- By CNI
- Category: Watch TV
- Hits: 240
- By CNI
- Category: Watch TV
- Hits: 245
- By CNI
- Category: Watch TV
- Hits: 218
- By CNI
- Category: နိုင်ငံရေး
- Hits: 454
CNI International News
ဝါရှင်တန်၊ဖေဖော်ဝါရီ ၁
ဘန်ကောက်၌ ကျင်းပမည့် ဒေသတွင်း စစ်ဘက်ဆိုင်ရာ အစည်းအဝေးသို့ မြန်မာ့တပ်မတော်ကို ဖိတ်ကြား ထားသည်ဟု အမေရိကန်ဘက်က တနင်္လာနေ့တွင် အတည်ပြုခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ရေးသား ဖော်ပြ ထားသည်။
ဒီမိုကရေစီအစိုးရကို ဖယ်ရှားခဲ့သည့် မြန်မာ့တပ်မတော်ကို အမေရိကန်ဘက်က စဉ်ဆက်မပြတ် ဝေဖန်ပြစ် တင်ခဲ့သော်လည်း စစ်ဘက်ဆိုင်ရာ အစည်းအဝေးကို တက်ရောက်ရန်အတွက် ဖိတ်ကြားခဲ့သည်။
မြန်မာ့တပ်မတော်မှ အရေးပါသူတချို့အပြင် ၎င်းတို့နှင့် ဆက်နွယ် နေသူများကိုလည်း အမေရိကန်ဘက်က ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်ထားသည်။
အာရှကာကွယ်ရေးဝန်ကြီးများနှင့် ရေကြောင်းလုံခြုံရေးဆိုင်ရာ ပညာရှင်များ အစည်းအဝေး ADMM-Plus ကို အမေရိကန်နှင့် ထိုင်းနိုင်ငံတို့က ပူးတွဲသဘာပတိအဖြစ် လက်ခံကျင်းပ သွားမည် ဖြစ်သည်။
အစည်းအဝေးတွင် ပါဝင်သူများသည် ဆွေးနွေးပွဲနှင့် ဆက်စပ် လုပ်ဆောင်ချက်များကို ဖေဖော်ဝါရီ ၂၀ မှ ၂၄ ရက် အထိ ဘန်ကောက်မြို့တွင် လုပ်ဆောင်သွားမည် ဖြစ်သည်။
ထိုင်းမှာ ကျင်းပမသည့် မြန်မာပါ၀င်သော လုံခြုံရေးအစည်းအဝေးကိုတွေ့ရစဉ် (GETTY IMAGES)
ထို့နောက် အစည်းအဝေးသို့ တက်ရောက်မည့် သူများကို အာဆီယံအဖွဲ့ဝင် နိုင်ငံများက ဆုံးဖြတ်သည်ဟု ပင်တဂွန် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး မာတီမိုင်းနားစ် (Marty Meiners)က ပြောသည်။
အကြမ်းဖက်မှုများကို ရပ်တန့်ရေ၊ မတရား ထိန်းသိမ်းခံထားရသူ အားလုံးကို ပြန်လွှတ်ပေးရေ၊ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ပြန်သွားရေးနှင့် ADMM- Plus ဖိုရမ်များတွင် ပါဝင်ရေးတို့တွင် နစကကို တိုက်တွန်းရန် အမေရိကန်သည် နိုင်ငံတကာအသိုင်း အဝိုင်းနှင့်အတူ ဆက်လက် ပါဝင်သွားမည်ဟု ၎င်းက ပြောသည်။
အမေရိကန် ပါဝင်သော စစ်ဘက်ဆိုင်ရာ အခမ်းအနားများတွင် မြန်မာ့တပ်မတော်ကို ဖိတ်ခြင်းသည် ပထမဆုံး အကြိမ်တော့ မဟုတ်ပေ။ ပြီးခဲ့သောနှစ် ဖိုရမ်တွင်လည်း မြန်မာဘက်မှ တက်ရောက်ခဲ့သေးသည်။
၂၀၁၇ ခုနှစ်တွင် ပင်တဂွန်ဘက်က အမေရိကန်နှင့် ထိုင်း ဦးဆောင်ကျင်းပသည့် အရေးပါသော နိုင်ငံစုံ စစ်ဘက်ဆိုင်ရာ အခမ်းအနားတစ်ခုသို့ လေ့လာသူအဖြစ် မြန်မာနိုင်ငံကို ဖိတ်ကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: Watch TV
- Hits: 240
- By CNI
- Category: နိုင်ငံရေး
- Hits: 541
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတအဖြစ် တာဝန်ယူခဲ့သူ ဦးဝင်းမြင့်တို့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)ကို တိုက်ရိုက်နှင့် သွယ်ဝိုက် ဖိအားပေး ဆောင်ရွက်ခဲ့ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ယနေ့ (ဇန်နဝါရီ ၃၁ ရက်)တွင် နေပြည်တော်၌ ကျင်းပသည့် အမျိုးသာကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အသစ်ဖွဲ့စည်း၍ မဲစာရင်း စစ်ဆေးခဲ့ မှုနှင့် စစ်ဆေးတွေ့ရှိမှု အခြေအနေများ၊ မဲမသမာမှုတွင် အရေးယူ ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ NLD ပါတီ ဥက္ကဋ္ဌနှင့် သမ္မတဟောင်းက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အပေါ် တိုက်ရိုက်နှင့် သွယ်ဝိုက် ဖိအားပေး ဆောင်ရွက်မှု အခြေအနေများ၊ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့သည့် အခြေအနေများကို” ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်က ကာ/လုံ အစည်းအဝေး ကျင်းပနေစဉ်
အဆိုပါ အစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်း ဒွေး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးတို့ တက်ရောက်ခဲ့ကြသည်။
သို့သော် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ကတော့ ကျန်းမာရေးကြောင့် တက်ရောက်နိုင်ခြင်း မရှိကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် အကြမ်းဖက်မှုများ၊ လက်နက်ကိုင် ခြိမ်းခြောက်မှုများဖြင့် နိုင်ငံတော်အာဏာကို ရယူရန် ကြိုးပမ်း လုပ်ဆောင်လျက်ရှိသည့် သာမန်မဟုတ်သော အခြေအနေတွင် ရှိနေဆဲဖြစ်ကြောင်း၊ အဆိုပါ အခြေအနေများကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း နစက-က ထုတ်ပြန်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 354
CNI International News
ပတ်ရှ်ဝါ၊ဇန်နဝါရီ ၃၁
လူများသော ဝတ်ပြုဆုတောင်းချိန်တွင် အသေခံဗုံးခွဲသူတစ်ဦးမှ ပါကစ္စတန်ရဲတပ်ဖွဲ့ဝင်းတစ်ခုအတွင်းရှိ ဗလီ တစ်ခုကို ဖောက်ခွဲခဲ့ရာ အမိုးပြိုကျခဲ့သည်ဟု AP သတင်းတွင် ဖော်ပြသည်။ အဆိုပါဖြစ်ရပ်ကြောင့် အနည်းဆုံး ၃၄ ဦး သေဆုံးကာ ၁၅၀ ဒဏ်ရာရရှိခဲ့သည်ဟုလည်း အာဏာပိုင်များကပြောသည်။
သေဆုံးသူအများစုမှာ ရဲတပ်ဖွဲ့ဝင်များဖြစ်သည်။ ဗလီရှိရာဝင်းသည် ပတ်ရှ်ဝါ (Peshawar) ရဲဌာနချုပ်အပြင် တခြားအစိုးရအဆောက်ဦများရှိရာ လုံခြုံရေးတင်ကြပ်သောနေရာဖြစ်သောကြောင့် ယင်းသို့ဗုံးခွဲသူသည် မည်ကဲ့ သို့ ဝင်ရောက်ခဲ့သလဲဆိုသည်ကို ယခုအထိ မသိရသေးပေ။ ယခုဖြစ်ရပ်သည် ၎င်းတို့ လက်ချက်ဟု အာဖဂန် တာလီဘန် တပ်မှူးတစ်ဦးက တွစ်တာတွင်ပြောဆိုထားသော်လည်း တာလီဘန်အဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ်ကို ဆက်သွယ်၍ မရသေးပေ။
ထိခိုက်ဒဏ်ရာရသူများကို စေတနာ့ဝန်ထမ်းများက သယ်ဆောင်လာစဉ်(ဓါတ်ပုံ-အေပီ)
ဆွန်နီမူဆလင်အများစုနေထိုင်ရာ ပါကစ္စတန်တွင် တာလီဘန်နှင့်အစိုးရတို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အဆုံးသတ်သွားခဲ့သည့် နိုဝင်ဘာလမှစတင်ကာ တိုက်ခိုက်မှုများမြင့်တက်လာခဲ့သည်။ တနင်္လာနေ့က ဆွန်နီဗလီတွင် အသေခံဗုံးခွဲမှုသည် ပြီးခဲ့သည့်နှစ်များအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်သေဆုံးမှု အများ ဆုံး တိုက်ခိုက်မှုများမှ တစ်ခုလည်း ဖြစ်သည်။
ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် ဗလီအတွင်း၌ ဝတ်ပြုသူ ၃၀၀ ကျော် ရှိကြောင်း၊ ဒဏ်ရာရသူအများစုမှာ အမိုးပြိုကျမှု ကြောင့်ဖြစ်ကြောင်း ဒေသခံရဲတစ်ဦးက ပြောသည်။ အမိုးအပျက် များအောက်တွင် ပိတ်မိနေသူများကိုလည်း ကယ်ဆယ်ရေးသမားများက ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရသည်။
အသေခံဗုံးခွဲမှုကြောင့် သေဆုံးသွားခဲ့သည့် ရုပ်အလောင်းတစ်ခုကို သယ်ဆောင်လာစဉ်(ဓါတ်ပုံ-အေပီ)
သေဆုံးသူများတွင် ဗလီဆရာပါ ပါဝင်ပြီး ဒဏ်ရာရသူများတွင် စိုးရိမ်ရသူများ ရှိနေခြင်းကြောင့် သေဆုံးသူ အရေအတွက်မှာ ထပ်မံမြင့်တက်လာနိုင်သည်။ တိုက်ခိုက်မှုဖြစ်ပွားရာ ပတ်ရှ်ဝါသည် ခါဘာပတ်ရှ်တန်ခွာ (Khyber Pakhtunkhwa) ပြည်နယ်၏ မြို့တော်ဖြစ်သည်။
ယင်းတွင် ပါကစ္စတန်တာလီဘန်အဖွဲ့ TTP ခြေကုပ်ရယူထားပြီး တိုက်ခိုက်မှုများကို မကြာခဏဆိုသလို ပြုလုပ်လေ့ရှိသည်။ TTP အဖွဲ့သည် လွန်ခဲ့သော ၁၅ နှစ်ကတည်းက တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ကာ အစ္စလာမ္မစ် ဥပဒေများကို တိုးမြှင့်ကျင့်သုံးရန်၊ ဖမ်းခံထားရသော ၎င်းတို့အဖွဲ့ဝင်များကို ပြန်လွှတ်ပေးရန်နှင့် ခါဘာပတ်ရှ်တန်ခွာတွင် ပါကစ္စတန်စစ်သားဦးရေကို လျော့ချပေးရန် တောင်းဆိုထားသည်။ TTP သည် အာဖဂန်တာလီဘန်အဖွဲ့နှင့် သီးခြားအဖွဲ့ဖြစ်သော်လည်း နီးကပ်သော ဆက်ဆံရေးရှိသည်ဟု သိရသည်။
Source:AP
- By CNI
- Category: Watch TV
- Hits: 249
- By CNI
- Category: စီးပွားရေး
- Hits: 290
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၀
ထိုင်းနိုင်ငံရှိ မြန်မာ အပါအဝင် MOU သက်တမ်း လေးနှစ်ပြည့်သည့် နိုင်ငံခြားသား အလုပ်သမား တစ်သိန်းကျော် အား ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ခြောက်လ ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် ပြုပေးလိုက်ခြင်းသည် ကောင်းမွန်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ သက်တမ်း လေးနှစ်ပြည့် MOU အလုပ် သမား ၆၀၀၀၀ ခန့်နှင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၃၁ ရက်နေ့အထိ သက်တမ်း လေးနှစ်ပြည့် MOU အလုပ်သမား ၅၀၀၀၀ ခန့်တို့အား အထူးအစီအစဉ်အဖြစ် မူလပါမစ် သက်တမ်း ကုန်ဆုံးသည့် နေ့မှစ၍ ခြောက်လ ထက် မပိုသော ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် ပြုပေးလိုက်ခြင်း ဖြစ်သည်။
ရွှေ့ပြောင်းအလုပ်သမားများကိုတွေ့ရစဉ်
လက်ရှိတွင် မြန်မာနိုင်ငံမှ သက်ဆိုင်ရာအာဏာပိုင်များက အထောက်အထား စာရွက်စာတမ်းများ ထုတ်ပေးနေ ခြင်းမှာ ကြန့်ကြာမှုများ ရှိခြင်းကြောင့် ယခုကဲ့သို့ ခွင့်ပြုပေးလိုက်ခြင်းသည် မြန်မာအလုပ်သမားများအတွက် ကောင်းမွန်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မြန်မာအလုပ်သမားတွေ အတွက်တော့ ဒါအချိန်ရတယ်ဆိုတော့ ကောင်းတာပေါ့နော်။ တရားဝင် ဆက်ပြီး တော့ နေထိုင်ခွင့် အတောအတွင်းမှာ ကိုယ့်ရဲ့ အလုပ်အကိုင် အထောက်အထားပေါ့ အထူးသဖြင့်တော့ ပတ်စပို့ တွေ လျှောက်လို့ရမယ်။ တကယ်လို့ အဲဒီလို မရဘူးဆိုရင် သူ့ဟာက ပတ်စပို့မှာ သူ့သတ်မှတ်ထားတဲ့ သက်တမ်း က ရှိဖို့လိုတာကို။ အဲဒီသက်တမ်း မရှိဘူးဆိုရင် ဗီဇာနဲ့ work permitက ဒီဘက်အခြမ်းက ထုတ်ပေးတာ မဟုတ် ဘူး။ အခုလို တစ်ဖက်က လျှော့ပေးတယ်ဆိုတော့ ဒီအလုပ်သမားတွေအတွက်က အချိန်ရတာပေါ့။ ဒါကတော့ ကောင်းတာပေါ့။ ဒါတွေက တကယ့် တကယ်ဆိုရင် နှစ်ဖက် အစိုးရတွေက အစောကြီး ကတည်းကနေ ဘယ်သူ တွေက ဘယ်အချိန်မှာ ဘယ်အုပ်စုတွေက သက်တမ်းကုန်ပြီဆိုတာ သိနေတာပဲလေ။ အဲဒါကို ညှိနှိုင်း ပြီးတော့ လုပ်တယ်ဆိုရင်တော့ ပိုပြီးတော့ကောင်းတာပေါ့။ ဘယ် passport အမျိုးစားတွေဆိုရင် သက်တမ်း တိုးတဲ့ဟာကို လုပ်ပေးလို့ရမယ်၊ ဒါပေမယ့် အဲဒါကလည်း နှစ်အလိုက်ပေါ့။ နှစ်အလိုက်ဆိုတာက ၂၀၂၂ သက်တမ်း ကုန်ထားတဲ့ အုပ်စုဆိုရင် တိုးခွင့်ရမယ်၊ ၂၀၂၃ မှာ သက်တမ်း ကုန်မယ့် အုပ်စုတွေကို ပေးမတိုး သေးဘူးဆိုပြီး ကြေညာတယ်။ အဲဒီအခါကျတော့ ၂၀၂၃ မှာ သက်တမ်းကုန်မယ့် သူတွေက ပြောရမယ်ဆိုရင် သက်တမ်းက ကုန်တာက ၂၀၂၃ ဒီ ၃ လပိုင်းတို့ ဘာညာ ကုန်တာက မှန်တယ်။ ဒါပေမယ့် ဒီလူတွေကို ဒီစာအုပ်တွေကို အလုပ်လုပ်ကိုင်ခွင့် ဗီဇာတို့ ပေးတဲ့အချိန်မှာ ဒီဘက်က နှစ်နဲ့ပေးတာမလား။ အဲဒီ နှစ်နဲ့ ပေးတဲ့ဥစ္စာက စာအုပ် သက်တမ်းက အနည်းဆုံး ၆ လ နဲ့ အထက် ရှိရမယ်။ အဲဒါမျိုးမှာ ကိုယ့်ဘက်က စာအုပ်သက်တမ်း မရှိတဲ့အခါကျတော့ သူတို့ပေးတဲ့ သက်တမ်းပဲ ရတာပေါ့နော်”ဟု ပြောသည်။
ရွှေ့ပြောင်းအလုပ်သမားများကိုတွေ့ရစဉ်
ထို့အပြင် လက်ရှိတွင် မြန်မာသံရုံးမှ နိုင်ငံကူး လက်မှတ် သက်တမ်းကုန်သည့် အလုပ်သမားများအား အချိန်မီ ထုတ်ပေးနိုင်ခြင်း မရှိသည့်အတွက်၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁ ရက်နေ့အထိ အချိန်ကာလ တိုးမြှင့်ပေးရန် အဆိုပြုထား ကြောင်းလည်း သိရသည်။
ထို့ကြောင့် နိုင်ငံကူးလက်မှတ်၊ သက်သေခံ စာရွက်စာတမ်း ထုတ်ပေးသည့် လုပ်ငန်းစဉ်အတွင်း အထူး ကိစ္စရပ် အဖြစ် ထိုင်းနိုင်ငံ၌ နေထိုင်နိုင်စေရန် သက်ဆိုင်ရာ အပိုင်းတွင် စီမံခန့်ခွဲခြင်းဆိုင်ရာ လမ်းညွှန်ချက်များ ရှိရန် လိုအပ်ကြောင်း၊ သက်သေခံ စာရွက်စာတမ်းများ ထုတ်ပေးခြင်းအား အပြီးသတ် ဆောင်ရွက်နိုင်ရန် CI Center ၏ လုပ်ငန်းစဉ် ကာလအား တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ အစည်းအဝေး ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိ ထိုင်းနိုင်ငံတွင် နိုင်ငံကူးလက်မှတ်အား သက်တမ်း ကုန်နေသည့် မြန်မာအလုပ်သမားများ အားလုံးနီးပါးကို ထုတ်ပေးရန်မှာ ၆ လအတွင်း မပြီးနိုင်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
ရွှေ့ပြောင်းအလုပ်သမားများကိုတွေ့ရစဉ်
၎င်းက “ဘာကြောင့် ၆ လအတွင်း ပြတ်မှာမဟုတ်ဘူးလဲဆိုတော့ ထိုင်းနိုင်ငံထဲမှာ MOU စနစ်နဲ့ အရင်ကတည်းက ပို့ထားတဲ့ အလုပ်သမားတွေကလည်း သန်းနဲ့ရှိတာကို။ ပြီးတော့ အဲဒီနောက်ပိုင်းမှာ ဘတ်ပန်းရောင်ကတ်လို့ အများ နားလည်အောင်ခေါ်တဲ့ ယာယီ အလုပ်သမား လက်မှတ်တွေကို ထိုင်းမှာထုတ်ပေးတဲ့ အုပ်စု သုံး အုပ်စု ရှိတယ်။ ဒါကလည်း ဘယ်သူပဲဖြစ်ဖြစ် ပတ်စပို့ ရှိတယ်ဆိုရင် အဲဒီယာယီ အလုပ်သမား လက်မှတ်ထဲမှာ သက်တမ်းရှိတဲ့အတိုင်း စာအုပ်ထဲမှာ ဗီဇာပေးနေတာ ဖြစ်တဲ့အတွက် အလုပ်သမားတွေကတော့ လွတ်လွတ် လပ်လပ် သွားလာလို့ရဖို့အတွက် နိုင်ငံကူးလက်မှတ်ကို လိုချင်ကြတာချည်းပဲ။ ဒီ ၆ လ အတွင်းဆိုရင်လည်း ပြီးမှာ မဟုတ်ပါဘူး။ ၆ လအတွင်း မပြီးခဲ့ရင်လည်း ကျန်ခဲ့တဲ့ သက်တမ်းမှာရော အဖမ်းအဆီးတွေ ရှိနိုင်မလား။ သူက အထောက်အထားမဲ့ကို ဖမ်းဖို့ ဥပဒေက ရှိထားပြီးသား ဖြစ်တဲ့အတွက် visa section ရဲ့ Law မှာလည်း အထောက် အထား တစ်စုံတစ်ရာ သက်တမ်း ကျော်လွန်သွားရင် ဖမ်းမယ်ဆိုတာလည်း ရှိထားပြီးသား ဖြစ်တဲ့အတွက် သက် တမ်း ၆ လပြည့်သွားတဲ့ အချိန်အထိ သက်တမ်း ဆက်လို့ မမီခဲ့တာတို့၊ အကြောင်း အမျိုးမျိုး ကြောင့် ကျန်ခဲ့တာ မျိုးတွေ ရှိခဲ့ရင်ရော သူ့အနေနဲ့ ဖမ်းပြီး အရေးယူနိုင်ပါ့မလား၊ ဒါမှမဟုတ် ၆ လကျော်ရင်ရော နောက်ထပ် ပြန်ပြီး တော့ ဆက်မလဲဆိုတာ ဒါကတော့ ထိုင်းအစိုးရရဲ့ ပေါ်လစီပေါ်မှာပဲ မူတည်တယ်” ဟု ပြောသည်။
လက်ရှိတွင် MOU လုပ်သားများသည် နေရပ်နိုင်ငံသို့ ပြန်စရာမလိုဘဲ အလုပ်ရှင်များအနေဖြင့် နိုင်ငံခြားသား အလုပ် ခေါ်ယူခွင့် သို့မဟုတ် အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားခြင်းအား ဆောင်ရွက်ထားနိုင်ကြောင်းနှင့် ထွက်ခွာ လာသည့် နိုင်ငံပေါ်မူတည်ကာ ခရီးတိုအဖြစ် သွားရောက် လုပ်ဆောင်နိုင်ကြောင်းလည်း ထိုင်းအလုပ်သမား ဝန်ကြီးဌာန၏ အစည်းအဝေး သတင်းထုတ်ပြန်ချက်အရ သိရသည်။
Page 14 of 136