CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
အန်ဝါနဲ့ ပရာယွတ်ကိုတွေ့ရစဉ်(GETTY IMAGES)

မြန်မာ့အရေး ပိုမိုတက်ကြွစွာလုပ်ရန် ထိုင်းကို မလေးရှားဝန်ကြီးချုပ် တိုက်တွန်း

By CNI
CNI
Category: နိုင်ငံရေး
Hits: 1343

CNI International News

ဘန်ကောက်၊ဖေဖော်ဝါရီ ၁၁

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် နိုင်ငံရေးပဋိပက္ခ ဖြေရှင်းရေးတွင် ပိုမိုတက်ကြွစွာ ပါဝင်ဆောင်ရွက်ရန် မလေးရှား ဝန်ကြီးချုပ် အန်ဝါအီဗရာဟင်(Anwar Ibrahim)က ထိုင်းနိုင်ငံကို တိုက်တွန်းခဲ့သည်ဟု ဘန်ကောက်ပို့ သတင်းတွင် ဖော်ပြ ထားသည်။

၎င်းက မြန်မာ့အရေးနှင့် ပတ်သက်ရာတွင် ထိုင်းနိုင်ငံကဲ့သို့ တိုက်ရိုက်ထိစပ်နေသော အိမ်နီးချင်းများက ထုတ်ဖော် ပြောဆိုခြင်း နည်းပါးနေချိန်၌ တခြားသော ရေကြောင်းအရ ထိစပ်နေသည့် အရှေ့တောင်အာရှ နိုင်ငံများက ဒုက္ခ သည် ပြဿနာကို ဖြစ်စေသည့် မြန်မာပဋိပက္ခအပေါ် ပိုမိုအာရုံစိုက် ထုတ်ဖော်ပြောဆိုလျက် ရှိနေသည့် အနေ အထားကိုလည်း ပိုမိုပေါ်လွင် လာစေသည်။

အခြားသော အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့်အတူ ထိုင်းနှင့်မလေးရှားတို့သည် မြန်မာနိုင်ငံတွင်းမှ ပြဿနာများကို အနည်းဆုံး လျော့နည်းသွားစေရန် အရှိန်မြှင့် ဆောင်ရွက်သင့်ကြောင့် အန်ဝါက ပြောသည်။

ဘန်ကောက်မြို့တွင် ထိုင်းဝန်ကြီး ချုပ်ပရာယွတ် (Prayut) နှင့် တွေ့ဆုံခဲ့ပြီးနောက် ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ပရာယွတ်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်(GETTY IMAGES)

မလေးရှားဝန်ကြီးချုပ်သည် ပြီးခဲ့သည့်နှစ်က အာဏာရရှိခဲ့ပြီးနောက် ပထမဆုံးသော တရားဝင် ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

မြန်မာ့ပြည်တွင်းရေးကို ပြည်တွင်း၌သာ ဖြေရှင်းရမည်ဖြစ်သော်လည်း ယင်းက ဒေသတွင်း နိုင်ငံများအတွက် အကျိုးဆက်များ ဖြစ်စေသည့် စိုးရိမ်မှုများကို ဖော်ပြရန် အကောင်းဆုံး အခြေအနေတွင် ရှိနေသည်ဟု အန်ဝါက ပူးတွဲသတင်းစာ ရှင်းလင်းပွဲ၌ ပရာယွတ်ကို ပြောကြားခဲ့သည်။

ယင်းက မြန်မာအရေးနှင့်ပတ်သက်၍ တိုက်ရိုက် အကျဆုံး ထောက်ပြမှုလည်း ဖြစ်သည်။

အန်ဝါ၏ ပြောဆိုမှုကို ပရာယွတ်ဘက်က တိုက်ရိုက် တုန့်ပြန်ပြောဆိုမှု လုပ်ဆောင်ခဲ့ခြင်းမရှိဘဲ နောက်ပိုင်းတွင်မှ “အားလုံးဟာ မိသားစု ဖြစ်ပြီး ကျေးဇူးတင်ပါတယ်၊ မိတ်ဆွေကြီး”ဟု တုန့်ပြန်ပြောဆို သွားခဲ့သည်။

ဒီမိုကရေစီအရေးတောင်းဆိုနေကြစဉ်(ဖရွန်တီးယားမြန်မာ)

၂၀၂၁ အရပ်သားအစိုးရကို ဖယ်ရှားပြီးချိန်မှ စတင်ကာ နစကသည် သဘောထား မတိုက်ဆိုင်သူများကို နှိမ်နင်း လျက်ရှိသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပဋိပက္ခများတွင် လူပေါင်း ၃၀၀၀ နီးပါး သေဆုံးခဲ့ရပြီး ခန့်မှန်းခြေ လူပေါင်း ၇၂၀၀၀ နီးပါးသည်လည်း ထိုင်း၊ မလေးရှား၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရသည်။

နစကသည် အရေးပေါ်ကာလကို ခြောက်လ တိုးမြှင့် သတ်မှတ်ခဲ့ခြင်းကြောင့် သြဂုတ်လတွင် လျာထားသည့် ရွေးကောက်ပွဲကို ကြန့်ကြာသွားဖွယ်ရှိသည်။

အမေရိကန်နှင့် မဟာမိတ်များက မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများကို ပိုမိုပြုလုပ်ချိန်တွင် အရေးပါသော ကာလကို သက်တမ်းတိုး ခဲ့ခြင်းဖြစ်သည်။

မလေးရှားတွင် ဒုက္ခသည် ၂၀၀၀၀၀ နီးပါးရှိပြီး အများစုမှာ မြန်မာလူမျိုးများ ဖြစ်သည်ဟု အန်ဝါက ပြောသည်။

သေးငယ်သော အရွယ်အစားအရ မလေးရှားသည် ကန့်သတ်ချက်များကို ချမှတ်ထားကာ ဒုက္ခသည် အရေအတွက် များပြားလာချိန်တွင် အရင်းအမြစ်ဆုံးရှုံးမှု သို့မဟုတ် လူသားချင်း စာနာမှုဆိုင်ရာ စိုးရိမ်မှုများကို ထိထိရောက် ရောက် ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ဟုလည်း ပြောသည်။

Source: ဘန်ကောက်ပို့စ်

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဒီမိုကရေစီကို အကြမ်းဖက်နည်းလမ်းဖြင့် ရယူရန်လုပ်နေဟု တပ်ချုပ်ပြော

By CNI
CNI
Category: Watch TV
Hits: 761

Share
Tweet
Share
Share
powered by social2s

အကြီးစားစစ်ရေးပြပွဲတွင် ကင်ဂျုံအန်းက သမီးနှင့် နျူကလီးယားဒုံးကျည်သစ်များကို ထုတ်ပြ

By CNI
CNI
Category: Watch TV
Hits: 742

Share
Tweet
Share
Share
powered by social2s

နိုင်ငံတစ်ဝန်းမပြိုင်ပါက အမျိုးသားနှင့်ပြည်သူ့လွှတ်တော် ပြိုင်ခွင့်မရဟု သတင်းထွက်

By CNI
CNI
Category: Watch TV
Hits: 734

Share
Tweet
Share
Share
powered by social2s
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးကိုတွေ့ရစဉ်

နိုင်ငံတစ်ဝန်းမပြိုင်လျှင် အမျိုးသားနှင့်ပြည်သူ့လွှတ်တော် ပြိုင်ခွင့်မရှိက မဟုတ်ဟု UEC ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1327

CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀

နိုင်ငံအဝန်းပြိုင်မည်ဟု မှတ်ပုံမတင်သည့် နိုင်ငံရေးပါတီများ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရှိ အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိဆိုသော သတင်းမှာ သတင်းအမှား သာဖြစ်ပြီး မဲဆန္ဒနယ်အားလုံးတွင် ဥပဒေနှင့်အညီ ယှဉ်ပြိုင်ခွင့်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC)က CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် နိုင်ငံရေးပါတီများကြားမှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုမှာပဲ ဝင်ရောက် ယှဉ်ပြိုင်ပါက ထိုဒေသအတွင်းရှိ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များအား ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရ ဘူးဟု သတင်းများ ထွက်ပေါ်နေသည်။

အဆိုပါ သတင်းမှာ မှားယွင်းကြောင်း၊ မှတ်ပုံတင်ထားသည့် ပါတီတစ်ခုအနေဖြင့် အဆိုပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း အကျုံးဝင်သည့် မဲဆန္ဒနယ်များကို ဥပဒေနှင့်အညီ ပါဝင်ယှဉ်ပြိုင်ခွင့်ရှိ ကြောင်း UEC က ပြောသည်။

UEC နဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံစဉ်

၎င်းက “ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးဆောင်ရွက်မည်ဖြစ်ကြောင်း မှတ်ပုံ တင်ထားသည့် ပါတီတစ်ခုအနေဖြင့် အဆိုပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း အကျုံးဝင် သည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒ နယ်များအားလုံးတွင် ဥပဒေနှင့်အညီ ပါဝင်ယှဉ်ပြိုင်ခွင့် ရှိပါကြောင်း ဖြေကြားအပ်ပါသည်”ဟု CNI သတင်းဌာန သို့ ပြောသည်။

ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး တစ်ခုတွင်သာ ဝင်ပြိုင်သည့် နိုင်ငံရေးပါတီများ အနေဖြင့် အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်မှာ ပြိုင်ခွင့် မရဟုဆိုသည့် သတင်းမှာ မဟုတ်ကြောင်း ဖက်ဒရယ်ဒီမိုကရက် တစ်ပါတီမှ ဒေါ်ချိုချိုကျော်ငြိမ်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ရပါတယ်၊ ရပါတယ်၊ မေးကြည့်ပြီးပါပြီ။ ရပါတယ်၊ အန်တီ UEC ရောက်တယ်လေ၊ တနေ့က UEC ရောက်လို့ မှတ်ပုံတင်ခဲ့တယ်၊ အဲဒီမှာ မေးခဲ့တယ်၊ တိုင်းဒေသကြီးက အမျိုးသားနဲ့ ပြည်သူ့လွှတ်တော် မဟုတ် ပါဘူး ဆရာမတဲ့ ရပါတယ် ပြောတယ်၊ အန်တီလည်း ကြားလို့ မေးလိုက်တယ်၊ မေးလိုက်တော့ သူတို့က မဟုတ် ပါဘူးတဲ့၊ ပြိုင်လို့ရပါတယ်တဲ့ အဲဒီလို ပြောတာ၊ UEC ထက်တော့ ဘယ်သူက ပိုသေချာမလဲနော်” ဟု ပြောသည်။

ထို့နောက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၂၆ အရ ပါတီတစ်ခုသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီအဖြစ် မှတ်ပုံတင်ထားပြီးမှ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့် ပါတီအဖြစ် မှတ်ပုံတင်ထားပြီးမှ ပြည်ထောင်စု တစ်ဝန်းလုံးတွင် စည်းရုံးမည့် ပါတီအဖြစ် ပြောင်းလဲ မှတ်ပုံတင်လိုလျှင် ဖြစ်စေ၊ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့် ပါတီအဖြစ် မှတ်ပုံတင်ထားပြီးမှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီအဖြစ် ပြောင်းလဲ မှတ်ပုံတင်လိုလျှင် ဖြစ်စေ ယင်းပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်မှတ်တမ်းနှင့်အတူ ပုံစံ(င)နှစ်စုံ ပူးတွဲ၍ ကော်မရှင်သို့ တင်ပြလျှောက်ထားနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ပြော သည်။

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

ကုလလူ့အခွင့်အရေးအဖွဲ့ ခေါင်းဆောင်ကို မာလီအစိုးရ နှင်ထုတ်

By CNI
CNI
Category: Watch TV
Hits: 741

Share
Tweet
Share
Share
powered by social2s

ထိုင်းစစ်သားများက မွေထိုင်းရိုးရာကကွက်ဖြင့် ကမ္ဘာ့စံချိန်သစ် ရရန် ရည်ရွယ်ထား

By CNI
CNI
Category: Watch TV
Hits: 1060

Share
Tweet
Share
Share
powered by social2s
ချေချင်းညာခေါင်းဆောင် ရမ်ဇန်ရာဒီရော့ဗ်ကိုတွေ့ရစဉ်

၂၀၂၃ မကုန်ခင် ရုရှားအနိုင်ရလိမ့်မည်ဟု ချေချင်းညာခေါင်းဆောင်ပြော

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 5194

CNI International News

ဂရို့ဇ်နီ၊ ဖေဖော်ဝါရီ ၈

ယူကရိန်းတွင် လုပ်ဆောင်နေသော ရုရှား၏ အထူးစစ်ဆင်ရေးသည် ယခုနှစ် နှောင်းပိုင်းမတိုင်ခင် ပြီးဆုံးသွားလိမ့် မည်ဟု ချေချင်းညာခေါင်းဆောင် ရမ်ဇန် ရာဒီရော့ဗ် (Ramzan Kadyrov) က ပြောကြောင်း တာ့စ်သတင်းတွင် ဖော်ပြထားသည်။

မြောက်ပိုင်း ကော့ကေးဆတ် (North Caucasian) ၏ အမျိုးသားမူဝါဒ၊ နိုင်ငံခြားရေးရာ၊ သတင်းအချက်အလက် ဝန်ကြီး အက်ခ်မက် ဒူဒီအက်ဗ် (Akhmed Dudyaev) နှင့် အင်တာဗျူးတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယူကရိန်းစစ်ပွဲ ရှေ့တန်းတစ်နေရာကိုတွေ့ရစဉ်

ဥရောပနှင့် ဥရောပမှ တိုက်ပွဲများ မည်သည့်အချိန်တွင် ပြန်စလာနိုင်လဲဟု မေးမြန်းခဲ့ရာ ကာဒီရော့ဗ်က အထူး စစ်ဆင်ရေးသည် ယခုနှစ် မကုန်ဆုံးခင် အဆုံးသတ် သွားမည်ဖြစ်ကြောင်း၊ ဥရောပနိုင်ငံများသည် ၎င်းတို့ မှားသည် ဟု ဝန်ခံလာကြောင်း၊ အနောက်အုပ်စုလည်း ဒူးထောက်ရမည်ဖြစ်ကြောင်း၊ ဥရောပ နိုင်ငံများသည် ယခင်အတိုင်း ရုရှားနှင့် လာရောက် ပူးပေါင်းရမည်ဖြစ်ကြောင်း၊ ၎င်းတို့တွင် တခြားရွေးချယ်စရာ ရှိလိမ့်မည် မဟုတ်ကြောင်း ချေချင်းညာခေါင်းဆောင် ရမ်ဇန် ရာဒီရော့ဗ်က ပြန်လည်ဖြေကြားခဲ့သည်။

ရုရှားသည် ယူကရိန်းကို နေတိုးအုပ်စုအတွင်း ဝင်ရောက်မည်ကို လက်မခံရာကနေ အငြင်းပွား၍ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင်း စတင် ကျူးကျော်တိုက်ခိုက်လာခဲ့ရာ ယခု တစ်နှစ်ပြည့်တော့မည်ဖြစ်သည်။

အဆိုပါ စစ်ပွဲတွင် ချေချင်းညာ စစ်သားများသည် ရုရှားဘက်ကနေ တိုက်ခိုက်ပေးလျက်ရှိသည်။ ထို့နောက် ချေချင်းညာ ခေါင်းဆောင်က ယခုနှစ်ကုန်တွင် ယူကရိန်းစစ်ပွဲကို အဆုံးသတ်၍ ရုရှားအနိုင်ယူလိမ့်မည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

Source: တာ့စ်

 

 

 

Share
Tweet
Share
Share
powered by social2s

အိန္ဒိယ၏ လေယာဉ်တင်သင်္ဘောက အင်ဒို-ပစိဖိတ်မဟာဗျူဟာအတွက် အရေးပါလာ

By CNI
CNI
Category: Watch TV
Hits: 1099

Share
Tweet
Share
Share
powered by social2s

တရုတ်က မြန်မာကို ဟောင်ကောင်ပုံစံ ကျင့်သုံးစေချင်ပုံပဲ

By CNI
CNI
Category: Watch TV
Hits: 804

Share
Tweet
Share
Share
powered by social2s

မြန်မာ့နိုင်ငံ‌ရေးထွက်ပေါက်ကို မြန်မာတွေပဲ အဖြေရှာရမှာဟု ပြော

By CNI
CNI
Category: Watch TV
Hits: 758

Share
Tweet
Share
Share
powered by social2s

ဇာလန်းစကီးကို မသတ်ပါဟု ပူတင်က ကတိပေးကြောင်း အစ္စရေးဝန်ကြီးချုုပ်ဟောင်း ပြော

By CNI
CNI
Category: Watch TV
Hits: 728

Share
Tweet
Share
Share
powered by social2s

မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ ဘာတွေလိုအပ်နေလဲ

By CNI
CNI
Category: Watch TV
Hits: 758

Share
Tweet
Share
Share
powered by social2s

သမ္မတဟောင်းဘော်ဆိုနာရို အာဏာသိမ်းရန်ကြံစည်ခဲ့ဟု သမ္မတသစ် လူလာစွပ်စွဲ

By CNI
CNI
Category: Watch TV
Hits: 759

Share
Tweet
Share
Share
powered by social2s

ဆူဒန်၊ လစ်ဗျားတို့မှ ရုရှားကြေးစားစစ်သားများကို နှင်ထုတ်ရန်အမေရိကန် ကြိုးပမ်း

By CNI
CNI
Category: Watch TV
Hits: 763

Share
Tweet
Share
Share
powered by social2s

ယီမင်သို့ပို့မည့် ရိုင်ဖယ်နှင့်ဒုံးကျည်များကို ပြင်သစ်ရေတပ်က ဖမ်းမိ

By CNI
CNI
Category: Watch TV
Hits: 727

Share
Tweet
Share
Share
powered by social2s
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18
  • 19

Page 15 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar