CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

မန္တလေးပုဂ္ဂလိက သင်္ကြန်မဏ္ဍပ်ကို အခွန်ဆောင်စရာမလိုဘဲ ဆောက်ခွင့်ပြု

By CNI
CNI
Category: Watch TV
Hits: 990

Share
Tweet
Share
Share
powered by social2s

ထိုင်းအစိုးရမှ မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများ ထပ်မံခေါ်ယူရန် စီစဉ်နေ

By CNI
CNI
Category: Watch TV
Hits: 1020

Share
Tweet
Share
Share
powered by social2s

စင်ခွန်- မောတောင်ဂိတ်တွင် ရေထွက်ကုန်တချို့ကို ကန့်သတ်မည်ဟု ထိုင်း သတိပေး

By CNI
CNI
Category: Watch TV
Hits: 1007

Share
Tweet
Share
Share
powered by social2s

ဂျပန်ဝန်ကြီးချုပ်က အင်ဒို-ပစိဖိတ် စီမံကိန်းသစ်ကို အိန္ဒိယတွင် ထုတ်ပြန်ကြေညာ

By CNI
CNI
Category: Watch TV
Hits: 982

Share
Tweet
Share
Share
powered by social2s

မလေးရှားတွင် ပတ်စပို့ရက်ချိန်း ၂၀၂၄ အထိ ရောက်နေ၍ မြန်မာများအခက်တွေ့

By CNI
CNI
Category: Watch TV
Hits: 1042

Share
Tweet
Share
Share
powered by social2s
ထိုင်းနိုင်ငံ အလုပ်သမားရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ MOU ဖြင့်စေလွှတ်ခံရသည့် မြန်မာလုပ်သာများနှင့် ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်

ထိုင်းအစိုးရမှ မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများ ထပ်မံခေါ်ယူရန် စီစဉ်နေ

By CNI
CNI
Category: စီးပွားရေး
Hits: 1581

CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၁

ထိုင်းအစိုးရအနေဖြင့် မြန်မာအပါအဝင် လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့မှ ရွှေ့ပြောင်းလုပ်သားများအား ထပ်မံခေါ်ယူရန် စီစဉ်နေကြောင်း ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားအရေး ကူညီဆောင်ရွက် ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

မတ်လ ၂၀ ရက်နေ့က ကျင်းပသည့် ထိုင်းအလုပ်သမားရေးရာဝန်ကြီးဌာ၏ အစည်းအဝေးတွင် ထိုကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း၊ ရွှေ့ပြောင်းလုပ်သားများခေါ်ယူရန် စီစဉ်ရာတွင် မည်သည့် နည်းလမ်းဖြင့် ခေါ်ယူမည်ဆိုသည်အား ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း မြန်မာရွှေ့ပြောင်းလုပ်သားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

“တစ်မျိုးက ကျနော်တို့ MOU ထိုးထားတာကို။ မြန်မာလည်း MOU ထိုးထားတယ်၊ လာအို၊ ကမ္ဘောဒီးယားလည်း MOU ထိုးထားတယ်။ တစ်ဖက်နိုင်ငံက MOU အလုပ်သမားခေါ်မယ်ဆိုရင် ဒါ ဖြစ်နိုင်တယ်။ အဲဒီတော့ သူက ဘယ်ပုံ ဘယ်နည်း MOU အလုပ်သမားဆက်ပြီးတော့ ခေါ်မလဲဆိုတာကို သေချာတော့ မသိသေးဘူး။ လက်ရှိ မူဟောင်းနဲ့ပဲ ခေါ်မလားပေါ့၊ မူဟောင်းနဲ့ပဲခေါ်မယ်ဆိုရင်တော့ အလုပ်သမားတွေ ပိုပြီးတော့ နစ်နာတယ်။ ကုန်ကျစရိတ်တွေ အရမ်းများတယ်။ အဲဒီတော့ ထိုင်းမှာလည်း သူတို့ ဒီ ဘတ်လို့ခေါ်တဲ့ ယာယီအလုပ်သမား လက်မှတ်တွေ ထုတ်ပေးပြီးသွားတာ။ ထပ်ပြီးတော့ ဒီဟာကိုပဲ ထပ်ပြီးတော့ ဖွင့်ပေးမယ် ပြောတယ်။ အဲဒီတော့ ခိုးဝင်လာတဲ့လူတွေကို ပွင့်ပွင့်လင်းလင်းပြောရင်တော့ ဦးစားပေးပြီးတော့ ဘတ်လုပ်ပေးမယ်လို့ ထင်တယ်”ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံရှိ စားသောက်ဆိုင် လုပ်ငန်းခွင်တစ်ခု

လက်ရှိတွင် ထိုင်းနိုင်ငံ၌ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ အစရှိသည့် လုပ်ငန်းခွင်များတွင် လုပ်သားလိုအပ်ချက်များ ရှိနေကြောင်း ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားအရေး ကူညီဆောင်ရွက် ပေးနေသူများထံက သိရသည်။

ထို့ကြောင့် လက်ရှိတွင် ထိုင်းနိုင်ငံဘက်မှ ရွှေ့ပြောင်းလုပ်သားများခေါ်ယူရန် စီစဉ်ရာတွင် တရားမဝင်များအား ဘတ်ပန်းရောင်ကတ် ထပ်မံထုတ်ပေးကာ ဆောင်ရွက်မည်ဆိုပါက မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် ကောင်းမွန်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

“ဒါပေမယ့် ဘယ်လိုပဲ ဖြစ်နေဖြစ်နေ တရားဝင်နေထိုင်ခွင့်ရရေးအတွက်ကို အခုလိုမျိုး မှတ်ပုံတင် အသစ် လုပ်ပေးတယ်ဆိုရင်ပဲ ဒီမှာရှိတဲ့ အကုန်လုံးမဟုတ်တောင်မှ အတိုင်းအတာတစ်ခုတော့ အလုပ်သမားတွေ အနေနဲ့တော့ မှတ်ပုံတင်ခွင့် အကြွေးနဲ့ပဲဖြစ်ဖြစ်ပေါ့ တင်ခွင့်တော့ ရသွားတာပေါ့။ ဒါကတော့ အဆိုးထဲက အကောင်းပဲလို့ပြောရမှာပေါ့။ ဒီမှာက ဘာမှ အထောက်အထားမရှိဘူးဆိုရင် ခွင့်ပြုချက်မရှိဘူးဆို လုပ်ကိုင် နေထိုင်လို့မှ မရတာ။ အထောက်အထား လုပ်ထားတဲ့လူတွေကိုယ်တိုင်ကလည်း ခံစားနေရတဲ့ဟာက ဘာလဲဆိုတော့ သက်တမ်းတိုးတဲ့ကိစ္စ၊ စာရွက်စာတမ်းအတွက် ကုန်ကျစရိတ်ပေါ့။ အဲဒါတွေက အင်မတန်မှ များပါတယ်။ ဘာလို့လဲဆိုတော့ ပွဲစားနဲ့ အေဂျင်စီနဲ့ လုပ်ရတဲ့ဟာဖြစ်နေလို့လေ။ ပွဲစားနဲ့ အေဂျင်စီနဲ့ မလုပ်ရင် လည်း မလုပ်လို့ကို မရတဲ့ဟာမျိုး။ သူတို့ရဲ့ ရုံးလုပ်ငန်းစဉ်တွေကကျတော့ ထိုင်းလို ထိုင်းဘာသာနဲ့ လုပ်ရတာ။ ပြီးတော့ သူ့ရဲ့ ရုံးလုပ်ထုံးလုပ်နည်း သဘော သဘာဝကိုက ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ဘယ်လိုမှ မလွယ်ကူဘူး” ဟု ၎င်းကပြောသည်။

ယခုကဲ့သို့ ထိုင်းအစိုးရမှ ရွှေ့ပြောင်းလုပ်သားများအား ထပ်မံခေါ်ယူရန် စီစဉ်ရာတွင် MOU လုပ်သားအသစ်များ ခေါ်ယူမှာမဟုတ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားအရေး ကူညီဆောင်ရွက်ပေးနေသူများက သုံးသပ်သည်။

ထိုင်းနိုင်ငံသို့ MOU ဖြင့် စေလွှတ်မည့် မြန်မာရွှေ့ပြောင်းလုပ်သားများ

ထိုင်းအစိုးရအနေဖြင့် ၎င်းတို့အကျိုးစီးပွားအတွက် တရားမဝင် ရောက်ရှိလုပ်ကိုင်နေသည့် မြန်မာအပါ ရွှေ့ပြောင်း လုပ်သားများအား ယာယီအလုပ်သမားလက်မှတ် (ဘတ်ပန်းရောင်ကတ်) ထုတ်ပေးခြင်းဖြင့် ဝင်ငွေရှာမည် ဖြစ်ကြောင်း မြန်မာရွှေ့ပြောင်းလုပ်သားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

“ရာခိုင်နှုန်း အများအားဖြင့်ကတော့ ထိုင်းထဲမှာ ခိုးဝင်လာတဲ့လူတွေ၊ ထိုင်းထဲမှာ ရှိနေတဲ့သူတွေကိုသာ သူတို့ ဘတ်လုပ်ပေးဖို့များတယ်။ ဘာကြောင့်လဲဆိုတော့ ထိုင်းအစိုးရက သူပိုက်ဆံပိုရတယ် ဒီလူတွေကို။ သူတို့နဲ့ သက်ဆိုင်ရာ ပတ်သက်ရာပတ်သက်ကြောင်း ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေပေါ့ တစ်နည်းအားဖြင့် အေဂျင်စီ တွေပေါ့။ ထိုင်းအေဂျင်စီတွေ သူတို့ဆီကနေပဲ တဆင့် ကျနော်တို့ မြန်မာတွေက ဘတ်လုပ်ရတာ။ ဒီဘတ်တွေကို လျှောက်ရတာ။ ဆိုတော့ အစိုးရက သူက ဖွင့်ပေးလိုက်တယ်ဆိုရင်လည်း ဘာမှမပြောပလောက်တဲ့ ရက်အကန့် အသတ်ပေါ့ ၁၅ ရက်လောက် သူပေးတယ်၊ ပြီးရင် အွန်လိုင်းကနေ လျှောက်ရမယ်ဆိုတော့။ ကျနော်ထင်ပါတယ် သူတို့ရဲ့ ဘတ်ဂျက် သူတို့ရဲ့ဝင်ငွေ အကောင်းဆုံးကတော့ ခိုးဝင်လာတဲ့ မြန်မာတွေကို ဘတ်လုပ်ပေးတာ သူတို့အတွက် အကောင်းဆုံးဖြစ်မယ်။ ပြီးတော့ ဒီပုံသဏ္ဍန်ပဲ ဖြစ်မယ်လို့တော့ သေချာသလောက်ရှိတယ်” ဟု ၎င်းက ပြောသည်။

ထိုင်းအစိုးရအနေဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံအတွင်းသို့ ရောက်ရှိလုပ်ကိုင်နေသည့် တရားမဝင် ရွှေ့ပြောင်းလုပ်သားများအား ယာယီအလုပ်သမားလက်မှတ် (ဘတ်ပန်းရောင်ကတ်) ထုတ်ပေးခြင်း အစီအစဉ် ဆောင်ရွက်ပေးခဲ့ပြီး လူဦးရေ ခုနှစ်သိန်းခန့် ထုတ်ပေးခဲ့ကြောင်းလည်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

