CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

တိုင်းရင်းသားပြည်သူ၏ဆန္ဒကို ဆန့်ကျင်သည့်လုပ်ရပ်မျိုး လုပ်မှာမဟုတ်ဟု NUG ပြော

By CNI
CNI
Category: Watch TV
Hits: 981

Share
Tweet
Share
Share
powered by social2s
Credit Suisse ဘဏ်ကိုတွေ့ရစဉ်

Credit Suisse ဘဏ်ကိုကယ်ဖို့ လျှို့ဝှက်ဆောင်ရွက်မှုက ကမ္ဘာ့ငွေကြေးဈေးကွက်ကို လှုပ်ခတ်စေ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1220

CNI International News

ဇူးရစ်၊ မတ်လ ၂၂

ကမ္ဘာ့အရေး ခေါင်းကြီးပိုင်း စာမျက်နှာများတွင် ပါဝင်လာသည့် တနင်္ဂနွေနေ့ နှောင်းပိုင်း၌ တက်သုတ်ရိုက် ဆွေးနွေးပွဲများ မတိုင်ခင် ရက်အနည်းငယ်ကတည်းက ဆွစ်ဇာလန်မှ ထိပ်သီးနိုင်ငံရေးသမားများသည် ကမ္ဘာကြီး တစ်ခုလုံးကို တုန်လှုပ်သွားစေမည့် ဆောင်ရွက်မှုတစ်ခုအား လျှို့ဝှက်ပြင်ဆင်ခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ဆွစ်ဇာလန် ဗဟိုဘဏ်နှင့် ဘဏ္ဍာရေးဆိုင်ရာ အာဏာပိုင်များက Credit Suisse ဘဏ်၏ အခြေအနေသည် ကောင်းမွန်ကြောင်း လူသိရှင်ကြား ထုတ်ပြန်ခဲ့သော်လည်း နောက်ကွယ်တွင်မူ နိုင်ငံ၏ ဒုတိယအကြီးဆုံးဘဏ် အား ကယ်တင်နိုင်ရန် ကြိုးပမ်းမှုများ လုပ်ဆောင်ခဲ့ရသည်။

နိုင်ငံတော်ရံပုံငွေ ဆွစ်ဖရန့် ၂၆၀ ဘီလီယံဖြင့် ထောက်ပံ့ပေးထားသော ပေါင်းစည်းခြင်းနှင့် ဘဏ်ရှယ်ယာရှင် များကို ဦးစားပေးကာ စာချုပ်ပိုင်ရှင်များကို ထိခိုက်စေသည့် ဆောင်ရွက်မှုကလည်း ဆွစ်ဇာလန်၏ ဂုဏ်သတင်း ကျော်ဇောမှုများမှ တစ်ဦးကို ထိခိုက်စေခဲ့သည်။

global finance ရဲ့ အညွန်းကိန်းများကိုတွေ့ရစဉ်

ငွေကြေး ကြွယ်ဝချမ်းသာ သူများအတွက် လုံခြုံသော နေရာတစ်ခုအဖြစ် ကာလရှည် အသုံးတော်ခံခဲ့သည့် ဆွစ်ဇာလန်နိုင်ငံ၏ ဖြစ်စဉ်များက ၂၀၀၈ ခုနှစ် ဘဏ္ဍာရေး အကြပ်အတည်းမှ ရရှိထားသော သင်ခန်းစာများနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။

Credit Suisse အား ကယ်တင်ရေး အစီအစဉ်ကလည်း အင်အားကြီး ဘဏ်လုပ်ငန်းတစ်ခုဖြစ်သော UBS Group AG အား ပိုမိုကြီးမားသည့် အန္တရာယ်တွင်းသို့ ရောက်ရှိစေခဲ့သည်။

ထို့အပြင် စာချုပ်ပိုင်ရှင်များကို မထိခိုက်စေရေး ဆောင်ရွက်မှုက စတော့ရင်းနှီးမြှုပ်နှံမှုများအတွက် ထိခိုက်မှု ဖြစ်စေကာ ကမ္ဘာ့စီးပွားရေး တိုးတက်မှုကို ခြိမ်းခြောက်မှု ဖြစ်စေသည့် ချေးငွေကုန်ကျစရိတ် မြင့်တက်မှုအား ဖြစ်စေသည်။

ထိုဖြစ်ရပ်များနှင့် ပတ်သက်၍ ဆွစ် အမျိုးသားဘဏ်မှ မှတ်ချက်ပေးရန် ငြင်းဆိုထားပြီး ဆွစ်ဘဏ္ဍာရေးဝန်ကြီးအား ဆက်သွယ်မှုသည်လည်း အကြောင်းပြန်မှု မရရှိသေးပေ။

ဆွစ်ဇာလန်ဘဏ် တစ်ခုကိုတွေ့ရစဉ်

နှစ်ပေါင်းများစွာ အရှုံးပေါ်ခြင်းနှင့် သိက္ခာကျစရာ ဖြစ်ရပ်များကြောင့် Credit Suisse ဘဏ်သည် ၎င်းတို့၏ ကိုယ်ပိုင် ယုံကြည်မှု တည်ဆောက်ခြင်းဆိုင်ရာ အကြပ်အတည်းနှင့် လပေါင်းများစွာ ရင်ဆိုင်နေရသည်။

ထို့ကြောင့် ရက်ပိုင်းအတွင်းမှာပင် Credit Suisse အား UBS ၏ ဝယ်ယူမှု အပြီးသတ် သွားခြင်းဖြစ်သည်။

အမေရိကန်အစိုးရ၏ အလယ်အလတ်တန်းစား ဘဏ်နှစ်ခု၏ ငွေကြေး လိုအပ်ချက်ကို ထိန်းသိမ်းပေးရေး ဘဏ် အပ်နှံငွေ အားလုံးကို အာမခံပေးမည့် သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်း Credit Suisse ဘဏ်နှင့် ငွေအပ် နှံသူများ၏ ယုံကြည်မှုကို မည်သို့မည်ပုံ ထိန်းသိမ်းမည်လဲဆိုခြင်းသည် အာရုံစိုက်စရာ ဖြစ်လာခဲ့သည်။

၂၀၂၂ ခုနှစ် နောက်ဆုံး သုံးလတွင် ဇူးရစ် (Zurich) အခြေစိုက်ဘဏ်မှ ငွေထုတ်ယူမှု ပမာဏသည် ဒေါ်လာဘီလီယံ ၁၁၀ အထိရှိခဲ့ပြီး Credit Suisse သည် ထိုသို့သော ပမာဏကို ပြန်လည် ဖြည့်တင်းရန်လည်း ရုန်းကန်ရလျက် ရှိသည်။

Source: ရိုက်တာ

 

 

 

 

Share
Tweet
Share
Share
powered by social2s

နျူကလီးယားတိုက်ခိုက်မှုကို တန်ပြန်ရေးလေ့ကျင့်မှု မြောက်ကိုရီးယား ပြုလုပ်

By CNI
CNI
Category: Watch TV
Hits: 1050

Share
Tweet
Share
Share
powered by social2s
ဂျပန်ဝန်ကြီးချုပ် ကီရှီဒါနဲ့ ယူကရိန်းသမ္မတ ဇာလန်းစကီးကိုတွေ့ရစဉ်

တရုတ်သမ္မတ ရုရှားသို့ရောက်နေချိန် ဂျပန်ဝန်ကြီးချုပ်က ယူကရိန်းသို့ရောက်လာ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1189

CNI International News

ကိယတ်ဗ်၊ မတ်လ ၂၂

ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါ (Fumio Kishida) သည် အင်္ဂါနေ့တွင် ယူကရိန်းမြို့တော် ကိယက်ဗ်(Kyiv)သို့ ကြိုတင်ကြေညာထားခြင်းမရှိဘဲ ရောက်လာခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြသည်။

ယင်းက တရုတ်၏ ငြိမ်းချမ်းရေး အစီအစဉ်အတွက် မော်စကိုသို့သွားကာ ပူတင် (Ptuin)ကို တွေ့ဆုံနေသည့် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping)နှင့် သံတမန်ရေးဆိုင်ရာ ယှဉ်ပြိုင်မှုလည်း ဖြစ်သည်။

တရုတ်ဘက်မှ အဆိုပြုထားသော ယူကရိန်းပဋိပက္ခ ဖြေရှင်းရေး ငြိမ်းချမ်းရေးအစီအစဉ်ကို အနောက်နိုင်ငံများ အားလုံးက လက်မခံကြပေ။

အာရှပြိုင်ဘက် ခေါင်းဆောင်နှစ်ဦး၏ ခရီးစဉ်များသည် ကီလိုမီတာ ၈၀၀ ခန့်သာ ကွာခြားပြီး ယင်းက ၁၃ လကြာ စစ်ပွဲကာလအတွင်း ရုရှားနှင့်ယူကရိန်းတို့နောက်တွင် တခြားနိုင်ငံများ မည်သို့ ရပ်တည်နေသည် ဆိုခြင်းကိုလည်း မီးမောင်းထိုးပြနေသည်။

ကီရှီဒါသည် လာမည့် မေလ G-7 အစည်းအဝေးကို သဘာပတိအဖြစ် ကျင်းပသွားမည်ဖြစ်ပြီး ၎င်းသည် ယူကရိန်း သို့ လာ၍ သမ္မတဇာလန်းစကီး(Volodymyr Zelenskyy) နှင့် တွေ့ဆုံခဲ့သည့် G-7 အဖွဲ့၏ နောက်ဆုံး ခေါင်းဆောင်လည်း ဖြစ်သည်။

 ပူတင်နဲ့ ရှီကျင့်ဖျင်ကိုတွေ့ရစဉ်

ယူကရိန်းခရီးစဉ်အတွင်း ၎င်းသည် ဘူချာ (Bucha) ရှိ အသတ်ခံရသူများအား သွားရောက် ဂါရဝပြုခဲ့သည်။

ဘူချာမြို့သည် ရုရှားတို့၏ အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်မှုများအတွက် ပြယုဂ်တစ်ခုလည်း ဖြစ်သည်။

အနောက်အုပ်စုဘက်မှ အဆင်သင့် ဖြစ်ချိန်တွင် တရုတ်ဘက်မှ အဆိုပြုသော ငြိမ်းချမ်းရေးအစီအစဉ်များသည် စစ်ပွဲ အဆုံးသတ်ရေးအတွက် အခြေခံမူဘောင် ဖြစ်လာလိမ့်မည်ဟု ပူတင်က ပြောသော်လည်း မော်စကိုရှိ ဆွေးနွေးပွဲများတွင် တရုတ်၏ ငြိမ်းချမ်းရေးစီမံကိန်းနှင့် ပတ်သက်သည့် ကြီးကြီးမားမား တိုးတက်မှု တစ်စုံတစ်ရာ မရှိခဲ့ပေ။

အနောက်အုပ်စုအနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် စိတ်ပါဝင်စားမှုရှိသည့် ပုံစံမျိုးလည်း ပြသထားခြင်း မရှိဟု ပူတင်က ပြောသည်။

ဘူချာမြို့ကို သွားရောက်ခဲ့တဲ့ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါကိုတွေ့ရစဉ် 

ပူတင်နှင့် ရှီကျင့်ဖျင်တို့၏ တွေ့ဆုံမှုမှ ထွက်ပေါ်လာမည့် ငြိမ်းချမ်းရေးအစီအစဉ်များတွင် အပစ်အခတ်ရပ်စဲရေး ပါဝင်ပြီး ထိုအပစ်အခတ်ရပ်စဲရေးအတိုင်း ဆောင်ရွက်လျှင် ရုရှားတို့၏ နယ်မြေသိမ်းပိုက်မှုများကို တရားဝင် ဖြစ်စေကာ ထိုးစစ်ဆင်မှု အသစ်များအတွက် ရုရှားကို ချိန်ပေးသလို ဖြစ်နိုင်သောကြောင့် ထိုအစီအစဉ်မျိုးကို လက်မခံဟု အမေရိကန်အရာရှိများက ပြောသည်။

ယူကရိန်း လူမျိုးတစ်ဦးတည်း ကျန်သည့် အချိန်အထိ ရုရှားကို တိုက်ခိုက်သွားရန် အနောက်အုပ်စုဘက်မှ ရည်ရွယ်ထားပုံရသည်ဟု ပူတင်က ပြောသည်။

ယူကရိန်းသို့ ယူရေနီယမ် သန့်စင်ထားသော အမြောက်ဆန်များပေးမည့် ဗြိတိန်၏ အစီအစဉ်သည်လည်း ခြိမ်းခြောက်မှု တစ်ခုအဖြစ် ပေါ်ထွက်လာသည်ဟု ပူတင်က ပြောသည်။

ထိုသို့ ဖြစ်လာမည်ဆိုလျှင် အနောက်အုပ်စုသည် နျူကလီးယား ပါဝင်သည့် လက်နက်များကို စတင်အသုံးပြုလာ သည့် သဘောဖြစ်ခြင်းကြောင့် ရုရှားအနေဖြင့် ယင်းနှင့်အညီ တုန့်ပြန်သွားမည်ဟု ပူတင်က ပြောသည်။ သို့သော် လည်း အသေးစိတ်ကိုမူ မဖော်ပြခဲ့ပေ။

ပူတင်သည် ရုရှားအနေဖြင့် ကိုယ့်ကိုယ်ကို ကာကွယ်ရန် နျူကလီးယား အပါအဝင် မည်သည့် လက်နက်မျိုးကို မဆို အသုံးပြုသွားနိုင်သည်ဟု သတိပေးခဲ့သူလည်း ဖြစ်သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဂျပန်ဝန်ကြီးချုပ် ကီရှီဒါနဲ့ ယူကရိန်းသမ္မတ ဇာလန်းစကီးကိုတွေ့ရစဉ်

တရုတ်သမ္မတ ရုရှားသို့ရောက်နေချိန် ဂျပန်ဝန်ကြီးချုပ်က ယူကရိန်းသို့ရောက်လာ

By CNI
CNI
Category: Watch TV
Hits: 1036

CNI International News

ကိယတ်ဗ်၊ မတ်လ ၂၂

ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါ (Fumio Kishida) သည် အင်္ဂါနေ့တွင် ယူကရိန်းမြို့တော် ကိယက်ဗ်(Kyiv)သို့ ကြိုတင်ကြေညာထားခြင်းမရှိဘဲ ရောက်လာခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြသည်။

ယင်းက တရုတ်၏ ငြိမ်းချမ်းရေး အစီအစဉ်အတွက် မော်စကိုသို့သွားကာ ပူတင် (Ptuin)ကို တွေ့ဆုံနေသည့် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping)နှင့် သံတမန်ရေးဆိုင်ရာ ယှဉ်ပြိုင်မှုလည်း ဖြစ်သည်။

တရုတ်ဘက်မှ အဆိုပြုထားသော ယူကရိန်းပဋိပက္ခ ဖြေရှင်းရေး ငြိမ်းချမ်းရေးအစီအစဉ်ကို အနောက်နိုင်ငံများ အားလုံးက လက်မခံကြပေ။

အာရှပြိုင်ဘက် ခေါင်းဆောင်နှစ်ဦး၏ ခရီးစဉ်များသည် ကီလိုမီတာ ၈၀၀ ခန့်သာ ကွာခြားပြီး ယင်းက ၁၃ လကြာ စစ်ပွဲကာလအတွင်း ရုရှားနှင့်ယူကရိန်းတို့နောက်တွင် တခြားနိုင်ငံများ မည်သို့ ရပ်တည်နေသည် ဆိုခြင်းကိုလည်း မီးမောင်းထိုးပြနေသည်။

ပူတင်နဲ့ ရှီကျင့်ဖျင်ကိုတွေ့ရစဉ်

ကီရှီဒါသည် လာမည့် မေလ G-7 အစည်းအဝေးကို သဘာပတိအဖြစ် ကျင်းပသွားမည်ဖြစ်ပြီး ၎င်းသည် ယူကရိန်း သို့ လာ၍ သမ္မတဇာလန်းစကီး(Volodymyr Zelenskyy) နှင့် တွေ့ဆုံခဲ့သည့် G-7 အဖွဲ့၏ နောက်ဆုံး ခေါင်းဆောင်လည်း ဖြစ်သည်။

ယူကရိန်းခရီးစဉ်အတွင်း ၎င်းသည် ဘူချာ (Bucha) ရှိ အသတ်ခံရသူများအား သွားရောက် ဂါရဝပြုခဲ့သည်။

ဘူချာမြို့သည် ရုရှားတို့၏ အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်မှုများအတွက် ပြယုဂ်တစ်ခုလည်း ဖြစ်သည်။

အနောက်အုပ်စုဘက်မှ အဆင်သင့် ဖြစ်ချိန်တွင် တရုတ်ဘက်မှ အဆိုပြုသော ငြိမ်းချမ်းရေးအစီအစဉ်များသည် စစ်ပွဲ အဆုံးသတ်ရေးအတွက် အခြေခံမူဘောင် ဖြစ်လာလိမ့်မည်ဟု ပူတင်က ပြောသော်လည်း မော်စကိုရှိ ဆွေးနွေးပွဲများတွင် တရုတ်၏ ငြိမ်းချမ်းရေးစီမံကိန်းနှင့် ပတ်သက်သည့် ကြီးကြီးမားမား တိုးတက်မှု တစ်စုံတစ်ရာ မရှိခဲ့ပေ။

အနောက်အုပ်စုအနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် စိတ်ပါဝင်စားမှုရှိသည့် ပုံစံမျိုးလည်း ပြသထားခြင်း မရှိဟု ပူတင်က ပြောသည်။

ဘူချာမြို့ကို သွားရောက်ခဲ့တဲ့ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါကိုတွေ့ရစဉ် 

ပူတင်နှင့် ရှီကျင့်ဖျင်တို့၏ တွေ့ဆုံမှုမှ ထွက်ပေါ်လာမည့် ငြိမ်းချမ်းရေးအစီအစဉ်များတွင် အပစ်အခတ်ရပ်စဲရေး ပါဝင်ပြီး ထိုအပစ်အခတ်ရပ်စဲရေးအတိုင်း ဆောင်ရွက်လျှင် ရုရှားတို့၏ နယ်မြေသိမ်းပိုက်မှုများကို တရားဝင် ဖြစ်စေကာ ထိုးစစ်ဆင်မှု အသစ်များအတွက် ရုရှားကို ချိန်ပေးသလို ဖြစ်နိုင်သောကြောင့် ထိုအစီအစဉ်မျိုးကို လက်မခံဟု အမေရိကန်အရာရှိများက ပြောသည်။

ယူကရိန်း လူမျိုးတစ်ဦးတည်း ကျန်သည့် အချိန်အထိ ရုရှားကို တိုက်ခိုက်သွားရန် အနောက်အုပ်စုဘက်မှ ရည်ရွယ်ထားပုံရသည်ဟု ပူတင်က ပြောသည်။

ယူကရိန်းသို့ ယူရေနီယမ် သန့်စင်ထားသော အမြောက်ဆန်များပေးမည့် ဗြိတိန်၏ အစီအစဉ်သည်လည်း ခြိမ်းခြောက်မှု တစ်ခုအဖြစ် ပေါ်ထွက်လာသည်ဟု ပူတင်က ပြောသည်။

ထိုသို့ ဖြစ်လာမည်ဆိုလျှင် အနောက်အုပ်စုသည် နျူကလီးယား ပါဝင်သည့် လက်နက်များကို စတင်အသုံးပြုလာ သည့် သဘောဖြစ်ခြင်းကြောင့် ရုရှားအနေဖြင့် ယင်းနှင့်အညီ တုန့်ပြန်သွားမည်ဟု ပူတင်က ပြောသည်။ သို့သော် လည်း အသေးစိတ်ကိုမူ မဖော်ပြခဲ့ပေ။

ပူတင်သည် ရုရှားအနေဖြင့် ကိုယ့်ကိုယ်ကို ကာကွယ်ရန် နျူကလီးယား အပါအဝင် မည်သည့် လက်နက်မျိုးကို မဆို အသုံးပြုသွားနိုင်သည်ဟု သတိပေးခဲ့သူလည်း ဖြစ်သည်။

Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s
ရှီကျင့်ဖျင်နဲ့ ပူတင်ကိုတွေ့ရစဉ်

တရုတ်၏ ငြိမ်းချမ်းရေး အစီအစဉ်အပေါ် ပူတင်နှင့်ရှီကျင့်ဖျင် ဆွေးနွေး

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 5168

CNI International News

မော်စကို၊ မတ်လ ၂၂

ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) တို့သည် ယူကရိန်း ပဋိပက္ခ ကျေအေးစေရေးအတွက် တရုတ်၏ အစီအစဉ်နှင့်ပတ်သတ်၍ ဆွေးနွေးခဲ့သည်ဟု ကရင်မလင် ပြောခွင့်ရ ပုဂ္ဂိုလ် ဒီမီထရီ ပတ်စ်ကော့ဗ် (Dmitry Peskov) က အင်္ဂါနေ့၌ ပြောသည်။

တရုတ်၏ ငြိမ်းချမ်းရေး အစီအစဉ်အပေါ် ပူတင်နှင့် ရှီကြား ဆွေးနွေးမှု တစ်စုံတစ်ရာ တိုးတက်မှု ရှိခဲ့သည်လားဟု သတင်းထောက်များက မေးမြန်းခဲ့ရာတွင် ထိုကိစ္စနှင့်ပတ်သက်၍ ခန့်မှန်းပြောဆိုမှု လုပ်ဆောင်သွားမည် မဟုတ် ကြောင်း၊ သတင်းမီဒီယာများ အနေဖြင့် ထုတ်ပြန်ချက်များကို စောင့်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

သဘာဝဓာတ်ငွေ့ စာချုပ်များ၊ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများနှင့် တခြား အကြောင်းအရာများကို ဆွေးနွေးပွဲတွင် ထည့်သွင်းခဲ့ခြင်း ရှိ/မရှိကိုလည်း ဒီမီထရီ ပတ်စ်ကော့ဗ်က ပြောဆိုခဲ့ခြင်း မရှိပေ။

ခေါင်းဆောင်များ အနေဖြင့် ကြေညာချက် ထုတ်ပြန်ရာတွင် ထိုအရာများကို ထည့်သွင်း ဖော်ပြလိမ့်မည်ဟု ၎င်းက ပြောသည်။

ရှီ၏ ရုရှားခရီးစဉ်အတွင်း နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးများ သီးခြားဆွေးနွေးပွဲ ကျင်းပမည်လားဆိုသည့် မေးခွန်း ကိုလည်း ကာကွယ်ရေးဌာနကိုသာ မေးမြန်းသွားရန် ပတ်စ်ကော့ဗ်က ပြန်လည် ဖြေကြားခဲ့သည်။

 ရှီကျင့်ဖျင်နဲ့ ပူတင်ကိုတွေ့ရစဉ်

၎င်းသည် သမ္မတ၏ အစီအစဉ်များကိုသာ ဖြေကြားသွားမည် ဖြစ်ကြောင်းနှင့် ဝန်ကြီးများ၏ အစည်းအဝေးကို ကာကွယ်ရေးဌာနကိုသာ မေးရမည်ဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ပတ်စ်ကော့ဗ်က ပြောသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် မတ်လ ၂၀ ရက်မှ ၂၂ ရက်အထိ သုံးရက်ကြာ ခရီးစဉ်အဖြစ် ရုရှားသို့ ရောက်ရှိ နေသည်။

တနင်္လာနေ့တွင် ရှီကျင့်ဖျင်သည် ပူတင်နှင့် သီးသန့်တွေ့ဆုံခဲ့ကာ လေးနာရီခွဲခန့် ကြာမြင့်စွာ ဆွေးနွေးခဲ့သည်။

တရုတ်နိုင်ငံခြားရေးဌာနသည် ယူကရိန်းပဋိပက္ခကို နိုင်ငံရေးအရ ဖြေရှင်းရေးအတွက် ဖေဖော်ဝါရီလတွင် ထုတ်ပြန်မှုတစ်ခု လုပ်ဆောင်ခဲ့သည်။

ယင်းတွင် အပစ်အခတ်ရပ်စဲရေး အပါအဝင် အချက် ၁၂ ချက်ကို ဖော်ပြထားသည်။

ဆွေးနွေးပွဲများသည်သာ ယူကရိန်းအရေး ဖြေရှင်းနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း ထိုထုတ်ပြန် ချက်တွင် ဖော်ပြထားပြီး တိုက်ရိုက် တွေ့ဆုံမှုများ ပြန်လည် စတင်နိုင်ရေး နှစ်ဖက်စလုံးကို ထောက်ပံ့ပေးရန်လည်း တောင်းဆိုထားသည်။

Source: တာ့စ်

 

 

 

 

Share
Tweet
Share
Share
powered by social2s

တရုတ်သမ္မတ၏ ရုရှားခရီးစဉ်က အမေရိကန်ကို ထိန်းညှိလာနိုင်လား

By CNI
CNI
Category: Watch TV
Hits: 987

Share
Tweet
Share
Share
powered by social2s

ရခိုင်နိုင်ငံရေး လိုအပ်ချက်များ ဆောင်ရွက်နိုင်ရန် မှတ်ပုံတင်ခြင်းဟု ANP ပြော

By CNI
CNI
Category: Watch TV
Hits: 960

Share
Tweet
Share
Share
powered by social2s

သိမ်းပိုက်ထားသော မာရီယူပေါလ်မြို့သို့ ရုရှားသမ္မတ ရုတ်တရက်သွားရောက်

By CNI
CNI
Category: Watch TV
Hits: 994

Share
Tweet
Share
Share
powered by social2s

မြောက်ကိုရီးယားမှ ပင်လယ်တွင်းသို့ တာတိုပစ်ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်စမ်းသပ်

By CNI
CNI
Category: Watch TV
Hits: 998

Share
Tweet
Share
Share
powered by social2s

အီရတ်ကို ကျူးကျော်ဖို့ အမေရိကန်နှင့် ဗြိတိန် ဘယ်လိုကြိုးစားခဲ့လဲ

By CNI
CNI
Category: Watch TV
Hits: 1028

Share
Tweet
Share
Share
powered by social2s

ဗဟိုကော်မတီ၏ အဆိုပြုချက်အရ ဥက္ကဋ္ဌရာထူးကို လက်ခံခြင်းဟု ဒေါ်စောမြရာဇာလင်း ပြော

By CNI
CNI
Category: Watch TV
Hits: 1059

Share
Tweet
Share
Share
powered by social2s
မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်တဲ့သတင်း ကြေညာနေစဉ်

မြောက်ကိုရီးယားမှ ပင်လယ်တွင်းသို့ တာတိုပစ်ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်စမ်းသပ်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1426

CNI International News

ဆိုးလ်၊ မတ်လ ၂၀

မြောက်ကိုရီးယားသည် ကိုရီးယားကျွန်းဆွယ်၏ အရှေ့ဘက် ကမ်းလွန်ပင်လယ်ပြင်သို့ တာတိုပစ်ပဲ့ထိန်း ဒုံးကျည် တစ်စင်း ပစ်လွှတ်ခဲ့သည်ဟု တောင်ကိုရီးယားနှင့်ဂျပန်တို့က ပြောသည်။

ဒွန်ချန်းရီ (Dong Chang ri) မှ တနင်္ဂနွေနေ့ နေ့လည် ၁၁ နာရီ ၅ မိနစ်တွင် ပစ်လွှတ်ခဲ့သော ဒုံးကျည်သည် ပစ်မှတ်ကို မထိခင် ကီလိုမီတာ ၈၀၀ ခန့် ပျံသန်းခဲ့သည်ဟု တောင်ကိုရီးယားစစ်တပ်မှ ထုတ်ပြန်သော ကြေညာ ချက်တွင် ဖော်ပြထားသည်။

ဒုံးကျည်သည် အမြင့် ၅၀ ကီလိုမီတာခန့်မှ ပျံသန်းသွားခြင်း ဖြစ်သည်ဟု ဂျပန်ကာကွယ်ရေးဌာနက ပြောသည်။

ယခုကဲ့သို့ ပဲ့ထိန်းဒုံးကျည်များ မကြာခဏ ပစ်လွှတ်နေခြင်းသည် မြောက်ကိုရီးယားအနေဖြင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်ကို သိသိသာသာ ချိုးဖောက်မှုဟု တောင်ကိုရီးယားဘက်မှ ပြောသည်။

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး တိုရှီရို အီနိုကိုတွေ့ရစဉ်

မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှု လုပ်ဆောင်ပြီးနောက် လေကြောင်း ပူးတွဲစစ်ရေး လေ့ကျင့်မှုများတွင် ပူးပေါင်းရန်အတွက် အမေရိကန်ဘက်မှ B-1B စစ်လေယာဉ်တစ်စင်း ထားရှိခဲ့သည်ဟု တောင်ကိုရီးယား အမျိုးသား ကာကွယ်ရေးဌာနက ပြောသည်။

မြောက်ကိုရီးယား၏ တနင်္ဂနွေနေ့ စမ်းသပ်ပစ်လွှတ်မှုကို အမေရိကန်နှင့်ဂျပန်တို့ကလည်း ပြစ်တင်ရှုတ်ချခဲ့သည်။

ဒုံးကျည်သည် ဂျပန်၏ အထူးစီးပွားရေးဇုန် အပြင်ဘက်သို့ ကျရောက်ခဲ့ပြီး ထိုဖြစ်ရပ်ကြောင့် ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာ သတင်းမရရှိသေးဟု ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး တိုရှီရို အီနို (Toshiro Ino) က ပြောသည်။

ထိုလုပ်ရပ်သည် လုံးဝ သည်းခံ၍ မရကြောင်း၊ ဂျပန်ဒေသတွင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအပေါ် ခြိမ်းခြောက် မှုဟုလည်း ဂျပန်ဘက်က သတ်မှတ်ခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ကိုတွေ့ရစဉ်

မြောက်ကိုရီးယား၏ လုပ်ရပ်များသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို ခြိမ်းခြောက်ကာ ယင်းသည် လက်ခံနိုင်စရာ မဟုတ်ကြောင်း အီနိုက သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောဆိုခဲ့သည်။

ထို့နောက် ဂျပန်အစိုးရသည် ထိုဖြစ်ရပ်အတွက် ဘေဂျင်းရှိ မြောက်ကိုရီးယားသံရုံးကို ဆန္ဒပြ ကန့်ကွက်ခဲ့သည် ဟုလည်း ၎င်းက ဆိုသည်။

တနင်္ဂနွေနေ့ စမ်းသပ်ပစ်လွှတ်မှုသည် အမေရိကန် တပ်ဖွဲ့ဝင်များနှင့် မဟာမိတ်များအပေါ် ချက်ချင်း ဆိုးကျိုး သက်ရောက်မှုရှိသည်ဟု အမေရိကန် အင်ဒို-ပစိဖိတ်ဌာနချုပ်က ပြောသည်။

သို့သော် မကြာသေးခင်က ပြုလုပ်ခဲ့သော စမ်းသပ်မှုများသည် မြောက်ကိုရီးယား၏ တရားမဝင် အဖျက်စွမ်းအား ပြင်း လက်နက်များနှင့် ပဲ့ထိန်း ဒုံးကျည်စနစ်များက မတည်မငြိမ်ဖြစ်သော အကျိုးသက်ရောက်မှုများ ဖြစ်စေသည် ကို ဖော်ညွှန်းနေသည်ဟုလည်း ဌာနချုပ်မှ ထုတ်ပြန်သော ကြေညာချက် တစ်စောင်တွင် ဖော်ပြထားသည်။

Source: Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဆာဒမ်ဟူစိန်နဲ့ စစ်သားတစ်ယောက်ကိုတွေ့ရစဉ်

အီရတ်ကို ကျူးကျော်ဖို့ အမေရိကန်နှင့် ဗြိတိန် ဘယ်လိုကြိုးစားခဲ့လဲ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1649

CNI International News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၀

၂၀၀၃ ခုနှစ်၊ မတ်လ ၂၀ ရက်တွင် အမေရိကန်သည် ညွှန့်ပေါင်းအဖွဲ့တစ်ခုကို ဦးဆောင်ကာ အီရတ်သို့ အလုံး အရင်းဖြင့် ကျူးကျော်စစ် စတင်ခဲ့သည်။

၎င်းတို့ကို ဗြိတိန်မှ အနီးကပ် ထောက်ပံ့မှု လုပ်ဆောင်ပေးခဲ့သည်။

အမေရိကန်သည် အီရတ်အား အကြောင်းပြချက် သုံးချက်ဖြင့် ကျူးကျော်မှု လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဆက်ဒမ်ဟူစိန် (Saddam Hussein) အစိုးရတွင် ဖျက်အားပြင်း လက်နက် (WMD) များရှိနေခြင်း၊ WMD များ ထပ်ထုတ်ကာ အကြမ်းဖက် အုပ်စုများကို ထောက်ပံ့ပေးနေခြင်းနှင့် အီရတ်အား ပိုမိုရင်းနှီးဖွယ်ကောင်းကာ ဒီမို ကရေစီစနစ် ကျင့်သုံးသော နိုင်ငံအဖြစ် ပြောင်းလဲ၍ ဒေသတွင်း ဥပမာတစ်ခုအဖြစ် ရှိနေစေရေးတို့အတွက် ဖြစ် သည်။

သို့သော် Operation Iraqi Freedom ဟုခေါ်သော ကျူးကျော်မှု နှစ်၂၀ ပြည့်သည့်တိုင် အီရတ် ကျူးကျော်စစ်သည် အမေရိကန်၊ ဗြိတိန်နှင့် တခြားနိုင်ငံများ၏ လိမ်ညာမှုရလဒ်တစ်ခုလား၊ ထောက်လှမ်းရေး သတင်းမှားကြောင့်လား သို့မဟုတ် မဟာဗျူဟာမြောက် တွက်ချက်မှုကြောင့်လား အငြင်းအခုန်တစ်ခုအဖြစ် ကျန်ရှိနေဆဲ ဖြစ်သည်။

အမေရိကန်သမ္မတ ဂျော့ဂျ်ဘုရ်

ထိုကျူးကျော်စစ်သည် အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒများအပေါ် အရိပ်မည်းကြီး တစ်ခုသဖွယ် ယနေ့တိုင် ခြောက်လှန့်နေဆဲ ဖြစ်သည်။

ထိုစဉ်က အမေရိကန်သမ္မတ ဂျော့ဂျ်ဘုရှ် (George Bush)နှင့် ဗြိတိန်ဝန်ကြီးချုပ်တို့သည် ကျူးကျော်စစ် မစတင် ခင် အီရတ်တွင် ဓာတုပစ္စည်းများနှင့် ဇီဝလက်နက်များရှိနေကာ နျူကလီးယားထုတ်ရန် ကြိုးပမ်းနေသည်ဟု ပြောခဲ့သည်။

သို့သော် အီရတ်၏ လက်နက်များကို ရှာဖွေ၊ ဖျက်ဆီးရေးအဖွဲ့ (ISG) ခေါင်းဆောင်၏ ၂၀၀၄ ခုနှစ် အမေရိကန် လွှတ်တော်သို့ အစီအရင်ခံစာတွင် ဆက်ဒမ်ဟူစိန်တွင် လက်နက်ထုတ်လုပ်ရေး စီမံကိန်းများ ရှိသည်ဆိုသည့် သက်သေ အထောက်အထားမျိုး လုံးဝ မတွေ့ခဲ့ရဟု ဖော်ပြထားသည်။

ဆက်ဒမ်ဟူစိန်သည် အီရတ်တွင် WMD အစီစဉ်အသက်ဝင်နေဆဲဖြစ်သည်ကိုအားလုံးယုံကြည်အောင် ပြောဆိုခဲ့သူ ဖြစ်ပြီး ထိုလက်နက်များနှင့် ပတ်သက်၍ ကုလသမဂ္ဂအဖွဲ့မှ ဝင်ရောက်စစ်ဆေးခြင်းကိုလည်း ငြင်းဆန်ခဲ့သည်။

