CNI News
၂၀၂၄ ခုနှစ်၊ မေလ ၁၀

CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးကို နစကမှ ဖမ်းဆီးထားသည်ဟု ရေးသားထုတ်ဖော်နေကြသော်လည်း သတင်းအမှားသာဖြစ်ပြီး ဖမ်းဆီးခံရခြင်းမရှိကြောင်း နီးစပ်သူများထံမှ သိရသည်။

ဦးခင်မောင်အေးကို နစက-က ဖမ်းဆီးထားပြီး နေပြည်တော်မှာ စစ်ဆေးနေကြောင်း သတင်းများ ထွက်ပေါ် လာသလို တချို့သော သတင်းဌာနများတွင် ဖော်ပြလျက်ရှိသည်။

လက်ရှိတွင် ဦးခင်မောင်အေးသည် ဘန်ကောက်မြို့မှာ ရှိနေပြီး ကျန်းမာရေးအရ ဆေးစစ်နေသည်မှာ တစ်ပတ် လောက်ရှိပြီဟု နီးစပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၄ ခုနှစ်၊ မေလ ၁၀ ရက်နေ့က CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးတို့ ဇနီးမောင်နှံနဲ့ KBZ နာယကကြီးဦးအောင်ကိုဝင်းတို့ ဇနီးမောင်နှံကို တွေ့ရစဉ် (Sai Moe San)

ထို့အပြင် ယနေ့ (မေလ ၁၀ ရက်) ကျရောက်သည့် KBZ ဘဏ် နာယကကြီး ဦးအောင်ကိုဝင်း၏ ဇနီးဖြစ်သူ ဒေါ်နန်းသန်းထွေ၏  မွေးနေ့ ညစာ စားပွဲကို CB ဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့် ဇနီးလည်း တက်ရောက် ခဲ့ကြောင်း နီးစပ်သူတစ်ဦးက လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားသည်။

Sai Moe San က “ယနေ့(၁၀.၅.၂၀၂၄) ရက်နေ့တွင် ကျရောက်သော KBZ နာယကကြီးဦးအောင်ကိုဝင်း၏ ချစ်ဇနီး ဆရာမကြီး ဒေါ်နန်းသန်းထွေးရဲ့ မွေးနေ့မင်္ဂလာညစာစားပွဲသို့ ကျနော့်ကျေးဇူးရှင်ဆရာ CB Bank ဥက္ကဋ္ဌကြီး ဦးခင်မောင်အေးတို့ ဇနီးမောင်နှံနှင့်အတူ တက်ရောက်ခွင့်ရတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျ၊ ဆရာမကြီး ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းစွာဖြင့ ်သက်တော်ရာကျော်ရှည်ပါစေ”ဟု သူ၏ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားဖော်ပြခဲ့သည်။