သင်္ကြန်ကာလအတွက် ကြိုတင်၍ ကားစင်းလုံးငှားမှုများ များပြားလာ

By CNI
CNI
Category: Watch TV
Hits: 994

Share
Tweet
Share
Share
powered by social2s

ခရီးသွားလုပ်ငန်း မြှင့်တင်ဖို့ ဓနုဒေသထုတ်ကုန်ကို တိုးမြှင့်ထုတ်လုပ်ရန် နစကဒုဥက္ကဋ္ဌပြော

By CNI News
CNI News
Category: Travel
Hits: 2403


CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၁၈


ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအနေဖြင့် ပြည်တွင်း/ပြည်ပ ငွေရှာဖွေပေးနေသည့် ခရီးသွားလုပ်ငန်းကို မြှင့်တင် နိုင်ရန် ဒေသထုတ်ကုန်များကိုလည်း ရိုးရားမပျက် တိုးမြှင့်ထုတ်လုပ်နိုင်ရန်လိုကြောင်း နစကဒုဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။


၂၀၂၃ ခုနှစ်၊ မတ်လ ၁၈ ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ အသေး စား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်း သားများအား တွေ့ဆုံစဉ် ၎င်းက အထက်ပါ အတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

 

နစကဒုဥက္ကဋ္ဌက “ပင်းတယဒေသသည် နိုင်ငံ၏ ခရီးသွားလုပ်ငန်းအတွက် အထင်ကရ နေရာတစ်ခုဖြစ်၍ ပြည်တွင်း/ပြည်ပ ခရီးသွားများကို ဆွဲဆောင်ရာ ဒေသတစ်ခုဖြစ်ကြောင်း၊ မီးခိုးမထွက်သော စက်ရုံများဟု တင် စား ခေါ်ဝေါ်သော ပြည်တွင်း/ပြည်ပ ငွေရှာဖွေပေးနေသည့် ခရီးသွားလုပ်ငန်းကို မြှင့်တင်နိုင်ရန် ဒေသထုတ် ကုန်များကိုလည်း ရိုးရာမပျက် တိုးမြှင့်ထုတ်လုပ်နိုင်ရန် လိုကြောင်း။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသည် ပြည်ပ ခရီးသွားများ စိတ်ဝင်စားကာ လာရောက်လည်ပတ်သည့် ဒေသဖြစ်၍ ရိုးရာထွက်ကုန် ပစ္စည်းများကို တရားဝင် မှတ်ပုံတင်၍ စနစ်တကျ ထုတ်လုပ်ရန် လိုတယ်”ဟု ပြောသည်။

ယခုအခါ ပို့ကုန်နှင့်သွင်းအားစု မျှတစွာ ဆောင်ရွက်ခြင်း၊ သွင်းကုန် အစားထိုး ကုန်ထုတ်လုပ်မှုများကို အားပေး ခြင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းများကို အားပေးခြင်းတို့ကြောင့် နိုင်ငံ၏ စီးပွားရေး အသင့်အတင့် ကောင်းမွန်လာပြီဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရတစ်ဖွဲ့တည်းဖြင့် ဆောင်ရွက်၍မရဘဲ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်လိုကြောင်း ၎င်းက ပြောသည်။


ထို့နောက် တက်ရောက်ခဲ့သော အသေး စား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များကတော့ လက်ဖက်၊ ကော်ဖီ၊ အားလူး စိုက်ပျိုးရေးနှင့် မိရိုးဖလာ ဒေသထွက်ကုန် လုပ်ငန်း အခြေအနေများကို တင်ပြ ဆွေးနွေးခဲ့ကြသလို သွင်းအားစု စရိတ်များ ကြီးမြင့်နေသည့် အခြေအနေများကိုလည်း တင်ပြဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။



Share
Tweet
Share
Share
powered by social2s

အမေရိကန်ဘဏ်ကြီး ၃ ခု ပြိုလဲမှုကြောင့် ကမ္ဘာ့ရွှေဈေးနှင့်အတူ မြန်မာ့ရွှေဈေး မြင့်တက်

By CNI
CNI
Category: Watch TV
Hits: 1006

Share
Tweet
Share
Share
powered by social2s

ဆန်စပါးဥပဒေက ထုတ်လုပ်သူများအတွက် အချုပ်အနှောင်မဖြစ်ရန်လို

By CNI
CNI
Category: Watch TV
Hits: 979

Share
Tweet
Share
Share
powered by social2s

US ဘဏ်များ ပြိုလဲမှု စိုးရိမ်မှုများကြောင့် အာရှဈေးကွက် ကျဆင်းမှုများရှိလာ

By CNI
CNI
Category: Watch TV
Hits: 972

Share
Tweet
Share
Share
powered by social2s

အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် နေလှန်းဆားများ ပျက်စီး

By CNI
CNI
Category: Watch TV
Hits: 961

Share
Tweet
Share
Share
powered by social2s

ယခုနှစ် ဈေးကွက်တည်ငြိမ်သည့်အတွက် ငရုတ်စိုက်တောင်သူအများစု အမြတ်ရ

By CNI
CNI
Category: Watch TV
Hits: 997

Share
Tweet
Share
Share
powered by social2s

ဆော်ဒီရေနံကုမ္ပဏီ ၂၀၂၂ တွင် စံချိန်တင် ဒေါ်လာ ၁၆၁ ဘီလီယံ အမြတ်ရ

By CNI
CNI
Category: Watch TV
Hits: 927

Share
Tweet
Share
Share
powered by social2s
ဆော်ဒီ ရေနံကုမ္ပဏီကိုတွေ့ရစဉ်(AP)

ဆော်ဒီရေနံကုမ္ပဏီ ၂၀၂၂ တွင် စံချိန်တင် ဒေါ်လာ ၁၆၁ ဘီလီယံ အမြတ်ရ

By CNI
CNI
Category: စီးပွားရေး
Hits: 1431

CNI International News

ဒူဘိုင်း၊ မတ်လ ၁၃

ပြီးခဲ့သည့်နှစ်တွင် ဒေါ်လာ ၁၆၁ ဘီလီယံ အမြတ်ရရှိခဲ့သည်ဟု Saudi Aramco ရေနံကုမ္ပဏီက အင်္ဂါနေ့၌ ထုတ်ပြန် ကြေညာခဲ့သည်။

ယင်းသည် အများပိုင်ကုမ္ပဏီတစ်ခု အနေဖြင့် သမိုင်းတစ်လျှောက် စံချိန်တင် အမြတ်ငွေ ပမာဏဖြစ်ကာ တက်ကြွလှုပ်ရှားသူများ၏ ဝေဖန်မှုများကိုလည်း ဖြစ်စေခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

Saudi Arabian Oil Co., ဟုခေါ်သော ကုမ္ပဏီ၏ စံချိန်တင် အမြတ်ငွေ ရရှိမှုမှာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ယူကရိန်းအား ရုရှားမှ ကျူးကျော်စစ် ဆင်နွဲခဲ့ခြင်းကနေ ဖြစ်ပေါ်လာသည့် စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာ မှုကြောင့် ဖြစ်သည်။

ဆော်ဒီမင်းသားကိုတွေ့ရစဉ်(GETTY IMAGES)

အဆိုပါ ကျူးကျော်မှုကြောင့် ရုရှား၏ ရေနံနှင့် သဘာဝ ဓာတ်ငွေ့များ အနောက်နိုင်ငံ ဈေးကွက်များတွင် ရောင်းချ ခွင့် ကန့်သတ်သည့် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကန့်သတ်မှု များ လျော့ချခဲ့ပြီးနောက် တရုတ်နိုင်ငံသည်လည်း ကမ္ဘာ့ဈေးကွက်အတွင်းသို့ ပြန်လည် ဝင်ရောက်လာချိန်တွင် ဈေးကွက် လိုအပ်ချက်ကို အသုံးချနိုင်ရေး ထုတ်လုပ်မှု တိုးမြှင့်သွားနိုင်ရန် မျှော်လင့်ထားသည်ဟု ကုမ္ပဏီဘက်က ပြောသည်။

ယင်းက ဆော်ဒီနိုင်ငံအား ရေနံအပေါ် မှီခိုနေရမှုမှ ရုန်းထွက်နိုင်ရေး အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်န် (Mohammed bin Salman) ၏ အနာဂတ် စီမံကိန်းများအတွက် လိုအပ်သော ဒေါ်လာ ဘီလီယံ ပေါင်းများစွာ ကိုလည်း အထောက်အပံ့ ဖြစ်စေနိုင်သည်။

သို့သော် ထိုစီမံကိန်းများသည် ရုပ်ကျွင်းလောင်စာများ လောင်ကျွမ်းခြင်းက ရာသီဥတု ပြောင်းလဲမှုကို မြန်ဆန် လာစေနိုင်မည်ကို စိုးရိမ်နေသောကြောင့် ဝေဖန်မှုများနှင့်လည်း ရင်ဆိုင်နေရသည်။ ထို့အပြင် ရေနံဈေးမြင့် တက် လာမှုကြောင့် အမေရိကန်နှင့် ဆော်ဒီနိုင်ငံတို့ကြား ဆက်ဆံရေး ဆိုးရွားလာစေခဲ့ရုံမက ကမ္ဘာတစ်ဝန်း ငွေကြေး ဖောင်းပွမှုနှုန်းကိုလည်း မြင့်တက်စေခဲ့သည်။

ရုရှားရေနံကိုတွေ့ရစဉ်(GETTY IMAGES)

ကုမ္ပဏီသည် ၂၀၂၁ ခုနှစ်တွင် ဒေါ်လာ ၁၁၀ ဘီလီယံ အမြတ်ငွေ ရရှိခဲ့ပြီး ပြီးခဲ့သည့် နှစ်တွင် ၄၆ ဒသမ ၅ ရာခိုင် နှုန်း မြင့်တက်လာခြင်း ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်၏ ဆိုးကျိုးများကို အဆိုးရွားဆုံး ရင်ဆိုင်နေရသည့် ၂၀၂၀ ခုနှစ် တွင် ကုမ္ပဏီ၏ အမြတ်ငွေမှာ ၄၉ ဘီလီယံသာ ရှိခဲ့သည်။

၂၀၂၂ ခုနှစ်တွင် တစ်နေ့လျှင် ရေနံစည် ၁၁ ဒသမ ၅ သန်း ထုတ်လုပ်ရာမှ လာမည့် ၂၀၂၇ တွင် ၁၃ သန်းအထိ တိုးမြှင့် ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားသည်ဟု Aramco က ပြောသည်။

ထုတ်လုပ်မှုကို မြှင့်တင်နိုင်ရန် ယခုနှစ် ငွေရင်းငွေနှီး စီမံကိန်းများတွင် ဒေါ်လာ ၅၅ ဘီလီယံထက် မနည်း အသုံးပြု သွားရန်လည်း စီစဉ်ထားသည်။ ၂၀၂၂ ခုနှစ် နောက်ဆုံး သုံးလပတ်အတွက် အစုရှယ်ယာပေါ် အမြတ်ငွေ ၁၉ ဒသမ ၅ သန်းကို ယခုနှစ်ပထမ သုံးလပတ်တွင် ပေးသွားမည်ဟု ကုမ္ပဏီက ကြေညာခဲ့သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s

ထိုင်းသို့ တင်ပို့နေသည့် ပြောင်းများ ၁ ပိဿာ ၁၀၀ ကျပ်ကျော် ဈေးနှုန်းကျဆင်းနေ

By CNI
CNI
Category: Watch TV
Hits: 972

Share
Tweet
Share
Share
powered by social2s
  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10

Page 6 of 48

  1. You are here:  
  2. Home
  3. စီးပွားရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar