CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ယူကရိန်းတွင် ဗြိတိန်ကုမ္ပဏီများ လက်နက်ထုတ်လုပ်ဖွယ်ရှိဟု ဆို

By CNI
CNI
Category: Watch TV
Hits: 755

Share
Tweet
Share
Share
powered by social2s
ရခိုင်အမျိုးသားပါတီ(ANP) လူထုစည်းရုံးရေးလုပ်နေစဉ်

မည်သည့်ပုံစံဖြင့် ပါတီမှတ်ပုံတင်ရမည်ကို မဆုံးဖြတ်ရသေးဟု ANP ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1612

CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများ ထွက်ရှိလာပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ မည်သည့်ပုံစံဖြင့် မှတ်ပုံတင်ရမည်ကို မဆုံးဖြတ်ရသေးကြောင်း ရခိုင်အမျိုးသားပါတီ(ANP)မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။

ANP ပါတီ အနေဖြင့် ယခင်က နိုင်ငံတစ်ဝန်း ဝင်ပြိုင်သည့် ပါတီအဖြစ် မှတ်ပုံတင်ခဲ့ကြောင်း၊ လက်ရှိ နစက ထုတ်ပြန်သည့် ဥပဒေများအရ နိုင်ငံတစ်ဝန်း ဝင်ပြိုင်နိုင်သည့် အနေအထား မရှိတော့ကြောင်း ၎င်းက ပြောသည်။

ဦးသာထွန်းလှက “မြန်မာနိုင်ငံမှာ ရှိတဲ့၊ ဗမာလူမျိုးကလွဲလို့ ကျန်တဲ့ တိုင်းရင်းသားလူမျိုးတွေကို ပြည်ထောင်စု နိုင်ငံတစ်ဝှမ်းလုံးကို စည်းရုံးလှုပ်ရှားခွင့် ခွင့်မပြုဘူးဆိုတဲ့ သဘောမျိုး အခုထုတ်ပြန်တဲ့ နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေက အဲဒီလို အဓိပ္ပာယ်မျိုး သက်ရောက်သွားတဲ့သဘော ဖြစ်နေတယ်၊ အဲဒါကြောင့် လောလောဆယ်မှာ ကျနော်တို့ ပါတီအနေနဲ့ ဘယ်လိုပုံစံမျိုး မှတ်ပုံတင်ရမယ်ဆိုတာတောင်မှ ကျနော်တို့က ဘာမှ တိတိကျကျ ကျနော်တို့ ဆုံးဖြတ်ချက်ချထားတာ လောလောဆယ်အချိန်ထိ ကျနော်တို့ မရှိသေးဘူး” ဟု ပြောသည်။

ဦးသာထွန်းလှကိုတွေ့ရစဉ်

ယခင်‌ရွေးကောက်ပွဲများတွင် ဝင်ပြိုင်ခဲ့သည့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ဧရာဝတီတိုင်းဒေသ ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ပါတီရုံးခန်းများ ဖွင့်လှစ်နိုင်ခဲ့လျှင်တောင် မြန်မာနိုင်ငံ၏ မဲဆန္ဒနယ် တစ်ဝက်ကို ပါတီရုံးခန်း ဖွင့်ရမည်ဆိုသည့်အတွက် အဆိုပါ ရုံးခန်းများဖြင့် မလုံလောက်ကြောင်း ၎င်းက ပြောသည်။

ထို့နောက် မွန်ညီညွတ်ရေးပါတီ (MUP) အနေဖြင့်လည်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ဝင်ရောက် ယှဉ်ပြိုင်မှုများ ရှိခဲ့ခြင်းကြောင့် နစက ထုတ်ပြန်ခဲ့သည့် ဥပဒေ၊ နည်းဥပဒေများမှာ မိမိတို့ပါတီအတွက် အခက်အခဲဖြစ်နေကြောင်း ဖေဖော်ဝါရီ အစောပိုင်းက CNI ကို ပြောကြား ထားသည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုအတွင်း၌သာ စည်းရုံးဆောင်ရွက်မည်ဖြစ်ကြောင်း မှတ်ပုံတင်ထား သည့် နိုင်ငံရေးပါတီ တစ်ခုအနေဖြင့် အခြား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် စည်းရုံးဆောင်ရွက် ခွင့်နှင့် မဲဆန္ဒနယ်များ၌ ပါဝင်ယှဉ်ပြိုင်ခွင့်များ မရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)က CNI သတင်းဌာနသို့ ပြောကြားထားသည်။

UEC ဥက္ကဋ္ဌ ဦးသိန်းစိုး နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဉပဒေ လက်မှတ်ထိုးနေစဉ် 

လက်ရှိ တိုင်းပြည်၏ အခြေအနေမှာ သာမန်အချိန်မဟုတ်ဟု ဆုံးဖြတ်သည့် အဖွဲ့အစည်းက ယခုကဲ့သို့ ဥပဒေ၊ နည်းဥပဒေများ ထုတ်ပြန်သင့်သည့်အချိန်မဟုတ်ဟု ဦးသာထွန်းလှက ပြောသည်။

၎င်းက “ဥပဒေနည်းဥပဒေထုတ်တဲ့ အချိန်အခါက ဒီဥပဒေထုတ်ပြန်သင့်တဲ့ အချိန်မဟုတ်ဘူးလို့ ကျနော်က အဲဒီလို မြင်တယ်၊ အဲဒါကြောင့် ဥပဒေထုတ်ပြန်တဲ့ အဖွဲ့အစည်းကိုယ်တိုင်က မြန်မာနိုင်ငံမှာ သာမန်အချိန် မဟုတ်ဘူးဆို တာလည်း ဆုံးဖြတ်ခဲ့တဲ့၊ သုံးသပ်ခဲ့တဲ့၊ တင်ပြခဲ့တဲ့ အဖွဲ့အစည်းဖြစ်နေတယ်၊ အဲဒါကြောင့် လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေအရ ပြောမယ်ဆိုရင် ဒီဥပဒေ‌တွေ ထုတ်ပြန်တာက ဥပဒေထုတ်ပြန်သင့်တဲ့ အချိန်အခါ မဟုတ်ဘူးလို့ပဲ ကျ‌နော် အဲဒီလို မြင်တယ်လို့ ပြောလိုတယ်” ဟု ပြောသည်။

အဆိုပါ ဥပဒေများတွင် နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်လိုပါက ဥပဒေစတင် ပြဋ္ဌာန်းသည့် နေ့ရက်မှ စ၍ ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်သို့ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လျှောက်ထားရမည်ဖြစ်ကြောင်း၊ ထို သတ်မှတ်ရက်အတွင်း လျှောက်ထားခြင်း မရှိပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျှောက် ပျက်ပြယ်ပြီး ဖြစ် ကြောင်း နစကမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်မှာ ထုတ်ပြန်ခဲ့သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝန်ဘင်းကိုတွေ့ရစဉ်(AP)

မိမိပိုင်နက်ထဲသို့ အမေရိကန်၏ မိုးပျံပူဖောင်းများရောက်ခဲ့ဟု တရုတ်ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1281

CNI International News

ဘေဂျင်း၊ ဖေဖော်ဝါရီ ၁၄

ပြီးခဲ့သည့် နှစ်အတွင်း၌ အမေရိကန်မှ မိုးပျံပူဖောင်း ၁၀ လုံးကျော်သည် ခွင့်ပြုချက်မရှိဘဲ တရုတ်လေပိုင်နက် အတွင်းသို့ ရောက်ရှိလာခဲ့သည်ဟု တရုတ်ဘက်က တနင်္လာနေ့တွင် ပြောခဲ့ကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။

တရုတ်သည် ကမ္ဘာတစ်ဝန်းလုံးသို့ ထောက်လှမ်းရေးပူဖောင်းများ လွှတ်တင်ခဲ့သည်ဟု အမေရိကန် ဘက်က စွပ်စွဲခဲ့ပြီးနောက် ထိုသို့ ပြန်လည် ချေပခဲ့ခြင်း ဖြစ်သည်။

သို့သော် အမေရိကန်ဘက်က တရုတ်သို့ မည်သည့် ထောက်လှမ်းရေး ပူဖောင်းကိုမှ စေလွှတ်ခြင်း မရှိခဲ့ကြောင်း ငြင်းဆိုသည်။

တရုတ်၏ စွပ်စွဲမှုသည် တရုတ်စပိုင် ပူဖောင်းဟု သံသယရှိသည့် အရာတစ်ခုကို အမေရိကန်ဘက်က ပစ်ချ လိုက်ပြီးနောက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ထိုဖြစ်ရပ်ကြောင့် တင်းမာမှုများစွာ ရှိနေသော နှစ်နိုင်ငံ ဆက်ဆံရေးအတွင်း ပဋိပက္ခသစ်တစ်ခု ပေါ်ပေါက်ခဲ့ ရသည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး အန်တိုနီ ဘလင်ကင်ကိုတွေ့ရစဉ်(AP)

တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝန်ဘင်း (Wang Wenbin) စွပ်စွဲခဲ့သော အမေရိကန်ပူဖောင်းများကို မည်သို့လုပ်ဆောင်ခဲ့ကြောင်း၊ ထိုမိုးပျံပူဖောင်းများသည် အစိုးရ သို့မဟုတ် စစ်တပ်နှင့်ဆက်စပ်မှု တစ်စုံတစ်ရာ ရှိ မရှိဆိုသည့် အသေးစိတ် အချက်အလက်များကိုတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။

အမေရိကန်အနေဖြင့် ထိပ်တိုက် တွေ့ဆုံမှုဖြစ်ရန် ဆွပေးခြင်းထက် မိမိကိုယ် မိမိ ပြန်လည်သုံးသပ် ဆင်ခြင်သင့် သည်ဟု ဝမ်က ပြောသည်။

အမေရိကန်ဘက်က ပစ်ချခဲ့သော ပူဖောင်းသည် မိုးလေဝသဆိုင်ရာ လေ့လာမှု လုပ်ဆောင်သည့် အရာဖြစ် ကြောင်း၊ ယင်းသည် လမ်းကြောင်းမှားကာ အမေရိကန်သို့ ရောက်ရှိသွားခဲ့ကြောင်း တရုတ်ဘက်က ပြောသည်။

အမေရိကန်သည် ပူဖောင်း ဖြစ်ရပ်ကို လွန်ကဲစွာ လုပ်ဆောင်ခဲ့ကာ ယင်းအတွက် တုန့်ပြန်မှု လုပ်ဆောင်သွား မည်ဟုလည်း တရုတ်ဘက်က ခြိမ်းခြောက်ထားသည်။

အမေရိကန်အစိုးရက တရုတ်ဘက်သို့ ထောက်လှမ်းရေး ပူဖောင်းများ စေလွှတ်သည် ဆိုခြင်းသည် မှားယွင်း ကြောင်း အမေရိကန်အမျိုးသား ကာကွယ်ရေးကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဝပ်ဆန် (Watson) က တနင်္လာနေ့တွင် တုန့်ပြန်ခဲ့သည်။

 မိုးပျံပူဖောင်းကိုတွေ့ရစဉ်(GETTY IMAGES) 

တရုတ်နိုင်ငံသာလျှင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့် ချိတ်ဆက်ကာ ထောက်လှမ်းရေး မိုးပျံပူဖောင်း အစီအစဉ်ကို လုပ်ဆောင်ခဲ့ကြောင်း၊ ၎င်းတို့သည် အမေရိကန် အပါအဝင် တိုက်ကြီးငါးတိုက်မှ နိုင်ငံပေါင်း ၄၀ ကျော်၏ အချုပ်အခြာအာဏာကို ချိုးဖောက်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ဝပ်ဆန်က ပြောသည်။

မိုးပျံပူဖောင်း ဖြစ်ရပ်ကြောင့် အမေရိကန် ကာကွယ်ရေးဝန်ကြီး အန်တိုနီ ဘလင်ကင်(Antony Blinken) ၏ တရုတ်ခရီးစဉ်ကို ဖျက်သိမ်းခဲ့သည်။

ထိုခရီးစဉ်သည် ထိုင်ဝမ်အရေး၊ ကုန်သွယ်ရေး၊ လူ့အခွင့်အရေးနှင့် အငြင်းပွားနေသော တောင်တရုတ် ပင်လယ် အတွင်း တရုတ်၏ ခြိမ်းခြောက်သော လုပ်ရပ်များနှင့်ပတ်သက်၍ နှစ်နိုင်ငံကြား တင်းမာမှုများကို ဖြေလျော့စေ လိမ့်မည်ဟု မျှော်လင့်ခဲ့သော ခရီးစဉ်လည်း ဖြစ်သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဘယ်လာရုစ်သမ္မတ လူကာရှန်ကို(ဓါတ်ပုံ-တာ့စ်)

ယူကရိန်းအတွက် ဘုံမူဝါဒတစ်ခု ဖော်ဆောင်ရန် CSTO နိုင်ငံများကို လူကာရှန်ကို တိုက်တွန်း

By CNI
CNI
Category: နိုင်ငံရေး
Hits: 1005

CNI International News

မင့်ခ်၊ ဖေဖော်ဝါရီ ၁၄

စုပေါင်းလုံခြုံရေးသဘောတူညီချက်အဖွဲ့အစည်း (CSTO)၏ အတွင်းရေးမှူးချုပ် အီမန်ဂါလီ တက်စ်မန် ဂမ်ဘီ တော့ဗ် (Imangali Tasmagambetov)နှင့် တနင်္လာနေ့ တွေ့ဆုံရာတွင် ဘယ်လာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကို (Alexander Lukashenko) က အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် ယူကရိန်း ပဋိပက္ခကြောင့်ဖြစ်မည့်အရာများအတွက် မူဝါဒတစ်ခုချမှတ်ရန် တောင်းဆိုခဲ့သည်ဟု BeITA သတင်းတွင် ဖော်ပြသည်။

ယူကရိန်းပဋိပက္ခက ကိုယ်နှင့်မဆိုင်ဟုယူဆလျှင် မှားယွင်းလိမ့်မည်ဖြစ်ကြောင်း၊ ယင်းသည် နောက်တစ်ရက်တွင် ပင်ဖြစ်လာနိုင်ကြောင်း၊ ထို့ကြောင် ပြင်ဆင်ကာ သင့်တော်သောအနေအထားတွင် ရှိနေသင့်ကြောင်း လူကာရှန်ကို က ပြောသည်။ နိုင်ငံတော်အကျိုးစီးပွားနှင့် တခြားအရာများကို ထိခိုက်စေရမည်ဟု မဆိုလိုကြောင်း၊ သို့သော် မဟာမိတ်အဖွဲ့အတွင်း အားနည်းချက်များရှိနေချိန်တွင် အတူတကွ စုစည်းဆောင်ရွက်နိုင်ရေး မူဝါဒတစ်ခုကို ရှင်းရှင်းလင်းလင်း ချမှတ်သင့်ကြောင်း၊ အတူတကွဆောင်ရွက်ခြင်းသည် အလွယ်ကူဆုံးနှင့်အရိုးရှင်းဆုံးဖြစ် ကြောင်းလည်း ၎င်းကပြောသည်။

CSTO အဖွဲ့အတွင်း ညှိနှိုင်းမှုများရှိသင့်ကြောင်း လူကာရှန်ကိုက အခိုင်အမာပြောခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများ အားလုံး သည် အဖွဲ့အစည်းတစ်ခုအဖြစ် ဆောင်ရွက်နေသည်ဟု ဆိုသည်။ ယနေ့အချိန်တွင် ၎င်းတို့အတွက် စိန်ခေါ်မှု လုံလုံ လောက်လောက်ရှိနေပြီဟုလည်း ၎င်းက ပြောသည်။

CSTO အတွင်းရေးမှူးချုပ် ရာထူးကို မကြာသေးခင်က လွဲပြောင်းရယူခဲ့သော တက်စ်မန်ဂမ်ဘီတော့ဗ်အား ကြိုဆိုကာ ၎င်းတို့ချင်း ကာလရှည်ရင်းနှီးခဲ့သည်ဟု လူကာရှန်ကိုက ပြောသည်။ အတွေ့အကြုံရှိသူတစ်ဦးအဖြစ် ပြန်လည်တွေ့ဆုံရသည်ကို ဝမ်းသာကြောင်း၊ ၎င်းတို့သည် လူငယ်ကွန်မြူနစ်အဖွဲ့ တက်ကြွလှုပ်ရှားသူများအဖြစ် ဆောင်ရွက်ခဲ့ကာ နှစ်ဦးကြားရင်းနှီးနေသည့်အကြောင်းအရာရှိကြောင်း၊ တက်စ်မန်ဂမ်ဘီတော့ဗ်သည် ဘဝနှင့် ပတ်သက်သည့်အတွေ့အကြုံများစွာရှိကာ ယင်းသည် လေးစားခံထိုက်ကြောင်း လူကာရှန်ကိုက ပြောသည်။

ဆိုဗီယက်ခေတ်မှစ၍ ယနေ့အထိအကြောင်းအရာများကို အတွေ့အကြုံရှိသူများသည် လက်ရှိတွင် အနည်းငယ် သာ ရှိတော့ကြောင်း၊ ထိုသူများသည်တန်ဖိုးရှိသူများဖြစ်ကြောင်းလည်း လူကာရှန်ကိုက ဆက်လက် ပြောကြားခဲ့ သည်။

Source:တာ့စ်သတင်းဌာန

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
အမေရိကန်ကာကွယ်ရေးဝန်ကြီးဟောင်း မတ်ခ်အက်စ်ပါကိုတွေ့ရစဉ်(GETTY IMAGES)

အမေရိကန် မလုပ်လိုသည့် အလုပ်ကို ယူကရိန်းလုပ်နေရဟု ကာကွယ်ရေးဝန်ကြီးဟောင်းပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 983

CNI International News

မော်စကို၊ ဖေဖော်ဝါရီ ၁၄

ရုရှားနှင့်ပဋိပက္ခအတွင်း ပါဝင်နေရသော ယူကရိန်းလူမျိုးများသည် အမေရိကန်တို့ မလုပ်လိုသော ညစ်ပတ်သည့် အလုပ်များကို လုပ်ဆောင်နေရသည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဟောင်း မတ်ခ်အက်စ်ပါ (Mark Esper) က ပြောကြောင်း တာ့စ်သတင်းတွင် ဖော်ပြထားသည်။

ရုရှားလူပြက်နှစ်ဦးဖြစ်သူ ဗလာဒီမာ ကတ်ဇ်နတ်ဆော့ဗ် (Vladimir Kuznetsov) ၊ အလက်ဇီ စတိုယာရော့ဗ် (Alexey Stolyarov) နှင့် တွေ့ဆုံစဉ် ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။

လူပြက်နှစ်ဦးသည် ယူကရိန်းသမ္မတဟောင်း ပီတာပိုရိုရှန်ကို (Petr Poroshenko) ကိုယ်စား အက်စ်ပါကို ခေါ်ယူ ခဲ့ခြင်းဖြစ်ကာ ယူကရိန်းပဋိပက္ခအတွင်း အမေရိကန်၏ ပါဝင်နှင့်ပတ်သက်၍ ၎င်း၏ သဘောထားအမြင်ကို မေးမြန်းခဲ့သည်။

ဘိုင်ဒန်နဲ့ဇာလန်းစကီးကိုတွေ့ရစဉ်(GETTY IMAGES)

အက်စ်ပါက အမေရိကန်တို့ မလုပ်ချင်သည့် ညစ်ပတ်သော အလုပ်များကို ယူကရိန်လူမျိုးများ လုပ်ဆောင်နေရ ကြောင်း၊ ထို့ကြောင့် ယူကရိန်းကို ခဲယမ်းနှင့်လက်နက် သို့မဟုတ် နည်းပညာစသော ၎င်းတို့ လိုချင်သည် များကို ဆက်လက် ထောက်ပံ့ပေးသင့်ကြောင်း ဖြေကြားခဲ့သည်။

အာဖရိက အပါအဝင် ရုရှား၏ လွှမ်းမိုးမှု ကျယ်ပြန့်လာခြင်းသည် အမေရိကန်အတွက် ပြဿနာ ဖြစ်စေသည် ဟုလည်း ၎င်းက ပြောသည်။

ယူကရိန်းသို့ လက်နက်များ ထောက်ပံ့နေရခြင်းကြောင့် အမေရိကန်၏ နည်းပညာများ တခြားသူများလက်တွင်း သို့ ရောက်ရှိသွားမည်ကို စိုးရိမ်မိသည်ဟုလည်း ပင်တဂွန် အကြီးအကဲဟောင်းက ပြောသည်။

အမေရိကန်၏ စစ်ဘက်ဆိုင်ရာ နည်းပညာများ ရန်ဘက် နိုင်ငံများထံသို့ မရောက်ရှိရေး သေချာအောင် ဆောင်ရွက်ရမည်ဟု အက်စ်ပါက အခိုင်အမာ ပြောကြားခဲ့သည်။

Source: တာ့စ်

 

 

 

 

Share
Tweet
Share
Share
powered by social2s

ကနေဒါပိုင်နက်ရှိ ဆလင်ဒါပုံစံ အရာဝတ္တုတစ်ခုကို အမေရိကန် ပစ်ချ

By CNI
CNI
Category: Watch TV
Hits: 739

Share
Tweet
Share
Share
powered by social2s

နိုင်ငံတစ်ဝှမ်းထိန်းချုပ်ထားနိုင်သည့် မြို့ ၇၃ မြို့အထိရှိဟု NUG ပြော

By CNI
CNI
Category: Watch TV
Hits: 743

Share
Tweet
Share
Share
powered by social2s
NUG ယာယီသမ္မတဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ PDF ကိုတွေ့ရစဉ်

နိုင်ငံတစ်ဝှမ်းထိန်းချုပ်ထားနိုင်သည့် မြို့ ၇၃ မြို့အထိရှိဟု NUG ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 2098

CNI Nwes

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃

မြန်မာနိုင်ငံတစ်ဝှမ်း မြို့နယ်ပေါင်း ၁၅၈ မြို့နယ်မှာ အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းထားနိုင်ပြီး ၇၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားနိုင်သည့် မြို့ပေါင်းမှာလည်း ၇၃ မြို့အထိ ရှိနေပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောသည်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့က ကျင်းပသည့် NUG နှင့် တစ်ကမ္ဘာလုံးရှိ ပြည်သူလူထု၊ အွန်လိုင်းတွေ့ဆုံ မေးမြန်းပွဲတွင် NUG ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဌာနဝန်ကြီး ဦးလွင်ကိုလတ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးလွင်ကိုလတ်က “တိုင်းဒေသကြီးတွေ အားလုံးမှာတော့ လတ်တလော အခြေအနေမှာ ကျနော်တို့ ၁၅၈ မြို့နယ် မှာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ အဲဒီတော့ ဒီ ၁၅၈ မြို့နယ်က အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းတဲ့အခါမှာလည်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်းဒေသတွေမှာ မြို့တွေကို ကျနော်တို့က ၇၀ ရာခိုင်နှုန်းလောက် ထိန်းချုပ်ထားနိုင်တဲ့မြို့ စုစုပေါင်းဆိုလို့ရှိရင် ကျနော်တို့ ၇၃ မြို့လောက် ရှိပါပြီ” ဟု ပြောသည်။

ထို့အတူ ကျန်ရှိသည့် မြို့နယ်များတွင်လည်း အုပ်ချုပ်အဖွဲ့များ၏ နယ်မြေတိုးချဲ့မှုမှာ အရှိန်အဟုန် ရလာပြီ ဖြစ်ကြောင်း ၎င်းက ပြောသည်။

တပ်မတော်နဲ့ လက်နက်ကိုင်၊ PDF များလှုပ်ရှားနေတဲ့ နယ်မြေတပ် အညွန်းပြမြေပုံကိုတွေ့ရစဉ်(ISP)

စစ်ရေးကဏ္ဍက နယ်မြေများ တိုးချဲ့ရရှိလာသည်နှင့်အမျှ အုပ်ချုပ်မှုကဏ္ဍက အဆင်သင့် အုပ်ချုပ်မှုကို တည်ဆောက်နိုင်ရန် သက်ဆိုင်ရာ ဒေသခံများကို တတ်နိုင်သလောက် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက် နေကြောင်း ဦးလွင်ကိုလတ်က ပြောသည်။

NUG က ထိန်းချုပ်ထားသည့် မြို့နယ်များမှာ မည်ကဲ့သို့ ထိန်းချုပ်ထားသလဲဆိုတာ မေးခွန်းထုတ်စရာ ရှိကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ အောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒါတော့ မရှိပါဘူး။ ထိန်းချုပ်တယ်ဆိုတဲ့အဆင့် ဘာကိုလဲလို့ ကျနော်တို့က မေးရတော့မယ်၊ တောထဲ ကနေပြီး ထိန်းချုပ်တယ်ဆိုတာကတော့ ဒါကတော့ အစကတည်းက KNU ကလည်း သူ့ဟာသူ ထိန်းချုပ်ထားတာ ပဲလေ၊ KIA လည်း သူ့ဟာသူ ထိန်းချုပ်ထားတာရှိပါတယ်၊ ရှမ်းပြည်နယ်ထဲလည်း ကျန်တဲ့ RCSS တို့၊ SSPP တို့ ထိန်းချုပ်ထားတာတွေ ရှိတယ်လေ၊ ထိန်းချုပ်တယ်ဆိုတာက အဓိက ကျနော်တို့က ဒီနယ်တစ်နယ်လုံးရဲ့ အုပ်ချုပ် ရေး၊ လူမှုရေး၊ စီးပွားရေးအစ အားလုံးကို သူတို့ ထိန်းသိမ်းကွပ်ကဲပြီးတော့ လှမ်းနေတယ်ဆိုတဲ့ ဥစ္စာလေး၊ သဘော မျိုးတာ‌ ပြောလို့ရတာပေါ့။ အခုကတော့ ဘာမှ ပြောလို့မရသေးဘူး။ တောထဲမှာ နေပြီးတော့ အကြောက်တရားနဲ့ ဟိုဖြစ်ပြီးတော့ ပြောလို့ရတာပေါ့၊ အဲဒါတွေကတော့ ကျနော်တို့လည်း တွေ့ပါဘူး တစ်ခါမှ” ဟု ပြောသည်။

NUG ဝန်ကြီး သုံးဦးကိုတွေ့ရစဉ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မြန်မာ့တပ်တော်က အာဏာရယူပြီးနောက် ဆန့်ကျင်ဆန္ဒပြမှုနှင့်အတူ လက်နက်ကိုင် နွေဦးတော်လှန်‌ရေးကို ဒီမိုကရေစီအင်အားစုများမှ ဆင်နွှဲလျက်ရှိသည်။

လက်ရှိတွင်လည်း မြန်မာ့တပ်တော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့၊ ဒေသကာကွယ်‌ရေးတပ် (PDF) ပူးပေါင်းတပ်တို့အကြား ကရင်ပြည်နယ်၊ ကယား(ကရင်နီ)ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသ ကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှာ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဥရောပသည် ယူကရိန်း၏ ဇာတိဖြစ်သည်ဟု ဇာလန်းစကီး ပြော

By CNI
CNI
Category: Watch TV
Hits: 741

Share
Tweet
Share
Share
powered by social2s

မြန်မာ့အရေး ပိုမိုတက်ကြွစွာလုပ်ရန် ထိုင်းကို မလေးရှားဝန်ကြီးချုပ် တိုက်တွန်း

By CNI
CNI
Category: Watch TV
Hits: 844

Share
Tweet
Share
Share
powered by social2s

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ပဲ မှတ်ပုံတင်ထားရင် တခြားဒေသ ပြိုင်ခွင့်မရှိဟု UEC ပြော

By CNI
CNI
Category: Watch TV
Hits: 747

Share
Tweet
Share
Share
powered by social2s

မြန်မာ့နိုင်ငံရေးထွက်ပေါက်မှာ ပင်လုံစာချုပ်ထဲတွင်သာရှိဟု ပြော

By CNI
CNI
Category: Watch TV
Hits: 724

Share
Tweet
Share
Share
powered by social2s

အိုလံပစ်သပိတ်မှောက်မယ့် ခြိမ်းခြောက်မှုကို ရုပ်သိမ်းဖို့ ယူကရိန်းကို IOC ပြော

By CNI
CNI
Category: Watch TV
Hits: 709

Share
Tweet
Share
Share
powered by social2s

အမေရိကန်သမ္မတ ဘိုင်ဒန်ကို အကြမ်းဖက်သမားဟု ရုရှားလွှတ်တော်ဥက္ကဋ္ဌ ခေါ်

By CNI
CNI
Category: Watch TV
Hits: 745

Share
Tweet
Share
Share
powered by social2s

တိုက်ပွဲဝင်ရန် အမေရိကန်နှင့် အာရှမဟာမိတ်များ အဆင်သင့်ဖြစ်နေပြီဟု ပြော

By CNI
CNI
Category: Watch TV
Hits: 721

Share
Tweet
Share
Share
powered by social2s
ရုရှားဒုံးပျံတိုက်ခိုက်မှုအတွင်း လူများစုဝေးရာနေရာအဖြစ် အသုံးပြုထားသည့် မြေအောက်ရထားဘူတာရုံ တစ်ခုတွင် လူများစုဝေးနေထိုင်နေရစဉ်(ဓါတ်ပုံ-အေပီ)

ယူကရိန်းနိုင်ငံတစ်ဝန်းလုံးကို ရုရှားမှ ဒရုန်းများ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်မှုပြုလုပ်

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 5252

CNI International News

ကိယက်ဗ်၊ ဖေဖော်ဝါရီ ၁၁

ရုရှားတပ်များသည် သောကြောနေ့ အစောပိုင်းတွင် ဗုံးကြဲလေယာဉ်များ၊ ခရုစ်ဒုံးကျည်များနှင့် ဖောက်ခွဲရေး ဒရုန်းများအသုံးပြုကာ ယူကရိန်းနိုင်ငံတလွှား တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည်ဟု AP သတင်းတွင် ဖော်ပြသည်။

ရုရှားတပ်များသည် ကြာသပတေးနေ့ နှောင်းပိုင်းမှစတင်ကာ ခရုစ်ဒုံးကျည် ၇၁ လုံး၊ S-300 ဒုံးကျည် ၃၅ လုံးနှင့် Shahed ဒရုန်း ခုနစ်စင်းတို့ ပစ်လွှတ်ခဲ့သည်ဟု ယူကရိန်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဗဲလ်လာရီ ဇာလူဇီညီ (Valerii Zaluzhnyi ) က ပြောသည်။
ယူကရိန်းတပ်များက ခရုစ်ဒုံးကျည် ၆၁ လုံးနှင့် ဒရုန်းငါးစင်းကို ပစ်ချနိုင်သည်လည်း သိရသည်။ ရုရှား၏ တိုက်ခိုက် မှုများသည်မဖြစ်မနေ ရပ်တန့်ရမည့် အကြမ်းဖက်မှုဖြစ်သည်ဟု ယူကရိန်းသမ္မတ ဇာလန်းစကီး က ပြောသည်။ သမ္မတသည် ရုရှား၏ ကျူးကျော်မှုကို ကာကွယ်ရန် အနောက်အုပ်စုထံမှ ထောက်ပံ့မှုများ ပိုမိုရရှိရေးအတွက် စည်းရုံးမှုများ လုပ်ဆောင်လျက်ရှိသည်။ မြေပြင်အခြေအနေများတွင် ရုရှားတပ်များသည် ယူကရိန်းအရှေ့ပိုင်း စက်မှုဒေသဖြစ်သော ဒွန်ဘတ်စ် (Donbas) ဒေသကို ပစ်မှတ်ထားတိုက်ခိုက်နေသည်ဟု ယူကရိန်းစစ်ဘက်က ပြောသည်။ ထိုဒေသတွင် လူဟန့်ခ် (Luhansk) နှင့် ဒွန်နက်စ် (Donetsk) ပြည်နယ်များပါဝင်သည်။ ယင်းတွင် ရုရှားကိုလိုလားသော ခွဲထွက်ရေးသမားများသည် ၂၀၁၄ ခုနှစ်မှ စတင်ကာ ယူကရိန်းအစိုးရကို တိုက်ခိုက်လျက် ရှိသည်။

ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့လယ်ခေါင်မြင်ကွင်း(ဓါတ်ပုံ-အေပီ)

ရုရှားတပ်များသည် ဒွန်နက်ခ်၊ ခါဆွန် (Kherson)၊ လူဟန့်ခ်နှင့် ဇာပိုရေးဇီးယား (Zaporizhzhia) ဒေသများ အပါအဝင် စက်တင်ဘာလနှောင်းပိုင်းက ၎င်းတို့ တရားမဝင် သိမ်းပိုက်ထားသော ဧရိယာများအား အပိုင်ထိန်းချုပ် နိုင်ရေး ကြိုးပမ်းလျက်ရှိသည်။ အဆိုပါဒေသများသည် ရုရှားအုပ်ချုပ်မှုကိုကြိုဆိုနေကြသည်ဟုလည်း ရုရှားအရာရှိ များက ပြောသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ကျူးကျော်မှုလုပ်ဆောင်ချိန်တွင် ရည်မှန်းချက်များစွာရှိခဲ့သော်လည်း လက်ရှိ အချိန်တွင် ရုရှား၏ရည်မှန်းချက်များမှာ လျော့နည်းလာသည်ဟု စစ်ဘက်ဆိုင်ရာပညာရှင်များက ပြောသည်။ ကျူးကျော်မှုပြုလုပ်ချိန်တွင် မြို့တော်ကိယက်ဗ်ကို သိမ်းယူရန်၊ ၎င်းတို့ကြိုးဆွဲရာကမည့် အစိုးရတစ်ရပ်ကို တင်မြှောက်ရန် ရည်ရွယ်ခဲ့သော်ငြားလည်း သိမ်းပိုက်ထားသောဧရိယာများကို ပြန်လည်လက်လွှတ်လိုက်ရမှုနှင့် အတူ စစ်မြေပြင်တွင် ရှုံးနိမ့်မှုများက ရုရှားသမ္မတ ပူတင်ကို အရှက်ရစေခဲ့သည်။

ရုရှားအစိုးရသည်လက်ရှိတွင် ဒွန်ဘတ်စ်ကို အပြည့်အဝထိန်းချုပ်နိုင်ရေးကြိုးပမ်းမှုများကို အားထည့် ဆောင်ရွက် နေပြီး တိုးတက်မှုနှေးကွေးနေသည့်တိုင် ရှေ့တန်းစစ်မျက်နှာပြင်အသီးသီးတွင် အရေးပါသောနေရာများကို ထိုး စစ်ဆင်မှုများ လုပ်ဆောင်နေသည်ဟု ယူကရိန်းတာဝန်ရှိသူများက ပြောသည်။ ဒွန်နက်စ်တွင် ရုရှားစစ်တပ်သည် တပ်သားသစ်များချထားခြင်းနှင့် ထိုးစစ်ဆင်မှုသစ်များကို လုပ်ဆောင်နေသည်ဟု ဒေသခံအာဏာပိုင်များက ပြောသည်။ လူဟန့်ခ်တွင်လည်း ရုရှားစစ်တပ်သည် ယူကရိန်းခံစစ်များကို ထိုးဖောက်နိုင်ရေး ကြိုးပမ်းနေသည်ဟု သိရသည်။

Source:AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 9
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18

Page 14 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar