဈေးနှုန်းများ ရရှိမှု လျော့ကျသွားသည့်အတွက် ကုန်ကားသမားများနှင့် ကားပိုင်ရှင်များအတွက် အကျိုးအမြတ်ရရှိမှုမှာ နည်းပါးသွားကြောင်း၊ ကားပြင်ဆင်ရမည်ဆိုပါက ဆုံးရှုံးမှု ရှိနိုင်ကြောင်း ကုန်ကားပိုင်ရှင် တစ်ဦးဖြစ်သည့် ကိုရှမ်းကြီးက CNI သတင်းဌာနသို့ ပြောသည်။

ကုန်ကားများကိုတွေ့ရစဉ်

၎င်းက “ဘယ်လောက် ဖြစ်သွားလဲဆိုရင် ၇၀၀၀(ယွမ်)တို့၊ ၇၃၀၀ တို့ အဲလောက် ဖြစ်သွားတယ်။ ခြင်းတွဲကတော့ ၈၀၀၀ ပါပဲ။ အရင်တုန်းကတော့ ၈၀၀၀၊ ၈၅၀၀၊ ၉၀၀၀ အဲလိုရတယ်၊ ၁ သောင်း သူ့နေရာနဲ့ သူလေ။ ၁၃၀၀၀ အခု နှစ်ကတော့ နည်းတယ်။ ဈေးကတော့ အရင်နှစ်ကထက်စာရင် တော်တော်လေးကို ပြုတ်ကျတယ်။ ရှုံးတာတော့ မရှုံးဘူး အကျန်နည်းသွားတာပေါ့နော်။ အရင်တုန်းက ၁၂ သိန်း(ကျပ်)၊ ၁၃ သိန်း အဲလိုကျန်မယ်ဆို အခုကတော့ ၈ သိန်း၊ ၈ သိန်းခွဲ အဲလိုပေါ့။ ကားဘာမှမဖြစ်ဘူးဆိုရင်တော့ ကောင်းတာပေါ့။ ကားတစ်ခုခုဖြစ်ပြီး လုပ်လိုက်ရတယ် ဆိုရင်တော့ အရှုူံးပေါ်သွားပြီလေ” ဟု ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလတွင် ပြည်နယ်အစိုးရအဖွဲ့များနှင့် တစ်သျှူးငှက်ပျောကုမ္ပဏီများ၊ သီးနှံစိုက်ပျိုး ထုတ်လုပ် သူများအသင်းတို့ ညှိနှိုင်းအစည်းအဝေး၌ ကုန်စည်ပို့ဆောင်ရေး တန်ဆာခများကို လျှော့ချ သတ်မှတ်လိုက်ခြင်း ဖြစ်သည်ဟု ကုန်ကားသမားများက ပြောသည်။

အဆိုပါ တန်ဆာခဈေးနှုန်းများ လျော့ကျသွားခြင်းသည် လက်ရှိတွင် ငှက်ပျောထွက်ရှိမှု နည်းပါးနေသည့်အတွက် ကုန်ကားလိုအပ်ချက် နည်းပါးနေခြင်းကြောင့်လည်း ပါဝင်နိုင်ကြောင်း၊ တရုတ် နှစ်သစ်ကူးအလွန် ကာလတွင် ငှက်ပျောများ လှိုင်လှိုင်ပေါ်မည် ဖြစ်သည့်အတွက် တန်ဆာခများ ဈေးနှုန်း တိုးလာနိုင်ကြောင်း ကုန်ကားသမား တစ်ဦးဖြစ်သည့် ကိုသော်တာအောင်က CNI သတင်းဌာနသို့ ပြောသည်။

ကုန်ကားများကိုတွေ့ရစဉ်

၎င်းက “မနှစ်တုန်းက သူတို့က ကျနော်တို့ ကားလိုအားများတော့ ဈေးခေါ်တာပေါ့ဗျာ။ အခု ဒီနှစ်က ငှက်ပျောက လည်း ထွက်တာ သိပ်မများသေးဘူးဆိုတော့ ကျနော်တို့ဘက်က လိုအား ဖြစ်သွားတာပေါ့။ ခြံရှင်ဘက်က လိုအား မဟုတ်တော့ဘဲ ကျနော်တို့ဘက်က လိုအားဖြစ်သွားတော့ သူတို့ပေးတဲ့ဈေးနဲ့ လိုက်တင်ရသလို ဖြစ်သွားတာ ပေါ့ဗျာ။ မနှစ်တုန်းက ကျနော်တို့ ကုန်ကားသမားတွေဘက်က နည်းနည်း သူတို့လိုအားများတော့ နည်းနည်း မာလို့ ရတာပေါ့။ အဲအခါကျတော့ အဲလိုရတာပေါ့။ ဒီနှစ်သစ်ကူး ပြီးရင်တော့ အများကြီး ထွက်လာမယ် အဲလိုမျိုး ဆိုရင် တော့ ကားတွေလည်း အခေါက်ရေတွေ ရလာမှာပေါ့။ အဲဒီအခါကျ သူတို့လိုအား များလာရင် ကားခတွေ တိုးပေး လာနိုင်ခြေတော့ ရှိတာပေါ့ဗျာ” ဟု ပြောသည်။

လက်ရှိတွင် ငှက်ပျောထွက်ရှိမှု နည်းပါးနေသည့်အတွက် ကုန်ကားသမားများ အနေဖြင့် တစ်လလျှင် ၂ ခေါက်သာ ပြေးဆွဲနေရကြောင်း၊ ကိုဗစ် ကန့်သတ်ချက်များ မရှိတော့သည့်အတွက် ငှက်ပျောလှိုင်လှိုင် ပေါ်ချိန်တွင် အခေါက် ရေများ တိုးလာနိုင်ပြီး ဝင်ငွေများလည်း ကောင်းမွန်လာမည်ဖြစ်သည်ဟု ကုန်ကားသမားများက ပြောသည်။

ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးတွင် ကွန်တိန်နာ တွဲကားများဖြင့် ကုန်သွယ်နေပြီး ကုန်ကားအားလုံး၏ ၆၀ ရာခိုင်နှုန်းသည့် ကွန်တိန်နာဖြင့် လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

စစ်တွေ ဆိပ်ကမ်းသစ်တွင် ကုန်စည်တင်ပို့နေပြီ

By CNI
CNI
Category: Watch TV
Hits: 971

Share
Tweet
Share
Share
powered by social2s
မြဝတီ-မဲဆောက် အမှတ်(၁)တံတားမြင်ကွင်း

မြဝတီ-မဲဆောက်တံတားဖွင့်ခြင်းက ထိုင်းအတွက်သာ အကျိုးအမြတ်ပိုရဟု ဆို

By CNI
CNI
Category: စီးပွားရေး
Hits: 1714

CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၈

ကိုဗစ်ကြောင့် ပိတ်ထားသည့် မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားအား ပြန်လည် ဖွင့်လှစ်လိုက် ခြင်းသည် မြန်မာများထက် ထိုင်းနိုင်ငံအတွက်သာ အကျိုးအမြတ်ပို၍ ရရှိခြင်းဖြစ်ကြောင်း ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားအား ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ် လိုက်သော်လည်း လက်ရှိတွင် နေ့ချင်းပြန်သွားလာသည့် မြန်မာနိုင်ငံသား အနည်းငယ်သာရှိသေးပြီး ထိုင်းဘက်မှ နေရပ်ပြန်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတို့မှာလည်း နည်းပါးသေးကြောင်း သိရသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက “မြန်မာဘက်က အဲဒီလောက် မရဘူး။ ထိုင်းဘက်ကပိုရတယ်။ ဘာကြောင့် ထိုင်းဘက်ပိုရလဲဆိုတော့ ထိုင်းထဲကို ဝင်လာတဲ့ အခု နယ်ခြား ဖြတ်သန်းခွင့်လက်မှတ်ကိုတောင်မှ အရင်တုန်းက ဘတ်ငွေ ၂၀ ပေးရတာကို အခုက ဘတ် ၆၀ ပေးရတယ်။ နောက်တစ်ခုက ဒုတိယတစ်ခုက မြန်မာနိုင်ငံထဲက ရွှေ့ပြောင်းအလုပ်သမားတစ်ယောက်ပြန်ရင် ထိုင်းအစိုးရ ရဲ့ဝင်ငွေက ဗီဇာ section အရ တုံးကြီးထုရတာပေါ့။ တုံးထုပြီးတော့ပြန် အဲဒီတံဆိပ်တုံး ထုလို့ရှိရင် ဘတ် ၁၀၀၀(မြန်မာငွေ ၈သောင်းကျော်) ပေးရတယ်။ ၁၀ ယောက်ပြန်ရင် ဘတ် ၁၀၀၀၀ (မြန်မာငွေ ၈ သိန်းကျော်) ပေးရတယ်။ ဒါဟာ ထိုင်းအစိုးရရဲ့ အခွန်ဝင်ငွေပဲ။ ဒီနေရာမှာ လ.ဝ.က လူဝင်မှုကြီးကြပ်ရေးကနေ ပြီးတော့ တံတားပေါ်မှာတောင်းတာတွေက တရားမဝင်ဘူးဆိုပေမယ့် အထွက်တုံး တစ်တုံးထုရင် ဘတ် ၁၀၀ တောင်းတာ တွေ၊ ၂၀၀ တောင်းတာတွေ ရှိတယ်ပေါ့နော် အဝင်၊ အထွက်ဆိုရင်။ မြန်မာနိုင်ငံသားဟာ ထိုင်းနိုင်ငံထဲမှာ တရားဝင်ဗီဇာ ကိုင်ထားတဲ့သူက ၅ သန်းကျော်ရှိတယ်လေ။ အဲဒီတော့ ဒီတံတား (၁) ရုတ်တရက် ပြန်ဖွင့်ခြင်းဟာ အခြေခံလူတန်းစားတွေအတွက် ကောင်းသလားမေးရင် အရမ်းကောင်းတယ်။ နှစ်နိုင်ငံအကျိုးစီးပွားနဲ့ လတ် တလော အမြင်မှာလည်းကောင်းတယ်ဆိုပေမယ့် လက်ရှိ အကျိုးအမြတ် ပိုမိုရရှိစေတာကတော့ ထိုင်းအစိုးရပဲ ဖြစ်တယ်” ဟု ပြောသည်။

မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားမြင်ကွင်း

ယခုကဲ့သို့ မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားအား ပြန်လည်ဖွင့်လှစ်လိုက်သည့်အတွက် တရားဝင် နေရပ်ပြန်ချင်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် အဆင်ပြေသကဲ့သို့ နေ့စား အလုပ်လာရောက် လုပ်ကိုင်ချင်သူများအတွက်လည်း အဆင်ပြေကြောင်းသိရသည်။

ထိုင်းနိုင်ငံထဲ၌ တရားဝင်လုပ်ကိုင်လျက်ရှိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ယခင် တံတားမပိတ်ခင် ကာလက နေရပ်ပြန်သည့်အခါတွင် လူရာနှင့်ချီ၍ ပြန်ကြခြင်းဖြစ်သော်လည်း လက်ရှိတွင် လုံခြုံရေး စိုးရိမ်မှု ကြောင့် နေရပ်ပြန်သူဦးရေ ဆယ်ကဏန်းခန့်သာ ရှိကြောင်းလည်း သိရသည်။

MWRN မှ အကြံပေး ဦးအောင်ကျော်က “ဒီတံတားဖွင့်တယ်ဆိုတာက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အဓိကTarget ထားပြီး ဖွင့်တာ မဟုတ်ပါဘူး။ ဒါက နိုင်ငံတစ်နိုင်ငံမှာ သူ့ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကုန်စည်ကူးသန်းရောင်းဝယ်မှုတွေကသာလျှင် တိုင်းပြည်အတွက် အကျိုးအမြတ် အများကြီး ရတဲ့အတွက်ကြောင့် သူတို့ ဒီ ၃ နှစ်လောက် ရပ်တန့်ထားရတဲ့အတွက်ကြောင့် သူ့နိုင်ငံရဲ့ စီးပွားထုတ်ကုန်တွေ အားလုံးကို အင်နဲ့အားနဲ့ သန်းနဲ့ချီပြီး ရောင်းချနိုင်စွမ်းမရှိလို့ ဖြစ်သွားတဲ့အနေအထားမှာ အခုလိုတံတားကြီးကို ဖွင့်ပြီးမှ လက်ရှိအနေအထားမှာ သူတို့ စီးပွားရေးကို အရှိန်အဟုန်နဲ့ မြှင့်တင်ချင်လို့သာဖြစ်လို့ နှစ်ဘက် ကြိုးစား ပြီးဖွင့်လိုက်ကြတာ။ တချို့တချို့သော အလုပ်သမားတွေလည်း တရားဝင်လမ်းကြောင်းကနေ မြန်မာပြည်ကို ပြန်ချင်နေတဲ့ လုပ်သားလေးတွေလည်း ရှိတယ်။ အဲဒါကတော့ သူတို့ မိဘ၊ ဆွေမျိုးနဲ့ တွေ့ချင်ကြတာတွေ။ သို့သော် အဲဒီလိုတံတားကို တရားဝင်မဖွင့်တဲ့အခါမှာတော့ ပြန်ခွင့်မရဘူးပေါ့။ အဓိကကတော့ တံတားကို တရားဝင်ဖွင့်လိုက်ပြီဆိုတော့ သွားလာလို့ရတဲ့ အနေအထားတော့ ဖြစ်ပါပြီ။ အဲဒီအတွက်တော့ အလုပ်သမား တွေက ကျေနပ်အားရ ဖြစ်ပါတယ်။ သို့သော် အလုပ်သမားတွေက တံတားဖွင့်လိုက်လို့ ကျေနပ်တယ်ဆိုပေမယ့် သူတို့စိတ်ထဲမှာ သံသယစိတ်နဲ့ စိုးရိမ်နေတာက နေ့စဉ်ရက်ဆက် အဲဒီအနားမှာလည်း တိုက်ပွဲဖြစ်ပေါ်မှုတွေရှိတော့ သူတို့အတွက် လုံခြုံမှုရှိပါ့မလားဆိုတဲ့ စိုးရိမ်စိတ်ကလေးတွေတော့ရှိနေဆဲပါ။လမ်းကြီးဖွင့်လို့ သူတို့ပျော်နေ ပေမယ့် ဟိုဘက်မှာ ဝုန်းဒိုင်းဆိုတဲ့ အသံတွေ ကြားနေတော့ သူတို့ စိုးရိမ်စိတ်ရှိနေပါသေးတယ်” ဟု ပြောသည်။

လုံခြုံရေးနှင့်ပတ်သက်၍ ကြည့်ပါက မဲဆောက်ဘက်အခြမ်းတွင် ထိုင်းနိုင်ငံမှ လုံခြုံရေးအား သေချာစွာ ချမှတ် ထားခြင်းဖြစ်ပြီး မြန်မာဘက်တွင်လည်း လုံခြုံရေးပိုင်းနှင့်ပတ်သက်၍ သေချာလုပ်ဆောင်သင့်ကြောင်း ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်နေသူများက အကြံပြုသည်။

လက်ရှိတွင် တံတားပြန်ဖွင့်သည်မှာ ရက်ပိုင်းသာရှိသေးသည့်အပြင် ယာဉ်ငယ်နှင့် ခရီးသွားမည့်သူများကိုသာ ဖြတ်သန်းခွင့်ပြုနေခြင်းဖြစ်ပြီး ကုန်တင်ယာဉ်များအား ခွင့်ပြုခြင်းမရှိသေးကြောင်း သိရသည်။

ထို့ကြောင့် အချိန်ကာလ အနည်းငယ်ကြာမြင့်ပါက ကုန်သည်များနှင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် ပါ ကောင်းမွန်ကြောင်းနှင့် တံတားပြန်ဖွင့်လိုက်သည့် အကျိုးဆက်အနေဖြင့် ထိုင်းဘတ်ငွေဈေးများလည်း တက်လာနိုင်ဖွယ်ရှိကြောင်း သိရသည်။

မြဝတီ-မဲဆောက် အမှတ်(၁)တံတားမှ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးသည် တံတားမပိတ်မီ ၂၀၁၉ ခုနှစ်အထိ တစ်လလျှင် ထိုင်းဘတ်ငွေ သန်းပေါင်း ၁ သိန်းအထိ ရှိခဲ့ကြောင်း စီးပွားကူးသန်း၏စာရင်းများအရ သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13
  • 14

Page 10 of 48

  1. You are here:  
  2. Home
  3. စီးပွားရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar