CNI International News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၅

သီရိလင်္ကာနိုင်ငံအတွင်း လောင်စာဆီ ပြတ်လပ်မှုများဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည့်အတွက် သုံးဘီးတက္ကစီသမားများသည် စက်သုံးဆီ ဖြည့်ရန် တန်းစီ စောင့်ဆိုင်းနေကြသည်။

သီရိလင်္ကာ၏ ဘဏ္ဍာရေး အကျပ်အတည်းမှသည် စီးပွားရေး အကျပ်အတည်းပါ ဖြစ်ပေါ်လာပြီး နိုင်ငံအတွင်း မတည်ငြိမ်မှုများဖြစ်ကာ သမ္မတရုံးနှင့် နေအိမ်ကို ဆန္ဒပြသူများက ဝင်ရောက် စီးနင်းသည့်အတွက် ဖြစ်ပေါ်ခဲ့သည်။

စီးပွားရေး အကျပ်အတည်းဖြင့် ရင်ဆိုင်နေရသော သီရိလင်္ကာပြည်သူများ (AFP)

ထို့နောက် သမ္မတ ရာဂျာပတ်ဆာသည် တိုင်းပြည်မှာ ထွက်ပြေးသွားခဲ့ရသလို ရာထူးကနေလည်း နုတ်ထွက်သွား ခဲ့ရသည်။

သို့သော် ယနေ့အချိန်ထိ သီရိလင်္ကာ၏ စီးပွားရေးနှင့် ဘဏ္ဍာရေး အကျပ်အတည်းကို မဖြေရှင်းနိုင်သေးသလို လောင်စာဆီ ပြတ်လပ်မှု ပြဿနာကိုလည်း မဖြေရှင်းနိုင်သေးပေ။