- By CNI
- Category: နိုင်ငံရေး
- Hits: 366
CNI International News
ဘေဂျင်း၊ ဖေဖော်ဝါရီ ၁၇
ထိုင်ဝမ်သို့ လက်နက်များ ထောက်ပံ့ခြင်းအတွက် တရုတ်အစိုးရသည် အမေရိကန်၏ စစ်ဘက်ကန်ထရိုက်တာ များဖြစ်သော Lockheed Martin နှင့် Raytheon တို့ကို ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အရေးယူ ပိတ်ဆို့ မှုများ ချမှတ်ခဲ့သည်ဟု အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြထားသည်။
ထို့ကြောင့် အမေရိကန် လက်နက်ကုမ္ပဏီများသည် တရုတ်နိုင်ငံအတွင်း ကုန်ပစ္စည်းများ တင်သွင်းခြင်း သို့မဟုတ် ရင်းနှီးမြှုပ်နှံမှု အသစ်များ လုပ်ဆောင်ခြင်းမှ တားဆီးပိတ်ပင်ခံရမည်ဟု တရုတ်ကုန်သွယ်ရေးဌာနက ကြာသပတေးနေ့တွင် ပြောသည်။
ထိုင်ဝမ်ကို လက်နက် ရောင်းချခြင်းအတွက် ထိုကုမ္ပဏီများသည် ယုံကြည်၍ မရသော အဖွဲ့အစည်း စာရင်းသို့ အသွင်းခံရသည်ဟုလည်း သိရသည်။
ယခု လုပ်ဆောင်ချက်သည် ထိုကုမ္ပဏီများအပေါ် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ တရုတ်အစိုးရ၏ အရေးယူ ပိတ်ဆို့မှု များ ချမှတ်ခဲ့ခြင်း အောင်မြင်မှု သို့မဟုတ် ယင်းတို့အပေါ် ထပ်တိုး လုပ်ဆောင်မှု ပြုလုပ်ခြင်းတို့ ဖြစ်ဖွယ်ရှိသည်။
ထိုင်ဝမ်စစ်တပ်ကိုတွေ့ရစဉ်
တရုတ်အစိုးရသည် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလတွင်လည်း Raytheon နှင့် တခြားသော အမေရိကန် လက်နက် ကုမ္ပဏီများနှင့် အမေရိကန်နိုင်ငံသားများကို ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။
လက်ရှိ အချိန်အထိ ပိတ်ဆို့ အရေးယူမှုများကြောင့် ကုမ္ပဏီနှစ်ခုအပေါ် မည်သည့် အကျိုးသက်ရောက်မှုများ ဖြစ်စေမည်လည်း ကွဲကွဲပြားပြား မသိနိုင်ပေ။
အမေရိကန်အစိုးရသည် တရုတ်သို့ လက်နက်နှင့် ဆက်စပ်နေသော နည်းပညာများ ရောင်းချခြင်း အများစုကို ပိတ်ပင်ထားသော်လည်း တစ်ချို့သော စစ်ဘက်ကန်ထရိုက်များသည် လေကြောင်းနှင့်တခြားသော ဈေးကွက်များတွင် အရပ်ဘက် စီးပွားရေးလုပ်ငန်းများကို ပိုင်ဆိုင်ထားသည်။
အမေရိကန်သည် ထိုင်ဝမ်၏ အရေးပါသော စစ်လက်နက်ပစ္စည်းဆိုင်ရာ ထောက်ပံ့သူ ဖြစ်သည်။
အမေရိကန်၏ ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံတန် လက်နက်ရောင်းချမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထိုင်ဝမ်
Raytheon နည်းပညာကိုတွေ့ရစဉ်
စစ်တပ် ရေဒါများကို အဆင့်မြှင့်တင်ရန် Raytheon နည်းပညာကော်ပိုရေးရှင်း၏ အစိတ်အပိုင်း တစ်ခုဖြစ်သော Raytheon ဒုံးကျည်နှင့် ကာကွယ်ရေးအဖွဲ့သည် စက်တင်ဘာလတွင် ဒေါ်လာ ၄၁၂ သန်းတန် စာချုပ်ကို ရရှိခဲ့သည်။
Lockheed Martin ကုမ္ပဏီသည် ထိုင်ဝမ်စစ်တပ်အား ရေဒါ၊ ရဟတ်ယာဉ်နှင့် လေကြောင်းသွားလာမှု ထိန်းချုပ်ရေး ပစ္စည်းများ ပံ့ပိုးသည်။
တရုတ်တွင် Lockheed Martin သည် အရပ်ဘက် လေယာဉ်ကွင်းများအတွက် လေကြောင်း ထိန်းချုပ်ရေး ကိရိယာများ၊ စီးပွားဖြစ် အသုံးပြုရန် ရဟတ်ယာဉ်များကို ရောင်းချသည်။
အမေရိကန် ကုမ္ပဏီများအပေါ် တရုတ်၏ ပိတ်ဆို့အရေးယူမှု လုပ်ဆောင်ခြင်းသည် အမေရိကန် လေပိုင်နက် အတွင်းသို့ တရုတ်၏ မိုးပျံပူဖောင်းများ ဝင်ရောက်လာခြင်းအတွက် အမေရိကန်ဘက်က တရုတ်ကုမ္ပဏီ ခြောက်ခု ကို အရေးယူမှု လုပ်ဆောင်လိုက်ပြီး တစ်ပတ်မပြည့်မီ အချိန်အတွင်း ပေါ်ပေါက်လာခြင်း ဖြစ်သည်။
Source: အယ်ဂျာဇီးယား
- By CNI
- Category: Watch TV
- Hits: 231
- By CNI
- Category: Watch TV
- Hits: 263
- By CNI
- Category: Watch TV
- Hits: 251
- By CNI
- Category: Watch TV
- Hits: 238
- By CNI
- Category: Watch TV
- Hits: 214
- By CNI
- Category: Watch TV
- Hits: 332
- By CNI
- Category: Watch TV
- Hits: 232
- By CNI
- Category: နိုင်ငံရေး
- Hits: 670
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများ ထွက်ရှိလာပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ မည်သည့်ပုံစံဖြင့် မှတ်ပုံတင်ရမည်ကို မဆုံးဖြတ်ရသေးကြောင်း ရခိုင်အမျိုးသားပါတီ(ANP)မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။
ANP ပါတီ အနေဖြင့် ယခင်က နိုင်ငံတစ်ဝန်း ဝင်ပြိုင်သည့် ပါတီအဖြစ် မှတ်ပုံတင်ခဲ့ကြောင်း၊ လက်ရှိ နစက ထုတ်ပြန်သည့် ဥပဒေများအရ နိုင်ငံတစ်ဝန်း ဝင်ပြိုင်နိုင်သည့် အနေအထား မရှိတော့ကြောင်း ၎င်းက ပြောသည်။
ဦးသာထွန်းလှက “မြန်မာနိုင်ငံမှာ ရှိတဲ့၊ ဗမာလူမျိုးကလွဲလို့ ကျန်တဲ့ တိုင်းရင်းသားလူမျိုးတွေကို ပြည်ထောင်စု နိုင်ငံတစ်ဝှမ်းလုံးကို စည်းရုံးလှုပ်ရှားခွင့် ခွင့်မပြုဘူးဆိုတဲ့ သဘောမျိုး အခုထုတ်ပြန်တဲ့ နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေက အဲဒီလို အဓိပ္ပာယ်မျိုး သက်ရောက်သွားတဲ့သဘော ဖြစ်နေတယ်၊ အဲဒါကြောင့် လောလောဆယ်မှာ ကျနော်တို့ ပါတီအနေနဲ့ ဘယ်လိုပုံစံမျိုး မှတ်ပုံတင်ရမယ်ဆိုတာတောင်မှ ကျနော်တို့က ဘာမှ တိတိကျကျ ကျနော်တို့ ဆုံးဖြတ်ချက်ချထားတာ လောလောဆယ်အချိန်ထိ ကျနော်တို့ မရှိသေးဘူး” ဟု ပြောသည်။
ဦးသာထွန်းလှကိုတွေ့ရစဉ်
ယခင်ရွေးကောက်ပွဲများတွင် ဝင်ပြိုင်ခဲ့သည့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ဧရာဝတီတိုင်းဒေသ ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ပါတီရုံးခန်းများ ဖွင့်လှစ်နိုင်ခဲ့လျှင်တောင် မြန်မာနိုင်ငံ၏ မဲဆန္ဒနယ် တစ်ဝက်ကို ပါတီရုံးခန်း ဖွင့်ရမည်ဆိုသည့်အတွက် အဆိုပါ ရုံးခန်းများဖြင့် မလုံလောက်ကြောင်း ၎င်းက ပြောသည်။
ထို့နောက် မွန်ညီညွတ်ရေးပါတီ (MUP) အနေဖြင့်လည်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ဝင်ရောက် ယှဉ်ပြိုင်မှုများ ရှိခဲ့ခြင်းကြောင့် နစက ထုတ်ပြန်ခဲ့သည့် ဥပဒေ၊ နည်းဥပဒေများမှာ မိမိတို့ပါတီအတွက် အခက်အခဲဖြစ်နေကြောင်း ဖေဖော်ဝါရီ အစောပိုင်းက CNI ကို ပြောကြား ထားသည်။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုအတွင်း၌သာ စည်းရုံးဆောင်ရွက်မည်ဖြစ်ကြောင်း မှတ်ပုံတင်ထား သည့် နိုင်ငံရေးပါတီ တစ်ခုအနေဖြင့် အခြား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် စည်းရုံးဆောင်ရွက် ခွင့်နှင့် မဲဆန္ဒနယ်များ၌ ပါဝင်ယှဉ်ပြိုင်ခွင့်များ မရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)က CNI သတင်းဌာနသို့ ပြောကြားထားသည်။
UEC ဥက္ကဋ္ဌ ဦးသိန်းစိုး နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဉပဒေ လက်မှတ်ထိုးနေစဉ်
လက်ရှိ တိုင်းပြည်၏ အခြေအနေမှာ သာမန်အချိန်မဟုတ်ဟု ဆုံးဖြတ်သည့် အဖွဲ့အစည်းက ယခုကဲ့သို့ ဥပဒေ၊ နည်းဥပဒေများ ထုတ်ပြန်သင့်သည့်အချိန်မဟုတ်ဟု ဦးသာထွန်းလှက ပြောသည်။
၎င်းက “ဥပဒေနည်းဥပဒေထုတ်တဲ့ အချိန်အခါက ဒီဥပဒေထုတ်ပြန်သင့်တဲ့ အချိန်မဟုတ်ဘူးလို့ ကျနော်က အဲဒီလို မြင်တယ်၊ အဲဒါကြောင့် ဥပဒေထုတ်ပြန်တဲ့ အဖွဲ့အစည်းကိုယ်တိုင်က မြန်မာနိုင်ငံမှာ သာမန်အချိန် မဟုတ်ဘူးဆို တာလည်း ဆုံးဖြတ်ခဲ့တဲ့၊ သုံးသပ်ခဲ့တဲ့၊ တင်ပြခဲ့တဲ့ အဖွဲ့အစည်းဖြစ်နေတယ်၊ အဲဒါကြောင့် လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေအရ ပြောမယ်ဆိုရင် ဒီဥပဒေတွေ ထုတ်ပြန်တာက ဥပဒေထုတ်ပြန်သင့်တဲ့ အချိန်အခါ မဟုတ်ဘူးလို့ပဲ ကျနော် အဲဒီလို မြင်တယ်လို့ ပြောလိုတယ်” ဟု ပြောသည်။
အဆိုပါ ဥပဒေများတွင် နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်လိုပါက ဥပဒေစတင် ပြဋ္ဌာန်းသည့် နေ့ရက်မှ စ၍ ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်သို့ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လျှောက်ထားရမည်ဖြစ်ကြောင်း၊ ထို သတ်မှတ်ရက်အတွင်း လျှောက်ထားခြင်း မရှိပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျှောက် ပျက်ပြယ်ပြီး ဖြစ် ကြောင်း နစကမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်မှာ ထုတ်ပြန်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 536
CNI International News
ဘေဂျင်း၊ ဖေဖော်ဝါရီ ၁၄
ပြီးခဲ့သည့် နှစ်အတွင်း၌ အမေရိကန်မှ မိုးပျံပူဖောင်း ၁၀ လုံးကျော်သည် ခွင့်ပြုချက်မရှိဘဲ တရုတ်လေပိုင်နက် အတွင်းသို့ ရောက်ရှိလာခဲ့သည်ဟု တရုတ်ဘက်က တနင်္လာနေ့တွင် ပြောခဲ့ကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။
တရုတ်သည် ကမ္ဘာတစ်ဝန်းလုံးသို့ ထောက်လှမ်းရေးပူဖောင်းများ လွှတ်တင်ခဲ့သည်ဟု အမေရိကန် ဘက်က စွပ်စွဲခဲ့ပြီးနောက် ထိုသို့ ပြန်လည် ချေပခဲ့ခြင်း ဖြစ်သည်။
သို့သော် အမေရိကန်ဘက်က တရုတ်သို့ မည်သည့် ထောက်လှမ်းရေး ပူဖောင်းကိုမှ စေလွှတ်ခြင်း မရှိခဲ့ကြောင်း ငြင်းဆိုသည်။
တရုတ်၏ စွပ်စွဲမှုသည် တရုတ်စပိုင် ပူဖောင်းဟု သံသယရှိသည့် အရာတစ်ခုကို အမေရိကန်ဘက်က ပစ်ချ လိုက်ပြီးနောက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ထိုဖြစ်ရပ်ကြောင့် တင်းမာမှုများစွာ ရှိနေသော နှစ်နိုင်ငံ ဆက်ဆံရေးအတွင်း ပဋိပက္ခသစ်တစ်ခု ပေါ်ပေါက်ခဲ့ ရသည်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး အန်တိုနီ ဘလင်ကင်ကိုတွေ့ရစဉ်(AP)
တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝန်ဘင်း (Wang Wenbin) စွပ်စွဲခဲ့သော အမေရိကန်ပူဖောင်းများကို မည်သို့လုပ်ဆောင်ခဲ့ကြောင်း၊ ထိုမိုးပျံပူဖောင်းများသည် အစိုးရ သို့မဟုတ် စစ်တပ်နှင့်ဆက်စပ်မှု တစ်စုံတစ်ရာ ရှိ မရှိဆိုသည့် အသေးစိတ် အချက်အလက်များကိုတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။
အမေရိကန်အနေဖြင့် ထိပ်တိုက် တွေ့ဆုံမှုဖြစ်ရန် ဆွပေးခြင်းထက် မိမိကိုယ် မိမိ ပြန်လည်သုံးသပ် ဆင်ခြင်သင့် သည်ဟု ဝမ်က ပြောသည်။
အမေရိကန်ဘက်က ပစ်ချခဲ့သော ပူဖောင်းသည် မိုးလေဝသဆိုင်ရာ လေ့လာမှု လုပ်ဆောင်သည့် အရာဖြစ် ကြောင်း၊ ယင်းသည် လမ်းကြောင်းမှားကာ အမေရိကန်သို့ ရောက်ရှိသွားခဲ့ကြောင်း တရုတ်ဘက်က ပြောသည်။
အမေရိကန်သည် ပူဖောင်း ဖြစ်ရပ်ကို လွန်ကဲစွာ လုပ်ဆောင်ခဲ့ကာ ယင်းအတွက် တုန့်ပြန်မှု လုပ်ဆောင်သွား မည်ဟုလည်း တရုတ်ဘက်က ခြိမ်းခြောက်ထားသည်။
အမေရိကန်အစိုးရက တရုတ်ဘက်သို့ ထောက်လှမ်းရေး ပူဖောင်းများ စေလွှတ်သည် ဆိုခြင်းသည် မှားယွင်း ကြောင်း အမေရိကန်အမျိုးသား ကာကွယ်ရေးကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဝပ်ဆန် (Watson) က တနင်္လာနေ့တွင် တုန့်ပြန်ခဲ့သည်။
မိုးပျံပူဖောင်းကိုတွေ့ရစဉ်(GETTY IMAGES)
တရုတ်နိုင်ငံသာလျှင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့် ချိတ်ဆက်ကာ ထောက်လှမ်းရေး မိုးပျံပူဖောင်း အစီအစဉ်ကို လုပ်ဆောင်ခဲ့ကြောင်း၊ ၎င်းတို့သည် အမေရိကန် အပါအဝင် တိုက်ကြီးငါးတိုက်မှ နိုင်ငံပေါင်း ၄၀ ကျော်၏ အချုပ်အခြာအာဏာကို ချိုးဖောက်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ဝပ်ဆန်က ပြောသည်။
မိုးပျံပူဖောင်း ဖြစ်ရပ်ကြောင့် အမေရိကန် ကာကွယ်ရေးဝန်ကြီး အန်တိုနီ ဘလင်ကင်(Antony Blinken) ၏ တရုတ်ခရီးစဉ်ကို ဖျက်သိမ်းခဲ့သည်။
ထိုခရီးစဉ်သည် ထိုင်ဝမ်အရေး၊ ကုန်သွယ်ရေး၊ လူ့အခွင့်အရေးနှင့် အငြင်းပွားနေသော တောင်တရုတ် ပင်လယ် အတွင်း တရုတ်၏ ခြိမ်းခြောက်သော လုပ်ရပ်များနှင့်ပတ်သက်၍ နှစ်နိုင်ငံကြား တင်းမာမှုများကို ဖြေလျော့စေ လိမ့်မည်ဟု မျှော်လင့်ခဲ့သော ခရီးစဉ်လည်း ဖြစ်သည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 301
CNI International News
မင့်ခ်၊ ဖေဖော်ဝါရီ ၁၄
စုပေါင်းလုံခြုံရေးသဘောတူညီချက်အဖွဲ့အစည်း (CSTO)၏ အတွင်းရေးမှူးချုပ် အီမန်ဂါလီ တက်စ်မန် ဂမ်ဘီ တော့ဗ် (Imangali Tasmagambetov)နှင့် တနင်္လာနေ့ တွေ့ဆုံရာတွင် ဘယ်လာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကို (Alexander Lukashenko) က အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် ယူကရိန်း ပဋိပက္ခကြောင့်ဖြစ်မည့်အရာများအတွက် မူဝါဒတစ်ခုချမှတ်ရန် တောင်းဆိုခဲ့သည်ဟု BeITA သတင်းတွင် ဖော်ပြသည်။
ယူကရိန်းပဋိပက္ခက ကိုယ်နှင့်မဆိုင်ဟုယူဆလျှင် မှားယွင်းလိမ့်မည်ဖြစ်ကြောင်း၊ ယင်းသည် နောက်တစ်ရက်တွင် ပင်ဖြစ်လာနိုင်ကြောင်း၊ ထို့ကြောင် ပြင်ဆင်ကာ သင့်တော်သောအနေအထားတွင် ရှိနေသင့်ကြောင်း လူကာရှန်ကို က ပြောသည်။ နိုင်ငံတော်အကျိုးစီးပွားနှင့် တခြားအရာများကို ထိခိုက်စေရမည်ဟု မဆိုလိုကြောင်း၊ သို့သော် မဟာမိတ်အဖွဲ့အတွင်း အားနည်းချက်များရှိနေချိန်တွင် အတူတကွ စုစည်းဆောင်ရွက်နိုင်ရေး မူဝါဒတစ်ခုကို ရှင်းရှင်းလင်းလင်း ချမှတ်သင့်ကြောင်း၊ အတူတကွဆောင်ရွက်ခြင်းသည် အလွယ်ကူဆုံးနှင့်အရိုးရှင်းဆုံးဖြစ် ကြောင်းလည်း ၎င်းကပြောသည်။
CSTO အဖွဲ့အတွင်း ညှိနှိုင်းမှုများရှိသင့်ကြောင်း လူကာရှန်ကိုက အခိုင်အမာပြောခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများ အားလုံး သည် အဖွဲ့အစည်းတစ်ခုအဖြစ် ဆောင်ရွက်နေသည်ဟု ဆိုသည်။ ယနေ့အချိန်တွင် ၎င်းတို့အတွက် စိန်ခေါ်မှု လုံလုံ လောက်လောက်ရှိနေပြီဟုလည်း ၎င်းက ပြောသည်။
CSTO အတွင်းရေးမှူးချုပ် ရာထူးကို မကြာသေးခင်က လွဲပြောင်းရယူခဲ့သော တက်စ်မန်ဂမ်ဘီတော့ဗ်အား ကြိုဆိုကာ ၎င်းတို့ချင်း ကာလရှည်ရင်းနှီးခဲ့သည်ဟု လူကာရှန်ကိုက ပြောသည်။ အတွေ့အကြုံရှိသူတစ်ဦးအဖြစ် ပြန်လည်တွေ့ဆုံရသည်ကို ဝမ်းသာကြောင်း၊ ၎င်းတို့သည် လူငယ်ကွန်မြူနစ်အဖွဲ့ တက်ကြွလှုပ်ရှားသူများအဖြစ် ဆောင်ရွက်ခဲ့ကာ နှစ်ဦးကြားရင်းနှီးနေသည့်အကြောင်းအရာရှိကြောင်း၊ တက်စ်မန်ဂမ်ဘီတော့ဗ်သည် ဘဝနှင့် ပတ်သက်သည့်အတွေ့အကြုံများစွာရှိကာ ယင်းသည် လေးစားခံထိုက်ကြောင်း လူကာရှန်ကိုက ပြောသည်။
ဆိုဗီယက်ခေတ်မှစ၍ ယနေ့အထိအကြောင်းအရာများကို အတွေ့အကြုံရှိသူများသည် လက်ရှိတွင် အနည်းငယ် သာ ရှိတော့ကြောင်း၊ ထိုသူများသည်တန်ဖိုးရှိသူများဖြစ်ကြောင်းလည်း လူကာရှန်ကိုက ဆက်လက် ပြောကြားခဲ့ သည်။
Source:တာ့စ်သတင်းဌာန
- By CNI
- Category: နိုင်ငံရေး
- Hits: 301
CNI International News
မော်စကို၊ ဖေဖော်ဝါရီ ၁၄
ရုရှားနှင့်ပဋိပက္ခအတွင်း ပါဝင်နေရသော ယူကရိန်းလူမျိုးများသည် အမေရိကန်တို့ မလုပ်လိုသော ညစ်ပတ်သည့် အလုပ်များကို လုပ်ဆောင်နေရသည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဟောင်း မတ်ခ်အက်စ်ပါ (Mark Esper) က ပြောကြောင်း တာ့စ်သတင်းတွင် ဖော်ပြထားသည်။
ရုရှားလူပြက်နှစ်ဦးဖြစ်သူ ဗလာဒီမာ ကတ်ဇ်နတ်ဆော့ဗ် (Vladimir Kuznetsov) ၊ အလက်ဇီ စတိုယာရော့ဗ် (Alexey Stolyarov) နှင့် တွေ့ဆုံစဉ် ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။
လူပြက်နှစ်ဦးသည် ယူကရိန်းသမ္မတဟောင်း ပီတာပိုရိုရှန်ကို (Petr Poroshenko) ကိုယ်စား အက်စ်ပါကို ခေါ်ယူ ခဲ့ခြင်းဖြစ်ကာ ယူကရိန်းပဋိပက္ခအတွင်း အမေရိကန်၏ ပါဝင်နှင့်ပတ်သက်၍ ၎င်း၏ သဘောထားအမြင်ကို မေးမြန်းခဲ့သည်။
ဘိုင်ဒန်နဲ့ဇာလန်းစကီးကိုတွေ့ရစဉ်(GETTY IMAGES)
အက်စ်ပါက အမေရိကန်တို့ မလုပ်ချင်သည့် ညစ်ပတ်သော အလုပ်များကို ယူကရိန်လူမျိုးများ လုပ်ဆောင်နေရ ကြောင်း၊ ထို့ကြောင့် ယူကရိန်းကို ခဲယမ်းနှင့်လက်နက် သို့မဟုတ် နည်းပညာစသော ၎င်းတို့ လိုချင်သည် များကို ဆက်လက် ထောက်ပံ့ပေးသင့်ကြောင်း ဖြေကြားခဲ့သည်။
အာဖရိက အပါအဝင် ရုရှား၏ လွှမ်းမိုးမှု ကျယ်ပြန့်လာခြင်းသည် အမေရိကန်အတွက် ပြဿနာ ဖြစ်စေသည် ဟုလည်း ၎င်းက ပြောသည်။
ယူကရိန်းသို့ လက်နက်များ ထောက်ပံ့နေရခြင်းကြောင့် အမေရိကန်၏ နည်းပညာများ တခြားသူများလက်တွင်း သို့ ရောက်ရှိသွားမည်ကို စိုးရိမ်မိသည်ဟုလည်း ပင်တဂွန် အကြီးအကဲဟောင်းက ပြောသည်။
အမေရိကန်၏ စစ်ဘက်ဆိုင်ရာ နည်းပညာများ ရန်ဘက် နိုင်ငံများထံသို့ မရောက်ရှိရေး သေချာအောင် ဆောင်ရွက်ရမည်ဟု အက်စ်ပါက အခိုင်အမာ ပြောကြားခဲ့သည်။
Source: တာ့စ်
- By CNI
- Category: Watch TV
- Hits: 224
Page 11 of 136