အမေရိကန်တွင် နှိမ့်ချတတ်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသွားမည်ဟု ဘုရ်က မဲဆွယ်မှုလုပ်နေစဉ်၌ ပြောကြားခဲ့သည်။

ထို့နောက် အမေရိကန်ရှိ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ တိုက်ခိုက်ခံရမှုကြောင့် အမေရိကန်သည် War on Terror ဟုခေါ်သော ဆယ်စုနှစ်ချီကြာ အကြမ်းဖက်မှု တန်ပြန်ရေး စစ်ရေးလှုပ်ရှားမှုကို စတင်ခဲ့သည်။

၂၀၀၂ မိန့်ခွန်းတွင် အမေရိကန် အနေဖြင့် အကြမ်းဖက်အုပ်စုများ သို့မဟုတ် ၎င်းတို့ကို ထောက်ပံ့၊ လေ့ကျင့်ပေးနေသော နိုင်ငံများအားလုံးကို နှိမ်နင်းသွားမည်ဟု ပြောခဲ့သည်။

ရှေ့တန်း တစ်နေရာကိုတွေ့ရစဉ်

၂၀၂၃ ခုနှစ်တွင် ဒုတိယသမ္မတ ဒစ်ချီနေး (Dick Cheney) က ဆက်ဒမ်ဟူစိန် အစိုးရနှင့် ၉/၁၁ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သည့် အယ်လ်ကိုင်းဒါး (al-Qaeda) တို့အကြား ဆက်စပ်မှုရှိသည်ဟု ပြောခဲ့သည်

သို့သော် စစ်ပွဲအပြီး နှစ် ၂၀ ကြာခဲ့သည့်တိုင် ဆက်ဒမ်ဟူစိန်နှင့် အယ်လ်ကိုင်းဒါးတို့အကြား ဆက်စပ်နေသည့် သက်သေတစ်စုံတစ်ရာကို ရရှိခဲ့ခြင်းမရှိပေ။

အီရတ်တွင် ဒီမိုကရေစီ အစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာကာ ယင်းသည် ဒေသတွင်းရှိ တခြားနိုင်ငံများအတွက် လွတ်လပ်ခြင်း ဥပမာတစ်ခု ဖြစ်လာမည်ဟု ၂၀၀၂ ခုနှစ်တွင် ဘုရှ်က ပြောခဲ့သည်။

ထိုပြောဆိုမှု အပြီးတွင် အမေရိကန်အစိုးရသည် အီရတ်အား ဒီမိုကရက်တစ် နိုင်ငံတစ်ခုအဖြစ် ပြောင်းလဲရန် စတင်ကြိုးပမ်းခဲ့သော်လည်း အောင်မြင်ခဲ့ခြင်းမရှိဟု လေ့လာသူများက ပြောသည်။

အာဏာရဘသ်ပါတီ (Baath Party)အား ပိတ်ပင်ခြင်း၊ အီရတ်စစ်တပ်အား ဖျက်သိမ်းခြင်းသည့် အမေရိကန်၏ ဆုံးဖြတ်ချက်သည် မှားယွင်းမှု ဖြစ်ခဲ့သည်။

၂၀၀၅ ခုနှစ် အမေရိကန်၏ သိမ်းပိုက်ခံကာလတွင် အမေရိကန်မှ ခေါ်ဆောင်လာသော ပညာရှင်များက အီရတ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ရေးဆွဲကာ လွှတ်တော် စနစ်သစ်တစ်ခုကိုပါ စတင်ခဲ့သည်။

ဖွဲ့စည်းပုံတွင် ထည့်သွင်း ရေးသားမထားသည့်တိုင် သမ္မတနေရာအတွက် ကာ့ဒ် (Kurd)၊ လွှတ်တော်ဥက္ကဋ္ဌကို ဆွန်နီ(Sunni) နှင့် ဝန်ကြီးချုပ်ကို ရှီးအိုက်လူမျိုးကို ပေးရမည်ဟု ယေဘုယျ သတ်မှတ်ထားခဲ့သည်။

သို့သော် ယင်းတို့သည် အီရတ်၏ ပကတိအခြေအနေနှင့် လုံးဝဆန့်ကျင်နေကာ အမေရိကန်အနေဖြင့် အီရတ်အား ၎င်းတို့ ကိုယ်ပိုင် ဖြေရှင်းနည်းကို ကျင့်သုံးစေခြင်းဖြင့် အမှားလုပ်ခဲ့သည်ဟု အရှေ့အလယ်ပိုင်းရေးရာ ပညာရှင် တစ်ဦးက သုံးသပ်သည်။

Source: Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s

ယူကရိန်းသို့ ဂျက်တိုက်လေယာဉ်ပေးမည်ဟု ပိုလန်က ထုတ်ပြော

By CNI
CNI
Category: Watch TV
Hits: 964

Share
Tweet
Share
Share
powered by social2s

အမေရိကန်နှင့်တရုတ် အရှေ့အလယ်ပိုင်း လွှမ်းမိုးမှုဆိုင်ရာ အားပြိုင်မှု ပြင်းထန်လာ

By CNI
CNI
Category: Watch TV
Hits: 972

Share
Tweet
Share
Share
powered by social2s
  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10

Page 6 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar