CNI International News

ဝါရှင်တန်၊ ဒီဇင်ဘာ ၇

တရုတ်၏ဆိုးရွားသော အခွင့်အရေး ချိုးဖောက်မှုများကြောင့် ဘေဂျင်းတွင် လာမည့်နှစ် ဆောင်းရာသီ အိုလံပစ်ပွဲတော်အပေါ် သံတမန်ရေးအရ သပိတ်မှောက်မည်ဟု အမေရိကန်က ကြေညာခဲ့သည်။

ထို့နောက် တရုတ်အစိုးရကလည်း ပြတ်သားသော တန်ပြန်အရေးယူမှုများနှင့် ကိုက်ညီစေမည်ဟု ပြောကြားခဲ့သည်။

နိုင်ငံ၏အနောက်ပိုင်း ရှင်ကျန်းဒေသရှိ ဝီဂါမွတ်ဆလင်များအပေါ် ဘေဂျင်းပြုမူဆက်ဆံပုံကို ကန့်ကွက်သည့် အနေဖြင့် လူ့ အခွင့်အရေး ချိုးဖောက်မှု ဆန့်ကျင်သည့် ရည်ရွယ် ချက်ကြောင့် အမေရိကန်က ၎င်း၏ အားကစား ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မည်မဟုတ်ကြောင်း အိမ်ဖြူတော်က ဒီဇင်ဘာ ၆ ရက်တွင် ကြေညာခဲ့သည်။

“တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော လူမျိုးသုဉ်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၊ အခြား လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသဖြင့် ဘေဂျင်း ၂၀၂၂ ဆောင်းရာသီအိုလံပစ်နှင့် မသန်စွမ်း အားကစားပြိုင်ပွဲများသို့ ဘိုင်ဒန်အစိုးရက သံတမန်ရေးရာ (သို့မဟုတ်) တရားဝင်ကိုယ်စားလှယ်များ စေလွှတ်မည် မဟုတ်ကြောင်း” အိမ်ဖြူတော် သတင်းပြန်ကြားရေးအတွင်းဝန် ဂျန်ဆာကီက သတင်းထောက်များကို ပြောကြားခဲ့သည်။

ပုံ- ရှီကျင်ဖျင့်နဲ့ဘိုင်ဒန်ကိုတွေ့ရစဉ်။(AP)

“တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) ရဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုး‌ဖောက်မှုတွေနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ရင်ဆိုင်နေရ ချိန်မှာ အမေရိကန်သံတမန် (သို့မဟုတ်) တရားဝင် ကိုယ်စားလှယ်တွေ အနေနဲ့ အခုလာမယ့် အားကစားပြိုင်ပွဲတွေအပေါ် လည်း ဒီလို သဘောထားအတိုင်းပဲ ရှိမှာပါ။ ကျမတို့က ဒီထက်ပိုပြီး ရိုးရိုးရှင်းရှင်း လုပ်စရာ မရှိတော့ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

“အမေရိကန်နိုင်ငံရေး သမားတွေကို ဖိတ်ကြားထားတာ မရှိပါဘူး။ ဒါကြောင့် ဒီသံတမန်ရေးအရ သပိတ်မှောက်မှုကနေ ဘယ်တော့မှ ထွက်လာမှာ မဟုတ်ပါဘူး” ဟု အမေရိကန်ပြည်တွင်းရှိ တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူ လျူပန်ဂူး (Lui Pengyu) က ရိုက်တာသတင်းဌာနသို့ အီးမေးလ်ဖြင့် ပေးပို့သော ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

“ဒီလို ဟန်ဆောင်မှုမျိုးက နိုင်ငံရေးခြယ်လှယ်မှုနဲ့ အိုလံပစ် ပဋိညာဉ်စာတမ်းရဲ့ စိတ်ဓာတ်ကို ဆိုးဆိုးရွားရွား ပုံပျက်စေမှု တစ်ခုပဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အိုလံပစ်ပွဲကို သပိတ်မှောက်ရန် တောင်းဆိုသူများအနေဖြင့် ကြီးကျယ်ခမ်းနားပြီး အရေးကြီးသည့် နယ်ပယ်များတွင် တရုတ် နှင့် အမေရိကန်တို့အကြား ဆွေးနွေးညှိနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို မထိခိုက်စေရေးအတွက် ရပ်တန့်သင့်ကြောင်း အဆိုပါ ကြေညာချက် မထုတ်ပြန်မီ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တိုက်တွန်းခဲ့သည်။

Source: Aljazeera