CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ပြည်တွင်းပဋိပက္ခချုပ်ငြိမ်းရေး တရုတ် ကြားဝင်မှုကို ထောက်ခံဟု FPNCC ပြော

By CNI
CNI
Category: Watch TV
Hits: 1031

Share
Tweet
Share
Share
powered by social2s

တောင်ကိုရီးယား-ဂျပန် အစည်းအဝေးမတိုင်ခင် မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မှု လုပ်

By CNI
CNI
Category: Watch TV
Hits: 1043

Share
Tweet
Share
Share
powered by social2s

ပအိုဝ်းနှင့် ကရင်နီအကြား လူမျိုးရေးပဋိပက္ခ မဖြစ်အောင် ဘယ်လို ထိန်းသင့်လဲ

By CNI
CNI
Category: Watch TV
Hits: 955

Share
Tweet
Share
Share
powered by social2s

အနောက်အာဖရိကတွင် ရုရှား အားကောင်းလာ၊ အမေရိကန်က လွှမ်းမိုးမှုရရှိရန် ကြိုပမ်း

By CNI
CNI
Category: Watch TV
Hits: 955

Share
Tweet
Share
Share
powered by social2s
၂၀၂၃ ခုနှစ်၊ မတ်လ ၁၁ ရက်က ပင်လောင်းမြို့ရှိ ဘုန်းကြီးကျောင်းမှာ သံဃာနဲ့အရပ်သားများ သေဆုံးခဲ့ကြစဉ်

ပအိုဝ်းနှင့် ကရင်နီအကြား လူမျိုးရေးပဋိပက္ခ မဖြစ်အောင် ဘယ်လို ထိန်းသင့်လဲ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1449

CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၁၇

ရှမ်းပြည်နယ်‌တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နမ်းနိန်း(နမ်းနိမ့်)ကျေးရွာမှာ သံဃာတော်သုံးပါး အပါအဝင် ပအိုဝ်းဒေသခံ ၂၀ ကျော် အသတ်ခံရမှုကြောင့် ပအိုဝ်းနှင့် ကရင်နီအကြား လူမျိုးရေးပဋိပက္ခ မဖြစ်အောင် ထိန်းသိမ်းသင့်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းကြား တိုက်တွန်းလျက်ရှိနေသည်။

အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ ပအိုဝ်းတိုင်းရင်းသားများအပြင် မြန်မာ့တပ်မတော်နှင့် တော်လှန်ရေး အင်အားစုများအကြား အပြန်အလှန် စွပ်စွဲလျက် ရှိနေသည်။

ပင်လောင်းမြို့နယ်ကိုတွေ့ရစဉ်

လက်ရှိ အချိန်သည် ပအိုဝ်းနှင့် ကယား(ကရင်နီ) အကြား လူမျိုးရေးပဋိပက္ခ၊ ဘာသာရေးပဋိပက္ခများ ဖန်တီးနေ ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။

ခွန်မြင့်ထွန်းက “အခုအချိန်မှာ အင်မတန် စိတ်မကောင်းတာကတော့ ပအိုဝ်းနဲ့ ကရင်နီကြားမှာ လူမျိုးရေး ပဋိပက္ခ ရော၊ ဘာသာရေး ပဋိပက္ခရော စစ်ကောင်စီက ကောက်ကျစ်စွာနဲ့ ဖန်တီးတာ ဖြစ်ပါတယ်။ ကျနော်တို့ ဒီ ပင်လောင်း၊ ဆောင်းဖြောင်းဒေသဆိုတာက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလို့ ဆိုသော်လည်းပဲ ပအိုဝ်းတွေချည်းပဲ နေတာ မဟုတ်ဘူး။ အထူးသဖြင့် ပြောစမတ် စကားတစ်ခွန်း ရှိပါတယ်၊ အဲဒါက ဘာလဲဆိုရင် ပအိုဝ်းရှိရင် ကယန်းရှိတယ်၊ ကယန်းရှိရင် ပအိုဝ်းရှိတယ်၊ အထူးသဖြင့် ကယန်းတိုင်းရင်းသားများနဲ့ ကျနော်တို့ ပအိုဝ်းတွေဟာ အတူတကွ မောင်နှမတွေ အနေနဲ့ မိသားစုတွေလို ကူညီဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ အနေနဲ့ ဒီနေရာကနေ ပန်ကြားချင်တာက ပအိုဝ်းပြည်သူတွေရော၊ ကရင်နီပြည်သူတွေရော စစ်ကောင်စီရဲ့ လိမ် ညာ ဝါဒဖြန့်တာတွေကို မယုံကြဖို့ လိုတယ်။ နောက်တစ်ခုကတော့ ကရင်နီနဲ့ ပအိုဝ်းကြားမှာရှိတဲ့ မိသားစု စိတ်ဓာတ်ကို အပြိုကွဲမခံဘဲနဲ့ မိသားစုစိတ်ဓာတ်ကို ဆက်လက် စောင့်ရှောက်ဖို့ လိုတယ်ဆိုတာ တင်ပြချင်ပါ တယ်” ဟု ပြောသည်။

ထို့အတူ နာယက ဦးအောင်ခမ်းထီး ဦးဆောင်သည့် PNO/PNA ပြည်သူ့စစ်အနေဖြင့် မြန်မာ့တပ်မတော်နှင့် ပူးပေါင်း ဆောင်ရွက်နေခြင်းကို ပြန်လည်သုံးသပ်ပေးရန် ခွန်မြင့်ထွန်းက တောင်းဆိုခဲ့သည်။

KRU တပ်ဖွဲ့ကိုတွေ့ရစဉ်

လက်ရှိ တစ်နိုင်ငံလုံးမှာရှိသည့် တော်လှန်ရေး လက်နက်ကိုင်များ အနေဖြင့် ဘုံသဘောတူညီချက်တစ်ခု အပေါ်မှာ ရပ်တည်ရန်လိုအပ်ကြောင်း၊ ပြဿနာဖြစ်လာပါက အချင်းချင်း ညှိနှိုင်းကြရန် လိုအပ်ကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဓိကတော့ တော်လှန်ရေးနဲ့ ပတ်သက်လို့ တော်လှန်ရေး အင်အားစုတွေက မဟာမိတ်ဖွဲ့တာတို့ ပြီးတော့ စည်းမျဉ်းစည်းကမ်း တစ်ခုပေါ်မှာ ပဋိညာဉ်တစ်ခုခု တည်ဆောက်ထားတာတို့ မရှိဘူးဗျ၊ အဲဒီလို အခြေအနေ ကြောင့် ပွတ်တိုက်မှုတွေက အလျားလိုက်တစ်မျိုး၊ ဘေးတိုက်တစ်မျိုး အမျိုးမျိုးဖြစ်နိုင်တယ်၊ တစ်ဖက်ကလည်း သွေးခွဲပြီးတော့ စည်းရုံးတာလည်း ဖြစ်နိုင်တာပေါ့၊ လက်ရှိ EAO တွေပေါ့နော် တစ်နိုင်ငံလုံးမှာရှိတဲ့ EAO တွေက ဘုံသဘောတူညီချက်တစ်ခု အပေါ်မှာ ရပ်တည်ဖို့လိုတယ်၊ ပြဿနာတစ်ခုခု ဖြစ်လာရင် အချင်းချင်း အရင် ညှိနှိုင်း ဖြေရှင်းဖို့လိုတယ်၊ အဲဒီလို အဖွဲ့အစည်းအောက်မှာ ဆိုရင်တော့ အဲဒါဖြစ်နိုင်တယ်၊ ပဋိပက္ခဖြစ်တဲ့ နှစ်ဖွဲ့ချင်း ဖြေရှင်းမယ်ဆိုရင်လည်း သိပ်မဖြစ်နိုင်ပြန်ဘူး။ ဒီကိစ္စမျိုးကိုတော့ လောလောဆယ် ပဋိပက္ခကိုပဲဖြစ်ဖြစ်၊ ရေရှည် နိုင်ငံရေးအတွက်ပဲ ဖြစ်ဖြစ် အဖွဲ့အစည်းတွေက တတ်နိုင်သမျှ စုစည်းပြီးတော့ အဖြေရှာဖို့လိုတယ်၊ အဲဒီလိုမှသာ လည်း ကျနော်တို့က တကယ်တမ်း စစ်မှန်တဲ့ အဖြေဆိုတာ ဖြစ်လိမ့်မယ်၊ မဟုတ်ရင်တော့ ဟိုဖက်က အသံ တစ်မျိုးထုတ်၊ ဒီဖက်က အသံတစ်မျိုးထုတ် ကြားက အမြတ်ထုတ် အဲဒီပုံစံမျိုး ဖြစ်သွားနိုင်တယ်” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးရှိကြောင်း ဌာနဆိုင်ရာများ၏ တရားဝင် ထုတ်ပြန်ချက် များအရ သိရသည်။

ထိုကဲ့သို့ မတူကွဲပြားသော လူမျိုးစုများအကြား နယ်မြေအငြင်းပွားမှု၊ ဘာသာရေး ပဋိပက္ခများ၊ လူမျိုးရေးပဋိပက္ခ များ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

အမေရိကန်ဒရုန်း၏ အပျက်အစီးများကို ရုရှားဘက်က ရှာဖွေလိုနေ

By CNI
CNI
Category: Watch TV
Hits: 1095

Share
Tweet
Share
Share
powered by social2s

ချန်ပီယံလိဂ်က ထွက်ခဲ့ရပြီးနောက် အမြန်ဆုံးပြန်ကောင်းအောင်လုပ်ဖို့ ကလော့ပ်ပြော

By CNI
CNI
Category: Watch TV
Hits: 968

Share
Tweet
Share
Share
powered by social2s

ဝန်ကြီးချုပ်ဟောင်း ဖမ်းဆီးရေး ပါကစ္စတန် ရဲ ခေတ္တရပ်နား၊ မတည်ငြိမ်မှုများ လျော့ပါးလာခဲ့

By CNI
CNI
Category: Watch TV
Hits: 932

Share
Tweet
Share
Share
powered by social2s

ရှမ်းနီများကို စည်းလုံးမှုမရှိအောင် လုပ်နေ၍ သတိထားကြရန် SNA စစ်ဦးစီးချုပ်ပြော

By CNI
CNI
Category: Watch TV
Hits: 963

Share
Tweet
Share
Share
powered by social2s

AUKUS သည် အန္တရာယ်များသော လမ်းပေါ်တွင် ရှိနေသည်ဟု တရုတ်ပြော

By CNI
CNI
Category: Watch TV
Hits: 959

Share
Tweet
Share
Share
powered by social2s

ယူကရိန်းကို ဥပမာယူ၍ ကာကွယ်ရေးအတွက် ဒရုန်းများကို ထိုင်ဝမ်ထုတ်ပြ

By CNI
CNI
Category: Watch TV
Hits: 940

Share
Tweet
Share
Share
powered by social2s

ရွေးကောက်ပွဲမှာ အနိုင်ရပါတီကို နစက အာဏာလွှဲအပ်မှာလား

By CNI
CNI
Category: Watch TV
Hits: 1005

Share
Tweet
Share
Share
powered by social2s

တရုတ်နှင့်ရုရှားတို့ကို တုန့်ပြန်ရန် ဗြိတိန်၏ ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်မည်

By CNI
CNI
Category: Watch TV
Hits: 1003

Share
Tweet
Share
Share
powered by social2s

အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှု မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ် ကန့်ကွက်

By CNI
CNI
Category: Watch TV
Hits: 1020

Share
Tweet
Share
Share
powered by social2s

တရုတ်သမ္မတ ရုရှားသွားမည်၊ ယူကရိန်းသမ္မတနှင့်တွေ့ဖွယ်ရှိ

By CNI
CNI
Category: Watch TV
Hits: 1020

Share
Tweet
Share
Share
powered by social2s

ဗမာပြည်နယ်ဖွဲ့မည့်ကိစ္စက အန္တရာယ်ရှိပြီး ကွဲထွက်ရန် လွယ်ကူဟု ပြော

By CNI
CNI
Category: Watch TV
Hits: 985

Share
Tweet
Share
Share
powered by social2s
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11

Page 7 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar